ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...
By Boss_want_to_eat_you
115K 24.1K 512
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More
Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
1.3K 342 10
By Boss_want_to_eat_you
Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၅)။
ဟော့ရှီစစ်တောင့်ခဲသွားရပြီး သူ့မျက်နှာဘေးပေါ်ကသတ္ထုမျက်နှာဖုံးမှာမသိမသာအေးစက်လို့နေကာ သူ့နားထဲကအသက်ငွေ့မှာလည်းနွေးထွေးနေပေမဲ့ သူဟာရေခဲနှင့်မီးရောက်နေသလိုမျိုးခံစားလိုက်ရသည်။ သူအသက်ရှူလိုက်တိုင်း သူ့အာရုံကြောများမှာအဆုံးမဲ့တင်းမာလာသည်။
ဒီအနီးကပ်ထိတွေ့မှုကသူ့ကိုဖော်ပြမရအောင်ရင်းနှီးမှုကိုပေးစွမ်းသည်။
သို့သော်လည်းသူ့ကိုစနောက်ခဲ့သူကခပ်မြန်မြန်ပြန်ဆုတ်သွားပြီး နှုတ်ခမ်းများကွေးကာနူးညံ့စွာဆိုလာသည်။
"ကိုယ်တော်မင်းရဲ့ဆုံးဖြတ်ချက်ကိုစောင့်နေမယ်နော်။"
လင်ခုံးလု"လုံလောက်တာကလုံလောက်ပြီ၊ တအားရှေ့တိုးတာကလုံလောက်မှုမရှိဘူး"ဆိုသည့်သဘောတရားကိုနားလည်သည်။ ဒါကိုပြောပြီးနောက်သူတောင်ပျံများကိုအသာဖြန့်ကာနန်းတော်ထဲကပျံထွက်သွားလိုက်သည်။
ရင်းနှီးသောခံစားချက်မှာလှစ်ခနဲပျောက်ကွယ်သွားပြီး ဟော့ရှီစစ်မှာတောင့်တောင့်ကြီးရပ်နေမိကာ သူ့အဝတ်အစားထောင့်များမှာလည်းတစ်ဖက်လူ၏တောင်ပံလေကြောင့်လန်တက်သွားသည်။
သူလက်မြှောက်ကာမျက်နှာသေဖြင့်ပြန်ဆန့်ချလိုက်သည်။
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိတို့လင်ခုံးလုပျံထွက်သွားတာမြင်လိုက်ရမှ သက်မချမိကာဟော့ရှီစစ်ကိုစိတ်ရှုပ်ထွေးသောမျက်နှာထားဖြင့်လှည့်ကြည့်မိသည်။
"လောင်ဟော့။" ဟဲ့ရှောင်းတုံ့ဆိုင်းသွားကာမေးလိုက်မိသည်။
"မင်းအဆင်ပြေရဲ့လား။"
ဟော့ရှီစစ်ကသူ့ကိုတစ်ချက်ကြည့်လိုက်ပုံမှာ မေးနေသည့်အလား-
"ငါဘာဖြစ်မှာမို့လို့လဲ။"
သူစိတ်အခြေအနေကောင်းနေတာမြင်တော့ဟယ်ရှောင်းသက်မချလိုက်မိပေမဲ့ခုနကလင်ခုံးလုပြောစကားကိုတွေးမိသွားတော့သူတုံ့ဆိုင်းသွားကာမေးလိုက်မိသည်။
"ဒါနဲ့ ခုနကဇာ့ဂျ်ဘုရင်ပြောသွားတာကိုဘယ်လိုမြင်လဲ။"
ဟော့ရှီစစ်ကအဝတ်အစားကိုပြန်ပြင်ကာသူ့ကိုလှည့်ကြည့်ပြီးမေးလိုက်သည်။
"မင်းဘာပြောချင်လို့လဲ။"
"အဟမ်း။" သူ့မျက်နှာထားတည်ငြိမ်နေတာမြင်တော့ဟဲ့ရှောင်းတွေးကြည့်လိုက်ပြီးပြောလိုက်သည်။
"ငါ့အထင်...ဇာ့ဂျ်ဘုရင်ကိုကြိုးစားကြည့်မလားလို့?"
ဟော့ရှီစစ်၏အပြာရင့်ရောင်မျက်ဝန်းထဲမှာအေးစက်မှုတစ်ချက်လက်သွားပြီး သူ့ကိုကြည့်လာပုံကအဓိပ္ပါယ်ပါပါနှင့် "မင်းသေချင်ရင်ပြောကြည့်လေ"ဟူသည့်စကားလုံးများကိုသူ့မျက်နှာပေါ်မှာရေးထားလေသည်။
ဘေးမှာရပ်နေသူဝမ်းဟောင်ယွိမှာဒါကိုကြားတော့ပို၍ပင်မိန်းမောသွားသည်။
ဒါကိုမြင်လိုက်ရတော့ဟဲ့ရှောင်း၏နှလုံးသားတုန်ရီသွားပြီး အခုတော့သူဟော့ရှီစစ်၏သဘောထားကိုနားလည်သွားလေပြီ။
ဒါပေမဲ့စကားကစထားပြီးသည့်အပြင် ဒီကိစ္စကသေရေးရှင်ရေးကိစ္စဖြစ်နေတော့သူကျည်ဆံကိုက်ကာဆက်ပြောလိုက်ရသည်။
"ဒီတိုင်း....အောင်မြင်သွားရင်သူမင်းကိုမစားဘဲလွှတ်ပေးလောက်တယ်လေ။ ဒါကကောင်းတဲ့ကိစ္စမဟုတ်ဘူးလား။"
"အဲ့လိုဆိုရင်တောင်...."
သူပြောရင်းနန်းတော်ကိုတစ်ချက်ကြည့်လိုက်သည်။ ဒီမှာစောင့်ကြည့်ကင်မရာရှိလားသူသေချာမသိသဖြင့် အသံတိုးကာသူ့နားထဲမှာတီးတိုးပြောလိုက်ရသည်။
"တစ်လပြီးရင်သူမင်းကိုမလွှတ်ပေးဘူးဆိုရင်တောင် အနည်းဆုံးတော့ဒီတစ်လအတွင်းမှာရအောင်ကြိုးစားကြည့်လေ။ သူမင်းကိုချစ်မိသွားရင်တော့သူရုတ်တရက်စိတ်ပြောင်းပြီးမင်းကိုစားချင်မှာမဟုတ်တော့ဘူး။"
မဟုတ်ရင်ဒီနေ့လိုဇာ့ဂျ်ဘုရင်မအန်ဒရီကိုဒေါသထွက်သွားပြီးရုတ်တရက်စိတ်ပြောင်းသွားတာမျိုးထပ်ဖြစ်လာနိုင်တယ်။
"ပြီးတော့ငါ့အထင်သူမင်းကိုနည်းနည်းလေးတော့သဘောကျရင်ကျ၊ မဟုတ်ရင်အနည်းဆုံးတော့သူမင်းကိုစိတ်ဝင်စားနေတဲ့ပုံပဲ။"
ဟဲ့ရှောင်းထပ်ပေါင်းပြောလိုက်သည်။
ဗိုလ်ကြီးဝမ်းမှာရှော့ခ်ရသွားကာတွေးလိုက်မိသည်: အဲ့ဒါကသူသဘောကျတယ်ဆိုလိုတာလား။ သူတို့မာရှယ်ရဲ့ခန္ဓာကိုယ်ကိုမဟုတ်...အဟမ်း။
ဟော့ရှီစစ်ကဒါကိုကြားတော့သူ့မျက်နှာထားမှာအလွန်ရုပ်ဆိုးသွားကာသူသြရှရှအသံဖြင့်ပြောလိုက်သည်။
"ဒီကိစ္စကမဖြစ်နိုင်ဘူး၊ နောက်ဆိုထပ်မပြောနဲ့တော့။"
ထိုသို့ပြောပြီးနောက်သူအနောက်လှည့်ကာနန်းတော်အပြင်ကိုလျှောက်ထွက်သွားသည်။
ဟဲ့ရှောင်းမိန်းမောသွားရပြီးမှတစ်ခုခုကိုတွေးမိသွားကာရုတ်တရက်အပြစ်ရှိစိတ်ခံစားလိုက်ရသည်။
ထိုစဥ်ဝမ်းဟောင်ယွိကရှေ့တိုးကာတုံ့ဆိုင်းစွာအသိပေးလာသည်။
"ဗိုလ်ချုပ်၊ မာရှယ်က... ချောင်းအာကိုတွေးမိသွားတာဖြစ်မယ်။"
ဟဲ့ရှောင်းသက်ပြင်းချကာပြောလိုက်သည်။ "ငါသိတယ်။"
သူဒီဟာကိုသဘောပေါက်သွားချိန်မှာရုတ်ခြည်းအပြစ်ရှိစိတ်နှင့်ဝမ်းနည်းမှုကိုခံစားလိုက်ရသည်။
ဟော့ရှီစစ်မှာချောင်းအာဟုအမည်ရသည့်အမည်ခံချစ်သူတစ်ယောက်ရှိခဲ့ဖူးသည်။
ဒီလူ့အကြောင်းပြောရရင် ဟဲ့ရှောင်းအစကသူ့ကိုအလွန်လေးစားအားကျခဲ့ဖူးသည်။ တစ်ဖက်လူဟာအာကာသတပ်ဖွဲ့ထဲဝင်တာသိပ်မကြာသေးသော်လည်း သူ့မက်ခါမောင်းစကေးမှာပထမတန်းစားဖြစ်ပြီး သူဟာစစ်​မြေပြင်အခြေအနေကောက်ချက်နှင့်နည်းဗျူဟာနှင့်ပတ်သတ်ပြီးအလွန်ဗဟုသုတကြွယ်ဝသည်။ သူဟာရှားပါးသောပါရမီရှင်ဖြစ်သည်။
ပိုပြီးတော့မနာလိုဖြစ်စရာကောင်းတာကချောင်းအာမှာလှပပြီးနေရာတိုင်းမှာထူးချွန်သည်။
ယောကျ်ားတစ်ယောက်ကို"လှတယ်"ဟုသုံးတာကမသင့်တော်ဘူးဟုဟယ်ရှောင်းခံစားရပေမဲ့ပိုသင့်တော်တဲ့စကားလုံးကိုရှာမရပေ။
တစ်ဖက်လူမှာသေးသွယ်သောခါး၊ ခြေတံရှည်နှင့်ချောမောလှပသောမျက်နှာရှိသည့်အပြင် မြေခွေးမျက်ဝန်းတစ်စုံပါရှိပြီး ပြုံးလိုက်တိုင်းအလွန်စွဲမက်ဖွယ်ကောင်းလှသည်။
ချောင်းအာတစ်ယောက်သူ၏ပိန်သွယ်သွယ်ကိုယ်လုံးကိုပေါ်လွင်စေသည့်ယူနီဖောင်းကိုဝတ်ပြီးမက်ခါဧရိယာထဲမှာပေါ်လာတိုင်း အမျိုးသမီးမက်ခါစစ်သည်များမပြောနှင့်၊ မက်ခါစစ်သည်အမျိုးသားများပါရှက်သွေးမဖြာဘဲမနေနိုင်။
သူ၏ထူးချွန်သော​မောင်းနှင်နိုင်စွမ်းရည်နှင့်ပါတွဲလိုက်တော့ လူတိုင်းကသူနှင့်ယှဥ်ပြိုင်လိုကြသည်။ ဟော့ရှီစစ်မှာလည်းသူ့ကိုအလွန်လေးစားခဲ့ပြီး သူနှင့်ကြိမ်ဖန်များစွာကိုယ်တိုင်ယှဥ်ပြိုင်မောင်းနှင်ခဲ့လေသည်။
နောက်ပိုင်းဟော့ရှီစစ်နှင့်ချောင်းအာတွဲနေကြမှန်းသိလိုက်ရတော့ဟဲ့ရှောင်းလုံးဝမအံ့သြမိပေ။ လှပသောအရာရှိလေးကို​ကြည့်လိုက်တိုင်းမာရှယ်၏မျက်ဝန်းထဲမှာတစ်ခုခုရှိနေမှန်းသူသတိထားမိတာကြာပြီပင်။
သို့သော်နှစ်ယောက်သားမှာတကယ်တွဲနေတာမဟုတ်ဘဲအမည်ခံချစ်သူသာဖြစ်​ကြောင်းသူနောက်မှသိလိုက်ရသည်။
အကြောင်းရင်းကတော့ချောင်းအာကဟော့ရှီစစ်နှင့်အတူတော်ဝင်စားသောက်ပွဲတော်ကိုတက်ခဲ့တဲ့တစ်ခေါက်တုန်းက ဟော့ရှီစစ်ကလှည့်စားခံခဲ့ရပြီးချောင်းအာကသူ့ကိုကယ်ခဲ့သည်။ ထို့နောက်စားသောက်ပွဲတော်ကလူတိုင်းကသူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ဖက်နေကြတာကိုမိသွားပြီး သူ့ကိုအလှလေးပေးချင်သည့်ဧကရာဇ်အိုကြီးကိုဒေါသထွက်သွားစေခဲ့သည်။
သောက်ရမ်းခွေးသွေးဆန်တဲ့ဇာတ်လမ်းပဲ။
နောက်ပိုင်းဧကရာဇ်၏အလှလေးပို့ရခြင်းရည်ရွယ်ချက်ကိုရှောင်လွှဲရန်နှင့်ချောင်းအာကိုကာကွယ်ရန်အလို့ငှာ ဟော့ရှီစစ်ကချောင်းအာ၏သဘောတူညီမှုကိုရရှိပြီးနောက်သူနှင့်ချောင်းအာကချစ်သူပါဟုရိုးရိုးလေးကြေငြာခဲ့သည်။
ထိုအချိန်ကဟော့ရှီစစ်မှာတကယ်ပျင်းစရာကောင်းပြီးသူရဲဘောကြောင်သည်ဟုဟဲ့ရှောင်းခံစားခဲ့ရသည်။ အဆုံးမှာတော့သူကစစ်တပ်အာဏာကိုဆုပ်ကိုင်ထားသည့်တော်ဝင်မာရှယ်တစ်ယောက်ဖြစ်သည်ပင်။ သူကလာဘ်ကောင်ဘုရင်ကိုဘယ်တုန်းကများ​ကြောက်သွားတာတုန်း?
မင်းသူမကိုကြိုက်ပေမဲ့ဖွင့်မပြောတော့တစ်ပါးသူကိုလိမ်ညာလှည့်စားနေရတာပဲ။
ထိုအချိန်ကဟဲ့ရှောင်းမှာချောင်းအာကိုကရုဏသက်မိကာသူကတကယ်ဖြူစင်သည်ဟုတွေးခဲ့မိသည်။ လောင်ဟော့ကသူ့အတွက်တကယ်ဆွဲဆောင်မှုရှိနေမှန်းမသိခဲ့ပေ။ လောင်ဟော့ကစုံတွဲယောင်ဆောင်ပြီးသူ့ကိုကူညီပေးနေတာဟုတွေးခဲ့မိသည်။
သို့သော်လည်းအဆုံးသတ်မှာတော့ချောင်းအာကဖြူစင်တာမဟုတ်ဘဲ သူကိုယ်တိုင်ဖြူစင်နေတာမှန်းသဘောပေါက်လိုက်သည်။
ချောင်းအာကအမှန်တော့စပိုင်တစ်ယောက်ဖြစ်သည်၊ ဘုရင်အိုကြီးကဟော့ရှီစစ်အတွက်ပို့လိုက်တဲ့စပိုင်။ နန်းတွင်းစားသောက်ပွဲတော်ကမြင်ကွင်းမှာဟော့ရှီစစ်ကိုထောင်ဖမ်းဖို့အတွက် သူနှင့်ဘုရင်အိုကြီးစီစဥ်ခဲ့တာပေါ့?
ဟဲ့ရှောင်းမှာအမှန်ကိုသိလိုက်ရပြီးနောက် ဟော့ရှီစစ်ကိုကရုဏာမသက်ဘဲမနေနိုင်။
ဟော့ရှီစစ်ကချောင်းအာကိုဖွင့်ပြောဖို့စီစဥ်ထားပေမဲ့မထင်မှတ်ဘဲဒီကိစ္စဖြစ်သွားခဲ့တာဖြစ်သည်။
အဲ့လိုဆိုတော့သူတို့နှစ်ယောက်ကလုံးဝပြန်မသင့်မြတ်နိုင်ပေ။ အဆုံးမှာတော့ချောင်းအာစပိုင်လုပ်နေတုန်းကအရေးကြီးတဲ့ဖိုင်တွဲတစ်ခုမှခိုးသွားတာမျိုးမရှိဘဲ လုံ့လဝိရိယရှိရှိသာလေ့ကျင့်သွားခဲ့သည်။
ဒီတော့ဟော့ရှီစစ်မှာတစ်ဖက်လူ၏စပိုင်သရုပ်မှန်ကိုသိလိုက်ရပြီးနောက် နာကျင်သွားသော်လည်း သူလူသိရှင်ကြားမရှင်းပစ်ဘဲ ချောင်းအာကိုသူ့ကိုယ်ပိုင်အခန်းထဲမှာယာယီပိတ်လှောင်ထားခဲ့သည်။
မထင်မှတ်ဘဲထိုအချိန်တွင်အခြေစိုက်စခန်းကိုဇာ့ဂျ်များကရုတ်တရက်တိုက်ခိုက်လာပြီး ဘုရင်အိုကြီး၏လူများကအခွင့်ကောင်းယူကာသူတို့ကိုလုပ်ကြံခဲ့သည်။
ဟော့ရှီစစ်ဒဏ်ရာပြင်းစွာရသွားပြီး အခန်းထဲမှာအပိတ်ခံထားရသည့်ချောင်းအာ၏လုံခြုံရေးကိုစိတ်ပူသွားသည်။ သူအလျင်စလိုပြန်သွားကြည့်မိတော့ ချောင်းအာအခန်းတံခါးမှာပွင့်နေပြီး ပတ်ပတ်လည်မှာသန်မာသောဇာ့ဂျ်အရှိန်အဝါရှိနေကာ အစောင့်များကကြမ်းပြင်ပေါ်လဲကျနေပြီး ရှင်သူကရှင်၊ သေသူကသေ၊ ဒဏ်ရာရသူကရနေပြီး ချောင်းအာကတော့....ပျောက်နေတာကိုသာမြင်လိုက်ရသည်။
သိသိသာသာကိုပင်၊ သူ့ကိုဇာ့ဂျ်စားသွားတာအလွန်ဖြစ်နိုင်သည်။
ထိုအချိန်ကဟော့ရှီစစ်မှာသတိလစ်လုမတတ်ဖြစ်သွားခဲ့သည်။ သူ့လက်တွဲဖော်ကိုဆုံးရှုံးလိုက်ရသည့်အထီးကျန်ဝံပုလွေလိုမျိုးသူ့မျက်လုံးများနီရဲနေတာကို ဟဲ့ရှောင်းမြင်ဖူးတာပထမဆုံးပင်။
သူတို့မှာဒီကိစ္စကိုအသေးစိတ်စစ်ဆေးကြည့်ဖို့အချိန်မရခဲ့ပေ။ ဇာ့ဂျ်များကတာ့ဂလက်စီကိုစစ်ချီလာခဲ့သဖြင့် ဟော့ရှီစစ်ကချက်ချင်းစစ်မြေပြင်ကိုဒဏ်ရာနှင့်ပြန်သွားခဲ့ရသည်။
ဟဲ့ရှောင်းဒါကိုပြန်တွေးကြည့်မိကာသက်ပြင်းနင့်နင်နဲနဲချလိုက်မိပြီး အနောက်လှည့်ကာဝမ်းဟောင်ယွိနှင့်အတူနန်းတော်အပြင်ထွက်သွားလိုက်သည်။
ဟော့ရှီစစ်နန်းတော်အပြင်ကိုလျှောက်ထွက်လာပြီးသိပ်မကြာခင်မှာသူတန့်သွားပြီး သိပ်မဝေးသောနေရာကလူနှစ်...ပိုးကောင်နှစ်ကောင်ကိုကြည့်လိုက်မိသည်။
သိပ်မကြာသေးခင်ကတွေ့ခဲ့သည့်သီအန်းဆိုသူမှာဇာ့ဂျ်ဘုရင်မကိုဂျီတိုက်လျက်ရှိသည်။ ဇာ့ဂျ်ဘုရင်မမှာခေါင်းကိုက်နေပုံရပြီးသူ့ကိုရှောင်ဖို့ကြိုးစားလို့နေသည်။
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိတို့သူ့ကိုလိုက်မှီသွားပြီးဟော့ရှီစစ်၏အကြည့်ကိုသတိထားမိသွားတော့အံ့သြသွားရသည်။
ထိုစဥ်လင်ခုံးလုကလည်းသူတို့ကိုမြင်သွားတော့သူ့မျက်လုံးများကရုတ်ခြည်းတောက်ပသွားကာသူဟော့ရှီစစ်ကိုပြောလိုက်သည်။
"မာရှယ်၊ ကိုယ်တော်ရှေ့တန်းကိစ္စနဲ့ပတ်သတ်ပြီးမင်းကိုမေးချင်တာချို့ရှိတယ်။ ကိုယ်တော်နဲ့အတူလိုက်ခဲ့အုံး။"
ထို့နောက်သူသီအန်းကိုထားခဲ့ကာအရင်လှည့်ထွက်သွားသည်။
သီအန်းမှာမပျော်မရွှင်ဖြစ်သွားရသော်လည်း အလုပ်ကိစ္စဆွေးနွေးတာမှန်းသိတာမို့ သူမပျော်မရွှင်ကျန်နေခဲ့ရုံတတ်နိုင်သည်။
အရှင်ကအလုပ်ကိစ္စဆွေးနွေးမှာကို အဲ့လူသားကောင်ချောလေးကိုခေါ်သွားမယ်ဆိုတာတွေးမိလိုက်ရုံနှင့် သူမပျော်မရွှင်ဖြစ်သွားကာမနေနိုင်ဘဲသိပ်မဝေးသောနေရာကဝမ်းဟောင်ယွိကိုစူးစိုက်ကြည့်လိုက်မိသည်။
သို့သော်လည်းနောက်တစ်စက္ကန့်မှာလင်ခုံးလုနောက်လိုက်သွားသူကမျက်နှာသေနှင့်ဟော့ရှီစစ်ဖြစ်လေသည်။
သီအန်း: "......"
သူကြောင်အမ်းသွားရသည်။ ဟော့ရှီစစ်နှင့်လင်ခုံးလုတို့ထွက်သွားတော့မှ သူနောက်ဆုံးမှာအသိပြန်ဝင်လာကာ ဝမ်းဟောင်ယွိဆီဒေါသတကြီးလျှောက်သွားပြီးမေးလိုက်မိသည်။
"မင်းက...ကိုကိုရှောင်လုသဘောကျတဲ့ကောင်ချောလေးမဟုတ်ဘူးလား။"
ဝမ်းဟောင်ယွိရှက်သွားကာခေါင်းခါပြီးပြောလိုက်မိသည်။ "မဟုတ်ပါဘူး။"
"ဒါဆိုမင်းဘာလို့ငါ့ကိုမပြောခဲ့တာလဲ။"
သီအန်းဒေါသတကြီးမေးလိုက်မိသည်။
"မင်းမှကျွန်တော့်ကိုပြောခွင့်မပေးတာ။"
ဝမ်းဟောင်ယွိပြောကာတွေးလိုက်မိသည်။ ဒီပိုးကောင်မျက်လုံးကဘာဖြစ်နေတာလဲ။ သူကမာရှယ်နဲ့ဘယ်လိုလုပ်တူမှာလဲလို့? အရှိန်အဝါကအကွာကြီးကို။
ပြီးတော့သူဘယ်လောက်ချောချော၊ သူကဒီကလေးလောက်မှမချောတာ။
*
လင်ခုံးလုကဟော့ရှီစစ်ကိုခေါ်ထုတ်သွားပြီးနောက် သူရှေ့တန်းအ​ကြောင်းဘာမှမမေးပေ။
သူလူကိုအိပ်ဆောင်ဆီတိုက်ရိုက်ခေါ်သွားပြီးအိပ်ရာကြီးဘေးကအိပ်ရာလေးကိုလက်ညိုးထိုးကာပြောလိုက်သည်။
"အဲ့မှာလှဲလိုက်။"
ဟော့ရှီစစ်ကနှုတ်ဆိတ်လျက်သူ့ကိုအပြာရင့်ရောင်မျက်ဝန်းများဖြင့်ကြည့်လာသည်။
ထိုအခါမှသာသူ့စကားလုံးထဲမှာမရိုးသားတစ်ခုခုရှိနေပုံပေါ်သွားမှန်းသဘောပေါက်သွားပြီး အလိုလိုရှင်းပြလိုက်သည်။
"ဒါကအိပ်ရာအသွင်ပြောင်းထားတဲ့ကုသရေးကုတင်ပဲ။ မင်းဒဏ်ရာရထားတယ်မလား။"
ရှင်းပြပြီးနောက် သူတစ်ခုခုမှားနေသည်ဟုခံစားလိုက်ရသည်။ ဘာကိုမရိုးသားရမှာလဲ။ ဒီတိုင်းစနေတာကို။
ရလဒ်အနေဖြင့်သူ၏မြစိမ်းရောင်မျက်ဝန်းတစ်စုံမှာအပြုံးနှင့်ပြည့်သွားပြီး သူ့လက်ချောင်းထိပ်များဖြင့်သူ့နှုတ်ခမ်းသူထိကာပြောလိုက်သည်။
"မင်းကတစ်လကြာအောင်ငါ့စားစရာဖြစ်မှာ။ အခုဆိုမင်းရဲ့အကြီးဆုံးတာဝန်ကမင်းကိုယ်မင်းကောင်းကောင်းဂရုစိုက်ဖို့ပဲ....အရသာရှိအောင်လို့လေ။"
ဟော့ရှီစစ်ကသူ၏လှပသောနှုတ်ခမ်းတစ်စုံကိုမမြင်သည့်အလားအကြည့်လွှဲသွားပြီး ကုသရေးကုတင်ပေါ်မှာမျက်နှာသေဖြင့်လှဲချလိုက်သည်။
လင်ခုံးလု: ....ဘာတုံ့ပြန်မှုမရှိဘူးပဲ။ သူကဘုန်းကြီးလားဟ?
သူစပိုင်ချစ်သူလုပ်တုန်းကထက်ပိုပြီးတော့မြူဆွယ်ရခက်တာပဲ။
လင်ခုံးလုတွေးမိလိုက်ပြီးမှကုသရေးကုတင်နှင့်သိပ်မဝေးသည့်မဟော်ဂနီစားပွဲမှာဝင်ထိုင်ကာ စားပွဲကိုသူ့လက်ချောင်းထိပ်များဖြင့်တတောက်တောက်ခေါက်ကာမေးလိုက်သည်။
"ငါခုနကနန်းတော်ထဲမှာပြောခဲ့တာကိုဘယ်လိုမြင်လဲ။"
"မင်းဇာ့ဂျ်ဘုရင်ကိုမင်းကိုချစ်လာအောင်လုပ်နိုင်ရင်မင်းအစားမခံရဘူး။"ဟူသည့်ကိစ္စကိုသူပြောနေတာမှန်းဟော့ရှီစစ်သိသည်။
ဒါပေမဲ့ဇာ့ဂျ်ဘုရင်ဘာလို့ဒီလောက်ပျင်းရလဲဆိုတာသူနားမလည်ဘူး။ ရှေ့တန်းကိစ္စကိုမေးချင်တာမဟုတ်ဘူးလား။ တစ်ဖက်လူကနိုင်ငံရေးကိစ္စကိုလျစ်လျူရှူခဲ့လို့များ အရင်ဘဝမတော်တဆသေသွားတာလား။
သူမျက်မှောင်ကြုတ်ကာသြရှရှအသံဖြင့်ပြောလိုက်သည်။
"ဇာ့ဂျ်အရှင်ရဲ့ကြင်နာမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမဲ့ကျွန်တော့်ရင်ထဲမှာကျွန်တော်သဘောကျရတဲ့တစ်စုံတစ်ယောက်ရှိပြီးသားမို့လို့ အရှင်မင်းကြီးရဲ့ကြင်နာမှုကိုပြန်မဆပ်နိုင်မှာစိုးရွံ့မိပါတယ်။"
လင်ခုံးလုအံ့သြသွားကာမေးလိုက်မိသည်။
"ဘယ်သူလဲ။"
တစ်ယောက်ယောက်ကသူ့ကိုငါ့ဆီကခိုးသွားတယ်ပေါ့?
ဇာ့ဂျ်ဘုရင်မဒေါသထွက်သွားကာမဟော်ဂနီစားပွဲကိုဖြန်းခနဲရိုက်ချလိုက်မိသည်။
"ဘုန်း"ခနဲအသံနှင့်အတူ မဟော်ဂနီစားပွဲမှာနှစ်ခြမ်းကျိုးသွားသည်။
ဟော့ရှီစစ်: "....."
လင်ခုံးလု: "......"
သူအမှားလုပ်မိပြီးတော့သူအရမ်းသန်မာနေပြီမှန်းမေ့သွားတာရယ်။
သူလက်နောက်ပစ်ချင်ယောင်ဆောင်ကာဟမ့်ခနဲလုပ်လိုက်သည်။
"ကြည့်ရတာတော့မင်းကစားစရာအလုပ်ခံချင်တဲ့ပုံပဲ။"
ဟော့ရှီစစ်ကအကြည့်ပြန်ရုတ်ကာဆိုသည်။
"ကျွန်တော်တို့တွေပူးပေါင်းဖို့သဘောတူပြီးသွားပြီဆိုတော့စိတ်ခံစားချက်တွေရှိစရာမလိုပါဘူး။ ပြီးတော့ဇာ့ဂျ်အရှင်မင်းကြီးကိုအရမ်းချစ်တဲ့လူရှိပြီးသားဆိုတော့အလွယ်လမ်းကိုလက်လျှော့ပြီးခက်ခဲတဲ့လမ်းကိုလိုက်စရာမလိုပါဘူး။"
လင်ခုံးလုမိန်းမောသွားကာအလိုလိုပြောလိုက်မိသည်။
"သီအန်းကိုပြောတာလား။"
ဟော့ရှီစစ်ကဖြေမလာပေမဲ့သူ့မျက်နှာထားကအကုန်ပြောနေလေသည်။
လင်ခုံးလုအံ့သြသွားကာထပ်ပြောလိုက်မိသည်။
"မင်းပြောတာကငါနဲ့သီအန်း?"
ခေတ္တတန့်သွားပြီးမှသူခေါင်းငြိမ့်ကာ​ပြောလိုက်သည်။
"မင်းပြောတာမှန်တယ်၊ ပြောရရင်အလွယ်လမ်းနဲ့ခက်ခဲတဲ့လမ်းကြားမှာတကယ်ရွေးချယ်စရာမလိုဘူး။"
ဒါပေမဲ့သူခေါင်းစဥ်ပြောင်းကာပြုံးပြီးပြောလိုက်သည်။
"ဒါပေမဲ့ကိုယ်တော်ကခက်ခဲတဲ့လမ်းကိုပိုသဘောကျတယ်။ ဒါကပျော်ဖို့ကောင်းတယ်လေ၊ မဟုတ်ဘူးလား။"
ဟော့ရှီစစ်၏အသက်ရှုနှုန်းတန့်သွားကာသူရိုးရိုးလေးမျက်စိမှိတ်လိုက်မိသည်။
_____
မူရင်းစာရေးသူမှာပြောစရာရှိတယ်:
လက်ရှိမာရှယ်: ငါ့မှာချစ်ရသူရှိလို့ငြင်းတယ်။
နောက်ပိုင်းမာရှယ်: ငါ့ဇနီးလေးကိုဘယ်လိုလိုက်ရမလဲကူညီပေးကြပါအုံး၊ အွန်လိုင်းမှာစောင့်နေပါတယ်၊ အရေးပေါ်။
_____
updateရက်မဟုတ်ပေမဲ့ကိုယ့်လိုအိမ်တွင်းအောင်းနေတဲ့အချစ်လေးတွေအတွက်တင်ပေးလိုက်ပါတယ်~
_____________________
"မင်းအဆင်ပြေရဲ့လား။"
"ဒါနဲ့ ခုနကဇာ့ဂ်ျဘုရင်ပြောသွားတာကိုဘယ်လိုမြင်လဲ။"
"ငါ့အထင်...ဇာ့ဂ်ျဘုရင်ကိုကြိုးစားကြည့်မလားလို့?"
"အဲ့လိုဆိုရင်တောင်...."
မဟုတ်ရင်ဒီနေ့လိုဇာ့ဂ်ျဘုရင်မအန်ဒရီကိုဒေါသထွက်သွားပြီးရုတ်တရက်စိတ်ပြောင်းသွားတာမျိုးထပ်ဖြစ်လာနိုင်တယ်။
ယောက်ျားတစ်ယောက်ကို"လှတယ်"ဟုသုံးတာကမသင့်တော်ဘူးဟုဟယ်ရှောင်းခံစားရပေမဲ့ပိုသင့်တော်တဲ့စကားလုံးကိုရှာမရပေ။
မထင်မှတ်ဘဲထိုအချိန်တွင်အခြေစိုက်စခန်းကိုဇာ့ဂ်ျများကရုတ်တရက်တိုက်ခိုက်လာပြီး ဘုရင်အိုကြီး၏လူများကအခွင့်ကောင်းယူကာသူတို့ကိုလုပ်ကြံခဲ့သည်။
သိသိသာသာကိုပင်၊ သူ့ကိုဇာ့ဂ်ျစားသွားတာအလွန်ဖြစ်နိုင်သည်။
သိပ်မကြာသေးခင်ကတွေ့ခဲ့သည့်သီအန်းဆိုသူမှာဇာ့ဂ်ျဘုရင်မကိုဂျီတိုက်လျက်ရှိသည်။ ဇာ့ဂ်ျဘုရင်မမှာခေါင်းကိုက်နေပုံရပြီးသူ့ကိုရှောင်ဖို့ကြိုးစားလို့နေသည်။
သီအန်း: "......"
*
"အဲ့မှာလှဲလိုက်။"
"ဘယ်သူလဲ။"
ဇာ့ဂ်ျဘုရင်မဒေါသထွက်သွားကာမဟော်ဂနီစားပွဲကိုဖြန်းခနဲရိုက်ချလိုက်မိသည်။
ဟော့ရှီစစ်: "....."
လင်ခုံးလု: "......"
"သီအန်းကိုပြောတာလား။"
_____
_____
_____________________
Continue Reading
You'll Also Like
403K 12.9K 25
The year is 1908, and Clara Angell is going to Hogwarts School Of Witchcraft And Wizardry. Clara's quiet excited, but she is somewhat dreading school...
427K 5.5K 15
This will include: -Swearing ----------- Credit for the cover: favoredmay on instagram ----------- You and Quackity were best friends until you and h...
149K 21.9K 111
This story is just a fan translation. Crd to the original owner.
445K 10.7K 37
The Giovanni's are the Italian Mafia. It is the most powerful mafia. For 8 generations the family have been trying to have a princess in the family b...