ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

By Boss_want_to_eat_you

115K 24.1K 512

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.6K 353 3
By Boss_want_to_eat_you

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၃၄)။

အရင်ဘဝမှာလင်ခုံးလုဂိမ်းထဲဝင်ရောက်ပြီးနောက်ပိုင်း သူဂိမ်းကမ္ဘာထဲမှာရှိနေခဲ့ပြီး နေရာလွတ်ကိုမရောက်ဖူးပေ။ ဒါကိုမြင်တော့သူမနေနိုင်ဘဲအနည်းငယ်သိချင်စိတ်ဖြစ်သွားရကာ စနစ်ကိုမေးလိုက်မိသည်။
"ငါတို့ကူးပြောင်းဝင်ရောက်သူတွေမှာကျဘာလို့ဒီလိုဟောခန်းကျယ်ကြီးမရှိတာလဲ။"

0687: "...."

"မင်းဘာလို့ဘာမှမပြောတာလဲ။"
လင်ခုံးလုထူးဆန်းစွာမေးလိုက်မိသည်။

"မင်းရဲ့ရက်စက်တဲ့လောင်ကုန်းငါ့ကိုတွေ့သွားပြီးတစစီချေမွပစ်မှာဆိုးလို့ဟေ့။"
0687တီးတိုးပြောလိုက်မိသည်။

နာရီဝက်အတွင်းမှာသူ့လိုမျိုးအမျိုးအစား၅မျိုးဖျက်ဆီးခံလိုက်ရပြီးတော့ တစ်မျိုးကဖွဲ့စည်းခံလိုက်ရတာကိုမြင်လိုက်ရတာ၊ သူ့ရဲ့ငယ်ရွယ်တဲ့စိတ်ဝိညာဥ်လေးမှာကြီးမားတဲ့စိတ်ဒဏ်ရာရသွားပြီ။

လင်ခုံးလု: "......"

"အင်း၊ မင်းကငါ့အသိစိတ်အနက်ရှိုင်းဆုံးမှာဆိုတော့သူရှာမတွေ့နိုင်ပါဘူး။ ပြီးတော့မင်းကအဆင့်ပိုမြင့်တယ်လေ၊ မင်းအချိန်အာကာသစီမံခန့်ခွဲရေးဌာနကိုယုံကြည်သင့်တယ်။"
သူကူကယ်ရာမဲ့စွာပြောလိုက်သည်။

"ဟုတ်တယ်နော်။" 0687မှာနှစ်သိမ့်ခံလိုက်ရပြီးနောက်ရဲဆေးတင်ကာသူ့ကိုမသိမသာကျယ်လောင်​သောအသံဖြင့်ရှင်းပြလိုက်သည်။
"ငါတို့ဒီလိုဟောခန်းကျယ်ကိုမလုပ်တာမဟုတ်ဘူး၊ မလိုအပ်လို့ပဲ။ ကူးပြောင်းဝင်ရောက်သူတွေကမစ်ရှင်ပြီးသွားရင်နောက်တစ်ခုကိုချက်ချင်းရောက်သွားမှာ။ မင်းပင်ပန်းသွားရင်အဲ့ကမ္ဘာကဒီတိုင်းထွက်လာပြီး လက်တွေ့ကမ္ဘာကိုပြန်ပြီးအနားယူလို့ရတယ်လေ။"

"ခန္ဓာကိုယ်မရှိလို့ ခန္ဓာကိုယ်ဝယ်ဖို့အမှတ်ရှာဖို့လိုတဲ့အတွက်လက်တွေ့ကိုမပြန်နိုင်တဲ့မင်းလိုကူးပြောင်းဝင်ရောက်သူတွေရှိတယ်။ ပြီးတော့အခုဆိုမင်းကကမ္ဘာတွေကိုလိုက်ပြင်နေရပြီးအလျင်လိုနေတာဆိုတော့တစ်ကမ္ဘာပြီးတစ်ကမ္ဘာကူးပြောင်းရမှာလေ။"

ဒီတော့မင်းဘယ်လိုဟောခန်းကျယ်မျိုးလိုအပ်လို့လဲ။ မလိုအပ်ဘူးလေ။

လင်ခုံးလု: "......" ထုတ်လုပ်ရေးဌာနကမြည်းတွေမှာအနားယူဖို့အချိန်ရှိသေးတာပဲ။

ဒါပေမဲ့ထားလိုက်ပါတော့လေ၊ သူကသူ့ချစ်သူနဲ့အတူရှိရင်းအနားယူနေတာပဲလေ။

ဒါကိုတွေးမိတော့လင်ခုံးလုမထိန်းနိုင်ဘဲရွှီယန့်လက်ကိုတင်းတင်းကိုင်လိုက်မိသည်။

ရွှီယန့်ကသူစိုးရိမ်နေသည်ဟုထင်သွားကာသူ့ကိုအနားဆွဲခေါ်ပြီးခပ်တိုးတိုးနှစ်သိမ့်ပေးလိုက်သည်။

သူတို့ကအလွန်ထူးချွန်ပုံပေါက်နေလို့လားမသိ၊ အဖွဲ့ဝင်ရန်လာဖိတ်သည့်ကစားသမားများကလွဲလို့ ဖြတ်သွားသည့်အခြားသူများမှာသူတို့ကိုတစ်ချက်တစ်ချက်ကြည့်သွားကြသည်။

"ဂိမ်းထဲကဇာတ်ကောင်တွေကလွဲရင် ဒီလောက်ကြည့်ကောင်းတဲ့လူတွေကိုတစ်ခါမှမမြင်ဖူးဘူး။"

"u1s1၊ ဂိမ်းထဲကဇာတ်ကောင်တွေထက်ပိုကြည့်ကောင်းတယ်။"

"မရင်းနှီးသလိုပဲ၊ လူသစ်ဖြစ်တဲ့ပုံပဲနော်?"

"ဘာလို့ရင်းနှီးရမှာလဲ။"
မျက်နှာတစ်ခြမ်းမှာအမာရွတ်ရှိတဲ့တစ်ယောက်က...ဘုရားရေ၊ နတ်ဘုရားများကျွန်းဂိမ်းထဲကBOSSလားလို့?

"ချီးပဲ၊ ချီးပဲ၊ ဟုတ်တယ်ဟ!"

ဟောခန်းကျယ်၏ကော်ရစ်ဒါမှာရုတ်ခြည်းဆူညံသွားသည်။ ရွှီယန့်ကိုမှတ်မိသည့်ကစားသမားနှစ်ယောက်ကသူတို့ကိုခြောက်ခြားစွာကြည့်ကာမယုံကြည်နိုင်ဟန်ဖြစ်သွားသည်။

ဂိမ်းထဲကဘော့စ်ကတကယ်ကြီးအပြင်ထွက်လာတယ်၊ ဘုရားရေ!

ရွှီယန့်မှာအစကပင်မနတ်ဘုရားကိုခပ်လျိုလျိုအမူအရာဖြင့်ရှင်းပစ်ချင်ပေမဲ့ သူ့သရုပ်မှန်မြင်ဖူးသည့်ကစားသမားနှစ်ယောက်ကသူ့ကိုမှတ်မိသွားမည်ဟုမထင်ထားမိပေရာ မနေနိုင်ဘဲမျက်မှောင်ကြုတ်ပြီးယန်ဖုန်းကိုအသိပေးလိုက်သည်။
"မြန်​မြန်သွားမယ်။"

ယန်ဖုန်းကစုန့်လင်၏စနစ်ကိုသုံးကာပင်မနတ်ဘုရားကိုတွေ့ဖို့ခွင့်ပြုချက်လျှောက်လိုက်သည်။ ပင်မနတ်ဘုရား၏ခွင့်ပြုချက်ကိုရရှိပြီးနောက်သူချက်ချင်းပြောလိုက်သည်။
"ရပြီ။"

သူပြောပြီးသည်နှင့် ဟောခန်းကျယ်၏အလယ်ဗဟိုမှကြီးမားသောအလင်းတန်းဆင်းသက်လာသည်။

ယန်ဖုန်းကသူထိုနေရာမှာရှိနေမှန်းသေချာနေပြီးပြောလိုက်သည်။
"ဝင်သွားလိုက်တော့။"

ထိုသို့ပြောပြီးနောက်သူဦးဆောင်ကာအလင်းတန်းထဲဝင်သွားလိုက်သည်။

ရွှီယန့်နှင့်လင်ခုံးလုလိုက်သွားပြီး ယွမ်ရှီးချွမ်းနှင့်အခြားသူများကတုံ့ဆိုင်းသွားကာအနောက်မှအနီးကပ်လိုက်သွားလိုက်သည်။

သူတို့ပုံရိပ်များပျောက်ကွယ်သွားပြီးနောက် ဟောခန်းကျယ်ထဲကကစားသမားများမှာရှော့ခ်ရမှုမှပြန်ကောင်းလာသည်။ ဝါရင့်ကစားသမားများမှာမနေနိုင်ဘဲရေရွတ်လိုက်မိသည်-

"ဒါကတော့သံတမန်လက်ခံဖို့ ပင်မနတ်ဘုရားသုံးတဲ့အလင်းတန်းပဲ။"

"ဒါပေမဲ့ခုနကဝင်သွားတဲ့တစ်ယောက်ကနတ်ဘုရားများကျွန်းဂိမ်းကBOSSနော်။"

"BOSSကပင်မနတ်ဘုရားကိုစိန်ခေါ်တာလား။ သွားပြီ၊ သွားပြီ၊ ဒီဂိမ်းကတကယ်ပြီးသွားပြီမဟုတ်လား။"

"မဟုတ်ဘူး၊ မင်းဘာတွေတွေးနေတာလဲ။ BOSSကိုပင်မနတ်ဘုရားကဖန်ဆင်းခဲ့တာ၊ သူဘယ်လောက်စွမ်းအားကြီးကြီး ပင်မနတ်ဘုရားရဲ့ပြိုင်ဖက်မဖြစ်နိုင်ဘူး။"

သို့သော်သူပြောပြီးသည်နှင့် ပင်မနတ်ဘုရားရှိနေသည့်နေရာလွတ်မှကြီးမားသောငလျင်တစ်ခုလှုပ်သွားကာ ဟောခန်းကျယ်တစ်ခုလုံးကိုတုန်လှုပ်သွားစေသည်။

"ဘောပဲ!" ဟောခန်းကျယ်ထဲကကစားသမားများမှာချက်ချင်းလားရာတိုင်းကိုပြေးသွားကြသည်။ ကိုယ်ပိုင်နေရာလွတ်လဲလှယ်ထားသူများကသူတို့ကိုယ်ပိုင်နေရာလွတ်ထဲမှာဝင်ပုန်းလိုက်သည်။

*

လင်ခုံးလုနှင့်ရွှီယန့်တို့ပင်မနတ်ဘုရားနေရာလွတ်ဟုခေါ်သောနေရာကိုဝင်လိုက်သည်နှင့် ဒေတာrunနေရမည့်ဒီနေရာမှာစည်းစိမ်ဖြစ်နေတာကိုမြင်လိုက်ရသည်။

မက်ခါစစ်သ​ဘေ်ာများ၊ ဖန်စီကားများနှင့်ဝိုင်၊ လှပသောNPCများ....

ပြီးတော့ထိပ်ဆုံးကပလ္လင်ပေါ်မှာထိုင်နေသည့်ရုပ်ရည်မရှင်းလင်းသည့်လူငယ်လေးတစ်ယောက်က ၎င်းတို့အားလုံး၏ပိုင်ရှင်ဖြစ်သည်။

အတိအကျပြောရရင်ဓားပြကောင်။

လင်ခုံးလုတွေးလိုက်မိသည်။ ဒီလူရဲ့စွမ်းရည်ကဘာမှန်းပြောရခက်ပေမဲ့သူ့ကိုယ်သူဘယ်လိုနှစ်​ခြိုက်ရမလဲဆိုတာတော့သိသားပဲ။

ရွှီယန့်ကလည်းထိုင်ခုံအမြင့်ပေါ်ကလူကိုကြည့်လိုက်ပြီး သူ့မျက်လုံးများမှာအေးစက်ကာအသေးစိတ်စစ်ဆေးလို့နေသည်။

ဒီလူကအရာအားလုံးရဲ့နောက်ကွယ်မှာရှိနေပြီးတော့ သူနဲ့ရှောင်လုကိုနှိပ်စက်ခဲ့တာလား။

ထိုင်ခုံအမြင့်ကလူမှာခဏကြာတော့လူတစ်ယောက်ထက်ပိုရောက်လာမှန်းသိသွားသည်။ အစက"စုန့်လင်"ကတစ်ယောက်ယောက်ကိုအထဲခေါ်လာသည်ဟုထင်သွားသည်။ သူစိတ်မပျော်မရွှင်နှင့်မျက်လုံးပင့်ကြည့်လိုက်တော့ ရွှီယန့်၏အေးစက်စက်အကြည့်နှင့်ဆုံသွားသည်။

"ပင်မနတ်ဘုရား"ကမိန်းမောသွားပြီးမှစိတ်ဝင်တစားရယ်မောလာသည်။
"မင်းတကယ်ထွက်လာတယ်ပေါ့? အံ့သြစရာပဲ။ ကြည့်ရတာတော့စုန့်လင်ကလုံးဝကျရှုံးသွားတဲ့ပုံပဲ။"

"ကျွတ်ကျွတ်၊ နှမြောစရာပဲ။"
စုန့်လင်၏သေခြင်းကအသေးအမွှားကိစ္စအလားသူရယ်မောလိုက်သည်။ ထို့နောက်သူကသိချင်စိတ်နှင့်မေးလိုက်သည်။
"ဘယ်လိုလဲ။ ငါမင်းအတွက်ဒီဇိုင်းဆွဲထားတဲ့လှောင်ချိုင့်ကပျော်စရာကောင်းရဲ့လား။"

"မင်းကအဆက်မပြတ်အသတ်ခံနေရပြီးတော့ မင်းရဲ့စွမ်းအားကိုနည်းနည်းချင်းစီအယူခံနေရပေမဲ့ မင်းကတော့လုံးဝကိုသတိမထားမိဘူးလေ။ ဘယ်လောက်ကောင်းလိုက်တဲ့အကြံလဲ၊ လုဝေရှီတောင်မစဥ်းစားနိုင်ဘူး။ မင်းတအားစိတ်ဓာတ်ပြတ်သားခိုင်မာလွန်းနေတော့ ငါမင်းကြိုက်တဲ့လူကိုမင်းကိုအဖော်ပြုပေးဖို့ပို့ပေးလိုက်ရတယ်လေ..."

လင်ခုံးလုအစကသူစကားတော်တော်များတာပဲဟုတွေးလိုက်မိပေမဲ့နောက်ပိုင်းကိုနားထောင်ပြီးနောက်မှာသူ့မျက်နှာမည်းသွားသည်။

"မင်းသိရဲ့လား။ အမှန်တော့မင်းကဒီမှာမာစတာဖြစ်ပြီးတော့အဆုံးမဲ့ဂိမ်းကမ္ဘာရဲ့ဘုရင်တစ်ပါးဖြစ်လာရမှာ၊ ဒါပေမဲ့ကံဆိုးချင်တော့မင်းလာတာတအားနောက်ကျသွားတော့အခုဆိုမင်းရဲ့မိစ္ဆာနတ်ဘုရားစွမ်းအားတစ်ဝက်ကငါ့ထိန်းချုပ်မှုအောက်မှာရှိနေပြီ။"

ထိုင်ခုံအမြင့်ကလူမှာပျော်ပျော်ကြီးဆက်ပြောလေသည်။

ယန်ဖုန်းနှင့်အခြားသူများမှာဒါကိုကြားတော့ရွှီယန့်ကိုအံ့သြတကြီးကြည့်လိုက်မိသည်။

"ဒါပေမဲ့မင်းရောက်လာတာကိစ္စမရှိဘူး၊ ငါစုန့်လင်ရဲ့လှည့်ကွက်တွေကိုငြီးငွေ့နေပြီရယ်။ ငါ့ကိုမင်းရဲ့လက်ကျန်စွမ်းအားအကုန်ပေးခဲ့၊ မင်းကို..နတ်ဘုရားပေးခဲ့တဲ့စွမ်းအားအပါအဝင်ပဲ။"

ထိုစဥ်"ပင်မနတ်ဘုရား"ကရုတ်ခြည်းထရပ်ကာလှေကားထစ်များမှဖြည်းဖြည်းချင်းဆင်းလာသည်။

ဒါကိုကြားတော့ကစားသမားများမှာပို၍ပင်ပဟေဠိဖြစ်သွားမိသည်။ ဘာလို့နောက်နတ်ဘုရားတစ်ပါးရှိနေတာလဲ။ ပင်မနတ်ဘုရားပြီးရင်နတ်ဘုရားတွေရှိသေးလား။ ဗူဒူးအရုပ်လား။

ရွီယန့်မှာမျက်နှာသေဖြင့်ရှိနေပြီး တစ်ဖက်လူလမ်းတစ်ဝက်ကိုရောက်လာချိန်မှသူလက်အသာမြှောက်လိုက်သည်။

မရေတွက်နိုင်သောနွယ်ပင်များက"ပင်မနတ်ဘုရား"ကိုမြှားမိုးကဲ့သို့ရုတ်ခြည်းထိုးနှက်သွားပြီး "ပင်မနတ်ဘုရား"ကလည်းလက်မြှောက်ကာတောက်ပသောအဖြူရောင်အလင်းတန်းကိုဝှေ့ရမ်းလာသည်။

နွယ်ပင်နှင့်အလင်းတန်းနှစ်ခုစလုံးမှာအသိစိတ်နှင့်စွမ်းအား၏အချက်အချာဖြစ်သည်။ ထိပ်တိုက်တွေ့သွားပြီးနောက် မျက်စိကျိန်းလောက်ဖွယ်အလင်းရုတ်ခြည်းပေါက်ထွက်သွားကာ နေရာလွတ်တစ်ခုလုံးအပြင်းအထန်တုန်ခါသွားသည်။

ကူညီရန်အထဲရောက်လာသည့်ကစားသမားများမှာရုတ်ခြည်းယိမ်းထိုးသွားပြီး ရပ်လို့ပင်မရပေ။ လင်ခုံးလုတစ်ယောက်သာရွှီယန့်အနောက်မှာမြဲမြံစွာကာကွယ်ပေးခံထားရသည်။

တုန်ခါသွားပြီးနောက် နေရာလွတ်တစ်ခုလုံးမှာအဖြူရောင်လွင်ပြင်ဖြစ်သွားပြီး ကားနှင့်ဝိုင်များအကုန်ပျောက်သွားကာ "ပင်မနတ်ဘုရား"ကလည်းသူ့မျက်နှာအစစ်အမှန်ကိုဖော်ပြလာသည်။

ရွှီယန့်သူ့ရုပ်ရည်ကိုသေချာမြင်သွားတော့မျက်မှောင်အသာကြုတ်လိုက်မိသည်။ "ခင်ဗျားလား။"

လင်ခုံးလုမိန်းမောသွားရသည်: သူကမင်းအသိလား။

သူတိတ်တိတ်လေးရွှီယန့်အနောက်မှခေါင်းပြူထွက်ကာတစ်ချက်ကြည့်လိုက်မိတော့သူသူ့ကိုမသိမှန်းသိလိုက်ရသည်။

0687: "သူကပျောက်ဆုံးနေတဲ့ဘော်ဒီဂတ်ပဲ၊ သူ့နာမည်ကကော်ယွမ်။ မင်းဆင်​ခြေဖုံးရပ်ကွက်ထဲမှာမှတ်ဉာဏ်ပျောက်သွားပြီးဇာတ်လိုက်ခေါ်သွားတာခံလိုက်ရပြီးနောက်မှာ သူကဇာတ်လိုက်ကိုရဲမခေါ်ဖို့ပြောပြီးမင်းကိုဂရုစိုက်ခိုင်းခဲ့တဲ့တစ်​ယောက်ပဲ။"

"အော်။" လင်ခုံးလုရုတ်ခြည်းသဘောပေါက်သွားကာ နောက်တစ်ချက်ထပ်ကြည့်လိုက်မိပြီးခေါင်းခါလိုက်မိသည်။
"ငါတော့သူ့ကိုမသိပါဘူး။"

ဘော်ဒီဂတ်ရွှီယန့်ကိုမေးတုန်းကသူကရွှီယန့်အိမ်မှာနေနေပြီ။ သူဘော်ဒီဂတ်ကိုထွက်မတွေ့ခဲ့တော့သူဘော်ဒီဂတ်ကိုမမြင်ခဲ့ဘူး။

လတ်စသတ်တော့သူဖြစ်နေတာလား။ လင်ခုံးလုတွေးလိုက်မိသည်။ ဒီလူစီစဥ်နေခဲ့တာကြာပြီ။

"အာ၊ ငါ့ကိုမှတ်မိသွားပြီပဲ။ ဒါပေမဲ့ဒါကဒိုင်းကာသက်သက်ပဲရယ်။"
ကော်ယွမ်ကရယ်မောလိုက်သည်။ ရွှီယန့်မထိမခိုက်ရှိနေတာမြင်တော့ သူလုံးဝမအံ့သြသွားဘဲဆက်ပြောလိုက်သည်။
"သေချာတာပေါ့၊ မိစ္ဆာနတ်ဘုရားရဲ့စွမ်းအားအစိတ်အပိုင်းနဲ့သတ်တာကမင်းကိုသတ်နိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ကိစ္စမရှိပါဘူးလေ..."

သူ့မှာနတ်ဘုရားပေးထားတဲ့စွမ်းအားရှိသေးတယ်၊ တကယ့်နတ်ဘုရားအစစ်၊ ပင်မကမ္ဘာကသူတို့ဘုရားကျောင်းမှာလူတွေရဲ့ယုံကြည်ကိုးကွယ်ရာနှင့်စွမ်းအားအရင်းအမြစ်။

ဒါကိုတွေးမိတော့ကော်ယွမ်၏မျက်ဝန်းထဲမှာအံ့သြမှင်သက်မှုနှင့်လောဘတက်လာသည်။

အကြောင်းရင်းမရှိပါဘဲရွှီယန့်သူ့မျက်နှာထားကိုမြင်လိုက်ရချိန် သူ့မျက်ဝန်းထဲမှာစက်ဆုပ်ရွံရှာမှုထင်ဟပ်သွားသည်။

ကော်ယွမ်ကခပ်မြန်​မြန်အသိပြန်ဝင်လာကာထူးဆန်းသောအပြုံးတစ်ပွင့်နှင့်ဆိုသည်။
"ဒီကိုလာလေ၊ ငါမင်းကိုနတ်ဘုရားရဲ့တကယ့်စွမ်းအားအစစ်ပြမယ်။"

သူထိုသို့ပြောရင်း သူ့ပတ်လည်မှာအနီရောင်အစင်းများပေါ်လာပြီး နေရာလွတ်တစ်ခုလုံးတစစီပျက်စီးသွားပြန်ကာအနီရင့်ရောင်ပြောင်းသွားသည်။

လင်ခုံးလုခေါင်းထဲမှာသတိပေးချက်တဝီဝီမြည်လာပြီး သူချက်ချင်းရွှီယန့်အကျီအဖျားကိုလှမ်းဆွဲကာမွန်းကြပ်စွာပြောလိုက်မိသည်။
"ရွှီယန့်..."

ရွှီယန့်ကခပ်တိုးတိုးနှစ်သိမ့်ပေးလာသည်။
"မကြောက်နဲ့နော်။"

သူထိုသို့ပြောရင်းနွယ်ပင်များထုတ်ကာလင်ခုံးလုကိုထောင့်မှာကာကွယ်ပေးလိုက်သည်။ ထို့နောက်သူကော်ယွမ်ဆီဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။

လမ်းလျှောက်နေတုန်း သူ့အနောက်မှာကြီးမားသောမိစ္ဆာအရိ​ပ်တစ်ခုရုတ်ခြည်းပေါ်လာသည်။ သူလှမ်းလို​က်သည့်ခြေလှမ်းတိုင်းမှာ မိစ္ဆာအရိပ်ကနှစ်ဆဖြစ်သွားသည်။ သူလှေကားထစ်ကိုရောက်သွားချိန် နေရာလွတ်တစ်ခုလုံးမှာမိစ္ဆာအရိပ်ကလွှမ်းခြုံထားသလောက်ပင်။

လင်ခုံးလုဘယ်လောက်ကြည့်ကြည့် ဒီမိစ္ဆာအရိပ်ကရေဘဝဲနှင့်နည်းနည်းတူပုံပေါ်သည်ဟုခံစားလိုက်ရသည်။

သူသေချာတွေးကြည့်လိုက်မှ ရွှီယန့်တစ်ယောက်စုန့်လင်ဆီကသူ့စွမ်းအားပြန်ရသွားပြီးနောက်မှာ မိစ္ဆာနတ်ဘုရားပိုင်ဆိုင်သည့်စွမ်းအားတစ်ဝက်ပြန်တိုးသွားတော့ ရေဘဝဲအဖြစ်တိုက်ရိုက်အသွင်ပြောင်းစရာမလိုတော့မှန်းရုတ်ခြည်းသဘောပေါက်သွားသည်။

သို့သော်ရွှီယန့်စွမ်းအားတစ်ဝက်ကိုလုယူထားသည့်ကော်ယွမ်ကတော့မလုပ်နိုင်ပေ။ ကြည့်ရတာတော့သူလုံလောက်အောင်ပါရမီမရှိသေးတဲ့ပုံပဲ။

ကစားသမားများမှာလည်းဒီမြင်ကွင်းကိုရှော့ခ်ရစွာကြည့်နေမိပြီး ယွမ်ရှီးချွမ်းမှာပို၍ပင်တုန်ရီလို့နေသည်။ မိစ္ဆာနတ်ဘုရားရဲ့အသွင်အစစ်ကရေဘဝဲပိစိလေးပဲလို့သူမပြောရဲတော့ပါဘူး။

သူကသခင်လေးရှေ့မှာပိစိလေးဆိုပေမဲ့အခြားသူရှေ့မှာတော့မဟုတ်ဘူး။

ကော်ယွမ်မှာရွှီယန့်ကဒီလောက်သန်မာလိမ့်မည်ဟုမထင်ထားမိသဖြင့် သူ့မျက်နှာထားမှာအံ့အားသင့်မှုတစ်စွန်းတစဖော်ပြမိသွားပေမဲ့ သူပင်မကမ္ဘာမှာရှိနေတုန်းကနတ်ဘုရားဆီကရလာခဲ့သည့်စွမ်းအားကိုသူပိုယုံကြည်နေတုန်းပင်။

ဒါကိုတွေးမိတော့သူလှောင်ပြုံးပြုံးလိုက်မိပြီး သူ့ကိုယ်ပတ်လည်ရှိအနီရောင်အလင်းမှာနေရာလွတ်တစ်ခုလုံးကိုဖြည့်လိုက်သည်။ မိစ္ဆာအရိပ်၏စွမ်းအားကိုလွှမ်းမိုးရန်အတွက် တောက်ပသောအနီရောင်အစင်းများမှာသွေးနီရောင်အလင်းတန်းကဲ့သို့ပိုမိုထူထဲလာပြီး ရောယှက်ကာဖြင့်ရွှီယန့်ကိုတိုက်ခိုက်လိုက်သည်။

လင်ခုံးလုမျက်မှောင်အသာကြုတ်မိသည်။ ဒီလိုအရာမျိုးကသူပင်လယ်ထဲကျသွားတုန်းကသူ့စိတ်ထဲမှာဖျတ်ခနဲပေါ်လာတဲ့မြင်ကွင်းကိုရုတ်ခြည်းအမှတ်ရသွားစေသည်: ဖောက်မြင်ရသည့်ဖန်တောင့်၊ ဖန်တောင်နှင့်ဆက်ထားသည့်ပိုက်၊ အနီရောင်အရည်ဖြင့်ပြည့်နေသည့်ပိုက်....

ဒီသွေးရောင်လိုမျိုး စေးကပ်ပြီးချွဲကျိပြီးတော့ပျို့အန်ချင်စရာစွမ်းအားကိုသယ်ဆောင်ထားတာ။

ကော်ယွမ်ကဒီစွမ်းအားကိုနတ်ဘုရားဆီကလက်ဆောင်လို့ခေါ်တယ်လား။

လင်ခုံးလုအကြောင်းမဲ့ရွံရှာသွားကာသူ့မျက်နှာဖြုဖျော့သွားသည်။

ထိုစဥ်ကော်ယွမ်ကသူရွှီယန့်ဆီကခိုးခဲ့သည့်စွမ်းအားကိုသုံးကာသွေးနီရောင်အလင်းတန်းနှင့်အတူရွှီယန့်ကိုတစ်ချိန်တည်းရိုက်ခတ်လိုက်သည်။

လင်ခုံးလု: ဒါတော့လွန်သွားပြီ။ ဒါကနှစ်ယောက်တစ်ယောက်တိုက်နေတာမဟုတ်ဘူးလား။

သူအသိစိတ်ထက်အရင်လုပ်ဆောင်လိုက်မိပြီး မမြင်နိုင်သောစွမ်းအားတစ်ခုကအမှောင်ထဲရှိအနီရောင်အလင်းကိုဖိနှိပ်လိုက်တော့ သွေးနီရောင်အလင်းမှာရုတ်ခြည်းအေးခဲသွားအောင်တွန်းအားပေးခံလိုက်ရသည်။

ကော်ယွမ်တောင့်ခဲသွားရသည်။ "ဘယ်လို...."

နောက်တစ်ခဏမှာကြီးမားသောမိစ္ဆာအရိပ်ကသူ့ကိုဖိချလာကာသူ့ကိုတစစီချေမွပစ်လုနီးပါးပင်။

"မဖြစ်..." သူသွေးတစ်လုတ်အန်လိုက်မိပြီးနောက်မိစ္ဆာနတ်ဘုရားပိုင်ဆိုင်သည့်စွမ်းအားအစိတ်အပိုင်းမှာအဆက်မပြတ်ယူသွားခံလိုက်ရသည်။

အနီရောင်အလင်းနှင့်သွေးနီရောင်အလင်းတန်းမှာသန့်စင်ခံလိုက်ရသည့်အလားတဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

"မဖြစ် မဖြစ်ဘူး..." ကော်ယွမ်ကစိုးရိမ်ကြောက်လန့်သွားပုံရကာ အဆက်မပြတ်လက်လှမ်းကာလှမ်းဆွဲလာသည်။

ရွှီယန့်သူ့ကိုအေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး မိစ္ဆာနတ်ဘုရားပိုင်ဆိုင်သည့်စွမ်းအားအကုန်ပြန်ယူပြီးမှမိစ္ဆာအရိ​ပ်ကိုပြန်သိမ်းလိုက်သည်။

ကော်ယွမ်မှာရုတ်ခြည်းစုန့်လင်လိုမျိုးဖြစ်လာကာသေသွားသည်။ အတိအကျပြောရရင်သူကစုန့်လင်ထက်ပို၍ပင်ဆိုးလေသည်။ သူကမိနစ်အနည်းငယ်ရုန်းကန်ပြီးနောက်လုံးဝသေသွားတော့သည်။

လင်ခုံးလုသက်မချလိုက်မိပေမဲ့သူကလုရန်ကျားလိုမျိုးဖြစ်နေပြီး မသေရင်ပြန်လာနေမှာစိုးလို့ တိတ်တိတ်လေးသူ့စိတ်ထဲစွမ်းအားထည့်ကာတိုက်ခိုက်မှုကိုအပြီးသတ်လိုက်သည်။

ထိုစဥ်ရွှီယန့်ကခေါင်းလှည့်ကြည့်လာတော့သူ၏နောက်ဆုံးလုပ်ရပ်ကိုမြင်သွားလုနီးပါးဖြစ်သွားသည်။

လင်ခုံးလုအေးခဲသွားရပြီးမှစိုးရိမ်ကြောက်လန့်သောမျက်နှာထားဖြင့် နွယ်ပင်အပြင်ကိုတွားသွားထွက်ကာပြေးသွားပြီးတစ်ဖက်လူရင်ခွင်ထဲပစ်ဝင်ကာငိုပြောလိုက်သည်။
"အရမ်းကြောက်စရာကောင်းတာပဲ၊ သူကအနီရောင်တောက်နေတာ။"

ရွှီယန့်သူ့ကိုအလျင်စလိုပွေ့ဖက်ကာနှစ်သိမ့်ပေးလိုက်ပြီး သူမကြောက်တော့မှကော်ယွမ်ကိုထပ်လှည့်ကြည့်ကာမျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
"ခုနကအနီရောင်အလင်းနဲ့သွေးနီရောင်အလင်းတန်းကခဏရပ်သွားသလိုပဲ။"

"ဟုတ်လား။" လင်ခုံးလုလည်းစပ်စပ်စုစုတစ်ချက်ကြည့်လိုက်ပြီးသွေး​မြင်လိုက်ရတော့အနောက်ကိုပြန်ကျုံ့ဝင်သွားကာအပြစ်ကင်းစွာပြောလိုက်သည်။
"သူကတစ်ခုခုတော့တစ်ခုခုပဲ။ အဲ့စွမ်းအားကအရမ်းမိစ္ဆာဆန်တာပဲ။ အဲ့ဒါကကောင်းတဲ့အရာမဟုတ်လောက်ဘူး။ သူမပြည့်အဝမထိန်းချုပ်နိုင်ဘူးလေ။"

ရွှီယန့်တုံ့ဆိုင်းသွားကာပြောလိုက်သည်။
"ဟုတ်လောက်တယ်။"
ဒါပေမဲ့သူတန့်သွားကာ လင်ခုံးလုကိုထပ်ကြည့်ပြီးအက်ရှရှပြောလိုက်သည်။
"ကိုယ့်စွမ်းအားက....ပိုပြီးတော့မိစ္ဆာဆန်တယ်။"

လင်ခုံးလုတွေးလိုက်မိသည်: အမှန်ပဲ၊ နွယ်ပင်နဲ့ရေဘဝဲဆို​တော့ပထမဆုံးအမြင်မှာမလိုက်ဖက်ပေမဲ့...

"ရပါတယ်။ မင်းရေဘဝဲလေးအဖြစ်ပြောင်းနိုင်ပြီးတော့နှင်းဆီပန်းလည်းပွင့်နိုင်တာပဲကို။ ဘာဖြစ်မှာမို့လို့လဲ။"
သူကြင်နာစွာနှစ်သိမ့်ပေးလိုက်သည်။

ရွှီယန့်ကနှုတ်ခမ်းထောင့်များကော့တက်ကာမေးလာသည်။
"မင်းဘာကိုကြိုက်လဲ။"

လင်ခုံးလု: "...အဟွတ် အဟွတ် အဟွတ်..."

သူအသည်းအသန်ချောင်းဆိုးကာအသိပေးလိုက်သည်။
"အခြားလုပ်စရာတွေရှိသေးတယ်နော်။"

"အိုး။" ရွှီယန့်ကလက်မြှောက်ကာကော်ယွမ်၏အလောင်းကိုဖျက်ဆီးပစ်လိုက်ပြီးနောက်သူစနစ်ကိုသတိလစ်နေသည့်ယန်ဖုန်းလက်ထဲကပြန်ယူကာစွမ်းအားထည့်သွင်းလိုက်သည်။

ခဏကြာတော့ချပ်စ်ပြားကဒေတာအမျှင်များဖြစ်သွားကာ ဒီကမ္ဘာအသစ်ထဲကနေရာလွတ်ထဲမှာလည်ပတ်သွားကာ လှပသောပုံရိပ်ဖြစ်တည်လာသည်။

ကော်ယွမ်အစကစုန့်လင်ကိုပေးခဲ့သည့်စနစ်မှာတကယ်တော့ဂိမ်းတစ်ခုလုံး၏လည်ပတ်မှုကိုထိန်းသိမ်းထားသည့်ဒေတာဖြစ်ပြီး အဲ့ဒါကနဂိုပင်မနတ်ဘုရားဖြစ်သည်။

သို့သော်ဒီပင်မနတ်ဘုရားမှာအဆုံးမဲ့ဂိမ်းကမ္ဘာ၏စောင့်ရှောက်သူနှင့်ပိုတူသည်။

အခုဆိုရွှီယန့်ကဒီမှာမာစတာဖြစ်သွားပြီး ရွှီယန့်ပင်မနတ်ဘုရားနေရာလွတ်ထဲထိုးသွင်းခဲ့သည့်စွမ်းအားမှာလည်းဒီအခိုက်အတန့်တွင်ဒေတာစီးဆင်းမှုနှင့်အတူအဆက်မပြတ်runလျက်ရှိသည်။ ဒါကိုပြန်ပြင်တာကရွှီယန့်စတင်ရမှာဖြစ်သည်။ ဒါပေမဲ့သူ့စွမ်းအားခိုးယူခံလိုက်ရပြီး ဂိမ်းကမ္ဘာမှာအခြားသူများဖွင့်တာခံလိုက်ရပြီးမပြည့်စုံဘဲမွေးဖွားလာခဲ့သည်။

"နောက်ဆိုကစားသမားတွေဒဏ်ရာရပြီး​သေသွားလို့ရှိရင် သူတို့ရဲ့အသိစိတ်ခန္ဓာမပျက်စီးသွားတော့ဘူး။ ပြုပြင်ရေးဆေးရည်က​ဒေတာမဟုတ်တော့ဘူးဆိုပေမဲ့မရေတွက်နိုင်တဲ့ဂိမ်းကမ္ဘာတွေrunနေမှစွမ်းအားရလာမှာ။"
လင်ခုံးလုကမေးစေ့​ပေါ်လက်တစ်ဖက်တင်ကာပြောလိုက်သည်။

ဒါကဒီဂိမ်းကမ္ဘာဖြစ်သင့်တဲ့အရာပဲ။

ရွှီယန့်အကုန်အပြီးသတ်ပြီးနောက်မှ သတိလစ်နေသောကစားသမားများနိုးလာကြသည်။

လူတိုင်းကသူတို့ရှေ့ကကြယ်ကောင်းကင်ယံပမာခမ်းနားကြီးကျယ်လှသည့်ပင်မနတ်ဘုရားနေရာလွတ်ကိုကြည့်မိချိန်တစ်အောင့်ကြာမိန်းမောသွားရသည်။

တစ်အောင့်ကြာမှယွမ်ရှီးချွမ်းရေရွတ်လိုက်မိသည်။
"ဒါကတကယ့်ပင်မနတ်ဘုရားနေရာလွတ်အစစ်လား။"

ယန်ဖုန်းကခေါင်းငြိမ့်သည်။

"ဒါဆိုငါတို့ကဒီမှာကူညီဖို့ရှိနေတာမဟုတ်ဘူးလား။" ဘာလို့သူကနိုင်သွားရပြန်တာတုန်း?

ယွမ်ရှီးချွမ်းရေရွတ်လိုက်မိပြန်သည်။

အခြားသူများ: "......."

*

ပင်မနတ်ဘုရားနေရာလွတ်ကအလင်းတန်းကိုထပ်မံနှိမ့်ချလိုက်ချိန်မှာ ရွှီယန့်၏စိတ်ခံစားချက်မဲ့သောအသံကဟောခန်းကျယ်တောက်လျှောက်ထွက်လာသည်။
"ဂိမ်းကပင်မနတ်ဘုရားပြောင်းသွားပြီ၊ အခုဂိမ်းစည်းမျဥ်းအသစ်ကိုကြေငြာမယ်...."

ကိုယ်ပိုင်နေရာလွတ်ထဲကထွက်လာသည့်ကစားသမားများမှာအာမေဋိတ်သံပြုမိကြသည်--

"ဘာကြီး? ပင်မနတ်ဘုရားပြောင်းသွားပြီ? မဟုတ်သေးဘူး၊ ပင်မနတ်ဘုရားကိုပြောင်းလို့ရတယ်လား။"

"အယ်၊ ဒီအသံကနတ်ဘုရားများကျွန်းဂိမ်းရဲ့ဘော့စ်မဟုတ်လား။ သူကပင်မနတ်ဘုရားကိုတကယ်သတ်ပစ်လိုက်တာလား။"

"သွားပြီ၊ သွားပြီ၊ ဂိမ်းဘော့စ်ကတန်ပြန်တိုက်စစ်ဆင်ပြီးတော့ နောက်ဆိုစည်းမျဥ်းတွေပြောင်းပြန်လှန်ပြီး ငါတို့ကကစားသမားတွေကိုရှင်းထုတ်ဖို့ဂိမ်းဇာတ်ကောင်ဖြစ်လာတော့မှာပေါ့? အမဲလိုက်ချိန်ရောက်လာပြီပဲ။"

ကစားသမားများမှာစည်းမျဥ်းအသစ်ကိုဆွေးနွေးနေတုန်း စည်းမျဥ်းအသစ်ကိုကြေငြာခဲ့သည့်ရွှီယန်မှာတော့လင်ခုံးလုကိုခေါ်ကာလက်တွေ့ကမ္ဘာကိုအတူပြန်သွားပြီပင်။

*

လင်ခုံးလုမျက်စိဖွင့်ကာလက်မြှောက်ပြီးမျက်စိကျိန်းဖွယ်နေရောင်ကိုဖုံးကာလိုက်သည်။ တစ်အောင့်ကြာစောင့်ကြည့်ပြီးနောက်မှ သူဟာလက်တွေ့ကမ္ဘာကနတ်ဘုရားများကျွန်းကဗီလာကိုပြန်ရောက်နေပြီမှန်းသဘောပေါက်သွားသည်။

သူမိန်းမောသွားရကာသူအရင်ဘဝတုန်းကဒီဗီလာထဲရှိမာစတာအိပ်ခန်းထဲကအိပ်ရာပေါ်မှာအနားယူနေတုန်းဂိမ်းထဲဆွဲသွင်းခံလိုက်ရမှန်းသတိရသွားသည်။

ဒီတော့သူဂိမ်းထဲကတကယ်ထွက်လာပြီပေါ့?

ရွှီယန့်ကကော?

____________

Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၃၄)။

အရင္ဘဝမွာလင္ခုံးလုဂိမ္းထဲဝင္ေရာက္ၿပီးေနာက္ပိုင္း သူဂိမ္းကမၻာထဲမွာရွိေနခဲ့ၿပီး ေနရာလြတ္ကိုမေရာက္ဖူးေပ။ ဒါကိုျမင္ေတာ့သူမေနနိုင္ဘဲအနည္းငယ္သိခ်င္စိတ္ျဖစ္သြားရကာ စနစ္ကိုေမးလိုက္မိသည္။
"ငါတို႔ကူးေျပာင္းဝင္ေရာက္သူေတြမွာက်ဘာလို႔ဒီလိုေဟာခန္းက်ယ္ႀကီးမရွိတာလဲ။"

0687: "...."

"မင္းဘာလို႔ဘာမွမေျပာတာလဲ။"
လင္ခုံးလုထူးဆန္းစြာေမးလိုက္မိသည္။

"မင္းရဲ႕ရက္စက္တဲ့ေလာင္ကုန္းငါ့ကိုေတြ႕သြားၿပီးတစစီေခ်မြပစ္မွာဆိုးလို႔ေဟ့။"
0687တီးတိုးေျပာလိုက္မိသည္။

နာရီဝက္အတြင္းမွာသူ႕လိုမ်ိဳးအမ်ိဳးအစား၅မ်ိဳးဖ်က္ဆီးခံလိုက္ရၿပီးေတာ့ တစ္မ်ိဳးကဖြဲ႕စည္းခံလိုက္ရတာကိုျမင္လိုက္ရတာ၊ သူ႕ရဲ႕ငယ္႐ြယ္တဲ့စိတ္ဝိညာဥ္ေလးမွာႀကီးမားတဲ့စိတ္ဒဏ္ရာရသြားၿပီ။

လင္ခုံးလု: "......"

"အင္း၊ မင္းကငါ့အသိစိတ္အနက္ရွိုင္းဆုံးမွာဆိုေတာ့သူရွာမေတြ႕နိုင္ပါဘူး။ ၿပီးေတာ့မင္းကအဆင့္ပိုျမင့္တယ္ေလ၊ မင္းအခ်ိန္အာကာသစီမံခန့္ခြဲေရးဌာနကိုယုံၾကည္သင့္တယ္။"
သူကူကယ္ရာမဲ့စြာေျပာလိုက္သည္။

"ဟုတ္တယ္ေနာ္။" 0687မွာႏွစ္သိမ့္ခံလိုက္ရၿပီးေနာက္ရဲေဆးတင္ကာသူ႕ကိုမသိမသာက်ယ္ေလာင္ေသာအသံျဖင့္ရွင္းျပလိုက္သည္။
"ငါတို႔ဒီလိုေဟာခန္းက်ယ္ကိုမလုပ္တာမဟုတ္ဘူး၊ မလိုအပ္လို႔ပဲ။ ကူးေျပာင္းဝင္ေရာက္သူေတြကမစ္ရွင္ၿပီးသြားရင္ေနာက္တစ္ခုကိုခ်က္ခ်င္းေရာက္သြားမွာ။ မင္းပင္ပန္းသြားရင္အဲ့ကမၻာကဒီတိုင္းထြက္လာၿပီး လက္ေတြ႕ကမၻာကိုျပန္ၿပီးအနားယူလို႔ရတယ္ေလ။"

"ခႏၶာကိုယ္မရွိလို႔ ခႏၶာကိုယ္ဝယ္ဖို႔အမွတ္ရွာဖို႔လိုတဲ့အတြက္လက္ေတြ႕ကိုမျပန္နိုင္တဲ့မင္းလိုကူးေျပာင္းဝင္ေရာက္သူေတြရွိတယ္။ ၿပီးေတာ့အခုဆိုမင္းကကမၻာေတြကိုလိုက္ျပင္ေနရၿပီးအလ်င္လိုေနတာဆိုေတာ့တစ္ကမၻာၿပီးတစ္ကမၻာကူးေျပာင္းရမွာေလ။"

ဒီေတာ့မင္းဘယ္လိုေဟာခန္းက်ယ္မ်ိဳးလိုအပ္လို႔လဲ။ မလိုအပ္ဘူးေလ။

လင္ခုံးလု: "......" ထုတ္လုပ္ေရးဌာနကျမည္းေတြမွာအနားယူဖို႔အခ်ိန္ရွိေသးတာပဲ။

ဒါေပမဲ့ထားလိုက္ပါေတာ့ေလ၊ သူကသူ႕ခ်စ္သူနဲ႕အတူရွိရင္းအနားယူေနတာပဲေလ။

ဒါကိုေတြးမိေတာ့လင္ခုံးလုမထိန္းနိုင္ဘဲ႐ႊီယန့္လက္ကိုတင္းတင္းကိုင္လိုက္မိသည္။

႐ႊီယန့္ကသူစိုးရိမ္ေနသည္ဟုထင္သြားကာသူ႕ကိုအနားဆြဲေခၚၿပီးခပ္တိုးတိုးႏွစ္သိမ့္ေပးလိုက္သည္။

သူတို႔ကအလြန္ထူးခြၽန္ပုံေပါက္ေနလို႔လားမသိ၊ အဖြဲ႕ဝင္ရန္လာဖိတ္သည့္ကစားသမားမ်ားကလြဲလို႔ ျဖတ္သြားသည့္အျခားသူမ်ားမွာသူတို႔ကိုတစ္ခ်က္တစ္ခ်က္ၾကည့္သြားၾကသည္။

"ဂိမ္းထဲကဇာတ္ေကာင္ေတြကလြဲရင္ ဒီေလာက္ၾကည့္ေကာင္းတဲ့လူေတြကိုတစ္ခါမွမျမင္ဖူးဘူး။"

"u1s1၊ ဂိမ္းထဲကဇာတ္ေကာင္ေတြထက္ပိုၾကည့္ေကာင္းတယ္။"

"မရင္းႏွီးသလိုပဲ၊ လူသစ္ျဖစ္တဲ့ပုံပဲေနာ္?"

"ဘာလို႔ရင္းႏွီးရမွာလဲ။"
မ်က္ႏွာတစ္ျခမ္းမွာအမာ႐ြတ္ရွိတဲ့တစ္ေယာက္က...ဘုရားေရ၊ နတ္ဘုရားမ်ားကြၽန္းဂိမ္းထဲကBOSSလားလို႔?

"ခ်ီးပဲ၊ ခ်ီးပဲ၊ ဟုတ္တယ္ဟ!"

ေဟာခန္းက်ယ္၏ေကာ္ရစ္ဒါမွာ႐ုတ္ျခည္းဆူညံသြားသည္။ ႐ႊီယန့္ကိုမွတ္မိသည့္ကစားသမားႏွစ္ေယာက္ကသူတို႔ကိုေျခာက္ျခားစြာၾကည့္ကာမယုံၾကည္နိုင္ဟန္ျဖစ္သြားသည္။

ဂိမ္းထဲကေဘာ့စ္ကတကယ္ႀကီးအျပင္ထြက္လာတယ္၊ ဘုရားေရ!

႐ႊီယန့္မွာအစကပင္မနတ္ဘုရားကိုခပ္လ်ိဳလ်ိဳအမူအရာျဖင့္ရွင္းပစ္ခ်င္ေပမဲ့ သူ႕သ႐ုပ္မွန္ျမင္ဖူးသည့္ကစားသမားႏွစ္ေယာက္ကသူ႕ကိုမွတ္မိသြားမည္ဟုမထင္ထားမိေပရာ မေနနိုင္ဘဲမ်က္ေမွာင္ၾကဳတ္ၿပီးယန္ဖုန္းကိုအသိေပးလိုက္သည္။
"ျမန္ျမန္သြားမယ္။"

ယန္ဖုန္းကစုန့္လင္၏စနစ္ကိုသုံးကာပင္မနတ္ဘုရားကိုေတြ႕ဖို႔ခြင့္ျပဳခ်က္ေလွ်ာက္လိုက္သည္။ ပင္မနတ္ဘုရား၏ခြင့္ျပဳခ်က္ကိုရရွိၿပီးေနာက္သူခ်က္ခ်င္းေျပာလိုက္သည္။
"ရၿပီ။"

သူေျပာၿပီးသည္ႏွင့္ ေဟာခန္းက်ယ္၏အလယ္ဗဟိုမွႀကီးမားေသာအလင္းတန္းဆင္းသက္လာသည္။

ယန္ဖုန္းကသူထိုေနရာမွာရွိေနမွန္းေသခ်ာေနၿပီးေျပာလိုက္သည္။
"ဝင္သြားလိုက္ေတာ့။"

ထိုသို႔ေျပာၿပီးေနာက္သူဦးေဆာင္ကာအလင္းတန္းထဲဝင္သြားလိုက္သည္။

႐ႊီယန့္ႏွင့္လင္ခုံးလုလိုက္သြားၿပီး ယြမ္ရွီးခြၽမ္းႏွင့္အျခားသူမ်ားကတုံ႕ဆိုင္းသြားကာအေနာက္မွအနီးကပ္လိုက္သြားလိုက္သည္။

သူတို႔ပုံရိပ္မ်ားေပ်ာက္ကြယ္သြားၿပီးေနာက္ ေဟာခန္းက်ယ္ထဲကကစားသမားမ်ားမွာေရွာ့ခ္ရမႈမွျပန္ေကာင္းလာသည္။ ဝါရင့္ကစားသမားမ်ားမွာမေနနိုင္ဘဲေရ႐ြတ္လိုက္မိသည္-

"ဒါကေတာ့သံတမန္လက္ခံဖို႔ ပင္မနတ္ဘုရားသုံးတဲ့အလင္းတန္းပဲ။"

"ဒါေပမဲ့ခုနကဝင္သြားတဲ့တစ္ေယာက္ကနတ္ဘုရားမ်ားကြၽန္းဂိမ္းကBOSSေနာ္။"

"BOSSကပင္မနတ္ဘုရားကိုစိန္ေခၚတာလား။ သြားၿပီ၊ သြားၿပီ၊ ဒီဂိမ္းကတကယ္ၿပီးသြားၿပီမဟုတ္လား။"

"မဟုတ္ဘူး၊ မင္းဘာေတြေတြးေနတာလဲ။ BOSSကိုပင္မနတ္ဘုရားကဖန္ဆင္းခဲ့တာ၊ သူဘယ္ေလာက္စြမ္းအားႀကီးႀကီး ပင္မနတ္ဘုရားရဲ႕ၿပိဳင္ဖက္မျဖစ္နိုင္ဘူး။"

သို႔ေသာ္သူေျပာၿပီးသည္ႏွင့္ ပင္မနတ္ဘုရားရွိေနသည့္ေနရာလြတ္မွႀကီးမားေသာငလ်င္တစ္ခုလႈပ္သြားကာ ေဟာခန္းက်ယ္တစ္ခုလုံးကိုတုန္လႈပ္သြားေစသည္။

"ေဘာပဲ!" ေဟာခန္းက်ယ္ထဲကကစားသမားမ်ားမွာခ်က္ခ်င္းလားရာတိုင္းကိုေျပးသြားၾကသည္။ ကိုယ္ပိုင္ေနရာလြတ္လဲလွယ္ထားသူမ်ားကသူတို႔ကိုယ္ပိုင္ေနရာလြတ္ထဲမွာဝင္ပုန္းလိုက္သည္။

*

လင္ခုံးလုႏွင့္႐ႊီယန့္တို႔ပင္မနတ္ဘုရားေနရာလြတ္ဟုေခၚေသာေနရာကိုဝင္လိုက္သည္ႏွင့္ ေဒတာrunေနရမည့္ဒီေနရာမွာစည္းစိမ္ျဖစ္ေနတာကိုျမင္လိုက္ရသည္။

မက္ခါစစ္သေဘ္ာမ်ား၊ ဖန္စီကားမ်ားႏွင့္ဝိုင္၊ လွပေသာNPCမ်ား....

ၿပီးေတာ့ထိပ္ဆုံးကပလႅင္ေပၚမွာထိုင္ေနသည့္႐ုပ္ရည္မရွင္းလင္းသည့္လူငယ္ေလးတစ္ေယာက္က ၎တို႔အားလုံး၏ပိုင္ရွင္ျဖစ္သည္။

အတိအက်ေျပာရရင္ဓားျပေကာင္။

လင္ခုံးလုေတြးလိုက္မိသည္။ ဒီလူရဲ႕စြမ္းရည္ကဘာမွန္းေျပာရခက္ေပမဲ့သူ႕ကိုယ္သူဘယ္လိုႏွစ္ၿခိဳက္ရမလဲဆိုတာေတာ့သိသားပဲ။

႐ႊီယန့္ကလည္းထိုင္ခုံအျမင့္ေပၚကလူကိုၾကည့္လိုက္ၿပီး သူ႕မ်က္လုံးမ်ားမွာေအးစက္ကာအေသးစိတ္စစ္ေဆးလို႔ေနသည္။

ဒီလူကအရာအားလုံးရဲ႕ေနာက္ကြယ္မွာရွိေနၿပီးေတာ့ သူနဲ႕ေရွာင္လုကိုႏွိပ္စက္ခဲ့တာလား။

ထိုင္ခုံအျမင့္ကလူမွာခဏၾကာေတာ့လူတစ္ေယာက္ထက္ပိုေရာက္လာမွန္းသိသြားသည္။ အစက"စုန့္လင္"ကတစ္ေယာက္ေယာက္ကိုအထဲေခၚလာသည္ဟုထင္သြားသည္။ သူစိတ္မေပ်ာ္မ႐ႊင္ႏွင့္မ်က္လုံးပင့္ၾကည့္လိုက္ေတာ့ ႐ႊီယန့္၏ေအးစက္စက္အၾကည့္ႏွင့္ဆုံသြားသည္။

"ပင္မနတ္ဘုရား"ကမိန္းေမာသြားၿပီးမွစိတ္ဝင္တစားရယ္ေမာလာသည္။
"မင္းတကယ္ထြက္လာတယ္ေပါ့? အံ့ၾသစရာပဲ။ ၾကည့္ရတာေတာ့စုန့္လင္ကလုံးဝက်ရႈံးသြားတဲ့ပုံပဲ။"

"ကြၽတ္ကြၽတ္၊ ႏွေျမာစရာပဲ။"
စုန့္လင္၏ေသျခင္းကအေသးအမႊားကိစၥအလားသူရယ္ေမာလိုက္သည္။ ထို႔ေနာက္သူကသိခ်င္စိတ္ႏွင့္ေမးလိုက္သည္။
"ဘယ္လိုလဲ။ ငါမင္းအတြက္ဒီဇိုင္းဆြဲထားတဲ့ေလွာင္ခ်ိဳင့္ကေပ်ာ္စရာေကာင္းရဲ႕လား။"

"မင္းကအဆက္မျပတ္အသတ္ခံေနရၿပီးေတာ့ မင္းရဲ႕စြမ္းအားကိုနည္းနည္းခ်င္းစီအယူခံေနရေပမဲ့ မင္းကေတာ့လုံးဝကိုသတိမထားမိဘူးေလ။ ဘယ္ေလာက္ေကာင္းလိုက္တဲ့အႀကံလဲ၊ လုေဝရွီေတာင္မစဥ္းစားနိုင္ဘူး။ မင္းတအားစိတ္ဓာတ္ျပတ္သားခိုင္မာလြန္းေနေတာ့ ငါမင္းႀကိဳက္တဲ့လူကိုမင္းကိုအေဖာ္ျပဳေပးဖို႔ပို႔ေပးလိုက္ရတယ္ေလ..."

လင္ခုံးလုအစကသူစကားေတာ္ေတာ္မ်ားတာပဲဟုေတြးလိုက္မိေပမဲ့ေနာက္ပိုင္းကိုနားေထာင္ၿပီးေနာက္မွာသူ႕မ်က္ႏွာမည္းသြားသည္။

"မင္းသိရဲ႕လား။ အမွန္ေတာ့မင္းကဒီမွာမာစတာျဖစ္ၿပီးေတာ့အဆုံးမဲ့ဂိမ္းကမၻာရဲ႕ဘုရင္တစ္ပါးျဖစ္လာရမွာ၊ ဒါေပမဲ့ကံဆိုးခ်င္ေတာ့မင္းလာတာတအားေနာက္က်သြားေတာ့အခုဆိုမင္းရဲ႕မိစ္ဆာနတ္ဘုရားစြမ္းအားတစ္ဝက္ကငါ့ထိန္းခ်ဳပ္မႈေအာက္မွာရွိေနၿပီ။"

ထိုင္ခုံအျမင့္ကလူမွာေပ်ာ္ေပ်ာ္ႀကီးဆက္ေျပာေလသည္။

ယန္ဖုန္းႏွင့္အျခားသူမ်ားမွာဒါကိုၾကားေတာ့႐ႊီယန့္ကိုအံ့ၾသတႀကီးၾကည့္လိုက္မိသည္။

"ဒါေပမဲ့မင္းေရာက္လာတာကိစၥမရွိဘူး၊ ငါစုန့္လင္ရဲ႕လွည့္ကြက္ေတြကိုၿငီးေငြ႕ေနၿပီရယ္။ ငါ့ကိုမင္းရဲ႕လက္က်န္စြမ္းအားအကုန္ေပးခဲ့၊ မင္းကို..နတ္ဘုရားေပးခဲ့တဲ့စြမ္းအားအပါအဝင္ပဲ။"

ထိုစဥ္"ပင္မနတ္ဘုရား"က႐ုတ္ျခည္းထရပ္ကာေလွကားထစ္မ်ားမွျဖည္းျဖည္းခ်င္းဆင္းလာသည္။

ဒါကိုၾကားေတာ့ကစားသမားမ်ားမွာပို၍ပင္ပေဟဠိျဖစ္သြားမိသည္။ ဘာလို႔ေနာက္နတ္ဘုရားတစ္ပါးရွိေနတာလဲ။ ပင္မနတ္ဘုရားၿပီးရင္နတ္ဘုရားေတြရွိေသးလား။ ဗူဒူးအ႐ုပ္လား။

႐ြီယန့္မွာမ်က္ႏွာေသျဖင့္ရွိေနၿပီး တစ္ဖက္လူလမ္းတစ္ဝက္ကိုေရာက္လာခ်ိန္မွသူလက္အသာျမႇောက္လိုက္သည္။

မေရတြက္နိုင္ေသာႏြယ္ပင္မ်ားက"ပင္မနတ္ဘုရား"ကိုျမႇားမိုးကဲ့သို႔႐ုတ္ျခည္းထိုးႏွက္သြားၿပီး "ပင္မနတ္ဘုရား"ကလည္းလက္ျမႇောက္ကာေတာက္ပေသာအျဖဴေရာင္အလင္းတန္းကိုေဝွ႕ရမ္းလာသည္။

ႏြယ္ပင္ႏွင့္အလင္းတန္းႏွစ္ခုစလုံးမွာအသိစိတ္ႏွင့္စြမ္းအား၏အခ်က္အခ်ာျဖစ္သည္။ ထိပ္တိုက္ေတြ႕သြားၿပီးေနာက္ မ်က္စိက်ိန္းေလာက္ဖြယ္အလင္း႐ုတ္ျခည္းေပါက္ထြက္သြားကာ ေနရာလြတ္တစ္ခုလုံးအျပင္းအထန္တုန္ခါသြားသည္။

ကူညီရန္အထဲေရာက္လာသည့္ကစားသမားမ်ားမွာ႐ုတ္ျခည္းယိမ္းထိုးသြားၿပီး ရပ္လို႔ပင္မရေပ။ လင္ခုံးလုတစ္ေယာက္သာ႐ႊီယန့္အေနာက္မွာၿမဲၿမံစြာကာကြယ္ေပးခံထားရသည္။

တုန္ခါသြားၿပီးေနာက္ ေနရာလြတ္တစ္ခုလုံးမွာအျဖဴေရာင္လြင္ျပင္ျဖစ္သြားၿပီး ကားႏွင့္ဝိုင္မ်ားအကုန္ေပ်ာက္သြားကာ "ပင္မနတ္ဘုရား"ကလည္းသူ႕မ်က္ႏွာအစစ္အမွန္ကိုေဖာ္ျပလာသည္။

႐ႊီယန့္သူ႕႐ုပ္ရည္ကိုေသခ်ာျမင္သြားေတာ့မ်က္ေမွာင္အသာၾကဳတ္လိုက္မိသည္။ "ခင္ဗ်ားလား။"

လင္ခုံးလုမိန္းေမာသြားရသည္: သူကမင္းအသိလား။

သူတိတ္တိတ္ေလး႐ႊီယန့္အေနာက္မွေခါင္းျပဴထြက္ကာတစ္ခ်က္ၾကည့္လိုက္မိေတာ့သူသူ႕ကိုမသိမွန္းသိလိုက္ရသည္။

0687: "သူကေပ်ာက္ဆုံးေနတဲ့ေဘာ္ဒီဂတ္ပဲ၊ သူ႕နာမည္ကေကာ္ယြမ္။ မင္းဆင္ေျခဖုံးရပ္ကြက္ထဲမွာမွတ္ဉာဏ္ေပ်ာက္သြားၿပီးဇာတ္လိုက္ေခၚသြားတာခံလိုက္ရၿပီးေနာက္မွာ သူကဇာတ္လိုက္ကိုရဲမေခၚဖို႔ေျပာၿပီးမင္းကိုဂ႐ုစိုက္ခိုင္းခဲ့တဲ့တစ္ေယာက္ပဲ။"

"ေအာ္။" လင္ခုံးလု႐ုတ္ျခည္းသေဘာေပါက္သြားကာ ေနာက္တစ္ခ်က္ထပ္ၾကည့္လိုက္မိၿပီးေခါင္းခါလိုက္မိသည္။
"ငါေတာ့သူ႕ကိုမသိပါဘူး။"

ေဘာ္ဒီဂတ္႐ႊီယန့္ကိုေမးတုန္းကသူက႐ႊီယန့္အိမ္မွာေနေနၿပီ။ သူေဘာ္ဒီဂတ္ကိုထြက္မေတြ႕ခဲ့ေတာ့သူေဘာ္ဒီဂတ္ကိုမျမင္ခဲ့ဘူး။

လတ္စသတ္ေတာ့သူျဖစ္ေနတာလား။ လင္ခုံးလုေတြးလိုက္မိသည္။ ဒီလူစီစဥ္ေနခဲ့တာၾကာၿပီ။

"အာ၊ ငါ့ကိုမွတ္မိသြားၿပီပဲ။ ဒါေပမဲ့ဒါကဒိုင္းကာသက္သက္ပဲရယ္။"
ေကာ္ယြမ္ကရယ္ေမာလိုက္သည္။ ႐ႊီယန့္မထိမခိုက္ရွိေနတာျမင္ေတာ့ သူလုံးဝမအံ့ၾသသြားဘဲဆက္ေျပာလိုက္သည္။
"ေသခ်ာတာေပါ့၊ မိစ္ဆာနတ္ဘုရားရဲ႕စြမ္းအားအစိတ္အပိုင္းနဲ႕သတ္တာကမင္းကိုသတ္နိုင္မွာမဟုတ္ဘူး၊ ဒါေပမဲ့ကိစၥမရွိပါဘူးေလ..."

သူ႕မွာနတ္ဘုရားေပးထားတဲ့စြမ္းအားရွိေသးတယ္၊ တကယ့္နတ္ဘုရားအစစ္၊ ပင္မကမၻာကသူတို႔ဘုရားေက်ာင္းမွာလူေတြရဲ႕ယုံၾကည္ကိုးကြယ္ရာႏွင့္စြမ္းအားအရင္းအျမစ္။

ဒါကိုေတြးမိေတာ့ေကာ္ယြမ္၏မ်က္ဝန္းထဲမွာအံ့ၾသမွင္သက္မႈႏွင့္ေလာဘတက္လာသည္။

အေၾကာင္းရင္းမရွိပါဘဲ႐ႊီယန့္သူ႕မ်က္ႏွာထားကိုျမင္လိုက္ရခ်ိန္ သူ႕မ်က္ဝန္းထဲမွာစက္ဆုပ္႐ြံရွာမႈထင္ဟပ္သြားသည္။

ေကာ္ယြမ္ကခပ္ျမန္ျမန္အသိျပန္ဝင္လာကာထူးဆန္းေသာအၿပဳံးတစ္ပြင့္ႏွင့္ဆိုသည္။
"ဒီကိုလာေလ၊ ငါမင္းကိုနတ္ဘုရားရဲ႕တကယ့္စြမ္းအားအစစ္ျပမယ္။"

သူထိုသို႔ေျပာရင္း သူ႕ပတ္လည္မွာအနီေရာင္အစင္းမ်ားေပၚလာၿပီး ေနရာလြတ္တစ္ခုလုံးတစစီပ်က္စီးသြားျပန္ကာအနီရင့္ေရာင္ေျပာင္းသြားသည္။

လင္ခုံးလုေခါင္းထဲမွာသတိေပးခ်က္တဝီဝီျမည္လာၿပီး သူခ်က္ခ်င္း႐ႊီယန့္အက်ီအဖ်ားကိုလွမ္းဆြဲကာမြန္းၾကပ္စြာေျပာလိုက္မိသည္။
"႐ႊီယန့္..."

႐ႊီယန့္ကခပ္တိုးတိုးႏွစ္သိမ့္ေပးလာသည္။
"မေၾကာက္နဲ႕ေနာ္။"

သူထိုသို႔ေျပာရင္းႏြယ္ပင္မ်ားထုတ္ကာလင္ခုံးလုကိုေထာင့္မွာကာကြယ္ေပးလိုက္သည္။ ထို႔ေနာက္သူေကာ္ယြမ္ဆီျဖည္းျဖည္းခ်င္းေလွ်ာက္သြားလိုက္သည္။

လမ္းေလွ်ာက္ေနတုန္း သူ႕အေနာက္မွာႀကီးမားေသာမိစ္ဆာအရိပ္တစ္ခု႐ုတ္ျခည္းေပၚလာသည္။ သူလွမ္းလိုက္သည့္ေျခလွမ္းတိုင္းမွာ မိစ္ဆာအရိပ္ကႏွစ္ဆျဖစ္သြားသည္။ သူေလွကားထစ္ကိုေရာက္သြားခ်ိန္ ေနရာလြတ္တစ္ခုလုံးမွာမိစ္ဆာအရိပ္ကလႊမ္းၿခဳံထားသေလာက္ပင္။

လင္ခုံးလုဘယ္ေလာက္ၾကည့္ၾကည့္ ဒီမိစ္ဆာအရိပ္ကေရဘဝဲႏွင့္နည္းနည္းတူပုံေပၚသည္ဟုခံစားလိုက္ရသည္။

သူေသခ်ာေတြးၾကည့္လိုက္မွ ႐ႊီယန့္တစ္ေယာက္စုန့္လင္ဆီကသူ႕စြမ္းအားျပန္ရသြားၿပီးေနာက္မွာ မိစ္ဆာနတ္ဘုရားပိုင္ဆိုင္သည့္စြမ္းအားတစ္ဝက္ျပန္တိုးသြားေတာ့ ေရဘဝဲအျဖစ္တိုက္ရိုက္အသြင္ေျပာင္းစရာမလိုေတာ့မွန္း႐ုတ္ျခည္းသေဘာေပါက္သြားသည္။

သို႔ေသာ္႐ႊီယန့္စြမ္းအားတစ္ဝက္ကိုလုယူထားသည့္ေကာ္ယြမ္ကေတာ့မလုပ္နိုင္ေပ။ ၾကည့္ရတာေတာ့သူလုံေလာက္ေအာင္ပါရမီမရွိေသးတဲ့ပုံပဲ။

ကစားသမားမ်ားမွာလည္းဒီျမင္ကြင္းကိုေရွာ့ခ္ရစြာၾကည့္ေနမိၿပီး ယြမ္ရွီးခြၽမ္းမွာပို၍ပင္တုန္ရီလို႔ေနသည္။ မိစ္ဆာနတ္ဘုရားရဲ႕အသြင္အစစ္ကေရဘဝဲပိစိေလးပဲလို႔သူမေျပာရဲေတာ့ပါဘူး။

သူကသခင္ေလးေရွ႕မွာပိစိေလးဆိုေပမဲ့အျခားသူေရွ႕မွာေတာ့မဟုတ္ဘူး။

ေကာ္ယြမ္မွာ႐ႊီယန့္ကဒီေလာက္သန္မာလိမ့္မည္ဟုမထင္ထားမိသျဖင့္ သူ႕မ်က္ႏွာထားမွာအံ့အားသင့္မႈတစ္စြန္းတစေဖာ္ျပမိသြားေပမဲ့ သူပင္မကမၻာမွာရွိေနတုန္းကနတ္ဘုရားဆီကရလာခဲ့သည့္စြမ္းအားကိုသူပိုယုံၾကည္ေနတုန္းပင္။

ဒါကိုေတြးမိေတာ့သူေလွာင္ၿပဳံးၿပဳံးလိုက္မိၿပီး သူ႕ကိုယ္ပတ္လည္ရွိအနီေရာင္အလင္းမွာေနရာလြတ္တစ္ခုလုံးကိုျဖည့္လိုက္သည္။ မိစ္ဆာအရိပ္၏စြမ္းအားကိုလႊမ္းမိုးရန္အတြက္ ေတာက္ပေသာအနီေရာင္အစင္းမ်ားမွာေသြးနီေရာင္အလင္းတန္းကဲ့သို႔ပိုမိုထူထဲလာၿပီး ေရာယွက္ကာျဖင့္႐ႊီယန့္ကိုတိုက္ခိုက္လိုက္သည္။

လင္ခုံးလုမ်က္ေမွာင္အသာၾကဳတ္မိသည္။ ဒီလိုအရာမ်ိဳးကသူပင္လယ္ထဲက်သြားတုန္းကသူ႕စိတ္ထဲမွာဖ်တ္ခနဲေပၚလာတဲ့ျမင္ကြင္းကို႐ုတ္ျခည္းအမွတ္ရသြားေစသည္: ေဖာက္ျမင္ရသည့္ဖန္ေတာင့္၊ ဖန္ေတာင္ႏွင့္ဆက္ထားသည့္ပိုက္၊ အနီေရာင္အရည္ျဖင့္ျပည့္ေနသည့္ပိုက္....

ဒီေသြးေရာင္လိုမ်ိဳး ေစးကပ္ၿပီးခြၽဲက်ိၿပီးေတာ့ပ်ိဳ႕အန္ခ်င္စရာစြမ္းအားကိုသယ္ေဆာင္ထားတာ။

ေကာ္ယြမ္ကဒီစြမ္းအားကိုနတ္ဘုရားဆီကလက္ေဆာင္လို႔ေခၚတယ္လား။

လင္ခုံးလုအေၾကာင္းမဲ့႐ြံရွာသြားကာသူ႕မ်က္ႏွာျဖဳေဖ်ာ့သြားသည္။

ထိုစဥ္ေကာ္ယြမ္ကသူ႐ႊီယန့္ဆီကခိုးခဲ့သည့္စြမ္းအားကိုသုံးကာေသြးနီေရာင္အလင္းတန္းႏွင့္အတူ႐ႊီယန့္ကိုတစ္ခ်ိန္တည္းရိုက္ခတ္လိုက္သည္။

လင္ခုံးလု: ဒါေတာ့လြန္သြားၿပီ။ ဒါကႏွစ္ေယာက္တစ္ေယာက္တိုက္ေနတာမဟုတ္ဘူးလား။

သူအသိစိတ္ထက္အရင္လုပ္ေဆာင္လိုက္မိၿပီး မျမင္နိုင္ေသာစြမ္းအားတစ္ခုကအေမွာင္ထဲရွိအနီေရာင္အလင္းကိုဖိႏွိပ္လိုက္ေတာ့ ေသြးနီေရာင္အလင္းမွာ႐ုတ္ျခည္းေအးခဲသြားေအာင္တြန္းအားေပးခံလိုက္ရသည္။

ေကာ္ယြမ္ေတာင့္ခဲသြားရသည္။ "ဘယ္လို...."

ေနာက္တစ္ခဏမွာႀကီးမားေသာမိစ္ဆာအရိပ္ကသူ႕ကိုဖိခ်လာကာသူ႕ကိုတစစီေခ်မြပစ္လုနီးပါးပင္။

"မျဖစ္..." သူေသြးတစ္လုတ္အန္လိုက္မိၿပီးေနာက္မိစ္ဆာနတ္ဘုရားပိုင္ဆိုင္သည့္စြမ္းအားအစိတ္အပိုင္းမွာအဆက္မျပတ္ယူသြားခံလိုက္ရသည္။

အနီေရာင္အလင္းႏွင့္ေသြးနီေရာင္အလင္းတန္းမွာသန့္စင္ခံလိုက္ရသည့္အလားတျဖည္းျဖည္းခ်င္းေပ်ာက္ကြယ္သြားသည္။

"မျဖစ္ မျဖစ္ဘူး..." ေကာ္ယြမ္ကစိုးရိမ္ေၾကာက္လန့္သြားပုံရကာ အဆက္မျပတ္လက္လွမ္းကာလွမ္းဆြဲလာသည္။

႐ႊီယန့္သူ႕ကိုေအးစက္စက္တစ္ခ်က္ၾကည့္လိုက္ၿပီး မိစ္ဆာနတ္ဘုရားပိုင္ဆိုင္သည့္စြမ္းအားအကုန္ျပန္ယူၿပီးမွမိစ္ဆာအရိပ္ကိုျပန္သိမ္းလိုက္သည္။

ေကာ္ယြမ္မွာ႐ုတ္ျခည္းစုန့္လင္လိုမ်ိဳးျဖစ္လာကာေသသြားသည္။ အတိအက်ေျပာရရင္သူကစုန့္လင္ထက္ပို၍ပင္ဆိုးေလသည္။ သူကမိနစ္အနည္းငယ္႐ုန္းကန္ၿပီးေနာက္လုံးဝေသသြားေတာ့သည္။

လင္ခုံးလုသက္မခ်လိဳက္မိေပမဲ့သူကလုရန္က်ားလိုမ်ိဳးျဖစ္ေနၿပီး မေသရင္ျပန္လာေနမွာစိုးလို႔ တိတ္တိတ္ေလးသူ႕စိတ္ထဲစြမ္းအားထည့္ကာတိုက္ခိုက္မႈကိုအၿပီးသတ္လိုက္သည္။

ထိုစဥ္႐ႊီယန့္ကေခါင္းလွည့္ၾကည့္လာေတာ့သူ၏ေနာက္ဆုံးလုပ္ရပ္ကိုျမင္သြားလုနီးပါးျဖစ္သြားသည္။

လင္ခုံးလုေအးခဲသြားရၿပီးမွစိုးရိမ္ေၾကာက္လန့္ေသာမ်က္ႏွာထားျဖင့္ ႏြယ္ပင္အျပင္ကိုတြားသြားထြက္ကာေျပးသြားၿပီးတစ္ဖက္လူရင္ခြင္ထဲပစ္ဝင္ကာငိုေျပာလိုက္သည္။
"အရမ္းေၾကာက္စရာေကာင္းတာပဲ၊ သူကအနီေရာင္ေတာက္ေနတာ။"

႐ႊီယန့္သူ႕ကိုအလ်င္စလိုေပြ႕ဖက္ကာႏွစ္သိမ့္ေပးလိုက္ၿပီး သူမေၾကာက္ေတာ့မွေကာ္ယြမ္ကိုထပ္လွည့္ၾကည့္ကာမ်က္ေမွာင္ၾကဳတ္ၿပီးေျပာလိုက္သည္။
"ခုနကအနီေရာင္အလင္းနဲ႕ေသြးနီေရာင္အလင္းတန္းကခဏရပ္သြားသလိုပဲ။"

"ဟုတ္လား။" လင္ခုံးလုလည္းစပ္စပ္စုစုတစ္ခ်က္ၾကည့္လိုက္ၿပီးေသြးျမင္လိုက္ရေတာ့အေနာက္ကိုျပန္က်ဳံ႕ဝင္သြားကာအျပစ္ကင္းစြာေျပာလိုက္သည္။
"သူကတစ္ခုခုေတာ့တစ္ခုခုပဲ။ အဲ့စြမ္းအားကအရမ္းမိစ္ဆာဆန္တာပဲ။ အဲ့ဒါကေကာင္းတဲ့အရာမဟုတ္ေလာက္ဘူး။ သူမျပည့္အဝမထိန္းခ်ဳပ္နိုင္ဘူးေလ။"

႐ႊီယန့္တုံ႕ဆိုင္းသြားကာေျပာလိုက္သည္။
"ဟုတ္ေလာက္တယ္။"
ဒါေပမဲ့သူတန့္သြားကာ လင္ခုံးလုကိုထပ္ၾကည့္ၿပီးအက္ရွရွေျပာလိုက္သည္။
"ကိုယ့္စြမ္းအားက....ပိုၿပီးေတာ့မိစ္ဆာဆန္တယ္။"

လင္ခုံးလုေတြးလိုက္မိသည္: အမွန္ပဲ၊ ႏြယ္ပင္နဲ႕ေရဘဝဲဆိုေတာ့ပထမဆုံးအျမင္မွာမလိုက္ဖက္ေပမဲ့...

"ရပါတယ္။ မင္းေရဘဝဲေလးအျဖစ္ေျပာင္းနိုင္ၿပီးေတာ့ႏွင္းဆီပန္းလည္းပြင့္နိုင္တာပဲကို။ ဘာျဖစ္မွာမို႔လို႔လဲ။"
သူၾကင္နာစြာႏွစ္သိမ့္ေပးလိုက္သည္။

႐ႊီယန့္ကႏႈတ္ခမ္းေထာင့္မ်ားေကာ့တက္ကာေမးလာသည္။
"မင္းဘာကိုႀကိဳက္လဲ။"

လင္ခုံးလု: "...အဟြတ္ အဟြတ္ အဟြတ္..."

သူအသည္းအသန္ေခ်ာင္းဆိုးကာအသိေပးလိုက္သည္။
"အျခားလုပ္စရာေတြရွိေသးတယ္ေနာ္။"

"အိုး။" ႐ႊီယန့္ကလက္ျမႇောက္ကာေကာ္ယြမ္၏အေလာင္းကိုဖ်က္ဆီးပစ္လိုက္ၿပီးေနာက္သူစနစ္ကိုသတိလစ္ေနသည့္ယန္ဖုန္းလက္ထဲကျပန္ယူကာစြမ္းအားထည့္သြင္းလိုက္သည္။

ခဏၾကာေတာ့ခ်ပ္စ္ျပားကေဒတာအမွ်င္မ်ားျဖစ္သြားကာ ဒီကမၻာအသစ္ထဲကေနရာလြတ္ထဲမွာလည္ပတ္သြားကာ လွပေသာပုံရိပ္ျဖစ္တည္လာသည္။

ေကာ္ယြမ္အစကစုန့္လင္ကိုေပးခဲ့သည့္စနစ္မွာတကယ္ေတာ့ဂိမ္းတစ္ခုလုံး၏လည္ပတ္မႈကိုထိန္းသိမ္းထားသည့္ေဒတာျဖစ္ၿပီး အဲ့ဒါကနဂိုပင္မနတ္ဘုရားျဖစ္သည္။

သို႔ေသာ္ဒီပင္မနတ္ဘုရားမွာအဆုံးမဲ့ဂိမ္းကမၻာ၏ေစာင့္ေရွာက္သူႏွင့္ပိုတူသည္။

အခုဆို႐ႊီယန့္ကဒီမွာမာစတာျဖစ္သြားၿပီး ႐ႊီယန့္ပင္မနတ္ဘုရားေနရာလြတ္ထဲထိုးသြင္းခဲ့သည့္စြမ္းအားမွာလည္းဒီအခိုက္အတန့္တြင္ေဒတာစီးဆင္းမႈႏွင့္အတူအဆက္မျပတ္runလ်က္ရွိသည္။ ဒါကိုျပန္ျပင္တာက႐ႊီယန့္စတင္ရမွာျဖစ္သည္။ ဒါေပမဲ့သူ႕စြမ္းအားခိုးယူခံလိုက္ရၿပီး ဂိမ္းကမၻာမွာအျခားသူမ်ားဖြင့္တာခံလိုက္ရၿပီးမျပည့္စုံဘဲေမြးဖြားလာခဲ့သည္။

"ေနာက္ဆိုကစားသမားေတြဒဏ္ရာရၿပီးေသသြားလို႔ရွိရင္ သူတို႔ရဲ႕အသိစိတ္ခႏၶာမပ်က္စီးသြားေတာ့ဘူး။ ျပဳျပင္ေရးေဆးရည္ကေဒတာမဟုတ္ေတာ့ဘူးဆိုေပမဲ့မေရတြက္နိုင္တဲ့ဂိမ္းကမၻာေတြrunေနမွစြမ္းအားရလာမွာ။"
လင္ခုံးလုကေမးေစ့ေပၚလက္တစ္ဖက္တင္ကာေျပာလိုက္သည္။

ဒါကဒီဂိမ္းကမၻာျဖစ္သင့္တဲ့အရာပဲ။

႐ႊီယန့္အကုန္အၿပီးသတ္ၿပီးေနာက္မွ သတိလစ္ေနေသာကစားသမားမ်ားနိုးလာၾကသည္။

လူတိုင္းကသူတို႔ေရွ႕ကၾကယ္ေကာင္းကင္ယံပမာခမ္းနားႀကီးက်ယ္လွသည့္ပင္မနတ္ဘုရားေနရာလြတ္ကိုၾကည့္မိခ်ိန္တစ္ေအာင့္ၾကာမိန္းေမာသြားရသည္။

တစ္ေအာင့္ၾကာမွယြမ္ရွီးခြၽမ္းေရ႐ြတ္လိုက္မိသည္။
"ဒါကတကယ့္ပင္မနတ္ဘုရားေနရာလြတ္အစစ္လား။"

ယန္ဖုန္းကေခါင္းၿငိမ့္သည္။

"ဒါဆိုငါတို႔ကဒီမွာကူညီဖို႔ရွိေနတာမဟုတ္ဘူးလား။" ဘာလို႔သူကနိုင္သြားရျပန္တာတုန္း?

ယြမ္ရွီးခြၽမ္းေရ႐ြတ္လိုက္မိျပန္သည္။

အျခားသူမ်ား: "......."

*

ပင္မနတ္ဘုရားေနရာလြတ္ကအလင္းတန္းကိုထပ္မံႏွိမ့္ခ်လိဳက္ခ်ိန္မွာ ႐ႊီယန့္၏စိတ္ခံစားခ်က္မဲ့ေသာအသံကေဟာခန္းက်ယ္ေတာက္ေလွ်ာက္ထြက္လာသည္။
"ဂိမ္းကပင္မနတ္ဘုရားေျပာင္းသြားၿပီ၊ အခုဂိမ္းစည္းမ်ဥ္းအသစ္ကိုေၾကျငာမယ္...."

ကိုယ္ပိုင္ေနရာလြတ္ထဲကထြက္လာသည့္ကစားသမားမ်ားမွာအာေမဋိတ္သံျပဳမိၾကသည္--

"ဘာႀကီး? ပင္မနတ္ဘုရားေျပာင္းသြားၿပီ? မဟုတ္ေသးဘူး၊ ပင္မနတ္ဘုရားကိုေျပာင္းလို႔ရတယ္လား။"

"အယ္၊ ဒီအသံကနတ္ဘုရားမ်ားကြၽန္းဂိမ္းရဲ႕ေဘာ့စ္မဟုတ္လား။ သူကပင္မနတ္ဘုရားကိုတကယ္သတ္ပစ္လိုက္တာလား။"

"သြားၿပီ၊ သြားၿပီ၊ ဂိမ္းေဘာ့စ္ကတန္ျပန္တိုက္စစ္ဆင္ၿပီးေတာ့ ေနာက္ဆိုစည္းမ်ဥ္းေတြေျပာင္းျပန္လွန္ၿပီး ငါတို႔ကကစားသမားေတြကိုရွင္းထုတ္ဖို႔ဂိမ္းဇာတ္ေကာင္ျဖစ္လာေတာ့မွာေပါ့? အမဲလိုက္ခ်ိန္ေရာက္လာၿပီပဲ။"

ကစားသမားမ်ားမွာစည္းမ်ဥ္းအသစ္ကိုေဆြးႏြေးေနတုန္း စည္းမ်ဥ္းအသစ္ကိုေၾကျငာခဲ့သည့္႐ႊီယန္မွာေတာ့လင္ခုံးလုကိုေခၚကာလက္ေတြ႕ကမၻာကိုအတူျပန္သြားၿပီပင္။

*

လင္ခုံးလုမ်က္စိဖြင့္ကာလက္ျမႇောက္ၿပီးမ်က္စိက်ိန္းဖြယ္ေနေရာင္ကိုဖုံးကာလိုက္သည္။ တစ္ေအာင့္ၾကာေစာင့္ၾကည့္ၿပီးေနာက္မွ သူဟာလက္ေတြ႕ကမၻာကနတ္ဘုရားမ်ားကြၽန္းကဗီလာကိုျပန္ေရာက္ေနၿပီမွန္းသေဘာေပါက္သြားသည္။

သူမိန္းေမာသြားရကာသူအရင္ဘဝတုန္းကဒီဗီလာထဲရွိမာစတာအိပ္ခန္းထဲကအိပ္ရာေပၚမွာအနားယူေနတုန္းဂိမ္းထဲဆြဲသြင္းခံလိုက္ရမွန္းသတိရသြားသည္။

ဒီေတာ့သူဂိမ္းထဲကတကယ္ထြက္လာၿပီေပါ့?

႐ႊီယန႔္ကေကာ?

____________

Continue Reading

You'll Also Like

132K 5.9K 28
!Adult/Possessive and Asshole!
3.1K 543 129
《替身》လူစားထိုး 作者:北棠墨 မူရင္းေရးသားသူ -ေပထန္ေမာ့   အခုေခတ္ေနာက္ခံ 1 V 1 , HE   
57.3K 9.3K 31
Villain in the Kindergarten 《 ဗီလိန်မူကြို [စာအုပ်ထဲသို့ကူးပြောင်းခြင်း] 》 Associated Names; 反派幼稚园 [穿书] Status in COO; 76 main story + 1 extra story...
58.7K 2.2K 98
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...