ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

By Boss_want_to_eat_you

117K 24.4K 517

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၇] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.5K 383 5
By Boss_want_to_eat_you

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၉)။

"မင်းတို့ဘာလို့ဒီရောက်နေတာလဲ။ ရွှီယန့်ဘယ်မှာလဲ။"
လင်ခုံးလုအံ့သြတကြီးမေးလိုက်မိသည်။

ကစားသမားများချက်ချင်းအသိပြန်ဝင်လာပြီး ယွမ်ရှီးချွမ်းကအလျင်စလိုပြောလာသည်။
"သခင်လေး၊ မြန်မြန်လုပ်၊ တအားနောက်ကျသွားရင်ထွက်သွားနိုင်မှာမဟုတ်ဘူး။"

သူတို့တာဝန်ခွဲဝေမှုကရှင်းသည်။ ကောယွိကလေကိုစောင့်ကြည့်နေတယ်၊ ယန်ဖုန်းနှင့်ကျိချင်းချင်းကတံခါးစောင့်နေတယ်၊ ဟွမ်ကျားဝမ်နှင့်ဝမ်ရန်ကသူတို့ကုတ်အကျီရအောင်ကူညီပေးတယ်၊ ယွမ်ရှီးချွမ်းကလင်ခုံးလုကိုဆွဲခေါ်ရန်တည့်တိုးရှေ့တိုးလိုက်သည်။

လင်ခုံးလုအလိုလိုပြန်ရုတ်ကာအလျင်စလိုမေးလိုက်မိသည်။
"ဘယ်သွားရမှာလဲ။ မသွားဘူး၊ ငါမသွားဘူး!"

သို့သော်လည်းအချိန်မရှိတာမို့ ယွမ်ရှီးချွမ်းမှာဖြည်းဖြည်းချင်းရှင်းပြနေဖို့အချိန်မရှိပေ။ သူသူ့ကိုလှမ်းဆွဲကာခပ်ပြတ်ပြတ်ပြောလိုက်ရသည်။
"ရွှီယန့်ကိုစုန့်လင်ကမျှားခေါ်သွားပေမဲ့အချိန်မရွေးပြန်လာနိုင်တယ်၊ ကျွန်တော်တို့နဲ့လိုက်ခဲ့နော်။"

လင်ခုံးလုရှော့ခ်ရသွားကာတွေးလိုက်မိသည်: ငါတကယ်မင်းနောက်လိုက်သွားရင် ရွှီရှောင်ဟွားရဲ့မကောင်းတဲ့စိတ်တန်ဖိုးကကောင်းကင်ပေါ်မှာပေါက်ကွဲသွားမှာမဟုတ်ဘူးလား။

သူအလျင်စလိုအနောက်ဆုတ်ကာ ယွမ်ရှီးချွမ်း၏လက်ထဲကခပ်ပြင်းပြင်းရုန်းထွက်ပြီး ခေါင်းခါကာပြောလိုက်သည်။
"မသွားဘူး၊ ငါမသွားဘူး၊ ငါသူ့ကိုသဘောကျတယ်၊ ငါသူနဲ့အတူရှိချင်တယ်။"

သူဒါကို​ပြောလိုက်သည်နှင့် ယွမ်ရှီးချွမ်းနှင့်အခြားသူများကသူ့ကိုကြည့်လာကြပြီး သူတို့မျက်လုံးများမှာလူနာကိုကြည့်သည့်အလားသနားစာနာစိတ်အပြည့်ပင်။

"သခင်လေး၊ သူကမင်းကိုလက်စားချေနေတာနော်။"

"ဒီမှာနေတာအန္တရာယ်များတယ်။"

"အသက်ထက်ပိုအရေးကြီးတာမရှိဘူး။ အရင်ထွက်သွားကြရအောင်။"

သူတို့အကောင်းဆုံးကြိုးစားကာသူ့ကိုစည်းရုံးပြီး သူ့ကိုဆက်ခေါ်သွားလိုက်သည်။

ဒီကစားသမားများကစိတ်အားထက်သန်နေလိမ့်မည်ဟုလင်ခုံးလုမထင်ထားမိပေ။ အသုံးမဝင်တာမြင်တော့သူပြောလိုက်ရသည်။
"ခဏနေပါအုံး၊ မင်းတို့ကငါ့ကိုအသုံးချပြီးသူ့ကိုရှင်းပစ်ချင်ခဲ့တာမဟုတ်လား။ ငါထွက်သွားရင်မင်းတို့သူ့ကိုဘယ်လိုရှင်းမှာလဲ။"

ဒါကိုကြားတော့ယွမ်ရှီးချွမ်းနှင့်ယန်ဖုန်း၏မျက်နှာထားမှာရုတ်ခြည်းတောင့်ခဲသွားသည်။

သူတို့မှာအရင်တူညီသောစိတ်ကူးတကယ်ရှိခဲ့ပေမဲ့သူ့ကိုရှင်းပစ်မဲ့အစား သခင်လေးကိုမိစ္ဆာနတ်ဘုရားကိုလွှမ်းမိုးစေချင်ခဲ့သည်။ မထင်မှတ်ဘဲသခင်​လေးကတုံးအပုံပေါက်ပေမဲ့ထက်ရှစွာသတိပြုမိပြီးသားပင်။

သူတို့နှစ်ဦးတစ်မျိုးအပြစ်ရှိစိတ်ခံစားလိုက်ရပေမဲ့မိစ္ဆာနတ်ဘုရားကသခင်လေးကိုတစ်ခုခုလုပ်လာမှတော့ ဒီအကြံပျက်စီးသွားရင်တောင် သူတို့သခင်လေးကိုအန္တရာယ်များသောမိစ္ဆာနတ်ဘုရားနှင့်အတူဆက်မရှိစေချင်တော့ပေ။

အထူးသဖြင့်ဒီကိုလာရာလမ်းတွင်သခင်လေးမှာကိုယ်ပိုင်အသိစိတ်ရှိနေတာမဟုတ်ဘဲလက်တွေ့ကမ္ဘာကလူတစ်​ယောက်ဖြစ်ကြောင်းဟွမ်ကျားဝမ်ပြောတာကိုသူတို့ကြားခဲ့ရသည်။

လက်တွေ့ဘဝမှာNPCလိုမျိုးဝတ်စားသည့်လူများအကြောင်းသူတို့တစ်ခါမှမကြားဖူးပေ။ သူတို့​သေသွားရင်....ဘာဖြစ်မယ်မှန်းဘယ်သူသိမှာလဲ။

ခြုံပြောရင်ဘာကြီးပဲဖြစ်နေပါစေ သခင်လေးကိုရဲတိုက်လိုမျိုးအန္တရာယ်များတဲ့နေရာမှာနေခွင့်မပေးနိုင်ဘူး။

ထို့အပြင်လမ်းညွှန်အချက်အလက်ကမှားနေသည်။ သခင်လေး၊ စုန့်လင်နှင့်ရွှီယန့်မှာသိသိသာသာကိုဂိမ်းကမ္ဘာဇာတ်လမ်း၏ဗဟိုအူတိုင်ဇာတ်ကောင်များဖြစ်ကြသည်။

"အခုကိစ္စမရှိဘူး၊ သွားရအောင်။"
ယွမ်ရှီးချွမ်းဒါကိုတွေးမိတော့ထွက်သွားရန်လင်ခုံးလုကိုအခိုင်အမာလှမ်းကိုင်လိုက်သည်။ ဟွမ်ကျားဝမ်နှင့်ဝမ်ရန်ကလည်းလင်ခုံးလုပေါ်ကုတ်အကျီများခြုံပေးကာသူ့ကိုအပြင်တွန်းလာကြသည်။

ဒီပဋိပက္ခအတွင်းမှာတစ်စုံတစ်ယောက်ကကြမ်းပြင်ပေါ်ကအနက်ရောင်အုတ်ခဲကိုနင်းမိသွားသည်။ လင်ခုံးလုရုတ်ခြည်းဟန်ချက်ပျက်သွားကာပြင်ဆင်ထားခြင်းမရှိဘဲပြုတ်ကျသွားသည်။

ရွှီရှောင်ဟွားအခန်းထဲမှာလျို့ဝှက်လမ်းကြောင်းရှိနေတာလား။

သူပြုတ်ကျသွားချိန်လင်ခုံးလုရှော့ခ်ရစွာတွေးလိုက်မိသည်။

"အား--"

"ဘောပဲ!"

ယွမ်ရှီးချွမ်းနှင့်အခြားလူသုံးယောက်မှာသူနှင့်အတူပြုတ်ကျလာသည်။ ယန်ဖုန်းနှင့်ကျိချင်းချင်းကဒါကိုမြင်သွားပြီးချက်ချင်းခုန်ဆင်းလိုက်သည်။ ကောယွီကအသံကြားတော့ရောက်လာသည်။ သူတုံ့ဆိုင်းသွားပြီးမှသူပါခုန်ချလိုက်သည်။

ရလဒ်အနေဖြင့်သိပ်မကျယ်သောလျို့ဝှက်လမ်းကြောင်းများခပ်မြန်မြန်လူပြည့်သွားလေသည်။

လင်ခုံးလု: "......"

ထားလိုက်တော့၊ ရောက်လာပြီးပြီဆိုမှတော့တစ်ချက်သွားကြည့်တာပေါ့၊ လူတိုင်းသိချင်နေပြီလေ။

သူအရှေ့ကိုစမ်းကြည့်လိုက်မိပြီး ယန်ဖုန်းကဓာတ်မီးထုတ်ကာမည်းမှောင်သောလမ်းကြောင်းကိုလင်းထိန်သွားစေသဖြင့် သူဟာအဆုံးသတ်ကတံခါးနားမှာရှိနေတာကိုမြင်လိုက်ရသည်။

ကစားသမားများမှာအလိုလိုသူတို့နောက်လိုက်မိသည်။ သူတို့နီးကပ်သွားချိန်မှာ လင်ခုံးလုသစ်သားတံခါးအိုကြီးကိုတွန်းဖွင့်လိုက်သည်။

တံခါးနောက်မှာကော်ရစ်ဒါတစ်ခုရှိနေပုံရပြီး ၎င်းမှာလျို့ဝှက်လမ်းကြောင်းထက်အဆပေါင်းများစွာပိုကျယ်သည်။ နံရံပေါ်မှာမီးခလုတ်များရှိပုံပင်။

လင်ခုံးလုတုံ့ဆိုင်းသွားပြီးမှဖိဖွင့်လိုက်သည်။ ယန်ဖုန်းကမဖွင့်ဖို့ပြောရန်ပြင်လိုက်ပေမဲ့သူ့မှာအချိန်မရလိုက်ဘဲသူ့အပေါ်မှာကာကွယ်ရေးဒိုင်းကာအုပ်ပေးလိုက်ရုံသာတတ်နိုင်သည်။

မီးခလုတ်ကိုနှိပ်ပြီးနောက် သူ့ရှေ့ကမြင်ကွင်းမှာပိုလင်းသွားသည်။ မြင်ကွင်းထဲဝင်လာတာကကျယ်ပြောကာရှည်လျားသောကော်ရစ်ဒါတစ်ခု၊ အေးစက်သောသတ္ထုခံစားမှုနှင့်နံရံများ၊ မျက်စိသူငယ်အိမ်စကန်ဖတ်စက်တို့ဖြစ်သည်....

လျို့ဝှက်လက်နက်ပုန်းမရှိသကဲ့သို့အဆိပ်ငွေ့များလည်းမရှိဘဲ သူမြင်လိုက်ရသည့်အရာအားလုံးမှာတအားနည်းပညာမြင့်ကာ ရဲတိုက်၏ပန်းချီစတိုင်နှင့်မအပ်စပ်ပေ။

ကစားသမားများမှာတိတ်တခိုးရှော့ခ်ရသွားသည်။ ဒီတည်နေရာကမြေအောက်ခန်းအောက်မှာရှိနေခဲ့ပေမဲ့သူတို့မြေအောက်ခန်းကိုစစ်ဆေးကြည့်တုန်းကလုံးဝသတိမထားမိခဲ့ပေ။

ထိုစဥ်လင်ခုံးလုကကော်ရစ်ဒါထဲလျှောက်ဝင်သွားပြီပင်။ ကစားသမားများမှာအချိန်မရှိမှန်းသိပေမဲ့မနေနိုင်ဘဲသူ့နောက်လိုက်သွားမိသည်။

ကော်ရစ်ဒါထဲမှာအန္တရာယ်မရှိသဖြင့် သူတို့အဆုံးကသတ္ထုတံခါးဆီခပ်မြန်မြန်ရောက်သွားသည်။

ဒီတစ်ခေါက်တံခါးမှာတွန်းဖွင့်မရတော့ ယန်ဖုန်းကတိတ်တိတ်လေးရှေ့တိုးကာသူ့သေနတ်နှင့်ပစ်ဖွင့်လိုက်သည်။

လေးလံသောသတ္ထုတံခါးမှာတွန်းဖွင့်ခံလိုက်ရပြီး  ကိရိယာမျိုးစုံခင်းကျင်းပြသထားမှုနှင့်ပြည့်နေသည့်ကျယ်ပြောကာတောက်ပသောဟောခန်းမကြီးပေါ်လာသည်။

လင်ခုံးလုအရင်ဆုံးအထဲဝင်သွားတော့ စာကြည့်စားပွဲများအနက်တစ်ခုပေါ်မှာ စမ်းသပ်ကိရိယာတစ်ခုကိုမြင်လိုက်ရသည်။

"ကြည့်ရတာတော့မြေအောက်ဓာတ်ခွဲခန်းဖြစ်ပုံပဲ။"
ယွမ်ရှီးချွမ်းကပျံ့ကြံနေသောစာရွက်အပိုင်းအစများကိုကောက်ယူလိုက်သည်။
"ထူးဆန်းလိုက်တာ၊ ရဲတိုက်ထဲမှာဘယ်လိုလုပ်ပြီးမြေအောက်ဓာတ်ခွဲခန်းရှိနေတာလဲ။ သခင်လေးသိလား။"

လင်ခုံးလုခေါင်းခါလိုက်မိသည်။ သူဘယ်လိုလုပ်သိမှာလဲလို့?? ပြီးတော့....သူဒီမှာနည်းနည်းမသက်မသာဖြစ်သလိုပဲ။

ဟောခန်းမမှာစက်ဝိုင်းပုံဖြစ်ပြီး ပတ်ပတ်လည်မှာအခန်းများစွာရှိသည်။ တံခါးသကေ်တများပေါ်မှာဓာတ်ခွဲခန်း၊ နမူနာခန်း၊ စမ်းသပ်ခန်းအစရှိသဖြင့်စကားလုံးများရှိလေသည်။

လင်ခုံးလုမျက်မှောင်ကြုတ်မိသည်။ ကျွန်းပေါ်မှာဒီလောက်ကြီးတဲ့မြေအောက်ဓာတ်ခွဲခန်းရှိနေပေမဲ့ဇာတ်ကြောင်းစီစဥ်ရေးဌာနကပေးတဲ့ဇာတ်ညွှန်းမှာလုံးဝမဖော်ပြထားဘူး။ ဖြစ်နိုင်တာက....

"Host၊ ငါမင်းကိုပြောစရာတစ်ခုရှိတယ်။"
0687ကရုတ်တရက်ဆိုလာသည်။

လင်ခုံးလု: "ပြောလေ။"

0687: "ငါအခုပဲစစ်ဆေးကြည့်လိုက်တော့ဒီဓာတ်ခွဲခန်းကဂိမ်းဒေတာနဲ့ဖွဲ့စည်းထားတာမဟုတ်ဘူး။ သူ့ဖွဲ့စည်းမှုကဇာတ်လိုက်ရဲ့နွယ်ပင်တွေနဲ့အရမ်းတူတယ်။"

လင်ခုံးလုမိန်းမောသွားကာမေးလိုက်မိသည်။ "ဘာကိုဆိုလိုတာလဲ။"

"ဇာတ်လိုက်ကဂိမ်းထဲကိုအသိစိတ်နဲ့ဝင်လာခဲ့တာ၊ ပြီးတော့နွယ်ပင်တွေကလည်းသူ့အသိစိတ်နဲ့ဖွဲ့စည်းထားတာပဲ။"
0687ကအသိပေးလာသည်။

"ခဏလေး၊ လာကြည့်ပါအုံး။"
ဟွမ်ကျားဝမ်ကဘာရှာတွေ့သွားမှန်းမသိဘဲရုတ်တရက်အော်ပြောလာသည်။

ယွမ်ရှီးချွမ်းနှင့်အခြားသူများမှာချက်ချင်းစုဝေးလိုက်ပြီး လင်ခုံးလုမှာစဥ်းစားရန်အချိန်သိပ်မရှိဘဲသူ့နောက်လိုက်သွားလိုက်သည်။

"ဒီဒိုင်ယာရီကိုမြန်မြန်ဖတ်ကြည့်လိုက်။"
ဟွမ်ကျားဝမ်မှာရှော့ခ်ရနေပုံပင်။

ယွမ်ရှီးချွမ်းမှာမနေနိုင်ဘဲအသံထွက်ဖတ်ကြည့်လိုက်မိသည်။
"ဂျူလိုင်၆မှာအရင်းအမြစ်မျိုးစေ့သယ်ဆောင်သူရောက်လာတယ်။"

"ဂျူလိုင်၈မှာအစိတ်အပိုင်းဖယ်တာကျရှုံးသွားပြီးတော့နှလုံးထဲမှာအရင်းအမြစ်မျိုးစိတ်တစ်ခုမှရှာမတွေ့ဘူး။ အစည်းအဝေကပမာဏကိုမျိုးရိုးဗီဇအရပြုပြင်ဖို့ဆုံးဖြတ်ခဲ့တယ်။"

"ဂျူလိုင်၂၇မှာမျိုးရိုးဗီဇပြုပြင်တာအောင်မြင်သွားတယ်။ အစည်းအဝေးမှာသယ်ဆောင်သူရဲ့မျိုးရိုးဗီဇကိုအခြားစမ်းသပ်ခံတွေထဲရွှေ့ပြောင်းစိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။"

"သြဂုတ်၁၈မှာစမ်းသပ်ခံအားလုံးသေသွားတယ်။"

"သြဂုတ်၁၉မှာစမ်းသပ်ခံအသုတ်အသစ်ရောက်လာတယ်။"

"စက်တင်ဘာ၂၀မှာစမ်းသပ်ခံအားလုံးသေသွားတယ်။"

ဒိုင်ယာရီမှာရုတ်ခြည်းအဆုံးသတ်သွားပြီး ယွမ်ရှီးချွမ်းနှင့်အခြားသူများ၏ရင်ထဲမှာရုတ်ခြည်းကျောချမ်းသွားရသည်။

စက်တင်ဘာ၂၀က....တိုင်ဖွန်းမရောက်လာခင်တစ်ရက်အလိုမဟုတ်ဘူးလား။ ပြီးတော့တိုင်ဖွန်းပြီးသွားရင် ပင်လယ်မကောင်းဆိုးဝါးတွေကကျွန်းပေါ်ရောက်လာပြီးလူသတ်တယ်။ ကျွန်းသူကျွန်းသားတွေကသူတို့ကိုလက်စားလာချေတာလို့ပြောတယ်...

လင်ခုံးလုရုတ်တရက်လက်သီးဆုပ်လိုက်မိသည်။ သူတို့ထင်တာထက်ပိုတယ်။

ဒီမြေအောက်ဓာတ်ခွဲခန်းကနွယ်ပင်တွေလိုမျိုးရွှီယန့်အသိစိတ်နဲ့ဖွဲ့စည်းထားတာလို့စနစ်ကပြောတယ်ဆိုတော့ ဒီနေရာက....ရွှီယန့်ရဲ့ပိတ်ထားတဲ့မှတ်ဉာဏ်များလား။

မျိုးစေ့ခွဲထုတ်မှု၊ နှလုံး....စုန့်လင်ကသူ့နှလုံးကိုကလော်ထုတ်ချင်ခဲ့တယ်လို့ရွှီယန့်​ပြောခဲ့ဖူးတယ်မလား။

ဒီဟာကလက်တွေ့မှာဖြစ်ခဲ့တာပဲ။ ရွှီယန့်ရဲ့စွမ်းအားကိုရယူဖို့အတွက် လက်တွေ့မှာတစ်စုံတစ်ယောက်ကနတ်ဘုရားကျွန်းပေါ်မှာမကောင်းတဲ့စမ်းသပ်ချက်တွေပြုလုပ်ခဲ့တယ်။

ဒီဇာတ်ကြောင်းကအချိန်အာကာသစီမံခန့်ခွဲရေးကပေးတဲ့ဇာတ်ညွန်းထဲကမဟုတ်ဘူး။ ဒါတွေကိုစီစဥ်ထားခဲ့တဲ့လူကအချိန်အာကာသစီမံခန့်ခွဲရေးရှာတွေ့သွားတာမခံချင်လို့ မြေအောက်မှာတိတ်တခိုးပြုလုပ်ခဲ့တာပဲ။

ဒါပေမဲ့ဒီဂိမ်းကမ္ဘာကတကယ့်နတ်ဘုရားကျွန်းကနေပေါ်ထွက်လာခဲ့တာ။ သူတို့ကဂိမ်းထဲမှာစမ်းသပ်ချက်ကိုဖျက်ပစ်ခဲ့တယ်။

ဂိမ်းထဲကပင်လယ်မကောင်းဆိုးဝါးတွေကတကယ်တော့စမ်းသပ်ခံတွေပဲ။ ကျွန်းသူကျွန်းသားတွေကစမ်းသပ်ခံတွေ၊ လုံခြုံရေးအစရှိသဖြင့်နဲ့တူညီတယ်။ ဒီတော်ကျွန်းသူကျွန်းသားတွေကြားမှာကလေးတစ်ယောက်မှမရှိတဲ့အပြင် အရမ်းအသက်ကြီးတဲ့လူနည်းစုရှိတယ်။ သူတို့ကဒီစမ်းသပ်ချက်အကြောင်းရွှီယန့်မှတ်ဉာဏ်ကိုပါပိတ်ထားခဲ့တယ်။

ဒါပေမဲ့ရွှီယန့်ရဲ့မသိစိတ်ကအမြဲမှတ်မိနေခဲ့ပြီးတော့ မြေအောက်ဓာတ်ခွဲခန်းကိုသူ့အသိစိတ်နဲ့မသိလိုက်မသိဘာသာပြန်ဖွဲ့စည်းခဲ့တယ်။

အချိန်အာကာသစီမံခန့်ခွဲရေးဌာနရဲ့ဇာတ်ညွှန်းတည်ဆောက်ပုံအရဆို သူကအဆုံးမဲ့ဂိမ်းထဲမှာမိစ္ဆာနတ်ဘုရားဖြစ်ရုံတင်မကဘဲ ဒီကမ္ဘာငယ်လေးရဲ့မိစ္ဆာနတ်ဘုရားပါဖြစ်နေတာ။ သူ့စွမ်းအားဖြစ်တည်လာပြီးအဆုံးမဲ့ဂိမ်းကမ္ဘာကိုဖွင့်လိုက်တာပဲ။ သူဟာတကယ်တော့ဂိမ်းရဲ့တကယ့်ဆရာပဲ။ ဒါပေမဲ့သူ့ကိုယ်သူဆင့်မြင့်ဖို့မရေတွက်နိုင်တဲ့ဂိမ်းကမ္ဘာတွေကိုဖြတ်ကျော်သွားဖို့လိုအပ်တယ်ဆိုတာသူကိုယ်တိုင်ကမသိဘူး။ ပင်မနတ်ဘုရားရဲ့အထက်မှာရှိနေမှာ။

ဒါပေမဲ့အခုတော့သူ့စွမ်းအားတချို့ကိုအပြင်လူတွေကလုယူသွားပြီ။ အပြင်လူကမပြည့်စုံတဲ့စွမ်းအားကိုအသုံးချပြီး မပြည့်စုံဘဲဒေတာနဲ့ဖြည့်ဖို့လိုအပ်တဲ့အဆုံးမဲ့ဂိမ်းကိုစတင်ခဲ့​တော့ သူလည်းဂိမ်းထဲမှာပိတ်မိနေခဲ့တဲ့အပြင် သူ့စွမ်းအားပါဖြည်းဖြည်းချင်းဆက်အခိုးခံခဲ့ရတယ်။

သူ့အတွေးကမှန်လားလင်ခုံးလုမသိပေမဲ့မှန်နေခဲ့သည်ရှိသော်....

သူရုပ်ဆိုးသွားရကာရုတ်တရက်ပိတ်ထားသောတံခါးများဆီခပ်မြန်မြန်လျှောက်သွားပြီး တစ်ချပ်ပြီးတစ်ချပ်ဖွင့်ကာစစ်ဆေးကြည့်လိုက်သည်။

နောက်ဆုံးတော့သူဓာတ်ခွဲခန်းများထဲကတစ်ခုမှာစမ်းသပ်ချက်မှတ်တမ်းတစ်ခုကိုရှာတွေ့သွားသည်-

[အမျိုးအစား: အရင်းအမြစ်မျိုးစေ့သယ်ဆောင်သူ

အမည်: ရွီယန့်

လိင်: အမျိုးသား။

....

ဂျူလိုင်၆: ရောက်ရှိ။

ဂျူလိုင်၇: ခွဲထုတ်မှုကျရှုံး။

ဂျူလိုင်၈: ဒုတိယမြောက်ခွဲထုတ်မှုကျရှုံး။

....]

လင်ခုံးလုရုတ်တရက်စာရွက်ကိုတင်းတင်းဆုပ်လိုက်မိပြီး သူ့လက်ဆစ်များဖြူသွားသည်အထိအလွန်ပြင်းသည်။

စုန့်လင်၊ စုန့်လင်၊ သူတကယ်သေဖို့ထိုက်တန်တယ်!

ခဏကြာတော့ယန်ဖုန်းနှင့်ယွမ်ရှီးချွမ်းရောက်လာပြီး သူ့လက်ထဲကမှတ်တမ်းကိုမြင်တော့ရှော့ခ်ရသွားမိသည်။

မိစ္ဆာနတ်ဘုရားမှာတကယ်ကြီးဒီလိုအတွေ့အကြုံရှိခဲ့ပြီးတော့စမ်းသပ်ခံအဖြစ်ထပ်ခါတလဲလဲနှိပ်စက်ညှင်းပန်းခံခဲ့ရတာပဲ။ သူမကောင်းတဲ့စိတ်ဝင်သွားတာမဆန်းဘူး။

"သခင်လေး၊ ဒီမှာအန္တရာယ်များတယ်။ မင်းကျွန်တော်တို့နဲ့အတူမြန်မြန်ထွက်သွားတာပိုကောင်းမယ်။"
ယွမ်ရှီးချွမ်းကသေချာစဥ်းစားပြီးမှအကြံပေးလိုက်သည်။

သူတို့အခုပဲအပြင်မှာဖိုင်တွဲတချို့ရှာတွေ့ခဲ့ပြီးတော့ဒီဓာတ်ခွဲခန်းရဲ့မန်နေဂျာကစုန့်လင်ဖြစ်နေတာကိုသိလိုက်ရတယ်။ သခင်လေးကစုန့်လင်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတယ်။ မိစ္ဆာနတ်ဘုရားကဒီကိုလက်စားလာချေတာ။ သခင်လေးကိုလွှတ်ပေးဖို့ဖြစ်နိုင်မယ်တဲ့လား။

သခင်လေးကပုံမှန်ဒေတာတစ်ခုဆိုသူတို့ဂရုမစိုက်လောက်ဘူးဆိုပေမဲ့တစ်ဖက်လူကတကယ့်လူအစစ်ဖြစ်နေတယ်လေ။

ဟွမ်ကျားဝမ်မနေနိုင်ဘဲစည်းရုံးလိုက်မိသည်။ "ဟုတ်တယ်၊ သ..."

"မင်းမှာသေနတ်ရှိလား။"
လင်ခုံးလုသူတို့ကိုရုတ်ခြည်းဖြတ်ကာမေးလိုက်သည်။

ဟွမ်ကျားဝမ်ကြောင်အမ်းသွားသည်။ အခြားသူများမှာဘာကြောင့်မှန်းမသိကြ။ ယန်ဖုန်းကတစ်အောင့်ကြာတွေးကြည့်ပြီးသူ့ကိုသေနတ်တစ်လက်လှမ်းအေးလိုက်သည်။

"ကျေးဇူး။" လင်ခုံးလုပြောလိုက်ပြီးမှမေးလိုက်သည်။
"စုန့်လင်ကရွှီယန့်ကိုမျှားခေါ်သွားတယ်လို့မင်းတို့ပြောလိုက်သလားလို့?"

ယွမ်ရှီးချွမ်းခေါင်းငြိမ့်ကာတုံ့ဆိုင်းသွားသည်။ "မင်း...."

လင်ခုံးလုသေနတ်ကိုင်ကာလျှောက်ထွက်သွားပြီးမျက်နှာသေဖြင့်ပြောလိုက်သည်။ "မင်းခုနကပြောတာမှန်တယ်။ ငါရဲတိုက်ထဲကထွက်သွားသင့်တယ်။"

လူတိုင်းချက်ချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိသည်။ သူဘယ်သူ့ကိုသွားသတ်မလို့တုန်း?

"မဟုတ်ဘူး၊ ခဏလေး၊ သခင်လေးသေနတ်ပစ်တတ်လို့လား။"
ယွမ်ရှီးချွမ်းကအလျင်စလိုလိုက်သွားသည်။

*

လင်ခုံးလုချောက်ကမ်းပါးအစွန်မှာရွှီယန့်နှင့်စုန့်လင်ကိုရှာတွေ့သွားသည်။ သူရောက်သွားချိန်မှာ ရွှီယန့်၏နွယ်ကစုန့်လင်၏နားထင်ကိုရွယ်ထားပြီး စုန့်လင်၏သေနတ်ကိုရွှီယန့်နှလုံးသားကိုချိန်ထားသည်။

လင်ခုံးလု၏မျက်စိသူငယ်အိမ်ကျုံ့သွားသည်။ ရွှီယန့်ကသူရောက်လာတာမြင်တော့ပြုံးကာပြောလာသည်။
"မင်းရောက်လာပြီလား။ အတော်ပဲ၊ အခုသူနဲ့ကိုယ်နှစ်ယောက်ထဲကတစ်ယောက်ပဲအသက်ရှင်နိုင်မယ်။ မင်းဘယ်သူ့ကိုရွေးမှာလဲ။"

လင်ခုံးလုအခုပဲသေနတ်ဆွဲထုတ်လိုက်မိပြီးထိုစကားကိုကြားတော့တောင့်တင်းသွားကာတစ်ခုခုမှားနေမှန်းခံစားမိလိုက်သည်။

ရွှီယန့်: "အိုး၊ မင်းသေနတ်ယူလာတာပဲ၊ ကိုယ့်ကိုသတ်တော့မလို့လား။"

လင်ခုံးလုခေါင်းခါကာ"ဟင့်အင်း"ဟုပြောရန်ပြင်လိုက်သည်။

သို့သော်ရွှီယန့်ကဖြတ်ပြောလာသည်။
"မင်း'ဟင့်အင်း'လို့ပြောချင်နေတာလား။"

ထိုသို့ပြောပြီးနောက်သူလှောင်ပြုံးပြုံးလိုက်ပြီးသူ့မျက်ဝန်းထဲရုတ်ခြည်းစိုက်ကြည့်ကာစကားလုံးတစ်လုံးချင်းစီထပ်ပြောလာသည်။
"မင်းတို့ငါ့ကိုအသုံးချပြီးတော့သူ့ကိုရှင်းပစ်ချင်ခဲ့တာမလား။ ငါထွက်သွားရင်မင်းတို့သူ့ကိုဘယ်လိုရှင်းပစ်မှာလဲ။"

လင်ခုံးလုမိန်းမောသွားကာအလိုလိုရေရွတ်လိုက်မိသည်။
"မင်း-မင်းကြားလိုက်တာလား။ အခန်းထဲမှာ...."

"စောင့်ကြည့်ကင်မရာရှိတယ်လေ။"
ရွှီယန့်ကဝန်ခံလာကာခပ်ဖွဖွပြုံးလိုက်သည်။
"အစကကိုယ်မင်းတစ်ယောက်ထဲဖြစ်​နေမှာအခန်းထဲမှာနေခဲ့တာအန္တရာယ်များတယ်ထင်ခဲ့တာ။ ဒါပေမဲ့ရလဒ်ကတော့....အံ့​သြစရာပဲ။"

သူ့ရယ်သံကပိုမိုနိမ့်သထက်နိမ့်လာကာ တဖြည်းဖြည်းချင်းအန္တရာယ်များလာသည်။ သူကလင်ခုံးလုကိုစိုက်ကြည့်ကာဆိုသည်။
"ဒီတော့မင်းကကိုယ့်ကိုရှင်းပစ်ဖို့အတွက်ဒီမှာနေခဲ့တာပေါ့? ဘယ်လိုရှင်းပစ်မှာလဲ။ ကိုယ့်ကိုချစ်ချင်ယောင်ဆောင်ပြီးမှကိုယ်မပြင်ဆင်ထားတဲ့အချိန်မှာကိုယ့်ကိုသတ်ပစ်မှာလား။"

"မဟုတ်ဘူး၊ ငါပြောတာကိုမင်းမကြားခဲ့ဘူးလား။ ငါမင်းကိုကြိုက်တယ်လို့ငါပြောခဲ့တယ်လေ။"
လင်ခုံးလုစိတ်အားထက်သန်စွာပြောလိုက်သည်။

ရွှီယန့်ကမျက်လွှာချကာဆိုလာသည်။
"ကိုယ်ကြားခဲ့တယ်ဆိုပေမဲ့ကိုယ်ယုံကြည်နိုင်အုံးမယ်တဲ့လား။ မင်းကဆက်တိုက်ပြောင်းလဲနေပြီးတော့ရယ်စရာကောင်းတဲ့အလိမ်အညာတွေအများကြီးပြောနေခဲ့တာလေ။ ကိုယ်မင်းရဲ့အတွေးအစစ်အမှန်ကိုမခန့်မှန်းတတ်တော့ဘူး။"

လင်ခုံးလုတင်းကြပ်စွာပြောလိုက်မိသည်။
"ငါ့အတွေးအစစ်က..."

"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၁။"

လင်ခုံးလု: ...ဘာလို့တိုးလာတာလဲ။ ပြည့်နေပြီးသားမဟုတ်ဘူးလား။

0687: တကယ်တော့မနေ့ညက၁ခုလျော့သွားပေမဲ့အဲ့တုန်းကငါအပိတ်ခံထားရတော့ပြောဖို့အချိန်မရလိုက်တာ။"

"ရှောင်လု၊ ကိုယ့်ကိုထားပြီးပစ်လိုက်တော့။" စုန့်လင်ကရုတ်တရက်ကျယ်လောင်စွာအော်ပြောရင်းရွှီယန့်ကိုသေနတ်နှင့်ပစ်လိုက်သည်။

နွယ်ပင်ကကျည်ဆန်ကိုပိတ်ဆို့လိုက်ပေမဲ့ရွှီယန့်ကရုတ်တရက်ပြောလိုက်သည်။
"အင်း၊ ကိုယ်နောက်ဆုံးတစ်ကြိမ်လောင်းလိုက်မယ်။ သူနဲ့ကိုယ်တစ်ချိန်တည်းဒဏ်ရာရသွားရင် မင်းဘယ်သူ့အတွက်စိတ်မကောင်းဖြစ်မှာလဲ။"

လင်ခုံးလုမတုံ့ပြန်နိုင်ခင် သူကရုတ်တရင်စုန့်လင်၏ရင်ဘတ်ကိုနွယ်နှင့်ထိုးပစ်လိုက်ပြီး စုန့်လင်၏ကျည်ဆန်ကိုပါပိတ်နေတာရပ်လိုက်တာမြင်လိုက်ရသည်။

ဒိုင်းဒိုင်း၊ ပစ်ချက်အများအပြားပစ်လိုက်ပြီး အကုန်လုံးကသူ့နှလုံးသားကိုထိမှန်သွားကာ သူ့အဝတ်အစားမှာရုတ်ခြည်းသွေးလွှမ်းသွားသည်။

လင်ခုံးလုမျက်နှာဖြူဖျော့သွားကာ သေနတ်မောင်းခလုတ်ကိုဆွဲလိုက်သည်။

တစ်ချိန်တည်း၌ စုန့်လင်ကမသိမသာယိုင်သွားကာ သူ့ကိုအံ့သြတကြီးကြည့်ပြီး ခက်ခက်ခဲခဲပြောလာသည်။
"ရှောင်လု၊ မင်း...."

ရွှီယန့်၏အပြုံးနက်ရှိုင်းသွားကာ သူ့ခန္ဓာကိုယ်ယိုင်သွားပြီး သူရုတ်တရက်အနောက်ကိုပြုတ်ကျသွားသည်။

"ရွှီယန့်!" လင်ခုံးလု၏အသံတုန်ရီသွားသည်။ သူကရဲရဲတောက်သွေးကိုကြည့်ကာခေါင်းမူးသွားပေမဲ့ရှေ့တိုးလိုက်တုန်းပင်။
"ငါ့ကိုနာကျင်မှုကူပိတ်ပေးအုံး။"

သူစနစ်ကိုပြောလိုက်ပြီး သူပါရွှီယန့်နှင့်အတူချောက်ကမ်းပါးထဲပြုတ်ကျသွားတော့သည်။

ကစားသမားများထိုနေရာကိုအပြေးအလွှားရောက်သွားတော့ ရွှီယန့်ကချောက်ကမ်းပါးထဲပြုတ်ကျသွားပြီး သခင်လေးကပါလိုက်ခုန်ချသွားတာကိုမြင်လိုက်ရသည်။

ချောက်ကမ်းပါးပေါ်မှာကျန်ခဲ့တာကသွေးကွက်များ၊ ရှုပ်ထွေးနေသောနွယ်ပင်များနှင့် သေသလားရှင်သလားမသိရသည့်စုန့်လင်ဖြစ်သည်။

"ဘာဖြစ်ကုန်တာလဲ။ မင်းခုန်လိုက်ငါခုန်လိုက်လုပ်နေတာလား။"
ယွမ်ရှီးချွမ်းမှာမနေနိုင်ဘဲရေရွတ်လိုက်မိသည်။

----

Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၂၉)။

"မင္းတို႔ဘာလို႔ဒီေရာက္ေနတာလဲ။ ႐ႊီယန့္ဘယ္မွာလဲ။"
လင္ခုံးလုအံ့ၾသတႀကီးေမးလိုက္မိသည္။

ကစားသမားမ်ားခ်က္ခ်င္းအသိျပန္ဝင္လာၿပီး ယြမ္ရွီးခြၽမ္းကအလ်င္စလိုေျပာလာသည္။
"သခင္ေလး၊ ျမန္ျမန္လုပ္၊ တအားေနာက္က်သြားရင္ထြက္သြားနိုင္မွာမဟုတ္ဘူး။"

သူတို႔တာဝန္ခြဲေဝမႈကရွင္းသည္။ ေကာယြိကေလကိုေစာင့္ၾကည့္ေနတယ္၊ ယန္ဖုန္းႏွင့္က်ိခ်င္းခ်င္းကတံခါးေစာင့္ေနတယ္၊ ဟြမ္က်ားဝမ္ႏွင့္ဝမ္ရန္ကသူတို႔ကုတ္အက်ီရေအာင္ကူညီေပးတယ္၊ ယြမ္ရွီးခြၽမ္းကလင္ခုံးလုကိုဆြဲေခၚရန္တည့္တိုးေရွ႕တိုးလိုက္သည္။

လင္ခုံးလုအလိုလိုျပန္႐ုတ္ကာအလ်င္စလိုေမးလိုက္မိသည္။
"ဘယ္သြားရမွာလဲ။ မသြားဘူး၊ ငါမသြားဘူး!"

သို႔ေသာ္လည္းအခ်ိန္မရွိတာမို႔ ယြမ္ရွီးခြၽမ္းမွာျဖည္းျဖည္းခ်င္းရွင္းျပေနဖို႔အခ်ိန္မရွိေပ။ သူသူ႕ကိုလွမ္းဆြဲကာခပ္ျပတ္ျပတ္ေျပာလိုက္ရသည္။
"႐ႊီယန့္ကိုစုန့္လင္ကမွ်ားေခၚသြားေပမဲ့အခ်ိန္မေ႐ြးျပန္လာနိုင္တယ္၊ ကြၽန္ေတာ္တို႔နဲ႕လိုက္ခဲ့ေနာ္။"

လင္ခုံးလုေရွာ့ခ္ရသြားကာေတြးလိုက္မိသည္: ငါတကယ္မင္းေနာက္လိုက္သြားရင္ ႐ႊီေရွာင္ဟြားရဲ႕မေကာင္းတဲ့စိတ္တန္ဖိုးကေကာင္းကင္ေပၚမွာေပါက္ကြဲသြားမွာမဟုတ္ဘူးလား။

သူအလ်င္စလိုအေနာက္ဆုတ္ကာ ယြမ္ရွီးခြၽမ္း၏လက္ထဲကခပ္ျပင္းျပင္း႐ုန္းထြက္ၿပီး ေခါင္းခါကာေျပာလိုက္သည္။
"မသြားဘူး၊ ငါမသြားဘူး၊ ငါသူ႕ကိုသေဘာက်တယ္၊ ငါသူနဲ႕အတူရွိခ်င္တယ္။"

သူဒါကိုေျပာလိုက္သည္ႏွင့္ ယြမ္ရွီးခြၽမ္းႏွင့္အျခားသူမ်ားကသူ႕ကိုၾကည့္လာၾကၿပီး သူတို႔မ်က္လုံးမ်ားမွာလူနာကိုၾကည့္သည့္အလားသနားစာနာစိတ္အျပည့္ပင္။

"သခင္ေလး၊ သူကမင္းကိုလက္စားေခ်ေနတာေနာ္။"

"ဒီမွာေနတာအႏၱရာယ္မ်ားတယ္။"

"အသက္ထက္ပိုအေရးႀကီးတာမရွိဘူး။ အရင္ထြက္သြားၾကရေအာင္။"

သူတို႔အေကာင္းဆုံးႀကိဳးစားကာသူ႕ကိုစည္း႐ုံးၿပီး သူ႕ကိုဆက္ေခၚသြားလိုက္သည္။

ဒီကစားသမားမ်ားကစိတ္အားထက္သန္ေနလိမ့္မည္ဟုလင္ခုံးလုမထင္ထားမိေပ။ အသုံးမဝင္တာျမင္ေတာ့သူေျပာလိုက္ရသည္။
"ခဏေနပါအုံး၊ မင္းတို႔ကငါ့ကိုအသုံးခ်ၿပီးသူ႕ကိုရွင္းပစ္ခ်င္ခဲ့တာမဟုတ္လား။ ငါထြက္သြားရင္မင္းတို႔သူ႕ကိုဘယ္လိုရွင္းမွာလဲ။"

ဒါကိုၾကားေတာ့ယြမ္ရွီးခြၽမ္းႏွင့္ယန္ဖုန္း၏မ်က္ႏွာထားမွာ႐ုတ္ျခည္းေတာင့္ခဲသြားသည္။

သူတို႔မွာအရင္တူညီေသာစိတ္ကူးတကယ္ရွိခဲ့ေပမဲ့သူ႕ကိုရွင္းပစ္မဲ့အစား သခင္ေလးကိုမိစ္ဆာနတ္ဘုရားကိုလႊမ္းမိုးေစခ်င္ခဲ့သည္။ မထင္မွတ္ဘဲသခင္ေလးကတုံးအပုံေပါက္ေပမဲ့ထက္ရွစြာသတိျပဳမိၿပီးသားပင္။

သူတို႔ႏွစ္ဦးတစ္မ်ိဳးအျပစ္ရွိစိတ္ခံစားလိုက္ရေပမဲ့မိစ္ဆာနတ္ဘုရားကသခင္ေလးကိုတစ္ခုခုလုပ္လာမွေတာ့ ဒီအႀကံပ်က္စီးသြားရင္ေတာင္ သူတို႔သခင္ေလးကိုအႏၱရာယ္မ်ားေသာမိစ္ဆာနတ္ဘုရားႏွင့္အတူဆက္မရွိေစခ်င္ေတာ့ေပ။

အထူးသျဖင့္ဒီကိုလာရာလမ္းတြင္သခင္ေလးမွာကိုယ္ပိုင္အသိစိတ္ရွိေနတာမဟုတ္ဘဲလက္ေတြ႕ကမၻာကလူတစ္ေယာက္ျဖစ္ေၾကာင္းဟြမ္က်ားဝမ္ေျပာတာကိုသူတို႔ၾကားခဲ့ရသည္။

လက္ေတြ႕ဘဝမွာNPCလိုမ်ိဳးဝတ္စားသည့္လူမ်ားအေၾကာင္းသူတို႔တစ္ခါမွမၾကားဖူးေပ။ သူတို႔ေသသြားရင္....ဘာျဖစ္မယ္မွန္းဘယ္သူသိမွာလဲ။

ၿခဳံေျပာရင္ဘာႀကီးပဲျဖစ္ေနပါေစ သခင္ေလးကိုရဲတိုက္လိုမ်ိဳးအႏၱရာယ္မ်ားတဲ့ေနရာမွာေနခြင့္မေပးနိုင္ဘူး။

ထို႔အျပင္လမ္းၫႊန္အခ်က္အလက္ကမွားေနသည္။ သခင္ေလး၊ စုန့္လင္ႏွင့္႐ႊီယန့္မွာသိသိသာသာကိုဂိမ္းကမၻာဇာတ္လမ္း၏ဗဟိုအူတိုင္ဇာတ္ေကာင္မ်ားျဖစ္ၾကသည္။

"အခုကိစၥမရွိဘူး၊ သြားရေအာင္။"
ယြမ္ရွီးခြၽမ္းဒါကိုေတြးမိေတာ့ထြက္သြားရန္လင္ခုံးလုကိုအခိုင္အမာလွမ္းကိုင္လိုက္သည္။ ဟြမ္က်ားဝမ္ႏွင့္ဝမ္ရန္ကလည္းလင္ခုံးလုေပၚကုတ္အက်ီမ်ားၿခဳံေပးကာသူ႕ကိုအျပင္တြန္းလာၾကသည္။

ဒီပဋိပကၡအတြင္းမွာတစ္စုံတစ္ေယာက္ကၾကမ္းျပင္ေပၚကအနက္ေရာင္အုတ္ခဲကိုနင္းမိသြားသည္။ လင္ခုံးလု႐ုတ္ျခည္းဟန္ခ်က္ပ်က္သြားကာျပင္ဆင္ထားျခင္းမရွိဘဲျပဳတ္က်သြားသည္။

႐ႊီေရွာင္ဟြားအခန္းထဲမွာလ်ိဳ႕ဝွက္လမ္းေၾကာင္းရွိေနတာလား။

သူျပဳတ္က်သြားခ်ိန္လင္ခုံးလုေရွာ့ခ္ရစြာေတြးလိုက္မိသည္။

"အား--"

"ေဘာပဲ!"

ယြမ္ရွီးခြၽမ္းႏွင့္အျခားလူသုံးေယာက္မွာသူႏွင့္အတူျပဳတ္က်လာသည္။ ယန္ဖုန္းႏွင့္က်ိခ်င္းခ်င္းကဒါကိုျမင္သြားၿပီးခ်က္ခ်င္းခုန္ဆင္းလိုက္သည္။ ေကာယြီကအသံၾကားေတာ့ေရာက္လာသည္။ သူတုံ႕ဆိုင္းသြားၿပီးမွသူပါခုန္ခ်လိဳက္သည္။

ရလဒ္အေနျဖင့္သိပ္မက်ယ္ေသာလ်ိဳ႕ဝွက္လမ္းေၾကာင္းမ်ားခပ္ျမန္ျမန္လူျပည့္သြားေလသည္။

လင္ခုံးလု: "......"

ထားလိုက္ေတာ့၊ ေရာက္လာၿပီးၿပီဆိုမွေတာ့တစ္ခ်က္သြားၾကည့္တာေပါ့၊ လူတိုင္းသိခ်င္ေနၿပီေလ။

သူအေရွ႕ကိုစမ္းၾကည့္လိုက္မိၿပီး ယန္ဖုန္းကဓာတ္မီးထုတ္ကာမည္းေမွာင္ေသာလမ္းေၾကာင္းကိုလင္းထိန္သြားေစသျဖင့္ သူဟာအဆုံးသတ္ကတံခါးနားမွာရွိေနတာကိုျမင္လိုက္ရသည္။

ကစားသမားမ်ားမွာအလိုလိုသူတို႔ေနာက္လိုက္မိသည္။ သူတို႔နီးကပ္သြားခ်ိန္မွာ လင္ခုံးလုသစ္သားတံခါးအိုႀကီးကိုတြန္းဖြင့္လိုက္သည္။

တံခါးေနာက္မွာေကာ္ရစ္ဒါတစ္ခုရွိေနပုံရၿပီး ၎မွာလ်ိဳ႕ဝွက္လမ္းေၾကာင္းထက္အဆေပါင္းမ်ားစြာပိုက်ယ္သည္။ နံရံေပၚမွာမီးခလုတ္မ်ားရွိပုံပင္။

လင္ခုံးလုတုံ႕ဆိုင္းသြားၿပီးမွဖိဖြင့္လိုက္သည္။ ယန္ဖုန္းကမဖြင့္ဖို႔ေျပာရန္ျပင္လိုက္ေပမဲ့သူ႕မွာအခ်ိန္မရလိုက္ဘဲသူ႕အေပၚမွာကာကြယ္ေရးဒိုင္းကာအုပ္ေပးလိုက္႐ုံသာတတ္နိုင္သည္။

မီးခလုတ္ကိုႏွိပ္ၿပီးေနာက္ သူ႕ေရွ႕ကျမင္ကြင္းမွာပိုလင္းသြားသည္။ ျမင္ကြင္းထဲဝင္လာတာကက်ယ္ေျပာကာရွည္လ်ားေသာေကာ္ရစ္ဒါတစ္ခု၊ ေအးစက္ေသာသတၳဳခံစားမႈႏွင့္နံရံမ်ား၊ မ်က္စိသူငယ္အိမ္စကန္ဖတ္စက္တို႔ျဖစ္သည္....

လ်ိဳ႕ဝွက္လက္နက္ပုန္းမရွိသကဲ့သို႔အဆိပ္ေငြ႕မ်ားလည္းမရွိဘဲ သူျမင္လိုက္ရသည့္အရာအားလုံးမွာတအားနည္းပညာျမင့္ကာ ရဲတိုက္၏ပန္းခ်ီစတိုင္ႏွင့္မအပ္စပ္ေပ။

ကစားသမားမ်ားမွာတိတ္တခိုးေရွာ့ခ္ရသြားသည္။ ဒီတည္ေနရာကေျမေအာက္ခန္းေအာက္မွာရွိေနခဲ့ေပမဲ့သူတို႔ေျမေအာက္ခန္းကိုစစ္ေဆးၾကည့္တုန္းကလုံးဝသတိမထားမိခဲ့ေပ။

ထိုစဥ္လင္ခုံးလုကေကာ္ရစ္ဒါထဲေလွ်ာက္ဝင္သြားၿပီပင္။ ကစားသမားမ်ားမွာအခ်ိန္မရွိမွန္းသိေပမဲ့မေနနိုင္ဘဲသူ႕ေနာက္လိုက္သြားမိသည္။

ေကာ္ရစ္ဒါထဲမွာအႏၱရာယ္မရွိသျဖင့္ သူတို႔အဆုံးကသတၳဳတံခါးဆီခပ္ျမန္ျမန္ေရာက္သြားသည္။

ဒီတစ္ေခါက္တံခါးမွာတြန္းဖြင့္မရေတာ့ ယန္ဖုန္းကတိတ္တိတ္ေလးေရွ႕တိုးကာသူ႕ေသနတ္ႏွင့္ပစ္ဖြင့္လိုက္သည္။

ေလးလံေသာသတၳဳတံခါးမွာတြန္းဖြင့္ခံလိုက္ရၿပီး  ကိရိယာမ်ိဳးစုံခင္းက်င္းျပသထားမႈႏွင့္ျပည့္ေနသည့္က်ယ္ေျပာကာေတာက္ပေသာေဟာခန္းမႀကီးေပၚလာသည္။

လင္ခုံးလုအရင္ဆုံးအထဲဝင္သြားေတာ့ စာၾကည့္စားပြဲမ်ားအနက္တစ္ခုေပၚမွာ စမ္းသပ္ကိရိယာတစ္ခုကိုျမင္လိုက္ရသည္။

"ၾကည့္ရတာေတာ့ေျမေအာက္ဓာတ္ခြဲခန္းျဖစ္ပုံပဲ။"
ယြမ္ရွီးခြၽမ္းကပ်ံ့ႀကံေနေသာစာ႐ြက္အပိုင္းအစမ်ားကိုေကာက္ယူလိုက္သည္။
"ထူးဆန္းလိုက္တာ၊ ရဲတိုက္ထဲမွာဘယ္လိုလုပ္ၿပီးေျမေအာက္ဓာတ္ခြဲခန္းရွိေနတာလဲ။ သခင္ေလးသိလား။"

လင္ခုံးလုေခါင္းခါလိုက္မိသည္။ သူဘယ္လိုလုပ္သိမွာလဲလို႔?? ၿပီးေတာ့....သူဒီမွာနည္းနည္းမသက္မသာျဖစ္သလိုပဲ။

ေဟာခန္းမမွာစက္ဝိုင္းပုံျဖစ္ၿပီး ပတ္ပတ္လည္မွာအခန္းမ်ားစြာရွိသည္။ တံခါးသေက္တမ်ားေပၚမွာဓာတ္ခြဲခန္း၊ နမူနာခန္း၊ စမ္းသပ္ခန္းအစရွိသျဖင့္စကားလုံးမ်ားရွိေလသည္။

လင္ခုံးလုမ်က္ေမွာင္ၾကဳတ္မိသည္။ ကြၽန္းေပၚမွာဒီေလာက္ႀကီးတဲ့ေျမေအာက္ဓာတ္ခြဲခန္းရွိေနေပမဲ့ဇာတ္ေၾကာင္းစီစဥ္ေရးဌာနကေပးတဲ့ဇာတ္ၫႊန္းမွာလုံးဝမေဖာ္ျပထားဘူး။ ျဖစ္နိုင္တာက....

"Host၊ ငါမင္းကိုေျပာစရာတစ္ခုရွိတယ္။"
0687က႐ုတ္တရက္ဆိုလာသည္။

လင္ခုံးလု: "ေျပာေလ။"

0687: "ငါအခုပဲစစ္ေဆးၾကည့္လိုက္ေတာ့ဒီဓာတ္ခြဲခန္းကဂိမ္းေဒတာနဲ႕ဖြဲ႕စည္းထားတာမဟုတ္ဘူး။ သူ႕ဖြဲ႕စည္းမႈကဇာတ္လိုက္ရဲ႕ႏြယ္ပင္ေတြနဲ႕အရမ္းတူတယ္။"

လင္ခုံးလုမိန္းေမာသြားကာေမးလိုက္မိသည္။ "ဘာကိုဆိုလိုတာလဲ။"

"ဇာတ္လိုက္ကဂိမ္းထဲကိုအသိစိတ္နဲ႕ဝင္လာခဲ့တာ၊ ၿပီးေတာ့ႏြယ္ပင္ေတြကလည္းသူ႕အသိစိတ္နဲ႕ဖြဲ႕စည္းထားတာပဲ။"
0687ကအသိေပးလာသည္။

"ခဏေလး၊ လာၾကည့္ပါအုံး။"
ဟြမ္က်ားဝမ္ကဘာရွာေတြ႕သြားမွန္းမသိဘဲ႐ုတ္တရက္ေအာ္ေျပာလာသည္။

ယြမ္ရွီးခြၽမ္းႏွင့္အျခားသူမ်ားမွာခ်က္ခ်င္းစုေဝးလိုက္ၿပီး လင္ခုံးလုမွာစဥ္းစားရန္အခ်ိန္သိပ္မရွိဘဲသူ႕ေနာက္လိုက္သြားလိုက္သည္။

"ဒီဒိုင္ယာရီကိုျမန္ျမန္ဖတ္ၾကည့္လိုက္။"
ဟြမ္က်ားဝမ္မွာေရွာ့ခ္ရေနပုံပင္။

ယြမ္ရွီးခြၽမ္းမွာမေနနိုင္ဘဲအသံထြက္ဖတ္ၾကည့္လိုက္မိသည္။
"ဂ်ဴလိုင္၆မွာအရင္းအျမစ္မ်ိဳးေစ့သယ္ေဆာင္သူေရာက္လာတယ္။"

"ဂ်ဴလိုင္၈မွာအစိတ္အပိုင္းဖယ္တာက်ရႈံးသြားၿပီးေတာ့ႏွလုံးထဲမွာအရင္းအျမစ္မ်ိဳးစိတ္တစ္ခုမွရွာမေတြ႕ဘူး။ အစည္းအေဝကပမာဏကိုမ်ိဳးရိုးဗီဇအရျပဳျပင္ဖို႔ဆုံးျဖတ္ခဲ့တယ္။"

"ဂ်ဴလိုင္၂၇မွာမ်ိဳးရိုးဗီဇျပဳျပင္တာေအာင္ျမင္သြားတယ္။ အစည္းအေဝးမွာသယ္ေဆာင္သူရဲ႕မ်ိဳးရိုးဗီဇကိုအျခားစမ္းသပ္ခံေတြထဲေ႐ႊ႕ေျပာင္းစိုက္ဖို႔ဆုံးျဖတ္ခဲ့တယ္။"

"ၾသဂုတ္၁၈မွာစမ္းသပ္ခံအားလုံးေသသြားတယ္။"

"ၾသဂုတ္၁၉မွာစမ္းသပ္ခံအသုတ္အသစ္ေရာက္လာတယ္။"

"စက္တင္ဘာ၂၀မွာစမ္းသပ္ခံအားလုံးေသသြားတယ္။"

ဒိုင္ယာရီမွာ႐ုတ္ျခည္းအဆုံးသတ္သြားၿပီး ယြမ္ရွီးခြၽမ္းႏွင့္အျခားသူမ်ား၏ရင္ထဲမွာ႐ုတ္ျခည္းေက်ာခ်မ္းသြားရသည္။

စက္တင္ဘာ၂၀က....တိုင္ဖြန္းမေရာက္လာခင္တစ္ရက္အလိုမဟုတ္ဘူးလား။ ၿပီးေတာ့တိုင္ဖြန္းၿပီးသြားရင္ ပင္လယ္မေကာင္းဆိုးဝါးေတြကကြၽန္းေပၚေရာက္လာၿပီးလူသတ္တယ္။ ကြၽန္းသူကြၽန္းသားေတြကသူတို႔ကိုလက္စားလာေခ်တာလို႔ေျပာတယ္...

လင္ခုံးလု႐ုတ္တရက္လက္သီးဆုပ္လိုက္မိသည္။ သူတို႔ထင္တာထက္ပိုတယ္။

ဒီေျမေအာက္ဓာတ္ခြဲခန္းကႏြယ္ပင္ေတြလိုမ်ိဳး႐ႊီယန့္အသိစိတ္နဲ႕ဖြဲ႕စည္းထားတာလို႔စနစ္ကေျပာတယ္ဆိုေတာ့ ဒီေနရာက....႐ႊီယန့္ရဲ႕ပိတ္ထားတဲ့မွတ္ဉာဏ္မ်ားလား။

မ်ိဳးေစ့ခြဲထုတ္မႈ၊ ႏွလုံး....စုန့္လင္ကသူ႕ႏွလုံးကိုကေလာ္ထုတ္ခ်င္ခဲ့တယ္လို႔႐ႊီယန့္ေျပာခဲ့ဖူးတယ္မလား။

ဒီဟာကလက္ေတြ႕မွာျဖစ္ခဲ့တာပဲ။ ႐ႊီယန့္ရဲ႕စြမ္းအားကိုရယူဖို႔အတြက္ လက္ေတြ႕မွာတစ္စုံတစ္ေယာက္ကနတ္ဘုရားကြၽန္းေပၚမွာမေကာင္းတဲ့စမ္းသပ္ခ်က္ေတြျပဳလုပ္ခဲ့တယ္။

ဒီဇာတ္ေၾကာင္းကအခ်ိန္အာကာသစီမံခန့္ခြဲေရးကေပးတဲ့ဇာတ္ၫြန္းထဲကမဟုတ္ဘူး။ ဒါေတြကိုစီစဥ္ထားခဲ့တဲ့လူကအခ်ိန္အာကာသစီမံခန့္ခြဲေရးရွာေတြ႕သြားတာမခံခ်င္လို႔ ေျမေအာက္မွာတိတ္တခိုးျပဳလုပ္ခဲ့တာပဲ။

ဒါေပမဲ့ဒီဂိမ္းကမၻာကတကယ့္နတ္ဘုရားကြၽန္းကေနေပၚထြက္လာခဲ့တာ။ သူတို႔ကဂိမ္းထဲမွာစမ္းသပ္ခ်က္ကိုဖ်က္ပစ္ခဲ့တယ္။

ဂိမ္းထဲကပင္လယ္မေကာင္းဆိုးဝါးေတြကတကယ္ေတာ့စမ္းသပ္ခံေတြပဲ။ ကြၽန္းသူကြၽန္းသားေတြကစမ္းသပ္ခံေတြ၊ လုံၿခဳံေရးအစရွိသျဖင့္နဲ႕တူညီတယ္။ ဒီေတာ္ကြၽန္းသူကြၽန္းသားေတြၾကားမွာကေလးတစ္ေယာက္မွမရွိတဲ့အျပင္ အရမ္းအသက္ႀကီးတဲ့လူနည္းစုရွိတယ္။ သူတို႔ကဒီစမ္းသပ္ခ်က္အေၾကာင္း႐ႊီယန့္မွတ္ဉာဏ္ကိုပါပိတ္ထားခဲ့တယ္။

ဒါေပမဲ့႐ႊီယန့္ရဲ႕မသိစိတ္ကအၿမဲမွတ္မိေနခဲ့ၿပီးေတာ့ ေျမေအာက္ဓာတ္ခြဲခန္းကိုသူ႕အသိစိတ္နဲ႕မသိလိုက္မသိဘာသာျပန္ဖြဲ႕စည္းခဲ့တယ္။

အခ်ိန္အာကာသစီမံခန့္ခြဲေရးဌာနရဲ႕ဇာတ္ၫႊန္းတည္ေဆာက္ပုံအရဆို သူကအဆုံးမဲ့ဂိမ္းထဲမွာမိစ္ဆာနတ္ဘုရားျဖစ္႐ုံတင္မကဘဲ ဒီကမၻာငယ္ေလးရဲ႕မိစ္ဆာနတ္ဘုရားပါျဖစ္ေနတာ။ သူ႕စြမ္းအားျဖစ္တည္လာၿပီးအဆုံးမဲ့ဂိမ္းကမၻာကိုဖြင့္လိုက္တာပဲ။ သူဟာတကယ္ေတာ့ဂိမ္းရဲ႕တကယ့္ဆရာပဲ။ ဒါေပမဲ့သူ႕ကိုယ္သူဆင့္ျမင့္ဖို႔မေရတြက္နိုင္တဲ့ဂိမ္းကမၻာေတြကိုျဖတ္ေက်ာ္သြားဖို႔လိုအပ္တယ္ဆိုတာသူကိုယ္တိုင္ကမသိဘူး။ ပင္မနတ္ဘုရားရဲ႕အထက္မွာရွိေနမွာ။

ဒါေပမဲ့အခုေတာ့သူ႕စြမ္းအားတခ်ိဳ႕ကိုအျပင္လူေတြကလုယူသြားၿပီ။ အျပင္လူကမျပည့္စုံတဲ့စြမ္းအားကိုအသုံးခ်ၿပီး မျပည့္စုံဘဲေဒတာနဲ႕ျဖည့္ဖို႔လိုအပ္တဲ့အဆုံးမဲ့ဂိမ္းကိုစတင္ခဲ့ေတာ့ သူလည္းဂိမ္းထဲမွာပိတ္မိေနခဲ့တဲ့အျပင္ သူ႕စြမ္းအားပါျဖည္းျဖည္းခ်င္းဆက္အခိုးခံခဲ့ရတယ္။

သူ႕အေတြးကမွန္လားလင္ခုံးလုမသိေပမဲ့မွန္ေနခဲ့သည္ရွိေသာ္....

သူ႐ုပ္ဆိုးသြားရကာ႐ုတ္တရက္ပိတ္ထားေသာတံခါးမ်ားဆီခပ္ျမန္ျမန္ေလွ်ာက္သြားၿပီး တစ္ခ်ပ္ၿပီးတစ္ခ်ပ္ဖြင့္ကာစစ္ေဆးၾကည့္လိုက္သည္။

ေနာက္ဆုံးေတာ့သူဓာတ္ခြဲခန္းမ်ားထဲကတစ္ခုမွာစမ္းသပ္ခ်က္မွတ္တမ္းတစ္ခုကိုရွာေတြ႕သြားသည္-

[အမ်ိဳးအစား: အရင္းအျမစ္မ်ိဳးေစ့သယ္ေဆာင္သူ

အမည္: ႐ြီယန့္

လိင္: အမ်ိဳးသား။

....

ဂ်ဴလိုင္၆: ေရာက္ရွိ။

ဂ်ဴလိုင္၇: ခြဲထုတ္မႈက်ရႈံး။

ဂ်ဴလိုင္၈: ဒုတိယေျမာက္ခြဲထုတ္မႈက်ရႈံး။

....]

လင္ခုံးလု႐ုတ္တရက္စာ႐ြက္ကိုတင္းတင္းဆုပ္လိုက္မိၿပီး သူ႕လက္ဆစ္မ်ားျဖဴသြားသည္အထိအလြန္ျပင္းသည္။

စုန့္လင္၊ စုန့္လင္၊ သူတကယ္ေသဖို႔ထိုက္တန္တယ္!

ခဏၾကာေတာ့ယန္ဖုန္းႏွင့္ယြမ္ရွီးခြၽမ္းေရာက္လာၿပီး သူ႕လက္ထဲကမွတ္တမ္းကိုျမင္ေတာ့ေရွာ့ခ္ရသြားမိသည္။

မိစ္ဆာနတ္ဘုရားမွာတကယ္ႀကီးဒီလိုအေတြ႕အႀကဳံရွိခဲ့ၿပီးေတာ့စမ္းသပ္ခံအျဖစ္ထပ္ခါတလဲလဲႏွိပ္စက္ညွင္းပန္းခံခဲ့ရတာပဲ။ သူမေကာင္းတဲ့စိတ္ဝင္သြားတာမဆန္းဘူး။

"သခင္ေလး၊ ဒီမွာအႏၱရာယ္မ်ားတယ္။ မင္းကြၽန္ေတာ္တို႔နဲ႕အတူျမန္ျမန္ထြက္သြားတာပိုေကာင္းမယ္။"
ယြမ္ရွီးခြၽမ္းကေသခ်ာစဥ္းစားၿပီးမွအႀကံေပးလိုက္သည္။

သူတို႔အခုပဲအျပင္မွာဖိုင္တြဲတခ်ိဳ႕ရွာေတြ႕ခဲ့ၿပီးေတာ့ဒီဓာတ္ခြဲခန္းရဲ႕မန္ေနဂ်ာကစုန့္လင္ျဖစ္ေနတာကိုသိလိုက္ရတယ္။ သခင္ေလးကစုန့္လင္နဲ႕နီးကပ္တဲ့ဆက္ဆံေရးရွိတယ္။ မိစ္ဆာနတ္ဘုရားကဒီကိုလက္စားလာေခ်တာ။ သခင္ေလးကိုလႊတ္ေပးဖို႔ျဖစ္နိုင္မယ္တဲ့လား။

သခင္ေလးကပုံမွန္ေဒတာတစ္ခုဆိုသူတို႔ဂ႐ုမစိုက္ေလာက္ဘူးဆိုေပမဲ့တစ္ဖက္လူကတကယ့္လူအစစ္ျဖစ္ေနတယ္ေလ။

ဟြမ္က်ားဝမ္မေနနိုင္ဘဲစည္း႐ုံးလိုက္မိသည္။ "ဟုတ္တယ္၊ သ..."

"မင္းမွာေသနတ္ရွိလား။"
လင္ခုံးလုသူတို႔ကို႐ုတ္ျခည္းျဖတ္ကာေမးလိုက္သည္။

ဟြမ္က်ားဝမ္ေၾကာင္အမ္းသြားသည္။ အျခားသူမ်ားမွာဘာေၾကာင့္မွန္းမသိၾက။ ယန္ဖုန္းကတစ္ေအာင့္ၾကာေတြးၾကည့္ၿပီးသူ႕ကိုေသနတ္တစ္လက္လွမ္းေအးလိုက္သည္။

"ေက်းဇူး။" လင္ခုံးလုေျပာလိုက္ၿပီးမွေမးလိုက္သည္။
"စုန့္လင္က႐ႊီယန့္ကိုမွ်ားေခၚသြားတယ္လို႔မင္းတို႔ေျပာလိုက္သလားလို႔?"

ယြမ္ရွီးခြၽမ္းေခါင္းၿငိမ့္ကာတုံ႕ဆိုင္းသြားသည္။ "မင္း...."

လင္ခုံးလုေသနတ္ကိုင္ကာေလွ်ာက္ထြက္သြားၿပီးမ်က္ႏွာေသျဖင့္ေျပာလိုက္သည္။ "မင္းခုနကေျပာတာမွန္တယ္။ ငါရဲတိုက္ထဲကထြက္သြားသင့္တယ္။"

လူတိုင္းခ်က္ခ်င္းတစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္မိသည္။ သူဘယ္သူ႕ကိုသြားသတ္မလို႔တုန္း?

"မဟုတ္ဘူး၊ ခဏေလး၊ သခင္ေလးေသနတ္ပစ္တတ္လို႔လား။"
ယြမ္ရွီးခြၽမ္းကအလ်င္စလိုလိုက္သြားသည္။

*

လင္ခုံးလုေခ်ာက္ကမ္းပါးအစြန္မွာ႐ႊီယန့္ႏွင့္စုန့္လင္ကိုရွာေတြ႕သြားသည္။ သူေရာက္သြားခ်ိန္မွာ ႐ႊီယန့္၏ႏြယ္ကစုန့္လင္၏နားထင္ကို႐ြယ္ထားၿပီး စုန႔္လင္၏ေသနတ္ကို႐ႊီယန့္ႏွလုံးသားကိုခ်ိန္ထားသည္။

လင္ခုံးလု၏မ်က္စိသူငယ္အိမ္က်ဳံ႕သြားသည္။ ႐ႊီယန့္ကသူေရာက္လာတာျမင္ေတာ့ၿပဳံးကာေျပာလာသည္။
"မင္းေရာက္လာၿပီလား။ အေတာ္ပဲ၊ အခုသူနဲ႕ကိုယ္ႏွစ္ေယာက္ထဲကတစ္ေယာက္ပဲအသက္ရွင္နိုင္မယ္။ မင္းဘယ္သူ႕ကိုေ႐ြးမွာလဲ။"

လင္ခုံးလုအခုပဲေသနတ္ဆြဲထုတ္လိုက္မိၿပီးထိုစကားကိုၾကားေတာ့ေတာင့္တင္းသြားကာတစ္ခုခုမွားေနမွန္းခံစားမိလိုက္သည္။

႐ႊီယန့္: "အိုး၊ မင္းေသနတ္ယူလာတာပဲ၊ ကိုယ့္ကိုသတ္ေတာ့မလို႔လား။"

လင္ခုံးလုေခါင္းခါကာ"ဟင့္အင္း"ဟုေျပာရန္ျပင္လိုက္သည္။

သို႔ေသာ္႐ႊီယန့္ကျဖတ္ေျပာလာသည္။
"မင္း'ဟင့္အင္း'လို႔ေျပာခ်င္ေနတာလား။"

ထိုသို႔ေျပာၿပီးေနာက္သူေလွာင္ၿပဳံးၿပဳံးလိုက္ၿပီးသူ႕မ်က္ဝန္းထဲ႐ုတ္ျခည္းစိုက္ၾကည့္ကာစကားလုံးတစ္လုံးခ်င္းစီထပ္ေျပာလာသည္။
"မင္းတို႔ငါ့ကိုအသုံးခ်ၿပီးေတာ့သူ႕ကိုရွင္းပစ္ခ်င္ခဲ့တာမလား။ ငါထြက္သြားရင္မင္းတို႔သူ႕ကိုဘယ္လိုရွင္းပစ္မွာလဲ။"

လင္ခုံးလုမိန္းေမာသြားကာအလိုလိုေရ႐ြတ္လိုက္မိသည္။
"မင္း-မင္းၾကားလိုက္တာလား။ အခန္းထဲမွာ...."

"ေစာင့္ၾကည့္ကင္မရာရွိတယ္ေလ။"
႐ႊီယန့္ကဝန္ခံလာကာခပ္ဖြဖြၿပဳံးလိုက္သည္။
"အစကကိုယ္မင္းတစ္ေယာက္ထဲျဖစ္ေနမွာအခန္းထဲမွာေနခဲ့တာအႏၱရာယ္မ်ားတယ္ထင္ခဲ့တာ။ ဒါေပမဲ့ရလဒ္ကေတာ့....အံ့ၾသစရာပဲ။"

သူ႕ရယ္သံကပိုမိုနိမ့္သထက္နိမ့္လာကာ တျဖည္းျဖည္းခ်င္းအႏၱရာယ္မ်ားလာသည္။ သူကလင္ခုံးလုကိုစိုက္ၾကည့္ကာဆိုသည္။
"ဒီေတာ့မင္းကကိုယ့္ကိုရွင္းပစ္ဖို႔အတြက္ဒီမွာေနခဲ့တာေပါ့? ဘယ္လိုရွင္းပစ္မွာလဲ။ ကိုယ့္ကိုခ်စ္ခ်င္ေယာင္ေဆာင္ၿပီးမွကိုယ္မျပင္ဆင္ထားတဲ့အခ်ိန္မွာကိုယ့္ကိုသတ္ပစ္မွာလား။"

"မဟုတ္ဘူး၊ ငါေျပာတာကိုမင္းမၾကားခဲ့ဘူးလား။ ငါမင္းကိုႀကိဳက္တယ္လို႔ငါေျပာခဲ့တယ္ေလ။"
လင္ခုံးလုစိတ္အားထက္သန္စြာေျပာလိုက္သည္။

႐ႊီယန့္ကမ်က္လႊာခ်ကာဆိုလာသည္။
"ကိုယ္ၾကားခဲ့တယ္ဆိုေပမဲ့ကိုယ္ယုံၾကည္နိုင္အုံးမယ္တဲ့လား။ မင္းကဆက္တိုက္ေျပာင္းလဲေနၿပီးေတာ့ရယ္စရာေကာင္းတဲ့အလိမ္အညာေတြအမ်ားႀကီးေျပာေနခဲ့တာေလ။ ကိုယ္မင္းရဲ႕အေတြးအစစ္အမွန္ကိုမခန့္မွန္းတတ္ေတာ့ဘူး။"

လင္ခုံးလုတင္းၾကပ္စြာေျပာလိုက္မိသည္။
"ငါ့အေတြးအစစ္က..."

"တင္၊ မေကာင္းတဲ့စိတ္တန္ဖိုး၁။"

လင္ခုံးလု: ...ဘာလို႔တိုးလာတာလဲ။ ျပည့္ေနၿပီးသားမဟုတ္ဘူးလား။

0687: တကယ္ေတာ့မေန႕ညက၁ခုေလ်ာ့သြားေပမဲ့အဲ့တုန္းကငါအပိတ္ခံထားရေတာ့ေျပာဖို႔အခ်ိန္မရလိုက္တာ။"

"ေရွာင္လု၊ ကိုယ့္ကိုထားၿပီးပစ္လိုက္ေတာ့။" စုန့္လင္က႐ုတ္တရက္က်ယ္ေလာင္စြာေအာ္ေျပာရင္း႐ႊီယန့္ကိုေသနတ္ႏွင့္ပစ္လိုက္သည္။

ႏြယ္ပင္ကက်ည္ဆန္ကိုပိတ္ဆို႔လိုက္ေပမဲ့႐ႊီယန့္က႐ုတ္တရက္ေျပာလိုက္သည္။
"အင္း၊ ကိုယ္ေနာက္ဆုံးတစ္ႀကိမ္ေလာင္းလိုက္မယ္။ သူနဲ႕ကိုယ္တစ္ခ်ိန္တည္းဒဏ္ရာရသြားရင္ မင္းဘယ္သူ႕အတြက္စိတ္မေကာင္းျဖစ္မွာလဲ။"

လင္ခုံးလုမတုံ႕ျပန္နိုင္ခင္ သူက႐ုတ္တရင္စုန့္လင္၏ရင္ဘတ္ကိုႏြယ္ႏွင့္ထိုးပစ္လိုက္ၿပီး စုန့္လင္၏က်ည္ဆန္ကိုပါပိတ္ေနတာရပ္လိုက္တာျမင္လိုက္ရသည္။

ဒိုင္းဒိုင္း၊ ပစ္ခ်က္အမ်ားအျပားပစ္လိုက္ၿပီး အကုန္လုံးကသူ႕ႏွလုံးသားကိုထိမွန္သြားကာ သူ႕အဝတ္အစားမွာ႐ုတ္ျခည္းေသြးလႊမ္းသြားသည္။

လင္ခုံးလုမ်က္ႏွာျဖဴေဖ်ာ့သြားကာ ေသနတ္ေမာင္းခလုတ္ကိုဆြဲလိုက္သည္။

တစ္ခ်ိန္တည္း၌ စုန့္လင္ကမသိမသာယိုင္သြားကာ သူ႕ကိုအံ့ၾသတႀကီးၾကည့္ၿပီး ခက္ခက္ခဲခဲေျပာလာသည္။
"ေရွာင္လု၊ မင္း...."

႐ႊီယန့္၏အၿပဳံးနက္ရွိုင္းသြားကာ သူ႕ခႏၶာကိုယ္ယိုင္သြားၿပီး သူ႐ုတ္တရက္အေနာက္ကိုျပဳတ္က်သြားသည္။

"႐ႊီယန့္!" လင္ခုံးလု၏အသံတုန္ရီသြားသည္။ သူကရဲရဲေတာက္ေသြးကိုၾကည့္ကာေခါင္းမူးသြားေပမဲ့ေရွ႕တိုးလိုက္တုန္းပင္။
"ငါ့ကိုနာက်င္မႈကူပိတ္ေပးအုံး။"

သူစနစ္ကိုေျပာလိုက္ၿပီး သူပါ႐ႊီယန့္ႏွင့္အတူေခ်ာက္ကမ္းပါးထဲျပဳတ္က်သြားေတာ့သည္။

ကစားသမားမ်ားထိုေနရာကိုအေျပးအလႊားေရာက္သြားေတာ့ ႐ႊီယန့္ကေခ်ာက္ကမ္းပါးထဲျပဳတ္က်သြားၿပီး သခင္ေလးကပါလိုက္ခုန္ခ်သြားတာကိုျမင္လိုက္ရသည္။

ေခ်ာက္ကမ္းပါးေပၚမွာက်န္ခဲ့တာကေသြးကြက္မ်ား၊ ရႈပ္ေထြးေနေသာႏြယ္ပင္မ်ားႏွင့္ ေသသလားရွင္သလားမသိရသည့္စုန့္လင္ျဖစ္သည္။

"ဘာျဖစ္ကုန္တာလဲ။ မင္းခုန္လိုက္ငါခုန္လိုက္လုပ္ေနတာလား။"
ယြမ္ရွီးခြၽမ္းမွာမေနနိုင္ဘဲေရ႐ြတ္လိုက္မိသည္။

----

Continue Reading

You'll Also Like

189K 4.3K 30
Orphaned at a very early age, a young man goes through self-discovery as he uncovers his demonic past and faces a heavenly challenge. After discoveri...
222K 7.3K 38
After years of abuse Anastasia has shut herself within emotionless walls. Even if the physical and mental abuse have broken her to the high extent, h...
135K 5.9K 28
!Adult/Possessive and Asshole!