ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

By Boss_want_to_eat_you

125K 25.6K 543

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၇] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၈] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၉] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၆၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၆၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.6K 381 10
By Boss_want_to_eat_you

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၆)။

လင်ခုံးလုထိုသို့ပြောလိုက်တော့ လောကကြီးတစ်ခုလုံးရပ်တန့်သွားသည်ဟုသူခံစားလိုက်ရသည်။

ရွှီယန့်ကိုယ်ကတောင့်ခဲသွားပြီး ပတ်ဝန်းကျင်အပူချိန်မှာလျော့ကျသွားပုံပေါ်တာကိုသူသေချာသတိထားမိလိုက်သည်။ အခန်းမှာအလွန်တိတ်ဆိတ်သွားပြီး သူတို့အသက်ရှုသံကိုသာကြားရသည်။ တစ်ယောက်ကသတိထားနေကာ လေပင်မရှူထုတ်ရဲအောင်ဖြစ်နေပြီး နောက်တစ်​ယောက်မှာတော့ထုံထိုင်းကာစိတ်ဖိစီးနေပုံမှာ မုန်တိုင်းလာနေသည့်အလား။

လင်ခုံးလုမျက်စိအသာဖွင့်ကြည့်မိတော့ရွှီယန့်ကသူ့ကိုစိုက်ကြည့်နေပြီး သူဟာမျက်နှာသေဖြင့်ဆိုပေမဲ့သူ့မျက်လုံးများကတော့သူ့ကိုလည်ပင်းညှစ်သတ်ချင်နေပုံဖြစ်နေတာကိုမြင်လိုက်ရသည်။

သူအလွန်ကြောက်လန့်သွားပြီးသူ့မျက်စိမှိတ်ချလိုက်ပုံမှာ အမှားတစ်ခုခုလုပ်ပြီးနောက်ခေါင်းလေးကျုံ့ဝင်သွားသည့်ကြောင်လေးပမာ။

အချိန်ဘယ်လောက်ကြာသွားမှန်းမသိ၊ ရွှီယန့်တစ်ယောက်သူ့အကျီကိုစုတ်ဖြဲပစ်ပြီး သူ၏ကျုံ့ထားသောခြေလက်များကိုဆန့်ကာ သူ့ကိုကုတင်ပေါ်ဖိချလိမ့်မည်ဟုသူတွေးလိုက်မိရုံသာရှိသေး၊ ရွှီယန့်ကရုတ်တရက်သူ့လက်ကောက်ဝတ်ကိုကိုင်ထားသည့်လက်ကိုပြန်ရုတ်လိုက်ပြီး သူ့ဒေါသကိုပုံချသည့်အလား သူ့​ခြေချောင်းများကိုခပ်ပြင်းပြင်းညှစ်လိုက်သည်။

"အာ့။" လင်ခုံးလုချက်ချင်းနာကျင်တကြီးအော်လိုက်မိပြီး မျက်ရည်များပြည့်နေသည့်သူ၏လှပသောမျက်ဝန်းတစ်စုံကိုဖွင့်လိုက်သည်။

ရွှီယန့်ကမျက်နှာသေဖြင့်"မင်းကထိုက်တန်တယ်"ဟုပြောကာ ရုတ်ခြည်းကုတင်ပေါ်ကထပြီး ရေချိုးခန်းဆီခပ်မြန်မြန်လျှောက်ဝင်သွားသည်။

လင်ခုံးလု: "....."

သူခပ်မြန်မြန်ထထိုင်ကာသူ၏သနားစရာခြေချောင်းလေးများကိုပွတ်သပ်လိုက်မိပြီးမှရေချိုးခန်းထဲတစ်ချက်ခိုးကြည့်ကာစနစ်ကိုမေးလိုက်သည်။
"သူပါးစပ်တကယ်သွားဆေးနေတာလား။"

0687: "...ဟုတ်မဲ့ပုံပဲ။" သူဆင်ဆာပြန်ဖွင့်လိုက်လို့ရပြီမလား။

"ကြည့်ရတာတော့သူရေပါချိုးနေတဲ့ပုံပဲ။" 0687ကထပ်ပေါင်းဆိုလေသည်။

လင်ခုံးလု: "......"

"ငါနားလည်ပြီ။" သူရုတ်ခြည်းပြောလိုက်သည်။

"ဘာကိုနားလည်တာလဲ။" 0687ကစပ်စပ်စုစုမေးလာသည်။

"ငါတို့ရှေ့ဆက်ရမယ်ထင်တယ်။"
လင်ခုံးလုအတွေးနစ်စွာပြောလိုက်သည်။

0687: "......"

လင်ခုံးလု: "အဟမ်း၊ တကယ်တော့စမ်းသပ်မှုသက်သက်ပါပဲ။"

ရွှီယန့်သူ့ကိုပိုချစ်တာလား၊ ပိုမုန်းတာလားဆိုတာစမ်းသပ်နေတာရယ်။

ဒါပေါ့၊ ပိုအရေးကြီးတာကသူဒီအခြေအနေမှာမီးမမွှေးချင်ဘူး။ ဒီလိုမြင့်မားတဲ့မကောင်းတဲ့စိတ်တန်ဖိုးနဲ့ နှင်းဆီနွယ်တွေပြည့်နေတဲ့အခန်းတစ်ခန်းနဲ့ဆို ထိန်းချုပ်မှုသာလွတ်ထွက်သွားရင်....သူသေသွားလောက်မယ်ထင်တယ်ဆိုတာချဲ့ကားပြောနေတာမဟုတ်ဘူး။

သို့သော်လည်းစမ်းသပ်မှုရလဒ်ကသူ့ကိုကျေနပ်စေသည်။ အနည်းဆုံးတော့ရွှီယန့်ကသူ့ခံစားချက်ကိုဂရုစိုက်နေသေးတော့သူ့ကိုယ်သူချုပ်တည်းလိမ့်မယ်။

0687: "......" လေထုပျက်စီးသွားရင်လူတစ်ယောက်ကရှေ့မဆက်နိုင်တော့ဘူးဆိုတာအမှန်ပဲလား။

*

ချောက်ကမ်းပါးပေါ်မှာ စုန့်လင်နှင့်ယန်ဖုန်းတို့ဒဏ်ရာပြင်းစွာရသွားကြသည်။ ကံကောင်းချင်တော့ရွှီယန့်ထွက်သွားပြီးနောက် နွယ်ပင်များလည်းပျောက်ကွယ်သွားသည်။

နောက်ဆုံးအခိုက်အတန့်မှာမိစ္ဆာနတ်ဘုရားရပ်တန့်လိုက်လို့မဟုတ်ရင် သူတို့ဒီလောက်အလွယ်လေးအသက်ရှင်မှာမဟုတ်မှန်း ယန်ဖုန်းရင်ထဲမှာသိသည်။

ကောယွိကအေးစက်စက်လှောင်ပြုံးပြုံးကာဆိုလာသည်။
"သူ့ကိုစောစောစီးစီးသတ်လိုက်ပါလို့ကျွန်တော်ပြောသားပဲ၊ ဒါပေမဲ့ကောကနားမထောင်တော့အခုဒုက္ခရောက်ပြီလေ။"

ဒါကိုကြားတော့ယွမ်ရှီးချွမ်းကသက်ပြင်းချကာ:
"အင်းပါ၊ အခုကငြင်းခုံနေရမဲ့အချိန်မဟုတ်ဘဲ သူ့ကိုကယ်ဖို့နည်းလမ်းရှာရမှာ။ အစကတော့ငါတို့သခင်လေးကိုအသုံးချပြီးမိစ္ဆာနတ်ဘုရားကိုလွှမ်းမိုးချင်ခဲ့ပေမဲ့ဘယ်သူသိမှာလဲ..."

ဒါကိုပြေားရင်းသူမနေနိုင်ဘဲစုန့်လင်ကိုတစ်ချက်ကြည့်ကာတွေးလိုက်မိသည်: ဘယ်သူသိမှာလဲ၊ ဒီစုန့်မျိုးရိုးကသေနတ်ပစ်ပြီးမိစ္ဆာနတ်ဘုရားကိုဒေါသထွက်အောင်လုပ်လိုက်မယ်လို့လေ? ခုနကသူသခင်လေးကိုစကားပြောလိုက်တာ။ စကားလည်းပြောပြီးရော သခင်လေးကမိစ္ဆာနတ်ဘုရားနဲ့ပဋိပက္ခဖြစ်တော့တာပဲ။ ကျွတ်၊ သူမကောင်းတာတစ်ခုခုလုပ်လိုက်တာဖြစ်ရမယ်။

ယွမ်ရှီးချွမ်းမှာရှားရှားပါးပါးစိတ်ဖိစီးလို့နေသည်။ သူ့ရှေ့ကကမ္ဘာကြီးတစစီအက်ကွဲနေတာမြင်တော့ သူမျက်မှန်ချွတ်ကြည့်မိတော့ မျက်မှန်ဆိုးဆိုးဝါးဝါးပျက်စီးသွားမှန်သိလိုက်ရသည်။ သူနေရာလွတ်ထဲကနောက်တစ်လက်ထုတ်ကာတပ်လိုက်ပြီးဆက်ပြောလိုက်သည်။
"မိစ္ဆာနတ်ဘုရားကသခင်လေးကိုရဲတိုက်ဆီပြန်ခေါ်သွားတာဖြစ်မယ်၊ ထိပ်ဆုံးဦးစားပေးကနည်းလမ်းရှာပြီးသခင်လေးကိုအရင်ကယ်ဖို့ပဲ။"

ယန်ဖုန်းကခေါင်းငြိမ့်သဘောတူလိုက်ပြီး ကျိချင်းချင်းကတော့နှုတ်ဆိတ်နေလေသည်။ သို့သော်သူမသဘောတူရင်သူမအမြင်ကိုလုံးဝဖော်ပြခြင်းမရှိဘဲ သဘောမတူမှသာထုတ်ပြောတတ်သည်ပင်။

"သွားကယ်မယ်?" ကောယွီကလက်မခံနိုင်ဘဲပြောလာသည်။
"ကောတို့ရူးသွားပြီးလား။ အခုလုပ်ရမဲ့အရေးကြီးဆုံးအရာကနည်းလမ်းရှာပြီးမိစ္ဆာနတ်ဘုရားကိုသတ်ဖို့ပဲ။ ကျွန်တော့်ကိုမေးရင်တော့ ဒီတိုင်းဓာတ်ဆီလောင်းပြီးရဲတိုက်ကိုမီးရှို့လိုက်ရုံပဲလေ။ သူကနွယ်ပင်မဟုတ်ဘူးလား။ သူမီးကြောက်မှာပဲ။"

"မရဘူး၊ ငါသူ့ကိုကယ်ဖို့လိုတယ်။"
ထိုစဥ်စုန့်လင်ကရုတ်ခြည်းဝင်ပြောလာသည်။

"ဘာ၊ မင်းကဘယ်သူ...."
ကောယွိမှာယန်ဖုန်းနှင့်ယွမ်ရှီးချွမ်း၏အကြံကိုမကျေမနပ်ဖြစ်နေပြီးဖြစ်ကာ စုန့်လင်စကားပြောလာတာကိုကြားတော့ပို၍ပင်မပျော်မရွှင်ဖြစ်သွားသည်။

သို့သော်သူပြီးအောင်မပြောရသေးခင် စုန့်လင်ကသူ့မျက်လုံးထဲကြည့်ကာဖြည်းဖြည်းချင်းထပ်ပြောလာသည်။
"ကယ်မယ်လို့ငါပြောနေတယ်လေ။"

ကောယွိကမသိမသာမိန်းမောသွားကာရုတ်ခြည်းစကားပြောရပ်သွားသည်။

ကျိချင်းချင်းမှာစုန့်လင်ကိုအလိုလိုတစ်ချက်ကြည့်လိုက်မိပြီး ခုနကသူစကားပြောလိုက်တုန်းကသူ့အသံကနည်းနည်းထူးဆန်းပုံပေါက်သည်ဟုခံစားလိုက်ရပေမဲ့ ဘာကထူးဆန်းမှန်းမပြောတတ်ပေ။

ဟွမ်ကျားဝမ်နှင့်ဝမ်ရန်ကဒီလူကိုတစ်ချက်၊ ဟိုလူကိုတစ်ချက်ကြည့်ကာ ရှော့ခ်ရသွားသည်: မဟုတ်သေးပါဘူး၊ ဥယျာဥ်မှူးရွှီကမိစ္ဆာနတ်ဘုရားဆိုတာဘယ်လိုလုပ်သိသွားကြတာတုန်း?

ကောယွိမကန့်ကွက်တော့ အခြားသူများကလည်းခပ်မြန်မြန်သဘောတူကြသည်။

ယန်ဖုန်းကစုန့်လင်ကိုမယုံကြည်သဖြင့် ရဲတိုက်ထဲဝင်ပြီးလူဘယ်လိုကယ်မလဲဆိုတာစဥ်းစားရအုံးမည်။

ထိုစဥ်စုန့်လင်ကသက်ပြင်းချကာ"ဝန်ခံ"လာသည်။
"တကယ်တော့....ငါကလည်းကစားသမားပါပဲ။"

ယန်ဖုန်းနှင့်အခြားသူများမိန်းမောသွားသည်။ သူတို့ဂိမ်းထဲဝင်တုန်းကစနစ်ကကစားသမားရှစ်ယောက်ရှိတယ်လို့သေချာကြီးပြောသွားတာ။ ဘယ်လိုလုပ်တစ်ယောက်ပိုလာမှာလဲ။

သို့သော်စုန့်လင်ကသူ့ကိုယ်သူကစားသမားဟုပြောလာတုန်းက သူနှုတ်ဆိတ်မသွားပေ။ ဒါကကစားသမားများမှာသာရှိသည့်ဆက်ဆံမှုဖြစ်သည်။

ကစားသမားများမှာမျက်မှောင်အသာကြုတ်မိပြီးစဥ်းစားမရတော့ပေ။ အဆုံးသတ်မှာတော့စနစ်ချို့ယွင်းသွားပြီး လူတစ်ယောက်လိုသွားသည်ဟုတွေးလိုက်ရုံသာတတ်နိုင်သည်။

"ဒီကမ္ဘာကငါတို့နေတဲ့ကမ္ဘာအစစ်နဲ့ဆက်စပ်နေတာ။ ငါဂိမ်းထဲဝင်လာပြီးနောက်မှ ကျွန်းပေါ်ကNPCအများစုကတကယ့်ဘဝမှာငါသိတဲ့လူတွေဖြစ်နေတယ်ဆိုတာငါသိလိုက်ရတာ။ အန္တရာယ်ကင်းအောင်လို့ ငါကျွန်းသူကျွန်းသူတွေထဲကငါသိတဲ့လူတစ်ယောက်အိမ်မှာနေပြီး အခြေအနေကိုတိတ်တခိုးစူးစမ်းကြည့်ခဲ့တယ်..."

စုန့်လင်ကသူအခြားကစားသမားများနှင့်အတူမလုပ်ဆောင်ခဲ့ရသည့်အကြောင်းရင်းကိုစကားလုံးအနည်းငယ်ဖြင့်ရှင်းပြပြီး သူကိုယ်တိုင်၊ ရွှီယန့်နှင့်လင်ခုံးလုတို့ကြားကအရှုပ်တော်ပုံကိုပါပြောလိုက်သည်။ ဒါပေါ့၊ သူကလင်ခုံးလုကိုလှည့်စားခဲ့တဲ့တစ်ယောက်ဖြစ်သည်။

"ဒီဂိမ်းထဲမှာပါသူတို့နဲ့ဒီလိုဆက်ဆံရေးရှိမယ်မထင်ထားခဲ့ဘူး။ အိုင်း၊ ကျွန်းပတ်လည်ကပင်လယ်မကောင်းဆိုးဝါးတွေကိုတော့ သူတို့ဘယ်ကရောက်လာမှန်းမသိဘူးရယ်။ သူတို့ကိုဂိမ်းဆက်တင်ကထည့်သွင်းထားတာဖြစ်..."

သူပြောတာကအမှန်တစ်ဝက်အမှားတစ်ဝက်ဆိုယန်ဖုန်းသိတာမို့ သူတည့်တိုးဖြတ်ပြောလိုက်သည်။
"မင်းသခင်လေးကိုဘယ်လိုကယ်ချင်လဲ။"

ဒါကိုကြားတော့ဟွမ်ကျားဝမ်တိတ်တခိုးအံ့သြသွားရသည်။ သူမလည်းချမ်းသာကြွယ်ဝသောမိသားစုတစ်စုကမှတ်ဉာဏ်ပျောက်သွားသည့်သခင်လေးကိုဆင်ခြေဖုံးရပ်ကွက်ကဆင်းရဲသားကောင်လေးတစ်ယောက်ကပြန်ပေးဆွဲသွားခဲ့သည့်အကြောင်းကောဟလာဟကို သူမအတန်းဖော်ဆီကကြားဖူးသည်။ အ​ကြောင်းကတော့ထိုကောလဟာလထဲမှာပါဝင်သူနှစ်ယောက်မှာခန်းလန်တက္ကသိုလ်၏အထက်တန်းကျောင်းခွဲမှကျောင်းသားများဖြစ်နေသောကြောင့်ပင်။ မထင်မှတ်ဘဲဒီဂိမ်းထဲဝင်လာပြီးနောက်မှာ ကောလဟာလကိုအနီးကပ်ကြည့်လို့ရ...

နေပါအုံး၊ မဟုတ်သေးဘူး၊ ဒီဂိမ်းကတကယ့်အဖြစ်အပျက်ကိုအခြေခံထားတာမှန်းသူတို့မသိခဲ့ပေမဲ့သူမ၏လက်တွေ့ဘဝမှာတော့ နတ်ဘုရားကျွန်းမှာထူးဆန်းသောသေဆုံးခြင်းများဖြစ်ပျက်ခဲ့သည်။ ကျွန်းပေါ်မှာအသက်ရှင်ကျန်ရစ်သူမရှိသည့်အပြင်သခင်လေးပါသေသွားသည်ဟုဆို၏။

ဒီတော့စုန့်လင်၊ သခင်လေးနဲ့ရွှီယန့်၊ ဒီလူသုံးယောက်ကလက်တွေ့မှာတစ်ယောက်ကိုတစ်ယောက်သိကြတယ်။ တစ်ယောက်ကကစားသမားဖြစ်လာပြီး တစ်ယောက်ကထူးခြားဆန်းကြယ်စွာသေဆုံးသွားတဲ့အပြင် နောက်တစ်ယောက်ကတော့သေလားရှင်လားမသိရဘူး။ ဂိမ်းထဲမှာ သခင်လေးနဲ့မိစ္ဆာနတ်ဘုရားရွှီယန့်တို့နှစ်ယောက်လုံးကိုယ်ပိုင်အသိစိတ်ရလာတယ်လို့ ယွမ်ရှီးချွမ်းကပြောတယ်ဆိုတော့.....

လက်တွေ့ကသခင်လေးကသေသွားပြီး ဂိမ်းထဲကသခင်လေးကကိုယ်ပိုင်အသိစိတ်ရလာတယ်...

ဟွမ်ကျားဝမ်နှလုံးတစ်ချက်ဆောင့်ခုန်သွားကာရုတ်တရက်ဝမ်ရန်၏လက်ကိုလှမ်းကိုင်ပြီး သူမကိုဘေးကိုတိတ်တိတ်လေးဆွဲခေါ်သွားကာ ခပ်တိုးတိုးပြောလိုက်မိသည်။
"ယန်ကျဲ၊ ညီမအထင်....သခင်လေးကလက်တွေ့ကသခင်လေးဖြစ်နိုင်တယ်။ ညီမတို့လိုမျိုးသူကလူသားပဲ၊ ဒေတာမဟုတ်..."

ဝမ်ရန်မိန်းမောသွားကာသူမကိုဆွဲဆိတ်ကာတိုးတိုးဖြတ်ပြောလိုက်သည်။
"မပြောနဲ့အုံး။"

ထိုသို့ပြောပြီးနောက်သူမစုန့်လင်ကိုအလိုလိုတစ်ချက်ကြည့်လိုက်မိသည်။ ဒီကစားသမား"အသစ်"မှာမကောင်းတဲ့ရည်ရွယ်ချက်ရှိတော့သတိထားတာအကောင်းဆုံးပဲ။

ကံကောင်းချင်တော့စုန့်လင်ကသူတို့နှင့်နည်းနည်းလှမ်းနေသည့်အပြင်ယန်ဖုန်းနှင့်ကယ်တင်ရေးအစီအစဥ်ကိုဆွေးနွေးနေသဖြင့်သူတို့ကိုသတိမထားမိပေ။

"အဲ့နွယ်ပင်တွေကမိစ္ဆာနတ်ဘုရားရဲ့အသိစိတ်နဲ့ဆက်နွယ်နေတယ်ဆိုတာငါရှာတွေ့ခဲ့တယ်။ ငါဂိမ်းထဲမဝင်ခင်တုန်းကငါဒိုင်းကာအကျီကြိုလဲခဲ့တယ်၊ အဲ့ဒါကဒိုင်းကာအကျီဝတ်ထားတဲ့လူကိုနွယ်ပင်တွေရှာမတွေ့အောင်လုပ်ပေးနိုင်တယ်။ ပြီးတော့ဒီဂိမ်းဆက်တင်ထဲမှာမိစ္ဆာနတ်ဘုရားမှာပြဿနာရှိနေတယ်။ ငါဒီနည်းလမ်းကိုသုံးပြီးတော့သူ့ကိုမျှားခေါ်သွားလို့ရတယ်၊ မင်းကအထဲဝင်ပြီးလူသွားကယ်ပေါ့။"

စုန့်လင်ကသူ့အစီအစဥ်ကိုရိုးရိုးလေးပြောပြလာပြီး သူ့ကိုယ်သူအတွက်အန္တရာယ်များသောအလုပ်ကိုအထူးသီးသန့်ယူလိုက်ပုံမှာ ကစားသမားများ၏လက်ခံမှုကိုမျှော်လင့်နေသည့်အလား။ ယန်ဖုန်းသူ့ကိုတစ်ချက်ကြည့်လိုက်ပြီးမှနောက်ဆုံးမှာခေါင်းငြိမ့်ပြီးပြောလိုက်သည်။ "ကောင်းပြီ။"

*

ရဲတိုက်ထဲတွင် လင်ခုံးလုမှာစုန့်လင်တစ်ယောက်"အချစ်ကြီးကာဖြောင့်မတ်"နေပြီး သူ့ကိုအမှန်တကယ်ကယ်တင်ဖို့ကြိုးစားနေမှန်းမသိသေးပေ။

သူသိရင်တောင်ငြင်း​မိလောက်မယ်။ ရွှီယန့်နဲ့တိုးရင် မီးထဲလောင်စာထပ်ထည့်သလိုမဖြစ်သွားဘူးလား။

ရေချိုးခန်းထဲမှာရွှီယန့်ကဆေးကြောပြီးသွားပြီးခဏကြာတော့ထွက်လာသည်။

လင်ခုံးလုကဒီကမ္ဘာငယ်လေး၏ဇာတ်ညွှန်းကိုစနစ်နှင့်လေ့လာနေတာဖြစ်သည်။ သူကအသံကြားတော့မျက်စိတင်းတင်းမှိတ်ကာငိုရလွန်းလို့ပင်ပန်းပြီးအိပ်ပျော်သွားချင်ယောင်ဆောင်လိုက်သည်။

သို့သော်ရွှီယန့်ကသူ့ကိုလွှတ်ပေးချင်ပုံမရ။ ခဏကြာတော့တစ်ဖက်လူကကိုယ်ကိုကိုင်းကာသူ့မေးစေ့ကိုမသိမသာအေးစက်သောလက်ချောင်းများဖြင့်ညှစ်ကိုင်လိုက်တာကိုသတိထားမိလိုက်ပြီး သူ့တစ်ကိုယ်လုံးမှာအအေးဓာတ်နှင့်စိုစွတ်မှုတို့ပြည့်လို့နေသည်။

0687: အယ်၊ ရေအေးချိုးလာတယ်။

လင်ခုံးလု: ပါးစပ်ပိတ်ပြီးလစ်လိုက်တော့။

လင်ခုံးလုမျက်စိတင်းတင်းမှိတ်ကာရင်ထဲမှာတိတ်တိတ်လေးတွေးလိုက်မိသည်: ငါအိပ်ပျော်နေပြီ၊ ငါတကယ်အိပ်ပျော်နေပြီ။

ရွှီယန့်ကသူအိပ်ချင်ယောင်ဆောင်နေမှန်းသိပုံရကာသူ့လက်ချောင်းထိပ်များနှင့်သူ၏နူးညံ့ကာနီစွေးသောနှုတ်ခမ်းကိုဖိလာသည်။ တစ်အောင့်ကြာတော့သူကရုတ်ခြည်းခေါင်းငုံ့ကာသူ့ကိုနမ်းလာသည်။

အနမ်းလို့ပြောဖို့ကနည်းနည်းယဥ်ကျေးပေမဲ့တတိတိကိုက်ဝါးနေတာနှင့်ပိုတူသည်။ လင်ခုံးလုနောက်စေ့မှကိုင်လျက်သူ၏မသိမသာအေးစက်သောရင်ခွင်ထဲဆွဲသွင်းခံလိုက်ရသည်။ သူဟာခေါင်းမော့ထားရပြီး လူငယ်လေး၏မသိမသာပိန်ပါးသောခန္ဓာကိုယ်မှာလေးအဖြစ်ဆန့်ထားရသည်။

ရွှီယန့်ကသူ့ကိုအပြစ်ပေးမှုတစ်စွန်းတစဖြင့် ပိုမိုပြင်းပြစွာနမ်းရှိုက်လိုက်သည်။ ရေအေးမှာသိသိသာသာကိုအသုံးမဝင်ပေ။

လင်ခုံးလုမနေနိုင်ဘဲညည်းလိုက်မိပြီး သူ့နှုတ်ခမ်းနှင့်လျှာထုံကျင်လာပေမဲ့ ထိုသို့ဆိုရင်တောင် သူကမျက်စိတင်းတင်းမှိတ်ထားပုံမှာ သူမျက်စိမဖွင့်သရွေ့ သူအိပ်ပျော်နေပြီးသူ့ရည်းစားဟောင်းဆီက"ကလဲ့စား"ကိုရင်ဆိုင်စရာမလိုသည့်အလား။

ရွှီယန့်ကသူ့အပြုအမူကိုအလွန်ဒေါသထွက်သွားကာသူ့ကိုလွှတ်ပေးပြီးပင့်သက်ရှိုက်လိုက်မိသည်။ သူ့မျက်လုံးများကနံရံပေါ်ရှိနှင်းဆီနွယ်များပေါ်ရောက်သွားကာ သူ့မျက်လုံးများရုတ်ခြည်းမည်းမှောင်သွားတော့သည်။

လင်ခုံးလုမှာလွှတ်ပေးခံလိုက်ရပြီးနောက် တိတ်တခိုးသက်မချမိကာသူလွတ်မြောက်သွားပြီဟုတွေးလိုက်မိသည်။ မထင်မှတ်ဘဲနောက်တစ်ခဏမှာမသိမသာအေးစက်သောနွယ်ပင်များကသူ့ခြေကျင်းဝတ်ကိုရစ်ပတ်ကာ သူ့ဘောင်းဘီအောက်ခြေထဲဝင်လာပြီးနောက်သူ့ခါးကိုရစ်ပတ်လာပြီး ထို့နောက်သူ့အကျီအောက်မှာ....

လင်ခုံးလုရုတ်တရက်ဟန်မဆောင်နိုင်တော့ပေ။ သူအလွန်ကြောက်လန့်သွားကာအလျင်စလိုမျက်စိဖွင့်လိုက်မိသည်။ သူ့လက်များလုံးဝအချုပ်မခံလိုက်ရခင် သူအလျင်စလိုရွှီယန့်ရင်ခွင်ထဲပစ်ဝင်ကာအထိတ်တလန့်ပြောလိုက်မိသည်။
"ရှောင်ဟွား၊ ငါဒါကိုမလိုချင်ဘူးလို့၊ ဝူးဝူး..."

ရွှီယန့်ကအခြေအနေကိုအခွင့်ကောင်းယူကသူ့ခန္ဓာကိုယ်ကိုပွေ့ဖက်ပြီး အက်ရှရှဆိုလာသည်။
"ဘာကိုမလိုချင်တာလဲ။"

သခင်လေးကကြောက်သွားပုံရကာသူ့ကိုတင်းတင်းဖက်ရင်းဆိုလာသည်။
"ဒါကိုမလိုချင်ဘူး၊ ဖယ်၊ ဖယ်ပေး..."

ရွှီယန့်မျက်လုံးများမှိန်ကျသွားကာသူ့လည်တိုင်အနောက်ကိုထိန်းကိုင်ပြီးပွတ်သပ်ကာမေးလိုက်သည်။
"နှင်းဆီပန်းမကြိုက်ဘူးလား။"

"မကြိုက်တော့ဘူး..."
သခင်လေးကဆို့နင့်ကာခေါင်းခါလာသည်။

ရွှီယန့်ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ဒါပေမဲ့မလိမ်မာရင်အမြဲအပြစ်ပေးခံရမှာ။ မင်းဒါကိုမလိုချင်ရင်အခြားတစ်ခုတောင်းဆိုမှရမယ်။"

သခင်လေးတောင့်ခဲသွားကာသူ့ကိုမျက်ရည်ဝိုင်းသောမျက်လုံးများဖြင့်တောင်းတောင်းဆိုဆိုကြည့်လိုက်မိသည်။

ရွှီယန့်ကမလှုပ်ရှားသွားသည့်အလားမထူးခြားမခြားပုံနှင့်ပင်။

လင်ခုံးလုအံကြတ်လိုက်မိပြီးခဏတာတုံ့ဆိုင်းသွားရပြီးမှသူ့လည်တိုင်ကိုတင်းတင်းလှမ်းဖက်ကာတီးတိုးဆိုလိုက်မိသည်။
"ဒါ ဒါဆိုငါမင်းကိုလိုချင်တယ်။"

ဘယ်နှင့်ညာနှစ်ခုလုံးမီးမွှေးခံရဖို့ဖြစ်နေမှတော့ဒီစိတ်ပျက်စရာနွယ်ပငတွေကိုအရင်ဖယ်ရှားလိုက်တာပိုကောင်းတယ်။

ရွှီယန့်၏အေးစက်စက်မျက်နှာထားနောက်ဆုံးတွင်အက်ကွဲသွားပုံမှာ သူထိုသို့ပြောလာမည်ဟုမထင်ထားမိသည့်အလား။

တစ်အောင့်ကြာတော့နွယ်ပင်များတကယ်ပြန်ဆုတ်သွားပြီး ထို့နောက်ရွှီယန့်ကသူ့ကိုလွှတ်ပေးကာတည်ငြိမ်ပေမဲ့မတည်ငြိမ်သောအသံဖြင့်ပြောလာသည်။
"ဒါဆို...မင်းရဲ့ရိုးသားမှုကိုပြလေ။"

သခင်လေးကသူ့ကိုဗလာကျင်းစွာစိုက်ကြည့်လို့နေသည်။

ရွှီယန့်သူ့ကိုတစ်ချက်ကြည့်ကာအေးစက်စက်ပြောလိုက်သည်။
"ကိုယ်မင်းကိုကူညီပေးဖို့လိုလား။"

သခင်လေးကသူဘာကြောင့်ဒီလောက်အကြင်နာတရားမဲ့သွားလဲဆိုတာနားမလည်သည့်အလားရုတ်ခြည်းမကျေမနပ်ဖြစ်သွားသည်။

ရွှီယန့်ကမထူးခြားမခြားနားဖြစ်နေတုန်းပင်။ ဒါကိုမြင်တော့သခင်လေးမှာရွေးချယ်စရာမရှိဘဲအံကြိတ်ကာတုန်တုန်ရီရီဖြင့်အကျီကော်လာကိုကြယ်သီးဖြုတ်လိုက်သည်။

သူတအားကြောက်နေသဖြင့် သူ့လက်ချောင်းဖြူဖြူသွယ်သွယ်များမှာတုန်ရီလို့နေပြီး အချိန်အတော်ကြာအောင်ဖြုတ်မရဖြစ်နေရုံသာ။ သူ၏မျက်ရည်များကဆက်တိုက်စီးကျနေပြီး သူ့လက်ချောင်းများပေါ်ကျနေတော့ အခုဆိုသူပို၍ပင်ဖြုတ်မရတော့ပေ။

သူရွှီယန့်ကိုတိတ်တခိုးမော့ကြည့်မိတော့တစ်ဖက်လူ၏မျက်နှာမှာတည်တင်းနေပြီးနည်းနည်းလေးမှပိုကောင်းမလာမှန်းမြင်လိုက်ရသည်။ သူပို၍ပင်ထိတ်လန့်ကာမကျေမနပ်ဖြစ်သွားပြီး ရိုးရိုးလေးကြယ်သီးဖြုတ်တာကိုလက်လျှော့ကာခေါင်းမော့ပြီးလက်ဦးမှုရယူကာတစ်ဖက်လူကိုနမ်းလိုက်သည်။

သူမျက်စိတင်းတင်းမှိတ်ကာသူ့မျက်တောင်များစိုစွတ်ကာတုန်ရီနေပုံမှာစိုစွတ်သောအတောင်ပံနှင့်လိပ်ပြာလေးပမာ၊ သူ့မျက်နှာထားမှာယဇ်ကောင်ပမာကြောက်ရွံ့နေပုံပင်။

အနမ်းစတော့မည့်အချိန်မှာ ရွှီယန့်ကရုတ်တရက်ဆိုလာသည်။
"ရပြီ။"

လင်ခုံးလုကြောက်လန့်တကြားတုန်သွားကာအထိတ်တလန့်မျက်စိဖွင့်ပြီး သူ့ကိုဇဝေဇဝါဖြစ်စွာကြည့်လိုက်မိသည်။

ရွှီယန့်ကမျက်စိမှိတ်ကာသူ့လက်ကိုအသာဖယ်ချပြီးစိတ်ဖိစီးသောလေသံဖြင့်ပြောလိုက်သည်။
"ကိုယ်နောက်နေတာ၊ မင်းနားလို့ရပြီ။"

ထိုသို့ပြောပြီးနောက်လင်ခုံးလု၏တုံ့ပြန်မှုကိုမစောင့်ဘဲ ထရပ်ကာအခန်းထဲကခပ်မြန်​မြန်ထွက်သွားပုံမှာ ထွက်ပြေးသွားသည့်အလားပင်။

လင်ခုံးလုမျက်နှာပေါ်မှာရုတ်တရက်?ပေါ်လာသည်။ ဘာဖြစ်သွားတာလဲ။ သူမီးမွှေးခံဖို့အသင့်ပြင်လိုက်ပေမဲ့သူ့ကိုမီးမွှေးခဲ့တဲ့လူကထွက်သွားတယ်လား?

သူ့သရုပ်ဆောင်စကေးကအရမ်းကောင်းပြီးသနားစရာကောင်းသွားလို့ ရွှီယန့်မီးမမွှေးနိုင်တော့တာများလား။

0687: "...." ဆင်ဆာအလကားဖျက်မိသွားပြန်ပြီ။

-----------

Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၂၆)။

လင္ခုံးလုထိုသို႔ေျပာလိုက္ေတာ့ ေလာကႀကီးတစ္ခုလုံးရပ္တန႔္သြားသည္ဟုသူခံစားလိုက္ရသည္။

႐ႊီယန႔္ကိုယ္ကေတာင့္ခဲသြားၿပီး ပတ္ဝန္းက်င္အပူခ်ိန္မွာေလ်ာ့က်သြားပုံေပၚတာကိုသူေသခ်ာသတိထားမိလိုက္သည္။ အခန္းမွာအလြန္တိတ္ဆိတ္သြားၿပီး သူတို႔အသက္ရႈသံကိုသာၾကားရသည္။ တစ္ေယာက္ကသတိထားေနကာ ေလပင္မရႉထုတ္ရဲေအာင္ျဖစ္ေနၿပီး ေနာက္တစ္ေယာက္မွာေတာ့ထုံထိုင္းကာစိတ္ဖိစီးေနပုံမွာ မုန္တိုင္းလာေနသည့္အလား။

လင္ခုံးလုမ်က္စိအသာဖြင့္ၾကည့္မိေတာ့႐ႊီယန့္ကသူ႕ကိုစိုက္ၾကည့္ေနၿပီး သူဟာမ်က္ႏွာေသျဖင့္ဆိုေပမဲ့သူ႕မ်က္လုံးမ်ားကေတာ့သူ႕ကိုလည္ပင္းညွစ္သတ္ခ်င္ေနပုံျဖစ္ေနတာကိုျမင္လိုက္ရသည္။

သူအလြန္ေၾကာက္လန့္သြားၿပီးသူ႕မ်က္စိမွိတ္ခ်လိဳက္ပုံမွာ အမွားတစ္ခုခုလုပ္ၿပီးေနာက္ေခါင္းေလးက်ဳံ႕ဝင္သြားသည့္ေၾကာင္ေလးပမာ။

အခ်ိန္ဘယ္ေလာက္ၾကာသြားမွန္းမသိ၊ ႐ႊီယန့္တစ္ေယာက္သူ႕အက်ီကိုစုတ္ၿဖဲပစ္ၿပီး သူ၏က်ဳံ႕ထားေသာေျခလက္မ်ားကိုဆန့္ကာ သူ႕ကိုကုတင္ေပၚဖိခ်လိမ့္မည္ဟုသူေတြးလိုက္မိ႐ုံသာရွိေသး၊ ႐ႊီယန့္က႐ုတ္တရက္သူ႕လက္ေကာက္ဝတ္ကိုကိုင္ထားသည့္လက္ကိုျပန္႐ုတ္လိုက္ၿပီး သူ႕ေဒါသကိုပုံခ်သည့္အလား သူ႕ေျခေခ်ာင္းမ်ားကိုခပ္ျပင္းျပင္းညွစ္လိုက္သည္။

"အာ့။" လင္ခုံးလုခ်က္ခ်င္းနာက်င္တႀကီးေအာ္လိုက္မိၿပီး မ်က္ရည္မ်ားျပည့္ေနသည့္သူ၏လွပေသာမ်က္ဝန္းတစ္စုံကိုဖြင့္လိုက္သည္။

႐ႊီယန့္ကမ်က္ႏွာေသျဖင့္"မင္းကထိုက္တန္တယ္"ဟုေျပာကာ ႐ုတ္ျခည္းကုတင္ေပၚကထၿပီး ေရခ်ိဳးခန္းဆီခပ္ျမန္ျမန္ေလွ်ာက္ဝင္သြားသည္။

လင္ခုံးလု: "....."

သူခပ္ျမန္ျမန္ထထိုင္ကာသူ၏သနားစရာေျခေခ်ာင္းေလးမ်ားကိုပြတ္သပ္လိုက္မိၿပီးမွေရခ်ိဳးခန္းထဲတစ္ခ်က္ခိုးၾကည့္ကာစနစ္ကိုေမးလိုက္သည္။
"သူပါးစပ္တကယ္သြားေဆးေနတာလား။"

0687: "...ဟုတ္မဲ့ပုံပဲ။" သူဆင္ဆာျပန္ဖြင့္လိုက္လို႔ရၿပီမလား။

"ၾကည့္ရတာေတာ့သူေရပါခ်ိဳးေနတဲ့ပုံပဲ။" 0687ကထပ္ေပါင္းဆိုေလသည္။

လင္ခုံးလု: "......"

"ငါနားလည္ၿပီ။" သူ႐ုတ္ျခည္းေျပာလိုက္သည္။

"ဘာကိုနားလည္တာလဲ။" 0687ကစပ္စပ္စုစုေမးလာသည္။

"ငါတို႔ေရွ႕ဆက္ရမယ္ထင္တယ္။"
လင္ခုံးလုအေတြးနစ္စြာေျပာလိုက္သည္။

0687: "......"

လင္ခုံးလု: "အဟမ္း၊ တကယ္ေတာ့စမ္းသပ္မႈသက္သက္ပါပဲ။"

႐ႊီယန့္သူ႕ကိုပိုခ်စ္တာလား၊ ပိုမုန္းတာလားဆိုတာစမ္းသပ္ေနတာရယ္။

ဒါေပါ့၊ ပိုအေရးႀကီးတာကသူဒီအေျခအေနမွာမီးမေမႊးခ်င္ဘူး။ ဒီလိုျမင့္မားတဲ့မေကာင္းတဲ့စိတ္တန္ဖိုးနဲ႕ ႏွင္းဆီႏြယ္ေတြျပည့္ေနတဲ့အခန္းတစ္ခန္းနဲ႕ဆို ထိန္းခ်ဳပ္မႈသာလြတ္ထြက္သြားရင္....သူေသသြားေလာက္မယ္ထင္တယ္ဆိုတာခ်ဲ့ကားေျပာေနတာမဟုတ္ဘူး။

သို႔ေသာ္လည္းစမ္းသပ္မႈရလဒ္ကသူ႕ကိုေက်နပ္ေစသည္။ အနည္းဆုံးေတာ့႐ႊီယန့္ကသူ႕ခံစားခ်က္ကိုဂ႐ုစိုက္ေနေသးေတာ့သူ႕ကိုယ္သူခ်ဳပ္တည္းလိမ့္မယ္။

0687: "......" ေလထုပ်က္စီးသြားရင္လူတစ္ေယာက္ကေရွ႕မဆက္နိုင္ေတာ့ဘူးဆိုတာအမွန္ပဲလား။

*

ေခ်ာက္ကမ္းပါးေပၚမွာ စုန့္လင္ႏွင့္ယန္ဖုန္းတို႔ဒဏ္ရာျပင္းစြာရသြားၾကသည္။ ကံေကာင္းခ်င္ေတာ့႐ႊီယန့္ထြက္သြားၿပီးေနာက္ ႏြယ္ပင္မ်ားလည္းေပ်ာက္ကြယ္သြားသည္။

ေနာက္ဆုံးအခိုက္အတန့္မွာမိစ္ဆာနတ္ဘုရားရပ္တန့္လိုက္လို႔မဟုတ္ရင္ သူတို႔ဒီေလာက္အလြယ္ေလးအသက္ရွင္မွာမဟုတ္မွန္း ယန္ဖုန္းရင္ထဲမွာသိသည္။

ေကာယြိကေအးစက္စက္ေလွာင္ၿပဳံးၿပဳံးကာဆိုလာသည္။
"သူ႕ကိုေစာေစာစီးစီးသတ္လိုက္ပါလို႔ကြၽန္ေတာ္ေျပာသားပဲ၊ ဒါေပမဲ့ေကာကနားမေထာင္ေတာ့အခုဒုကၡေရာက္ၿပီေလ။"

ဒါကိုၾကားေတာ့ယြမ္ရွီးခြၽမ္းကသက္ျပင္းခ်ကာ:
"အင္းပါ၊ အခုကျငင္းခုံေနရမဲ့အခ်ိန္မဟုတ္ဘဲ သူ႕ကိုကယ္ဖို႔နည္းလမ္းရွာရမွာ။ အစကေတာ့ငါတို႔သခင္ေလးကိုအသုံးခ်ၿပီးမိစ္ဆာနတ္ဘုရားကိုလႊမ္းမိုးခ်င္ခဲ့ေပမဲ့ဘယ္သူသိမွာလဲ..."

ဒါကိုေျပားရင္းသူမေနနိုင္ဘဲစုန႔္လင္ကိုတစ္ခ်က္ၾကည့္ကာေတြးလိုက္မိသည္: ဘယ္သူသိမွာလဲ၊ ဒီစုန့္မ်ိဳးရိုးကေသနတ္ပစ္ၿပီးမိစ္ဆာနတ္ဘုရားကိုေဒါသထြက္ေအာင္လုပ္လိုက္မယ္လို႔ေလ? ခုနကသူသခင္ေလးကိုစကားေျပာလိုက္တာ။ စကားလည္းေျပာၿပီးေရာ သခင္ေလးကမိစ္ဆာနတ္ဘုရားနဲ႕ပဋိပကၡျဖစ္ေတာ့တာပဲ။ ကြၽတ္၊ သူမေကာင္းတာတစ္ခုခုလုပ္လိုက္တာျဖစ္ရမယ္။

ယြမ္ရွီးခြၽမ္းမွာရွားရွားပါးပါးစိတ္ဖိစီးလို႔ေနသည္။ သူ႕ေရွ႕ကကမၻာႀကီးတစစီအက္ကြဲေနတာျမင္ေတာ့ သူမ်က္မွန္ခြၽတ္ၾကည့္မိေတာ့ မ်က္မွန္ဆိုးဆိုးဝါးဝါးပ်က္စီးသြားမွန္သိလိုက္ရသည္။ သူေနရာလြတ္ထဲကေနာက္တစ္လက္ထုတ္ကာတပ္လိုက္ၿပီးဆက္ေျပာလိုက္သည္။
"မိစ္ဆာနတ္ဘုရားကသခင္ေလးကိုရဲတိုက္ဆီျပန္ေခၚသြားတာျဖစ္မယ္၊ ထိပ္ဆုံးဦးစားေပးကနည္းလမ္းရွာၿပီးသခင္ေလးကိုအရင္ကယ္ဖို႔ပဲ။"

ယန္ဖုန္းကေခါင္းၿငိမ့္သေဘာတူလိုက္ၿပီး က်ိခ်င္းခ်င္းကေတာ့ႏႈတ္ဆိတ္ေနေလသည္။ သို႔ေသာ္သူမသေဘာတူရင္သူမအျမင္ကိုလုံးဝေဖာ္ျပျခင္းမရွိဘဲ သေဘာမတူမွသာထုတ္ေျပာတတ္သည္ပင္။

"သြားကယ္မယ္?" ေကာယြီကလက္မခံနိုင္ဘဲေျပာလာသည္။
"ေကာတို႔႐ူးသြားၿပီးလား။ အခုလုပ္ရမဲ့အေရးႀကီးဆုံးအရာကနည္းလမ္းရွာၿပီးမိစ္ဆာနတ္ဘုရားကိုသတ္ဖို႔ပဲ။ ကြၽန္ေတာ့္ကိုေမးရင္ေတာ့ ဒီတိုင္းဓာတ္ဆီေလာင္းၿပီးရဲတိုက္ကိုမီးရွို႔လိုက္႐ုံပဲေလ။ သူကႏြယ္ပင္မဟုတ္ဘူးလား။ သူမီးေၾကာက္မွာပဲ။"

"မရဘူး၊ ငါသူ႕ကိုကယ္ဖို႔လိုတယ္။"
ထိုစဥ္စုန့္လင္က႐ုတ္ျခည္းဝင္ေျပာလာသည္။

"ဘာ၊ မင္းကဘယ္သူ...."
ေကာယြိမွာယန္ဖုန္းႏွင့္ယြမ္ရွီးခြၽမ္း၏အႀကံကိုမေက်မနပ္ျဖစ္ေနၿပီးျဖစ္ကာ စုန့္လင္စကားေျပာလာတာကိုၾကားေတာ့ပို၍ပင္မေပ်ာ္မ႐ႊင္ျဖစ္သြားသည္။

သို႔ေသာ္သူၿပီးေအာင္မေျပာရေသးခင္ စုန့္လင္ကသူ႕မ်က္လုံးထဲၾကည့္ကာျဖည္းျဖည္းခ်င္းထပ္ေျပာလာသည္။
"ကယ္မယ္လို႔ငါေျပာေနတယ္ေလ။"

ေကာယြိကမသိမသာမိန္းေမာသြားကာ႐ုတ္ျခည္းစကားေျပာရပ္သြားသည္။

က်ိခ်င္းခ်င္းမွာစုန့္လင္ကိုအလိုလိုတစ္ခ်က္ၾကည့္လိုက္မိၿပီး ခုနကသူစကားေျပာလိုက္တုန္းကသူ႕အသံကနည္းနည္းထူးဆန္းပုံေပါက္သည္ဟုခံစားလိုက္ရေပမဲ့ ဘာကထူးဆန္းမွန္းမေျပာတတ္ေပ။

ဟြမ္က်ားဝမ္ႏွင့္ဝမ္ရန္ကဒီလူကိုတစ္ခ်က္၊ ဟိုလူကိုတစ္ခ်က္ၾကည့္ကာ ေရွာ့ခ္ရသြားသည္: မဟုတ္ေသးပါဘူး၊ ဥယ်ာဥ္မႉး႐ႊီကမိစ္ဆာနတ္ဘုရားဆိုတာဘယ္လိုလုပ္သိသြားၾကတာတုန္း?

ေကာယြိမကန့္ကြက္ေတာ့ အျခားသူမ်ားကလည္းခပ္ျမန္ျမန္သေဘာတူၾကသည္။

ယန္ဖုန္းကစုန့္လင္ကိုမယုံၾကည္သျဖင့္ ရဲတိုက္ထဲဝင္ၿပီးလူဘယ္လိုကယ္မလဲဆိုတာစဥ္းစားရအုံးမည္။

ထိုစဥ္စုန့္လင္ကသက္ျပင္းခ်ကာ"ဝန္ခံ"လာသည္။
"တကယ္ေတာ့....ငါကလည္းကစားသမားပါပဲ။"

ယန္ဖုန္းႏွင့္အျခားသူမ်ားမိန္းေမာသြားသည္။ သူတို႔ဂိမ္းထဲဝင္တုန္းကစနစ္ကကစားသမားရွစ္ေယာက္ရွိတယ္လို႔ေသခ်ာႀကီးေျပာသြားတာ။ ဘယ္လိုလုပ္တစ္ေယာက္ပိုလာမွာလဲ။

သို႔ေသာ္စုန့္လင္ကသူ႕ကိုယ္သူကစားသမားဟုေျပာလာတုန္းက သူႏႈတ္ဆိတ္မသြားေပ။ ဒါကကစားသမားမ်ားမွာသာရွိသည့္ဆက္ဆံမႈျဖစ္သည္။

ကစားသမားမ်ားမွာမ်က္ေမွာင္အသာၾကဳတ္မိၿပီးစဥ္းစားမရေတာ့ေပ။ အဆုံးသတ္မွာေတာ့စနစ္ခ်ိဳ႕ယြင္းသြားၿပီး လူတစ္ေယာက္လိုသြားသည္ဟုေတြးလိုက္႐ုံသာတတ္နိုင္သည္။

"ဒီကမၻာကငါတို႔ေနတဲ့ကမၻာအစစ္နဲ႕ဆက္စပ္ေနတာ။ ငါဂိမ္းထဲဝင္လာၿပီးေနာက္မွ ကြၽန္းေပၚကNPCအမ်ားစုကတကယ့္ဘဝမွာငါသိတဲ့လူေတြျဖစ္ေနတယ္ဆိုတာငါသိလိုက္ရတာ။ အႏၱရာယ္ကင္းေအာင္လို႔ ငါကြၽန္းသူကြၽန္းသူေတြထဲကငါသိတဲ့လူတစ္ေယာက္အိမ္မွာေနၿပီး အေျခအေနကိုတိတ္တခိုးစူးစမ္းၾကည့္ခဲ့တယ္..."

စုန့္လင္ကသူအျခားကစားသမားမ်ားႏွင့္အတူမလုပ္ေဆာင္ခဲ့ရသည့္အေၾကာင္းရင္းကိုစကားလုံးအနည္းငယ္ျဖင့္ရွင္းျပၿပီး သူကိုယ္တိုင္၊ ႐ႊီယန့္ႏွင့္လင္ခုံးလုတို႔ၾကားကအရႈပ္ေတာ္ပုံကိုပါေျပာလိုက္သည္။ ဒါေပါ့၊ သူကလင္ခုံးလုကိုလွည့္စားခဲ့တဲ့တစ္ေယာက္ျဖစ္သည္။

"ဒီဂိမ္းထဲမွာပါသူတို႔နဲ႕ဒီလိုဆက္ဆံေရးရွိမယ္မထင္ထားခဲ့ဘူး။ အိုင္း၊ ကြၽန္းပတ္လည္ကပင္လယ္မေကာင္းဆိုးဝါးေတြကိုေတာ့ သူတို႔ဘယ္ကေရာက္လာမွန္းမသိဘူးရယ္။ သူတို႔ကိုဂိမ္းဆက္တင္ကထည့္သြင္းထားတာျဖစ္..."

သူေျပာတာကအမွန္တစ္ဝက္အမွားတစ္ဝက္ဆိုယန္ဖုန္းသိတာမို႔ သူတည့္တိုးျဖတ္ေျပာလိုက္သည္။
"မင္းသခင္ေလးကိုဘယ္လိုကယ္ခ်င္လဲ။"

ဒါကိုၾကားေတာ့ဟြမ္က်ားဝမ္တိတ္တခိုးအံ့ၾသသြားရသည္။ သူမလည္းခ်မ္းသာႂကြယ္ဝေသာမိသားစုတစ္စုကမွတ္ဉာဏ္ေပ်ာက္သြားသည့္သခင္ေလးကိုဆင္ေျခဖုံးရပ္ကြက္ကဆင္းရဲသားေကာင္ေလးတစ္ေယာက္ကျပန္ေပးဆြဲသြားခဲ့သည့္အေၾကာင္းေကာဟလာဟကို သူမအတန္းေဖာ္ဆီကၾကားဖူးသည္။ အေၾကာင္းကေတာ့ထိုေကာလဟာလထဲမွာပါဝင္သူႏွစ္ေယာက္မွာခန္းလန္တကၠသိုလ္၏အထက္တန္းေက်ာင္းခြဲမွေက်ာင္းသားမ်ားျဖစ္ေနေသာေၾကာင့္ပင္။ မထင္မွတ္ဘဲဒီဂိမ္းထဲဝင္လာၿပီးေနာက္မွာ ေကာလဟာလကိုအနီးကပ္ၾကည့္လို႔ရ...

ေနပါအုံး၊ မဟုတ္ေသးဘူး၊ ဒီဂိမ္းကတကယ့္အျဖစ္အပ်က္ကိုအေျခခံထားတာမွန္းသူတို႔မသိခဲ့ေပမဲ့သူမ၏လက္ေတြ႕ဘဝမွာေတာ့ နတ္ဘုရားကြၽန္းမွာထူးဆန္းေသာေသဆုံးျခင္းမ်ားျဖစ္ပ်က္ခဲ့သည္။ ကြၽန္းေပၚမွာအသက္ရွင္က်န္ရစ္သူမရွိသည့္အျပင္သခင္ေလးပါေသသြားသည္ဟုဆို၏။

ဒီေတာ့စုန့္လင္၊ သခင္ေလးနဲ႕႐ႊီယန့္၊ ဒီလူသုံးေယာက္ကလက္ေတြ႕မွာတစ္ေယာက္ကိုတစ္ေယာက္သိၾကတယ္။ တစ္ေယာက္ကကစားသမားျဖစ္လာၿပီး တစ္ေယာက္ကထူးျခားဆန္းၾကယ္စြာေသဆုံးသြားတဲ့အျပင္ ေနာက္တစ္ေယာက္ကေတာ့ေသလားရွင္လားမသိရဘူး။ ဂိမ္းထဲမွာ သခင္ေလးနဲ႕မိစ္ဆာနတ္ဘုရား႐ႊီယန့္တို႔ႏွစ္ေယာက္လုံးကိုယ္ပိုင္အသိစိတ္ရလာတယ္လို႔ ယြမ္ရွီးခြၽမ္းကေျပာတယ္ဆိုေတာ့.....

လက္ေတြ႕ကသခင္ေလးကေသသြားၿပီး ဂိမ္းထဲကသခင္ေလးကကိုယ္ပိုင္အသိစိတ္ရလာတယ္...

ဟြမ္က်ားဝမ္ႏွလုံးတစ္ခ်က္ေဆာင့္ခုန္သြားကာ႐ုတ္တရက္ဝမ္ရန္၏လက္ကိုလွမ္းကိုင္ၿပီး သူမကိုေဘးကိုတိတ္တိတ္ေလးဆြဲေခၚသြားကာ ခပ္တိုးတိုးေျပာလိုက္မိသည္။
"ယန္က်ဲ၊ ညီမအထင္....သခင္ေလးကလက္ေတြ႕ကသခင္ေလးျဖစ္နိုင္တယ္။ ညီမတို႔လိုမ်ိဳးသူကလူသားပဲ၊ ေဒတာမဟုတ္..."

ဝမ္ရန္မိန္းေမာသြားကာသူမကိုဆြဲဆိတ္ကာတိုးတိုးျဖတ္ေျပာလိုက္သည္။
"မေျပာနဲ႕အုံး။"

ထိုသို႔ေျပာၿပီးေနာက္သူမစုန့္လင္ကိုအလိုလိုတစ္ခ်က္ၾကည့္လိုက္မိသည္။ ဒီကစားသမား"အသစ္"မွာမေကာင္းတဲ့ရည္႐ြယ္ခ်က္ရွိေတာ့သတိထားတာအေကာင္းဆုံးပဲ။

ကံေကာင္းခ်င္ေတာ့စုန့္လင္ကသူတို႔ႏွင့္နည္းနည္းလွမ္းေနသည့္အျပင္ယန္ဖုန္းႏွင့္ကယ္တင္ေရးအစီအစဥ္ကိုေဆြးႏြေးေနသျဖင့္သူတို႔ကိုသတိမထားမိေပ။

"အဲ့ႏြယ္ပင္ေတြကမိစ္ဆာနတ္ဘုရားရဲ႕အသိစိတ္နဲ႕ဆက္ႏြယ္ေနတယ္ဆိုတာငါရွာေတြ႕ခဲ့တယ္။ ငါဂိမ္းထဲမဝင္ခင္တုန္းကငါဒိုင္းကာအက်ီႀကိဳလဲခဲ့တယ္၊ အဲ့ဒါကဒိုင္းကာအက်ီဝတ္ထားတဲ့လူကိုႏြယ္ပင္ေတြရွာမေတြ႕ေအာင္လုပ္ေပးနိုင္တယ္။ ၿပီးေတာ့ဒီဂိမ္းဆက္တင္ထဲမွာမိစ္ဆာနတ္ဘုရားမွာျပႆနာရွိေနတယ္။ ငါဒီနည္းလမ္းကိုသုံးၿပီးေတာ့သူ႕ကိုမွ်ားေခၚသြားလို႔ရတယ္၊ မင္းကအထဲဝင္ၿပီးလူသြားကယ္ေပါ့။"

စုန့္လင္ကသူ႕အစီအစဥ္ကိုရိုးရိုးေလးေျပာျပလာၿပီး သူ႕ကိုယ္သူအတြက္အႏၱရာယ္မ်ားေသာအလုပ္ကိုအထူးသီးသန့္ယူလိုက္ပုံမွာ ကစားသမားမ်ား၏လက္ခံမႈကိုေမွ်ာ္လင့္ေနသည့္အလား။ ယန္ဖုန္းသူ႕ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးမွေနာက္ဆုံးမွာေခါင္းၿငိမ့္ၿပီးေျပာလိုက္သည္။ "ေကာင္းၿပီ။"

*

ရဲတိုက္ထဲတြင္ လင္ခုံးလုမွာစုန့္လင္တစ္ေယာက္"အခ်စ္ႀကီးကာေျဖာင့္မတ္"ေနၿပီး သူ႕ကိုအမွန္တကယ္ကယ္တင္ဖို႔ႀကိဳးစားေနမွန္းမသိေသးေပ။

သူသိရင္ေတာင္ျငင္းမိေလာက္မယ္။ ႐ႊီယန့္နဲ႕တိုးရင္ မီးထဲေလာင္စာထပ္ထည့္သလိုမျဖစ္သြားဘူးလား။

ေရခ်ိဳးခန္းထဲမွာ႐ႊီယန့္ကေဆးေၾကာၿပီးသြားၿပီးခဏၾကာေတာ့ထြက္လာသည္။

လင္ခုံးလုကဒီကမၻာငယ္ေလး၏ဇာတ္ၫႊန္းကိုစနစ္ႏွင့္ေလ့လာေနတာျဖစ္သည္။ သူကအသံၾကားေတာ့မ်က္စိတင္းတင္းမွိတ္ကာငိုရလြန္းလို႔ပင္ပန္းၿပီးအိပ္ေပ်ာ္သြားခ်င္ေယာင္ေဆာင္လိုက္သည္။

သို႔ေသာ္႐ႊီယန့္ကသူ႕ကိုလႊတ္ေပးခ်င္ပုံမရ။ ခဏၾကာေတာ့တစ္ဖက္လူကကိုယ္ကိုကိုင္းကာသူ႕ေမးေစ့ကိုမသိမသာေအးစက္ေသာလက္ေခ်ာင္းမ်ားျဖင့္ညွစ္ကိုင္လိုက္တာကိုသတိထားမိလိုက္ၿပီး သူ႕တစ္ကိုယ္လုံးမွာအေအးဓာတ္ႏွင့္စိုစြတ္မႈတို႔ျပည့္လို႔ေနသည္။

0687: အယ္၊ ေရေအးခ်ိဳးလာတယ္။

လင္ခုံးလု: ပါးစပ္ပိတ္ၿပီးလစ္လိုက္ေတာ့။

လင္ခုံးလုမ်က္စိတင္းတင္းမွိတ္ကာရင္ထဲမွာတိတ္တိတ္ေလးေတြးလိုက္မိသည္: ငါအိပ္ေပ်ာ္ေနၿပီ၊ ငါတကယ္အိပ္ေပ်ာ္ေနၿပီ။

႐ႊီယန့္ကသူအိပ္ခ်င္ေယာင္ေဆာင္ေနမွန္းသိပုံရကာသူ႕လက္ေခ်ာင္းထိပ္မ်ားႏွင့္သူ၏ႏူးညံ့ကာနီေစြးေသာႏႈတ္ခမ္းကိုဖိလာသည္။ တစ္ေအာင့္ၾကာေတာ့သူက႐ုတ္ျခည္းေခါင္းငုံ႕ကာသူ႕ကိုနမ္းလာသည္။

အနမ္းလို႔ေျပာဖို႔ကနည္းနည္းယဥ္ေက်းေပမဲ့တတိတိကိုက္ဝါးေနတာႏွင့္ပိုတူသည္။ လင္ခုံးလုေနာက္ေစ့မွကိုင္လ်က္သူ၏မသိမသာေအးစက္ေသာရင္ခြင္ထဲဆြဲသြင္းခံလိုက္ရသည္။ သူဟာေခါင္းေမာ့ထားရၿပီး လူငယ္ေလး၏မသိမသာပိန္ပါးေသာခႏၶာကိုယ္မွာေလးအျဖစ္ဆန့္ထားရသည္။

႐ႊီယန့္ကသူ႕ကိုအျပစ္ေပးမႈတစ္စြန္းတစျဖင့္ ပိုမိုျပင္းျပစြာနမ္းရွိုက္လိုက္သည္။ ေရေအးမွာသိသိသာသာကိုအသုံးမဝင္ေပ။

လင္ခုံးလုမေနနိုင္ဘဲညည္းလိုက္မိၿပီး သူ႕ႏႈတ္ခမ္းႏွင့္လွ်ာထုံက်င္လာေပမဲ့ ထိုသို႔ဆိုရင္ေတာင္ သူကမ်က္စိတင္းတင္းမွိတ္ထားပုံမွာ သူမ်က္စိမဖြင့္သေ႐ြ႕ သူအိပ္ေပ်ာ္ေနၿပီးသူ႕ရည္းစားေဟာင္းဆီက"ကလဲ့စား"ကိုရင္ဆိုင္စရာမလိုသည့္အလား။

႐ႊီယန့္ကသူ႕အျပဳအမူကိုအလြန္ေဒါသထြက္သြားကာသူ႕ကိုလႊတ္ေပးၿပီးပင့္သက္ရွိုက္လိုက္မိသည္။ သူ႕မ်က္လုံးမ်ားကနံရံေပၚရွိႏွင္းဆီႏြယ္မ်ားေပၚေရာက္သြားကာ သူ႕မ်က္လုံးမ်ား႐ုတ္ျခည္းမည္းေမွာင္သြားေတာ့သည္။

လင္ခုံးလုမွာလႊတ္ေပးခံလိုက္ရၿပီးေနာက္ တိတ္တခိုးသက္မခ်မိကာသူလြတ္ေျမာက္သြားၿပီဟုေတြးလိုက္မိသည္။ မထင္မွတ္ဘဲေနာက္တစ္ခဏမွာမသိမသာေအးစက္ေသာႏြယ္ပင္မ်ားကသူ႕ေျခက်င္းဝတ္ကိုရစ္ပတ္ကာ သူ႕ေဘာင္းဘီေအာက္ေျခထဲဝင္လာၿပီးေနာက္သူ႕ခါးကိုရစ္ပတ္လာၿပီး ထို႔ေနာက္သူ႕အက်ီေအာက္မွာ....

လင္ခုံးလု႐ုတ္တရက္ဟန္မေဆာင္နိုင္ေတာ့ေပ။ သူအလြန္ေၾကာက္လန့္သြားကာအလ်င္စလိုမ်က္စိဖြင့္လိုက္မိသည္။ သူ႕လက္မ်ားလုံးဝအခ်ဳပ္မခံလိုက္ရခင္ သူအလ်င္စလို႐ႊီယန့္ရင္ခြင္ထဲပစ္ဝင္ကာအထိတ္တလန့္ေျပာလိုက္မိသည္။
"ေရွာင္ဟြား၊ ငါဒါကိုမလိုခ်င္ဘူးလို႔၊ ဝူးဝူး..."

႐ႊီယန့္ကအေျခအေနကိုအခြင့္ေကာင္းယူကသူ႕ခႏၶာကိုယ္ကိုေပြ႕ဖက္ၿပီး အက္ရွရွဆိုလာသည္။
"ဘာကိုမလိုခ်င္တာလဲ။"

သခင္ေလးကေၾကာက္သြားပုံရကာသူ႕ကိုတင္းတင္းဖက္ရင္းဆိုလာသည္။
"ဒါကိုမလိုခ်င္ဘူး၊ ဖယ္၊ ဖယ္ေပး..."

႐ႊီယန့္မ်က္လုံးမ်ားမွိန္က်သြားကာသူ႕လည္တိုင္အေနာက္ကိုထိန္းကိုင္ၿပီးပြတ္သပ္ကာေမးလိုက္သည္။
"ႏွင္းဆီပန္းမႀကိဳက္ဘူးလား။"

"မႀကိဳက္ေတာ့ဘူး..."
သခင္ေလးကဆို႔နင့္ကာေခါင္းခါလာသည္။

႐ႊီယန့္ျဖည္းျဖည္းခ်င္းေျပာလိုက္သည္။
"ဒါေပမဲ့မလိမ္မာရင္အၿမဲအျပစ္ေပးခံရမွာ။ မင္းဒါကိုမလိုခ်င္ရင္အျခားတစ္ခုေတာင္းဆိုမွရမယ္။"

သခင္ေလးေတာင့္ခဲသြားကာသူ႕ကိုမ်က္ရည္ဝိုင္းေသာမ်က္လုံးမ်ားျဖင့္ေတာင္းေတာင္းဆိုဆိုၾကည့္လိုက္မိသည္။

႐ႊီယန့္ကမလႈပ္ရွားသြားသည့္အလားမထူးျခားမျခားပုံႏွင့္ပင္။

လင္ခုံးလုအံၾကတ္လိုက္မိၿပီးခဏတာတုံ႕ဆိုင္းသြားရၿပီးမွသူ႕လည္တိုင္ကိုတင္းတင္းလွမ္းဖက္ကာတီးတိုးဆိုလိုက္မိသည္။
"ဒါ ဒါဆိုငါမင္းကိုလိုခ်င္တယ္။"

ဘယ္ႏွင့္ညာႏွစ္ခုလုံးမီးေမႊးခံရဖို႔ျဖစ္ေနမွေတာ့ဒီစိတ္ပ်က္စရာႏြယ္ပငေတြကိုအရင္ဖယ္ရွားလိုက္တာပိုေကာင္းတယ္။

႐ႊီယန့္၏ေအးစက္စက္မ်က္ႏွာထားေနာက္ဆုံးတြင္အက္ကြဲသြားပုံမွာ သူထိုသို႔ေျပာလာမည္ဟုမထင္ထားမိသည့္အလား။

တစ္ေအာင့္ၾကာေတာ့ႏြယ္ပင္မ်ားတကယ္ျပန္ဆုတ္သြားၿပီး ထို႔ေနာက္႐ႊီယန့္ကသူ႕ကိုလႊတ္ေပးကာတည္ၿငိမ္ေပမဲ့မတည္ၿငိမ္ေသာအသံျဖင့္ေျပာလာသည္။
"ဒါဆို...မင္းရဲ႕ရိုးသားမႈကိုျပေလ။"

သခင္ေလးကသူ႕ကိုဗလာက်င္းစြာစိုက္ၾကည့္လို႔ေနသည္။

႐ႊီယန့္သူ႕ကိုတစ္ခ်က္ၾကည့္ကာေအးစက္စက္ေျပာလိုက္သည္။
"ကိုယ္မင္းကိုကူညီေပးဖို႔လိုလား။"

သခင္ေလးကသူဘာေၾကာင့္ဒီေလာက္အၾကင္နာတရားမဲ့သြားလဲဆိုတာနားမလည္သည့္အလား႐ုတ္ျခည္းမေက်မနပ္ျဖစ္သြားသည္။

႐ႊီယန့္ကမထူးျခားမျခားနားျဖစ္ေနတုန္းပင္။ ဒါကိုျမင္ေတာ့သခင္ေလးမွာေ႐ြးခ်ယ္စရာမရွိဘဲအံႀကိတ္ကာတုန္တုန္ရီရီျဖင့္အက်ီေကာ္လာကိုၾကယ္သီးျဖဳတ္လိုက္သည္။

သူတအားေၾကာက္ေနသျဖင့္ သူ႕လက္ေခ်ာင္းျဖဴျဖဴသြယ္သြယ္မ်ားမွာတုန္ရီလို႔ေနၿပီး အခ်ိန္အေတာ္ၾကာေအာင္ျဖဳတ္မရျဖစ္ေန႐ုံသာ။ သူ၏မ်က္ရည္မ်ားကဆက္တိုက္စီးက်ေနၿပီး သူ႕လက္ေခ်ာင္းမ်ားေပၚက်ေနေတာ့ အခုဆိုသူပို၍ပင္ျဖဳတ္မရေတာ့ေပ။

သူ႐ႊီယန့္ကိုတိတ္တခိုးေမာ့ၾကည့္မိေတာ့တစ္ဖက္လူ၏မ်က္ႏွာမွာတည္တင္းေနၿပီးနည္းနည္းေလးမွပိုေကာင္းမလာမွန္းျမင္လိုက္ရသည္။ သူပို၍ပင္ထိတ္လန့္ကာမေက်မနပ္ျဖစ္သြားၿပီး ရိုးရိုးေလးၾကယ္သီးျဖဳတ္တာကိုလက္ေလွ်ာ့ကာေခါင္းေမာ့ၿပီးလက္ဦးမႈရယူကာတစ္ဖက္လူကိုနမ္းလိုက္သည္။

သူမ်က္စိတင္းတင္းမွိတ္ကာသူ႕မ်က္ေတာင္မ်ားစိုစြတ္ကာတုန္ရီေနပုံမွာစိုစြတ္ေသာအေတာင္ပံႏွင့္လိပ္ျပာေလးပမာ၊ သူ႕မ်က္ႏွာထားမွာယဇ္ေကာင္ပမာေၾကာက္႐ြံ႕ေနပုံပင္။

အနမ္းစေတာ့မည့္အခ်ိန္မွာ ႐ႊီယန့္က႐ုတ္တရက္ဆိုလာသည္။
"ရၿပီ။"

လင္ခုံးလုေၾကာက္လန့္တၾကားတုန္သြားကာအထိတ္တလန့္မ်က္စိဖြင့္ၿပီး သူ႕ကိုဇေဝဇဝါျဖစ္စြာၾကည့္လိုက္မိသည္။

႐ႊီယန့္ကမ်က္စိမွိတ္ကာသူ႕လက္ကိုအသာဖယ္ခ်ၿပီးစိတ္ဖိစီးေသာေလသံျဖင့္ေျပာလိုက္သည္။
"ကိုယ္ေနာက္ေနတာ၊ မင္းနားလို႔ရၿပီ။"

ထိုသို႔ေျပာၿပီးေနာက္လင္ခုံးလု၏တုံ႕ျပန္မႈကိုမေစာင့္ဘဲ ထရပ္ကာအခန္းထဲကခပ္ျမန္ျမန္ထြက္သြားပုံမွာ ထြက္ေျပးသြားသည့္အလားပင္။

လင္ခုံးလုမ်က္ႏွာေပၚမွာ႐ုတ္တရက္?ေပၚလာသည္။ ဘာျဖစ္သြားတာလဲ။ သူမီးေမႊးခံဖို႔အသင့္ျပင္လိုက္ေပမဲ့သူ႕ကိုမီးေမႊးခဲ့တဲ့လူကထြက္သြားတယ္လား?

သူ႕သ႐ုပ္ေဆာင္စေကးကအရမ္းေကာင္းၿပီးသနားစရာေကာင္းသြားလို႔ ႐ႊီယန့္မီးမေမႊးနိုင္ေတာ့တာမ်ားလား။

0687: "...." ဆင္ဆာအလကားဖ်က္မိသြားျပန္ၿပီ။

-----------

Continue Reading

You'll Also Like

7.4K 89 39
❝WE'RE ON ANOTHER MENTALITY.❞ IN THE WAKE OF ELENA GILBERT'S GOODBYE, THE OTHERS PROCEED ON WITH THEIR LIVES, ALONGSIDE THEIR RECOVERY FROM LOSS, WIT...
376K 15.5K 110
"Thank you for texting me spiker." #1- miyaosamu #1- sakusaxreader #1- inarizaki #1- textfic #1- haikyuufanfiction #1- textmate
65.3K 2.4K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
143K 6.2K 29
!Adult/Possessive and Asshole!