ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

By Boss_want_to_eat_you

115K 24K 512

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.6K 356 6
By Boss_want_to_eat_you

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၃)။

လင်ခုံးလုမှာမြက်ခြောက်ပေါ်တွန်းဖိခံလိုက်ရပြီး ဒီအချိန်မှာရွှီယန့်သူ့ကိုနမ်းလာမည်ဟုမထင်ထားသည့်အလား သူ့မျက်လုံးများရုတ်ခြည်းပြူးကျယ်သွားရလေသည်။

သူအလိုလိုလက်ဆန့်ကာတွန်းဖယ်ဖို့လုပ်လိုက်ပေမဲ့အလွယ်လေးအချုပ်ခံလိုက်ရသည်။

ရွှီယန့်ကသူ့လက်ကောက်ဝတ်ကိုလှမ်းကိုင်ကာသူ့ကိုပြင်းရှရှနမ်းလာပုံမှာ သူ့ကိုဝါးမျိုချင်သည့်အလား။ လင်ခုံးလုပါးညောင်းလာပြီး သူ့လျှာထုံကျင်လာကာ အသက်ရှူရခက်လာသည်။ ခဏကြာတော့သူ၏လှပသောမျက်ဝန်းတစ်စုံမှာရီဝေလာတော့သည်။

ထိုစဥ်စုန့်လင်၏အသံကထပ်ထွက်လာသည်။ "ရှောင်လု မင်းလား။"

ယန်ဖုန်းမှာအနောက်လှည့်ပြီး ဒီလူ့ကိုသိလားဟုလင်ခုံးလုကိုမေးလိုက်ချင်ပေမဲ့ သူအနောက်လှည့်လိုက်သည်နှင့် သခင်လေးမှာရွှီယန်ထံမှမြက်ပေါ်ဖိချကာအနမ်းခံနေရတာကိုမြင်လိုက်ရသည်။ သူ့မျက်ဝန်းများမှာမျက်ရည်နှင့်ပြည့်နေပြီး သူ့မျက်ဝန်းထောင့်စွန်းမှာနီစွေးလို့နေကာ အတင်းဖွင့်ဟခံထားရသည့်ပါးစပ်မှာပိတ်မရသလိုမျိုးဖြစ်နေပုံပင်။ သူရုတ်ခြည်းမျက်စိကျိန်းသွားကာအလျင်စလိုတိတ်တိတ်လေးအရှေ့ကိုပြန်လှည့်လိုက်မိသည်။

ယွမ်ရှီးချွမ်းမှာသူစကားတစ်ခွန်းမှမမေးဘဲအရှေ့ကိုပြန်လှည့်လာတာမြင်တော့အနည်းငယ်အံ့သြသွားမိသည်။ သူအလိုလိုအနောက်ကိုတစ်ချက်လှည့်ကြည့်မိတော့ရုတ်တရက်ရင်ထဲမှာ"ဖာ့ခ်"ဟုဆိုမိကာတိတ်တခိုးတွေးလိုက်မိသည်: စိတ်လှုပ်ရှားစရာပဲ။

အချိန်နှင့်နေရာကတော်တော်လေးမှန်မနေရုံသာ။

ယန်ဖုန်းသေနတ်ကိုင်လျက်ထရပ်ကာစုန့်လင်ကိုကြည့်ပြီးပြောလိုက်သည်။
"လူကြီးမင်း....မစ္စတာစုန့်လင်လား။"

ဒီနာမည်ကခုနကသခင်လေးခေါ်လိုက်တဲ့ဟာဖြစ်ပုံပဲ။

စုန့်လင်ကသူဖြစ်နေမှန်းမြင်တော့တစ်အောင့်ကြာကြောင်အမ်းသွားပြီးတုံ့ဆိုင်းစွာဆိုလာသည်။
"ကျွန်တော်ကစုန့်လင်ပါ၊ မင်းက...."

ယန်ဖုန်းသေနတ်သိမ်းကာသူ့ကိုယ်သူမိတ်ဆက်လိုက်သည်။
"ယန်ဖုန်း၊ တိုင်ဖွန်းမလာခင်တုန်းကကျွန်းပေါ်ရောက်လာခဲ့တဲ့ခရီးသွားတွေပါ၊ ရဲတိုက်မှာနေခဲ့ဖူးပါတယ်။"

"အော်...." စုန့်လင်ရုတ်ခြည်းသဘောပေါက်သွားကာ သူ့အနောက်ကလူများကိုသေနတ်သိမ်းရန်လက်ဟန်ပြလိုက်ပြီးပြောလိုက်သည်။
"ဒါဆိုမင်းရှောင်လုကိုသိမှာပေါ့၊ သူကလည်းရဲတိုက်ထဲမှာနေတာ၊ သူကရဲတိုက်ပိုင်ရှင်လေ၊ သူကကျွန်တော်ရဲ့....သတို့သားလောင်းဆိုလည်းဟုတ်တယ်။ ဒါနဲ့ကျွန်တော်ခုနကသူ့အသံကိုကြားလိုက်သလားလို့။ သူလည်းဒီမှာရှိနေတာလား။"

ယန်ဖုန်းတိတ်ကျသွားပြီးမှပြောလိုက်သည်။ "ဟုတ်တယ်။"

"တကယ်?" စုန့်လင်ကချက်ချင်းအံ့သြသွားပုံရကာသူ့ကိုမျှော်လင့်တကြီးကြည့်လာသည်။ "ဒါဆိို...."

ဒါဆိုဘာလဲ? မင်းသူ့ကိုခေါ်လိုက်လေ။

ယွမ်ရှီးချွမ်းနှင့်အခြားသူများကတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းလှည့်ပြီးတစ်ချက်ကြည့်လိုက်ပြီးမှ တိတ်တိတ်လေးအရှေ့ကိုပြန်လှည့်လိုက်သည်။

ဒါက....သူအလုပ်များနေလို့မင်းကိုတွေ့ဖို့အဆင်မပြေဘူးရယ်။

ထိုစဥ်လင်ခုံးလုမှာလွှတ်ပေးခံလိုက်ရပြီးမသိမသာမောဟိုက်လို့နေသည်။ သူရွှီယန့်ကိုစိုစွတ်သောမျက်ဝန်းများဖြင့်စူးစိုက်ကြည့်လိုက်ပေမဲ့ ခက်ထန်မှုမရှိပေ။

ရွှီယန့်လက်မြှောက်ကာသူ့လက်မကိုသုံးပြီးသူ့မျက်ဝန်းထောင့်မှစိုစွတ်မှုကိုသုတ်ဖယ်ပေးကာ အရေပြားကိုမနီလာမချင်းဖိပွတ်လိုက်သည်။ ထို့နောက်သူလွှတ်အေးကာခပ်တိုးတိုးမေးလိုက်သည်။
"မင်းသူ့ကိုသိပ်တွေ့ချင်နေတာလား။"

လင်ခုံးလုနှုတ်ခမ်းစေ့ကာဘာမှမဆိုဘဲ သူ၏လှပသောမျက်ဝန်းများကိုသုံးကာ သူ့ကိုမျက်စောင်းထိုးပြီး ပြောလိုက်သည့်အလား: ဥယျာဥ်မှူးလေး၊ အကြောင်းမရှိဘဲပြဿနာမရှာစမ်းနဲ့။

ရွှီယန့်ခါးကိုင်းကာသူ့နားထဲတွင်တီးတိုးဆိုလိုက်သည်။
"ကိုယ့်ကိုထပ်နမ်းရင်ကိုယ်မင်းကိုတွေ့ခွင့်ပေးမယ်။"

လင်ခုံးလုတွေးကြည့်လိုက်ပြီးမှသူ့အကျီအိတ်ကပ်ထဲမှနှင်းဆီပန်းကိုထုတ်ကာ သူ့နှုတ်ခမ်းပေါ်တင်လိုက်ပြီး သူ၏လက်ချောင်းထိပ်များသုံးကာ ပွင့်လွှာများကိုပွတ်သပ်လိုက်သည်။

နမ်းလေ၊ နမ်းလိုက်၊ မင်းပန်းမင်းနမ်းလိုက်တော့။

ရွှီယန့်ရယ်မောလိုက်ပြီးသူ့ပါးစပ်ထဲမှာပွင့်လွှာကိုကိုင်ကာသူ့ကိုထပ်နမ်းလိုက်သည်။ ခဏကြာတော့ပန်းကသူတို့နှုတ်ခမ်းကိုနီစွေးသွားစေသည်။

မိနစ်အနည်းငယ်ပိုကြာသွားပြီးမှလင်ခုံးလုချုံပုတ်ထဲကထွက်လာသည်။ သူထရပ်လိုက်ချိန်သူ့အသက်ရှူနှုန်းမှာအနည်းငယ်မတည်မငြိမ်ဖြစ်နေသေးသည်။

စုန့်လင်ကသူ့ကိုမြင်သွားသည်နှင့် သူ့မျက်နှာထားမှာပျော်ရွှင်မှုဖြင့်တောက်ပသွားပြီး လမ်းပိတ်ထားသည့်ယန်ဖုန်းကိုကျော်ကာသူ့ဆီချက်ချင်းလျှောက်သွားလိုက်သည်။

ဒါကိုမြင်တော့အခြားကစားသမားများကလည်းချုံပုတ်ထဲမှထရပ်လိုက်ကြသည်။

"ရှောင်လု၊ မင်းအဆင်ပြေနေတာကောင်းတယ်။ ကိုယ်ကျွန်းပေါ်ရောက်တာနဲ့ကျွန်းပေါ်မှာတစ်ခုခုဖြစ်ခဲ့တာကိုကိုယ်ခုနကပဲသိလိုက်ရ...."
စုန့်လင်ကအံ့သြတကြီးဆိုလေသည်။

သို့သော်သူပြီးအောင်မပြောရသေးခင် လင်ခုံးလုအနောက်မှာရှိနေသည့်ရွှီယန့်ကသူ့ဘောင်းဘီအောက်ခြေပေါ်ကသစ်ရွက်​ခြောက်များကိုခါချပြီး ထရပ်ကာသူ့ကိုအေးဆေးသောမျက်နှာထားဖြင့်ကြည့်လိုက်သည်။

စုန့်လင်မျက်နှာပေါ်ကအပြုံးအေးခဲသွားရုတ်ခြည်းပျောက်ကွယ်သွားလေသည်။

ထိုအခါမှသာလင်ခုံးလု၏နှုတ်ခမ်းမှာနီရဲဖူးယောင်နေသည့်အပြင် သူ့မျက်လုံးများမှာလည်းမသိမသာနီရဲကာစိုစွတ်နေမှန်းသဘောပေါက်လိုက်သည်။ သူခုနကအနိုင်ကျင့်ခံခဲ့ရမှန်းသိသာသည်။ သူ့ဘေးမှာရပ်နေသည့်ရွှီယန့်ကသူ့ကိုကြွားဝါကာလှောင်ပြောင်ဟားတိုက်မှုတစ်စွန်းတစဖြင့်ကြည့်နေပေသည်။

စုန့်လင်၏မျက်ဝန်းထဲမှာအနက်ရောင်အလင်းတစ်ချက်လက်သွားကာ သူလင်ခုံးလုကိုကြည့်ပြီးမေးလိုက်မိသည်။
"ရှောင်လု၊ သူက...."

"အိုး၊ ငါ့ကောင်လေးလေ။"
လင်ခုံးလုပုံမှန်မျက်နှာထားဖြင့်မိတ်ဆက်ပေးကာပြောလိုက်သည်။
"ဒါနဲ့ မင်းဘာလို့ကျွန်းပေါ်ရောက်လာတာလဲ။"

ရွှီယန့်ကနှုတ်ခမ်းအသာကွေးကာစုန့်လင်ကိုလှောင်ပြုံးတစ်ပွင့်ဖြင့်ကြည့်လိုက်သည်။

ရပ်ကြည့်နေသည့်ယွမ်ရှီးချွမ်းမှာမနေနိုင်ဘဲမျက်မှန်ကိုပင့်တင်လိုက်မိပြီး သူ့မျက်ဝန်းများမှာစိတ်လှုပ်ရှားအပြည့်ပင်။

ဟွမ်ကျားဝမ်မှာမနေနိုင်ဘဲဝမ်ရန်ကိုတီးတိုးပြောလိုက်မိသည်။
"ဘာဖြစ်ကုန်တာလဲ။"

ဝမ်ရန်ကတီးတိုးဆိုသည်။
"သုံးပွင့်ဆိုင်အချစ်ကစစ်မြေပြင်ကိုလှုံ့ဆော်လိုက်ပြီ။"

သခင်လေးမှာစုန့်လင်ဟုအမည်ရသည့်စေ့စပ်မဲ့သူတစ်ယောက်ရှိသည်ဟုရဲတိုက်၏အိမ်တော်ထိန်းဟောင်းရှပူးအာပြောတာကိုသူတို့အကုန်လုံးကြားဖူးကြသည်။

စုန့်လင်၏မျက်နှာအလွန်အရုပ်ဆိုးသွားသည်။ သူကလင်ခုံးလု၏မေးခွန်းကိုမဖြေဘဲတည်တင်းစွာပြောလာသည်။
"ရှောင်လု၊ မနောက်ပါနဲ့၊ ကိုယ်တို့က..."

"သူမင်းကိုနောက်နေတာမဟုတ်ဘူး။"
ရွှီယန့်နောက်ဆုံးမှာအနိုင်ရသူဟန်ဖြင့်စကားပြောလိုက်ပြီး သူ့ကိိုကြည့်ကာပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုမိတ်ဆက်ရမယ်ဆိုရင်တော့ ရှောင်လုရဲ့သတို့သားလောင်းရွှီရှီပါ။"

ယွမ်ရှီးချွမ်း၊ ဝမ်ရန်နှင့်ဟွမ်ကျားဝမ်း: အို~

ဒီစကားကခုနကစုန့်လင်ပြောလိုက်တဲ့မဟုတ်လား။

"ရွှီရှီ?"
စုန့်လင်ကလှောင်ပြုံးပြုံးကာ ရုတ်တရက်လင်ခုံးလု၏လက်ကိုလှမ်းဆွဲပြီးဆိုလိုက်သည်။
"ရှောင်လု၊ ကိုယ်နဲ့လိုက်ခဲ့၊ ကိုယ်မင်းကိုပြောစရာရှိတယ်။"

ရွှီယန့်ကလင်ခုံးလု၏လက်မောင်းကိုလှမ်းဆွဲလိုက်ပြီး သူ့မျက်ဝန်းနက်များကစုန့်လင်၏မျက်နှာကိုစူးစိုက်ကြည့်ကာ လင်ခုံးလုကိုကိုင်ထားသည့်သူ့လက်ကိုဖြည်းဖြည်းချင်းဆွဲဖယ်ပြီး တစ်လုံးချင်းစီပြောလိုက်သည်။
"ဆောရီးပဲ၊ သူ့မှာမင်းကိုစကားပြောဖို့အချိန်မရှိဘူး။"

လင်ခုံးလုအလယ်မှာတန်းလန်းဖြစ်နေသည်: "......."

သူဘယ်နှင့်ညာကိုကြည့်လိုက်ပြီး နောက်ဆုံးမှာရွှီယန့်ဘက်မှာရပ်တည်ဖို့ဆုံးဖြတ်လိုက်သည်။

ကံကောင်းချင်တော့ ဒီကမ္ဘာမှာသူ့ချစ်သူကနှစ်ခြမ်းကွဲသွားတာမျိုးမရှိပေ။ စုန့်လင်ကသူနှင့်ဘာမှမဆိုင်။ အသေးအဖွဲ့ရွေးချယ်မှုကောင်းလေးပဲ။

စုန့်လင်၏မျက်နှာမှာပိုမိုအရုပ်ဆိုးသွားသည်။ သူတိတ်ကျသွားပြီးမှအံကြိတ်ကာပြောလိုက်သည်။
"ရှောင်လု၊ ဦးလေးကမင်းဆီစကားပါးခိုင်းလိုက်တယ်။"

လင်ခုံးလုကသူ့ကိုကြည့်လိုက်သည်။

ရွှီယန့်: "ဒါဆိုဒီမှာပြောလေ။"

လင်ခုံးလုရွှီယန့်ကိုကြည့်လိုက်မိပြန်သည်။

စုန့်လင်: "ဒီမှာအပြင်လူတွေရှိတော့အဆင်မပြေဘူး။"

လင်ခုံးလုစုန့်လင်ကိုကြည့်လိုက်မိပြန်သည်။

ရွှီယန့်: "ဒါဆိုမပြောနဲ့တော့။"

လင်ခုံးလုသူ့ရင်ခွင်ထဲဆွဲသွင်းခံလိုက်ရပြန်....အဲလေ၊ ငါအလွန်ပြင်းထန်စွာအလှည့်ခံလိုက်ရတော့ခေါင်းမူးသွားပြီ။

စုန့်လင်လှောင်ပြုံးပြုံးလိုက်သည်။
"ဒါကစုန့်မိသားစုနဲ့လင်မိသားစုကြားကကိစ္စပဲ။ မင်းကအပြင်လူ..."

"ရပြီ။" လင်ခုံးလုသူ့ကိုအလျင်စလိုဖြတ်ကာပြောလိုက်သည်။
"ငါတို့ဒီကိစ္စကိုနောက်မှပြောတာပေါ့။ အခုငါတို့မှာလုပ်စရာရှိသေးတယ်။"

ကစားသမားတွေအကုန်လုံးဂိမ်းပြီးဖို့သူတို့ပြီးအောင်စောင့်နေတာကိုမမြင်ဘူးလား။

ယွမ်ရှီးချွမ်း၊ ဝမ်ရန်နှင့်ဟွမ်ကျားဝမ်: ကျွန်တော်တို့အလျင်မလိုပါဘူး၊ မင်းတို့ဆက်လုပ်ကြပါ။

စုန့်လင်ကပင့်သက်ရှိုက်ကာသူ့ဒေါသကိုဖိနှိပိနေပုံပင်။ ထို့နော​က်သူကသူနှင့်အတူခေါ်လာသည့်ငယ်သားနှစ်ယောက်ကိုပါအဖွဲ့ထဲဝင်ခိုင်းလိုက်သည်။ သူကလင်ခုံးလုဆီလျှောက်သွားကာမေးလိုက်သည်။ "ဘာကိစ္စလဲ။"

ရွှီယန့်ကလင်ခုံးလုကိုဘေးကိုဆွဲလိုက်ပြီး သူကိုယ်တိုင်ကလင်ခုံးလုနှင့်စုန့်လင်ကြားမှာဝင်ရပ်လိုက်သည်။ တိုက်ဆိုင်ချင်တော့သူ၏အမာရွတ်နှင့်မျက်နှာတစ်ခြမ်းကစုန့်လင်ကိုမျက်နှာချင်းဆိုင်လို့နေသည်။

စုန့်လင်ကထိုကြောက်မက်ဖွယ်အမာရွတ်ကိုပထမဆုံးအကြည့်တစ်ချက်ဖြင့်မြင်လိုက်ရချိန်မှာ အလွန်ရှော့ခ်ရသွားပြီးအသက်ရှူပင်အောင့်လိုက်မိသည်။ သူအံကြိတ်လိုက်ပြီးမှသည်းခံကာလင်ခုံးလုကိစ္စအကြောင်းပြောတာကိုနားထောင်လိုက်သည်။

ယွမ်ရှီးချွမ်းကအရှေ့မှာလျှောက်နေပြီး မနေနိုင်ဘဲထိုသုံးယောက်ကိုလှည့်ကြည့်ကာ ရင်ထဲမှာတိတ်တခိုးအကဲဖြတ်လိုက်မိသည်။ ရိုးရိုးသားသားပြောရရင် စုန့်လင်ရဲ့ရုပ်ရည်ကတော်တော်လေးကြည့်ကောင်းတယ်၊ ဥယျာဥ်မှူးရွှီရဲ့မှင်သက်ဖွယ်မျက်နှာတစ်ခြမ်းလောက်ကြည့်မကောင်းပေမဲ့ပေါ့၊ ဒါပေမဲ့...ဥယျာဥ်မှူးရွှီဲကရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီမလား။ ပြီးတော့စုန့်လင်ကsuitနဲ့လည်သာရှူးဝတ်ထားတာ၊ သူဒေါသမထွက်ချိန်မှာဆို အနည်းဆုံးတော့ရည်မွန်ပြီး ကောင်းမွန်တဲ့လေထုရှိတယ်။

ဒါပေမဲ့ပြောရရင်စိတ်ဓာတ်ပိုင်းကျတော့ဥယျာဥ်မှူးရွှီကအရမ်းကောင်းနေတုန်းပဲ။

သူကသာမန်အဝတ်အစားဝတ်ထားပေမဲ့လည်း ထိန်းချုပ်မရတဲ့အရှိန်အဝါနဲ့ အေးစက်ပြီးတော့ချောမောတယ်၊ သူ့မျက်လုံးတွေကစူးရှခက်ထန်မှုကိုကွယ်ဝှက်ထားတယ်။ တစ်ခါတရံယွမ်ရှီးချွမ်းသူ့ရသာမန်ဖြစ်ပုံပေါ်တဲ့အကြည့်နဲ့မသိလိုက်မသိဘာသာအကြည့်ချင်းဆုံမိသွားရင်ကျောချမ်းသွားတာရယ်။ သူကမိစ္ဆာနတ်ဘုရားဖြစ်ဖို့ထိုက်တန်တယ်လို့ပြောရမယ်။

ဒီတော့တစ်ခါတရံမှာဆို သခင်လေးဒီနတ်ဘုရားကိုထိန်းချုပ်နိုင်တဲ့အတွက် ယွမ်ရှီးချွမ်းလေးစားမိတယ်။

အခုဆိုဒီမစ္စတာစုန့်ကအခြေအနေကိုဖျက်ဆီးပစ်ပြီးတော့ ဂိမ်းလယ်ဗယ်ရှင်းမဲ့သူတို့အကြံကိုပျက်စီးအောင်မလုပ်ဖို့မျှော်လင့်မိတယ်။

လင်ခုံးလုပြောစကားကိုနားထောင်ပြီးနောက် စုန့်လင်ကမျက်မှောင်ကြုတ်ကာဆိုသည်။
"မင်းတို့ဆိပ်ကမ်းကိုသွားစရာမလိုဘူး၊ လှေကကိုယ်တို့ဟာပဲ။ ကိုယ်တိုင်ဖွန်းမလာခင်တုန်းကရှပူးအာဆီကဖုန်းကောလ်ရပြီးတော့ကျွန်းပေါ်မှာတစ်ယောက်ယောက်သေသွားမှန်းသိလိုက်ရတာ။ ကိုယ်မင်းအတွက်စိတ်ပူနေခဲ့တာ ရှောင်လုရဲ့၊ ဒါကြောင့်ကိုယ်ဒီကိုအပြေးလာချင်ပေမဲ့တိုင်ဖွန်းကြောင့်ရက်နည်းနည်းနောက်ကျသွားတာ။ မထင်မှတ်ဘဲတိုင်ဖွန်းပြီးသွားတော့ကျွန်းကမြူဆိုင်းနေပြီးတော့လိုင်းဖြတ်ခံလိုက်ရပြန်ရော။ အခြေအနေဆိုးဝါးလောက်မယ်ထင်လို့ ကိုယ်ယာယီလူနည်းနည်းခေါ်လာခဲ့တာ။"

"လူပိုများများခေါ်လာရင်ပိုကောင်းမှာ။ ကိုယ်တို့ကျွန်းပေါ်ရောက်တာနဲ့ ကိုယ်တို့တွေကိုကျွန်းသူကျွန်းသားတွေကတိုက်ခိုက်လာခဲ့တယ်။ လူအယောက်နှစ်ဆယ်မှာကျန့်ချန်း၊ ယွီဖန်း၊ ကိုယ်ရယ်ပဲကျန်တယ်၊ ပြီးတော့ကိုယ်တို့မင်းတို့နဲ့ဆုံတာပဲ။"

ရွှီယန့်လှောင်ပြုံးအသာပြုံးလိုက်မိသည်။ သူမှတ်မိတာမှန်ရင် မနေ့ကဟယ်ခွင်းသေသွားတဲ့နေရာမှာစုန့်လင်ရှိနေခဲ့တယ်။

ယွမ်ရှီးချွမ်းကရုတ်တရက်ခြေလှမ်းအနည်းငယ်မြန်မြန်လျှောက်ကာ အရှေ့ကလျှောက်နေသည့်ယန်ဖုန်းကိုအမှီလိုက်ပြီး အသံတိုးပြောလိုက်သည်။
"မင်းယုံလား။"

ယန်ဖုန်းကခေါင်းအသာခါကာခပ်တိုးတိုးဆိုလိုက်သည်။
"သူငါ့သေနတ်ပစ်ချက်ကိုရှောင်လိုက်တုန်းက သူပါးစပ်ဖွင့်လိုက်ချိန်မှာ 'ညီအစ်ကိုတို့ ပြောစရာရှိတာပြောပါ'လို့သူပြောခဲ့တယ်၊ ဒါပေမဲ့အဲ့တုန်းကငါတစ်​ယောက်ဘဲပစ်ခဲ့တာ၊ အခြားဘယ်သူမှမလှုပ်ခဲ့ဘူး။ ဘယ်သူပစ်လဲဆိုတာသူဘယ်လိုသိသွားတာလဲ။"

ယွမ်ရှီးချွမ်း: "ငါလဲအဲ့လိုထင်တယ်။ သူငါတို့ကိုတွေ့သွားပြီးတော့ ခပ်လှမ်းလှမ်းကနေငါတို့နောက်လိုက်လာတာဖြစ်မယ်။"

"ခြုံပြောရရင်ပိုပြီးသတိထားနေရမယ်။"
ယန်ဖုန်းကဆိုသည်။

အဖွဲ့၏အနောက်မှာ စုန့်လင်ကသူ့အဖြစ်အပျက်ကိုပြောပြီးသွားတော့လင်ခုံးလုကိုမေးလာသည်။
"ဒါနဲ့ရှောင်လု၊ ရှပူးအာဘယ်မှာလဲ။ သူဘာလို့မင်းနဲ့အတူမရှိတာလဲ။"

လင်ခုံးလု: "...အဟမ်း၊ သူကရဲတိုက်ထဲမှာရှိနေတုန်းပဲ။"

"ဒါဆိုမင်းက...."
စုန့်လင်ကမေးသည်။

"ရဲတိုက်ကိုသွားနေတာ။" ရွှီယန့်ကအေးစက်စက်ဆိုကာမျက်မှောင်ကြုတ်လိုက်သည်။ "နားငြီးတယ်။"

စုန့်လင်: "....."

လင်ခုံးလုနှင့်အခြားသူများရဲတိုက်ကိုသွားနေမှန်းသိလိုက်ရတော့ သူမသိမသာတန့်သွားကာသူ့နှုတ်ခမ်းထက်မှာအပြုံးတစ်ပွင့်ဖြည်းဖြည်းချင်းဖြစ်ပေါ်လာပြီးမှ ခပ်မြန်မြန်ပျောက်ကွယ်သွားကာ သူ့မျက်နှာထားပုံမှန်ပြန်ဖြစ်သွားပြီး လူတိုင်းကိုအမှီလိုက်လိုက်သည်။

ရွှီယန့်သူ့ကိုဘေးတိုက်တစ်ချက်ကြည့်ကာတိတ်တိတ်လေးလှောင်ပြုံးပြုံးလိုက်မိသည်။

*

ဆိပ်ကမ်းကိုမသွားဖို့ဆုံးဖြတ်ပြီးနောက် လူတိုင်းကလမ်းကြောင်းပြောင်းလိုက်ပြီး ခဏကြာတော့ရဲတိုက်နားကိုရောက်သွားသည်။

ကစားသမားများမှာအစကတော့ဟယ်ခွင်း၏ကျွန်းသူကျွန်းသားများကရဲတိုက်ကိုအပိုင်စီးထားလိမ့်မည်ဟုထင်ထားခဲ့ပေမဲ့ သူတို့ရဲတိုက်ကိုမြင်လိုက်ရချိန်မှာအကုန်လုံးရှော့ခ်ရသွားသည်။

တစ်ညပဲမရှိလိုက်တာ၊ နှစ်ရာချီကုန်သွားသလိုပင်။ ရဲတိုက်မှာနှင်းဆီနွယ်များဖုံးအုပ်လို့နေသည်။ တစ်ခါကအရောင်အသွေးစုံသောအုတ်နံရံများမှာထူထဲသောအကိုင်းအခက်များ၊ သစ်ရွက်နှင့်ပန်းပွင့်များဖြင့်ဖုံးအုပ်ခံထားရပြီး မမြင်ရသလောက်ပင်။ ရဲတိုက်ထိပ်ဖျားပင်နွယ်ပင်များတက်လို့နေသည်။ အမြင့်ဆုံးနေရာကိုမမြင်ရသလောက်ဖြစ်နေကာ နှင်းဆီပန်းများပွင့်လန်းလျက်ရှိသည်။

ဟွမ်ကျားဝမ်မှာမိန်းမောသွားကာဒီမြင်ကွင်းကိုကြည့်ပြီးအလိုလိုပြောလိုက်မိသည်။
"နတ်သမီးပုံပြင်စာအုပ်ထဲကပန်းချီလိုပဲ။"

ကြက်သီးထစရာကောင်းပေမဲ့လှပပြီးတော့ထူးဆန်းတဲ့ရိုမန့်တစ်ဆန်မှုရှိတယ်။

လင်ခုံးလုလည်းအံ့သြသွားရသည်။ သူရွီယန့်ကိုအလိုလိုကြည့်လိုက်ချင်ပေမဲ့တင်းခံထားရသည်။

သို့သော်လည်း လူတိုင်းကသစ်ကိုင်းဖြင့်ထိုးစိုက်ခံထားရသည့်ဟယ်ခွင်းကိုမြင်လိုက်ရပြီးနောက် ရဲတိုက်နားမှာယုန်လေးတစ်ကောင်ကပြေးလွှားနေပြီး သစ်ကိုင်းများကရုတ်တရက်အသက်ရှိနေသလိုမျိုးဆန့်ထွက်လာကာ ချွန်မြမြဆူးချွန်များကရုတ်ခြည်းယန်ကိုခြောက်လွှတ်လိုက်တာမြင်လိုက်ရတော့ ရိုမန့်တစ်မဆန်ဘူးဟုရုတ်တရက်ခံစားလိုက်ရပြန်သည်။

"ဒီနွယ်ပင်တွေကအသက်ရှိနေတဲ့ပုံပဲ။"
ကောယွိကဒါကိုပြောလိုက်ချိန် ရွှီယန့်ကိုသာမန်ကာလျှံကာကြည့်လိုက်သည်။

"ငါတို့တွေရဲတိုက်ကိုပြန်သွားလို့်မရဘူးပဲ။" ယန်ဖုန်းကပြောကာအကြုံပြုလာသည်။
"ဘာလို့တောအုပ်ထဲမှာတစ်ရက်နေပြီးတော့အခြေအ​နေကိုသေချာမစူးစမ်းကြည့်ရမှာလဲ။"

အခုဆိုရဲတိုက်ထဲဝင်လို့မရတော့ဘူး၊ အဲ့နွယ်ပင်တွေကသေချာပေါက်ကိုမိစ္ဆာနတ်ဘုရားလုပ်ခဲ့တာပဲ။ သူတို့အခုအထဲဝင်သွားရင် သူတို့လည်ပင်းကိုမိစ္ဆာနတ်ဘုရားရဲ့ဓားသွားမှာတင်လိုက်တာနဲ့အတူတူပဲ၊ ဒါပေမဲ့...မိစ္ဆာနတ်ဘုရားရဲ့အကြံကဘာလဲ။

ဒါကိုတွေးမိတော့သူလည်းရွှီယန့်ကိုကြည့်လိုက်သည်။

ရွှီယန့်ကမျက်လွှာအသာချကာသူ့လက်ချောင်းထိပ်များကိုပွတ်သပ်ပြီးသာမန်ကာလျှံကာပြောလိုက်သည်။
"ဒါဆိုလဲမဝင်နဲ့ပေါ့။"

ဘာပဲဖြစ်ဖြစ်သူဒီနှင်းဆီရဲတိုက်ကိုသူများတွေနေဖို့ဆောက်ထားတာမှမဟုတ်တာ။

သူဘာတွေးမိသွားလဲမသိ၊ သူ့နှုတ်ခမ်းထက်မှာအပြုံးတစ်ပွင့်ပေါ်လာကာ လင်ခုံးလုကိုခေါင်းလှည့်ကြည့်လိုက်သည်။

လင်ခုံးလုကရဲတိုက်ကိုကြည့်နေရင်း မနေနိုင်ဘဲအာမေဋိတ်သံပြုမိသည်။
"အရမ်းလှတာပဲ...."

ရွှီယန့်၏မျက်လုံးများမှာအနည်းငယ်နူးညံ့သွားသည်။

"အင်း၊ လှောင်အိမ်လှလှလေးလေ။"
စုန့်လင်ကမကျေနပ်ပုံပေါက်ကာတစ်ခုခုကိုရည်ရွယ်သောလေသံဖြင့်ရုတ်ခြည်းဆက်ပြောလာသည်။

ရွှီယန့်မျက်လုံးများရုတ်ခြည်းအေးစက်သွားကာ သူ့နှုတ်ခမ်းပေါ်ကအပြုံးပျောက်ကွယ်သွားသည်။

စုန့်လင်ကပြုံးလျ​က်သားဖြင့်သူ့ကိုကြည့်ကာပါးစပ်ဖြင့်အသံတိတ်ဆိုလာသည်: မဟုတ်ဘူးလား။ ရွှီယန့်။

သူဒီရင်းနှီးတဲ့မျက်နှာနဲ့သူ့မျက်နှာပေါ်ကရင်းနှီးတဲ့အမာရွတ်တွေကိုသူမမှတ်မိဘဲနေမှာတဲ့လား။ ကမ္ဘာအစစ်ကနေအကြိမ်ငါးဆယ်ပြန်စတင်ခဲ့တဲ့ဒီဂိမ်းကမ္ဘာအထိ သူကပင်မနတ်ဘုရားရဲ့အမိန့်ကိုဖြည့်ဆည်းပြီးဒီလူ့ကိုသတ်ဖို့ကြိုးစားနေတာကြာပြီမလား။

လင်ခုံးလုဆိုတဲ့ဒီတုံးအတဲ့သခင်လေးကတော့တစ်ဖက်လူကိုသတ်ဖို့အတွက် သူဂိမ်းကမ္ဘာထဲဆွဲခေါ်ခဲ့တဲ့ဓားတစ်ချောင်းသက်သက်ပဲ။

--------

Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၂၃)။

လင္ခုံးလုမွာျမက္ေျခာက္ေပၚတြန္းဖိခံလိုက္ရၿပီး ဒီအခ်ိန္မွာ႐ႊီယန့္သူ႕ကိုနမ္းလာမည္ဟုမထင္ထားသည့္အလား သူ႕မ်က္လုံးမ်ား႐ုတ္ျခည္းျပဴးက်ယ္သြားရေလသည္။

သူအလိုလိုလက္ဆန့္ကာတြန္းဖယ္ဖို႔လုပ္လိုက္ေပမဲ့အလြယ္ေလးအခ်ဳပ္ခံလိုက္ရသည္။

႐ႊီယန့္ကသူ႕လက္ေကာက္ဝတ္ကိုလွမ္းကိုင္ကာသူ႕ကိုျပင္းရွရွနမ္းလာပုံမွာ သူ႕ကိုဝါးမ်ိဳခ်င္သည့္အလား။ လင္ခုံးလုပါးေညာင္းလာၿပီး သူ႕လွ်ာထုံက်င္လာကာ အသက္ရႉရခက္လာသည္။ ခဏၾကာေတာ့သူ၏လွပေသာမ်က္ဝန္းတစ္စုံမွာရီေဝလာေတာ့သည္။

ထိုစဥ္စုန့္လင္၏အသံကထပ္ထြက္လာသည္။ "ေရွာင္လု မင္းလား။"

ယန္ဖုန္းမွာအေနာက္လွည့္ၿပီး ဒီလူ႕ကိုသိလားဟုလင္ခုံးလုကိုေမးလိုက္ခ်င္ေပမဲ့ သူအေနာက္လွည့္လိုက္သည္ႏွင့္ သခင္ေလးမွာ႐ႊီယန္ထံမွျမက္ေပၚဖိခ်ကာအနမ္းခံေနရတာကိုျမင္လိုက္ရသည္။ သူ႕မ်က္ဝန္းမ်ားမွာမ်က္ရည္ႏွင့္ျပည့္ေနၿပီး သူ႕မ်က္ဝန္းေထာင့္စြန္းမွာနီေစြးလို႔ေနကာ အတင္းဖြင့္ဟခံထားရသည့္ပါးစပ္မွာပိတ္မရသလိုမ်ိဳးျဖစ္ေနပုံပင္။ သူ႐ုတ္ျခည္းမ်က္စိက်ိန္းသြားကာအလ်င္စလိုတိတ္တိတ္ေလးအေရွ႕ကိုျပန္လွည့္လိုက္မိသည္။

ယြမ္ရွီးခြၽမ္းမွာသူစကားတစ္ခြန္းမွမေမးဘဲအေရွ႕ကိုျပန္လွည့္လာတာျမင္ေတာ့အနည္းငယ္အံ့ၾသသြားမိသည္။ သူအလိုလိုအေနာက္ကိုတစ္ခ်က္လွည့္ၾကည့္မိေတာ့႐ုတ္တရက္ရင္ထဲမွာ"ဖာ့ခ္"ဟုဆိုမိကာတိတ္တခိုးေတြးလိုက္မိသည္: စိတ္လႈပ္ရွားစရာပဲ။

အခ်ိန္ႏွင့္ေနရာကေတာ္ေတာ္ေလးမွန္မေန႐ုံသာ။

ယန္ဖုန္းေသနတ္ကိုင္လ်က္ထရပ္ကာစုန့္လင္ကိုၾကည့္ၿပီးေျပာလိုက္သည္။
"လူႀကီးမင္း....မစၥတာစုန့္လင္လား။"

ဒီနာမည္ကခုနကသခင္ေလးေခၚလိုက္တဲ့ဟာျဖစ္ပုံပဲ။

စုန့္လင္ကသူျဖစ္ေနမွန္းျမင္ေတာ့တစ္ေအာင့္ၾကာေၾကာင္အမ္းသြားၿပီးတုံ႕ဆိုင္းစြာဆိုလာသည္။
"ကြၽန္ေတာ္ကစုန့္လင္ပါ၊ မင္းက...."

ယန္ဖုန္းေသနတ္သိမ္းကာသူ႕ကိုယ္သူမိတ္ဆက္လိုက္သည္။
"ယန္ဖုန္း၊ တိုင္ဖြန္းမလာခင္တုန္းကကြၽန္းေပၚေရာက္လာခဲ့တဲ့ခရီးသြားေတြပါ၊ ရဲတိုက္မွာေနခဲ့ဖူးပါတယ္။"

"ေအာ္...." စုန့္လင္႐ုတ္ျခည္းသေဘာေပါက္သြားကာ သူ႕အေနာက္ကလူမ်ားကိုေသနတ္သိမ္းရန္လက္ဟန္ျပလိုက္ၿပီးေျပာလိုက္သည္။
"ဒါဆိုမင္းေရွာင္လုကိုသိမွာေပါ့၊ သူကလည္းရဲတိုက္ထဲမွာေနတာ၊ သူကရဲတိုက္ပိုင္ရွင္ေလ၊ သူကကြၽန္ေတာ္ရဲ႕....သတို႔သားေလာင္းဆိုလည္းဟုတ္တယ္။ ဒါနဲ႕ကြၽန္ေတာ္ခုနကသူ႕အသံကိုၾကားလိုက္သလားလို႔။ သူလည္းဒီမွာရွိေနတာလား။"

ယန္ဖုန္းတိတ္က်သြားၿပီးမွေျပာလိုက္သည္။ "ဟုတ္တယ္။"

"တကယ္?" စုန့္လင္ကခ်က္ခ်င္းအံ့ၾသသြားပုံရကာသူ႕ကိုေမွ်ာ္လင့္တႀကီးၾကည့္လာသည္။ "ဒါဆိို...."

ဒါဆိုဘာလဲ? မင္းသူ႕ကိုေခၚလိုက္ေလ။

ယြမ္ရွီးခြၽမ္းႏွင့္အျခားသူမ်ားကတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ေခါင္းလွည့္ၿပီးတစ္ခ်က္ၾကည့္လိုက္ၿပီးမွ တိတ္တိတ္ေလးအေရွ႕ကိုျပန္လွည့္လိုက္သည္။

ဒါက....သူအလုပ္မ်ားေနလို႔မင္းကိုေတြ႕ဖို႔အဆင္မေျပဘူးရယ္။

ထိုစဥ္လင္ခုံးလုမွာလႊတ္ေပးခံလိုက္ရၿပီးမသိမသာေမာဟိုက္လို႔ေနသည္။ သူ႐ႊီယန့္ကိုစိုစြတ္ေသာမ်က္ဝန္းမ်ားျဖင့္စူးစိုက္ၾကည့္လိုက္ေပမဲ့ ခက္ထန္မႈမရွိေပ။

႐ႊီယန့္လက္ျမႇောက္ကာသူ႕လက္မကိုသုံးၿပီးသူ႕မ်က္ဝန္းေထာင့္မွစိုစြတ္မႈကိုသုတ္ဖယ္ေပးကာ အေရျပားကိုမနီလာမခ်င္းဖိပြတ္လိုက္သည္။ ထို႔ေနာက္သူလႊတ္ေအးကာခပ္တိုးတိုးေမးလိုက္သည္။
"မင္းသူ႕ကိုသိပ္ေတြ႕ခ်င္ေနတာလား။"

လင္ခုံးလုႏႈတ္ခမ္းေစ့ကာဘာမွမဆိုဘဲ သူ၏လွပေသာမ်က္ဝန္းမ်ားကိုသုံးကာ သူ႕ကိုမ်က္ေစာင္းထိုးၿပီး ေျပာလိုက္သည့္အလား: ဥယ်ာဥ္မႉးေလး၊ အေၾကာင္းမရွိဘဲျပႆနာမရွာစမ္းနဲ႕။

႐ႊီယန့္ခါးကိုင္းကာသူ႕နားထဲတြင္တီးတိုးဆိုလိုက္သည္။
"ကိုယ့္ကိုထပ္နမ္းရင္ကိုယ္မင္းကိုေတြ႕ခြင့္ေပးမယ္။"

လင္ခုံးလုေတြးၾကည့္လိုက္ၿပီးမွသူ႕အက်ီအိတ္ကပ္ထဲမွႏွင္းဆီပန္းကိုထုတ္ကာ သူ႕ႏႈတ္ခမ္းေပၚတင္လိုက္ၿပီး သူ၏လက္ေခ်ာင္းထိပ္မ်ားသုံးကာ ပြင့္လႊာမ်ားကိုပြတ္သပ္လိုက္သည္။

နမ္းေလ၊ နမ္းလိုက္၊ မင္းပန္းမင္းနမ္းလိုက္ေတာ့။

႐ႊီယန့္ရယ္ေမာလိုက္ၿပီးသူ႕ပါးစပ္ထဲမွာပြင့္လႊာကိုကိုင္ကာသူ႕ကိုထပ္နမ္းလိုက္သည္။ ခဏၾကာေတာ့ပန္းကသူတို႔ႏႈတ္ခမ္းကိုနီေစြးသြားေစသည္။

မိနစ္အနည္းငယ္ပိုၾကာသြားၿပီးမွလင္ခုံးလုခ်ဳံပုတ္ထဲကထြက္လာသည္။ သူထရပ္လိုက္ခ်ိန္သူ႕အသက္ရႉႏႈန္းမွာအနည္းငယ္မတည္မၿငိမ္ျဖစ္ေနေသးသည္။

စုန႔္လင္ကသူ႕ကိုျမင္သြားသည္ႏွင့္ သူ႕မ်က္ႏွာထားမွာေပ်ာ္႐ႊင္မႈျဖင့္ေတာက္ပသြားၿပီး လမ္းပိတ္ထားသည့္ယန္ဖုန္းကိုေက်ာ္ကာသူ႕ဆီခ်က္ခ်င္းေလွ်ာက္သြားလိုက္သည္။

ဒါကိုျမင္ေတာ့အျခားကစားသမားမ်ားကလည္းခ်ဳံပုတ္ထဲမွထရပ္လိုက္ၾကသည္။

"ေရွာင္လု၊ မင္းအဆင္ေျပေနတာေကာင္းတယ္။ ကိုယ္ကြၽန္းေပၚေရာက္တာနဲ႕ကြၽန္းေပၚမွာတစ္ခုခုျဖစ္ခဲ့တာကိုကိုယ္ခုနကပဲသိလိုက္ရ...."
စုန့္လင္ကအံ့ၾသတႀကီးဆိုေလသည္။

သို႔ေသာ္သူၿပီးေအာင္မေျပာရေသးခင္ လင္ခုံးလုအေနာက္မွာရွိေနသည့္႐ႊီယန့္ကသူ႕ေဘာင္းဘီေအာက္ေျခေပၚကသစ္႐ြက္ေျခာက္မ်ားကိုခါခ်ၿပီး ထရပ္ကာသူ႕ကိုေအးေဆးေသာမ်က္ႏွာထားျဖင့္ၾကည့္လိုက္သည္။

စုန့္လင္မ်က္ႏွာေပၚကအၿပဳံးေအးခဲသြား႐ုတ္ျခည္းေပ်ာက္ကြယ္သြားေလသည္။

ထိုအခါမွသာလင္ခုံးလု၏ႏႈတ္ခမ္းမွာနီရဲဖူးေယာင္ေနသည့္အျပင္ သူ႕မ်က္လုံးမ်ားမွာလည္းမသိမသာနီရဲကာစိုစြတ္ေနမွန္းသေဘာေပါက္လိုက္သည္။ သူခုနကအနိုင္က်င့္ခံခဲ့ရမွန္းသိသာသည္။ သူ႕ေဘးမွာရပ္ေနသည့္႐ႊီယန့္ကသူ႕ကိုႂကြားဝါကာေလွာင္ေျပာင္ဟားတိုက္မႈတစ္စြန္းတစျဖင့္ၾကည့္ေနေပသည္။

စုန့္လင္၏မ်က္ဝန္းထဲမွာအနက္ေရာင္အလင္းတစ္ခ်က္လက္သြားကာ သူလင္ခုံးလုကိုၾကည့္ၿပီးေမးလိုက္မိသည္။
"ေရွာင္လု၊ သူက...."

"အိုး၊ ငါ့ေကာင္ေလးေလ။"
လင္ခုံးလုပုံမွန္မ်က္ႏွာထားျဖင့္မိတ္ဆက္ေပးကာေျပာလိုက္သည္။
"ဒါနဲ႕ မင္းဘာလို႔ကြၽန္းေပၚေရာက္လာတာလဲ။"

႐ႊီယန့္ကႏႈတ္ခမ္းအသာေကြးကာစုန့္လင္ကိုေလွာင္ၿပဳံးတစ္ပြင့္ျဖင့္ၾကည့္လိုက္သည္။

ရပ္ၾကည့္ေနသည့္ယြမ္ရွီးခြၽမ္းမွာမေနနိုင္ဘဲမ်က္မွန္ကိုပင့္တင္လိုက္မိၿပီး သူ႕မ်က္ဝန္းမ်ားမွာစိတ္လႈပ္ရွားအျပည့္ပင္။

ဟြမ္က်ားဝမ္မွာမေနနိုင္ဘဲဝမ္ရန္ကိုတီးတိုးေျပာလိုက္မိသည္။
"ဘာျဖစ္ကုန္တာလဲ။"

ဝမ္ရန္ကတီးတိုးဆိုသည္။
"သုံးပြင့္ဆိုင္အခ်စ္ကစစ္ေျမျပင္ကိုလႈံ႕ေဆာ္လိုက္ၿပီ။"

သခင္ေလးမွာစုန့္လင္ဟုအမည္ရသည့္ေစ့စပ္မဲ့သူတစ္ေယာက္ရွိသည္ဟုရဲတိုက္၏အိမ္ေတာ္ထိန္းေဟာင္းရွပူးအာေျပာတာကိုသူတို႔အကုန္လုံးၾကားဖူးၾကသည္။

စုန့္လင္၏မ်က္ႏွာအလြန္အ႐ုပ္ဆိုးသြားသည္။ သူကလင္ခုံးလု၏ေမးခြန္းကိုမေျဖဘဲတည္တင္းစြာေျပာလာသည္။
"ေရွာင္လု၊ မေနာက္ပါနဲ႕၊ ကိုယ္တို႔က..."

"သူမင္းကိုေနာက္ေနတာမဟုတ္ဘူး။"
႐ႊီယန့္ေနာက္ဆုံးမွာအနိုင္ရသူဟန္ျဖင့္စကားေျပာလိုက္ၿပီး သူ႕ကိိုၾကည့္ကာေျပာလိုက္သည္။
"ကိုယ့္ကိုယ္ကိုမိတ္ဆက္ရမယ္ဆိုရင္ေတာ့ ေရွာင္လုရဲ႕သတို႔သားေလာင္း႐ႊီရွီပါ။"

ယြမ္ရွီးခြၽမ္း၊ ဝမ္ရန္ႏွင့္ဟြမ္က်ားဝမ္း: အို~

ဒီစကားကခုနကစုန့္လင္ေျပာလိုက္တဲ့မဟုတ္လား။

"႐ႊီရွီ?"
စုန့္လင္ကေလွာင္ၿပဳံးၿပဳံးကာ ႐ုတ္တရက္လင္ခုံးလု၏လက္ကိုလွမ္းဆြဲၿပီးဆိုလိုက္သည္။
"ေရွာင္လု၊ ကိုယ္နဲ႕လိုက္ခဲ့၊ ကိုယ္မင္းကိုေျပာစရာရွိတယ္။"

႐ႊီယန့္ကလင္ခုံးလု၏လက္ေမာင္းကိုလွမ္းဆြဲလိုက္ၿပီး သူ႕မ်က္ဝန္းနက္မ်ားကစုန့္လင္၏မ်က္ႏွာကိုစူးစိုက္ၾကည့္ကာ လင္ခုံးလုကိုကိုင္ထားသည့္သူ႕လက္ကိုျဖည္းျဖည္းခ်င္းဆြဲဖယ္ၿပီး တစ္လုံးခ်င္းစီေျပာလိုက္သည္။
"ေဆာရီးပဲ၊ သူ႕မွာမင္းကိုစကားေျပာဖို႔အခ်ိန္မရွိဘူး။"

လင္ခုံးလုအလယ္မွာတန္းလန္းျဖစ္ေနသည္: "......."

သူဘယ္ႏွင့္ညာကိုၾကည့္လိုက္ၿပီး ေနာက္ဆုံးမွာ႐ႊီယန့္ဘက္မွာရပ္တည္ဖို႔ဆုံးျဖတ္လိုက္သည္။

ကံေကာင္းခ်င္ေတာ့ ဒီကမၻာမွာသူ႕ခ်စ္သူကႏွစ္ျခမ္းကြဲသြားတာမ်ိဳးမရွိေပ။ စုန့္လင္ကသူႏွင့္ဘာမွမဆိုင္။ အေသးအဖြဲ႕ေ႐ြးခ်ယ္မႈေကာင္းေလးပဲ။

စုန့္လင္၏မ်က္ႏွာမွာပိုမိုအ႐ုပ္ဆိုးသြားသည္။ သူတိတ္က်သြားၿပီးမွအံႀကိတ္ကာေျပာလိုက္သည္။
"ေရွာင္လု၊ ဦးေလးကမင္းဆီစကားပါးခိုင္းလိုက္တယ္။"

လင္ခုံးလုကသူ႕ကိုၾကည့္လိုက္သည္။

႐ႊီယန့္: "ဒါဆိုဒီမွာေျပာေလ။"

လင္ခုံးလု႐ႊီယန့္ကိုၾကည့္လိုက္မိျပန္သည္။

စုန့္လင္: "ဒီမွာအျပင္လူေတြရွိေတာ့အဆင္မေျပဘူး။"

လင္ခုံးလုစုန့္လင္ကိုၾကည့္လိုက္မိျပန္သည္။

႐ႊီယန့္: "ဒါဆိုမေျပာနဲ႕ေတာ့။"

လင္ခုံးလုသူ႕ရင္ခြင္ထဲဆြဲသြင္းခံလိုက္ရျပန္....အဲေလ၊ ငါအလြန္ျပင္းထန္စြာအလွည့္ခံလိုက္ရေတာ့ေခါင္းမူးသြားၿပီ။

စုန့္လင္ေလွာင္ၿပဳံးၿပဳံးလိုက္သည္။
"ဒါကစုန့္မိသားစုနဲ႕လင္မိသားစုၾကားကကိစၥပဲ။ မင္းကအျပင္လူ..."

"ရၿပီ။" လင္ခုံးလုသူ႕ကိုအလ်င္စလိုျဖတ္ကာေျပာလိုက္သည္။
"ငါတို႔ဒီကိစၥကိုေနာက္မွေျပာတာေပါ့။ အခုငါတို႔မွာလုပ္စရာရွိေသးတယ္။"

ကစားသမားေတြအကုန္လုံးဂိမ္းၿပီးဖို႔သူတို႔ၿပီးေအာင္ေစာင့္ေနတာကိုမျမင္ဘူးလား။

ယြမ္ရွီးခြၽမ္း၊ ဝမ္ရန္ႏွင့္ဟြမ္က်ားဝမ္: ကြၽန္ေတာ္တို႔အလ်င္မလိုပါဘူး၊ မင္းတို႔ဆက္လုပ္ၾကပါ။

စုန့္လင္ကပင့္သက္ရွိုက္ကာသူ႕ေဒါသကိုဖိႏွိပိေနပုံပင္။ ထို႔ေနာက္သူကသူႏွင့္အတူေခၚလာသည့္ငယ္သားႏွစ္ေယာက္ကိုပါအဖြဲ႕ထဲဝင္ခိုင္းလိုက္သည္။ သူကလင္ခုံးလုဆီေလွ်ာက္သြားကာေမးလိုက္သည္။ "ဘာကိစၥလဲ။"

႐ႊီယန့္ကလင္ခုံးလုကိုေဘးကိုဆြဲလိုက္ၿပီး သူကိုယ္တိုင္ကလင္ခုံးလုႏွင့္စုန့္လင္ၾကားမွာဝင္ရပ္လိုက္သည္။ တိုက္ဆိုင္ခ်င္ေတာ့သူ၏အမာ႐ြတ္ႏွင့္မ်က္ႏွာတစ္ျခမ္းကစုန့္လင္ကိုမ်က္ႏွာခ်င္းဆိုင္လို႔ေနသည္။

စုန့္လင္ကထိုေၾကာက္မက္ဖြယ္အမာ႐ြတ္ကိုပထမဆုံးအၾကည့္တစ္ခ်က္ျဖင့္ျမင္လိုက္ရခ်ိန္မွာ အလြန္ေရွာ့ခ္ရသြားၿပီးအသက္ရႉပင္ေအာင့္လိုက္မိသည္။ သူအံႀကိတ္လိုက္ၿပီးမွသည္းခံကာလင္ခုံးလုကိစၥအေၾကာင္းေျပာတာကိုနားေထာင္လိုက္သည္။

ယြမ္ရွီးခြၽမ္းကအေရွ႕မွာေလွ်ာက္ေနၿပီး မေနနိုင္ဘဲထိုသုံးေယာက္ကိုလွည့္ၾကည့္ကာ ရင္ထဲမွာတိတ္တခိုးအကဲျဖတ္လိုက္မိသည္။ ရိုးရိုးသားသားေျပာရရင္ စုန့္လင္ရဲ႕႐ုပ္ရည္ကေတာ္ေတာ္ေလးၾကည့္ေကာင္းတယ္၊ ဥယ်ာဥ္မႉး႐ႊီရဲ႕မွင္သက္ဖြယ္မ်က္ႏွာတစ္ျခမ္းေလာက္ၾကည့္မေကာင္းေပမဲ့ေပါ့၊ ဒါေပမဲ့...ဥယျာဥ်မှူးရွှီဲကရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီမလား။ ၿပီးေတာ့စုန့္လင္ကsuitနဲ႕လည္သာရႉးဝတ္ထားတာ၊ သူေဒါသမထြက္ခ်ိန္မွာဆို အနည္းဆုံးေတာ့ရည္မြန္ၿပီး ေကာင္းမြန္တဲ့ေလထုရွိတယ္။

ဒါေပမဲ့ေျပာရရင္စိတ္ဓာတ္ပိုင္းက်ေတာ့ဥယ်ာဥ္မႉး႐ႊီကအရမ္းေကာင္းေနတုန္းပဲ။

သူကသာမန္အဝတ္အစားဝတ္ထားေပမဲ့လည္း ထိန္းခ်ဳပ္မရတဲ့အရွိန္အဝါနဲ႕ ေအးစက္ၿပီးေတာ့ေခ်ာေမာတယ္၊ သူ႕မ်က္လုံးေတြကစူးရွခက္ထန္မႈကိုကြယ္ဝွက္ထားတယ္။ တစ္ခါတရံယြမ္ရွီးခြၽမ္းသူ႕ရသာမန္ျဖစ္ပုံေပၚတဲ့အၾကည့္နဲ႕မသိလိုက္မသိဘာသာအၾကည့္ခ်င္းဆုံမိသြားရင္ေက်ာခ်မ္းသြားတာရယ္။ သူကမိစ္ဆာနတ္ဘုရားျဖစ္ဖို႔ထိုက္တန္တယ္လို႔ေျပာရမယ္။

ဒီေတာ့တစ္ခါတရံမွာဆို သခင္ေလးဒီနတ္ဘုရားကိုထိန္းခ်ဳပ္နိုင္တဲ့အတြက္ ယြမ္ရွီးခြၽမ္းေလးစားမိတယ္။

အခုဆိုဒီမစၥတာစုန့္ကအေျခအေနကိုဖ်က္ဆီးပစ္ၿပီးေတာ့ ဂိမ္းလယ္ဗယ္ရွင္းမဲ့သူတို႔အႀကံကိုပ်က္စီးေအာင္မလုပ္ဖို႔ေမွ်ာ္လင့္မိတယ္။

လင္ခုံးလုေျပာစကားကိုနားေထာင္ၿပီးေနာက္ စုန့္လင္ကမ်က္ေမွာင္ၾကဳတ္ကာဆိုသည္။
"မင္းတို႔ဆိပ္ကမ္းကိုသြားစရာမလိုဘူး၊ ေလွကကိုယ္တို႔ဟာပဲ။ ကိုယ္တိုင္ဖြန္းမလာခင္တုန္းကရွပူးအာဆီကဖုန္းေကာလ္ရၿပီးေတာ့ကြၽန္းေပၚမွာတစ္ေယာက္ေယာက္ေသသြားမွန္းသိလိုက္ရတာ။ ကိုယ္မင္းအတြက္စိတ္ပူေနခဲ့တာ ေရွာင္လုရဲ႕၊ ဒါေၾကာင့္ကိုယ္ဒီကိုအေျပးလာခ်င္ေပမဲ့တိုင္ဖြန္းေၾကာင့္ရက္နည္းနည္းေနာက္က်သြားတာ။ မထင္မွတ္ဘဲတိုင္ဖြန္းၿပီးသြားေတာ့ကြၽန္းကျမဴဆိုင္းေနၿပီးေတာ့လိုင္းျဖတ္ခံလိုက္ရျပန္ေရာ။ အေျခအေနဆိုးဝါးေလာက္မယ္ထင္လို႔ ကိုယ္ယာယီလူနည္းနည္းေခၚလာခဲ့တာ။"

"လူပိုမ်ားမ်ားေခၚလာရင္ပိုေကာင္းမွာ။ ကိုယ္တို႔ကြၽန္းေပၚေရာက္တာနဲ႕ ကိုယ္တို႔ေတြကိုကြၽန္းသူကြၽန္းသားေတြကတိုက္ခိုက္လာခဲ့တယ္။ လူအေယာက္ႏွစ္ဆယ္မွာက်န့္ခ်န္း၊ ယြီဖန္း၊ ကိုယ္ရယ္ပဲက်န္တယ္၊ ၿပီးေတာ့ကိုယ္တို႔မင္းတို႔နဲ႕ဆုံတာပဲ။"

႐ႊီယန့္ေလွာင္ၿပဳံးအသာၿပဳံးလိုက္မိသည္။ သူမွတ္မိတာမွန္ရင္ မေန႕ကဟယ္ခြင္းေသသြားတဲ့ေနရာမွာစုန့္လင္ရွိေနခဲ့တယ္။

ယြမ္ရွီးခြၽမ္းက႐ုတ္တရက္ေျခလွမ္းအနည္းငယ္ျမန္ျမန္ေလွ်ာက္ကာ အေရွ႕ကေလွ်ာက္ေနသည့္ယန္ဖုန္းကိုအမွီလိုက္ၿပီး အသံတိုးေျပာလိုက္သည္။
"မင္းယုံလား။"

ယန္ဖုန္းကေခါင္းအသာခါကာခပ္တိုးတိုးဆိုလိုက္သည္။
"သူငါ့ေသနတ္ပစ္ခ်က္ကိုေရွာင္လိုက္တုန္းက သူပါးစပ္ဖြင့္လိုက္ခ်ိန္မွာ 'ညီအစ္ကိုတို႔ ေျပာစရာရွိတာေျပာပါ'လို႔သူေျပာခဲ့တယ္၊ ဒါေပမဲ့အဲ့တုန္းကငါတစ္ေယာက္ဘဲပစ္ခဲ့တာ၊ အျခားဘယ္သူမွမလႈပ္ခဲ့ဘူး။ ဘယ္သူပစ္လဲဆိုတာသူဘယ္လိုသိသြားတာလဲ။"

ယြမ္ရွီးခြၽမ္း: "ငါလဲအဲ့လိုထင္တယ္။ သူငါတို႔ကိုေတြ႕သြားၿပီးေတာ့ ခပ္လွမ္းလွမ္းကေနငါတို႔ေနာက္လိုက္လာတာျဖစ္မယ္။"

"ၿခဳံေျပာရရင္ပိုၿပီးသတိထားေနရမယ္။"
ယန္ဖုန္းကဆိုသည္။

အဖြဲ႕၏အေနာက္မွာ စုန့္လင္ကသူ႕အျဖစ္အပ်က္ကိုေျပာၿပီးသြားေတာ့လင္ခုံးလုကိုေမးလာသည္။
"ဒါနဲ႕ေရွာင္လု၊ ရွပူးအာဘယ္မွာလဲ။ သူဘာလို႔မင္းနဲ႕အတူမရွိတာလဲ။"

လင္ခုံးလု: "...အဟမ္း၊ သူကရဲတိုက္ထဲမွာရွိေနတုန္းပဲ။"

"ဒါဆိုမင္းက...."
စုန့္လင္ကေမးသည္။

"ရဲတိုက္ကိုသြားေနတာ။" ႐ႊီယန့္ကေအးစက္စက္ဆိုကာမ်က္ေမွာင္ၾကဳတ္လိုက္သည္။ "နားၿငီးတယ္။"

စုန့္လင္: "....."

လင္ခုံးလုႏွင့္အျခားသူမ်ားရဲတိုက္ကိုသြားေနမွန္းသိလိုက္ရေတာ့ သူမသိမသာတန့္သြားကာသူ႕ႏႈတ္ခမ္းထက္မွာအၿပဳံးတစ္ပြင့္ျဖည္းျဖည္းခ်င္းျဖစ္ေပၚလာၿပီးမွ ခပ္ျမန္ျမန္ေပ်ာက္ကြယ္သြားကာ သူ႕မ်က္ႏွာထားပုံမွန္ျပန္ျဖစ္သြားၿပီး လူတိုင္းကိုအမွီလိုက္လိုက္သည္။

႐ႊီယန့္သူ႕ကိုေဘးတိုက္တစ္ခ်က္ၾကည့္ကာတိတ္တိတ္ေလးေလွာင္ၿပဳံးၿပဳံးလိုက္မိသည္။

*

ဆိပ္ကမ္းကိုမသြားဖို႔ဆုံးျဖတ္ၿပီးေနာက္ လူတိုင္းကလမ္းေၾကာင္းေျပာင္းလိုက္ၿပီး ခဏၾကာေတာ့ရဲတိုက္နားကိုေရာက္သြားသည္။

ကစားသမားမ်ားမွာအစကေတာ့ဟယ္ခြင္း၏ကြၽန္းသူကြၽန္းသားမ်ားကရဲတိုက္ကိုအပိုင္စီးထားလိမ့္မည္ဟုထင္ထားခဲ့ေပမဲ့ သူတို႔ရဲတိုက္ကိုျမင္လိုက္ရခ်ိန္မွာအကုန္လုံးေရွာ့ခ္ရသြားသည္။

တစ္ညပဲမရွိလိုက္တာ၊ ႏွစ္ရာခ်ီကုန္သြားသလိုပင္။ ရဲတိုက္မွာႏွင္းဆီႏြယ္မ်ားဖုံးအုပ္လို႔ေနသည္။ တစ္ခါကအေရာင္အေသြးစုံေသာအုတ္နံရံမ်ားမွာထူထဲေသာအကိုင္းအခက္မ်ား၊ သစ္႐ြက္ႏွင့္ပန္းပြင့္မ်ားျဖင့္ဖုံးအုပ္ခံထားရၿပီး မျမင္ရသေလာက္ပင္။ ရဲတိုက္ထိပ္ဖ်ားပင္ႏြယ္ပင္မ်ားတက္လို႔ေနသည္။ အျမင့္ဆုံးေနရာကိုမျမင္ရသေလာက္ျဖစ္ေနကာ ႏွင္းဆီပန္းမ်ားပြင့္လန္းလ်က္ရွိသည္။

ဟြမ္က်ားဝမ္မွာမိန္းေမာသြားကာဒီျမင္ကြင္းကိုၾကည့္ၿပီးအလိုလိုေျပာလိုက္မိသည္။
"နတ္သမီးပုံျပင္စာအုပ္ထဲကပန္းခ်ီလိုပဲ။"

ၾကက္သီးထစရာေကာင္းေပမဲ့လွပၿပီးေတာ့ထူးဆန္းတဲ့ရိုမန့္တစ္ဆန္မႈရွိတယ္။

လင္ခုံးလုလည္းအံ့ၾသသြားရသည္။ သူ႐ြီယန့္ကိုအလိုလိုၾကည့္လိုက္ခ်င္ေပမဲ့တင္းခံထားရသည္။

သို႔ေသာ္လည္း လူတိုင္းကသစ္ကိုင္းျဖင့္ထိုးစိုက္ခံထားရသည့္ဟယ္ခြင္းကိုျမင္လိုက္ရၿပီးေနာက္ ရဲတိုက္နားမွာယုန္ေလးတစ္ေကာင္ကေျပးလႊားေနၿပီး သစ္ကိုင္းမ်ားက႐ုတ္တရက္အသက္ရွိေနသလိုမ်ိဳးဆန့္ထြက္လာကာ ခြၽန္ျမျမဆူးခြၽန္မ်ားက႐ုတ္ျခည္းယန္ကိုေျခာက္လႊတ္လိုက္တာျမင္လိုက္ရေတာ့ ရိုမန့္တစ္မဆန္ဘူးဟု႐ုတ္တရက္ခံစားလိုက္ရျပန္သည္။

"ဒီႏြယ္ပင္ေတြကအသက္ရွိေနတဲ့ပုံပဲ။"
ေကာယြိကဒါကိုေျပာလိုက္ခ်ိန္ ႐ႊီယန့္ကိုသာမန္ကာလွ်ံကာၾကည့္လိုက္သည္။

"ငါတို႔ေတြရဲတိုက္ကိုျပန္သြားလို႔္မရဘူးပဲ။" ယန္ဖုန္းကေျပာကာအႀကဳံျပဳလာသည္။
"ဘာလို႔ေတာအုပ္ထဲမွာတစ္ရက္ေနၿပီးေတာ့အေျခအေနကိုေသခ်ာမစူးစမ္းၾကည့္ရမွာလဲ။"

အခုဆိုရဲတိုက္ထဲဝင္လို႔မရေတာ့ဘူး၊ အဲ့ႏြယ္ပင္ေတြကေသခ်ာေပါက္ကိုမိစ္ဆာနတ္ဘုရားလုပ္ခဲ့တာပဲ။ သူတို႔အခုအထဲဝင္သြားရင္ သူတို႔လည္ပင္းကိုမိစ္ဆာနတ္ဘုရားရဲ႕ဓားသြားမွာတင္လိုက္တာနဲ႕အတူတူပဲ၊ ဒါေပမဲ့...မိစ္ဆာနတ္ဘုရားရဲ႕အႀကံကဘာလဲ။

ဒါကိုေတြးမိေတာ့သူလည္း႐ႊီယန့္ကိုၾကည့္လိုက္သည္။

႐ႊီယန့္ကမ်က္လႊာအသာခ်ကာသူ႕လက္ေခ်ာင္းထိပ္မ်ားကိုပြတ္သပ္ၿပီးသာမန္ကာလွ်ံကာေျပာလိုက္သည္။
"ဒါဆိုလဲမဝင္နဲ႕ေပါ့။"

ဘာပဲျဖစ္ျဖစ္သူဒီႏွင္းဆီရဲတိုက္ကိုသူမ်ားေတြေနဖို႔ေဆာက္ထားတာမွမဟုတ္တာ။

သူဘာေတြးမိသြားလဲမသိ၊ သူ႕ႏႈတ္ခမ္းထက္မွာအၿပဳံးတစ္ပြင့္ေပၚလာကာ လင္ခုံးလုကိုေခါင္းလွည့္ၾကည့္လိုက္သည္။

လင္ခုံးလုကရဲတိုက္ကိုၾကည့္ေနရင္း မေနနိုင္ဘဲအာေမဋိတ္သံျပဳမိသည္။
"အရမ္းလွတာပဲ...."

႐ႊီယန့္၏မ်က္လုံးမ်ားမွာအနည္းငယ္ႏူးညံ့သြားသည္။

"အင္း၊ ေလွာင္အိမ္လွလွေလးေလ။"
စုန့္လင္ကမေက်နပ္ပုံေပါက္ကာတစ္ခုခုကိုရည္႐ြယ္ေသာေလသံျဖင့္႐ုတ္ျခည္းဆက္ေျပာလာသည္။

႐ႊီယန့္မ်က္လုံးမ်ား႐ုတ္ျခည္းေအးစက္သြားကာ သူ႕ႏႈတ္ခမ္းေပၚကအၿပဳံးေပ်ာက္ကြယ္သြားသည္။

စုန့္လင္ကၿပဳံးလ်က္သားျဖင့္သူ႕ကိုၾကည့္ကာပါးစပ္ျဖင့္အသံတိတ္ဆိုလာသည္: မဟုတ္ဘူးလား။ ႐ႊီယန့္။

သူဒီရင္းႏွီးတဲ့မ်က္ႏွာနဲ႕သူ႕မ်က္ႏွာေပၚကရင္းႏွီးတဲ့အမာ႐ြတ္ေတြကိုသူမမွတ္မိဘဲေနမွာတဲ့လား။ ကမၻာအစစ္ကေနအႀကိမ္ငါးဆယ္ျပန္စတင္ခဲ့တဲ့ဒီဂိမ္းကမၻာအထိ သူကပင္မနတ္ဘုရားရဲ႕အမိန့္ကိုျဖည့္ဆည္းၿပီးဒီလူ႕ကိုသတ္ဖို႔ႀကိဳးစားေနတာၾကာၿပီမလား။

လင္ခုံးလုဆိုတဲ့ဒီတုံးအတဲ့သခင္ေလးကေတာ့တစ္ဖက္လူကိုသတ္ဖို႔အတြက္ သူဂိမ္းကမၻာထဲဆြဲေခၚခဲ့တဲ့ဓားတစ္ေခ်ာင္းသက္သက္ပဲ။

--------

Continue Reading

You'll Also Like

24.4K 3.8K 10
Original Title_杀手他失业了 Author_Bailu Wei Shuang [白露未霜] Total Chapters_9. •This is Myanmar Translation and I don't own the story. •All credits to respec...
12.9K 548 74
مجموعه من القصص القصيره 🥰❤️
1.9K 301 32
The Villainous Shizun is as Beautiful as Flower 反派师尊貌美如花 Author - 酒煮核弹头 126 chapters + 11 extras I do not own this novel and I'm just translating it...