ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

By Boss_want_to_eat_you

110K 23.1K 493

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.5K 353 11
By Boss_want_to_eat_you

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၁)။

ယန်ဖုန်းတစ်​ယောက်လင်ခုံးလုကိုကစားသမားတွေမှာပဲရှိတဲ့အထူးဆေးရည်ပေးတာကကူညီရုံသက်သက်ပဲလား၊ အခြားရည်ရွယ်ချက်နဲ့လားဆိုတာရွှီယန့်မသိပေမဲ့ ယန်ဖုန်းကမရိုးရှင်းတာကိုတော့သူသိသည်။

အရင်ဘဝပထမဆုံးအကြိမ်ငါးဆယ်ပြန်ဝင်စားပြီးနောက်ပိုင်း အကြိမ်ထောင်ပေါင်းများစွာပြန်ဝင်စားခြင်းကသူ့ကိုတစ်ခုနားလည်သွားစေခဲ့တာကြာပြီဖြစ်သည်၊ ဒီကမ္ဘာကအစစ်မဟုတ်ကြောင်း။ ဒီကမ္ဘာမှာပေါ်လာသည့်သန်မာသောလက်နက်နှင့်ဆေးဝါးများလက်ဝယ်ပိုင်ဆိုင်သည့်ထိုကစားသမားဆိုသူများ၏တစ်ခုတည်းသောရည်ရွယ်ချက်မှာသူ့ကိုသတ်ရန်ဖြစ်သည်။

သူဒါကိုသိခဲ့တာကြာပြီဖြစ်သည်။ သူဒီကစားသမားတွေကိုအသက်ရှင်လျက်ထားပြီးကိစ္စတိုင်းကိုတည်တည်ငြိမ်ငြိမ်ရပ်ကြည့်နေရတဲ့အကြောင်းရင်းက သူဒီအခြေအနေကိုအခွင့်ကောင်းယူပြီး တကယ့်လက်သည်တရားခံအစစ်ကိုဖော်ထုတ်ချင်တာမို့လို့ပင်- စုန့်လင်နောက်ကွယ်မှာပုန်းနေပြီးအရာအားလုံးကိုတကယ်စီစဥ်နေတဲ့လူ။

ကစားသမားတွေကသူ့ကိုပင်မနတ်ဘုရားလို့ခေါ်သလိုပဲ? ဟက်၊ နတ်ဘုရားတဲ့လား။

ဒါပေါ့၊ အရေးကြီးတဲ့အကြောင်းရင်းနောက်တစ်ခုရှိသေးတယ်၊ အဲ့ဒါကတော့သခင်လေးကဒီကစားသမားအုပ်စုကိုအရမ်းစိတ်ဝင်စားနေသလိုပဲ။

အရင်ဘဝကသူအကြိမ်ပေါင်းများစွာပြန်ရောက်လာခဲ့ပြီး ဒီအတုအယောင်ကမ္ဘာကိုဖျက်ဆီးပစ်ခဲ့တော့ ဒီအဖိုးတန်ကြုံတွေ့မှုကိုရလာခဲ့သည်။ သခင်လေးကဒီကစားသမားအုပ်စုကိုစိတ်ဝင်စားနေမှတော့ သူ့ကိုသူတို့နှင့်အချိန်ပိုဖြုန်းခိုင်းလိုက်တာကိစ္စမရှိဘူး။

ဒီကမ္ဘာကအများဆုံးတစ်လသာတည်ရှိမှန်းသူသိသည်။ တစ်လပြီးရင် အရာအားလုံးကိုrefreshလုပ်လိုက်လိမ့်မယ်။ ကျွန်းသူကျွန်းသားတွေကအဲ့ကျွန်းသူကျွန်းသားတွေပဲဖြစ်နေအုံးမှာ၊ ကစားသမားအသစ်တွေထပ်လာအုံးမှာဆိုပေမဲ့သခင်လေးကတော့သခင်လေးဟုတ်တော့မှာမဟုတ်ဘူး။

သူ့မှာအချိန်သိပ်မရှိဘူး၊ သူသိပ်အများကြီးမလိုချင်ပါဘူး။ သူဒီတစ်လအတွင်းမှာသခင်လေးနဲ့အတူရှိချင်ရုံပဲ။ ဒီတော့သခင်လေးသဘောကျသရွေ့ သူအရာအားလုံးကိုကျေနပ်အောင်အကောင်းဆုံးကြိုးစားလုပ်ပေးမှာပဲ၊ သူ့ကိုသတ်ချင်တဲ့ဒီကစားသမားတွေကိုကျွန်းပေါ်မှာဟိုပြေးဒီပြေးခွင့်ထားလိုက်မယ်။

ဒါပေမဲ့ဒီကစားသမားအုပ်စုကသခင်လေးကိုမျက်စိမကျခဲ့သင့်ဘူး။ ဒီကစားသမားတွေကလယ်ဗယ်ကိုရှင်းဖို့သခင်လေးကိုအသုံးချချင်တာကိုသူမမြင်ဘူးမထင်နဲ့၊ လယ်ဗယ်ကိုရှင်းတာကသူ့ကိုသတ်တာလို့ဆိုလိုတာပဲ။

ခန္ဓာကိုယ်ကို​ပြုပြင်ပေးနိုင်တဲ့ဆေးရည်တွေလည်းရှိသေးတယ်။ အဲ့ဒါတွေကခန္ဓာကိုယ်ကိုပြုပြင်နိုင်တယ်လို့ကစားသမားတွေထင်နေကြတာ။ တကယ်တော့နည်းနည်းပဲသုံးရင်ဘာမှမဖြစ်ပေမဲ့အများကြီးသုံးလိုက်ရင်ကောင်းတဲ့အရာမဟုတ်ဘူး။

ဒီရှုထောင့်ကကြည့်ရင် ပင်မနတ်ဘုရားကလူကောင်းမဟုတ်ဘူး။ သူကသူ့ကိုသတ်ဖို့အရူးတစ်အုပ်ကိုတစ်အုပ်ပြီးတစ်အုပ်အရူးလုပ်နေတာပဲ။

ရွှီယန့်မျက်လွှာအသာချကာသူ့မျက်ဝန်းထဲကအမှောင်ထုကိုဖုံးကွယ်လိုက်သည်။

ယန်ဖုန်းနှင့်အခြားသူများကတစ်ညနေဖို့သင့်တော်သည့်နေရာတစ်ခုကိုခပ်မြန်မြန်ရှာတွေ့သွားသည်။ ဟယ်ခွင်းသေသွားပြီမှန်းသူတို့မသိတော့ ကျွန်းသူကျွန်းသားများမတွေ့အောင်မီးစာမလှုံလိုက်ပေ။

မနက်ကယန်ဖုန်းနှင့်ယန်ရှီးချွမ်းတို့အပြင်ထွက်သွားတုန်းက ဖြစ်ချင်တော့သူတို့အိတ်များသယ်သွားခဲ့ကြသည်။ ဒီအချိန်မှာ သူတို့ကအိတ်ထဲမှအင်းဆက်သတ်ဆေးမှုန့်တချို့ထုတ်ပြီး ဟိုနားဒီနားဖြန်းလိုက်သည်။ သူတို့အိတ်ထဲကစောင်များထုတ်ချင်ယောင်ဆောင်လိုက်ပေမဲ့ အမှန်တော့နေရာလွတ်ထဲကထုတ်ပြီး မိမိကိုယ်ကိုပတ်လိုက်ကြသည်။

လင်ခုံးလု: "....." မင်းတို့တကယ်ကြီးဖုံးကွယ်မထားဘူးပဲ။ မင်းတို့ကျောပိုးအိတ်ကဒိုရေမွန်အိတ်ကပ်လို့ထင်နေတာလားဟ?

ကျွန်းကိုမြူဖုံးသွားပြီးနောက်ပိုင်း အပူချိန်မှာဖော်ပြမရအောင်အတော်လေးကျဆင်းသွားသည်။ ညဘက်ဆိုတောင်တန်းနှင့်တောအုပ်ထဲမှာပို၍ပင်အေးစက်နေပုံမှာ ဆောင်းဦးနှောင်းပိုင်းပမာ။

ထိုစဥ်ရွှီယန့်ကလည်းကုတ်အကျီကိုချွတ်ကာလင်ခုံးလုကိုခြုံပေးလာသည်။

လင်ခုံးလုရုတ်ခြည်းရှက်သွေးဖြာသွားပေမဲ့သူ့ဆီအနားတိုးကပ်သွားကာတီးတိုးပြောလိုက်သည်။ "တူတူခြုံမယ်လေ။"

ဒါဆိုပိုနွေးသွားမှာ။

ရွှီယန့်တည်ငြိမ်စွာငြင်းလိုက်သည်။
"ဟင့်အင်း၊ မင်းပဲခြုံလိုက်ပါ။"

ညနေကျရင်သူ့မှာလုပ်စရာရှိတယ်။

ဒါကိုတွေးမိတော့သူ့လက်ချောင်းထိပ်များကိုဖြည်းဖြည်းချင်းပွတ်ကာ လူသတ်လိုစိတ်ကိုဖုံးကွယ်လျက်မျက်လုံးထောင့်မှတဆင့်ယန်ဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။

လင်ခုံးလုနင်သွားကာတွေးလိုက်မိသည်:
ကောင်းရော၊ မင်းအူတိုပြီးတော့ငါနဲ့စစ်အေးတိုက်ပွဲနွှဲနေတာလား။

ရပါတယ်၊ စိတ်ကောက်နေလိုက်။

သူသူ့ကုတ်အကျီကိုတင်းတင်းခြုံကာ ကြောင်လေးပမာ ကိုယ်ကိုကွေးပြီး ဘေးကိုမှီလိုက်ကာ ရွှီယန့်ကိုတမင်ကျောပေးပြီး သူ့ကိုတကယ်လျစ်လျူရှူထားလိုက်သည်။

ရွှီယန့်သူ့ကိုခေါင်းလှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများမည်းမှောင်သွားပေမဲ့ အနားတိုးကပ်မသွားလိုက်ပေ။

*

ယန်ဖုန်းမှာအစကရွှီယန့်နှင့်လင်ခုံးလုကိုစောင်တစ်ထည်ပေးဖို့ကြံလိုက်ပေမဲ့ ရွှီယန့်ကလင်ခုံးလုကိုကုတ်အကျီချွတ်ပေးလိုက်တာမြင်တော့ ဒီလူကအရမ်းသဝန်တိုတာပဲဟုတွေးလိုက်မိသည်။

ဘယ်သူကမှအေးစက်စက်တင်ပါးကိုပူနွေးနွေးမျက်နှာဖိကပ်ရတာသဘောမကျပေ။ တွေးကြည့်ပြီးနောက်သူလက်လျှော့ဖို့ဆုံးဖြတ်လိုက်သည်။

သို့သော်သူတစ်ဖက်လှည့်လိုက်သည်နှင့် သူ၏ညာမျက်လုံးရုတ်တရက်လှုပ်သွားကာ သူ့ရင်ထဲမှာစိုးရိမ်စိတ်ရုတ်တရက်ဖြစ်ပေါ်လာသည်။

ဂိမ်းကမ္ဘာများစွာဖြတ်ကျော်ခဲ့ပြီးနောက် သူ၏အလိုလိုသိစိတ်မှာအလွန်တိကျမှန်ကန်သည်။ သူချက်ချင်းပတ်ဝန်းကျင်ကိုသတိရှိရှိဝေ့ဝဲကြည့်လိုက်ပေမဲ့မူမမှန်တာဘာမှမတွေ့ပေ။

သူရွှီယန့်ကိုအလိုလိုကြည့်လိုက်မိပြန်သည်။

ရွှီယန့်ကသိပ်မဝေးသောနေရာမှာထိုင်လျက် ခေါင်းအသာစောင်းကာလင်ခုံးလုကိုကြည့်နေပုံမှာ သူ့ဇနီးကိုစောင့်ကြပ်နေသည့်ကျောက်ရုပ်တုပမာ။ သူဟာအထီးကျန်ဆန်ကာအေးစက်နေပြီး သူ့မျက်နှာမှာအမှောင်ထဲကျရောက်နေသဖြင့် သူ့မျက်နှာထားကိုမမြင်ရပေ။

သို့သော်ဒီလူနှစ်​ယောက်ကိုကြည့်ရင်း ယန်ဖုန်းရင်ထဲမှာရုတ်တရက်သန်မာသောစိတ်ကူးတစ်ခုဖြစ်ပေါ်လာသည်။ သူသဝန်တိုနေတဲ့အိမ်တော်ထိန်းကိုရှင်းပြရမယ်။

သူ့အလိုလိုသိစိတ်ကသူ့ကိုအကြိမ်ပေါင်းများစွာကယ်တင်ခဲ့သည်။ ဒီစိတ်ကူးဝင်လာပြီးနောက် သူတုံ့ဆိုင်းခြင်းမရှိဘဲရွှီယန့်ဆီချက်ချင်းလျှောက်သွားကာ ရွှီယန့်ကိုပြောလိုက်သည်။
"မစ္စတာရွှီ၊ ခဏလောက်စကားပြောကြစို့လား။"

ရွှီယန့်ကခေါင်းအသာမော့ကာ သူ့ကိုမျက်ဝန်းနက်နက်များဖြင့်စိုက်ကြည့်ပြီး မျက်ခုံးအသာပင့်ကာဆိုလိုက်သည်။
"အင်း။"

သူတစ်ဖက်လူကိုသွားမရှာရဘဲ တစ်ဖက်လူကသူ့ဆီအရင်ရောက်လာသည်။

သူတို့နှစ်ယောက်ကလူတိုင်းနှင့်ဝေးသည့်လုံခြုံသောနေရာတစ်ခုဆီလျှောက်သွားပြီးမှရပ်လိုက်သည်။

လင်ခုံးလု: "?"

ဘာဖြစ်တာလဲ။ မင်းတို့တိုက်ခိုက်တော့မှာတော့မဟုတ်ဘူးမလား။

သူစနစ်ကိုအလျင်စလိုထောက်လှမ်းခိုင်းကာ ခိုးနားထောင်ရန်နားစွင့်လိုက်သည်။

ယန်ဖုန်းကကျောက်ဆောင်တစ်ခုရှာကာ၎င်းပေါ်မှာသန့်ရှင်းသောသစ်ရွက်အနည်းငယ်တင်လိုက်သည်။ ထိုင်ချပြီးမှသူရွှီယန့်ကိုကြည့်ကာမေးလိုက်သည်။
"မထိုင်ချင်ဘူးလား။"

ရွှီယန့်ကခေါင်းအသာငြိမ့်ကာ သူနှင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်သည်။

ယန်ဖုန်အကြာကြီးနှုတ်ဆိတ်နေပြီးမှဖြည်းဖြည်းချင်းပြောလိုက်သည်။
"ကျွန်တော့်မှာချစ်ရသူရှိတယ်..."

သူ"ကျွန်တော့်မှာသခင်လေးအပေါ်ဘောင်ကျော်တဲ့အတွေးတစ်စက်မှမရှိပါဘူး"ဟုတည့်တိုးမရှင်းပြဘဲ သူ့ကိုယ်သူအကြောင်းအရင်ပြောပြလိုက်သည်။

ရွှီယန့်ကမျက်ခုံးအသာပင့်သည်။

ခပ်လှမ်းလှမ်းကအိပ်ချင်ယောင်ဆောင်နေသူလင်ခုံးလုမှာမနေနိုင်ဘဲသူ့နားကိုကောင်းကင်ထိစွင့်ချင်သွားသည်။

"သူကနေရာတစ်ခုမှာပိတ်မိနေခဲ့တာ။"
ယန်ဖုန်းဖြည်းဖြည်းချင်းဆက်ပြောလိုက်သည်။
"ရုပ်သေးလိုမျိုးပဲ၊ သူ့ကိုယ်ပိုင်အတွေးနဲ့စိတ်ဆန္ဒမရှိတဲ့အပြင်သူ့အပြုအမူတွေကပါ.....ကြိုးကိုင်ခြယ်လှယ်ခံထားရတာ။"

"အစကတော့သူအမြဲတမ်းထိန်းချုပ်ခံရနေရတာလား၊ ဒါမှမဟုတ်သူ့စိတ်သူထိန်းချုပ်လို့ရသွားတာလားမသိပေမဲ့ ကျွန်တော်သူ့ကိုချစ်မိသွားတော့ သူကအရမ်းဉာဏ်ကောင်းတယ်...."

သူ၏ချစ်ရသူကဂိမ်းထဲကဘော့စ်ဆိုတာမပြောဘဲ ဒီနည်းဖြင့်သွယ်ဝိုက်ပြောလိုက်ပေမဲ့ ရွှီယန့်နှင့်လင်ခုံးလုကနားလည်ကြတုန်းပင်။

"သူကျွန်တော်တို့ကိုသတ်လိမ့်မယ်လို့လူတိုင်းကပြောကြတယ်။ ဒီဟာကရုပ်သေးရဲ့ကံကြမ္မာပဲ။ ကျွန်တော်လဲအဲ့လိုတွေးခဲ့မိတာ၊ ဒါပေမဲ့အဆုံးသတ်ကျတော့သူကျွန်တော့်ကိုလွှတ်ပေးခဲ့တယ်...."

သူAIကိုအမြဲချစ်နေခဲ့မိတာဟုယန်ဖုန်းအမှန်တကယ်မယုံပေ။ သူလုကျီဝေကိုချစ်မိသွားတုန်းက တစ်ဖကလူမှာသိသိသာသာကိုအလွန်စစ်မှန်ကာဉာဏ်ကောင်းထက်မြက်လှသည်။ ထို့အပြင်လုကျီဝေကအလွန်ထူးခြားသည်။ သူဟာအစတုန်းကဇာတ်ကြောင်းနောက်မလိုက်ဘဲ ဂိမ်းထဲဝင်လာသည့်လူသစ်ယောင်ဆောင်ကာသူတို့အဖွဲ့ထဲခိုးဝင်လာခဲ့သည်။

သူညီငယ်လေးကိုဂရုစိုက်ပေးသည့်အစ်ကိုကြီးတစ်ယောက်လိုမျိုး တစ်ဖက်လူကိုတောက်လျှောက်ဂရုစိုက်ပေးခဲ့ပေမဲ့ ဒီဂရုစိုက်မှုကဆက်ဆံရေးမှာပြောင်းလဲသွားခဲ့သည်။

နောက်တော့လုကျီဝေ၏သရုပ်မှန်ပေါ်ပေါက်သွားပြီး သူ့ကိုချက်ချင်းသတ်ပစ်မှသာလယ်ဗယ်ကိုရှင်းနိုင်မည်ဟုလူတိုင်းတွေးခဲ့ကြသည်။

ယန်ဖုန်းနှင့်ယွမ်ရှီးချွမ်းတို့မှအပ။

ယန်ဖုန်းကခံစားချက်ကြောင့်ဟုပြောနေစဥ် ယွမ်ရှီးချွမ်းမှာတော့လုကျီဝေကကိုယ်ပိုင်အသိစိတ်ရလာတာဟုထင်သည်။

သူတို့ကမတူညီသောထင်မြင်ချက်များကြောင့် အခြားကစားသမားများနှင့်လမ်းခွဲခဲ့ကြသည်။

သို့သော်လုကျီဝေကလှုပ်ရှားလာတုန်းပင်။ သူဟာသူ့ကိုအနိုင်ကျင့်ခဲ့သည့်ဂိမ်းထဲကလူတိုင်းကိုသတ်ပစ်ခဲ့သည်။ သူ့ကိုသတ်ချင်ခဲ့သည့်ထိုကစားသမားများအားလုံးသေသွားခဲ့သည်။ သူ့ကိုမသတ်ချင်ခဲ့သည့်ယွမ်ရှီးချွမ်းပါသေသွားခဲ့သည်ပင်။

သူဟာတကယ့်ဂိမ်းဘော့စ်လိုမျိုး အကြင်နာတရားမဲ့ကာအငြိုးအတေးနှင့်ပြည့်နေပုံမှာ ကစားသမားအဖွဲ့ထဲခိုးဝင်ခဲ့သည့်ကောင်လေးကဘယ်တုန်းကမှမတည်ရှိခဲ့သည့်အလား၊ သူဟာကစားသမားများ၏အသေးစိတ်ကိုရှာဖွေဖို့အတွက်နှင့် အဖွဲ့ဝင်ခိုးဝင်ခဲ့သည့်အလားပင်။

"ဒီဘော့စ်မှာတကယ်စိတ်ဝိညာဥ်ရှိတယ်၊ သူ့မှာသေချာပေါက်ကိုယ်ပိုင်အသိစိတ်ရှိမှာပဲ၊ ဒါပေမဲ့ငါမင်းတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုလျှော့တွက်မိသွားတယ်၊ ငါသူ့ကိုလွှမ်းမိုးလို့ရမယ်ထင်ခဲ့တာ။ အိုင်း၊ ဒီဂိမ်းကအလကားဖြစ်သွားတဲ့ပုံပဲ၊ ငါပြန်ဝင်စားခွင့်ရဖို့အမှတ်တွေအများကြီးနဲ့လဲရတော့မယ်။"
ယွမ်ရှီးချွမ်းကမ"သေ"ခင်မှာ သူ့ကိုလှောင်ပြုံးတစ်ပွင့်နှင့်ပြောသွားသည်။

လျှော့တက်သွားမိသွားတယ်? ဒါမှမဟုတ် တစ်ခါမှလား။

ယန်ဖုန်းရင်ထဲမှာအထီးကျန်သွားရသည်။ ထိုအချိန်ကသူဟာဂိမ်းထဲမှာကျန်ရစ်ခဲ့သည့်တစ်ဦးတည်းသောကစားသမားဖြစ်သည်။ သူ့ချစ်ရသူကိုသတ်တာကလယ်ဗယ်ရှင်းနိုင်မဲ့တစ်ခုတည်းသောနည်းလမ်းမှန်းသူသိသည်။ သို့သော်သူသတ်ဖို့ပြင်လိုက်စဥ် သူ့ရှေ့ကရင်းနှီးသောမျက်နှာလေးကိုကြည့်ပြီး မလုပ်ရက်နိုင်တော့ပေ။

သူနောက်ဆုံးမှာခါးသက်စွာမျက်စိမှိတ်ကာတွေးလိုက်မိသည်။ ဘာမှမဖြစ်ပါဘူးလေ။ အဆိုးဆုံးတော့ယွမ်ရှီးချွမ်းလိုမျိုးအမှတ်ဆုံးရုံပဲ။ သူ့မှာပြန်ဝင်စားဖို့အတွက်အမှတ်လုံလောက်အောင်မရှိရုံသာ။

သူဒီဂိမ်းကမ္ဘာကိုဘယ်တော့မှထပ်လာလို့မရရုံပဲ။

သို့သော်လုကျီဝေကရပ်တန့်သွားပြီး သူ့မျက်နှာထားကတစ်အောင့်မျှဇဝေဇဝါဖြစ်သွားပြီးမှ ခဏကြာတော့တစ်ခုခုကိုနားလည်သွားကာသူ့နှဖူးကိုခပ်ဖွဖွနမ်းရှိုက်လာသည်။

"ကြည့်ရတာတော့ဒါကမင်းအသက်ရှင်နိုင်မဲ့တစ်ခုထဲသောနည်းလမ်းဖြစ်ပုံပဲ။"
လုကျီဝေမှာနောက်ဆုံးမှာကိုယ့်ကိုယ်ကိုဖျက်ဆီးပစ်ဖို့ရွေးချယ်ခဲ့သည်။

ယန်ဖုန်းမျက်စိဖွင့်လိုက်ချိန် သူ့ကိုယ်တစ်ဝက်နီးပါးပျောက်ကွယ်နေပြီမှန်းသိလိုက်ရသည်။ လုကျီဝေမှာကိုယ်ပိုင်အသိစိတ်ရှိမှန်းသူရုတ်ခြည်းနားလည်သွားသည်။ သူဟင့်အင်းဟုအရိုင်းဆန်စွာဆိုကာ သူသေမှာမဟုတ်ဘူး၊ ပြန်ရှင်ဖို့အခွင့်အရေးရှိသေးတယ်ဟုသူတစ်ဖက်လူကိုပြောလိုက်သည်။

သို့သော်လုကျီဝေကသူ့ကိုဇဝေဇဝါဖြစ်စွာကြည့်ကာ နောက်ဆုံးမှာခေါင်းအသာခါလိုက်ပြီး တစ်ခုခုနားလည်သွားပုံရပြီးနောက် အလင်းစက်များအဖြစ်ပျောက်ကွယ်သွားလေတော့သည်။

ထိုစကားလုံးများကိုစနစ်ကပိတ်ထားပြီး လုကျီဝေကကြားနိုင်မှာမဟုတ်မှန်းယန်ဖုန်းမေ့နေခဲ့သည်။

ထိုဂိမ်းကမ္ဘာကထွက်လာပြီးနောက် ယန်ဖုန်းရုတ်တရက်တာဝန်များကိုရူးသွပ်စွာစတင်လုပ်ပြီးSအဆင့်ကစားသမားဖြစ်လာရန်စိတ်အားထက်သန်နေခဲ့သည်။

Sအဆင့်ကစားသမားဖြစ်လာပြီးရင် စနစ်ကပေးတဲ့ဂိမ်းကမ္ဘာငါးခုကိုအောင်မြင်တိုင်း ဂိမ်းကမ္ဘာကိုမိမိဘာသာမိမိရွေးချယ်လို့ရသည်။ လုကျီဝေကကိုယ်ပိုင်အသိစိတ်ရှိမှန်းသူသိတာမို့ သူပြန်သွားချင်ခဲ့သည်။

သို့သော်သူSအဆင့်ကစားသမားဖြစ်လာပြီးနောက်ပိုင်း ထိုဂိမ်းကိုပြန်သွားတော့လုကျီဝေကသူ့ကိုမမှတ်မိတော့ဘဲ အခြားဂိမ်းဘော့စ်များလိုမျိုးမထူးခြားမခြားနားဖြစ်လာသည်။

သူဟာသူ့ချစ်ရသူထံမှ"အသတ်ခံ"ခဲ့ရသည်။

လုကျီဝေမှာပိုမိုသန်မာကာအကြင်နာတရားကင်းမဲ့လာသည်။ ကစားသမားအနည်းစုသာသူ့ကိုသတ်ပြီးလယ်ဗယ်ရှင်းနိုင်သည်။ Aအဆင့်ဂိမ်းကSအဆင့်ကိုတိုးမြင့်သွားသည်။

"ကျွန်တော်နောက်ပိုင်းအကြိမ်ပေါင်းများစွာပြန်သွားခဲ့ပေမဲ့သူကကျွန်တော့်ကိုမှတ်မိတော့တဲ့ပုံမပေါ်တဲ့အပြင်တကယ့်ရုပ်သေးအစစ်ပါဖြစ်လာတယ်။"
ယန်ဖုန်း၏အသံမှာတိုးလျနေပြီး သူကိစ္စများစွာကြုံတွေ့ခဲ့ရလို့ထင်၊ စိတ်ဖီစီးနေပေမဲ့တည်ငြိမ်လှသည်။

လုကျီဝေမှာအစစ်မဟုတ်တော့ပေမဲ့သူ့လက်လျှော့အရှုံးမပေးချင်။ သူပြန်သွားခွင့်ရတိုင်းအဆက်မပြတ်ပြန်သွားခဲ့ပြီးရင် ထပ်ခါတလဲလဲ"အသတ်ခံ"ခဲ့သည်။

တစ်နေ့ကျရင်လုကျီဝေကသူ့ကိုမှတ်မိလာနိုင်သည်ဟုသူထင်သည်။ သူသူ့ကိုမမှတ်မိရင်တောင် သူအသတ်ခံရရင်တောင် သူ့ကိုတစ်ချက်လောက်တော့သွားကြည့်ချင်သည်။

ရွှီယန့်တိတ်ကျသွားသည်။

သူထပ်ခါတလဲလဲပြန်လာပြီး လင်ခုံးလုကိုထပ်တွေ့ရဖို့အိပ်မက်မက်ခဲ့ပေမဲ့ သူမျှော်လင့်စောင့်စားမှုနှင့်ပြည့်နေချိန်တိုင်း သူဟာစိတ်ပျက်မှုနှင့်ကြုံရသည်။ သခင်လေးကဘယ်တုန်းကမှပြန်မလာခဲ့ဘဲ တည်ရှိနေသမျှအကုန်လုံးဟာအတုအ​ယောင်ဒေတာဖြစ်သည်။

လောကကြီးမှာဒီအဆုံးမဲ့ပြန်ရှင်သန်မှုမှာတစ်ခါပဲပေါ်လာတဲ့တစ်စုံတစ်ယောက်ကိုချစ်နေသည့်သူ့လိုမျိုးတုံးအတဲ့လူတွေရှိနေလိမ့်မည်ဟုသူမထင်ထားမိပေ။

"အဲ့ဒီ့ထဲကမင်းဘယ်နှကြိမ်ပြန်သွားခဲ့လဲ။"သူရုတ်ခြည်းမေးလိုက်သည်။

"၂၃​ခေါက်။" ယန်ဖုန်း၏မျက်နှာထားမှာအနည်းငယ်ပျော့ပြောင်းနေပေမဲ့ ဒါကိုပြောလိုက်ချိန် သူ့မျက်လုံးများမှာပျော်ရွှင်မှုနှင့်ပြည့်နှက်သွားပုံပင်။

ဒီဂိမ်းကိုရှင်းပြီးတာနဲ့ သူရွေးချင်တဲ့ဂိမ်းကမ္ဘာကိုရွေးခွင့်နောက်တစ်ခုရှိလာမှာ၊ ပြီးရင်သူကျီဝေကိုထပ်ပြီးသွားတွေ့လို့ရပြီ။

ရွှီယန့်လှောင်ပြုံးပြုံးလိုက်ပြီးရင်ထဲမှာကောက်ချက်ချမိသည်: ရူးလိုက်တာ။

ဒီကစားသမားတွေကဆေးရည်နဲ့ဒဏ်ရာမြန်မြန်ပြန်ကောင်းအောင်လုပ်နိုင်ပြီးတော့ သူတို့သေသွားရင်တောင်ပြန်ရှင်နိုင်တယ်လို့ထင်နေကြတယ်။ သူတို့ဒီကမ္ဘာတွေကိုတကယ့်ခန္ဓာကိုယ်အစစ်နဲ့ဝင်တာမဟုတ်ဘဲ အသိစိတ်အနေနဲ့ပဲတည်ရှိတာကိုတော့မရှိကြဘူး။

သူတို့ဒဏ်ရာရသွားတာ ဒါမှမဟုတ် သေသွားတဲ့အချိန်တိုင်းမှာ သူတို့အသိစိတ်ကုန်ဆုံးသွားတယ်။ ပြုပြင်ဆေးရည်နဲ့ပြန်ရှင်နိုင်တဲ့အခွင့်အရေးဆိုတာမျိုးကဒေတာကိုဖြည့်ပြီး ဒီဆုံးရှုံးမှုတွေကိုပြန်ပြင်နေရုံပဲ။ ဖြည့်ရတဲ့အရေအတွက်များလေလေ ဒေတာအကုန်အကျများလေလေဖြစ်ပြီးတော့ အသိစိတ်ကသေးငယ်လာမယ်။ အဆုံးသတ်မှာဒေတာပဲကျန်တော့တဲ့အခါ ဒီလူကသူကိုယ်တိုင်ဖြစ်နေအုံးမှာတဲ့လား။

"သူပထမဆုံးအကြိမ်သေသွားတုန်းကသူမင်းကိုဘာပြောသွားတယ်ထင်လဲ။"
ရွှီယန့်ရုတ်တရက်မေးလိုက်သည်။

ယန်ဖုန်းမသိမသာတောင့်တင်းသွားရသည်။

ရွှီယန့်နှုတ်ခမ်းကွေးကာပြောလိုက်သည်။
"ငါမင်းကိုထပ်ပြီးမသေစေချင်ဘူးလို့ပြောတာထင်တယ်။"

သူ့ရဲ့ဉာဏ်ရည်နှင့် လုကျီဝေကအတိတ်မှာမြင့်မားသောအဆင့်ရှိသည့်ကစားသမားတစ်​ယောက်ဖြစ်လောက်မယ်ဆိုတာသူခန့်မှန်းမိလိုက်ပြီ။ သူကဒီအတုအယောင်ကမ္ဘာတွေရဲ့လျို့ဝှက်ချက်ကိုရှာတွေ့သွားတာဖြစ်မယ်။ သူလုံးဝဒေတာဖြစ်သွားတဲ့အချိန် အသိစိတ်တစ်စွန်းတစဝင်လာပြီးရုန်းထွက်ဖို့ကြိုးစားခဲ့ပေမဲ့ကျရှုံးသွားခဲ့တာပဲ။

လုံးဝမသေသွားခင် သူကသူ့ချစ်ရသူကိုထပ်ပြီးမသေဖို့၊ ထပ်ပြီးထိခိုက်ဒဏ်ရာမရစေဖို့အကြံပေးသွားတယ်။

ပြုပြင်ရေးဆေးရည်နဲ့ပြန်ရှင်တဲ့အခွင့်အရေးကကစားသမားတွေကိုကယ်နိုင်တာမဟုတ်ဘဲ အဆိပ်သောက်ပြီးဆာလောင်မှုကိုဖြေဖျောက်ရုံပဲရှိတာ။

ဒါပေမဲ့လုကျီဝေရဲ့ခဏတာနိုးထလာမှုကဆန့်ကျင်ဘက်သဘောသက်ရောက်သွားပြီးတော့ ပင်မနတ်ဘုရားခွင့်ပြုထားတဲ့စည်းမျဥ်းတွေအတွင်းမှာ ယန်ဖုန်းကိုသူ့ချစ်ရသူကိုမြင်ရဖို့အတွက်နဲ့  ဂိမ်းကမ္ဘာထဲအဆက်မပြတ်ဝင်ရောက်သွားစေခဲ့တယ်။

Aအဆင့်ကစားသမားကနေSအဆင့်ကစားသမားဖြစ်သွားတာအပါအဝင် လုကျီဝေကို၂၃ခေါက်သွားတွေ့ခဲ့တာပါပေါင်းလိုက်ရင် ဒီကာလအတွင်းမှာဂိမ်းကမ္ဘာဘယ်နှခုလောက်ဖြတ်ကျော်ရမှာလဲ။ ပြုပြင်ရေးဆေးရည်ဘယ်နှခေါက်သုံးခဲ့လဲ၊ ပြီးတော့ဘယ်နှခေါက်ပြန်ရှင်ခဲ့တာလဲ။

အခုဆိုယန်ဖုန်းဒေတာဘယ်လောက်ဖြည့်ပြီးသွားပြီလဲ၊ သူ့ကိုယ်ပိုင်အသိစိတ်ဘယ်လောက်ကျန်သေးလဲ။ သိပ်မကျန်တော့မှာစိုးတယ်။ အများဆုံးတစ်ခေါက်နှစ်ခေါက်သေတာနဲ့ လုံးဝဒေတာဖြစ်သွားပြီးတော့ဂိမ်းကမ္ဘာတစ်ခုခုမှာNPCဖြစ်လာမှာ။

ဟက်၊ ပင်မနတ်ဘုရားရဲ့စည်းမျဥ်းတွေကိုယုံကြည်နေတာဘယ်လောက်တုံးအလိုက်လဲ။

ဒါပေမဲ့သူကရောတစ်ဖက်လူထက်ပိုကောင်းနေလို့လား။ သူအကုန်ဖောက်မ​မြင်ခင်တုန်းက မျှော်လင့်ချက်တစ်စွန်းတစနဲ့အကြိမ်ပေါင်းများစွာပြန်ရှင်ခဲ့တယ်မဟုတ်လား။

ရွှီယန့်ခပ်ဖွဖွလှောင်ပြုံးပြုံးလိုက်မိပုံမှာ သူ့ကိုယ်သူလှောင်နေတာလား၊ သူများကိုလှောင်နေတာလားမသိပေ။

ဘာမှမပိုဘူး၊ သူ့လိုမျိုးတုံးအတဲ့သနားစရာလူတစ်ယောက်ပဲ၊ သူ့ထက်ပိုဆိုးရင်ဆိုးနေမှာ...ပြီးတော့လုံးဝသေသွားတော့မယ်။

သူနွယ်ပင်များကိုဖြည်းဖြည်းချင်းပြန်ရုတ်ကာထွက်သွားရန်စီစဥ်လိုက်သည်။

ယန်ဖုန်းမှာသူ့စကားလုံးများကြောင့်အတွေးထဲနစ်သွားသည်။ သူသေခြင်းတရားပေါ်ကအခုပဲဖြတ်လျှောက်လာခဲ့မှန်းသူမသိပေ။ သူထွက်သွားဖို့ပြင်နေတာမြင်တော့ သူနောက်ဆုံးမှာအသိပြန်ဝင်လာပြီး သူ့ကိုစကားပြောရသည့်တကယ့်ရည်ရွယ်ချက်အစစ်အမှန်ကိုအလေးအနက်ပြောပြလိုက်သည်။

"မစ္စတာရွှီ၊ ကျွန်တော်ဒီနေ့မင်းကိုစကားပြောတုန်းကနည်းနည်းရိုင်းပျမိပြီးတော့အတင့်ရဲသွားတယ်။ ဒါပေမဲ့တကယ်တော့ကျွန်တော်မင်းနဲ့သခင်လေးသင့်မြတ်နေတာမြင်တော့ ကျွန်တော်ဝမ်းသာမိပါတယ်။ မင်းတို့အမြဲတမ်းအဆင်ပြေနေပြီးတော့ကျွန်တော့်ကြောင့်မလိုအပ်တဲ့နားလည်မှုလွဲတာမျိုးမရှိဖို့ကျွန်တော်မျှော်လင့်မိတယ်။ ကျွန်တော့်လိုမျိုးမဖြစ်ပါစေနဲ့...ကျွန်တော်ကဆုံးရှုံးသွားမှနောင်တရနေရတာ။"

မိစ္ဆာနတ်ဘုရားကရွှီယန့်ဖြစ်ကြောင်းယန်ဖုန်းတကယ်ခန့်မှန်းမိသည်။ ထိုတင်မကသေး၊ မိစ္ဆာနတ်ဘုရားနှင့်သခင်လေးနှစ်ယောက်လုံးမှာကိုယ်ပိုင်အသိစိတ်ရှိနေသဖြင့် ဂိမ်းကမ္ဘာ၏နဂိုဆက်တင်နောက်လိုက်မလုပ်ကြပေ။

သူနှင့်ယွမ်ရှီးချွမ်းတို့နှစ်ယောက်လုံးလုကျီဝေ၏အခြေအနေနှင့်ကြုံဖူးသဖြင့် အခုဆိုသူတို့နောက်တစ်ခေါက်ထပ်လောင်းချင်မိသည်၊ ကိုယ်ပိုင်အသိစိတ်ရှိလာတဲ့မိစ္ဆာနတ်ဘုရားကသခင်လေးကြောင့်ပြောင်းလဲသွားမည်ဟု။

သူတို့လောင်းတာနိုင်ရင်သူတို့လယ်ဗယ်ကိုရှင်းနိုင်မယ်။ သူတို့လောင်းတာရှုံးရင်တော့....သူတို့မိစ္ဆာနတ်ဘုရားကိုသတ်ရင်သတ်၊ မဟုတ်ရင်မိစ္ဆာနတ်ဘုရားသတ်တာခံရမှာပဲ။

ဒါကိုတွေးမိတော့ယန်ဖုန်းအနည်းငယ်ပိုလေးနက်သွားသည်။

ရွှီယန့်ထရပ်ကာသူ့ကိုတစ်အောင့်ကြာကြည့်ပြီးမှရုတ်တရက်ပြုံးလိုက်သည်။
"ဒါဆိုအသိပေးတဲ့အတွက်ကျေးဇူးတင်ရမှာပေါ့?"

____

မူရင်းစာရေးသူမှာပြောစရာရှိတယ်:

ယန်ဖုန်း: ငါမင်းကိုဖောက်မြင်လိုက်ပြီ။

ရွှီယန့်: ငါမင်းကို​ဖောက်မြင်လိုက်ပြီ။

_____

Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၂၁)။

ယန္ဖုန္းတစ္ေယာက္လင္ခုံးလုကိုကစားသမားေတြမွာပဲရွိတဲ့အထူးေဆးရည္ေပးတာကကူညီ႐ုံသက္သက္ပဲလား၊ အျခားရည္႐ြယ္ခ်က္နဲ႕လားဆိုတာ႐ႊီယန့္မသိေပမဲ့ ယန္ဖုန္းကမရိုးရွင္းတာကိုေတာ့သူသိသည္။

အရင္ဘဝပထမဆုံးအႀကိမ္ငါးဆယ္ျပန္ဝင္စားၿပီးေနာက္ပိုင္း အႀကိမ္ေထာင္ေပါင္းမ်ားစြာျပန္ဝင္စားျခင္းကသူ႕ကိုတစ္ခုနားလည္သြားေစခဲ့တာၾကာၿပီျဖစ္သည္၊ ဒီကမၻာကအစစ္မဟုတ္ေၾကာင္း။ ဒီကမၻာမွာေပၚလာသည့္သန္မာေသာလက္နက္ႏွင့္ေဆးဝါးမ်ားလက္ဝယ္ပိုင္ဆိုင္သည့္ထိုကစားသမားဆိုသူမ်ား၏တစ္ခုတည္းေသာရည္႐ြယ္ခ်က္မွာသူ႕ကိုသတ္ရန္ျဖစ္သည္။

သူဒါကိုသိခဲ့တာၾကာၿပီျဖစ္သည္။ သူဒီကစားသမားေတြကိုအသက္ရွင္လ်က္ထားၿပီးကိစၥတိုင္းကိုတည္တည္ၿငိမ္ၿငိမ္ရပ္ၾကည့္ေနရတဲ့အေၾကာင္းရင္းက သူဒီအေျခအေနကိုအခြင့္ေကာင္းယူၿပီး တကယ့္လက္သည္တရားခံအစစ္ကိုေဖာ္ထုတ္ခ်င္တာမို႔လို႔ပင္- စုန့္လင္ေနာက္ကြယ္မွာပုန္းေနၿပီးအရာအားလုံးကိုတကယ္စီစဥ္ေနတဲ့လူ။

ကစားသမားေတြကသူ႕ကိုပင္မနတ္ဘုရားလို႔ေခၚသလိုပဲ? ဟက္၊ နတ္ဘုရားတဲ့လား။

ဒါေပါ့၊ အေရးႀကီးတဲ့အေၾကာင္းရင္းေနာက္တစ္ခုရွိေသးတယ္၊ အဲ့ဒါကေတာ့သခင္ေလးကဒီကစားသမားအုပ္စုကိုအရမ္းစိတ္ဝင္စားေနသလိုပဲ။

အရင္ဘဝကသူအႀကိမ္ေပါင္းမ်ားစြာျပန္ေရာက္လာခဲ့ၿပီး ဒီအတုအေယာင္ကမၻာကိုဖ်က္ဆီးပစ္ခဲ့ေတာ့ ဒီအဖိုးတန္ႀကဳံေတြ႕မႈကိုရလာခဲ့သည္။ သခင္ေလးကဒီကစားသမားအုပ္စုကိုစိတ္ဝင္စားေနမွေတာ့ သူ႕ကိုသူတို႔ႏွင့္အခ်ိန္ပိုျဖဳန္းခိုင္းလိုက္တာကိစၥမရွိဘူး။

ဒီကမၻာကအမ်ားဆုံးတစ္လသာတည္ရွိမွန္းသူသိသည္။ တစ္လၿပီးရင္ အရာအားလုံးကိုrefreshလုပ္လိုက္လိမ့္မယ္။ ကြၽန္းသူကြၽန္းသားေတြကအဲ့ကြၽန္းသူကြၽန္းသားေတြပဲျဖစ္ေနအုံးမွာ၊ ကစားသမားအသစ္ေတြထပ္လာအုံးမွာဆိုေပမဲ့သခင္ေလးကေတာ့သခင္ေလးဟုတ္ေတာ့မွာမဟုတ္ဘူး။

သူ႕မွာအခ်ိန္သိပ္မရွိဘူး၊ သူသိပ္အမ်ားႀကီးမလိုခ်င္ပါဘူး။ သူဒီတစ္လအတြင္းမွာသခင္ေလးနဲ႕အတူရွိခ်င္႐ုံပဲ။ ဒီေတာ့သခင္ေလးသေဘာက်သေ႐ြ႕ သူအရာအားလုံးကိုေက်နပ္ေအာင္အေကာင္းဆုံးႀကိဳးစားလုပ္ေပးမွာပဲ၊ သူ႕ကိုသတ္ခ်င္တဲ့ဒီကစားသမားေတြကိုကြၽန္းေပၚမွာဟိုေျပးဒီေျပးခြင့္ထားလိုက္မယ္။

ဒါေပမဲ့ဒီကစားသမားအုပ္စုကသခင္ေလးကိုမ်က္စိမက်ခဲ့သင့္ဘူး။ ဒီကစားသမားေတြကလယ္ဗယ္ကိုရွင္းဖို႔သခင္ေလးကိုအသုံးခ်ခ်င္တာကိုသူမျမင္ဘူးမထင္နဲ႕၊ လယ္ဗယ္ကိုရွင္းတာကသူ႕ကိုသတ္တာလို႔ဆိုလိုတာပဲ။

ခႏၶာကိုယ္ကိုျပဳျပင္ေပးနိုင္တဲ့ေဆးရည္ေတြလည္းရွိေသးတယ္။ အဲ့ဒါေတြကခႏၶာကိုယ္ကိုျပဳျပင္နိုင္တယ္လို႔ကစားသမားေတြထင္ေနၾကတာ။ တကယ္ေတာ့နည္းနည္းပဲသုံးရင္ဘာမွမျဖစ္ေပမဲ့အမ်ားႀကီးသုံးလိုက္ရင္ေကာင္းတဲ့အရာမဟုတ္ဘူး။

ဒီရႈေထာင့္ကၾကည့္ရင္ ပင္မနတ္ဘုရားကလူေကာင္းမဟုတ္ဘူး။ သူကသူ႕ကိုသတ္ဖို႔အ႐ူးတစ္အုပ္ကိုတစ္အုပ္ၿပီးတစ္အုပ္အ႐ူးလုပ္ေနတာပဲ။

႐ႊီယန့္မ်က္လႊာအသာခ်ကာသူ႕မ်က္ဝန္းထဲကအေမွာင္ထုကိုဖုံးကြယ္လိုက္သည္။

ယန္ဖုန္းႏွင့္အျခားသူမ်ားကတစ္ညေနဖို႔သင့္ေတာ္သည့္ေနရာတစ္ခုကိုခပ္ျမန္ျမန္ရွာေတြ႕သြားသည္။ ဟယ္ခြင္းေသသြားၿပီမွန္းသူတို႔မသိေတာ့ ကြၽန္းသူကြၽန္းသားမ်ားမေတြ႕ေအာင္မီးစာမလႈံလိုက္ေပ။

မနက္ကယန္ဖုန္းႏွင့္ယန္ရွီးခြၽမ္းတို႔အျပင္ထြက္သြားတုန္းက ျဖစ္ခ်င္ေတာ့သူတို႔အိတ္မ်ားသယ္သြားခဲ့ၾကသည္။ ဒီအခ်ိန္မွာ သူတို႔ကအိတ္ထဲမွအင္းဆက္သတ္ေဆးမႈန့္တခ်ိဳ႕ထုတ္ၿပီး ဟိုနားဒီနားျဖန္းလိုက္သည္။ သူတို႔အိတ္ထဲကေစာင္မ်ားထုတ္ခ်င္ေယာင္ေဆာင္လိုက္ေပမဲ့ အမွန္ေတာ့ေနရာလြတ္ထဲကထုတ္ၿပီး မိမိကိုယ္ကိုပတ္လိုက္ၾကသည္။

လင္ခုံးလု: "....." မင္းတို႔တကယ္ႀကီးဖုံးကြယ္မထားဘူးပဲ။ မင္းတို႔ေက်ာပိုးအိတ္ကဒိုေရမြန္အိတ္ကပ္လို႔ထင္ေနတာလားဟ?

ကြၽန္းကိုျမဴဖုံးသြားၿပီးေနာက္ပိုင္း အပူခ်ိန္မွာေဖာ္ျပမရေအာင္အေတာ္ေလးက်ဆင္းသြားသည္။ ညဘက္ဆိုေတာင္တန္းႏွင့္ေတာအုပ္ထဲမွာပို၍ပင္ေအးစက္ေနပုံမွာ ေဆာင္းဦးႏွောင္းပိုင္းပမာ။

ထိုစဥ္႐ႊီယန့္ကလည္းကုတ္အက်ီကိုခြၽတ္ကာလင္ခုံးလုကိုၿခဳံေပးလာသည္။

လင္ခုံးလု႐ုတ္ျခည္းရွက္ေသြးျဖာသြားေပမဲ့သူ႕ဆီအနားတိုးကပ္သြားကာတီးတိုးေျပာလိုက္သည္။ "တူတူၿခဳံမယ္ေလ။"

ဒါဆိုပိုႏြေးသြားမွာ။

႐ႊီယန့္တည္ၿငိမ္စြာျငင္းလိုက္သည္။
"ဟင့္အင္း၊ မင္းပဲၿခဳံလိုက္ပါ။"

ညေနက်ရင္သူ႕မွာလုပ္စရာရွိတယ္။

ဒါကိုေတြးမိေတာ့သူ႕လက္ေခ်ာင္းထိပ္မ်ားကိုျဖည္းျဖည္းခ်င္းပြတ္ကာ လူသတ္လိုစိတ္ကိုဖုံးကြယ္လ်က္မ်က္လုံးေထာင့္မွတဆင့္ယန္ဖုန္းကိုတစ္ခ်က္ၾကည့္လိုက္သည္။

လင္ခုံးလုနင္သြားကာေတြးလိုက္မိသည္:
ေကာင္းေရာ၊ မင္းအူတိုၿပီးေတာ့ငါနဲ႕စစ္ေအးတိုက္ပြဲႏႊဲေနတာလား။

ရပါတယ္၊ စိတ္ေကာက္ေနလိုက္။

သူသူ႕ကုတ္အက်ီကိုတင္းတင္းၿခဳံကာ ေၾကာင္ေလးပမာ ကိုယ္ကိုေကြးၿပီး ေဘးကိုမွီလိုက္ကာ ႐ႊီယန့္ကိုတမင္ေက်ာေပးၿပီး သူ႕ကိုတကယ္လ်စ္လ်ဴရႉထားလိုက္သည္။

႐ႊီယန့္သူ႕ကိုေခါင္းလွည့္ၾကည့္လိုက္ၿပီး သူ႕မ်က္လုံးမ်ားမည္းေမွာင္သြားေပမဲ့ အနားတိုးကပ္မသြားလိုက္ေပ။

*

ယန္ဖုန္းမွာအစက႐ႊီယန့္ႏွင့္လင္ခုံးလုကိုေစာင္တစ္ထည္ေပးဖို႔ႀကံလိုက္ေပမဲ့ ႐ႊီယန့္ကလင္ခုံးလုကိုကုတ္အက်ီခြၽတ္ေပးလိုက္တာျမင္ေတာ့ ဒီလူကအရမ္းသဝန္တိုတာပဲဟုေတြးလိုက္မိသည္။

ဘယ္သူကမွေအးစက္စက္တင္ပါးကိုပူႏြေးႏြေးမ်က္ႏွာဖိကပ္ရတာသေဘာမက်ေပ။ ေတြးၾကည့္ၿပီးေနာက္သူလက္ေလွ်ာ့ဖို႔ဆုံးျဖတ္လိုက္သည္။

သို႔ေသာ္သူတစ္ဖက္လွည့္လိုက္သည္ႏွင့္ သူ၏ညာမ်က္လုံး႐ုတ္တရက္လႈပ္သြားကာ သူ႕ရင္ထဲမွာစိုးရိမ္စိတ္႐ုတ္တရက္ျဖစ္ေပၚလာသည္။

ဂိမ္းကမၻာမ်ားစြာျဖတ္ေက်ာ္ခဲ့ၿပီးေနာက္ သူ၏အလိုလိုသိစိတ္မွာအလြန္တိက်မွန္ကန္သည္။ သူခ်က္ခ်င္းပတ္ဝန္းက်င္ကိုသတိရွိရွိေဝ့ဝဲၾကည့္လိုက္ေပမဲ့မူမမွန္တာဘာမွမေတြ႕ေပ။

သူ႐ႊီယန့္ကိုအလိုလိုၾကည့္လိုက္မိျပန္သည္။

႐ႊီယန့္ကသိပ္မေဝးေသာေနရာမွာထိုင္လ်က္ ေခါင္းအသာေစာင္းကာလင္ခုံးလုကိုၾကည့္ေနပုံမွာ သူ႕ဇနီးကိုေစာင့္ၾကပ္ေနသည့္ေက်ာက္႐ုပ္တုပမာ။ သူဟာအထီးက်န္ဆန္ကာေအးစက္ေနၿပီး သူ႕မ်က္ႏွာမွာအေမွာင္ထဲက်ေရာက္ေနသျဖင့္ သူ႕မ်က္ႏွာထားကိုမျမင္ရေပ။

သို႔ေသာ္ဒီလူႏွစ္ေယာက္ကိုၾကည့္ရင္း ယန္ဖုန္းရင္ထဲမွာ႐ုတ္တရက္သန္မာေသာစိတ္ကူးတစ္ခုျဖစ္ေပၚလာသည္။ သူသဝန္တိုေနတဲ့အိမ္ေတာ္ထိန္းကိုရွင္းျပရမယ္။

သူ႕အလိုလိုသိစိတ္ကသူ႕ကိုအႀကိမ္ေပါင္းမ်ားစြာကယ္တင္ခဲ့သည္။ ဒီစိတ္ကူးဝင္လာၿပီးေနာက္ သူတုံ႕ဆိုင္းျခင္းမရွိဘဲ႐ႊီယန့္ဆီခ်က္ခ်င္းေလွ်ာက္သြားကာ ႐ႊီယန့္ကိုေျပာလိုက္သည္။
"မစၥတာ႐ႊီ၊ ခဏေလာက္စကားေျပာၾကစို႔လား။"

႐ႊီယန့္ကေခါင္းအသာေမာ့ကာ သူ႕ကိုမ်က္ဝန္းနက္နက္မ်ားျဖင့္စိုက္ၾကည့္ၿပီး မ်က္ခုံးအသာပင့္ကာဆိုလိုက္သည္။
"အင္း။"

သူတစ္ဖက္လူကိုသြားမရွာရဘဲ တစ္ဖက္လူကသူ႕ဆီအရင္ေရာက္လာသည္။

သူတို႔ႏွစ္ေယာက္ကလူတိုင္းႏွင့္ေဝးသည့္လုံၿခဳံေသာေနရာတစ္ခုဆီေလွ်ာက္သြားၿပီးမွရပ္လိုက္သည္။

လင္ခုံးလု: "?"

ဘာျဖစ္တာလဲ။ မင္းတို႔တိုက္ခိုက္ေတာ့မွာေတာ့မဟုတ္ဘူးမလား။

သူစနစ္ကိုအလ်င္စလိုေထာက္လွမ္းခိုင္းကာ ခိုးနားေထာင္ရန္နားစြင့္လိုက္သည္။

ယန္ဖုန္းကေက်ာက္ေဆာင္တစ္ခုရွာကာ၎ေပၚမွာသန့္ရွင္းေသာသစ္႐ြက္အနည္းငယ္တင္လိုက္သည္။ ထိုင္ခ်ၿပီးမွသူ႐ႊီယန့္ကိုၾကည့္ကာေမးလိုက္သည္။
"မထိုင္ခ်င္ဘူးလား။"

႐ႊီယန့္ကေခါင္းအသာၿငိမ့္ကာ သူႏွင့္မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္သည္။

ယန္ဖုန္အၾကာႀကီးႏႈတ္ဆိတ္ေနၿပီးမွျဖည္းျဖည္းခ်င္းေျပာလိုက္သည္။
"ကြၽန္ေတာ့္မွာခ်စ္ရသူရွိတယ္..."

သူ"ကြၽန္ေတာ့္မွာသခင္ေလးအေပၚေဘာင္ေက်ာ္တဲ့အေတြးတစ္စက္မွမရွိပါဘူး"ဟုတည့္တိုးမရွင္းျပဘဲ သူ႕ကိုယ္သူအေၾကာင္းအရင္ေျပာျပလိုက္သည္။

႐ႊီယန့္ကမ်က္ခုံးအသာပင့္သည္။

ခပ္လွမ္းလွမ္းကအိပ္ခ်င္ေယာင္ေဆာင္ေနသူလင္ခုံးလုမွာမေနနိုင္ဘဲသူ႕နားကိုေကာင္းကင္ထိစြင့္ခ်င္သြားသည္။

"သူကေနရာတစ္ခုမွာပိတ္မိေနခဲ့တာ။"
ယန္ဖုန္းျဖည္းျဖည္းခ်င္းဆက္ေျပာလိုက္သည္။
"႐ုပ္ေသးလိုမ်ိဳးပဲ၊ သူ႕ကိုယ္ပိုင္အေတြးနဲ႕စိတ္ဆႏၵမရွိတဲ့အျပင္သူ႕အျပဳအမူေတြကပါ.....ႀကိဳးကိုင္ျခယ္လွယ္ခံထားရတာ။"

"အစကေတာ့သူအၿမဲတမ္းထိန္းခ်ဳပ္ခံရေနရတာလား၊ ဒါမွမဟုတ္သူ႕စိတ္သူထိန္းခ်ဳပ္လို႔ရသြားတာလားမသိေပမဲ့ ကြၽန္ေတာ္သူ႕ကိုခ်စ္မိသြားေတာ့ သူကအရမ္းဉာဏ္ေကာင္းတယ္...."

သူ၏ခ်စ္ရသူကဂိမ္းထဲကေဘာ့စ္ဆိုတာမေျပာဘဲ ဒီနည္းျဖင့္သြယ္ဝိုက္ေျပာလိုက္ေပမဲ့ ႐ႊီယန့္ႏွင့္လင္ခုံးလုကနားလည္ၾကတုန္းပင္။

"သူကြၽန္ေတာ္တို႔ကိုသတ္လိမ့္မယ္လို႔လူတိုင္းကေျပာၾကတယ္။ ဒီဟာက႐ုပ္ေသးရဲ႕ကံၾကမၼာပဲ။ ကြၽန္ေတာ္လဲအဲ့လိုေတြးခဲ့မိတာ၊ ဒါေပမဲ့အဆုံးသတ္က်ေတာ့သူကြၽန္ေတာ့္ကိုလႊတ္ေပးခဲ့တယ္...."

သူAIကိုအၿမဲခ်စ္ေနခဲ့မိတာဟုယန္ဖုန္းအမွန္တကယ္မယုံေပ။ သူလုက်ီေဝကိုခ်စ္မိသြားတုန္းက တစ္ဖကလူမွာသိသိသာသာကိုအလြန္စစ္မွန္ကာဉာဏ္ေကာင္းထက္ျမက္လွသည္။ ထို႔အျပင္လုက်ီေဝကအလြန္ထူးျခားသည္။ သူဟာအစတုန္းကဇာတ္ေၾကာင္းေနာက္မလိုက္ဘဲ ဂိမ္းထဲဝင္လာသည့္လူသစ္ေယာင္ေဆာင္ကာသူတို႔အဖြဲ႕ထဲခိုးဝင္လာခဲ့သည္။

သူညီငယ္ေလးကိုဂ႐ုစိုက္ေပးသည့္အစ္ကိုႀကီးတစ္ေယာက္လိုမ်ိဳး တစ္ဖက္လူကိုေတာက္ေလွ်ာက္ဂ႐ုစိုက္ေပးခဲ့ေပမဲ့ ဒီဂ႐ုစိုက္မႈကဆက္ဆံေရးမွာေျပာင္းလဲသြားခဲ့သည္။

ေနာက္ေတာ့လုက်ီေဝ၏သ႐ုပ္မွန္ေပၚေပါက္သြားၿပီး သူ႕ကိုခ်က္ခ်င္းသတ္ပစ္မွသာလယ္ဗယ္ကိုရွင္းနိုင္မည္ဟုလူတိုင္းေတြးခဲ့ၾကသည္။

ယန္ဖုန္းႏွင့္ယြမ္ရွီးခြၽမ္းတို႔မွအပ။

ယန္ဖုန္းကခံစားခ်က္ေၾကာင့္ဟုေျပာေနစဥ္ ယြမ္ရွီးခြၽမ္းမွာေတာ့လုက်ီေဝကကိုယ္ပိုင္အသိစိတ္ရလာတာဟုထင္သည္။

သူတို႔ကမတူညီေသာထင္ျမင္ခ်က္မ်ားေၾကာင့္ အျခားကစားသမားမ်ားႏွင့္လမ္းခြဲခဲ့ၾကသည္။

သို႔ေသာ္လုက်ီေဝကလႈပ္ရွားလာတုန္းပင္။ သူဟာသူ႕ကိုအနိုင္က်င့္ခဲ့သည့္ဂိမ္းထဲကလူတိုင္းကိုသတ္ပစ္ခဲ့သည္။ သူ႕ကိုသတ္ခ်င္ခဲ့သည့္ထိုကစားသမားမ်ားအားလုံးေသသြားခဲ့သည္။ သူ႕ကိုမသတ္ခ်င္ခဲ့သည့္ယြမ္ရွီးခြၽမ္းပါေသသြားခဲ့သည္ပင္။

သူဟာတကယ့္ဂိမ္းေဘာ့စ္လိုမ်ိဳး အၾကင္နာတရားမဲ့ကာအၿငိဳးအေတးႏွင့္ျပည့္ေနပုံမွာ ကစားသမားအဖြဲ႕ထဲခိုးဝင္ခဲ့သည့္ေကာင္ေလးကဘယ္တုန္းကမွမတည္ရွိခဲ့သည့္အလား၊ သူဟာကစားသမားမ်ား၏အေသးစိတ္ကိုရွာေဖြဖို႔အတြက္ႏွင့္ အဖြဲ႕ဝင္ခိုးဝင္ခဲ့သည့္အလားပင္။

"ဒီေဘာ့စ္မွာတကယ္စိတ္ဝိညာဥ္ရွိတယ္၊ သူ႕မွာေသခ်ာေပါက္ကိုယ္ပိုင္အသိစိတ္ရွိမွာပဲ၊ ဒါေပမဲ့ငါမင္းတို႔ႏွစ္ေယာက္ၾကားကဆက္ဆံေရးကိုေလွ်ာ့တြက္မိသြားတယ္၊ ငါသူ႕ကိုလႊမ္းမိုးလို႔ရမယ္ထင္ခဲ့တာ။ အိုင္း၊ ဒီဂိမ္းကအလကားျဖစ္သြားတဲ့ပုံပဲ၊ ငါျပန္ဝင္စားခြင့္ရဖို႔အမွတ္ေတြအမ်ားႀကီးနဲ႕လဲရေတာ့မယ္။"
ယြမ္ရွီးခြၽမ္းကမ"ေသ"ခင္မွာ သူ႕ကိုေလွာင္ၿပဳံးတစ္ပြင့္ႏွင့္ေျပာသြားသည္။

ေလွ်ာ့တက္သြားမိသြားတယ္? ဒါမွမဟုတ္ တစ္ခါမွလား။

ယန္ဖုန္းရင္ထဲမွာအထီးက်န္သြားရသည္။ ထိုအခ်ိန္ကသူဟာဂိမ္းထဲမွာက်န္ရစ္ခဲ့သည့္တစ္ဦးတည္းေသာကစားသမားျဖစ္သည္။ သူ႕ခ်စ္ရသူကိုသတ္တာကလယ္ဗယ္ရွင္းနိုင္မဲ့တစ္ခုတည္းေသာနည္းလမ္းမွန္းသူသိသည္။ သို႔ေသာ္သူသတ္ဖို႔ျပင္လိုက္စဥ္ သူ႕ေရွ႕ကရင္းႏွီးေသာမ်က္ႏွာေလးကိုၾကည့္ၿပီး မလုပ္ရက္နိုင္ေတာ့ေပ။

သူေနာက္ဆုံးမွာခါးသက္စြာမ်က္စိမွိတ္ကာေတြးလိုက္မိသည္။ ဘာမွမျဖစ္ပါဘူးေလ။ အဆိုးဆုံးေတာ့ယြမ္ရွီးခြၽမ္းလိုမ်ိဳးအမွတ္ဆုံး႐ုံပဲ။ သူ႕မွာျပန္ဝင္စားဖို႔အတြက္အမွတ္လုံေလာက္ေအာင္မရွိ႐ုံသာ။

သူဒီဂိမ္းကမၻာကိုဘယ္ေတာ့မွထပ္လာလို႔မရ႐ုံပဲ။

သို႔ေသာ္လုက်ီေဝကရပ္တန့္သြားၿပီး သူ႕မ်က္ႏွာထားကတစ္ေအာင့္မွ်ဇေဝဇဝါျဖစ္သြားၿပီးမွ ခဏၾကာေတာ့တစ္ခုခုကိုနားလည္သြားကာသူ႕ႏွဖူးကိုခပ္ဖြဖြနမ္းရွိုက္လာသည္။

"ၾကည့္ရတာေတာ့ဒါကမင္းအသက္ရွင္နိုင္မဲ့တစ္ခုထဲေသာနည္းလမ္းျဖစ္ပုံပဲ။"
လုက်ီေဝမွာေနာက္ဆုံးမွာကိုယ့္ကိုယ္ကိုဖ်က္ဆီးပစ္ဖို႔ေ႐ြးခ်ယ္ခဲ့သည္။

ယန္ဖုန္းမ်က္စိဖြင့္လိုက္ခ်ိန္ သူ႕ကိုယ္တစ္ဝက္နီးပါးေပ်ာက္ကြယ္ေနၿပီမွန္းသိလိုက္ရသည္။ လုက်ီေဝမွာကိုယ္ပိုင္အသိစိတ္ရွိမွန္းသူ႐ုတ္ျခည္းနားလည္သြားသည္။ သူဟင့္အင္းဟုအရိုင္းဆန္စြာဆိုကာ သူေသမွာမဟုတ္ဘူး၊ ျပန္ရွင္ဖို႔အခြင့္အေရးရွိေသးတယ္ဟုသူတစ္ဖက္လူကိုေျပာလိုက္သည္။

သို႔ေသာ္လုက်ီေဝကသူ႕ကိုဇေဝဇဝါျဖစ္စြာၾကည့္ကာ ေနာက္ဆုံးမွာေခါင္းအသာခါလိုက္ၿပီး တစ္ခုခုနားလည္သြားပုံရၿပီးေနာက္ အလင္းစက္မ်ားအျဖစ္ေပ်ာက္ကြယ္သြားေလေတာ့သည္။

ထိုစကားလုံးမ်ားကိုစနစ္ကပိတ္ထားၿပီး လုက်ီေဝကၾကားနိုင္မွာမဟုတ္မွန္းယန္ဖုန္းေမ့ေနခဲ့သည္။

ထိုဂိမ္းကမၻာကထြက္လာၿပီးေနာက္ ယန္ဖုန္း႐ုတ္တရက္တာဝန္မ်ားကို႐ူးသြပ္စြာစတင္လုပ္ၿပီးSအဆင့္ကစားသမားျဖစ္လာရန္စိတ္အားထက္သန္ေနခဲ့သည္။

Sအဆင့္ကစားသမားျဖစ္လာၿပီးရင္ စနစ္ကေပးတဲ့ဂိမ္းကမၻာငါးခုကိုေအာင္ျမင္တိုင္း ဂိမ္းကမၻာကိုမိမိဘာသာမိမိေ႐ြးခ်ယ္လို႔ရသည္။ လုက်ီေဝကကိုယ္ပိုင္အသိစိတ္ရွိမွန္းသူသိတာမို႔ သူျပန္သြားခ်င္ခဲ့သည္။

သို႔ေသာ္သူSအဆင့္ကစားသမားျဖစ္လာၿပီးေနာက္ပိုင္း ထိုဂိမ္းကိုျပန္သြားေတာ့လုက်ီေဝကသူ႕ကိုမမွတ္မိေတာ့ဘဲ အျခားဂိမ္းေဘာ့စ္မ်ားလိုမ်ိဳးမထူးျခားမျခားနားျဖစ္လာသည္။

သူဟာသူ႕ခ်စ္ရသူထံမွ"အသတ္ခံ"ခဲ့ရသည္။

လုက်ီေဝမွာပိုမိုသန္မာကာအၾကင္နာတရားကင္းမဲ့လာသည္။ ကစားသမားအနည္းစုသာသူ႕ကိုသတ္ၿပီးလယ္ဗယ္ရွင္းနိုင္သည္။ Aအဆင့္ဂိမ္းကSအဆင့္ကိုတိုးျမင့္သြားသည္။

"ကြၽန္ေတာ္ေနာက္ပိုင္းအႀကိမ္ေပါင္းမ်ားစြာျပန္သြားခဲ့ေပမဲ့သူကကြၽန္ေတာ့္ကိုမွတ္မိေတာ့တဲ့ပုံမေပၚတဲ့အျပင္တကယ့္႐ုပ္ေသးအစစ္ပါျဖစ္လာတယ္။"
ယန္ဖုန္း၏အသံမွာတိုးလ်ေနၿပီး သူကိစၥမ်ားစြာႀကဳံေတြ႕ခဲ့ရလို႔ထင္၊ စိတ္ဖီစီးေနေပမဲ့တည္ၿငိမ္လွသည္။

လုက်ီေဝမွာအစစ္မဟုတ္ေတာ့ေပမဲ့သူ႕လက္ေလွ်ာ့အရႈံးမေပးခ်င္။ သူျပန္သြားခြင့္ရတိုင္းအဆက္မျပတ္ျပန္သြားခဲ့ၿပီးရင္ ထပ္ခါတလဲလဲ"အသတ္ခံ"ခဲ့သည္။

တစ္ေန႕က်ရင္လုက်ီေဝကသူ႕ကိုမွတ္မိလာနိုင္သည္ဟုသူထင္သည္။ သူသူ႕ကိုမမွတ္မိရင္ေတာင္ သူအသတ္ခံရရင္ေတာင္ သူ႕ကိုတစ္ခ်က္ေလာက္ေတာ့သြားၾကည့္ခ်င္သည္။

႐ႊီယန့္တိတ္က်သြားသည္။

သူထပ္ခါတလဲလဲျပန္လာၿပီး လင္ခုံးလုကိုထပ္ေတြ႕ရဖို႔အိပ္မက္မက္ခဲ့ေပမဲ့ သူေမွ်ာ္လင့္ေစာင့္စားမႈႏွင့္ျပည့္ေနခ်ိန္တိုင္း သူဟာစိတ္ပ်က္မႈႏွင့္ႀကဳံရသည္။ သခင္ေလးကဘယ္တုန္းကမွျပန္မလာခဲ့ဘဲ တည္ရွိေနသမွ်အကုန္လုံးဟာအတုအေယာင္ေဒတာျဖစ္သည္။

ေလာကႀကီးမွာဒီအဆုံးမဲ့ျပန္ရွင္သန္မႈမွာတစ္ခါပဲေပၚလာတဲ့တစ္စုံတစ္ေယာက္ကိုခ်စ္ေနသည့္သူ႕လိုမ်ိဳးတုံးအတဲ့လူေတြရွိေနလိမ့္မည္ဟုသူမထင္ထားမိေပ။

"အဲ့ဒီ့ထဲကမင္းဘယ္ႏွႀကိမ္ျပန္သြားခဲ့လဲ။"သူ႐ုတ္ျခည္းေမးလိုက္သည္။

"၂၃ေခါက္။" ယန္ဖုန္း၏မ်က္ႏွာထားမွာအနည္းငယ္ေပ်ာ့ေျပာင္းေနေပမဲ့ ဒါကိုေျပာလိုက္ခ်ိန္ သူ႕မ်က္လုံးမ်ားမွာေပ်ာ္႐ႊင္မႈႏွင့္ျပည့္ႏွက္သြားပုံပင္။

ဒီဂိမ္းကိုရွင္းၿပီးတာနဲ႕ သူေ႐ြးခ်င္တဲ့ဂိမ္းကမၻာကိုေ႐ြးခြင့္ေနာက္တစ္ခုရွိလာမွာ၊ ၿပီးရင္သူက်ီေဝကိုထပ္ၿပီးသြားေတြ႕လို႔ရၿပီ။

႐ႊီယန့္ေလွာင္ၿပဳံးၿပဳံးလိုက္ၿပီးရင္ထဲမွာေကာက္ခ်က္ခ်မိသည္: ႐ူးလိုက္တာ။

ဒီကစားသမားေတြကေဆးရည္နဲ႕ဒဏ္ရာျမန္ျမန္ျပန္ေကာင္းေအာင္လုပ္နိုင္ၿပီးေတာ့ သူတို႔ေသသြားရင္ေတာင္ျပန္ရွင္နိုင္တယ္လို႔ထင္ေနၾကတယ္။ သူတို႔ဒီကမၻာေတြကိုတကယ့္ခႏၶာကိုယ္အစစ္နဲ႕ဝင္တာမဟုတ္ဘဲ အသိစိတ္အေနနဲ႕ပဲတည္ရွိတာကိုေတာ့မရွိၾကဘူး။

သူတို႔ဒဏ္ရာရသြားတာ ဒါမွမဟုတ္ ေသသြားတဲ့အခ်ိန္တိုင္းမွာ သူတို႔အသိစိတ္ကုန္ဆုံးသြားတယ္။ ျပဳျပင္ေဆးရည္နဲ႕ျပန္ရွင္နိုင္တဲ့အခြင့္အေရးဆိုတာမ်ိဳးကေဒတာကိုျဖည့္ၿပီး ဒီဆုံးရႈံးမႈေတြကိုျပန္ျပင္ေန႐ုံပဲ။ ျဖည့္ရတဲ့အေရအတြက္မ်ားေလေလ ေဒတာအကုန္အက်မ်ားေလေလျဖစ္ၿပီးေတာ့ အသိစိတ္ကေသးငယ္လာမယ္။ အဆုံးသတ္မွာေဒတာပဲက်န္ေတာ့တဲ့အခါ ဒီလူကသူကိုယ္တိုင္ျဖစ္ေနအုံးမွာတဲ့လား။

"သူပထမဆုံးအႀကိမ္ေသသြားတုန္းကသူမင္းကိုဘာေျပာသြားတယ္ထင္လဲ။"
႐ႊီယန့္႐ုတ္တရက္ေမးလိုက္သည္။

ယန္ဖုန္းမသိမသာေတာင့္တင္းသြားရသည္။

႐ႊီယန့္ႏႈတ္ခမ္းေကြးကာေျပာလိုက္သည္။
"ငါမင္းကိုထပ္ၿပီးမေသေစခ်င္ဘူးလို႔ေျပာတာထင္တယ္။"

သူ႕ရဲ႕ဉာဏ္ရည္ႏွင့္ လုက်ီေဝကအတိတ္မွာျမင့္မားေသာအဆင့္ရွိသည့္ကစားသမားတစ္ေယာက္ျဖစ္ေလာက္မယ္ဆိုတာသူခန့္မွန္းမိလိုက္ၿပီ။ သူကဒီအတုအေယာင္ကမၻာေတြရဲ႕လ်ိဳ႕ဝွက္ခ်က္ကိုရွာေတြ႕သြားတာျဖစ္မယ္။ သူလုံးဝေဒတာျဖစ္သြားတဲ့အခ်ိန္ အသိစိတ္တစ္စြန္းတစဝင္လာၿပီး႐ုန္းထြက္ဖို႔ႀကိဳးစားခဲ့ေပမဲ့က်ရႈံးသြားခဲ့တာပဲ။

လုံးဝမေသသြားခင္ သူကသူ႕ခ်စ္ရသူကိုထပ္ၿပီးမေသဖို႔၊ ထပ္ၿပီးထိခိုက္ဒဏ္ရာမရေစဖို႔အႀကံေပးသြားတယ္။

ျပဳျပင္ေရးေဆးရည္နဲ႕ျပန္ရွင္တဲ့အခြင့္အေရးကကစားသမားေတြကိုကယ္နိုင္တာမဟုတ္ဘဲ အဆိပ္ေသာက္ၿပီးဆာေလာင္မႈကိုေျဖေဖ်ာက္႐ုံပဲရွိတာ။

ဒါေပမဲ့လုက်ီေဝရဲ႕ခဏတာနိုးထလာမႈကဆန့္က်င္ဘက္သေဘာသက္ေရာက္သြားၿပီးေတာ့ ပင္မနတ္ဘုရားခြင့္ျပဳထားတဲ့စည္းမ်ဥ္းေတြအတြင္းမွာ ယန္ဖုန္းကိုသူ႕ခ်စ္ရသူကိုျမင္ရဖို႔အတြက္နဲ႕  ဂိမ္းကမၻာထဲအဆက္မျပတ္ဝင္ေရာက္သြားေစခဲ့တယ္။

Aအဆင့္ကစားသမားကေနSအဆင့္ကစားသမားျဖစ္သြားတာအပါအဝင္ လုက်ီေဝကို၂၃ေခါက္သြားေတြ႕ခဲ့တာပါေပါင္းလိုက္ရင္ ဒီကာလအတြင္းမွာဂိမ္းကမၻာဘယ္ႏွခုေလာက္ျဖတ္ေက်ာ္ရမွာလဲ။ ျပဳျပင္ေရးေဆးရည္ဘယ္ႏွေခါက္သုံးခဲ့လဲ၊ ၿပီးေတာ့ဘယ္ႏွေခါက္ျပန္ရွင္ခဲ့တာလဲ။

အခုဆိုယန္ဖုန္းေဒတာဘယ္ေလာက္ျဖည့္ၿပီးသြားၿပီလဲ၊ သူ႕ကိုယ္ပိုင္အသိစိတ္ဘယ္ေလာက္က်န္ေသးလဲ။ သိပ္မက်န္ေတာ့မွာစိုးတယ္။ အမ်ားဆုံးတစ္ေခါက္ႏွစ္ေခါက္ေသတာနဲ႕ လုံးဝေဒတာျဖစ္သြားၿပီးေတာ့ဂိမ္းကမၻာတစ္ခုခုမွာNPCျဖစ္လာမွာ။

ဟက္၊ ပင္မနတ္ဘုရားရဲ႕စည္းမ်ဥ္းေတြကိုယုံၾကည္ေနတာဘယ္ေလာက္တုံးအလိုက္လဲ။

ဒါေပမဲ့သူကေရာတစ္ဖက္လူထက္ပိုေကာင္းေနလို႔လား။ သူအကုန္ေဖာက္မျမင္ခင္တုန္းက ေမွ်ာ္လင့္ခ်က္တစ္စြန္းတစနဲ႕အႀကိမ္ေပါင္းမ်ားစြာျပန္ရွင္ခဲ့တယ္မဟုတ္လား။

႐ႊီယန့္ခပ္ဖြဖြေလွာင္ၿပဳံးၿပဳံးလိုက္မိပုံမွာ သူ႕ကိုယ္သူေလွာင္ေနတာလား၊ သူမ်ားကိုေလွာင္ေနတာလားမသိေပ။

ဘာမွမပိုဘူး၊ သူ႕လိုမ်ိဳးတုံးအတဲ့သနားစရာလူတစ္ေယာက္ပဲ၊ သူ႕ထက္ပိုဆိုးရင္ဆိုးေနမွာ...ၿပီးေတာ့လုံးဝေသသြားေတာ့မယ္။

သူႏြယ္ပင္မ်ားကိုျဖည္းျဖည္းခ်င္းျပန္႐ုတ္ကာထြက္သြားရန္စီစဥ္လိုက္သည္။

ယန္ဖုန္းမွာသူ႕စကားလုံးမ်ားေၾကာင့္အေတြးထဲနစ္သြားသည္။ သူေသျခင္းတရားေပၚကအခုပဲျဖတ္ေလွ်ာက္လာခဲ့မွန္းသူမသိေပ။ သူထြက္သြားဖို႔ျပင္ေနတာျမင္ေတာ့ သူေနာက္ဆုံးမွာအသိျပန္ဝင္လာၿပီး သူ႕ကိုစကားေျပာရသည့္တကယ့္ရည္႐ြယ္ခ်က္အစစ္အမွန္ကိုအေလးအနက္ေျပာျပလိုက္သည္။

"မစၥတာ႐ႊီ၊ ကြၽန္ေတာ္ဒီေန႕မင္းကိုစကားေျပာတုန္းကနည္းနည္းရိုင္းပ်မိၿပီးေတာ့အတင့္ရဲသြားတယ္။ ဒါေပမဲ့တကယ္ေတာ့ကြၽန္ေတာ္မင္းနဲ႕သခင္ေလးသင့္ျမတ္ေနတာျမင္ေတာ့ ကြၽန္ေတာ္ဝမ္းသာမိပါတယ္။ မင္းတို႔အၿမဲတမ္းအဆင္ေျပေနၿပီးေတာ့ကြၽန္ေတာ့္ေၾကာင့္မလိုအပ္တဲ့နားလည္မႈလြဲတာမ်ိဳးမရွိဖို႔ကြၽန္ေတာ္ေမွ်ာ္လင့္မိတယ္။ ကြၽန္ေတာ့္လိုမ်ိဳးမျဖစ္ပါေစနဲ႕...ကြၽန္ေတာ္ကဆုံးရႈံးသြားမွေနာင္တရေနရတာ။"

မိစ္ဆာနတ္ဘုရားက႐ႊီယန့္ျဖစ္ေၾကာင္းယန္ဖုန္းတကယ္ခန့္မွန္းမိသည္။ ထိုတင္မကေသး၊ မိစ္ဆာနတ္ဘုရားႏွင့္သခင္ေလးႏွစ္ေယာက္လုံးမွာကိုယ္ပိုင္အသိစိတ္ရွိေနသျဖင့္ ဂိမ္းကမၻာ၏နဂိုဆက္တင္ေနာက္လိုက္မလုပ္ၾကေပ။

သူႏွင့္ယြမ္ရွီးခြၽမ္းတို႔ႏွစ္ေယာက္လုံးလုက်ီေဝ၏အေျခအေနႏွင့္ႀကဳံဖူးသျဖင့္ အခုဆိုသူတို႔ေနာက္တစ္ေခါက္ထပ္ေလာင္းခ်င္မိသည္၊ ကိုယ္ပိုင္အသိစိတ္ရွိလာတဲ့မိစ္ဆာနတ္ဘုရားကသခင္ေလးေၾကာင့္ေျပာင္းလဲသြားမည္ဟု။

သူတို႔ေလာင္းတာနိုင္ရင္သူတို႔လယ္ဗယ္ကိုရွင္းနိုင္မယ္။ သူတို႔ေလာင္းတာရႈံးရင္ေတာ့....သူတို႔မိစ္ဆာနတ္ဘုရားကိုသတ္ရင္သတ္၊ မဟုတ္ရင္မိစ္ဆာနတ္ဘုရားသတ္တာခံရမွာပဲ။

ဒါကိုေတြးမိေတာ့ယန္ဖုန္းအနည္းငယ္ပိုေလးနက္သြားသည္။

႐ႊီယန့္ထရပ္ကာသူ႕ကိုတစ္ေအာင့္ၾကာၾကည့္ၿပီးမွ႐ုတ္တရက္ၿပဳံးလိုက္သည္။
"ဒါဆိုအသိေပးတဲ့အတြက္ေက်းဇူးတင္ရမွာေပါ့?"

____

မူရင္းစာေရးသူမွာေျပာစရာရွိတယ္:

ယန္ဖုန္း: ငါမင္းကိုေဖာက္ျမင္လိုက္ၿပီ။

႐ႊီယန့္: ငါမင္းကိုေဖာက္ျမင္လိုက္ၿပီ။

_____

Continue Reading

You'll Also Like

12.5K 548 74
مجموعه من القصص القصيره 🥰❤️
24.4K 998 27
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
24.3K 3.8K 10
Original Title_杀手他失业了 Author_Bailu Wei Shuang [白露未霜] Total Chapters_9. •This is Myanmar Translation and I don't own the story. •All credits to respec...