Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၅)။
တုံးအမိုက်မဲသောပင်လယ်မကောင်းဆိုးဝါးများမှာရွှီယန့်၏မျက်နှာနှင့်သတိပေးချက်ကိုသတိမထားမိပေ။ ရေဘဝဲမကောင်းဆိုးဝါးများအနက်တစ်ကောင်ဆိုမြူကိုအခွင့်ကောင်းယူကာဖုံးကယ်ပြီး လင်ခုံးလုဆီကူးခတ်သွားလိုက်သည်။
ရွှီယန့်၏မျက်နှာရုတ်ခြည်းပိုမည်းသွားသည်။
လင်ခုံးလုကဒါကိုသတိမမူမိပေ။ သူကမ်းစပ်တလျှောက်အရှေ့ကိုရွှေ့သွားတော့ ပင်လယ်မကောင်းဆိုးဝါးများကသံပြိုင်ကူးခတ်ကာကမ်းစပ်တလျှောက်သူ့နောက်လိုက်ကာဘယ်ဘက်ကိုသွားကြသည်။ လင်ခုံးလုဝှီးချဲကိုထိန်းကာအနောက်ပြန်ဆုတ်ပြီး ရွှီယန့်ကိုရှာရန်ပြင်လိုက်ချိန်မှာ ၎င်းတို့အကုန်လုံးကအတူရွေ့ပြီးနောက် ညာဘက်ကိုလိုက်ရွေ့ကာ ၎င်းတို့မျက်လုံးများကသူ့နောက်လိုက်နေကြသည်....
အယ်၊ သားကြီးတို့၊ ဒီလူသားနောက်မှာရပ်နေတာဘော့စ်မဟုတ်လား။
ပင်လယ်မကောင်းဆိုးဝါးမှာအလွန်စိုးရိမ်ကြောက်လန့်သွားကာလှည့်ပြေးကြတော့သည်။
"ကျီဝါးကျီဝါး..."
"ဟစ်ဟစ်ဟ..."
သွားပြီ၊ သွားပြီ၊ သူတို့ဘော့စ်အနောက်ကအလှလေးကိုတိတ်တခိုးလာကြည့်မိတာ ဆာရှီမီလုပ်ဖို့အဖမ်းခံရတော့မယ်။
ရွှီယန့်ကကမ်းစပ်မှာရပ်နေပြီး သူ၏အကျီနှင့်ဘောင်းဘီမှာပင်လယ်လေညှင်းကြောင့်ယိမ်းခါသွားကာ ၎င်းတို့ကိုအေးစက်စက်ကြည့်ပြီးရယ်မောလိုက်သည်။
သို့သောထိုစဥ်ရဲတင်းသောရေဘဝဲမကောင်းဆိုးဝါးကပင်လယ်မျက်နှာပြင်အောက်မှာပုန်းလိုက်ရင်ရွှီယန်သူတို့ကိုမမြင်လောက်ဘူးဟုတွေးမိသဖြင့် ကမ်းစပ်ကိုတိတ်တိတ်လေးခိုးကြောင်ခိုးဝှက်သွားလိုက်ပြီး မပြန်ခင် လှပသောသန္တာကျောက်ငယ်လေးများကိုသူ့လက်တံများဖြင့်ယူသွားလေသည်။
လင်ခုံးလုပင်လယ်ထဲမှာထူးဆန်းသောလှုပ်ရှားသံကိုကြားလိုက်သည်။ သူဝှီးချဲကိုရပ်ကာအောက်ငုံ့ကြည့်မိတော့ သူ့ခြေဖဝါးမှာပန်းရောင်သန္တာကျောက်လေးများကိုမြင်လိုက်ရသည်။ သန္တာကျောက်ပေါ်မှာပုလဲတစ်လုံးပါရှိနေလေသည်။ သူအံ့သြသွားရသည်။
"အယ်၊ ဒါဘယ်ကရောက်လာတာလဲ။ ခုနကမမြင်မိပါဘူး။"
သူခါးကိုင်းကာကောက်လိုက်ပေမဲ့ ရွှီယန့်ကရုတ်တရက်ခပ်မြန်မြန်ရှေ့တိုးလာကာ သန္တာကျောက်နှင့်ပုလဲလုံးကိုပင်လယ်ထဲ"ပလုံ"ခနဲပြန်ကန်ပစ်လိုက်သည်။
လင်ခုံးလုရုတ်ခြည်းဇဝေဇဝါဖြစ်သွားရကာသူ့ကိုဖော်ပြမရအောင်ကြည့်လိုက်မိသည်။
ရွှီယန့်ကတင်းမာနေပုံရကာပြောလာသည်။
"ပင်လယ်ရေကြောင့်ကမ်းစပ်ပေါ်ရောက်လာတာဖြစ်မယ်။ မသန့်ရှင်းဘူးဆိုတော့မထိတာပိုကောင်းတယ်။"
"ကျီဝါး-"
ရေဘဝဲမကောင်းဆိုးဝါးမှာပင်လယ်ထဲပြန်ရောက်လာသည့်သန္တာကျောက်လေးကိုကိုင်ကာဝမ်းနည်းစွာတွေးလိုက်သည်။ ဘာကမသန့်ရှင်းတာလဲ။ သူ့ရေဘဝဲလက်တံပေါ်ကအချွဲတွေနဲ့အကြိမ်ပေါင်းများစွာဆေးထားတဲ့ဟာကို။
ထိုစဥ်ရွှီယန့်ကရှားရှားပါးပါးလင်ခုံးလုကိုစည်းရုံးကာကမ်းစပ်တလျှောက်သဲလွန်စများကိုသူ့ကိုဆက်ရှာခိုင်းလေသည်။
လင်ခုံးလုကဝှီးချဲကိုထိန်းကာလျှောက်ထွက်လာပြီးနောက် ပင်လယ်ပေါ်ကမြူထူကရုတ်တရက်ပျံ့နှံ့လာကာရွှီယန့်ကိုလွှမ်းခြုံသွားသည်။
ရွှီယန့်ကပင်လယ်ကိုအေးစက်စက်ပြုံးကြည့်ကာတင်းမာစွာပြောလိုက်သည်။
"ထွက်လာစမ်း။"
ရေဘဝဲမှာအလွန်ကြောက်လန့်ကာပင်လယ်အောက်ခြေမှာပုန်းနေပြီး သဲနှင့်ရွှံ့တလျှောက်တိတ်တိတ်လေးတွားသွားကာပင်လယ်အနက်ရှိုင်းဆုံးထဲတိုးဝင်သွားမိသည်။ သို့သော်နွယ်ပင်အများအပြားကရုတ်တရက်သဲထဲမှဆန့်ထွက်လာကာ ရေဘဝဲကိုရုတ်ခြည်းရစ်ပတ်လိုက်သည်။ ၎င်း၏ရေဘဝဲလက်တံများကိုပါအတူရစ်ပတ်ချည်နှောင်လိုက်ပြီး ကုန်လိုမျိုးပင်လယ်မျက်နှာပြင်ဆီတိုက်ရိုက်ဆွဲခေါ်ခံသွားရကာ ရွှီယန့်ရှေ့ကိုအပို့ခံလိုက်ရသည်။
ထိုစဥ်နွယ်ပင်အများအပြားကရွှီယန့်ဘောင်းဘီအောက်ခြေထဲမှထွက်လာပြီး ကမ်းစပ်ပေါ်ကသဲထဲမှာနက်ရှိုင်းစွာအမြစ်တွယ်သွားသည်။ ဒီနွယ်ပင်များကမြေအောက်ထဲပျံ့နှံ့သွားကာ ပင်လယ်အောက်ခြေဆီထိုးဖောက်ပြီး ရေဘဝဲမကောင်းဆိုးဝါးကိုဖမ်းလိုက်ပြန်သည်။
သို့သော်အပြင်ပန်းမှာတော့သူ့ဘောင်းဘီအောက်ခြေကမြူထဲမှာနစ်မြုပ်နေပြီး တစ်ယောက်ယောက်အနားကပ်လာရင်တောင် ဘာမူမမှန်မှုမှမမြင်ရနိုင်။
ရေဘဝဲကသူ့ကိုမြင်တော့အလွန်ကြောက်လန့်သွားကာအော်ဟစ်ငိုယိုပြီးသနားစရာကောင်းစွာသနားညှာတာပေးရန်တောင်းဆိုမိသည်: ဘော့စ်၊ ကျွန်တော့်ကိုဆာရှီမီမလုပ်ပါနဲ့ ဝူးဝါးဝါး....
"ဒါဆိုဘာဘီကျုးလုပ်မယ်။"
ရွှီယန့်ကအသံတိုးကာမည်းမှောင်စွာခြိမ်းခြောက်လိုက်သည်။
ရေဘဝဲမကောင်းဆိုးဝါးမှာဘာဘီကျူးကဘာလဲဆိုတာမသိပေမဲ့ သေချာပေါက်ထပ်ခါတလဲလဲအကင်ခံရတာလိုမျိုးကောင်းသောအရာမဟုတ်ပေ။ လူသားမျက်နှာနှင့်မခြားသောလူ့မျက်နှာမှာအကြောက်တရားကိုချက်ချင်းဖော်ပြမိကာစတင်ငိုယိုတော့သည်။
လင်ခုံးလုလှုပ်ရှားသံကိုကြားတော့အလိုလိုအနောက်လှည့်ကြည့်မိသည်။
"ဘယ်ကအသံပါလိမ့်?"
မဟုတ်သေးဘူး၊ မြူကဘာလို့ပိုထူလာတာလဲ။ ရွှီယန့်ဘယ်ရောက်သွားလဲ။
သူမျက်မှောင်ကြုတ်မိကာဝှီးချဲကိုလှည့်ပြီးအနောက်ပြန်လှည့်သွားလိုက်သည်။
ရွှီယန့်ကသူအနောက်ပြန်လှည့်လာမှန်းသတိထားမိသွားကာ ရေဘဝဲမကောင်းဆိုးဝါးကိုပင်လယ်ထဲချက်ချင်းတွန်းပို့ပြီးသတိပေးလိုက်သည်။
"သူ့ကိုထပ်ပြီးမနှောင့်ယှက်နဲ့။ အကုန်လုံးကိုပြောတာနော်၊ မဟုတ်လို့ကတော့-"
"အကုန်လုံးကိုဘာဘီကျူးလုပ်ပစ်မယ်။"
သူတစ်လုံးချင်းစီသတိပေးလိုက်သည်။
ရေဘဝဲမကောင်းဆိုးဝါးကဘယ်လိုလုပ်တားရဲမှာတုန်း? သူကအလွန်ကြောက်လန့်သွားကာဝှစ်ခနဲထွက်ပြေးသွားပြီး ရေလှိုင်းသံကိုသာချန်ထားခဲ့သည်။
လင်ခုံးလုအနားမကပ်သွားခင် ရွှီယန်တစ်ယောက်မြူထဲကထွက်လာတာကိုမြင်လိုက်ရသည်။
"မင်းဘာလို့ခုနကပျောက်သွားတာလဲ။"
လင်ခုံးလုကစပ်စုချင်ယောင်ဆောင်ပြီးမေးလိုက်ပေမဲ့ အမှန်တော့ရွှီယန့်တစ်ယောက်ခုနကပင်လယ်မကောင်းဆိုးဝါးတစ်ကောင်ကိုခြိမ်းခြောက်နေတာဟုစနစ်ကသူ့ကိုပြောခဲ့သည်။
ပင်လယ်မကောင်းဆိုးဝါးတစ်ကောင်ထက်ပိုရှိမှန်းလည်းသိလိုက်ရပြီး ၎င်းမှာခုနကသူနှင့်အလွန်နီးကပ်သွားခဲ့သည်။
ဘောပဲ၊ သူတို့အကုန်လုံးကိုရွှီယန့်ကခြောက်လွှတ်လိုက်ပြီ။
ရွှီယန့်ကသူ့မေးခွန်းကိုမဖြေဘဲပြောလိုက်သည်။
"မြူကပိုထူလာပြီ။ ကမ်းခြေကမလုံခြုံဘူး။ အရင်ပြန်..."
သူ"ပြန်သွားရအောင်"ဟူသည့်စကားကိုပြီးအောင်မပြောရသေးခင် သူ့အနောက်ကသိပ်မဝေးသောနေရာမှအာမေဋိတ်သံတစ်ခုရုတ်တရက်ထွက်လာသည်။
"ဟွမ်ကျားဝမ်ပဲ။"
လင်ခုံးလုဝှီးချဲကိုအလျင်စလိုထိန်းကာသွားလိုက်သည်။
ရွှီယန်ကမျက်မှောင်ကြုတ်ကာရှေ့တိုးပြီးဆိုလာသည်။
"စိတ်မပူနဲ့၊ ကိုယ်မင်းကိုတွန်းပေးမယ်။"
နှစ်ယောက်သားအသံလာရာနေရာကိုရောက်သွားကြပြီး အခြားကစားသမားများလည်းရှိနေကြသည်။
ဟွမ်ကျားဝမ်၏မျက်နှာပေါ်မှာအကြောက်တရားရှိမနေဘဲ စိတ်လှုပ်ရှားမှုတစ်စွန်းတစရှိလို့နေသည်။
"ကျွန်မမြင်လိုက်တယ်၊ ကျွန်မမြင်လိုက်တယ်၊ လူတစ်ပိုင်းငါးတစ်ပိုင်း....ထူးဆန်းတဲ့သက်ရှိပဲ၊ ပြီးတော့တစ်ကောင်ထက်ပိုတယ်။ ဒါပေမဲ့ဘာကြောင့်လဲတော့မသိဘူး ၊ ကျွန်မခေါင်းလှည့်လိုက်တာမြင်တော့ ချက်ချင်းလှည့်ပြေးသွားကြတယ်။"
ထိုသို့ပြောပြီးနောက် သူမမနေနိုင်ဘဲသူမမျက်နှာကိုထိကာသိချင်သွားရသည်: "ငါကငါးအတွက်ကြောက်စရာကောင်းပုံပေါက်နေတာလား?"
လူတိုင်း: "....."
ရွှီယန်သူမကိုကြည့်လိုက်တော့ သူမအကျီအရောင်ကလင်ခုံးလုနှင့်ဆင်တူနေမှန်းခပ်မြန်မြန်သိလိုက်ရသည်။ သူရုတ်ခြည်းတစ်ခုခုကိုနားလည်သွားကာမနေနိုင်ဘဲရင်ထဲမှာလှောင်ပြုံးပြုံးလိုက်မိသည်-
ဘယ်လိုငတုံးတစ်သိုက်လဲ၊ ကြည့်ရတာတော့ငတုံးရေဘဝဲကသူ့စကားကိုမသယ်သွားရသေးဘူးပဲ။
"ဒီလိုဆိုပင်လယ်မကောင်းဆိုးဝါးတစ်ကောင်ထက်ပိုရှိပြီးတော့အများစုမှာခြေလက်တွေရှိကြတယ်။ သူတို့ကကမ်းစပ်ကိုသွားပြီးတော့လူကြီးတစ်ယောက်ကိုအလွယ်လေးဆွဲဲသွားနိုင်တာပဲ။"
ကစားသမားများကခပ်မြန်မြန်နိဂုံးချုပ်လိုက်သည်။
ထိုစဥ်လင်ခုံးလုကလည်းပြောလိုက်သည်။
"ငါခုနကထူးဆန်းတဲ့အသံတချို့ကိုကြားလိုက်ရသလိုပဲ၊ သက်ရှိတစ်မျိုးမျိုးကအော်ဟစ်နေသလိုပဲ။ တစ်ကောင်ထက်ပိုလောက်တယ်။ သူတို့ကလူစကားမတတ်နိုင်လောက်ဘူး။"
ရွှီယန့်ကသူ့ကိုနင့်နင့်နဲနဲကြည့်လိုက်ပြီး ခေတ္တတန့်သွားပြီးမှထပ်ပေါင်းပြောလိုက်သည်။
"ငါလဲကြားလိုက်တယ်။"
အဆုံးမှာတော့သူကသခင်လေးနှင့်အတူလမ်းလျှောက်နေတာမို့ငြင်းမရဘူး။
"ဒါဆိုအခြေအနေကသိသာသွားပြီ။"
ယွမ်ရှီးချွမ်းကကောက်ချက်ချသည်။
"ပင်လယ်မကောင်းဆိုးဝါးတွေအများကြီးရှိတဲ့အပြင် သူတို့တွေကကမ်းစပ်ကိုလာပြီးတော့ကြီးမားတဲ့ထိခိုက်မှုကိုဖြစ်စေနိုင်တယ်။ ဒါပေမဲ့သူတို့ကကျွန်းသူကျွန်းသားတွေကိုထိခိုက်အောင်မလုပ်ဘူး။ အဲ့အစားတစ်နေ့ကိုလူတစ်ယောက်သတ်တယ်။ ကျွန်းပေါ်မှာသူတို့ကိုကြောက်သွားစေတဲ့တစ်စုံတစ်ခုရှိနေတာ၊ ဒါမှမဟုတ်...ဒါကကလဲ့စားတစ်မျိုးပဲ၊ သူတို့ကကျွန်းသူကျွန်းသားတွေကိုသေခြင်းတရားကိုကြောက်လန့်တကြားစောင့်နေစေချင်တာပဲ။"
အရင်နှစ်ရက်တာကိုအခြေခံပြီးဒီလိုထင်ကျေးမျိုးပေးတာကအနည်းငယ်သေချာမှုမရှိ။ သို့သော်ငြား သူတို့ကကစားသမားများဖြစ်ကြပြီး လမ်းညွှန်ကိုဖတ်ထားကြသည်။ ဒီနှစ်ရက်သာမကနောက်ဆယ်ရက်မှာလည်း နေ့တိုင်းကျွန်းပေါ်မှာလူတစ်ယောက်သေမည်မှန်းသူတို့သိသည်။
ယွမ်ရှီးချွမ်းကနောက်ပိုင်းကောက်ချက်ကိုအလေးသာပြီး သူပြောလိုက်သည်။
"အနောက်ကဟာသာဆို ဒီပင်လယွကောင်းဆိုးဝါးတွေမှာဉာဏ်ကောင်းမှုနဲ့ဖွဲ့စည်းနိုင်တဲ့စွမ်းရည်ရှိပြီးတော့ သူတို့မှာခေါင်းဆောင်ပါရှိတယ်လို့ဆိုလိုတာပဲ။ မနေ့ကအကြောင်းကိုမှတ်မိတယ်ဟုတ်။ ကျောက်တုံးအက်ကွဲကြောင်းထဲကသွေးကွက်တွေကလူ့သွေးဆိုတာချင်းကျဲရှာတွေ့သွားတုန်းကဆို ကျွန်းသူကျွန်းသားတွေက'သူပြန်လာပြီ၊ သူကလဲ့စားချေဖို့အတွက်ပင်လယ်မကောင်းဆိုးဝါးတွေကိုပြန်ခေါ်လာပြီ'လို့ပြောတယ်လေ။ ဒီ'သူ'ဆိုတာကပင်လယ်မကောင်းဆိုးဝါးတွေရဲ့ခေါင်းဆောင်...."
ထောင်ရဲ့နောက်ဆုံးဘော့စ်၊ မိစ္ဆာနတ်ဘုရားပဲ။
ဒါပေါ့၊ လင်ခုံးလုနှင့်ရွှီယန့်တို့ရှိနေသောကြောင့် ယွမ်ရှီးချွမ်းကနောက်ဆုံးစကားတစ်ခွန်းကိုထုတ်မပြောခဲ့ပေ။ သို့သော်ကစားသမားများအကုန်လုံးနားလည်ကြပြီး သူတို့မျက်နှာထားမှာချက်ချင်းလေးနက်သွားချေသည်။
"ဒီတော့ကျွန်းသူကျွန်းသားတွေကပင်လယ်မကောင်းဆိုးဝါးတွေကိုစိတ်ဆိုးအောင်လုပ်ခဲ့မိလို့ လက်တုံ့ပြန်ခံရမှာကြောက်နေကြတာပဲ။ ငါတို့ကပင်လယ်မကောင်းဆိုးဝါးနဲ့ကျွန်းသူကျွန်းသားတွေကြားမှာဘာဖြစ်ခဲ့လဲဆိုတာကိုရှာဖွေဖို့ပဲလိုတာ၊ ပြီးတာနဲ့ငါတို့တွေပြဿနာကိုဖြေရှင်းလိုက်နိုင်မှာပဲ(လယ်ဗယ်ကိုရှင်းလိုက်နိုင်မှာပဲ)။"
ယန်ဖုန်းကနိဂုံးချုပ်သည်။
ဒါကိုကောက်ချက်ချပြီးနောက် ကစားသမားများအကုန်လုံးကနေထွက်ချိန်ကိုမြင်လိုက်ရသည့်အလားသက်မချမိကြသည်။
ဒါပေမဲ့ပင်လယ်မကောင်းဆိုးဝါးရဲ့ကလဲ့စားအတွက်အကြောင်းရင်းကိုဘယ်ဘ်ုရှာဖွေရမလဲဆိုတာကနောက်ပြဿနာတစ်ခုဖြစ်သည်။
ပင်လယ်မကောင်းဆိုးဝါးတစ်ကောင်ကိုဖမ်းပြီးမေးရင်မေး၊ မဟုတ်ရင်ရောက်လာတဲ့ကျွန်းသူကျွန်းသားတစ်ယောက်ကိုဖမ်းပြီးမေးရမယ်။ ပင်လယ်မကောင်းဆိုးဝါးကိုဖမ်းတာကဘာသာစကားအခက်အခဲလိုမျိုးပြဿနာတွေရှိနိုင်တဲ့အပြင်ဖမ်းရမလွယ်တော့ ကျန်တာကကျွန်းသူကျွန်းသားကိုမေးတာပဲရှိတော့တယ်။
ယွမ်ရှီးချွမ်းကတစ်အောင့်ကြာတွေးပြီးမှလင်ခုံးလုကိုမေးလိုက်သည်။
"သခင်လေးသိလား။"
"ငါ?" လင်ခုံးလုခေါင်းခါကာပြောလိုက်သည်။ "မသိဘူး။"
ယွမ်ရှီးချွမ်းကရွှီယန့်ကိုအလိုလိုကြည့်လိုက်မိတော့ ရွှီယန့်၏မျက်နှာထားမှာအေးစက်လို့နေသည်။
လင်ခုံးလုသူ့ကိုယ်စားအလျင်စလိုဖြေပေးလိုက်သည်။
"သူလဲမသိဘူး။ သူကျွန်းပေါ်ရောက်တာသိပ်မကြာသေးဘူး။"
ယွမ်ရှီးချွမ်းကအတွေးထဲနစ်စွာဆိုလာသည်။
"ဒါဆိုအိမ်တော်ထိန်းသိရမယ်၊ ဒါပေမဲ့...."
အိမ်တော်ထိန်းပြောပြမဲ့ဖြစ်နိုင်ချေကသာမန်ကျွန်းသူကျွန်းသားလောက်မမြင့်နိုင်ဘူး။
"ဒါဆိုသုံးမျိုးလုပ်တာပေါ့။"
ယွမ်ရှီးချွမ်းပြောလိုက်သည်။
"ငါတို့အဖွဲ့သုံးဖွဲ့ခွဲလိုက်မယ်။ တစ်ဖွဲ့ကကျွန်းသူကျွန်းသားတွေကိုဆက်သွယ်ပြီးလမ်းညွှန်မှုနောက်လိုက်ပြီးတော့ တစ်ခုခုရှာတွေ့နိုင်မလားကြည့်မယ်။ နောက်တစ်ဖွဲ့ကပင်လယ်မကောင်းဆိုးဝါးကိုဆက်ရှာမယ်...."
ဒီအဖွဲ့မှာဝါရင့်ကစားသမားများဖြစ်ပြီးတော့လက်နက်ရှိရမယ်။
ကျန်တဲ့အဖွဲ့ကတော့....
"သခင်လေး။" သူလင်ခုံးလုကိုအပြုံးတစ်ပွင့်နှင့်ကြည့်ကာမေးလိုက်သည်။
"သခင်လေးအိမ်တော်ထိန်းကိုမေးပေးလို့ရမလား။"
လင်ခုံးလု: "???" မင်းကငါ့ကိုပါအလုပ်ခွဲပေးတယ်ပေါ့? ငါကNPCလေ။
NPCတွေကပဲကစားသမားတွေကိုအမြဲတမ်းတာဝန်ပေးကြတာ။ ကစားသမားကNPCကိုဘယ်လိုလုပ်ပေးလို့ရမှာတုန်း?
ဒါပေမဲ့ရပါတယ်၊ အိမ်တော်ထိန်းကသေချာပေါက်ဘာမှပြောမှာမဟုတ်တဲ့အပြင် ယွမ်ရှီးချွမ်းကသူတစ်ခုခုမေးပေးဖို့မမျှော်လင့်ထားလောက်ဘူး၊ ဒါကဒီတိုင်းလုပ်ရိုးလုပ်စဥ်ပဲ။
ဒီတော့သူဂုဏ်ယူစွာခေါင်းငြိမ့်ကာပြောလိုက်သည်။
"စိတ်မပူနဲ့၊ ငါ့ကိုအပ်ထားလိုက်။"
ကစားသမားများမှာသူကအနည်းငယ်ချစ်ဖို့ကောင်းသည်ဟုခံစားလိုက်ရပြီး မနေနိုင်ဘဲပြုံးလိုက်မိပေမဲ့ သူတို့ပြုံးလိုက်ချိန် ရွှီယန့်၏မသိမသာအေးစက်သောအကြည့်နှင့်ဆုံသွားသည်။
ကစားသမားများ: "အာ။" ဥယျာဥ်မှူးကသဝန်တိုနေပြီ။
ကမ်းစပ်ကပြန်လာချိန် ကစားသမားများကအနောက်မှကျန်ခဲ့သည်။ ဝမ်ရန်ကအသံတိုးကာယွမ်ရှီးချွမ်းကိုပြောလိုက်မိသည်။
"ရှင်ကတကယ့်အံ့ဖွယ်ပဲ၊ NPCကိုပါတာဝန်ပေးလိုက်တယ်နော်။"
ယွမ်ရှီးချွမ်းကချောင်းအသာဟမ့်ကာရှက်ကိုးရှက်ကန်းဆိုလေသည်။
"ဒါကအဓိကမဟုတ်ဘူး၊ ငါတို့အကုန်လုံးတာဝန်ခွဲယူကြပေမဲ့ သူ့ကိုတာဝန်မခွဲပေးဘူးဆိုရင်ဆိုးဝါးသွားလိမ့်မယ်။"
ကံကောင်းချင်တော့သခင်လေးကဒီကိစ္စကိုတကယ်စိတ်ဝင်စားပုံမပေါ်။ သူကဒေါသမထွက်သွားရုံတင်သာမက တော်တော်လေးပျော်နေလေသည်။
ထို့ကြောင့်သခင်လေးကမိစ္ဆာနတ်ဘုရားမဖြစ်နိုင်ဘူး၊ သူရင်ထဲမှာအခိုင်အမာတွေးလိုက်မိသည်။
သို့သော်လည်းထိုညမှာသူအိပ်မက်ဆိုးမက်ခဲ့သည်။ ၎င်းမှာသူကနှစ်တစ်ထောင်သစ်ပင်မိစ္ဆာထံမှလေထဲတွင်ခြေထောက်များချည်လျက်တွဲလောင်းချိတ်ခံထားရကာ သူလည်ပင်းညှစ်သတ်ခံရလုနီးပါးပင်။ အဓိကအချက်ကသူမနက်နိုးလာတော့သူအနည်းငယ်ခေါင်းလေးနေပုံမှာ တစ်ညလုံးအချိတ်ခံထားရသည့်အလား။ သူ့လည်ပင်းမှာလည်းနာကျင်နေပြီး လည်ပင်းညှစ်ခံထားရသည့်အမှတ်ရာကြီးပင်ရှိနေသည်။
"ဘောပဲ။" သူမှန်ထဲကြည့်မိချိန် ယွမ်ရှီးချွမ်းခြောက်ခြားသွားရသည်။
တစ်ယောက်ယောက်ကညလယ်ခေါင်ကြီးသူ့အခန်းထဲဝင်လာပြီးတော့သူ့ကိုသတ်ချင်ခဲ့တာလား။ ဒါပေမဲ့အခန်တံခါးနှင့်ပြတင်းပေါက်တွေကိုပိတ်ထားတယ်လေ။ မိစ္ဆာနတ်ဘုရားများဖြစ်နေမလား။
သွားပြီ၊ သူသခင်လေးကိုသံသယဝင်မိပြန်ပြီ။ တစ်ဖက်လူကသူ့ကိုသတ်ချင်နေပေမဲ့သူဘာမှမလုပ်ခဲ့ဘူးလေ။ မနေ့ကသခင်လေးကိုအမိန့်ပေးခဲ့တာနဲ့တစ်ခုခုဆိုင်နေတာဖြစ်မယ်။
သူအောက်ထပ်ဆင်းသွားချိန် ယွမ်ရှီးချွမ်းမှာမိန်းမောလို့နေသည်။
လင်ခုံးလုကအောက်ထပ်မှာရှိနေပြီး သူ့လည်ပင်းပေါ်ကအမှတ်ကိုမြင်သွားတော့ သူ့တုံ့ပြန်မှုမှာအခြားကစားသမားများနှင့်အတူတူပင်ဖြစ်သည်။ သူရှော့ခ်ရသွားကာမေးလိုက်သည်။
"မင်းလည်ပင်းကဘာဖြစ်တာလဲ။"
ယွမ်ရှီးချွမ်း: "....."
"သခင်လေးပြောတာမှန်တယ်။ ရဲတိုက်ထဲကတစ်ယောက်ယောက်ကညဘက်မှအခန်းထဲဖောက်ဝင်လာတယ်။"
သူလင်ခုံးလု၏တုံ့ပြန်မှုကိုသေချာစူးစမ်းရင်းပြောလိုက်ပြီး သရုပ်ဆောင်နေသည့်အရိပ်အယောင်ကိုရှာကြည့်လိုက်သည်။
သို့သော်လည်းလင်ခုံးလုကအဆုံးမှာတော့ဝါရင့်သရုပ်ဆောင်ကြီးဖြစ်ပေသည်။ ရွှီယန့်လုပ်ခဲ့တာမှန်းသူခန့်မှန်းမိရင်တောင် မသိချင်ယောင်ဆောင်ပြီးမျက်မှောင်ကြုတ်ကာပြောလိုက်သည်။
"ကြည့်ရတာတော့ရှောင်ဟွားကငါ့ကိုစောင့်ပေးနေတော့ အဲ့လူကပစ်မှတ်ပြောင်းသွားတဲ့ပုံပဲ။ နောက်ဆိုလုံခြုံသွားအောင် မင်းတို့တွေတစ်ခန်းထဲနှစ်ယောက်အိပ်ကြရင်ကော?"
ယွမ်ရှီးချွမ်းသူ့မျက်နှာထားထဲမှာပြစ်ချက်တစ်ခုမှရှာမတွေ့ပေရာ မနေနိုင်ဘဲအတွေးထဲနစ်သွားရသည်။
ဝမ်ရန်ကထူးဆန်းစွာမေးလာသည်။
"ရှင်ကအမြဲတမ်းအအိပ်ဆတ်တယ်မဟုတ်လား။ ဘာလို့လည်ပင်းညှစ်ခံရတာတောင်မနိုးတာလဲ။"
ယွမ်ရှီးချွမ်း: "....."
ဒါကြောင့်မို့သူမိစ္ဆာနတ်ဘုရားကိုသံသယဖြစ်မိခြင်းပင်။ ပုံမှန်လူတစ်ယောက်အခန်းထဲဝင်လာတာဆိုရင်သူသေချာပေါက်သတိထားမိမှာပဲ။ မိစ္ဆာနတ်ဘုရားမှာထူးခြားတဲ့စွမ်းအားရှိပြီး တစ်ဖက်လူက...
"သူအိပ်ဆေးသောက်မိသွားလို့ဖြစ်မယ်။" ရွှီယန့်ကရုတ်တရက်စကားပြောလာကာ သူ့အတွေးကိုဖြတ်တောက်လိုက်သည်။
"မဖြစ်နိုင်ဘူး။"
ယွမ်ရှီးချွမ်းအလိုလိုခွန်းတုံ့ပြန်မိသည်။
"မနေ့ညကညစာစားပြီးနောက်မှာကော်ဖီတစ်ခွက်ပဲသောက်ခဲ့တာ။"
ရွှီယန့်ကခပ်ပေါ့ပေါ့ပြန်ကြည့်သည်။ သူမနေ့ညကမှန်ကြောင်လေးကိုတကယ်သင်ခန်းစာပေးချင်ပေမဲ့ တစ်စုံတစ်ယောက်ကသူ့ထက်ခြေတစ်လှမ်းစောသွားတယ်။ သူ့နွယ်ပင်များအခန်းထဲဝင်သွားချိန်မှ ယွမ်ရှီးချွမ်းကဝက်တစ်ကောင်ကဲ့သို့အိပ်နေပြီး သူ့မျက်နှာမှာလည်ပင်းညှစ်ခံထားရမှုကြောင့်ပြာနှမ်းကာနီမြန်းလို့နေသည်။
တစ်ဖက်လူကအနက်ရောင်ဝတ်ထားကာမျက်နှာကိုအုပ်ထားသည်။ သူကနွယ်ပင်များကိုမြင်သည်နှင့်ချက်ချင်းထွက်ပြေးသွားတော့သည်။
သူဘယ်သူမှန်းရွှီယန့်သိပေမဲ့ သူ့ကိုလိုက်ဖမ်းရမှာတအားပျင်းသဖြင့် ညတစ်ဝက်လုံးယွမ်ရှီးချွမ်းကိုတွဲလောင်းချိတ်ထားခဲ့သည်။
လင်ခုံးလုကအထင်လွဲသွားပြီး သူဟာပန်းဝါလေးကြောင့်သတိလစ်သွားသည်ဟုသံသယဝင်နေခဲ့သည်။ ကစားသမားများထွက်သွားပြီးနောက် သူသူ့ကိုထူးဆန်းသောမျက်လုံးများဖြင့်ကြည့်လိုက်မိသည်။
"မင်း....." ရွှီယန့်မသက်မသာဖြစ်သွားကာစကားပြောရန်တုံ့ဆိုင်းသွားရသည်။
ထိုစဥ်အိမ်တော်ထိန်းကအထဲဝင်လာပြီး လင်ခုံးလုကကျွန်းသူကျွန်းသားများနှင့်ပင်လယ်မကောင်းဆိုးဝါးများအကြောင်းမေးချင်သဖြင့် သူ့ကိုတားလိုက်သည်။
သို့သော်လင်ခုံးလုထင်ထားသလိုမျိုးပင်၊ အိမ်တော်ထိန်းကအလွန်စည်းစောင့်ကာပင်လယ်မကောင်းဆိုးဝါး၏ကလဲ့စားအကြောင်းဘာမှပြောမလာပေ။ သူကသူ့ကိုပင်စည်းရုံးရန်ကြိုးစားလာသည်။
"သခင်လေး၊ သခင်လေးအဲ့နေ့ကအမြင်မှားတာဖြစ်ပါလိမ့်မယ်။ ဒီကမ္ဘာမှာဘယ်လိုလုပ်ပြီးပင်လယ်မကောင်းဆိုးဝါးရှိနိုင်မှာလဲ။ သေသွားတဲ့လူတွေကတော့ ကျွန်တော့်အမြင် တစ်ယောက်ယောက်ကသူတို့ကိုသတ်လိုက်ပြီးတော့ပင်လယ်မကောင်းဆိုးဝါးနာမည်ကိုယူပြီး ကျွန်းပေါ်ကလူတွေကိုထိတ်လန့်အောင်လုပ်ခဲ့တာပဲ...."
"အဲ့လိုလား။"
လင်ခုံးလုပြောလိုက်သည်။
"ဟုတ်တယ်၊ အဲ့ခရီးသွားတွေလှည့်စားတာမခံပါနဲ့။ သူတို့အများစုကရုပ်ရှင်အကြည့်များပြီးအတွေးလွန်နေကြတာ။ ပင်လယ်မကောင်းဆိုးဝါးရဲ့ကလဲ့စားဆိုတာဘယ်လိုလုပ်ရှိမှာလဲ။ ကျွန်းကဒီနေ့ကောင်းကောင်းသွားနေတယ်မလား။ ဘယ်သူမှမတော်တဆမဖြစ်ဘူးလေ။"
အိမ်တော်ထိန်းကထပ်ပေါင်းဆိုသည်။
"ဒီနေ့ဘာမှမဖြစ်ဘူးလား။"
လင်ခုံးလုအံ့သြတကြီးမေးမိသည်။
"ဟုတ်တယ်၊ လူတစ်ယောက်မှမပျောက်ဘူး၊ ဘယ်သူမှလည်းမတော်တဆမသေဘူး။"
အိမ်တော်ထိန်းကဆိုသည်။
လင်ခုံးလုအတွေးထဲနစ်သွားရသည်။ တစ်ခုခုတော့မှားနေပြီ။ နေ့တိုင်းလူတစ်ယောက်သေမယ်လို့ကစားသမားတွေမပြောခဲ့ဘူးလား။ ဒီနေ့မကုန်သေးလို့လား။
_____
ဝေါင်း ဘာလိုလိုနဲ့အပိုင်း၂၀၀တောင်ရောက်လာပြီရော်။
_________________
Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၁၅)။
တုံးအမိုက္မဲေသာပင္လယ္မေကာင္းဆိုးဝါးမ်ားမွာ႐ႊီယန့္၏မ်က္ႏွာႏွင့္သတိေပးခ်က္ကိုသတိမထားမိေပ။ ေရဘဝဲမေကာင္းဆိုးဝါးမ်ားအနက္တစ္ေကာင္ဆိုျမဴကိုအခြင့္ေကာင္းယူကာဖုံးကယ္ၿပီး လင္ခုံးလုဆီကူးခတ္သြားလိုက္သည္။
႐ႊီယန့္၏မ်က္ႏွာ႐ုတ္ျခည္းပိုမည္းသြားသည္။
လင္ခုံးလုကဒါကိုသတိမမူမိေပ။ သူကမ္းစပ္တေလွ်ာက္အေရွ႕ကိုေ႐ႊ႕သြားေတာ့ ပင္လယ္မေကာင္းဆိုးဝါးမ်ားကသံၿပိဳင္ကူးခတ္ကာကမ္းစပ္တေလွ်ာက္သူ႕ေနာက္လိုက္ကာဘယ္ဘက္ကိုသြားၾကသည္။ လင္ခုံးလုဝွီးခ်ဲကိုထိန္းကာအေနာက္ျပန္ဆုတ္ၿပီး ႐ႊီယန့္ကိုရွာရန္ျပင္လိုက္ခ်ိန္မွာ ၎တို႔အကုန္လုံးကအတူေ႐ြ႕ၿပီးေနာက္ ညာဘက္ကိုလိုက္ေ႐ြ႕ကာ ၎တို႔မ်က္လုံးမ်ားကသူ႕ေနာက္လိုက္ေနၾကသည္....
အယ္၊ သားႀကီးတို႔၊ ဒီလူသားေနာက္မွာရပ္ေနတာေဘာ့စ္မဟုတ္လား။
ပင္လယ္မေကာင္းဆိုးဝါးမွာအလြန္စိုးရိမ္ေၾကာက္လန့္သြားကာလွည့္ေျပးၾကေတာ့သည္။
"က်ီဝါးက်ီဝါး..."
"ဟစ္ဟစ္ဟ..."
သြားၿပီ၊ သြားၿပီ၊ သူတို႔ေဘာ့စ္အေနာက္ကအလွေလးကိုတိတ္တခိုးလာၾကည့္မိတာ ဆာရွီမီလုပ္ဖို႔အဖမ္းခံရေတာ့မယ္။
႐ႊီယန့္ကကမ္းစပ္မွာရပ္ေနၿပီး သူ၏အက်ီႏွင့္ေဘာင္းဘီမွာပင္လယ္ေလညွင္းေၾကာင့္ယိမ္းခါသြားကာ ၎တို႔ကိုေအးစက္စက္ၾကည့္ၿပီးရယ္ေမာလိုက္သည္။
သို႔ေသာထိုစဥ္ရဲတင္းေသာေရဘဝဲမေကာင္းဆိုးဝါးကပင္လယ္မ်က္ႏွာျပင္ေအာက္မွာပုန္းလိုက္ရင္႐ႊီယန္သူတို႔ကိုမျမင္ေလာက္ဘူးဟုေတြးမိသျဖင့္ ကမ္းစပ္ကိုတိတ္တိတ္ေလးခိုးေၾကာင္ခိုးဝွက္သြားလိုက္ၿပီး မျပန္ခင္ လွပေသာသႏၱာေက်ာက္ငယ္ေလးမ်ားကိုသူ႕လက္တံမ်ားျဖင့္ယူသြားေလသည္။
လင္ခုံးလုပင္လယ္ထဲမွာထူးဆန္းေသာလႈပ္ရွားသံကိုၾကားလိုက္သည္။ သူဝွီးခ်ဲကိုရပ္ကာေအာက္ငုံ႕ၾကည့္မိေတာ့ သူ႕ေျခဖဝါးမွာပန္းေရာင္သႏၱာေက်ာက္ေလးမ်ားကိုျမင္လိုက္ရသည္။ သႏၱာေက်ာက္ေပၚမွာပုလဲတစ္လုံးပါရွိေနေလသည္။ သူအံ့ၾသသြားရသည္။
"အယ္၊ ဒါဘယ္ကေရာက္လာတာလဲ။ ခုနကမျမင္မိပါဘူး။"
သူခါးကိုင္းကာေကာက္လိုက္ေပမဲ့ ႐ႊီယန့္က႐ုတ္တရက္ခပ္ျမန္ျမန္ေရွ႕တိုးလာကာ သႏၱာေက်ာက္ႏွင့္ပုလဲလုံးကိုပင္လယ္ထဲ"ပလုံ"ခနဲျပန္ကန္ပစ္လိုက္သည္။
လင္ခုံးလု႐ုတ္ျခည္းဇေဝဇဝါျဖစ္သြားရကာသူ႕ကိုေဖာ္ျပမရေအာင္ၾကည့္လိုက္မိသည္။
႐ႊီယန့္ကတင္းမာေနပုံရကာေျပာလာသည္။
"ပင္လယ္ေရေၾကာင့္ကမ္းစပ္ေပၚေရာက္လာတာျဖစ္မယ္။ မသန့္ရွင္းဘူးဆိုေတာ့မထိတာပိုေကာင္းတယ္။"
"က်ီဝါး-"
ေရဘဝဲမေကာင္းဆိုးဝါးမွာပင္လယ္ထဲျပန္ေရာက္လာသည့္သႏၱာေက်ာက္ေလးကိုကိုင္ကာဝမ္းနည္းစြာေတြးလိုက္သည္။ ဘာကမသန့္ရွင္းတာလဲ။ သူ႕ေရဘဝဲလက္တံေပၚကအခြၽဲေတြနဲ႕အႀကိမ္ေပါင္းမ်ားစြာေဆးထားတဲ့ဟာကို။
ထိုစဥ္႐ႊီယန့္ကရွားရွားပါးပါးလင္ခုံးလုကိုစည္း႐ုံးကာကမ္းစပ္တေလွ်ာက္သဲလြန္စမ်ားကိုသူ႕ကိုဆက္ရွာခိုင္းေလသည္။
လင္ခုံးလုကဝွီးခ်ဲကိုထိန္းကာေလွ်ာက္ထြက္လာၿပီးေနာက္ ပင္လယ္ေပၚကျမဴထူက႐ုတ္တရက္ပ်ံ့ႏွံ႕လာကာ႐ႊီယန့္ကိုလႊမ္းၿခဳံသြားသည္။
႐ႊီယန့္ကပင္လယ္ကိုေအးစက္စက္ၿပဳံးၾကည့္ကာတင္းမာစြာေျပာလိုက္သည္။
"ထြက္လာစမ္း။"
ေရဘဝဲမွာအလြန္ေၾကာက္လန့္ကာပင္လယ္ေအာက္ေျခမွာပုန္းေနၿပီး သဲႏွင့္႐ႊံ႕တေလွ်ာက္တိတ္တိတ္ေလးတြားသြားကာပင္လယ္အနက္ရွိုင္းဆုံးထဲတိုးဝင္သြားမိသည္။ သို႔ေသာ္ႏြယ္ပင္အမ်ားအျပားက႐ုတ္တရက္သဲထဲမွဆန့္ထြက္လာကာ ေရဘဝဲကို႐ုတ္ျခည္းရစ္ပတ္လိုက္သည္။ ၎၏ေရဘဝဲလက္တံမ်ားကိုပါအတူရစ္ပတ္ခ်ည္ႏွောင္လိုက္ၿပီး ကုန္လိုမ်ိဳးပင္လယ္မ်က္ႏွာျပင္ဆီတိုက္ရိုက္ဆြဲေခၚခံသြားရကာ ႐ႊီယန့္ေရွ႕ကိုအပို႔ခံလိုက္ရသည္။
ထိုစဥ္ႏြယ္ပင္အမ်ားအျပားက႐ႊီယန့္ေဘာင္းဘီေအာက္ေျခထဲမွထြက္လာၿပီး ကမ္းစပ္ေပၚကသဲထဲမွာနက္ရွိုင္းစြာအျမစ္တြယ္သြားသည္။ ဒီႏြယ္ပင္မ်ားကေျမေအာက္ထဲပ်ံ့ႏွံ႕သြားကာ ပင္လယ္ေအာက္ေျခဆီထိုးေဖာက္ၿပီး ေရဘဝဲမေကာင္းဆိုးဝါးကိုဖမ္းလိုက္ျပန္သည္။
သို႔ေသာ္အျပင္ပန္းမွာေတာ့သူ႕ေဘာင္းဘီေအာက္ေျခကျမဴထဲမွာနစ္ျမဳပ္ေနၿပီး တစ္ေယာက္ေယာက္အနားကပ္လာရင္ေတာင္ ဘာမူမမွန္မႈမွမျမင္ရနိုင္။
ေရဘဝဲကသူ႕ကိုျမင္ေတာ့အလြန္ေၾကာက္လန့္သြားကာေအာ္ဟစ္ငိုယိုၿပီးသနားစရာေကာင္းစြာသနားညွာတာေပးရန္ေတာင္းဆိုမိသည္: ေဘာ့စ္၊ ကြၽန္ေတာ့္ကိုဆာရွီမီမလုပ္ပါနဲ႕ ဝူးဝါးဝါး....
"ဒါဆိုဘာဘီက်ဳးလုပ္မယ္။"
႐ႊီယန့္ကအသံတိုးကာမည္းေမွာင္စြာၿခိမ္းေျခာက္လိုက္သည္။
ေရဘဝဲမေကာင္းဆိုးဝါးမွာဘာဘီက်ဴးကဘာလဲဆိုတာမသိေပမဲ့ ေသခ်ာေပါက္ထပ္ခါတလဲလဲအကင္ခံရတာလိုမ်ိဳးေကာင္းေသာအရာမဟုတ္ေပ။ လူသားမ်က္ႏွာႏွင့္မျခားေသာလူ႕မ်က္ႏွာမွာအေၾကာက္တရားကိုခ်က္ခ်င္းေဖာ္ျပမိကာစတင္ငိုယိုေတာ့သည္။
လင္ခုံးလုလႈပ္ရွားသံကိုၾကားေတာ့အလိုလိုအေနာက္လွည့္ၾကည့္မိသည္။
"ဘယ္ကအသံပါလိမ့္?"
မဟုတ္ေသးဘူး၊ ျမဴကဘာလို႔ပိုထူလာတာလဲ။ ႐ႊီယန့္ဘယ္ေရာက္သြားလဲ။
သူမ်က္ေမွာင္ၾကဳတ္မိကာဝွီးခ်ဲကိုလွည့္ၿပီးအေနာက္ျပန္လွည့္သြားလိုက္သည္။
႐ႊီယန့္ကသူအေနာက္ျပန္လွည့္လာမွန္းသတိထားမိသြားကာ ေရဘဝဲမေကာင္းဆိုးဝါးကိုပင္လယ္ထဲခ်က္ခ်င္းတြန္းပို႔ၿပီးသတိေပးလိုက္သည္။
"သူ႕ကိုထပ္ၿပီးမႏွောင့္ယွက္နဲ႕။ အကုန္လုံးကိုေျပာတာေနာ္၊ မဟုတ္လို႔ကေတာ့-"
"အကုန္လုံးကိုဘာဘီက်ဴးလုပ္ပစ္မယ္။"
သူတစ္လုံးခ်င္းစီသတိေပးလိုက္သည္။
ေရဘဝဲမေကာင္းဆိုးဝါးကဘယ္လိုလုပ္တားရဲမွာတုန္း? သူကအလြန္ေၾကာက္လန့္သြားကာဝွစ္ခနဲထြက္ေျပးသြားၿပီး ေရလွိုင္းသံကိုသာခ်န္ထားခဲ့သည္။
လင္ခုံးလုအနားမကပ္သြားခင္ ႐ႊီယန္တစ္ေယာက္ျမဴထဲကထြက္လာတာကိုျမင္လိုက္ရသည္။
"မင္းဘာလို႔ခုနကေပ်ာက္သြားတာလဲ။"
လင္ခုံးလုကစပ္စုခ်င္ေယာင္ေဆာင္ၿပီးေမးလိုက္ေပမဲ့ အမွန္ေတာ့႐ႊီယန့္တစ္ေယာက္ခုနကပင္လယ္မေကာင္းဆိုးဝါးတစ္ေကာင္ကိုၿခိမ္းေျခာက္ေနတာဟုစနစ္ကသူ႕ကိုေျပာခဲ့သည္။
ပင္လယ္မေကာင္းဆိုးဝါးတစ္ေကာင္ထက္ပိုရွိမွန္းလည္းသိလိုက္ရၿပီး ၎မွာခုနကသူႏွင့္အလြန္နီးကပ္သြားခဲ့သည္။
ေဘာပဲ၊ သူတို႔အကုန္လုံးကို႐ႊီယန့္ကေျခာက္လႊတ္လိုက္ၿပီ။
႐ႊီယန့္ကသူ႕ေမးခြန္းကိုမေျဖဘဲေျပာလိုက္သည္။
"ျမဴကပိုထူလာၿပီ။ ကမ္းေျခကမလုံၿခဳံဘူး။ အရင္ျပန္..."
သူ"ျပန္သြားရေအာင္"ဟူသည့္စကားကိုၿပီးေအာင္မေျပာရေသးခင္ သူ႕အေနာက္ကသိပ္မေဝးေသာေနရာမွအာေမဋိတ္သံတစ္ခု႐ုတ္တရက္ထြက္လာသည္။
"ဟြမ္က်ားဝမ္ပဲ။"
လင္ခုံးလုဝွီးခ်ဲကိုအလ်င္စလိုထိန္းကာသြားလိုက္သည္။
႐ႊီယန္ကမ်က္ေမွာင္ၾကဳတ္ကာေရွ႕တိုးၿပီးဆိုလာသည္။
"စိတ္မပူနဲ႕၊ ကိုယ္မင္းကိုတြန္းေပးမယ္။"
ႏွစ္ေယာက္သားအသံလာရာေနရာကိုေရာက္သြားၾကၿပီး အျခားကစားသမားမ်ားလည္းရွိေနၾကသည္။
ဟြမ္က်ားဝမ္၏မ်က္ႏွာေပၚမွာအေၾကာက္တရားရွိမေနဘဲ စိတ္လႈပ္ရွားမႈတစ္စြန္းတစရွိလို႔ေနသည္။
"ကြၽန္မျမင္လိုက္တယ္၊ ကြၽန္မျမင္လိုက္တယ္၊ လူတစ္ပိုင္းငါးတစ္ပိုင္း....ထူးဆန္းတဲ့သက္ရွိပဲ၊ ၿပီးေတာ့တစ္ေကာင္ထက္ပိုတယ္။ ဒါေပမဲ့ဘာေၾကာင့္လဲေတာ့မသိဘူး ၊ ကြၽန္မေခါင္းလွည့္လိုက္တာျမင္ေတာ့ ခ်က္ခ်င္းလွည့္ေျပးသြားၾကတယ္။"
ထိုသို႔ေျပာၿပီးေနာက္ သူမမေနနိုင္ဘဲသူမမ်က္ႏွာကိုထိကာသိခ်င္သြားရသည္: "ငါကငါးအတြက္ေၾကာက္စရာေကာင္းပုံေပါက္ေနတာလား?"
လူတိုင္း: "....."
႐ႊီယန္သူမကိုၾကည့္လိုက္ေတာ့ သူမအက်ီအေရာင္ကလင္ခုံးလုႏွင့္ဆင္တူေနမွန္းခပ္ျမန္ျမန္သိလိုက္ရသည္။ သူ႐ုတ္ျခည္းတစ္ခုခုကိုနားလည္သြားကာမေနနိုင္ဘဲရင္ထဲမွာေလွာင္ၿပဳံးၿပဳံးလိုက္မိသည္-
ဘယ္လိုငတုံးတစ္သိုက္လဲ၊ ၾကည့္ရတာေတာ့ငတုံးေရဘဝဲကသူ႕စကားကိုမသယ္သြားရေသးဘူးပဲ။
"ဒီလိုဆိုပင္လယ္မေကာင္းဆိုးဝါးတစ္ေကာင္ထက္ပိုရွိၿပီးေတာ့အမ်ားစုမွာေျခလက္ေတြရွိၾကတယ္။ သူတို႔ကကမ္းစပ္ကိုသြားၿပီးေတာ့လူႀကီးတစ္ေယာက္ကိုအလြယ္ေလးဆြဲဲသြားနိုင္တာပဲ။"
ကစားသမားမ်ားကခပ္ျမန္ျမန္နိဂုံးခ်ဳပ္လိုက္သည္။
ထိုစဥ္လင္ခုံးလုကလည္းေျပာလိုက္သည္။
"ငါခုနကထူးဆန္းတဲ့အသံတခ်ိဳ႕ကိုၾကားလိုက္ရသလိုပဲ၊ သက္ရွိတစ္မ်ိဳးမ်ိဳးကေအာ္ဟစ္ေနသလိုပဲ။ တစ္ေကာင္ထက္ပိုေလာက္တယ္။ သူတို႔ကလူစကားမတတ္နိုင္ေလာက္ဘူး။"
႐ႊီယန့္ကသူ႕ကိုနင့္နင့္နဲနဲၾကည့္လိုက္ၿပီး ေခတၱတန့္သြားၿပီးမွထပ္ေပါင္းေျပာလိုက္သည္။
"ငါလဲၾကားလိုက္တယ္။"
အဆုံးမွာေတာ့သူကသခင္ေလးႏွင့္အတူလမ္းေလွ်ာက္ေနတာမို႔ျငင္းမရဘူး။
"ဒါဆိုအေျခအေနကသိသာသြားၿပီ။"
ယြမ္ရွီးခြၽမ္းကေကာက္ခ်က္ခ်သည္။
"ပင္လယ္မေကာင္းဆိုးဝါးေတြအမ်ားႀကီးရွိတဲ့အျပင္ သူတို႔ေတြကကမ္းစပ္ကိုလာၿပီးေတာ့ႀကီးမားတဲ့ထိခိုက္မႈကိုျဖစ္ေစနိုင္တယ္။ ဒါေပမဲ့သူတို႔ကကြၽန္းသူကြၽန္းသားေတြကိုထိခိုက္ေအာင္မလုပ္ဘူး။ အဲ့အစားတစ္ေန႕ကိုလူတစ္ေယာက္သတ္တယ္။ ကြၽန္းေပၚမွာသူတို႔ကိုေၾကာက္သြားေစတဲ့တစ္စုံတစ္ခုရွိေနတာ၊ ဒါမွမဟုတ္...ဒါကကလဲ့စားတစ္မ်ိဳးပဲ၊ သူတို႔ကကြၽန္းသူကြၽန္းသားေတြကိုေသျခင္းတရားကိုေၾကာက္လန့္တၾကားေစာင့္ေနေစခ်င္တာပဲ။"
အရင္ႏွစ္ရက္တာကိုအေျခခံၿပီးဒီလိုထင္ေက်းမ်ိဳးေပးတာကအနည္းငယ္ေသခ်ာမႈမရွိ။ သို႔ေသာ္ျငား သူတို႔ကကစားသမားမ်ားျဖစ္ၾကၿပီး လမ္းၫႊန္ကိုဖတ္ထားၾကသည္။ ဒီႏွစ္ရက္သာမကေနာက္ဆယ္ရက္မွာလည္း ေန႕တိုင္းကြၽန္းေပၚမွာလူတစ္ေယာက္ေသမည္မွန္းသူတို႔သိသည္။
ယြမ္ရွီးခြၽမ္းကေနာက္ပိုင္းေကာက္ခ်က္ကိုအေလးသာၿပီး သူေျပာလိုက္သည္။
"အေနာက္ကဟာသာဆို ဒီပင္လယြေကာင္းဆိုးဝါးေတြမွာဉာဏ္ေကာင္းမႈနဲ႕ဖြဲ႕စည္းနိုင္တဲ့စြမ္းရည္ရွိၿပီးေတာ့ သူတို႔မွာေခါင္းေဆာင္ပါရွိတယ္လို႔ဆိုလိုတာပဲ။ မေန႕ကအေၾကာင္းကိုမွတ္မိတယ္ဟုတ္။ ေက်ာက္တုံးအက္ကြဲေၾကာင္းထဲကေသြးကြက္ေတြကလူ႕ေသြးဆိုတာခ်င္းက်ဲရွာေတြ႕သြားတုန္းကဆို ကြၽန္းသူကြၽန္းသားေတြက'သူျပန္လာၿပီ၊ သူကလဲ့စားေခ်ဖိဳ႕အတြက္ပင္လယ္မေကာင္းဆိုးဝါးေတြကိုျပန္ေခၚလာၿပီ'လို႔ေျပာတယ္ေလ။ ဒီ'သူ'ဆိုတာကပင္လယ္မေကာင္းဆိုးဝါးေတြရဲ႕ေခါင္းေဆာင္...."
ေထာင္ရဲ႕ေနာက္ဆုံးေဘာ့စ္၊ မိစ္ဆာနတ္ဘုရားပဲ။
ဒါေပါ့၊ လင္ခုံးလုႏွင့္႐ႊီယန့္တို႔ရွိေနေသာေၾကာင့္ ယြမ္ရွီးခြၽမ္းကေနာက္ဆုံးစကားတစ္ခြန္းကိုထုတ္မေျပာခဲ့ေပ။ သို႔ေသာ္ကစားသမားမ်ားအကုန္လုံးနားလည္ၾကၿပီး သူတို႔မ်က္ႏွာထားမွာခ်က္ခ်င္းေလးနက္သြားေခ်သည္။
"ဒီေတာ့ကြၽန္းသူကြၽန္းသားေတြကပင္လယ္မေကာင္းဆိုးဝါးေတြကိုစိတ္ဆိုးေအာင္လုပ္ခဲ့မိလို႔ လက္တုံ႕ျပန္ခံရမွာေၾကာက္ေနၾကတာပဲ။ ငါတို႔ကပင္လယ္မေကာင္းဆိုးဝါးနဲ႕ကြၽန္းသူကြၽန္းသားေတြၾကားမွာဘာျဖစ္ခဲ့လဲဆိုတာကိုရွာေဖြဖို႔ပဲလိုတာ၊ ၿပီးတာနဲ႕ငါတို႔ေတြျပႆနာကိုေျဖရွင္းလိုက္နိုင္မွာပဲ(လယ္ဗယ္ကိုရွင္းလိုက္နိုင္မွာပဲ)။"
ယန္ဖုန္းကနိဂုံးခ်ဳပ္သည္။
ဒါကိုေကာက္ခ်က္ခ်ၿပီးေနာက္ ကစားသမားမ်ားအကုန္လုံးကေနထြက္ခ်ိန္ကိုျမင္လိုက္ရသည့္အလားသက္မခ်မိၾကသည္။
ဒါပေမဲ့ပင်လယ်မကောင်းဆိုးဝါးရဲ့ကလဲ့စားအတွက်အကြောင်းရင်းကိုဘယ်ဘ်ုရှာဖွေရမလဲဆိုတာကနောက်ပြဿနာတစ်ခုဖြစ်သည်။
ပင္လယ္မေကာင္းဆိုးဝါးတစ္ေကာင္ကိုဖမ္းၿပီးေမးရင္ေမး၊ မဟုတ္ရင္ေရာက္လာတဲ့ကြၽန္းသူကြၽန္းသားတစ္ေယာက္ကိုဖမ္းၿပီးေမးရမယ္။ ပင္လယ္မေကာင္းဆိုးဝါးကိုဖမ္းတာကဘာသာစကားအခက္အခဲလိုမ်ိဳးျပႆနာေတြရွိနိုင္တဲ့အျပင္ဖမ္းရမလြယ္ေတာ့ က်န္တာကကြၽန္းသူကြၽန္းသားကိုေမးတာပဲရွိေတာ့တယ္။
ယြမ္ရွီးခြၽမ္းကတစ္ေအာင့္ၾကာေတြးၿပီးမွလင္ခုံးလုကိုေမးလိုက္သည္။
"သခင္ေလးသိလား။"
"ငါ?" လင္ခုံးလုေခါင္းခါကာေျပာလိုက္သည္။ "မသိဘူး။"
ယြမ္ရွီးခြၽမ္းက႐ႊီယန့္ကိုအလိုလိုၾကည့္လိုက္မိေတာ့ ႐ႊီယန႔္၏မ်က္ႏွာထားမွာေအးစက္လို႔ေနသည္။
လင္ခုံးလုသူ႕ကိုယ္စားအလ်င္စလိုေျဖေပးလိုက္သည္။
"သူလဲမသိဘူး။ သူကြၽန္းေပၚေရာက္တာသိပ္မၾကာေသးဘူး။"
ယြမ္ရွီးခြၽမ္းကအေတြးထဲနစ္စြာဆိုလာသည္။
"ဒါဆိုအိမ္ေတာ္ထိန္းသိရမယ္၊ ဒါေပမဲ့...."
အိမ္ေတာ္ထိန္းေျပာျပမဲ့ျဖစ္နိုင္ေခ်ကသာမန္ကြၽန္းသူကြၽန္းသားေလာက္မျမင့္နိုင္ဘူး။
"ဒါဆိုသုံးမ်ိဳးလုပ္တာေပါ့။"
ယြမ္ရွီးခြၽမ္းေျပာလိုက္သည္။
"ငါတို႔အဖြဲ႕သုံးဖြဲ႕ခြဲလိုက္မယ္။ တစ္ဖြဲ႕ကကြၽန္းသူကြၽန္းသားေတြကိုဆက္သြယ္ၿပီးလမ္းၫႊန္မႈေနာက္လိုက္ၿပီးေတာ့ တစ္ခုခုရွာေတြ႕နိုင္မလားၾကည့္မယ္။ ေနာက္တစ္ဖြဲ႕ကပင္လယ္မေကာင္းဆိုးဝါးကိုဆက္ရွာမယ္...."
ဒီအဖြဲ႕မွာဝါရင့္ကစားသမားမ်ားျဖစ္ၿပီးေတာ့လက္နက္ရွိရမယ္။
က်န္တဲ့အဖြဲ႕ကေတာ့....
"သခင္ေလး။" သူလင္ခုံးလုကိုအၿပဳံးတစ္ပြင့္ႏွင့္ၾကည့္ကာေမးလိုက္သည္။
"သခင္ေလးအိမ္ေတာ္ထိန္းကိုေမးေပးလို႔ရမလား။"
လင္ခုံးလု: "???" မင္းကငါ့ကိုပါအလုပ္ခြဲေပးတယ္ေပါ့? ငါကNPCေလ။
NPCေတြကပဲကစားသမားေတြကိုအၿမဲတမ္းတာဝန္ေပးၾကတာ။ ကစားသမားကNPCကိုဘယ္လိုလုပ္ေပးလို႔ရမွာတုန္း?
ဒါေပမဲ့ရပါတယ္၊ အိမ္ေတာ္ထိန္းကေသခ်ာေပါက္ဘာမွေျပာမွာမဟုတ္တဲ့အျပင္ ယြမ္ရွီးခြၽမ္းကသူတစ္ခုခုေမးေပးဖို႔မေမွ်ာ္လင့္ထားေလာက္ဘူး၊ ဒါကဒီတိုင္းလုပ္ရိုးလုပ္စဥ္ပဲ။
ဒီေတာ့သူဂုဏ္ယူစြာေခါင္းၿငိမ့္ကာေျပာလိုက္သည္။
"စိတ္မပူနဲ႕၊ ငါ့ကိုအပ္ထားလိုက္။"
ကစားသမားမ်ားမွာသူကအနည္းငယ္ခ်စ္ဖို႔ေကာင္းသည္ဟုခံစားလိုက္ရၿပီး မေနနိုင္ဘဲၿပဳံးလိုက္မိေပမဲ့ သူတို႔ၿပဳံးလိုက္ခ်ိန္ ႐ႊီယန့္၏မသိမသာေအးစက္ေသာအၾကည့္ႏွင့္ဆုံသြားသည္။
ကစားသမားမ်ား: "အာ။" ဥယ်ာဥ္မႉးကသဝန္တိုေနၿပီ။
ကမ္းစပ္ကျပန္လာခ်ိန္ ကစားသမားမ်ားကအေနာက္မွက်န္ခဲ့သည္။ ဝမ္ရန္ကအသံတိုးကာယြမ္ရွီးခြၽမ္းကိုေျပာလိုက္မိသည္။
"ရွင္ကတကယ့္အံ့ဖြယ္ပဲ၊ NPCကိုပါတာဝန္ေပးလိုက္တယ္ေနာ္။"
ယြမ္ရွီးခြၽမ္းကေခ်ာင္းအသာဟမ့္ကာရွက္ကိုးရွက္ကန္းဆိုေလသည္။
"ဒါကအဓိကမဟုတ္ဘူး၊ ငါတို႔အကုန္လုံးတာဝန္ခြဲယူၾကေပမဲ့ သူ႕ကိုတာဝန္မခြဲေပးဘူးဆိုရင္ဆိုးဝါးသြားလိမ့္မယ္။"
ကံေကာင္းခ်င္ေတာ့သခင္ေလးကဒီကိစၥကိုတကယ္စိတ္ဝင္စားပုံမေပၚ။ သူကေဒါသမထြက္သြား႐ုံတင္သာမက ေတာ္ေတာ္ေလးေပ်ာ္ေနေလသည္။
ထို႔ေၾကာင့္သခင္ေလးကမိစ္ဆာနတ္ဘုရားမျဖစ္နိုင္ဘူး၊ သူရင္ထဲမွာအခိုင္အမာေတြးလိုက္မိသည္။
သို႔ေသာ္လည္းထိုညမွာသူအိပ္မက္ဆိုးမက္ခဲ့သည္။ ၎မွာသူကႏွစ္တစ္ေထာင္သစ္ပင္မိစ္ဆာထံမွေလထဲတြင္ေျခေထာက္မ်ားခ်ည္လ်က္တြဲေလာင္းခ်ိတ္ခံထားရကာ သူလည္ပင္းညွစ္သတ္ခံရလုနီးပါးပင္။ အဓိကအခ်က္ကသူမနက္နိုးလာေတာ့သူအနည္းငယ္ေခါင္းေလးေနပုံမွာ တစ္ညလုံးအခ်ိတ္ခံထားရသည့္အလား။ သူ႕လည္ပင္းမွာလည္းနာက်င္ေနၿပီး လည္ပင္းညွစ္ခံထားရသည့္အမွတ္ရာႀကီးပင္ရွိေနသည္။
"ေဘာပဲ။" သူမွန္ထဲၾကည့္မိခ်ိန္ ယြမ္ရွီးခြၽမ္းေျခာက္ျခားသြားရသည္။
တစ္ေယာက္ေယာက္ကညလယ္ေခါင္ႀကီးသူ႕အခန္းထဲဝင္လာၿပီးေတာ့သူ႕ကိုသတ္ခ်င္ခဲ့တာလား။ ဒါေပမဲ့အခန္တံခါးႏွင့္ျပတင္းေပါက္ေတြကိုပိတ္ထားတယ္ေလ။ မိစ္ဆာနတ္ဘုရားမ်ားျဖစ္ေနမလား။
သြားၿပီ၊ သူသခင္ေလးကိုသံသယဝင္မိျပန္ၿပီ။ တစ္ဖက္လူကသူ႕ကိုသတ္ခ်င္ေနေပမဲ့သူဘာမွမလုပ္ခဲ့ဘူးေလ။ မေန႕ကသခင္ေလးကိုအမိန့္ေပးခဲ့တာနဲ႕တစ္ခုခုဆိုင္ေနတာျဖစ္မယ္။
သူေအာက္ထပ္ဆင္းသြားခ်ိန္ ယြမ္ရွီးခြၽမ္းမွာမိန္းေမာလို႔ေနသည္။
လင္ခုံးလုကေအာက္ထပ္မွာရွိေနၿပီး သူ႕လည္ပင္းေပၚကအမွတ္ကိုျမင္သြားေတာ့ သူ႕တုံ႕ျပန္မႈမွာအျခားကစားသမားမ်ားႏွင့္အတူတူပင္ျဖစ္သည္။ သူေရွာ့ခ္ရသြားကာေမးလိုက္သည္။
"မင္းလည္ပင္းကဘာျဖစ္တာလဲ။"
ယြမ္ရွီးခြၽမ္း: "....."
"သခင္ေလးေျပာတာမွန္တယ္။ ရဲတိုက္ထဲကတစ္ေယာက္ေယာက္ကညဘက္မွအခန္းထဲေဖာက္ဝင္လာတယ္။"
သူလင္ခုံးလု၏တုံ႕ျပန္မႈကိုေသခ်ာစူးစမ္းရင္းေျပာလိုက္ၿပီး သ႐ုပ္ေဆာင္ေနသည့္အရိပ္အေယာင္ကိုရွာၾကည့္လိုက္သည္။
သို႔ေသာ္လည္းလင္ခုံးလုကအဆုံးမွာေတာ့ဝါရင့္သ႐ုပ္ေဆာင္ႀကီးျဖစ္ေပသည္။ ႐ႊီယန့္လုပ္ခဲ့တာမွန္းသူခန့္မွန္းမိရင္ေတာင္ မသိခ်င္ေယာင္ေဆာင္ၿပီးမ်က္ေမွာင္ၾကဳတ္ကာေျပာလိုက္သည္။
"ၾကည့္ရတာေတာ့ေရွာင္ဟြားကငါ့ကိုေစာင့္ေပးေနေတာ့ အဲ့လူကပစ္မွတ္ေျပာင္းသြားတဲ့ပုံပဲ။ ေနာက္ဆိုလုံၿခဳံသြားေအာင္ မင္းတို႔ေတြတစ္ခန္းထဲႏွစ္ေယာက္အိပ္ၾကရင္ေကာ?"
ယြမ္ရွီးခြၽမ္းသူ႕မ်က္ႏွာထားထဲမွာျပစ္ခ်က္တစ္ခုမွရွာမေတြ႕ေပရာ မေနနိုင္ဘဲအေတြးထဲနစ္သြားရသည္။
ဝမ္ရန္ကထူးဆန္းစြာေမးလာသည္။
"ရွင္ကအၿမဲတမ္းအအိပ္ဆတ္တယ္မဟုတ္လား။ ဘာလို႔လည္ပင္းညွစ္ခံရတာေတာင္မနိုးတာလဲ။"
ယြမ္ရွီးခြၽမ္း: "....."
ဒါေၾကာင့္မို႔သူမိစ္ဆာနတ္ဘုရားကိုသံသယျဖစ္မိျခင္းပင္။ ပုံမွန္လူတစ္ေယာက္အခန္းထဲဝင္လာတာဆိုရင္သူေသခ်ာေပါက္သတိထားမိမွာပဲ။ မိစ္ဆာနတ္ဘုရားမွာထူးျခားတဲ့စြမ္းအားရွိၿပီး တစ္ဖက္လူက...
"သူအိပ္ေဆးေသာက္မိသြားလို႔ျဖစ္မယ္။" ႐ႊီယန့္က႐ုတ္တရက္စကားေျပာလာကာ သူ႕အေတြးကိုျဖတ္ေတာက္လိုက္သည္။
"မျဖစ္နိုင္ဘူး။"
ယြမ္ရွီးခြၽမ္းအလိုလိုခြန္းတုံ႕ျပန္မိသည္။
"မေန႕ညကညစာစားၿပီးေနာက္မွာေကာ္ဖီတစ္ခြက္ပဲေသာက္ခဲ့တာ။"
႐ႊီယန့္ကခပ္ေပါ့ေပါ့ျပန္ၾကည့္သည္။ သူမေန႕ညကမွန္ေၾကာင္ေလးကိုတကယ္သင္ခန္းစာေပးခ်င္ေပမဲ့ တစ္စုံတစ္ေယာက္ကသူ႕ထက္ေျခတစ္လွမ္းေစာသြားတယ္။ သူ႕ႏြယ္ပင္မ်ားအခန္းထဲဝင္သြားခ်ိန္မွ ယြမ္ရွီးခြၽမ္းကဝက္တစ္ေကာင္ကဲ့သို႔အိပ္ေနၿပီး သူ႕မ်က္ႏွာမွာလည္ပင္းညွစ္ခံထားရမႈေၾကာင့္ျပာႏွမ္းကာနီျမန္းလို႔ေနသည္။
တစ္ဖက္လူကအနက္ေရာင္ဝတ္ထားကာမ်က္ႏွာကိုအုပ္ထားသည္။ သူကႏြယ္ပင္မ်ားကိုျမင္သည္ႏွင့္ခ်က္ခ်င္းထြက္ေျပးသြားေတာ့သည္။
သူဘယ္သူမွန္း႐ႊီယန့္သိေပမဲ့ သူ႕ကိုလိုက္ဖမ္းရမွာတအားပ်င္းသျဖင့္ ညတစ္ဝက္လုံးယြမ္ရွီးခြၽမ္းကိုတြဲေလာင္းခ်ိတ္ထားခဲ့သည္။
လင္ခုံးလုကအထင္လြဲသြားၿပီး သူဟာပန္းဝါေလးေၾကာင့္သတိလစ္သြားသည္ဟုသံသယဝင္ေနခဲ့သည္။ ကစားသမားမ်ားထြက္သြားၿပီးေနာက္ သူသူ႕ကိုထူးဆန္းေသာမ်က္လုံးမ်ားျဖင့္ၾကည့္လိုက္မိသည္။
"မင္း....." ႐ႊီယန့္မသက္မသာျဖစ္သြားကာစကားေျပာရန္တုံ႕ဆိုင္းသြားရသည္။
ထိုစဥ္အိမ္ေတာ္ထိန္းကအထဲဝင္လာၿပီး လင္ခုံးလုကကြၽန္းသူကြၽန္းသားမ်ားႏွင့္ပင္လယ္မေကာင္းဆိုးဝါးမ်ားအေၾကာင္းေမးခ်င္သျဖင့္ သူ႕ကိုတားလိုက္သည္။
သို႔ေသာ္လင္ခုံးလုထင္ထားသလိုမ်ိဳးပင္၊ အိမ္ေတာ္ထိန္းကအလြန္စည္းေစာင့္ကာပင္လယ္မေကာင္းဆိုးဝါး၏ကလဲ့စားအေၾကာင္းဘာမွေျပာမလာေပ။ သူကသူ႕ကိုပင္စည္း႐ုံးရန္ႀကိဳးစားလာသည္။
"သခင္ေလး၊ သခင္ေလးအဲ့ေန႕ကအျမင္မွားတာျဖစ္ပါလိမ့္မယ္။ ဒီကမၻာမွာဘယ္လိုလုပ္ၿပီးပင္လယ္မေကာင္းဆိုးဝါးရွိနိုင္မွာလဲ။ ေသသြားတဲ့လူေတြကေတာ့ ကြၽန္ေတာ့္အျမင္ တစ္ေယာက္ေယာက္ကသူတို႔ကိုသတ္လိုက္ၿပီးေတာ့ပင္လယ္မေကာင္းဆိုးဝါးနာမည္ကိုယူၿပီး ကြၽန္းေပၚကလူေတြကိုထိတ္လန့္ေအာင္လုပ္ခဲ့တာပဲ...."
"အဲ့လိုလား။"
လင္ခုံးလုေျပာလိုက္သည္။
"ဟုတ္တယ္၊ အဲ့ခရီးသြားေတြလွည့္စားတာမခံပါနဲ႕။ သူတို႔အမ်ားစုက႐ုပ္ရွင္အၾကည့္မ်ားၿပီးအေတြးလြန္ေနၾကတာ။ ပင္လယ္မေကာင္းဆိုးဝါးရဲ႕ကလဲ့စားဆိုတာဘယ္လိုလုပ္ရွိမွာလဲ။ ကြၽန္းကဒီေန႕ေကာင္းေကာင္းသြားေနတယ္မလား။ ဘယ္သူမွမေတာ္တဆမျဖစ္ဘူးေလ။"
အိမ္ေတာ္ထိန္းကထပ္ေပါင္းဆိုသည္။
"ဒီေန႕ဘာမွမျဖစ္ဘူးလား။"
လင္ခုံးလုအံ့ၾသတႀကီးေမးမိသည္။
"ဟုတ္တယ္၊ လူတစ္ေယာက္မွမေပ်ာက္ဘူး၊ ဘယ္သူမွလည္းမေတာ္တဆမေသဘူး။"
အိမ္ေတာ္ထိန္းကဆိုသည္။
လင္ခုံးလုအေတြးထဲနစ္သြားရသည္။ တစ္ခုခုေတာ့မွားေနၿပီ။ ေန႕တိုင္းလူတစ္ေယာက္ေသမယ္လို႔ကစားသမားေတြမေျပာခဲ့ဘူးလား။ ဒီေန႕မကုန္ေသးလို႔လား။
_____
ေဝါင္း ဘာလိုလိုနဲ႕အပိုင္း၂၀၀ေတာင္ေရာက္လာၿပီေရာ္။
_________________