Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၄)။
လင်ခုံးလုဖြစ်ပွားရာနေရာကိုထပ်သွားတော့ ရွှီယန့်ကိုဝှီးချဲတွန်းခိုင်းကာ ခပ်လှမ်းလှမ်းမှကြည့်နေလိုက်သည်။
မတော်တဆဖြစ်သွားသူမှာအသက်နှစ်ဆယ်အရွယ်လူငယ်လေးဖြစ်သည်။ သူ့အဖေကအဝတ်များကိုကိုင်ကာခါးသက်စွာငိုယိုနေပြီး သူ့မျက်နှာထားမှာသူ၏ပူဆွေးသောကကိုဖုံးကွယ်နိုင်စွမ်းမရှိ။
သူ့ပတ်လည်ရှိလူများမှာတော့ထုံထိုင်းကာ(သို့)ကြောက်လန့်နေကြသည်။ ဦးလေးယောင်းကကစားသမားလာနေတာမြင်တော့ တည်တင်းသောမျက်နှာဖြင့်မေးလာသည်။
"မင်းတို့ဘာလို့ရောက်လာပြန်တာလဲ။"
ယွမ်ရှီးချွမ်းကသူ့မျက်နှာကိုပင့်တင်ကာဆိုသည်။
"ကျွန်တော်တို့ကကျွန်းကိုခရီးထွက်လာတာ။ နေရာတိုင်းကိုလွတ်လွတ်လပ်လပ်သွားခွင့်ရှိတယ်။"
အဓိပ္ပါယ်မှာခင်ဗျားကကျွန်းသူကျွန်းသားတွေကိုထိန်းချုပ်လို့ရပေမဲ့ကျွန်တော်တို့ကိုတော့မရဘူး။
ဦးလေးယောင်းကအေးစက်စက်နှာမှုတ်လိုက်ပြီးသူ့မျက်လုံးများကမည်းမှောင်သွားပေမဲ့ တစ်အောင့်ကြာတော့သူကအလျှော့ပေးသည့်အလား ရုတ်ခြည်းအနောက်လှည့်ကာဟယ်ခွင်းကိုပြောလိုက်သည်။
"အရင်ပြန်သွားပြီးတော့ အားယန်ရဲ့.....အကြွင်းအကျန်တွေကိုမြှုပ်နှံပေးတာပေါ့။"
အားယန်မှာဆုံးပါးသွားသောလူငယ်လေးဖြစ်သည်။ ဖြစ်ချင်တော့သူဟာမနေ့ကကင်းလှည့်အဖွဲ့၏အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ ရုတ်တရက်ဒီလိုတစ်ခုခုဖြစ်သွားတော့ ကင်းလှည့်အဖွဲ့ကိုကင်းမလှည့်ရဲအောင်ဖြစ်သွားစေကာ ဦးလေးယောင်းနှင့်အတူထွက်သွားသည်။
ဦးလေးယောင်းတစ်ယောက်အိမ်တော်ထိန်းဘေးကဖြတ်သွားချ်ိန်မှာ နှစ်ယောက်သားကတစ်ယောက်ကိုတစ်ယောက်သာမန်ကာလျှံကာကြည့်လိုက်ကြသည်။ အိမ်တော်ထိန်းကခေါင်းအသာငြိမ့်လိုက်ပြီးမှသူသူ့ကိုမကြည့်လိုက်သည့်အလားခပ်မြန်မြန်အကြည့်လွှဲသွားသည်။
သေချာတာပေါ့၊ ဦးလေးယောင်းနှင့်အခြားသူများထွက်သွားပြီးနောက် အိမ်တော်ထိန်းကရှေ့တိုးကာသူတို့ကိုကောင်းမွန်စွာနားစချလာသည်။
"အခုဆိုပင်လယ်ကမ်းစပ်ကတကယ်အန္တရာယ်များတယ်။ လောင်ယောင်းမှာအေးစက်စက်မျက်နှာရှိပြီးတော့ကြင်နာတဲ့နှလုံးသားရှိတယ်။ သူ့စကားလုံးတွေကနားထောင်လို့သိပ်မကောင်းပေမဲ့ မင်းတို့ကောင်းဖို့အတွက်ပါ။"
"ပြီးတော့ကျွန်းပေါ်မှာလူသတ်မှုတွေခဏခဏဖြစ်နေတာ၊ ကျွန်းပေါ်မှာရှေ့ကနေမားမားမတ်မတ်ရပ်တည်ပြီးလူတွေရဲ့နှလုံးသားကိုတည်ငြိမ်အောင်လုပ်နိုင်တဲ့ကျောထောက်နောက်ခံရှိမှရမယ်။ သခင်လေးကဘာမှမလုပ်တတ်ဘူးဆိုတော့ အခုဆိုလောင်ယောင်းကမဏ္ဍိုင်ဖြစ်သွားပြီ။ ဒါပေမဲ့မင်းတို့ကဒီလိုလုပ်နေတော့ သူ့အလုပ်ကိုဒုက္ခပေးနေသလိုမဖြစ်သွားဘူးလား။ ပြီးတော့မင်းတို့ကရဲတိုက်ထဲမှာနေနေတာ၊ မင်းတို့ဒီလိုဆက်လုပ်နေမယ်ဆို သခင်လေးနဲ့ငါဒုက္ခဖြစ်ရပါလိမ့်မယ်...."
သူ့စကားလုံးများမှာတကယ်ရိုးသားစစ်မှန်မှုရှိသည်။
ဒါကိုကြားတော့ကစားသမားများရင်ထဲမှာအနည်းငယ်ထူးဆန်းသွားရသည်။ အိမ်တော်ထိန်းနှင့်လောင်ယောင်းကသဘောတူထားသလိုမျိုးပင်။ တစ်ယောက်ကလူကောင်းလုပ်၊ နောက်တစ်ယောက်ကလူဆိုးလုပ်မယ်၊ သူတို့ကနူးညံ့ပြီးမာထန်တဲ့နည်းဗျူဟာနှစ်ခုလုံးကိုသုံးကြလိမ့်မယ်။
ပြောစရာပင်မလို၊ ဒီနည်းလမ်းကတကယ်ထိရောက်မှုရှိသည်။ အနည်းဆုံးတော့ကစားသမားများရဲတိုက်ထဲမှာနေနေနေသည့်ဒီရက်ပိုင်းမှာ အိမ်တော်ထိန်းကသူတို့ကိုအရသာရှိသောအစားအသောက်များဧည့်ခံကျွေးမွေးထားသဖြင့် သူတို့ခဏလောက်တငယ်မငြင်းနိုင်တော့ပေ။
အဆုံးမှာတော့"လူတွေကအခြားသူတွေကိုအခွင့်ကောင်းယူနေချိန်မှာအပြောချိုသာကြသည်"ပင်၊ အထူးသဖြင့်အိမ်တော်ထိန်းကမနက်တိုင်းမှာသူတို့အတွက်ကော်ဖီကိုယ်တိုင်ကြိတ်ဖျော်ပေးသဖြင့်တကယ်ရွေးရခက်လှသည်။
ဟွမ်ကျားဝမ်ကဲ့သို့မသိမသာအရေပါးသောကစားသမားအသစ်များမှာဒီအခိုက်အတန့်တွင်အနည်းငယ်ရှက်နေပြီပင်။
သို့သော်ယွမ်ရှီးချွမ်းကတော့အရေထူသည်။ တွေးကြည့်ပြီးနောက်သူရုတ်တရက်စိတ်ကူးတစ်ခုရလာသည်။ သူသိပ်မဝေးသောနေရာကဝှီးချဲပေါ်မှာထိုင်နေသည့်လင်ခုံးလုကိုကြည့်ကာမေးလိုက်သည်။
"သခင်လေးကအပြင်သိပ်ထွက်ပုံမရဘူးနော်?"
"အာ?"
လင်ခုံးလုအလိုလိုခေါင်းမော့ကြည့်မိပြီး သူ့မျက်နှာထားမှာဇဝေဇဝါဖြစ်သွားသည်။
သူ့အနောက်မှာရပ်နေသည့်ရွှီယန့်ကတစ်ခုခုခန့်မှန်းမိသွားပုံရကာ သူ့မျက်နှာရုတ်ခြည်းမည်းသွားသည်။
"သခင်လေး၊ ကျွန်တော်တို့နဲ့အတူလမ်းပတ်လျှောက်ချင်လား။ ကျွန်းပေါ်ကရာသီဥတုကဆိုးဝါးနေခဲ့တာ။ ကျွန်တော်ဒီကိုရောက်တာရက်တော်တော်ကြာပြီဆိုပေမဲ့အပြင်သိပ်မထွက်ဖြစ်ဘူး။ ဒီနေ့ကအခွင့်ကောင်းပဲ၊ ဘာလို့မသွားရမှာလဲ။ ဒီမှာလူအများကြီးရှိတော့ကောင်းတယ်လေ။" ယွမ်ရှီးချွမ်းကနွေးထွေးစာဖိတ်ခေါ်သည်။
အိမ်တော်ထိန်းကသခင်လေးနာမည်ကိုသုံးပြီးသူတို့ကိုစည်းရုံးနားချချင်နေတာမလား။ ဒါဆိုသူလဲငှားလို့ရတာပဲ။ သခင်လေးမှာနေချင်စိတ်ရှိရင် အိမ်တော်ထိန်းဘာမှပြောလို့ရမှာမဟုတ်ဘူးမလား။
အိမ်တော်ထိန်းကသူဆိုလိုတာကိုမြင်သွားကာ သူ့မျက်နှာထားရုတ်ခြည်းဆိုးဝါးသွားရသည်။ ကစားသမားများကအံ့သြသွားကာ သူ့ကိုတိတ်တခိုးလက်မပေးလိုက်ကြသည်။
လင်ခုံးလုကရုတ်ခြည်းပြုံးလိုက်မိသည်။ လတ်စသတ်တော့သူ"အသုံးချခံ"လိုက်ရတာပဲ။
သူရုတ်ခြည်းပြုံးနေတာမြင်တော့ ယွမ်ရှီးချွမ်းမှာတစ်ခုခုဖြစ်တော့မည်ဟုရုတ်တရက်ခံစားလိုက်ရသည်။ သူသံပူနေတုန်းပိုပြင်းပြင်းရိုက်လိုက်သည်။
"ပြီးတော့သခင်လေးလည်း 'ပင်လယ်မကောင်းဆိုးဝါး'ကဘာလဲဆိုတာသိချင်နေတယ်မလား။ အဲ့လူတွေဘာလို့သေသွားတာလဲဆိုတာကိုရောပေါ့? ကျွန်တော်တို့တွေရှားလော့ခ်ဟုမ်းလုပ်ပြီးတော့ဒီကိစ္စတွေကိုရှာဖွေဖော်ထုတ်ဖို့စီစဥ်ထားတယ်၊ သခင်လေးပါဖို့စိတ်ဝင်စားလား။"
အရင်နှစ်ရက်ကဖြစ်သွားခဲ့တဲ့ကိစ္စအပြီးမှာ လင်ခုံးလုအပေါ်စူးစမ်းလေ့လာချက်အရဆို သူယန်ဖုန်းကသူ့ယခင်ကောက်ချက်ကမှားယွင်းနေလောက်ပြီး သခင်လေးကမိစ္ဆာနတ်ဘုရားမဖြစ်နိုင်လောက်ဘူးဟုသံသယစဝင်လာမိသည်။
ဒီလိုဆိုမှတော့တစ်ဖက်လူကရဲတိုက်ကိုရောက်လာပြီးနောက်မှာခြေထောက်ဒဏ်ရာကြောင့်ရဲတိုက်ထဲမှာပိတ်မိနေသည့်သာမန်လူတစ်ယောက်ဖြစ်သည်။ သူကအပြင်ထွက်ပြီးလျှောက်မသွားချင်တာလား၊ ဒါမှမဟုတ်ဒီကိစ္စတွေကိုစိတ်ဝင်စားတာလား။
တစ်ဖက်လူသာမိစ္ဆာနတ်ဘုရားဆို သူတို့ဒီကိစ္စကိုစုံစမ်းနေတာသိသွားပြီးတော့ သူတို့ကိုအပြင်မှာရှင်းပစ်လိုက်ချင်မှာမဟုတ်ဘူးလား။
ခြုံပြောရရင်ဘယ်ဖြစ်နိုင်ချေပဲဖြစ်ဖြစ် သခင်လေးကသဘောတူနိုင်ချေမြင့်သည်ဟုယွမ်ရှီးချွမ်းခံစားလိုက်ရသည်။
လင်ခုံးလုကထင်ထားတဲ့အတိုင်းခေါင်းငြိမ့်ကာအခိုင်အမာနှင့်"အင်း"ဟုဆိုပြီးပြောလာသည်။
"စိတ်ဝင်စားဖို့ကောင်းမဲ့ပုံပဲ။"
"ဟုတ်တယ်။" ယွမ်ရှီးချွမ်းကသဘောတူခေါင်းငြိမ့်ကာမေးလာသည်။
"ဒီတော့သခင်လေးပါချင်လား။"
"အင်း။" လင်ခုံးလုစဥ်းစားချင်ယောင်ဆောင်ကာပြောလိုက်သည်။
"ငါစဥ်းစား...."
သူ"ကြည့်ချင်သေးတယ်"ဟူသောစကားကိုပြီးအောင်မပြောရသေးခင် ရွှီယန့်ကရုတ်တရက်မည်းတူးသွားကာ ဝှီးချဲကိုတွန်းပြီးသူ့ကိုသူနှင့်အတူခေါ်သွားတော့သည်။
လင်ခုံးလု: "???" ဥယျာဥ်မှူးလေး၊ မင်းပုန်ကန်နေတာလားကွဲ့?
သူပြန်မယ်လို့ပြောလိုက်မိလို့လား။
အိမ်တော်ထိန်းကချက်ချင်းသက်မချမိကာတွေးလိုက်မိသည်: ကောင်းကောင်းလုပ်ခဲ့တာပဲ။
လင်ခုံးလုကဒေါသထွက်သွားပုံရကာသူ၏ဒဏ်ရာမရထားသောခြေသလုံးကိုလှုပ်ပြီးနူးညံ့စွာဟမ့်ခနဲလုပ်လာသည်။
"မင်းဘာလုပ်တာလဲ။ ငါမင်းကိုတွန်းခိုင်းလို့လား။ မြန်မြန်ပြန်လှည့်။"
"လေထန်တယ်၊ ပြီးတော့ ပင်လယ်ကမ်းစပ်မှာအန္တရာယ်များနေတာ။ အဲ့မှာအကြာကြီးနေရင်ခြေထောက်နာလာလိမ့်မယ်။"
ရွှီယန့်ကတည်ငြိမ်သောမျက်နှာဖြင့်အကြံပေးသည်။
လင်ခုံးလုမောက်မာစွာပြောလိုက်သည်။
"ဒါပေမဲ့ငါရှားလော့ခ်ဟုမ်းဖြစ်ချင်တယ်။"
ရွှီယန့်၏နှုတ်ခမ်းထောင့်မသိမသာတွန့်သွားကာသူ့ကိုနားချလိုက်သည်။
"သခင်လေးရဲတိုက်ကိုပြန်ရောက်ရင်ကျွန်တော်သခင်လေးကိုအဖော်ပြုပေးမှာပါ။"
အဲ့ကစားသမားတွေကသူ့ရှောင်လုကိုအခွင့်အရေးယူချင်တာလား။
ရွှီယန့်၏မျက်လုံးထဲမှာအေးစက်စက်အလင်းတစ်ချက်ဖြတ်ပြေးသွားသည်။
သို့သော်လည်းလင်ခုံးလုကအသုံးချခံဖို့ဆန္ဒရှိသည်။ အတိအကျပြောရရင်သူကကစားသမားများကိုအသုံးချဖို့စီစဥ်ထားသည်။
ကစားသမားများကကိစ္စများကိုလုပ်ရန်သူ့နာမည်ကိုသုံးဖို့လိုအပ်ပြီး သူကလည်းကိစ္စတချို့ကိုရှာဖွေရန်ကစားသမားများကိုအသုံးချချင်သည်၊ ပင်လယ်မကောင်းဆိုးဝါးကရွှီယန့်နှင့်ဆက်စပ်နေတာလား၊ ကျွန်းပေါ်မှာဘာဖြစ်ခဲ့တာလဲ၊ ကျွန်းသူကျွန်းသားများ၏လျို့ဝှက်ချက်၊ အစရှိသဖြင့်ကိုပေါ့။
ဒီကိစ္စများကိုသူကိုယ်တိုင်ရှာဖွေရန်မလွယ်ကူ။ အကောင်းဆုံးနည်းလမ်းကရှာဖွေရန်ကစားသမားများကိုလမ်းညွှန်ပြသခြင်းပင်။
သူ့အလိုလိုသိစိတ်ကရွှီယန်၏မကောင်းတဲ့စိတ်တန်ဖိုးက၁၀၀ရောက်နေတာက သူ့ဆီကသစ္စာဖောက်ခံခဲ့ရတာအပြင် အခြားအချက်များကြောင့်ပါဖြစ်လိမ့်မည်ဟုသူ့ကိုပြောနေသည်။ ထို့ကြောင့်သူကိစ္စတစ်ခုကိုသာဖြေရှင်းနိုင်သဖြင့် တစ်ဖက်လူ၏မကောင်းတဲ့စိတ်တန်ဖိုးကိုလျှော့ချရခက်သည်။
ပြီးတော့ထိုအခြားအချက်ကဒီကျွန်း၏လျို့ဝှက်ချက်နှင့်သက်ဆိုင်နေလောက်သည်။
ဒါကိုတွေးမိတော့လင်ခုံးလုကျိုးကြောင်းမသင့်စွာပြဿနာစရှာပြီးဒေါသတကြီးပြောလိုက်သည်။
"ငါမပြန်ချင်ဘူး၊ ငါမင်းပြောတာနားမထောင်ဘူး။ ငါဒီမှာသူတို့နဲ့အတူနေပြီးတော့ရှားလော့ခ်ဟုမ်းလုပ်မှာပါဆို။"
ကစားသမားများကဒါကိုမြင်တော့ရှက်သွားကာ တစ်ယောက်ဆိုတွေးပင်တွေးလိုက်မိသည်: သခင်လေးကမောက်မာပြီးချစ်စရာကောင်းမယ်မထင်ထားဘူး၊ သူကတကယ်မိစ္ဆာနတ်ဘုရားဖြစ်နိုင်ပါ့မလား။
ရွှီယန့်၏မျက်နှာမှာဆိုးဝါးသွားပေမဲ့သူ့လေသံမှာလည်းချဥ်တူးစပြုလာကာ အံကြိတ်ပြီးပြောလိုက်သည်။
"မရဘူး။"
ခေတ္တတန့်သွားပြီးမှသူ့လေသံကအနည်းငယ်ပြင်းထန်သွားသည်ဟုခံစားလိုက်ရပုံပေါ်ကာနူးညံ့စွာပြောလိုက်သည်။
"အရင်ပြန်မယ်လေ။ ပြန်ပြီးမှ...."
မထင်မှတ်ထားစွာဖြင့်သခင်လေးကသူ့ကြောင့်ရပ်သွားပုံပေါ်ကာ သူ့မျက်ဝန်းများကချက်ချင်းနီရဲသွားပြီး ချက်ချင်းဒေါသတကြီးပြောလိုက်သည်။
"မင်းငါ့ကိုအော်လိုက်တာလား။ မင်းတကယ်ကြီးငါ့ကိုအော်လိုက်တာလား။"
ရွှီယန့်: "....."
"မင်းငါနဲ့တွဲချင်တယ်လို့ပြောတုန်းကမင်းဘယ်လိုအာမခံခဲ့လဲ။ မင်းကိစ္စတိုင်းမှာငါ့စကားနားထောင်မယ်လို့မင်းပြောခဲ့တယ်လေ။ ဒါပေမဲ့ရလဒ်ကတော့သုံးရက်တောင်မရှိသေးဘူး၊ မင်းကငါ့ကိုအော်နေပြီ...."
သခင်လေးကဝမ်းနည်းစွာစွပ်စွဲလာပုံမှာ သူဟာအချစ်ဇာတ်လမ်းကဇာတ်လိုက်အလား။
ရွှီယန့်: "....."
သခင်လေး: "ယောကျ်ားတစ်ယောက်ရဲ့ပါးစပ်ကအလိမ်အညာချည်းပဲ။"
ရွှီယန့်: "....."
"အင်းပါ၊ ကိုယ်မှားပါတယ်၊ ကိုယ်..."
"မင်းကဘာသဘောလဲ။ 'အင်းပါ၊ ကိုယ်မှားပါတယ်'ဆိုတာကဘာကိုဆိုလိုတာလဲ။ မင်းကဝတ်ကျေတမ်းကျေပြောနေတာပဲ၊ အစထဲကမင်းမှားတာလေ။"
သခင်လေးကကျိုးကြောင်းဆီလျော်မှုမရှိဘဲဆက်စွပ်စွဲလေသည်။
"ငါ့ကိုပြော၊ မင်းသူ့ကိုပိုကြိုက်ပြီးတော့ငါ့ကိုအစားထိုးတစ်ယောက်လိုဆက်ဆံနေတာမလား။ အဲ့ဒါကြောင့်မင်းငါ့ကိုဒီလိုလုပ်တာမလား။"
ရွှီယန့်: "?"
ဘာအစားထိုးတုန်း? သူတစ်အောင့်ကြာမတုံ့ပြန်နိုင်ဖြစ်သွားရကာအလိုလိုမေးမိသည်။ "ဘယ်တစ်ယောက်လဲ။"
"မင်းကိုနာကျင်အောင်လုပ်ခဲ့တဲ့အရူးလေးပေါ့။"
သခင်လေးကနီရဲသောမျက်ဝန်းများဖြင့်ဆို့နင့်လျက်:
"ငါ့ကိုပြော၊ မင်းသူ့ကိုပိုကြိုက်တာလား၊ ငါ့ကိုပိုကြိုက်တာလား။"
ရွှီယန့်တစ်အောင့်ကြာဆွံ့အသွားရကာတွေးလိုက်မိသည်။ မင်းကအရူးလေးမှန်းမင်းကိုယ်မင်းသိသကိုး။
မတော်တဆရပ်ကြည့်နေမိသည့်ကစားသမားအုပ်စု: "....." ဘုရားရေ၊ ဒါကဘယ်လိုခွေးသွေးအချစ်ဇာတ်လမ်းကြီးတုန်း?
ရွှီယန့်ကတစ်အောင့်ကြာတိတ်ကျသွားပြီးမှမှန်ပုံရသောအဖြေကိုသေချာဂရုတစိုက်ရွေးလိုက်သည်။
"သခင်လေးကိုပိုကြိုက်တာ။"
မထင်မှတ်ထားစွာဖြင့်သခင်လေးကဒါကိုကြားတော့ပို၍ပင်ဝမ်းနည်းကာရှော့ခ်ရသွားပြီး စွပ်စွဲလာသည်။
"ငါ့ကိုပိုကြိုက်တယ်ဆိုတာကဘာကိုဆိုလိုတာလဲ။ သဘောကမင်းသူ့ကိုကြိုက်နေတုန်းပဲပေါ့? မင်းကအပြောင်းအလဲမြန်တာပဲ။"
ရွှီယန့်၏နှဖူးကြောများမသိမသာတွန့်သွားရသည်: နှစ်ယောက်လုံးကမင်းပဲမဟုတ်ဘူးလား။
"ကိုယ်မင်းကိုပဲကြိုက်တာ။"
သူအံကြိတ်ကာစကားပြောင်းပြောလိုက်ပြန်ပြီး ဒီအဖြေကမှန်လောက်သည်ဟုတွေးလိုက်သည်။
သို့သော်လည်းသခင်လေးကသူ့အမှားကိုရှာနိုင်ဆဲဖြစ်ကာဆက်ပြောလာသည်။
"ငါ့ကိုပဲကြိုက်တာဆိုတာကဘာကိုဆိုလိုတာလဲ။ မင်းဘာလို့ဒီလောက်မြန်မြန်စိတ်ပြောင်းသွားပြီးတော့သူ့ကိုမကြိုက်တော့တာလဲ။ မင်းကသွေးအေးချက်ပဲ။"
ရွှီယန့်: "....."
သခင်လေးကသူ့ကိုတမင်ရစ်နေမှန်းသူနောက်ဆုံးတော့သိလိုက်ရပြီ။
ကစားသမားများကဒါကိုမြင်တော့ မနေနိုင်ဘဲရှေ့တိုးကာနားချချင်လာမိသည်။ ညီလေး၊ မင်းကတအားဖြောင့်မတ်လွန်းတယ်၊ ဒီအချိန်မှာမင်းဘာတွေပြောနေတာလဲ။ မင်းပြဿနာအရင်းအမြစ်ကိုရှာရမှာလေ။
ဒါပေါ့ ရွှီယန့်ကပြဿနာအရင်းအမြစ်ကိုသိသည်။ သခင်လေးကဒီမှာနေပြီးဒီလူအုပ်နဲ့လျှောက်သွားချင်လို့ သူ့ကိုပြဿနာရှာနေတာမလား။
သူနှုတ်ခမ်းစေ့ကာ နောက်ဆုံးမှာအလျှော့ပေးလိုက်ပြီး အသံတိုးကာချော့မြူလိုက်သည်။
"ဟုတ်ပြီ၊ ဒီမှာနေမယ်၊ ကိုယ်မင်းနဲ့အတူနေမယ်နော်၊ ဟုတ်ပြီလား။"
လင်ခုံးလု၏ပန်းတိုင်နောက်ဆုံးမှာအောင်မြင်သွားကာကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။ "ကောင်းတယ်။"
ခေတ္တတန့်သွားပြီးမှသူမောက်မာစွာပြောလိုက်သည်။
"ဒါဆိုလဲငါမင်းကိုတွန့်ဆုတ်ဆုတ်နဲ့ခွင့်လွှတ်လိုက်မယ်။
ရွှီယန့်၏နှုတ်ခမ်းများမသိမသာတွန့်သွားကာ ဝှီးချဲကိုပြန်တွန်းပေးလိုက်သည်။ သူ့မျက်လုံးများကကစားသမားများ၏မျက်နှာပေါ်မှာဝေ့ဝဲသွားကာ နောက်ဆုံးမှာယွမ်ရှီးချွမ်းမျက်နှာပေါ်မှာရပ်သွားသည်။
ခုနကသွေးထိုးလိုက်တာမှန်ကြောင်လေးမလား။ ကောင်းတယ်၊ သူမှတ်ထားလိုက်ပြီ။
ယွမ်ရှီးချွမ်းမှာဖော်ပြမရအောင်ကျောချမ်းသွားရကာအလိုလိုလက်ပိုက်လိုက်မိသည်။
*
အိမ်တော်ထိန်းကလင်ခုံးလုတကယ်သဘောတူလိုက်မည်ဟုမထင်ထားမိပေ၊ ဥယျာဥ်မှူးကသူ့ကိုမတားနိုင်ပေရာ သူအလျင်စလိုရှေ့တိုးကာနားချလိုက်သည်။
သို့သော်သူစကားမပြောနိုင်ခင် လင်ခုံးလုကလက်မြှောက်ကာဖြတ်ပြောလိုက်သည်။
"အင်း၊ မင်းနေချင်ရင်ငါတို့နဲ့လိုက်ခဲ့။ မနေချင်ရင်ပြန်လိုက်တော့။"
အိမ်တော်ထိန်းကနင်သွားကာတန့်သွားပြီးရှက်သွားချင်ယောင်ဆောင်လိုက်သည်။
"ဒါပေမဲ့လင်သခင်လေး၊ ဒီမှာမလုံခြုံဘူးလေ။ သခင်လေးအန္တရာယ်တစ်ခုခုကြုံရင် ကျွန်တော်သခင်လေးရဲ့စေ့စပ်ထားသူသခင်လေးစုန့်လင်ကိုဘယ်လိုရှင်းပြရမှာလဲ။"
အိမ်တော်ထိန်း၏စကားကိုနားထောင်ပြီးနောက် လင်ခုံးလုမျက်မှောင်အသာကြုတ်ကာမပျော်မရွှင်ပြောလိုက်သည်။
"ငါ့မှာချစ်သူကောင်လေးရှိနေပြီဆိုတာမင်းမမြင်ဘူးလား၊ ဘာလို့သူကငါ့ရဲ့စေ့စပ်ထားသူလို့မင်းဘာလို့ပြောနေသေးတာလဲ။"
အိမ်တော်ထိန်းနင်သွားပြန်သည်။
ရွှီယန့်ဖော်ပြမရအောင်စိတ်သက်သာရာရသွားကာ နှုတ်ခမ်းထောင့်များမသိမသာကွေးလိုက်မိပြီး နောက်ဆုံးမှာခံစားချက်ပိုကောင်းသွားတော့သည်။
"ပြီးတော့စုန့်လင်ကမင်းကိုငါ့ဆီပေးခဲ့တာ၊ အခုဆိုငါကမင်းကိုလစာပေးနေတာနော်။ မင်းဘာလို့ကိစ္စတိုင်းကိုသူ့ဆီတင်ပြနေသေးတာလဲ။ မင်းမင်းရဲ့အလုပ်ရှင်ကိုမမေ့နိုင်ဘူးဆိုရင်လဲ မြူတွေရှင်းသွားရင် မင်းလှေတစ်စီးယူပြီးတော့ မင်းစုန့်မိသားစုကိုပြန်ပြီးသူ့ကိုသွားရှာလို့ရတယ်။ အင်း၊ ငါအိမ်တော်ထိန်းအသစ်တစ်ယောက်ခန့်လိုက်မယ်။"
ကစားသမားများကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အိမ်တော်ထိန်းကသူတို့ထင်သလိုမျိုးသခင်လေးအပေါ်သစ္စာရှိနေတာမဟုတ်သည့်အပြင် သခင်လေးကအိမ်တော်ထိန်းကိုသိပ်ယုံပုံမရမှန်းရုတ်ခြည်းသဘောပေါက်သွားသည်။ သူတို့ရဲ့ယခင်ကောက်ချက်ကနည်းနည်းမှားသွားတာပဲ။
အိမ်တော်ထိန်းကတည်တံ့သွားပုံရကာအလျင်စလိုဆိုလာသည်။
"ကျွန်တော်မဝံ့ရဲပါဘူး။"
ရွှီယန်ကဒီစကားကိုကြားတော့ခါးကိုင်းကာလင်ခုံးလုနားထဲတီးတိုးဆိုလာသည်။
"ကျွန်တော့်ကိုယ်ကျွန်တော်အကြုံပြုလို့ရမလား။"
လင်ခုံးလုသူ့ကိုခေါင်းလှည့်ကြည့်ကာပြောလိုက်သည်။
"မင်းကရာထူးတိုးချင်လို့လား။"
ရွှီယန်ကပြုံးသည်။
"အိမ်တော်ထိန်းမဖြစ်ချင်တဲ့ဥယျာဥ်မှူးကချစ်သူကောင်လေးကောင်းမဟုတ်ဘူးလေ။"
အိမ်တော်ထိန်း: "???"
လင်ခုံးလု: "......"
"မင်းကောင်းကောင်းပြုမူရင် သခင်တောင်ဖြစ်နိုင်တယ်။"
သူကမသိမသာနီရဲသောမျက်နှာဖြင့်ခြင်ပမာတိုးလျစွာပြောလိုက်သည်။
ရွှီယန်၏မျက်လုံးများမည်းသွားကာတကယ်မေးလိုက်ချင်မိသည်: ကိုယ်ဘယ်လိုကောင်းကောင်းပြူမူသင့်လဲ။
သို့သော်ထိုစဥ်အိမ်တော်ထိန်းကရှေ့တိုးကာတည်ငြိမ်စွာဆိုလာသည်။
"အင်း...သခင်လေး၊ ရဲတိုက်ထဲမှာကိစ္စတချို့ရှိနေသေးလို့ ကျွန်တော်သခင်လေးနဲ့ဧည့်သည်တွေကိုမနှောင့်ယှက်တော့ပါဘူး။"
သူ့သဘောထားကအရင်လိုမဟုတ်ဘဲစတင်နှိမ့်ချသွားပြန်ကာ "လင်သခင်လေး"ဟုတောင့်တင်းသောလေသံဖြင့်ခေါ်လိုက်သည်။ လင်ခုံးလုသူ့ကိုမောင်းထုတ်မှာတကယ်ကြောက်လို့မဟုတ်ဘဲ သူရဲတိုက်ထဲမှာနောက်ရက်အနည်းငယ်နေမှရမှာမို့ကန်ထုတ်ခံရလို့မဖြစ်ပေ။
လင်ခုံးလုတည်ငြိမ်စွာလက်ဝေ့ရမ်းကာသူ့ကိုပြန်ခိုင်းလိုက်ပြီးမှကစားသမားများကိုမေးလိုက်သည်။
"ငါတို့ဘယ်လိုလုပ်ကြမှာလဲ။"
ကစားသမားများမှာအချိန်တစ်ခုစာလောက်နည်းလမ်းသစ်မရှိပါဘဲ သူတို့ကပင်လယ်ကမ်းစမ်းတလျှောက်သံသယဖြစ်ဖွယ်ခြေရာလက်ရာများကိုရှာဖွေနေရတုန်းပင်။
လင်ခုံးလု၏ဝှီးချဲမှာလျှပ်စစ်ပစ္စည်းပေမို့ သူကကြီးစွာသောစိတ်ဝင်စားမှုဖြင့် ကမ်းစပ်တလျှောက်စတင်ရှာဖွေလေသည်။
ရွှီယန့်ကသူ့နောက်လိုက်နေပြီး နှုတ်ခမ်းကွေးကာမေးလာသည်။
"ကိုယ်မင်းကိုတကယ်တွန်းပေးဖို့မလိုဘူးလား။ ခဏနေအားကုန်သွားရင်ကော...."
လင်ခုံးလု: "....တိတ်စမ်း။"
ဒါပေမဲ့ထင်ယောင်ထင်မှားဖြစ်တာလားမသိ၊ သူဘယ်နေရာ"သွားသွား" ပင်လယ်ထဲမှာထူးဆန်းသောအသံများကြားရလိမ့်မည်ပင်။ ပင်လယ်ထဲကလှိုင်းခတ်သံများနှင့်မတူဘဲ သက်ရှိအရာများ....
သူအလိုလိုခေါင်းလှည့်ကာပင်လယ်ဘက်လှည့်ပြီးသေချာနားထောင်ကြည့်လိုက်သည်။
ရွှီယန်ကလည်းတစ်ခုခုမူမမှန်တာကိုသတိထားမိသွားကာသူ့အကြည့်နောက်လိုက်ကြည့်မိသည်။
ပင်လယ်ပေါ်ကမြူမှာရှိနေတုန်းဖြစ်ပြီး မနေ့ကထက်ပိုထူသည်။ တစ်မီတာအဝေးမှာဘာမှမမြင်ရသလောက်ပင်။ ပင်လယ်အော်သံကမြူထဲမှထွက်လာပြီး ထူးဆန်းသောဆူညံသံတချို့နှင့်ရောယှက်သွားသွားပုံမှာ ပင်လယ်ထဲတွင်ပုန်းကွယ်နေသည့်ကြောက်မက်ဖွယ်သားရဲများရှိနေသည့်အလား။
လင်ခုံးလုမြူအောက်ကပင်လယ်ထဲမှာပုန်းကွယ်နေသည့်အရာကိုမမြင်နိုင်ပေမဲ့ ရွှီယန်ကတော့သေချာမြင်ရသည်။
ထိုလူတစ်ပိုင်းငါးတစ်ပိုင်းထူးဆန်းသောမကောင်းဆိုးဝါးများကအကြောင်းတချို့ကြောင့်ပင်လယ်ထဲမှအပေါ်တက်လာကာ စက်ဝန်းခြမ်းလေးဖွဲ့ပြီး ပင်လယ်နားကပ်လာသည့်မိုက်မဲသောကောင်လေးကိုစပ်စပ်စုစုစူးစမ်းနေကြသည်။
"ဝါး၊ ဝါးဝါးဝူးဝါး...." သူကဘော့စ်သဘောကျတဲ့လူလား။
လူတစ်ပိုင်းရေဘဝဲတစ်ပိုင်းက၎င်း၏ဦးခေါင်းကိုရေဘဝဲလက်တံများဖြင့်ကိုင်ထားကာ ပြောလာသည်။
"ဝါးဝူးဝါး..." အရမ်းလှတာပဲ။
အခြားလူတစ်ပိုင်းငါးတစ်ပိုင်းမကောင်းဆိုးဝါးများကသူ့လိုမျိုး လက်ထဲမှာခေါင်းကိုင်ထားသည်။
"ဟစ်ဟစ်ဟ။" သူ့အနံ့ကအရမ်းကောင်းတာပဲ။
"ဟစ်ဟဟစ်ဟ...." အဲ့ညစ်ပတ်ပြီးအနံ့ဆိုးတဲ့ကျွန်းသူကျွန်းသားတွေနဲ့မတူဘူးရော်။
"ဟစ်ဟစ်...." ချစ်စရာလေး။
"ဝူးဝူးဝါး...." ငါလဲသူ့ကိုသန္တာကျောက်လေးတစ်ခုပေးချင်တယ်။ သူလဲငါ့ကိုချစ်သွားမှာလား။
ရွှီယန့်ကဒါကိုကြားတော့ သူ့မျက်နှာချက်ချင်းမည်းသွားသည်။ သူသူတို့ကိုအေးစက်စက်တစ်ချက်ကြည့်ကာ ပါးစပ်နှင့်အသံတိတ်သတိပေးလိုက်သည်: ထွက်သွားကြစမ်း။
_____
Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၁၄)။
လင္ခုံးလုျဖစ္ပြားရာေနရာကိုထပ္သြားေတာ့ ႐ႊီယန့္ကိုဝွီးခ်ဲတြန္းခိုင္းကာ ခပ္လွမ္းလွမ္းမွၾကည့္ေနလိုက္သည္။
မေတာ္တဆျဖစ္သြားသူမွာအသက္ႏွစ္ဆယ္အ႐ြယ္လူငယ္ေလးျဖစ္သည္။ သူ႕အေဖကအဝတ္မ်ားကိုကိုင္ကာခါးသက္စြာငိုယိုေနၿပီး သူ႕မ်က္ႏွာထားမွာသူ၏ပူေဆြးေသာကကိုဖုံးကြယ္နိုင္စြမ္းမရွိ။
သူ႕ပတ္လည္ရွိလူမ်ားမွာေတာ့ထုံထိုင္းကာ(သို႔)ေၾကာက္လန့္ေနၾကသည္။ ဦးေလးေယာင္းကကစားသမားလာေနတာျမင္ေတာ့ တည္တင္းေသာမ်က္ႏွာျဖင့္ေမးလာသည္။
"မင္းတို႔ဘာလို႔ေရာက္လာျပန္တာလဲ။"
ယြမ္ရွီးခြၽမ္းကသူ႕မ်က္ႏွာကိုပင့္တင္ကာဆိုသည္။
"ကြၽန္ေတာ္တို႔ကကြၽန္းကိုခရီးထြက္လာတာ။ ေနရာတိုင္းကိုလြတ္လြတ္လပ္လပ္သြားခြင့္ရွိတယ္။"
အဓိပ္ပါယ်မှာခင်ဗျားကကျွန်းသူကျွန်းသားတွေကိုထိန်းချုပ်လို့ရပေမဲ့ကျွန်တော်တို့ကိုတော့မရဘူး။
ဦးေလးေယာင္းကေအးစက္စက္ႏွာမႈတ္လိုက္ၿပီးသူ႕မ်က္လုံးမ်ားကမည္းေမွာင္သြားေပမဲ့ တစ္ေအာင့္ၾကာေတာ့သူကအေလွ်ာ့ေပးသည့္အလား ႐ုတ္ျခည္းအေနာက္လွည့္ကာဟယ္ခြင္းကိုေျပာလိုက္သည္။
"အရင္ျပန္သြားၿပီးေတာ့ အားယန္ရဲ႕.....အႂကြင္းအက်န္ေတြကိုျမႇုပ္ႏွံေပးတာေပါ့။"
အားယန္မွာဆုံးပါးသြားေသာလူငယ္ေလးျဖစ္သည္။ ျဖစ္ခ်င္ေတာ့သူဟာမေန႕ကကင္းလွည့္အဖြဲ႕၏အဖြဲ႕ဝင္တစ္ေယာက္ျဖစ္သည္။ ႐ုတ္တရက္ဒီလိုတစ္ခုခုျဖစ္သြားေတာ့ ကင္းလွည့္အဖြဲ႕ကိုကင္းမလွည့္ရဲေအာင္ျဖစ္သြားေစကာ ဦးေလးေယာင္းႏွင့္အတူထြက္သြားသည္။
ဦးလေးယောင်းတစ်ယောက်အိမ်တော်ထိန်းဘေးကဖြတ်သွားချ်ိန်မှာ ႏွစ္ေယာက္သားကတစ္ေယာက္ကိုတစ္ေယာက္သာမန္ကာလွ်ံကာၾကည့္လိုက္ၾကသည္။ အိမ္ေတာ္ထိန္းကေခါင္းအသာၿငိမ့္လိုက္ၿပီးမွသူသူ႕ကိုမၾကည့္လိုက္သည့္အလားခပ္ျမန္ျမန္အၾကည့္လႊဲသြားသည္။
ေသခ်ာတာေပါ့၊ ဦးေလးေယာင္းႏွင့္အျခားသူမ်ားထြက္သြားၿပီးေနာက္ အိမ္ေတာ္ထိန္းကေရွ႕တိုးကာသူတို႔ကိုေကာင္းမြန္စြာနားစခ်လာသည္။
"အခုဆိုပင္လယ္ကမ္းစပ္ကတကယ္အႏၱရာယ္မ်ားတယ္။ ေလာင္ေယာင္းမွာေအးစက္စက္မ်က္ႏွာရွိၿပီးေတာ့ၾကင္နာတဲ့ႏွလုံးသားရွိတယ္။ သူ႕စကားလုံးေတြကနားေထာင္လို႔သိပ္မေကာင္းေပမဲ့ မင္းတို႔ေကာင္းဖို႔အတြက္ပါ။"
"ၿပီးေတာ့ကြၽန္းေပၚမွာလူသတ္မႈေတြခဏခဏျဖစ္ေနတာ၊ ကြၽန္းေပၚမွာေရွ႕ကေနမားမားမတ္မတ္ရပ္တည္ၿပီးလူေတြရဲ႕ႏွလုံးသားကိုတည္ၿငိမ္ေအာင္လုပ္နိုင္တဲ့ေက်ာေထာက္ေနာက္ခံရွိမွရမယ္။ သခင္ေလးကဘာမွမလုပ္တတ္ဘူးဆိုေတာ့ အခုဆိုေလာင္ေယာင္းကမ႑ိုင္ျဖစ္သြားၿပီ။ ဒါေပမဲ့မင္းတို႔ကဒီလိုလုပ္ေနေတာ့ သူ႕အလုပ္ကိုဒုကၡေပးေနသလိုမျဖစ္သြားဘူးလား။ ၿပီးေတာ့မင္းတို႔ကရဲတိုက္ထဲမွာေနေနတာ၊ မင္းတို႔ဒီလိုဆက္လုပ္ေနမယ္ဆို သခင္ေလးနဲ႕ငါဒုကၡျဖစ္ရပါလိမ့္မယ္...."
သူ႕စကားလုံးမ်ားမွာတကယ္ရိုးသားစစ္မွန္မႈရွိသည္။
ဒါကိုၾကားေတာ့ကစားသမားမ်ားရင္ထဲမွာအနည္းငယ္ထူးဆန္းသြားရသည္။ အိမ္ေတာ္ထိန္းႏွင့္ေလာင္ေယာင္းကသေဘာတူထားသလိုမ်ိဳးပင္။ တစ္ေယာက္ကလူေကာင္းလုပ္၊ ေနာက္တစ္ေယာက္ကလူဆိုးလုပ္မယ္၊ သူတို႔ကႏူးညံ့ၿပီးမာထန္တဲ့နည္းဗ်ဴဟာႏွစ္ခုလုံးကိုသုံးၾကလိမ့္မယ္။
ေျပာစရာပင္မလို၊ ဒီနည္းလမ္းကတကယ္ထိေရာက္မႈရွိသည္။ အနည္းဆုံးေတာ့ကစားသမားမ်ားရဲတိုက္ထဲမွာေနေနေနသည့္ဒီရက္ပိုင္းမွာ အိမ္ေတာ္ထိန္းကသူတို႔ကိုအရသာရွိေသာအစားအေသာက္မ်ားဧည့္ခံေကြၽးေမြးထားသျဖင့္ သူတို႔ခဏေလာက္တငယ္မျငင္းနိုင္ေတာ့ေပ။
အဆုံးမွာေတာ့"လူေတြကအျခားသူေတြကိုအခြင့္ေကာင္းယူေနခ်ိန္မွာအေျပာခ်ိဳသာၾကသည္"ပင္၊ အထူးသျဖင့္အိမ္ေတာ္ထိန္းကမနက္တိုင္းမွာသူတို႔အတြက္ေကာ္ဖီကိုယ္တိုင္ႀကိတ္ေဖ်ာ္ေပးသျဖင့္တကယ္ေ႐ြးရခက္လွသည္။
ဟြမ္က်ားဝမ္ကဲ့သို႔မသိမသာအေရပါးေသာကစားသမားအသစ္မ်ားမွာဒီအခိုက္အတန့္တြင္အနည္းငယ္ရွက္ေနၿပီပင္။
သို႔ေသာ္ယြမ္ရွီးခြၽမ္းကေတာ့အေရထူသည္။ ေတြးၾကည့္ၿပီးေနာက္သူ႐ုတ္တရက္စိတ္ကူးတစ္ခုရလာသည္။ သူသိပ္မေဝးေသာေနရာကဝွီးခ်ဲေပၚမွာထိုင္ေနသည့္လင္ခုံးလုကိုၾကည့္ကာေမးလိုက္သည္။
"သခင္ေလးကအျပင္သိပ္ထြက္ပုံမရဘူးေနာ္?"
"အာ?"
လင္ခုံးလုအလိုလိုေခါင္းေမာ့ၾကည့္မိၿပီး သူ႕မ်က္ႏွာထားမွာဇေဝဇဝါျဖစ္သြားသည္။
သူ႕အေနာက္မွာရပ္ေနသည့္႐ႊီယန့္ကတစ္ခုခုခန့္မွန္းမိသြားပုံရကာ သူ႕မ်က္ႏွာ႐ုတ္ျခည္းမည္းသြားသည္။
"သခင္ေလး၊ ကြၽန္ေတာ္တို႔နဲ႕အတူလမ္းပတ္ေလွ်ာက္ခ်င္လား။ ကြၽန္းေပၚကရာသီဥတုကဆိုးဝါးေနခဲ့တာ။ ကြၽန္ေတာ္ဒီကိုေရာက္တာရက္ေတာ္ေတာ္ၾကာၿပီဆိုေပမဲ့အျပင္သိပ္မထြက္ျဖစ္ဘူး။ ဒီေန႕ကအခြင့္ေကာင္းပဲ၊ ဘာလို႔မသြားရမွာလဲ။ ဒီမွာလူအမ်ားႀကီးရွိေတာ့ေကာင္းတယ္ေလ။" ယြမ္ရွီးခြၽမ္းကႏြေးေထြးစာဖိတ္ေခၚသည္။
အိမ္ေတာ္ထိန္းကသခင္ေလးနာမည္ကိုသုံးၿပီးသူတို႔ကိုစည္း႐ုံးနားခ်ခ်င္ေနတာမလား။ ဒါဆိုသူလဲငွားလို႔ရတာပဲ။ သခင္ေလးမွာေနခ်င္စိတ္ရွိရင္ အိမ္ေတာ္ထိန္းဘာမွေျပာလို႔ရမွာမဟုတ္ဘူးမလား။
အိမ္ေတာ္ထိန္းကသူဆိုလိုတာကိုျမင္သြားကာ သူ႕မ်က္ႏွာထား႐ုတ္ျခည္းဆိုးဝါးသြားရသည္။ ကစားသမားမ်ားကအံ့ၾသသြားကာ သူ႕ကိုတိတ္တခိုးလက္မေပးလိုက္ၾကသည္။
လင္ခုံးလုက႐ုတ္ျခည္းၿပဳံးလိုက္မိသည္။ လတ္စသတ္ေတာ့သူ"အသုံးခ်ခံ"လိုက္ရတာပဲ။
သူ႐ုတ္ျခည္းၿပဳံးေနတာျမင္ေတာ့ ယြမ္ရွီးခြၽမ္းမွာတစ္ခုခုျဖစ္ေတာ့မည္ဟု႐ုတ္တရက္ခံစားလိုက္ရသည္။ သူသံပူေနတုန္းပိုျပင္းျပင္းရိုက္လိုက္သည္။
"ၿပီးေတာ့သခင္ေလးလည္း 'ပင္လယ္မေကာင္းဆိုးဝါး'ကဘာလဲဆိုတာသိခ်င္ေနတယ္မလား။ အဲ့လူေတြဘာလို႔ေသသြားတာလဲဆိုတာကိုေရာေပါ့? ကြၽန္ေတာ္တို႔ေတြရွားေလာ့ခ္ဟုမ္းလုပ္ၿပီးေတာ့ဒီကိစၥေတြကိုရွာေဖြေဖာ္ထုတ္ဖို႔စီစဥ္ထားတယ္၊ သခင္ေလးပါဖို႔စိတ္ဝင္စားလား။"
အရင္ႏွစ္ရက္ကျဖစ္သြားခဲ့တဲ့ကိစၥအၿပီးမွာ လင္ခုံးလုအေပၚစူးစမ္းေလ့လာခ်က္အရဆို သူယန္ဖုန္းကသူ႕ယခင္ေကာက္ခ်က္ကမွားယြင္းေနေလာက္ၿပီး သခင္ေလးကမိစ္ဆာနတ္ဘုရားမျဖစ္နိုင္ေလာက္ဘူးဟုသံသယစဝင္လာမိသည္။
ဒီလိုဆိုမွေတာ့တစ္ဖက္လူကရဲတိုက္ကိုေရာက္လာၿပီးေနာက္မွာေျခေထာက္ဒဏ္ရာေၾကာင့္ရဲတိုက္ထဲမွာပိတ္မိေနသည့္သာမန္လူတစ္ေယာက္ျဖစ္သည္။ သူကအျပင္ထြက္ၿပီးေလွ်ာက္မသြားခ်င္တာလား၊ ဒါမွမဟုတ္ဒီကိစၥေတြကိုစိတ္ဝင္စားတာလား။
တစ္ဖက္လူသာမိစ္ဆာနတ္ဘုရားဆို သူတို႔ဒီကိစၥကိုစုံစမ္းေနတာသိသြားၿပီးေတာ့ သူတို႔ကိုအျပင္မွာရွင္းပစ္လိုက္ခ်င္မွာမဟုတ္ဘူးလား။
ၿခဳံေျပာရရင္ဘယ္ျဖစ္နိုင္ေခ်ပဲျဖစ္ျဖစ္ သခင္ေလးကသေဘာတူနိုင္ေခ်ျမင့္သည္ဟုယြမ္ရွီးခြၽမ္းခံစားလိုက္ရသည္။
လင္ခုံးလုကထင္ထားတဲ့အတိုင္းေခါင္းၿငိမ့္ကာအခိုင္အမာႏွင့္"အင္း"ဟုဆိုၿပီးေျပာလာသည္။
"စိတ္ဝင္စားဖို႔ေကာင္းမဲ့ပုံပဲ။"
"ဟုတ္တယ္။" ယြမ္ရွီးခြၽမ္းကသေဘာတူေခါင္းၿငိမ့္ကာေမးလာသည္။
"ဒီေတာ့သခင္ေလးပါခ်င္လား။"
"အင္း။" လင္ခုံးလုစဥ္းစားခ်င္ေယာင္ေဆာင္ကာေျပာလိုက္သည္။
"ငါစဥ္းစား...."
သူ"ၾကည့္ခ်င္ေသးတယ္"ဟူေသာစကားကိုၿပီးေအာင္မေျပာရေသးခင္ ႐ႊီယန့္က႐ုတ္တရက္မည္းတူးသြားကာ ဝွီးခ်ဲကိုတြန္းၿပီးသူ႕ကိုသူႏွင့္အတူေခၚသြားေတာ့သည္။
လင္ခုံးလု: "???" ဥယ်ာဥ္မႉးေလး၊ မင္းပုန္ကန္ေနတာလားကြဲ႕?
သူျပန္မယ္လို႔ေျပာလိုက္မိလို႔လား။
အိမ္ေတာ္ထိန္းကခ်က္ခ်င္းသက္မခ်မိကာေတြးလိုက္မိသည္: ေကာင္းေကာင္းလုပ္ခဲ့တာပဲ။
လင္ခုံးလုကေဒါသထြက္သြားပုံရကာသူ၏ဒဏ္ရာမရထားေသာေျခသလုံးကိုလႈပ္ၿပီးႏူးညံ့စြာဟမ့္ခနဲလုပ္လာသည္။
"မင္းဘာလုပ္တာလဲ။ ငါမင္းကိုတြန္းခိုင္းလို႔လား။ ျမန္ျမန္ျပန္လွည့္။"
"ေလထန္တယ္၊ ၿပီးေတာ့ ပင္လယ္ကမ္းစပ္မွာအႏၱရာယ္မ်ားေနတာ။ အဲ့မွာအၾကာႀကီးေနရင္ေျခေထာက္နာလာလိမ့္မယ္။"
႐ႊီယန့္ကတည္ၿငိမ္ေသာမ်က္ႏွာျဖင့္အႀကံေပးသည္။
လင္ခုံးလုေမာက္မာစြာေျပာလိုက္သည္။
"ဒါေပမဲ့ငါရွားေလာ့ခ္ဟုမ္းျဖစ္ခ်င္တယ္။"
႐ႊီယန့္၏ႏႈတ္ခမ္းေထာင့္မသိမသာတြန့္သြားကာသူ႕ကိုနားခ်လိဳက္သည္။
"သခင္ေလးရဲတိုက္ကိုျပန္ေရာက္ရင္ကြၽန္ေတာ္သခင္ေလးကိုအေဖာ္ျပဳေပးမွာပါ။"
အဲ့ကစားသမားေတြကသူ႕ေရွာင္လုကိုအခြင့္အေရးယူခ်င္တာလား။
႐ႊီယန့္၏မ်က္လုံးထဲမွာေအးစက္စက္အလင္းတစ္ခ်က္ျဖတ္ေျပးသြားသည္။
သို႔ေသာ္လည္းလင္ခုံးလုကအသုံးခ်ခံဖို႔ဆႏၵရွိသည္။ အတိအက်ေျပာရရင္သူကကစားသမားမ်ားကိုအသုံးခ်ဖိဳ႕စီစဥ္ထားသည္။
ကစားသမားမ်ားကကိစၥမ်ားကိုလုပ္ရန္သူ႕နာမည္ကိုသုံးဖို႔လိုအပ္ၿပီး သူကလည္းကိစၥတခ်ိဳ႕ကိုရွာေဖြရန္ကစားသမားမ်ားကိုအသုံးခ်ခ်င္သည္၊ ပင္လယ္မေကာင္းဆိုးဝါးက႐ႊီယန့္ႏွင့္ဆက္စပ္ေနတာလား၊ ကြၽန္းေပၚမွာဘာျဖစ္ခဲ့တာလဲ၊ ကြၽန္းသူကြၽန္းသားမ်ား၏လ်ိဳ႕ဝွက္ခ်က္၊ အစရွိသျဖင့္ကိုေပါ့။
ဒီကိစၥမ်ားကိုသူကိုယ္တိုင္ရွာေဖြရန္မလြယ္ကူ။ အေကာင္းဆုံးနည္းလမ္းကရွာေဖြရန္ကစားသမားမ်ားကိုလမ္းၫႊန္ျပသျခင္းပင္။
သူ႕အလိုလိုသိစိတ္က႐ႊီယန္၏မေကာင္းတဲ့စိတ္တန္ဖိုးက၁၀၀ေရာက္ေနတာက သူ႕ဆီကသစၥာေဖာက္ခံခဲ့ရတာအျပင္ အျခားအခ်က္မ်ားေၾကာင့္ပါျဖစ္လိမ့္မည္ဟုသူ႕ကိုေျပာေနသည္။ ထို႔ေၾကာင့္သူကိစၥတစ္ခုကိုသာေျဖရွင္းနိုင္သျဖင့္ တစ္ဖက္လူ၏မေကာင္းတဲ့စိတ္တန္ဖိုးကိုေလွ်ာ့ခ်ရခက္သည္။
ၿပီးေတာ့ထိုအျခားအခ်က္ကဒီကြၽန္း၏လ်ိဳ႕ဝွက္ခ်က္ႏွင့္သက္ဆိုင္ေနေလာက္သည္။
ဒါကိုေတြးမိေတာ့လင္ခုံးလုက်ိဳးေၾကာင္းမသင့္စြာျပႆနာစရွာၿပီးေဒါသတႀကီးေျပာလိုက္သည္။
"ငါမျပန္ခ်င္ဘူး၊ ငါမင္းေျပာတာနားမေထာင္ဘူး။ ငါဒီမွာသူတို႔နဲ႕အတူေနၿပီးေတာ့ရွားေလာ့ခ္ဟုမ္းလုပ္မွာပါဆို။"
ကစားသမားမ်ားကဒါကိုျမင္ေတာ့ရွက္သြားကာ တစ္ေယာက္ဆိုေတြးပင္ေတြးလိုက္မိသည္: သခင္ေလးကေမာက္မာၿပီးခ်စ္စရာေကာင္းမယ္မထင္ထားဘူး၊ သူကတကယ္မိစ္ဆာနတ္ဘုရားျဖစ္နိုင္ပါ့မလား။
႐ႊီယန့္၏မ်က္ႏွာမွာဆိုးဝါးသြားေပမဲ့သူ႕ေလသံမွာလည္းခ်ဥ္တူးစျပဳလာကာ အံႀကိတ္ၿပီးေျပာလိုက္သည္။
"မရဘူး။"
ေခတၱတန့္သြားၿပီးမွသူ႕ေလသံကအနည္းငယ္ျပင္းထန္သြားသည္ဟုခံစားလိုက္ရပုံေပၚကာႏူးညံ့စြာေျပာလိုက္သည္။
"အရင္ျပန္မယ္ေလ။ ျပန္ၿပီးမွ...."
မထင္မွတ္ထားစြာျဖင့္သခင္ေလးကသူ႕ေၾကာင့္ရပ္သြားပုံေပၚကာ သူ႕မ်က္ဝန္းမ်ားကခ်က္ခ်င္းနီရဲသြားၿပီး ခ်က္ခ်င္းေဒါသတႀကီးေျပာလိုက္သည္။
"မင္းငါ့ကိုေအာ္လိုက္တာလား။ မင္းတကယ္ႀကီးငါ့ကိုေအာ္လိုက္တာလား။"
႐ႊီယန့္: "....."
"မင္းငါနဲ႕တြဲခ်င္တယ္လို႔ေျပာတုန္းကမင္းဘယ္လိုအာမခံခဲ့လဲ။ မင္းကိစၥတိုင္းမွာငါ့စကားနားေထာင္မယ္လို႔မင္းေျပာခဲ့တယ္ေလ။ ဒါေပမဲ့ရလဒ္ကေတာ့သုံးရက္ေတာင္မရွိေသးဘူး၊ မင္းကငါ့ကိုေအာ္ေနၿပီ...."
သခင္ေလးကဝမ္းနည္းစြာစြပ္စြဲလာပုံမွာ သူဟာအခ်စ္ဇာတ္လမ္းကဇာတ္လိုက္အလား။
႐ႊီယန့္: "....."
သခင္ေလး: "ေယာက်္ားတစ္ေယာက္ရဲ႕ပါးစပ္ကအလိမ္အညာခ်ည္းပဲ။"
႐ႊီယန့္: "....."
"အင္းပါ၊ ကိုယ္မွားပါတယ္၊ ကိုယ္..."
"မင္းကဘာသေဘာလဲ။ 'အင္းပါ၊ ကိုယ္မွားပါတယ္'ဆိုတာကဘာကိုဆိုလိုတာလဲ။ မင္းကဝတ္ေက်တမ္းေက်ေျပာေနတာပဲ၊ အစထဲကမင္းမွားတာေလ။"
သခင္ေလးကက်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိဘဲဆက္စြပ္စြဲေလသည္။
"ငါ့ကိုေျပာ၊ မင္းသူ႕ကိုပိုႀကိဳက္ၿပီးေတာ့ငါ့ကိုအစားထိုးတစ္ေယာက္လိုဆက္ဆံေနတာမလား။ အဲ့ဒါေၾကာင့္မင္းငါ့ကိုဒီလိုလုပ္တာမလား။"
႐ႊီယန့္: "?"
ဘာအစားထိုးတုန္း? သူတစ္ေအာင့္ၾကာမတုံ႕ျပန္နိုင္ျဖစ္သြားရကာအလိုလိုေမးမိသည္။ "ဘယ္တစ္ေယာက္လဲ။"
"မင္းကိုနာက်င္ေအာင္လုပ္ခဲ့တဲ့အ႐ူးေလးေပါ့။"
သခင္ေလးကနီရဲေသာမ်က္ဝန္းမ်ားျဖင့္ဆို႔နင့္လ်က္:
"ငါ့ကိုေျပာ၊ မင္းသူ႕ကိုပိုႀကိဳက္တာလား၊ ငါ့ကိုပိုႀကိဳက္တာလား။"
႐ႊီယန့္တစ္ေအာင့္ၾကာဆြံ႕အသြားရကာေတြးလိုက္မိသည္။ မင္းကအ႐ူးေလးမွန္းမင္းကိုယ္မင္းသိသကိုး။
မေတာ္တဆရပ္ၾကည့္ေနမိသည့္ကစားသမားအုပ္စု: "....." ဘုရားေရ၊ ဒါကဘယ္လိုေခြးေသြးအခ်စ္ဇာတ္လမ္းႀကီးတုန္း?
႐ႊီယန့္ကတစ္ေအာင့္ၾကာတိတ္က်သြားၿပီးမွမွန္ပုံရေသာအေျဖကိုေသခ်ာဂ႐ုတစိုက္ေ႐ြးလိုက္သည္။
"သခင္ေလးကိုပိုႀကိဳက္တာ။"
မထင္မွတ္ထားစြာျဖင့္သခင္ေလးကဒါကိုၾကားေတာ့ပို၍ပင္ဝမ္းနည္းကာေရွာ့ခ္ရသြားၿပီး စြပ္စြဲလာသည္။
"ငါ့ကိုပိုႀကိဳက္တယ္ဆိုတာကဘာကိုဆိုလိုတာလဲ။ သေဘာကမင္းသူ႕ကိုႀကိဳက္ေနတုန္းပဲေပါ့? မင္းကအေျပာင္းအလဲျမန္တာပဲ။"
႐ႊီယန့္၏ႏွဖူးေၾကာမ်ားမသိမသာတြန့္သြားရသည္: ႏွစ္ေယာက္လုံးကမင္းပဲမဟုတ္ဘူးလား။
"ကိုယ္မင္းကိုပဲႀကိဳက္တာ။"
သူအံႀကိတ္ကာစကားေျပာင္းေျပာလိုက္ျပန္ၿပီး ဒီအေျဖကမွန္ေလာက္သည္ဟုေတြးလိုက္သည္။
သို႔ေသာ္လည္းသခင္ေလးကသူ႕အမွားကိုရွာနိုင္ဆဲျဖစ္ကာဆက္ေျပာလာသည္။
"ငါ့ကိုပဲႀကိဳက္တာဆိုတာကဘာကိုဆိုလိုတာလဲ။ မင္းဘာလို႔ဒီေလာက္ျမန္ျမန္စိတ္ေျပာင္းသြားၿပီးေတာ့သူ႕ကိုမႀကိဳက္ေတာ့တာလဲ။ မင္းကေသြးေအးခ်က္ပဲ။"
႐ႊီယန့္: "....."
သခင္ေလးကသူ႕ကိုတမင္ရစ္ေနမွန္းသူေနာက္ဆုံးေတာ့သိလိုက္ရၿပီ။
ကစားသမားမ်ားကဒါကိုျမင္ေတာ့ မေနနိုင္ဘဲေရွ႕တိုးကာနားခ်ခ်င္လာမိသည္။ ညီေလး၊ မင္းကတအားေျဖာင့္မတ္လြန္းတယ္၊ ဒီအခ်ိန္မွာမင္းဘာေတြေျပာေနတာလဲ။ မင္းျပႆနာအရင္းအျမစ္ကိုရွာရမွာေလ။
ဒါေပါ့ ႐ႊီယန့္ကျပႆနာအရင္းအျမစ္ကိုသိသည္။ သခင္ေလးကဒီမွာေနၿပီးဒီလူအုပ္နဲ႕ေလွ်ာက္သြားခ်င္လို႔ သူ႕ကိုျပႆနာရွာေနတာမလား။
သူႏႈတ္ခမ္းေစ့ကာ ေနာက္ဆုံးမွာအေလွ်ာ့ေပးလိုက္ၿပီး အသံတိုးကာေခ်ာ့ျမဴလိုက္သည္။
"ဟုတ္ၿပီ၊ ဒီမွာေနမယ္၊ ကိုယ္မင္းနဲ႕အတူေနမယ္ေနာ္၊ ဟုတ္ၿပီလား။"
လင္ခုံးလု၏ပန္းတိုင္ေနာက္ဆုံးမွာေအာင္ျမင္သြားကာေက်နပ္စြာေခါင္းၿငိမ့္လိုက္သည္။ "ေကာင္းတယ္။"
ေခတၱတန့္သြားၿပီးမွသူေမာက္မာစြာေျပာလိုက္သည္။
"ဒါဆိုလဲငါမင္းကိုတြန့္ဆုတ္ဆုတ္နဲ႕ခြင့္လႊတ္လိုက္မယ္။
႐ႊီယန့္၏ႏႈတ္ခမ္းမ်ားမသိမသာတြန့္သြားကာ ဝွီးခ်ဲကိုျပန္တြန္းေပးလိုက္သည္။ သူ႕မ်က္လုံးမ်ားကကစားသမားမ်ား၏မ်က္ႏွာေပၚမွာေဝ့ဝဲသြားကာ ေနာက္ဆုံးမွာယြမ္ရွီးခြၽမ္းမ်က္ႏွာေပၚမွာရပ္သြားသည္။
ခုနကေသြးထိုးလိုက္တာမွန္ေၾကာင္ေလးမလား။ ေကာင္းတယ္၊ သူမွတ္ထားလိုက္ၿပီ။
ယြမ္ရွီးခြၽမ္းမွာေဖာ္ျပမရေအာင္ေက်ာခ်မ္းသြားရကာအလိုလိုလက္ပိုက္လိုက္မိသည္။
*
အိမ္ေတာ္ထိန္းကလင္ခုံးလုတကယ္သေဘာတူလိုက္မည္ဟုမထင္ထားမိေပ၊ ဥယ်ာဥ္မႉးကသူ႕ကိုမတားနိုင္ေပရာ သူအလ်င္စလိုေရွ႕တိုးကာနားခ်လိဳက္သည္။
သို႔ေသာ္သူစကားမေျပာနိုင္ခင္ လင္ခုံးလုကလက္ျမႇောက္ကာျဖတ္ေျပာလိုက္သည္။
"အင္း၊ မင္းေနခ်င္ရင္ငါတို႔နဲ႕လိုက္ခဲ့။ မေနခ်င္ရင္ျပန္လိုက္ေတာ့။"
အိမ္ေတာ္ထိန္းကနင္သြားကာတန့္သြားၿပီးရွက္သြားခ်င္ေယာင္ေဆာင္လိုက္သည္။
"ဒါေပမဲ့လင္သခင္ေလး၊ ဒီမွာမလုံၿခဳံဘူးေလ။ သခင္ေလးအႏၱရာယ္တစ္ခုခုႀကဳံရင္ ကြၽန္ေတာ္သခင္ေလးရဲ႕ေစ့စပ္ထားသူသခင္ေလးစုန့္လင္ကိုဘယ္လိုရွင္းျပရမွာလဲ။"
အိမ္ေတာ္ထိန္း၏စကားကိုနားေထာင္ၿပီးေနာက္ လင္ခုံးလုမ်က္ေမွာင္အသာၾကဳတ္ကာမေပ်ာ္မ႐ႊင္ေျပာလိုက္သည္။
"ငါ့မွာခ်စ္သူေကာင္ေလးရွိေနၿပီဆိုတာမင္းမျမင္ဘူးလား၊ ဘာလို႔သူကငါ့ရဲ႕ေစ့စပ္ထားသူလို႔မင္းဘာလို႔ေျပာေနေသးတာလဲ။"
အိမ္ေတာ္ထိန္းနင္သြားျပန္သည္။
႐ႊီယန့္ေဖာ္ျပမရေအာင္စိတ္သက္သာရာရသြားကာ ႏႈတ္ခမ္းေထာင့္မ်ားမသိမသာေကြးလိုက္မိၿပီး ေနာက္ဆုံးမွာခံစားခ်က္ပိုေကာင္းသြားေတာ့သည္။
"ၿပီးေတာ့စုန့္လင္ကမင္းကိုငါ့ဆီေပးခဲ့တာ၊ အခုဆိုငါကမင္းကိုလစာေပးေနတာေနာ္။ မင္းဘာလို႔ကိစၥတိုင္းကိုသူ႕ဆီတင္ျပေနေသးတာလဲ။ မင္းမင္းရဲ႕အလုပ္ရွင္ကိုမေမ့နိုင္ဘူးဆိုရင္လဲ ျမဴေတြရွင္းသြားရင္ မင္းေလွတစ္စီးယူၿပီးေတာ့ မင္းစုန့္မိသားစုကိုျပန္ၿပီးသူ႕ကိုသြားရွာလို႔ရတယ္။ အင္း၊ ငါအိမ္ေတာ္ထိန္းအသစ္တစ္ေယာက္ခန့္လိုက္မယ္။"
ကစားသမားမ်ားကတစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၿပီး အိမ္ေတာ္ထိန္းကသူတို႔ထင္သလိုမ်ိဳးသခင္ေလးအေပၚသစၥာရွိေနတာမဟုတ္သည့္အျပင္ သခင္ေလးကအိမ္ေတာ္ထိန္းကိုသိပ္ယုံပုံမရမွန္း႐ုတ္ျခည္းသေဘာေပါက္သြားသည္။ သူတို႔ရဲ႕ယခင္ေကာက္ခ်က္ကနည္းနည္းမွားသြားတာပဲ။
အိမ္ေတာ္ထိန္းကတည္တံ့သြားပုံရကာအလ်င္စလိုဆိုလာသည္။
"ကြၽန္ေတာ္မဝံ့ရဲပါဘူး။"
႐ႊီယန္ကဒီစကားကိုၾကားေတာ့ခါးကိုင္းကာလင္ခုံးလုနားထဲတီးတိုးဆိုလာသည္။
"ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္အႀကဳံျပဳလို႔ရမလား။"
လင္ခုံးလုသူ႕ကိုေခါင္းလွည့္ၾကည့္ကာေျပာလိုက္သည္။
"မင္းကရာထူးတိုးခ်င္လို႔လား။"
႐ႊီယန္ကၿပဳံးသည္။
"အိမ္ေတာ္ထိန္းမျဖစ္ခ်င္တဲ့ဥယ်ာဥ္မႉးကခ်စ္သူေကာင္ေလးေကာင္းမဟုတ္ဘူးေလ။"
အိမ္ေတာ္ထိန္း: "???"
လင္ခုံးလု: "......"
"မင္းေကာင္းေကာင္းျပဳမူရင္ သခင္ေတာင္ျဖစ္နိုင္တယ္။"
သူကမသိမသာနီရဲေသာမ်က္ႏွာျဖင့္ျခင္ပမာတိုးလ်စြာေျပာလိုက္သည္။
႐ႊီယန္၏မ်က္လုံးမ်ားမည္းသြားကာတကယ္ေမးလိုက္ခ်င္မိသည္: ကိုယ္ဘယ္လိုေကာင္းေကာင္းျပဴမူသင့္လဲ။
သို႔ေသာ္ထိုစဥ္အိမ္ေတာ္ထိန္းကေရွ႕တိုးကာတည္ၿငိမ္စြာဆိုလာသည္။
"အင္း...သခင္ေလး၊ ရဲတိုက္ထဲမွာကိစၥတခ်ိဳ႕ရွိေနေသးလို႔ ကြၽန္ေတာ္သခင္ေလးနဲ႕ဧည့္သည္ေတြကိုမႏွောင့္ယွက္ေတာ့ပါဘူး။"
သူ႕သေဘာထားကအရင္လိုမဟုတ္ဘဲစတင္ႏွိမ့္ခ်သြားျပန္ကာ "လင္သခင္ေလး"ဟုေတာင့္တင္းေသာေလသံျဖင့္ေခၚလိုက္သည္။ လင္ခုံးလုသူ႕ကိုေမာင္းထုတ္မွာတကယ္ေၾကာက္လို႔မဟုတ္ဘဲ သူရဲတိုက္ထဲမွာေနာက္ရက္အနည္းငယ္ေနမွရမွာမို႔ကန္ထုတ္ခံရလို႔မျဖစ္ေပ။
လင္ခုံးလုတည္ၿငိမ္စြာလက္ေဝ့ရမ္းကာသူ႕ကိုျပန္ခိုင္းလိုက္ၿပီးမွကစားသမားမ်ားကိုေမးလိုက္သည္။
"ငါတို႔ဘယ္လိုလုပ္ၾကမွာလဲ။"
ကစားသမားမ်ားမွာအခ်ိန္တစ္ခုစာေလာက္နည္းလမ္းသစ္မရွိပါဘဲ သူတို႔ကပင္လယ္ကမ္းစမ္းတေလွ်ာက္သံသယျဖစ္ဖြယ္ေျခရာလက္ရာမ်ားကိုရွာေဖြေနရတုန္းပင္။
လင္ခုံးလု၏ဝွီးခ်ဲမွာလွ်ပ္စစ္ပစၥည္းေပမို႔ သူကႀကီးစြာေသာစိတ္ဝင္စားမႈျဖင့္ ကမ္းစပ္တေလွ်ာက္စတင္ရွာေဖြေလသည္။
႐ႊီယန့္ကသူ႕ေနာက္လိုက္ေနၿပီး ႏႈတ္ခမ္းေကြးကာေမးလာသည္။
"ကိုယ္မင္းကိုတကယ္တြန္းေပးဖို႔မလိုဘူးလား။ ခဏေနအားကုန္သြားရင္ေကာ...."
လင္ခုံးလု: "....တိတ္စမ္း။"
ဒါေပမဲ့ထင္ေယာင္ထင္မွားျဖစ္တာလားမသိ၊ သူဘယ္ေနရာ"သြားသြား" ပင္လယ္ထဲမွာထူးဆန္းေသာအသံမ်ားၾကားရလိမ့္မည္ပင္။ ပင္လယ္ထဲကလွိုင္းခတ္သံမ်ားႏွင့္မတူဘဲ သက္ရွိအရာမ်ား....
သူအလိုလိုေခါင္းလွည့္ကာပင္လယ္ဘက္လွည့္ၿပီးေသခ်ာနားေထာင္ၾကည့္လိုက္သည္။
႐ႊီယန္ကလည္းတစ္ခုခုမူမမွန္တာကိုသတိထားမိသြားကာသူ႕အၾကည့္ေနာက္လိုက္ၾကည့္မိသည္။
ပင္လယ္ေပၚကျမဴမွာရွိေနတုန္းျဖစ္ၿပီး မေန႕ကထက္ပိုထူသည္။ တစ္မီတာအေဝးမွာဘာမွမျမင္ရသေလာက္ပင္။ ပင္လယ္ေအာ္သံကျမဴထဲမွထြက္လာၿပီး ထူးဆန္းေသာဆူညံသံတခ်ိဳ႕ႏွင့္ေရာယွက္သြားသြားပုံမွာ ပင္လယ္ထဲတြင္ပုန္းကြယ္ေနသည့္ေၾကာက္မက္ဖြယ္သားရဲမ်ားရွိေနသည့္အလား။
လင္ခုံးလုျမဴေအာက္ကပင္လယ္ထဲမွာပုန္းကြယ္ေနသည့္အရာကိုမျမင္နိုင္ေပမဲ့ ႐ႊီယန္ကေတာ့ေသခ်ာျမင္ရသည္။
ထိုလူတစ္ပိုင္းငါးတစ္ပိုင္းထူးဆန္းေသာမေကာင္းဆိုးဝါးမ်ားကအေၾကာင္းတခ်ိဳ႕ေၾကာင့္ပင္လယ္ထဲမွအေပၚတက္လာကာ စက္ဝန္းျခမ္းေလးဖြဲ႕ၿပီး ပင္လယ္နားကပ္လာသည့္မိုက္မဲေသာေကာင္ေလးကိုစပ္စပ္စုစုစူးစမ္းေနၾကသည္။
"ဝါး၊ ဝါးဝါးဝူးဝါး...." သူကေဘာ့စ္သေဘာက်တဲ့လူလား။
လူတစ္ပိုင္းေရဘဝဲတစ္ပိုင္းက၎၏ဦးေခါင္းကိုေရဘဝဲလက္တံမ်ားျဖင့္ကိုင္ထားကာ ေျပာလာသည္။
"ဝါးဝူးဝါး..." အရမ္းလွတာပဲ။
အျခားလူတစ္ပိုင္းငါးတစ္ပိုင္းမေကာင္းဆိုးဝါးမ်ားကသူ႕လိုမ်ိဳး လက္ထဲမွာေခါင္းကိုင္ထားသည္။
"ဟစ္ဟစ္ဟ။" သူ႕အနံ႕ကအရမ္းေကာင္းတာပဲ။
"ဟစ္ဟဟစ္ဟ...." အဲ့ညစ္ပတ္ၿပီးအနံ႕ဆိုးတဲ့ကြၽန္းသူကြၽန္းသားေတြနဲ႕မတူဘူးေရာ္။
"ဟစ္ဟစ္...." ခ်စ္စရာေလး။
"ဝူးဝူးဝါး...." ငါလဲသူ႕ကိုသႏၱာေက်ာက္ေလးတစ္ခုေပးခ်င္တယ္။ သူလဲငါ့ကိုခ်စ္သြားမွာလား။
႐ႊီယန့္ကဒါကိုၾကားေတာ့ သူ႕မ်က္ႏွာခ်က္ခ်င္းမည္းသြားသည္။ သူသူတို႔ကိုေအးစက္စက္တစ္ခ်က္ၾကည့္ကာ ပါးစပ္ႏွင့္အသံတိတ္သတိေပးလိုက္သည္: ထြက္သြားၾကစမ္း။
_____