ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

By Boss_want_to_eat_you

112K 23.6K 507

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.8K 362 1
By Boss_want_to_eat_you

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၃)။

လင်ခုံးလုနှင့်ရွှီယန့်တို့ကျွန်းသူကျွန်းသားများစုဝေးနေသည့်နေရာကိုရောက်ရှိသွားတော့ အိမ်တော်ထိန်းကလူများကိုဦးဆောင်ကာသူတို့ကိုရှာဖွေနေပြီပင်။ ကျွန်းသူကျွန်းသားများကလည်းရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များကိုဖွံစည်းကာ အနီးနားရှိတောင်တန်း၊ တောအုပ်နှင့်ပင်လယ်ဘေးများမှာရှာဖွေနေကြသည်။

သို့သော်တစ်နေကုန်သွားပေမဲ့ဘာမှရှာမတွေ့သေးပေ။

ဘာသတင်းမှမရတာမြင်တော့ ပျောက်ဆုံးသွားသူ၏ဇနီးဖြစ်သူမှာနောက်ဆုံးတွင်တောင့်မထားနိုင်တော့ဘဲ ပြိုလဲကျသွားကာငိုယိုလေသည်။
"တိုင်ဖွန်းမုန်တိုင်းတိုက်နေတုန်းအပြင်သွားလို့မရပါဘူးလို့ကျွန်မသူ့ကိုပြောသားပဲ၊ ဒါပေမဲ့သူကနားမထောင်ဘဲမိစ္ဆာနောက်လိုက်သွားတယ်။ အဲ့တုန်းကအရမ်းမှောင်နေတာဆိုတော့ ပင်လယ်မကောင်းဆိုးဝါး​ခေါ်သွားတာဖြစ်...."

"တိတ်စမ်း!" သူမပြီးအောင်မပြောရသေးခင် သူမဟာလူအိုကြီးတစ်ယောက်၏ဖြတ်ပြောခြင်းခံလိုက်ရသည်။

သူဟာလူအိုကြီးဟုဆိုပေမဲ့အသက်ငါးဆယ်ခြောက်ဆယ်သာရှိသည်။ သူ့မျိုးရိုးမှာယောင်းဖြစ်ပြီး ဦးလေးယောင်းဟုသိကြသည်။ တစ်နှစ်ပတ်လုံးပင်လယ်လေညှင်း၏တိုက်ခတ်မှုကြောင့် သူ့အသားအရောင်မှာအနည်းငယ်နက်မှောင်လို့နေပြီး သူ့မျက်နှာမှာချိုင့်ခွက်နှင့်အရေးကြောင်းများရှိလို့နေရာ သူ့ပုံရိပ်မှာခက်ထန်ပြီးအိုနေပေမဲ့ သူ့ခန္ဓာကိုယ်မှာတော့အမှန်တကယ်အလွန်သန်မာပေသည်။

သူခပ်တိုးတိုးအော်ငေါက်လာချိန် အမျိုးသမီးမှာရုတ်ခြည်းအနည်းငယ်ရှက်ရွံ့သွားကာ အမှန်တကယ်အငိုရပ်သွားသည်။

ထိုနေရာမှာရှိနေသည့်ကစားသမားများဟာလည်း"ပင်လယ်မကောင်းဆိုးဝါး"ဟူသောစကားလုံးကိုကြားတော့ သူတို့မျက်လုံးများတစ်ချက်လက်သွားသည်။ ဒါကကျွန်းပေါ်ရောက်ရှိပြီးနောက်ဒီစကားလုံးကိုဒုတိယအကြိမ်မြောက်ကြားရခြင်းပင်။ ကျွန်းပေါ်ရှိလူများကထိုအကြောင်းတားမြစ်ထားပုံရသည်။

ဦးလေးယောင်းကဆေးလိပ်ငွေ့အရှည်ကြီးမှုတ်ထုတ်ကာဆိုသည်။
"မနေ့ကလေအရမ်းထန်နေတာ။ မင်းယောကျာ်းပင်လယ်ထဲလွင့်သွားတာနေမယ်။ တိုင်ဖွန်းမုန်တိုင်းတိုက်နေတုန်းအပြင်မထွက်ရဘူးလို့မပြောခဲ့ဘူးလား။"

အမျိုးသမီးကခေါင်းငုံ့ထားကာဘာမှမပြောရဲပေ။

ပြောပြီးနောက်ဦးလေးယောင်းကအခုမှရောက်လာသည့်ရဲတိုက်ပိုင်ရှင်လင်ခုံးလုကိုမကြည့်ဘဲ ကျွန်းသူကျွန်းသားများ၏ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့မှသက်လတ်ပိုင်းရွယ်အမျိုးသားတစ်​ယောက်ကိုသြရှရှအသံဖြင့်အမိန့်ပေးလိုက်သည်။
"ဟယ်ခွင်း၊ လူတွေကိုကမ်းခြေကိုခေါ်သွားပြီးသွားရှာချေ။"

ဟယ်ခွင်းကချက်ချင်းခေါင်းငြိမ့်သဘောတူကာ အခုပဲပြန်ရောက်လာသည့်လူတစ်အုပ်နှင့်အတူထပ်ထွက်သွားသည်။

ဦးလေးယောင်းကသူတို့ထွက်သွားတာကိုရပ်ကြည့်နေသည်။ တစ်အောင့်ကြာရပ်ကြည့်နေပြီးမှ လင်ခုံးလုရောက်လာတာကိုအခုမှသတိထားမိသည့်အလား ရှာဖွေရေးကိုကူညီရန်လူငှားပေးသည့်အတွက်ရဲတိုက်ကိုကျေးဇူးတင်ကြောင်းယဥ်ကျေးစွာဖော်ပြလာသည်။

လင်ခုံးလုသူ့လက်ကိုဝေ့ရမ်းကာအေးစက်စက်မောက်မာစွာပြောလိုက်သည်။
"ငါတို့တွေကအိမ်နီးချင်းတွေဆိုတော့လုပ်ပေးသင့်တာပေါ့။"

ထိုသို့ပြောပြီးနောက် သူကျွန်းသူကျွန်းသားများကိုကြည့်လိုက်တော့ ခဏအကြာမှာထူးဆန်းသောဖြစ်စဥ်ကိုသတိထားမိသွားသည်။ လူတချို့ပျောက်နေပေမဲ့ ဒီကျွန်းသူကျွန်းသားများကစိတ်ပူနေပုံမရဘဲ ၎င်းတို့မျက်နှာမှာအကြောက်တရားနှင့်ထုံထိုင်းမှုတို့ပိုနေလေသည်။

ပျောက်ဆုံးသူ၏ဇနီးဖြစ်သူပင်အတူတူပင်။ သူမကဝမ်းနည်းနေပုံမရဘဲအလွန်ကြောက်လန့်နေလေသည်။

နောက်ထပ်ထူးဆန်းသောအရာမှာ ကျွန်းပေါ်တွင်ကလေးတစ်ယောက်မှရှိပုံမပေါ်။

လင်ခုံးလုမျက်မှောင်ကြုတ်ကာတွေးလိုက်မိသည်။ အရင်ဘဝကအကျဥ်းတိုက်ထဲဝင်ဝင်ချင်းနှစ်ရက်အတွင်းမှာရွှီယန်ထံမှဖမ်းဆီးခံရကာလက်တုံ့ပြန်ရန်ပိတ်လှောင်ခံခဲ့ရသည်။ လက်တုံ့ပြန်သည်ဟုဆိုပေမဲ့အမှန်တော့သူတစ်ရက်သာစိုးရိမ်ကြောက်လန့်နေခဲ့ပြီး နောက်တစ်ရက်မှာထွက်ပြေးသွားခဲ့သည်။ သူအခန်းငယ်လေးထဲကထွက်ပြေးသည်နှင့် ပန်းကိုင်းနှင့်နှလုံးထဲထိုးဖောက်ခံခဲ့ရကာ ဒီကမ္ဘာမှအောင်အောင်မြင်မြင်လွတ်မြောက်သွားခဲ့သည်။

ဒီတော့သူ့မှာအရင်ဘဝကဒီကျွန်းသူကျွန်းသားများကိုအာရုံစိုက်ရန်အချိန်မရှိခဲ့ပေ။ သူဒီဘဝတွင်ရဲတိုက်ထဲမှာနေနေခဲ့ပြီး သူတို့ကိုအာရုံမစိုက်ခဲ့မိသဖြင့် ဒီနေ့မှသာဒီဖြစ်စဥ်ကိုသတိထားမိခဲ့သည်။

သူတွေးနေစဥ် အိမ်တော်ထိန်းနှင့်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့မှဟယ်ခွင်းဆီကသတင်းရောက်လာပြီး ကမ်း​ခြေပေါ်မှာ​ခြေရာလက်ရာရှာတွေ့သည်ဟုဆိုသည်။

ဦးလေးယောင်းကကျွန်းသူကျွန်းသားများကိုထိုနေရာကိုချက်ချင်းခေါ်သွားတော့ လင်ခုံးလုကရွှီယန်ကိုဝှီးချဲတွန်းခိုင်းပြီး ကစားသမားများကအနောက်မှလိုက်သွားသည်။

အမှန်တော့ကျွန်းပေါ်မှာကလေးတစ်ယောက်မှမရှိကြောင်း ကစားသမားများကလင်ခုံးလုထက်အရင်ရှာတွေ့ခဲ့ခြင်းပင်။ သူတို့ကျွန်းပေါ်ရောက်ပြီးဒုတိယနေ့မှာ ကျွန်းကအရွယ်ရောက်သူများဖြင့်ပြည့်နေသည့်အပြင် ဦးလေးယောင်းထက်အသက်ပိုကြီးသောသက်ကြီးရွယ်အိုအနည်းစုပင်ရှိနေမှန်းသဘောပေါက်သွားခဲ့သည်။

ထိုအချိန်တုန်းကသူတို့ကျွန်းသူကျွန်းသားများကိုသီးသန့်မေးခဲ့တော့ သူတို့အဖြေမှာ: ဘယ်သူကသူတို့ကလေးတွေကိုကျွန်းပေါ်မှာနေခိုင်းမှာလဲ။ သူတို့အကုန်လုံးကိုပင်လယ်ကိုဖြတ်ပြီးမြို့ထဲကကျောင်းမှာပို့ထားကြတာလေ။

"အမှန်တော့အဓိပ္ပါယ်မရှိဘူး။ ကျောင်းနေအရွယ်ကလေးတွေကျောင်းကိုသွားတာကဟုတ်ပေမဲ့သုံးနှစ်အောက်ကလေးတွေကကော?"

ကစားသမားများကလင်ခုံးလုနှင့်ရွှီယန့်အနောက်မှာကျန်နေခဲ့ကာ ခပ်တိုးတိုးအသံဖြင့်ဆွေးနွေးလိုက်သည်။

သို့သော်အရင်ကကောယွီကပြောခဲ့တဲ့အတိုင်းပင်၊ ကျွန်းပေါ်ကလူများစုမှာထုံအအနှင့် ပေါင်းသင်းဆက်ဆံရေးမှာသိပ်ကောင်းပုံမရ။ မေးခွန်းပိုမေးလေလေ သူတို့ကမဖြေလေလေဖြစ်ရာ ကစားသများမှာဘာမှမသိခဲ့ရပေ။

"ဒီကျွန်းသူကျွန်းသူတွေကတစ်ခုခုတော့တစ်ခုခုပဲ။"
ယွမ်ရှီးချွမ်းကမျက်မှန်ပင့်တင်ကာဆိုသည်။

"ပြီးတော့သူတို့ပြောနေတဲ့ပင်လယ်မကောင်းဆိုးဝါးကကော?"

"လမ်းညွှန်မှာမဖော်ပြထားဘူးနော်။"

"ဘောပဲ၊ လမ်းညွှန်ကတစ်ဝက်ပဲရှိတာ။ ယောကျ်ားရင့်မာကြီးတွေကသူတို့ဘယ်လိုသေသွားမှန်းတောင်မသိကြတော့ သူတို့ကဂိမ်းကမ္ဘာထဲကနေနှင်ထုတ်ခံလိုက်ရပြီးတော့ လူတချို့ကဒီမှာအပြီးအပိုင်သေသွားကြတယ်။"

ကုန်းဝေကဒါကိုကြားတော့အလိုလိုမေးလိုက်မိသည်။
"သူတို့အကုန်လုံးကလူသစ်တွေလား။"

ဝမ်ရန်ကသူ့ကိုထူးဆန်းစွာကြည့်ကာဆိုသည်။
"မင်းဘာတွေတွေးနေတာလဲ။ ဒီSအဆင့်ဂိမ်းမှာအရင်ကလူသစ်တစ်ယောက်မှမရှိခဲ့ဖူးဘူး။"

ကုန်းဝေကဒါကိုကြားတော့သူ့မျက်နှာမှာရုတ်ခြည်းပိုဖြူဖျော့လာသည်။

သူတို့ကလူအုပ်နှင့်ဝေးနေသည့်အပြင် သူတို့အသံကအလွန်တိုးလျသဖြင့် အပြင်လူများကသူတို့ပြောတာကိုမကြားကြပေ။

သို့သော်လင်ခုံးလုကစနစ်ကိုထောက်လှမ်းခိုင်းထားပြီး တစ်ခုခုကိုတိတ်တိတ်လေးကြားလိုက်ရတော့ သူ့မျက်နှာထားမှာတစ်အောင့်ကြာအတွေးထဲနစ်သွားရသည်။

လတ်စသတ်တော့ကျွန်းပေါ်ကလူတွေကကလေးတွေကိုကျောင်းပို့ထားတယ်လို့ပြောတယ်ပေါ့?

ဒါပေမဲ့ကစားသမားများသံသယဝင်နေတုန်း သူလည်းသိချင်မိသွားသည်။ တိုက်ဆိုင်ချက်က ကျွန်းပေါ်ကကလေးတွေအကုန်လုံးကကျောင်းနေအရွယ်ဖြစ်နေတယ်လား။

ထို့အပြင်ကျွန်းပေါ်ကခရီးသွားနယ်ပယ်မှာဆင်းရဲလှသည်။ ရဲတိုက်ထဲမှာအလုပ်လုပ်တာကလွဲရင် ပိုက်ဆံရှာရခက်သည်။ ပုံမှန်ဆိုမြို့မှာအလု​ပ်သွားလုပ်သူနှင့်လူကြီးအများစုရှိရမည်။ သို့သော်လည်းအမှန်တော့အတိအကျကိုဆန့်ကျင်ဘက်ပင်။ ဒီမှာငယ်ရွယ်ပြီးသန်မာသောလူငယ်များရှိကြသည်။ အများစုမှာသက်လတ်ပိုင်းအရွယ်ဖြစ်ကြပေမဲ့ အသက်၆၀ကျော်လူနည်းစုသာရှိသည်။ အမျိုးသမီးထက်အမျိုးသားပိုများလေသည်။

လင်ခုံးလုမျက်မှောင်ကြုတ်မိသည်။ ဒီတော့ကလေးတွေကိုတကယ်ကျောင်းပို့ထားတာလား၊ ဒါမှမဟုတ်....ကလေးမရှိတာလား။

သူတွေးနေစဥ် ရှည်သွယ်သွယ်လက်တစ်ဖက်ကသူ့မျက်ခုံးများကိုဆန့်ပေးလာပြီး ရွှီယန့်ကရုတ်တရက်ကိုယ်ကိုင်းကာသူ့နားထဲတီးတိုးပြောလာသည်။
"ရောက်ပြီ။"

လင်ခုံးလုမိန်းမောသွားကာသူ့ကိုလှည့်ကြည့်လိုက်မိသည်။

နှစ်ဦးသားမှာအလွန်အမင်းနီးကပ်နေပြီး အခုဆိုသူတို့မျက်လုံးများကအကြည့်ချင်းဆုံနေကာ သူတို့အသက်ရှုနှုန်းမှာရုတ်ခြည်းရောယှက်သွားလေသည်။

ရွှီယန့်ကမသေမျိုးပမာမျက်နှာတစ်ခြမ်းနှင့်အမာရွတ်မျက်နှာတစ်ခြမ်းဖြင့်ရုတ်ခြည်းပြုံးကာမေးလာသည်။
"သခင်လေး၊ ကျွန်တော်အခုလျှောက်လို့..."

လင်ခုံးလုသူဘာပြောတော့မလဲဆိုတာခန့်မှန်းမိသွားကာ သူ့မျက်နှာနီရဲသွားပြီး သူအံကြိတ်ကာပြောလိုက်သည်။
"မရဘူး။"

အခုအခြေအ​နေကဘာမှန်းတောင်မသိရဘူးလေ။

ထိုသို့ပြောပြီးနောက် သူခေါင်းလှည့်ကာတည်ငြိမ်အေးဆေးချင်​ယောင်ဆောင်ရင်း လူအုပ်စုဝေးနေသည့်နေရာကိုကြည့်လိုက်သည်။

​ခြေရာလက်ရာများကိုအိမ်တော်ထိန်းနှင့်ရှာဖွေရေးအသင်းကရှာတွေ့ခဲ့ပြီး ၎င်းမှာပင်လယ်ကမ်းစပ်ပေါ်မှာကျောက်တုံးပုံကြီးဖြစ်ချေသည်။

အခုမှမိုးရွာထားသည့်အပြင် ကျောက်တုံးပုံကြီးမှာပင်လယ်ရေနှင့်နီးကပ်သောကြောင့် သွေးများမှေးမှိန်သွားပြီး ကျောက်တုံးအက်ကွဲကြောင်းထဲမှာတချို့သာကျန်ရစ်ခဲ့သည်။ ထို့ကြောင့်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးသခင်းဖြတ်သွားတုန်းကရှာမတွေ့ခဲ့တာဖြစ်သည်။

ထိုစဥ်ကစားသမားများလည်းရောက်လာသည်။ ကျိချင်းချင်းကကျွန်းသူကျွန်းသားများအာရုံမစိုက်နေတုန်း ကိရိယာတစ်ခုထုတ်ကာနမူနာယူပြီး ခပ်မြန်မြန်အတည်ပြုလိုက်သည်။
"လူ့သွေးပဲ။"

ထို့နောက်သူမကျောက်တုံးအက်ကွဲကြောင်းများထဲမှာသေချာရှာကြည့်လိုက်တော့ ဆံပင်နှင့်သေးငယ်သောအသားနှင့်အရိုးတချို့ကိုရှာတွေ့လေသည်။

"လူသားတစ်ရှူးပဲ။"
ကျိချင်းချင်းကမျက်မှောင်ကြုတ်ကာဆိုသည်။
"ပြီးတော့လက်နက်အချွန်နဲ့ဖြတ်ထားတာမဟုတ်ဘူး၊ သားရဲရိုင်းတွေရဲ့စုတ်ဖြဲခံထားရတာနဲ့ပိုတူတယ်။"

သူမပြောပြီးသည်နှင့် ကျွန်းသူကျွန်းသူများ၏မျက်နှာများမှာတစ္ဆေမြင်လိုက်ရသည့်အလားရုတ်ခြည်းရုပ်ဆိုးသွားတော့သည်။

သူတို့အများအပြားမှာအချင်းချင်းပင်အကြောက်တလန့်ရေရွတ်လိုက်ကြသည်။
"သူပြန်လာပြီ၊ သူအဲ့ပင်လယ်မကောင်းဆိုးဝါးတွေကိုပြန်ခေါ်လာပြီးလက်စားချေ...."

"တိတ်စမ်း!"
ဦးလေးယောင်းကရုတ်ခြည်းအေးစက်စွာအော်ပြောလိုက်ပြီး သူ့မျက်နှာမှာဖြူရော်လို့နေသည်။

လူအများအပြားမှာချက်ချင်းကြောက်လန့်သွားကာသူ့ကိုဗလာကျင်းစွာစိုက်ကြည့်လိုက်ပြီးဘာမှမပြောရဲတော့ပေ။

သိပ်မဝေးသောနေရာမှာ ရွှီယန့်ကဒီ​မြင်ကွင်းကိုကြည့်နေပြီး သူ့မျက်လုံးများမှာအပြုံးတစ်ပွင့်နှင့်မာထန်မှုအနည်းငယ်ရှိနေသည်။

လင်ခုံးလုမသိလိုက်မသိဘာသာအနောက်လှည့်ကြည့်မိပြီး သူ၏အေးစက်စက်မျက်နှာထားကိုမြင်လိုက်ရတော့ မနေနိုင်ဘဲမိန်းမောသွားရသည်။

ရွှီယန့်ကထိုနေရာကအခြေအနေကိုအနည်းငယ်အာရုံစိုက်နေပုံရပြီး အချိန်အတော်ကြာသွားပြီးမှလင်ခုံးလု၏အကြည့်ကိုသတိထားမိသွားသည်။ သူခပ်မြန်မြန်အကြည့်လွှဲလိုက်ပြီး ပုံမှန်ပြန်ဖြစ်သွားကာပြောလိုက်သည်။
"သခင်လေး၊ အဲ့မှာသွေးနဲ့အညစ်အကြေးတွေရှိတယ်၊ ကျွန်တော်သခင်လေးကိုသန့်ရှင်းတဲ့နေရာဆီတွန်းသွားပေးမယ်နော်။"

ထိုသို့ပြောပြီးနောက် လင်ခုံးလုပြန်​ဖြေတာကိုမစောင့်ဘဲဝှီးချဲကို ထိုလူအုပ်နှင့်ဝေးသည့်သန့်ရှင်းသောနေရာဆီတွန်းလိုက်သည်။

လင်ခုံးလုမေးလိုက်သည်။
"မင်းလဲဒီကျွန်းပေါ်ကပဲနော်။ သူတို့ပြောတဲ့'ပင်လယ်မကောင်းဆိုးဝါး'နဲ့'ကလဲ့စား'ဆိုတာကဘာကိုဆိုလိုတာလဲသိလား။"

ရွှီယန့်ကဒါကိုကြားတော့မသိမသာတောင့်တင်းသွားကာဆိိုလိုက်သည်။
"ကျွန်တော်ကျွန်းပေါ်ရောက်တာသိပ်မကြာသေးဘူး။ ထူးဆန်းတယ်....ကောလဟာလပဲနေမှာပါ။ ဒီကမ္ဘာမှာပင်လယ်မကောင်းဆိုးဝါးဆိုတာမျိုးရှိလို့လား။ ထင်ယောင်ထင်မှားဖြစ်တာများလား။ တစ္ဆေလားပဲ? ကလဲ့စားဆိုတာကတော့...."

ဒီအထိပြောပြီးတော့သူနှုတ်ခမ်းထောင့်များကော့လိုက်ပြန်ကာ မရှင်းလင်းသောအဓိပ္ပါယ်ဖြင့်ပြောလိုက်သည်။
"သူတို့မကောင်းတာတစ်ခုခုလုပ်ထားလို့ကြောက်နေကြတာနေမှာပေါ့?"

လင်ခုံးလု: "....." တကယ်လား။ မင်းရဲ့စကားထဲမှာတစ်ခုခုရှိနေတယ်လို့ငါဘာလို့ထင်နေတာပါလိမ့်?

ရွှီယန့်ကခေါင်းငုံ့ကာပြုံးလိုက်ပြီး ထိုနေရာကိုခပ်မြန်​မြန်လှမ်းကြည့်လိုက်သည်။

ထိုစဥ်ကစားသမားများကလည်း"ပင်လယ်မကောင်းဆိုးဝါး"ကဘာလဲဆိုတာနှင့်"သူ"ကဘယ်သူလဲဆိုတာကိုမေးနေကြသည်။

သို့သော်အခုပဲဦးလေးယောင်းထံမှဆူငေါက်ခံထားရသည့်ကျွန်းသူကျွန်းသားများမှာဒီအချိန်တွင်နှုတ်ဆိတ်နေကြသည်။

ဦးလေးယောင်း၏မျက်နှာမည်းမှောင်သွားကာ သူကမေးလာသည့်ကျိချင်းချင်းကိုကြည့်ပြီး သတိပေးမှုဖြင့်ပြောလိုက်သည်။
"မိန်းကလေး၊ ဒါကျုပ်တို့ကျွန်းကိစ္စပါ။ မင်းတို့အပြင်လူတွေကဒီတိုင်းကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်ကြ။ တအားစပ်စုလွန်းတာကကောင်းတဲ့အရာမဟုတ်ဘူး။"

ကျိချင်းချင်းမျက်မှောင်ကြုတ်ကာအေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
"ဒါပေမဲ့အခုဆိုကျွန်းပေါ်မှာလူတွေသေကုန်ကြပြီလေ။"

အဓိပ္ပါယ်ကဒီလိုကိစ္စကြီးဖြစ်သွားတာတောင်ဖုံးကွယ်ထားချင်တုန်းပဲလား။

ဒီတစ်ခေါက်မှာဦးလေးယောင်းကစကားမဆို။ သူ့ဘေးကဟယ်ခွင်းကသဘောမကောင်းသောအကြည့်ဖြင့်အေးစက်စက်ပြောလာသာ်။
"သေသွားတဲ့လူတွေကကျုပ်တို့ကျွန်းကလူတွေလေ။ မင်းတို့နဲ့ဘာဆိုင်လို့လဲ။"

သို့သော်လည်းကျိချင်းချင်းကလုံးဝကြောက်မသွားဘဲ ချန်ပေါ်ကိုဆင်ခြေအဖြစ်ယူကာပြောလိုက်သည်။
"ဒါပေမဲ့ကျွန်မတို့ခရီးသွားတွေထဲကတချို့သေသွားတယ်လေ...."

လင်ခုံးလုမသိမသာနားထောင်နေတုန်း သူ့​ခြေကျင်းဝတ်မှလာသည့်အေးစက်ကာချောမွတ်သောအထိအတွေ့တစ်ခုကိုရုတ်ခြည်းခံစားလိုက်ရသည်။ သူအလိုလိုငုံ့ကြည့်မိတော့ ဝှီးချဲဘေးကကျောက်တုံးပေါ်မှာလှဲနေသည့်လူတစ်ပိုင်း၊ ငါးတစ်ပိုင်းကိုမြင်လိုက်ရသည်။

၎င်းမှာလူမျက်နှာရှိပြီး ဖြူဖျော့ကာစိမ်းဖန်လို့နေပြီး ခေါင်းပေါ်မှာပင်လယ်ရေညှိတွဲလောင်းချိတ်နေပုံမှာရေမိစ္ဆာပမာ။ ခေါင်းအောက်ကခန္ဓာကိုယ်မှာလုံးဝငါးဖြစ်နေပေမဲ့ ငါးရေယက်နှင့်အမြှီး၏ဘေးတစ်ဖက်တစ်ချက်စီမှာလူလက်မောင်းနှင့်ခြေထောက်များပေါက်​လို့နေသည်။

လင်ခုံးလုခေါင်းငုံ့ကြည့်လိုက်ချိန် ၎င်းက၎င်း၏သစ်ကိုင်းပမာလက်တစ်ဖက်ကိုဆန့်တန်းကာ သူ၏ခြေကျင်းဝတ်ဖြူဖြူကိုတိတ်တိတ်လေးထိလာသည်။

လင်ခုံးလုမှာကြောက်သွားသည့်အလားပင့်သက်ရှိုက်လိုက်မိပြီး အနောက်လှည့်ကာရွှီယန်ကိုဖက်ပြီး တုန်တုန်ရီရီဆိုမိသည်။ "ရွှီ ရွှီ....ရေသူထီး။"

ရွှီယန့်ရုတ်တရက်အသိပြန်ဝင်လာပြီး သူ့ကိုအလိုလိုတင်းတင်းဖက်လိုက်မိကာ သူ့မျက်လုံးများကထိုနေရာကိုစူးရှစွာတစ်ချက်လှမ်းကြည့်လိုက်သည်။

လူတစ်ပိုင်းငါးတစ်ပိုင်းကရွှီယန်၏အကြည့်စူးစူးကိုဖမ်းဆုပ်မိသွားကာ သူ့လက်များကအကြောက်တရားနှင့်တုန်ရီသွားလေသည်။ သူကပင်လယ်ထဲကိုအထိတ်တလန့်ပြေးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာမြူထဲပျောက်ကွယ်သွားတော့သည်။

ရွှီယန့်နှုတ်ခမ်းစေ့လိုက်ပြီး သူ့မျက်နှာမှာရုပ်ဆိုးသွားပုံပင်။

လင်ခုံးလု၏အသံမှာသိပ််မဝေးသောနေရာကကျွန်းသူကျွန်းသားများကိုပါသတိချပ်သွားစေသည်။ သူတို့ခေါင်းလှည့်ကြည့်လာတော့ လူတစ်ပိုင်းငါးတစ်ပိုင်းပုံရိပ်တစ်ခုကပင်လယ်ထဲပြေးဝင်သွားတာကိုမြင်လိုက်ရသည်။ လူအများ၏မျက်နှာရုတ်ခြည်းဖြူဖျော့သွားကာစတင်ရေရွတ်ကြပြန်သည်။
"ပင်လယ်မကောင်းဆိုးဝါး၊ ပင်လယ်မကောင်းဆိုးဝါးပဲ...."

ကစားသမားများကလည်း၎င်းကိုမြင်သွားပြီး ဝမ်ရန်ကလွှတ်ခနဲထုတ်မေးမိသွားသည်။ "အဲ့ဒါဘာကြီးတုန်း?"

သို့သော်ဘယ်သူကမှသူမကိုအဖြေမပေးကြ။ ဦးလေးယောင်း၏မျက်နှာမည်းမှောင်သွားကာ သူကလူတိုင်းကိုလူစုခွဲရန်မြန်​မြန်ပြောလိုက်ပြီး အလေးအနက်သတိပေးလာသည်။
"နောက်ဆိုပင်လယ်အနားကိုဘယ်သူမှသွားခွင့်မရှိဘူး။"

ထိုသို့ပြောပြီးနောက်သူကကစားသမားများကိုတစ်ချက်ကြည့်ကာဆိုသည်။
"မင်းတို့တွေရောပဲ။"

ပျောက်သွားတဲ့လူကိုတော့ ဦးလေးယောင်းရဲ့သဘောထားကိုကြည့်ခြင်းအားဖြင့် ကြည့်ရတာတော့ဒီကိစ္စကဒီမှာအဆုံးသတ်သွားတော့မဲ့ပုံပဲ။

ကစားသမားများမှာထုံးစံအတိုင်းဆန္ဒမရှိကြပေ။ သူတို့နောက်ဆုံးမှာသဲလွန်စတချို့ရှာတွေ့တာမို့ ထပ်ပြီးစုံစမ်းကြည့်မှဖြစ်မယ်။

သို့သော်ဦးလေးယောင်း၏သဘောထားမှာအလွန်သဘောမတွေ့ဖြစ်နေပြီပင်၊ သူ့ငယ်သားဟယ်ခွင်းကအရပ်ရှည်ရှည်လူငယ်များကိုဦးဆောင်ကာသူတို့ကိုတိုက်ရိုက်တားလာသည်။

ထိုစဥ်အိမ်တော်ထိန်းကလည်းရှေ့တိုးကာကစားသမားများကိုရဲတိုက်ကိုအရင်ပြန်သွားဖို့စည်းရုံးနားချလာသည်။ သူကလင်ခုံးလုကိုပင်ဆင်ခြေအဖြစ်ထုတ်သုံးလိုက်လေသည်။
"မင်းတို့ဒီလိုလုပ်ရင်သခင်လေးဒုက္ခရောက်သွားလိမ့်မယ်။"

လင်ခုံးလုကရွှီယန့်၏ရင်ခွင်ထဲမှာခိုဝင်လို့နေသည်။ ဒါကိုကြားတော့သူခေါင်းလေးပြူထွက်ကာမေးလိုက်သည်။
"ငါတို့အရင်ပြန်နှင့်ရင်ကော?"

ကမ်းခြေမှာတအားအေးနေသဖြင့် သူထိုနေရာမှာ​နေရတာမဆင်မပြေပေ။ ခုနကမကောင်းဆိုးဝါးလေးသူ့ခြေကျင်းဝတ်ကိုစေးကပ်ကပ်လက်များဖြင့်ထိသွားခဲ့ပေရာ အခုဆိုသူအရင်ပြန်ပြီးသူ့ကိုယ်သူဆေးကြောပစ်ချင်နေသည်။

ထို့အပြင်ဟယ်ခွင်းနှင့်အခြားသူများကတုတ်များပင်ထုတ်နေကြပြီ၊ ဒီလိုသာဆက်သွားရင်သူတို့တိုက်ခိုက်ကြလိမ့်မယ်။ ကျွန်းသူကျွန်းသားတွေအတွက်စိတ်ပူစရာမလိုဘူး။ ကစားသမားတွေမှာအဆင့်မြင့်လက်နက်တွေရှိတယ်။ ကျည်ဆန်မှာမျက်စိမပါဘူးဆိုတော့...

ဦးလေးယောင်းကအိမ်တော်ထိန်းနှင့်လင်ခုံးလုစကားပြောတာကိုမြင်သွားပြီး လက်ဝှေ့ရမ်းကာဟယ်ခွင်းနှင့်အခြားသူများကိုနောက်ဆုတ်ဖို့ပြောလိုက်ပြီး ပြောလိုက်သည်။
"သခင်လေးကိုမျက်နှာသာပေးဖို့လိုသေးတယ်လေ၊ မင်းတို့ပြန်သွားလို့ရပြီ။"

လင်ခုံးလုရင်ထဲမှာတိတ်တခိုးနှုတ်ခမ်းကွေးလိုက်မိသည်။ သူကဘာလို့မျက်နှာသာပေးခံရမှာလဲ။ ဦးလေးယောင်းနဲ့ဟယ်ခွင်းကပုံမှန်ဆိုရဲတိုက်ကိုမျက်နှာသာပေးပြီး ရဲတိုက်ကိုရိုသေလေးစားပေမဲ့ သူ့ထက်အိမ်တော်ထိန်းကိုပိုတယ်။

ထိုစဥ်ကစားသမားများကလည်းကျွန်းသူကျွန်းသားများကသူတို့ကိုသေချာပေါက်အချက်အလက်တစ်ခုမှထုတ်ပြောမှာမဟုတ်သည့်အပြင် ဦးလေးယောင်းလိုလူမျိုးကသူတို့ကိုစုံစမ်းစစ်ဆေးရန်ကမ်း​​ခြေမှာနေခွင့်ပြုမှာမဟုတ်မှန်းသဘောပေါက်သွားသည်။ အငြင်းဆက်ပွားနေတာကဘာမှမရပေ။ အရင်ပြန်သွားပြီးနောက်မှအခွင့်အရေးရှာတာပိုကောင်းသည်။

လူနည်းစုကတစ်ယောက်ကိုတစ်ယောက်ကြည့်ကာခပ်မြန်မြန်သဘောတူလိုက်ကြသည်။ ယန်ဖုန်းကဆိုသည်။
"ဒါဆိုလဲသခင်လေး​ပြောတာနားထောင်တာပေါ့။"

လင်ခုံးလု: "...." သူ့ကိုယ်သူရုပ်သေးရုပ်လို့ခံစားလိုက်ရတယ်။

ရွှီယန့်ကယန်ဖုန်းကိုတစ်ချက်ကြည့်ကာအမည်မသိအဓိပ္ပါယ်ဖြင့်နှာမှုတ်လိုက်သည်။

*

ရဲတိုက်ကိုပြန်ရောက်ပြီးနောက် ကစားသမားများကကမ်း​ခြေကိုထပ်သွားရန်ချက်ချင်းအခွင့်အရေးမရှာခဲ့ပေ၊ အကြောင်းမှာဦးလေးယောင်းကလူများအနားမကပ်လာအောင်ပင်လယ်ကမ်း​​ခြေနှင့်သိပ်မဝေးသောနေရာမှာကင်းလှည့်ရန်ဟယ်ခွင်းကိုလူစီစဥ်ခိုင်းခဲ့သောကြောင့်ပင်။

ညကျမှဒီလူများပြန်သွားကြသည်။

ကစားသမားများကညလယ်ခေါင်ကြီးအပြင်ခိုးထွက်သွားကာ နေထွက်ခါနီးမှပြန်လာသည်။

လင်ခုံးလုစောစောနိုးလာချိန် သူတို့၏ပင်ပန်းနေသောအကြည့်ကိုမြင်တော့ သူတို့ဘာမှမရခဲ့မှန်းသိလိုက်သည်။

ထိုစဥ်မနေ့ညကကျွန်းသားတစ်​ယောက်သေဆုံးသွားသည်ဟူသောသတင်းနောက်တစ်ခုရောက်လာသည်။

အမှန်ပင်၊ ဒီတစ်ခေါက်ကလူတစ်ယောက်သေတာ၊ ပျောက်သွားတာမျိုးမဟုတ်ဘဲ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအသင်းကပင်လယ်ကမ်း​ခြေပေါ်မှာသွေးကွက်၊ ကျန်ရစ်သည့်​ခြေလက်များနှင့်အဝတ်စကိုတွေ့ခဲ့တာမို့လို့ပင်။

ကစားသမားများ၏မျက်နှာထားမှာရုတ်တရက်အနည်းငယ်ဆိုးဝါးသွားရသည်။ သူတို့ကကမ်းခြေကိုအလကားသွားခဲ့မိသည့်အလား ဒီသတင်းကသူတို့ပြန်လာပြီးနောက်မှသူတို့ဆီရောက်လာသည်။

လင်ခုံးလုမှာကော်ဖီခွက်ကိုင်ထားလျက်မျက်မှောင်ကြုတ်မိသည်။ မနေ့ညကရွှီယန့်ကသူ့အခန်းထဲမှာတစ်ညလုံးရှိနေခဲ့တာဆိုတော့ လူသတ်တရားခံကပင်လယ်မကောင်းဆိုးဝါးဖြစ်နိုင်တယ်။

ဒါပေမဲ့ရွှီယန့်ကပင်လယ်မကောင်းဆိုးဝါးနဲ့ဆ​က်စပ်နေတာလား

----------

Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၁၃)။

လင္ခုံးလုႏွင့္႐ႊီယန့္တို႔ကြၽန္းသူကြၽန္းသားမ်ားစုေဝးေနသည့္ေနရာကိုေရာက္ရွိသြားေတာ့ အိမ္ေတာ္ထိန္းကလူမ်ားကိုဦးေဆာင္ကာသူတို႔ကိုရွာေဖြေနၿပီပင္။ ကြၽန္းသူကြၽန္းသားမ်ားကလည္းရွာေဖြေရးႏွင့္ကယ္ဆယ္ေရးအဖြဲ႕မ်ားကိုဖြံစည္းကာ အနီးနားရွိေတာင္တန္း၊ ေတာအုပ္ႏွင့္ပင္လယ္ေဘးမ်ားမွာရွာေဖြေနၾကသည္။

သို႔ေသာ္တစ္ေနကုန္သြားေပမဲ့ဘာမွရွာမေတြ႕ေသးေပ။

ဘာသတင္းမွမရတာျမင္ေတာ့ ေပ်ာက္ဆုံးသြားသူ၏ဇနီးျဖစ္သူမွာေနာက္ဆုံးတြင္ေတာင့္မထားနိုင္ေတာ့ဘဲ ၿပိဳလဲက်သြားကာငိုယိုေလသည္။
"တိုင္ဖြန္းမုန္တိုင္းတိုက္ေနတုန္းအျပင္သြားလို႔မရပါဘူးလို႔ကြၽန္မသူ႕ကိုေျပာသားပဲ၊ ဒါေပမဲ့သူကနားမေထာင္ဘဲမိစ္ဆာေနာက္လိုက္သြားတယ္။ အဲ့တုန္းကအရမ္းေမွာင္ေနတာဆိုေတာ့ ပင္လယ္မေကာင္းဆိုးဝါးေခၚသြားတာျဖစ္...."

"တိတ္စမ္း!" သူမၿပီးေအာင္မေျပာရေသးခင္ သူမဟာလူအိုႀကီးတစ္ေယာက္၏ျဖတ္ေျပာျခင္းခံလိုက္ရသည္။

သူဟာလူအိုႀကီးဟုဆိုေပမဲ့အသက္ငါးဆယ္ေျခာက္ဆယ္သာရွိသည္။ သူ႕မ်ိဳးရိုးမွာေယာင္းျဖစ္ၿပီး ဦးေလးေယာင္းဟုသိၾကသည္။ တစ္ႏွစ္ပတ္လုံးပင္လယ္ေလညွင္း၏တိုက္ခတ္မႈေၾကာင့္ သူ႕အသားအေရာင္မွာအနည္းငယ္နက္ေမွာင္လို႔ေနၿပီး သူ႕မ်က္ႏွာမွာခ်ိဳင့္ခြက္ႏွင့္အေရးေၾကာင္းမ်ားရွိလို႔ေနရာ သူ႕ပုံရိပ္မွာခက္ထန္ၿပီးအိုေနေပမဲ့ သူ႕ခႏၶာကိုယ္မွာေတာ့အမွန္တကယ္အလြန္သန္မာေပသည္။

သူခပ္တိုးတိုးေအာ္ေငါက္လာခ်ိန္ အမ်ိဳးသမီးမွာ႐ုတ္ျခည္းအနည္းငယ္ရွက္႐ြံ႕သြားကာ အမွန္တကယ္အငိုရပ္သြားသည္။

ထိုေနရာမွာရွိေနသည့္ကစားသမားမ်ားဟာလည္း"ပင္လယ္မေကာင္းဆိုးဝါး"ဟူေသာစကားလုံးကိုၾကားေတာ့ သူတို႔မ်က္လုံးမ်ားတစ္ခ်က္လက္သြားသည္။ ဒါကကြၽန္းေပၚေရာက္ရွိၿပီးေနာက္ဒီစကားလုံးကိုဒုတိယအႀကိမ္ေျမာက္ၾကားရျခင္းပင္။ ကြၽန္းေပၚရွိလူမ်ားကထိုအေၾကာင္းတားျမစ္ထားပုံရသည္။

ဦးေလးေယာင္းကေဆးလိပ္ေငြ႕အရွည္ႀကီးမႈတ္ထုတ္ကာဆိုသည္။
"မေန႕ကေလအရမ္းထန္ေနတာ။ မင္းေယာက်ာ္းပင္လယ္ထဲလြင့္သြားတာေနမယ္။ တိုင္ဖြန္းမုန္တိုင္းတိုက္ေနတုန္းအျပင္မထြက္ရဘူးလို႔မေျပာခဲ့ဘူးလား။"

အမ်ိဳးသမီးကေခါင္းငုံ႕ထားကာဘာမွမေျပာရဲေပ။

ေျပာၿပီးေနာက္ဦးေလးေယာင္းကအခုမွေရာက္လာသည့္ရဲတိုက္ပိုင္ရွင္လင္ခုံးလုကိုမၾကည့္ဘဲ ကြၽန္းသူကြၽန္းသားမ်ား၏ရွာေဖြေရးႏွင့္ကယ္ဆယ္ေရးအဖြဲ႕မွသက္လတ္ပိုင္း႐ြယ္အမ်ိဳးသားတစ္ေယာက္ကိုၾသရွရွအသံျဖင့္အမိန့္ေပးလိုက္သည္။
"ဟယ္ခြင္း၊ လူေတြကိုကမ္းေျခကိုေခၚသြားၿပီးသြားရွာေခ်။"

ဟယ္ခြင္းကခ်က္ခ်င္းေခါင္းၿငိမ့္သေဘာတူကာ အခုပဲျပန္ေရာက္လာသည့္လူတစ္အုပ္ႏွင့္အတူထပ္ထြက္သြားသည္။

ဦးေလးေယာင္းကသူတို႔ထြက္သြားတာကိုရပ္ၾကည့္ေနသည္။ တစ္ေအာင့္ၾကာရပ္ၾကည့္ေနၿပီးမွ လင္ခုံးလုေရာက္လာတာကိုအခုမွသတိထားမိသည့္အလား ရွာေဖြေရးကိုကူညီရန္လူငွားေပးသည့္အတြက္ရဲတိုက္ကိုေက်းဇူးတင္ေၾကာင္းယဥ္ေက်းစြာေဖာ္ျပလာသည္။

လင္ခုံးလုသူ႕လက္ကိုေဝ့ရမ္းကာေအးစက္စက္ေမာက္မာစြာေျပာလိုက္သည္။
"ငါတို႔ေတြကအိမ္နီးခ်င္းေတြဆိုေတာ့လုပ္ေပးသင့္တာေပါ့။"

ထိုသို႔ေျပာၿပီးေနာက္ သူကြၽန္းသူကြၽန္းသားမ်ားကိုၾကည့္လိုက္ေတာ့ ခဏအၾကာမွာထူးဆန္းေသာျဖစ္စဥ္ကိုသတိထားမိသြားသည္။ လူတခ်ိဳ႕ေပ်ာက္ေနေပမဲ့ ဒီကြၽန္းသူကြၽန္းသားမ်ားကစိတ္ပူေနပုံမရဘဲ ၎တို႔မ်က္ႏွာမွာအေၾကာက္တရားႏွင့္ထုံထိုင္းမႈတို႔ပိုေနေလသည္။

ေပ်ာက္ဆုံးသူ၏ဇနီးျဖစ္သူပင္အတူတူပင္။ သူမကဝမ္းနည္းေနပုံမရဘဲအလြန္ေၾကာက္လန့္ေနေလသည္။

ေနာက္ထပ္ထူးဆန္းေသာအရာမွာ ကြၽန္းေပၚတြင္ကေလးတစ္ေယာက္မွရွိပုံမေပၚ။

လင္ခုံးလုမ်က္ေမွာင္ၾကဳတ္ကာေတြးလိုက္မိသည္။ အရင္ဘဝကအက်ဥ္းတိုက္ထဲဝင္ဝင္ခ်င္းႏွစ္ရက္အတြင္းမွာ႐ႊီယန္ထံမွဖမ္းဆီးခံရကာလက္တုံ႕ျပန္ရန္ပိတ္ေလွာင္ခံခဲ့ရသည္။ လက္တုံ႕ျပန္သည္ဟုဆိုေပမဲ့အမွန္ေတာ့သူတစ္ရက္သာစိုးရိမ္ေၾကာက္လန့္ေနခဲ့ၿပီး ေနာက္တစ္ရက္မွာထြက္ေျပးသြားခဲ့သည္။ သူအခန္းငယ္ေလးထဲကထြက္ေျပးသည္ႏွင့္ ပန္းကိုင္းႏွင့္ႏွလုံးထဲထိုးေဖာက္ခံခဲ့ရကာ ဒီကမၻာမွေအာင္ေအာင္ျမင္ျမင္လြတ္ေျမာက္သြားခဲ့သည္။

ဒီေတာ့သူ႕မွာအရင္ဘဝကဒီကြၽန္းသူကြၽန္းသားမ်ားကိုအာ႐ုံစိုက္ရန္အခ်ိန္မရွိခဲ့ေပ။ သူဒီဘဝတြင္ရဲတိုက္ထဲမွာေနေနခဲ့ၿပီး သူတို႔ကိုအာ႐ုံမစိုက္ခဲ့မိသျဖင့္ ဒီေန႕မွသာဒီျဖစ္စဥ္ကိုသတိထားမိခဲ့သည္။

သူေတြးေနစဥ္ အိမ္ေတာ္ထိန္းႏွင့္ရွာေဖြေရးႏွင့္ကယ္ဆယ္ေရးအဖြဲ႕မွဟယ္ခြင္းဆီကသတင္းေရာက္လာၿပီး ကမ္းေျခေပၚမွာေျခရာလက္ရာရွာေတြ႕သည္ဟုဆိုသည္။

ဦးေလးေယာင္းကကြၽန္းသူကြၽန္းသားမ်ားကိုထိုေနရာကိုခ်က္ခ်င္းေခၚသြားေတာ့ လင္ခုံးလုက႐ႊီယန္ကိုဝွီးခ်ဲတြန္းခိုင္းၿပီး ကစားသမားမ်ားကအေနာက္မွလိုက္သြားသည္။

အမွန္ေတာ့ကြၽန္းေပၚမွာကေလးတစ္ေယာက္မွမရွိေၾကာင္း ကစားသမားမ်ားကလင္ခုံးလုထက္အရင္ရွာေတြ႕ခဲ့ျခင္းပင္။ သူတို႔ကြၽန္းေပၚေရာက္ၿပီးဒုတိယေန႕မွာ ကြၽန္းကအ႐ြယ္ေရာက္သူမ်ားျဖင့္ျပည့္ေနသည့္အျပင္ ဦးေလးေယာင္းထက္အသက္ပိုႀကီးေသာသက္ႀကီး႐ြယ္အိုအနည္းစုပင္ရွိေနမွန္းသေဘာေပါက္သြားခဲ့သည္။

ထိုအခ်ိန္တုန္းကသူတို႔ကြၽန္းသူကြၽန္းသားမ်ားကိုသီးသန့္ေမးခဲ့ေတာ့ သူတို႔အေျဖမွာ: ဘယ္သူကသူတို႔ကေလးေတြကိုကြၽန္းေပၚမွာေနခိုင္းမွာလဲ။ သူတို႔အကုန္လုံးကိုပင္လယ္ကိုျဖတ္ၿပီးၿမိဳ႕ထဲကေက်ာင္းမွာပို႔ထားၾကတာေလ။

"အမှန်တော့အဓိပ္ပါယ်မရှိဘူး။ ေက်ာင္းေနအ႐ြယ္ကေလးေတြေက်ာင္းကိုသြားတာကဟုတ္ေပမဲ့သုံးႏွစ္ေအာက္ကေလးေတြကေကာ?"

ကစားသမားမ်ားကလင္ခုံးလုႏွင့္႐ႊီယန့္အေနာက္မွာက်န္ေနခဲ့ကာ ခပ္တိုးတိုးအသံျဖင့္ေဆြးႏြေးလိုက္သည္။

သို႔ေသာ္အရင္ကေကာယြီကေျပာခဲ့တဲ့အတိုင္းပင္၊ ကြၽန္းေပၚကလူမ်ားစုမွာထုံအအႏွင့္ ေပါင္းသင္းဆက္ဆံေရးမွာသိပ္ေကာင္းပုံမရ။ ေမးခြန္းပိုေမးေလေလ သူတို႔ကမေျဖေလေလျဖစ္ရာ ကစားသမ်ားမွာဘာမွမသိခဲ့ရေပ။

"ဒီကြၽန္းသူကြၽန္းသူေတြကတစ္ခုခုေတာ့တစ္ခုခုပဲ။"
ယြမ္ရွီးခြၽမ္းကမ်က္မွန္ပင့္တင္ကာဆိုသည္။

"ၿပီးေတာ့သူတို႔ေျပာေနတဲ့ပင္လယ္မေကာင္းဆိုးဝါးကေကာ?"

"လမ္းၫႊန္မွာမေဖာ္ျပထားဘူးေနာ္။"

"ေဘာပဲ၊ လမ္းၫႊန္ကတစ္ဝက္ပဲရွိတာ။ ေယာက်္ားရင့္မာႀကီးေတြကသူတို႔ဘယ္လိုေသသြားမွန္းေတာင္မသိၾကေတာ့ သူတို႔ကဂိမ္းကမၻာထဲကေနႏွင္ထုတ္ခံလိုက္ရၿပီးေတာ့ လူတခ်ိဳ႕ကဒီမွာအၿပီးအပိုင္ေသသြားၾကတယ္။"

ကုန္းေဝကဒါကိုၾကားေတာ့အလိုလိုေမးလိုက္မိသည္။
"သူတို႔အကုန္လုံးကလူသစ္ေတြလား။"

ဝမ္ရန္ကသူ႕ကိုထူးဆန္းစြာၾကည့္ကာဆိုသည္။
"မင္းဘာေတြေတြးေနတာလဲ။ ဒီSအဆင့္ဂိမ္းမွာအရင္ကလူသစ္တစ္ေယာက္မွမရွိခဲ့ဖူးဘူး။"

ကုန္းေဝကဒါကိုၾကားေတာ့သူ႕မ်က္ႏွာမွာ႐ုတ္ျခည္းပိုျဖဴေဖ်ာ့လာသည္။

သူတို႔ကလူအုပ္ႏွင့္ေဝးေနသည့္အျပင္ သူတို႔အသံကအလြန္တိုးလ်သျဖင့္ အျပင္လူမ်ားကသူတို႔ေျပာတာကိုမၾကားၾကေပ။

သို႔ေသာ္လင္ခုံးလုကစနစ္ကိုေထာက္လွမ္းခိုင္းထားၿပီး တစ္ခုခုကိုတိတ္တိတ္ေလးၾကားလိုက္ရေတာ့ သူ႕မ်က္ႏွာထားမွာတစ္ေအာင့္ၾကာအေတြးထဲနစ္သြားရသည္။

လတ္စသတ္ေတာ့ကြၽန္းေပၚကလူေတြကကေလးေတြကိုေက်ာင္းပို႔ထားတယ္လို႔ေျပာတယ္ေပါ့?

ဒါေပမဲ့ကစားသမားမ်ားသံသယဝင္ေနတုန္း သူလည္းသိခ်င္မိသြားသည္။ တိုက္ဆိုင္ခ်က္က ကြၽန္းေပၚကကေလးေတြအကုန္လုံးကေက်ာင္းေနအ႐ြယ္ျဖစ္ေနတယ္လား။

ထို႔အျပင္ကြၽန္းေပၚကခရီးသြားနယ္ပယ္မွာဆင္းရဲလွသည္။ ရဲတိုက္ထဲမွာအလုပ္လုပ္တာကလြဲရင္ ပိုက္ဆံရွာရခက္သည္။ ပုံမွန္ဆိုၿမိဳ႕မွာအလုပ္သြားလုပ္သူႏွင့္လူႀကီးအမ်ားစုရွိရမည္။ သို႔ေသာ္လည္းအမွန္ေတာ့အတိအက်ကိဳဆန့္က်င္ဘက္ပင္။ ဒီမွာငယ္႐ြယ္ၿပီးသန္မာေသာလူငယ္မ်ားရွိၾကသည္။ အမ်ားစုမွာသက္လတ္ပိုင္းအ႐ြယ္ျဖစ္ၾကေပမဲ့ အသက္၆၀ေက်ာ္လူနည္းစုသာရွိသည္။ အမ်ိဳးသမီးထက္အမ်ိဳးသားပိုမ်ားေလသည္။

လင္ခုံးလုမ်က္ေမွာင္ၾကဳတ္မိသည္။ ဒီေတာ့ကေလးေတြကိုတကယ္ေက်ာင္းပို႔ထားတာလား၊ ဒါမွမဟုတ္....ကေလးမရွိတာလား။

သူေတြးေနစဥ္ ရွည္သြယ္သြယ္လက္တစ္ဖက္ကသူ႕မ်က္ခုံးမ်ားကိုဆန့္ေပးလာၿပီး ႐ႊီယန့္က႐ုတ္တရက္ကိုယ္ကိုင္းကာသူ႕နားထဲတီးတိုးေျပာလာသည္။
"ေရာက္ၿပီ။"

လင္ခုံးလုမိန္းေမာသြားကာသူ႕ကိုလွည့္ၾကည့္လိုက္မိသည္။

ႏွစ္ဦးသားမွာအလြန္အမင္းနီးကပ္ေနၿပီး အခုဆိုသူတို႔မ်က္လုံးမ်ားကအၾကည့္ခ်င္းဆုံေနကာ သူတို႔အသက္ရႈႏႈန္းမွာ႐ုတ္ျခည္းေရာယွက္သြားေလသည္။

႐ႊီယန့္ကမေသမ်ိဳးပမာမ်က္ႏွာတစ္ျခမ္းႏွင့္အမာ႐ြတ္မ်က္ႏွာတစ္ျခမ္းျဖင့္႐ုတ္ျခည္းၿပဳံးကာေမးလာသည္။
"သခင္ေလး၊ ကြၽန္ေတာ္အခုေလွ်ာက္လို႔..."

လင္ခုံးလုသူဘာေျပာေတာ့မလဲဆိုတာခန့္မွန္းမိသြားကာ သူ႕မ်က္ႏွာနီရဲသြားၿပီး သူအံႀကိတ္ကာေျပာလိုက္သည္။
"မရဘူး။"

အခုအေျခအေနကဘာမွန္းေတာင္မသိရဘူးေလ။

ထိုသို႔ေျပာၿပီးေနာက္ သူေခါင္းလွည့္ကာတည္ၿငိမ္ေအးေဆးခ်င္ေယာင္ေဆာင္ရင္း လူအုပ္စုေဝးေနသည့္ေနရာကိုၾကည့္လိုက္သည္။

ေျခရာလက္ရာမ်ားကိုအိမ္ေတာ္ထိန္းႏွင့္ရွာေဖြေရးအသင္းကရွာေတြ႕ခဲ့ၿပီး ၎မွာပင္လယ္ကမ္းစပ္ေပၚမွာေက်ာက္တုံးပုံႀကီးျဖစ္ေခ်သည္။

အခုမွမိုး႐ြာထားသည့္အျပင္ ေက်ာက္တုံးပုံႀကီးမွာပင္လယ္ေရႏွင့္နီးကပ္ေသာေၾကာင့္ ေသြးမ်ားေမွးမွိန္သြားၿပီး ေက်ာက္တုံးအက္ကြဲေၾကာင္းထဲမွာတခ်ိဳ႕သာက်န္ရစ္ခဲ့သည္။ ထို႔ေၾကာင့္ရွာေဖြေရးႏွင့္ကယ္ဆယ္ေရးသခင္းျဖတ္သြားတုန္းကရွာမေတြ႕ခဲ့တာျဖစ္သည္။

ထိုစဥ္ကစားသမားမ်ားလည္းေရာက္လာသည္။ က်ိခ်င္းခ်င္းကကြၽန္းသူကြၽန္းသားမ်ားအာ႐ုံမစိုက္ေနတုန္း ကိရိယာတစ္ခုထုတ္ကာနမူနာယူၿပီး ခပ္ျမန္ျမန္အတည္ျပဳလိုက္သည္။
"လူ႕ေသြးပဲ။"

ထို႔ေနာက္သူမေက်ာက္တုံးအက္ကြဲေၾကာင္းမ်ားထဲမွာေသခ်ာရွာၾကည့္လိုက္ေတာ့ ဆံပင္ႏွင့္ေသးငယ္ေသာအသားႏွင့္အရိုးတခ်ိဳ႕ကိုရွာေတြ႕ေလသည္။

"လူသားတစ္ရႉးပဲ။"
က်ိခ်င္းခ်င္းကမ်က္ေမွာင္ၾကဳတ္ကာဆိုသည္။
"ၿပီးေတာ့လက္နက္အခြၽန္နဲ႕ျဖတ္ထားတာမဟုတ္ဘူး၊ သားရဲရိုင္းေတြရဲ႕စုတ္ၿဖဲခံထားရတာနဲ႕ပိုတူတယ္။"

သူမေျပာၿပီးသည္ႏွင့္ ကြၽန္းသူကြၽန္းသူမ်ား၏မ်က္ႏွာမ်ားမွာတစ္ေဆျမင္လိုက္ရသည့္အလား႐ုတ္ျခည္း႐ုပ္ဆိုးသြားေတာ့သည္။

သူတို႔အမ်ားအျပားမွာအခ်င္းခ်င္းပင္အေၾကာက္တလန့္ေရ႐ြတ္လိုက္ၾကသည္။
"သူျပန္လာၿပီ၊ သူအဲ့ပင္လယ္မေကာင္းဆိုးဝါးေတြကိုျပန္ေခၚလာၿပီးလက္စားေခ်...."

"တိတ္စမ္း!"
ဦးေလးေယာင္းက႐ုတ္ျခည္းေအးစက္စြာေအာ္ေျပာလိုက္ၿပီး သူ႕မ်က္ႏွာမွာျဖဴေရာ္လို႔ေနသည္။

လူအမ်ားအျပားမွာခ်က္ခ်င္းေၾကာက္လန့္သြားကာသူ႕ကိုဗလာက်င္းစြာစိုက္ၾကည့္လိုက္ၿပီးဘာမွမေျပာရဲေတာ့ေပ။

သိပ္မေဝးေသာေနရာမွာ ႐ႊီယန့္ကဒီျမင္ကြင္းကိုၾကည့္ေနၿပီး သူ႕မ်က္လုံးမ်ားမွာအၿပဳံးတစ္ပြင့္ႏွင့္မာထန္မႈအနည္းငယ္ရွိေနသည္။

လင္ခုံးလုမသိလိုက္မသိဘာသာအေနာက္လွည့္ၾကည့္မိၿပီး သူ၏ေအးစက္စက္မ်က္ႏွာထားကိုျမင္လိုက္ရေတာ့ မေနနိုင္ဘဲမိန္းေမာသြားရသည္။

႐ႊီယန့္ကထိုေနရာကအေျခအေနကိုအနည္းငယ္အာ႐ုံစိုက္ေနပုံရၿပီး အခ်ိန္အေတာ္ၾကာသြားၿပီးမွလင္ခုံးလု၏အၾကည့္ကိုသတိထားမိသြားသည္။ သူခပ္ျမန္ျမန္အၾကည့္လႊဲလိုက္ၿပီး ပုံမွန္ျပန္ျဖစ္သြားကာေျပာလိုက္သည္။
"သခင္ေလး၊ အဲ့မွာေသြးနဲ႕အညစ္အေၾကးေတြရွိတယ္၊ ကြၽန္ေတာ္သခင္ေလးကိုသန့္ရွင္းတဲ့ေနရာဆီတြန္းသြားေပးမယ္ေနာ္။"

ထိုသို႔ေျပာၿပီးေနာက္ လင္ခုံးလုျပန္ေျဖတာကိုမေစာင့္ဘဲဝွီးခ်ဲကို ထိုလူအုပ္ႏွင့္ေဝးသည့္သန့္ရွင္းေသာေနရာဆီတြန္းလိုက္သည္။

လင္ခုံးလုေမးလိုက္သည္။
"မင္းလဲဒီကြၽန္းေပၚကပဲေနာ္။ သူတို႔ေျပာတဲ့'ပင္လယ္မေကာင္းဆိုးဝါး'နဲ႕'ကလဲ့စား'ဆိုတာကဘာကိုဆိုလိုတာလဲသိလား။"

႐ႊီယန့္ကဒါကိုၾကားေတာ့မသိမသာေတာင့္တင္းသြားကာဆိိုလိုက္သည္။
"ကြၽန္ေတာ္ကြၽန္းေပၚေရာက္တာသိပ္မၾကာေသးဘူး။ ထူးဆန္းတယ္....ေကာလဟာလပဲေနမွာပါ။ ဒီကမၻာမွာပင္လယ္မေကာင္းဆိုးဝါးဆိုတာမ်ိဳးရွိလို႔လား။ ထင္ေယာင္ထင္မွားျဖစ္တာမ်ားလား။ တစ္ေဆလားပဲ? ကလဲ့စားဆိုတာကေတာ့...."

ဒီအထိေျပာၿပီးေတာ့သူႏႈတ္ခမ္းေထာင့္မ်ားေကာ့လိုက္ျပန္ကာ မရှင်းလင်းသောအဓိပ္ပါယ်ဖြင့်ပြောလိုက်သည်။
"သူတို႔မေကာင္းတာတစ္ခုခုလုပ္ထားလို႔ေၾကာက္ေနၾကတာေနမွာေပါ့?"

လင္ခုံးလု: "....." တကယ္လား။ မင္းရဲ႕စကားထဲမွာတစ္ခုခုရွိေနတယ္လို႔ငါဘာလို႔ထင္ေနတာပါလိမ့္?

႐ႊီယန့္ကေခါင္းငုံ႕ကာၿပဳံးလိုက္ၿပီး ထိုေနရာကိုခပ္ျမန္ျမန္လွမ္းၾကည့္လိုက္သည္။

ထိုစဥ္ကစားသမားမ်ားကလည္း"ပင္လယ္မေကာင္းဆိုးဝါး"ကဘာလဲဆိုတာႏွင့္"သူ"ကဘယ္သူလဲဆိုတာကိုေမးေနၾကသည္။

သို႔ေသာ္အခုပဲဦးေလးေယာင္းထံမွဆူေငါက္ခံထားရသည့္ကြၽန္းသူကြၽန္းသားမ်ားမွာဒီအခ်ိန္တြင္ႏႈတ္ဆိတ္ေနၾကသည္။

ဦးေလးေယာင္း၏မ်က္ႏွာမည္းေမွာင္သြားကာ သူကေမးလာသည့္က်ိခ်င္းခ်င္းကိုၾကည့္ၿပီး သတိေပးမႈျဖင့္ေျပာလိုက္သည္။
"မိန္းကေလး၊ ဒါက်ဳပ္တို႔ကြၽန္းကိစၥပါ။ မင္းတို႔အျပင္လူေတြကဒီတိုင္းကိုယ့္ကိုယ္ကိုယ္သာဂ႐ုစိုက္ၾက။ တအားစပ္စုလြန္းတာကေကာင္းတဲ့အရာမဟုတ္ဘူး။"

က်ိခ်င္းခ်င္းမ်က္ေမွာင္ၾကဳတ္ကာေအးစက္စက္ေလသံျဖင့္ေျပာလိုက္သည္။
"ဒါေပမဲ့အခုဆိုကြၽန္းေပၚမွာလူေတြေသကုန္ၾကၿပီေလ။"

အဓိပ္ပါယ်ကဒီလိုကိစ္စကြီးဖြစ်သွားတာတောင်ဖုံးကွယ်ထားချင်တုန်းပဲလား။

ဒီတစ္ေခါက္မွာဦးေလးေယာင္းကစကားမဆို။ သူ႕ေဘးကဟယ္ခြင္းကသေဘာမေကာင္းေသာအၾကည့္ျဖင့္ေအးစက္စက္ေျပာလာသာ္။
"ေသသြားတဲ့လူေတြကက်ဳပ္တို႔ကြၽန္းကလူေတြေလ။ မင္းတို႔နဲ႕ဘာဆိုင္လို႔လဲ။"

သို႔ေသာ္လည္းက်ိခ်င္းခ်င္းကလုံးဝေၾကာက္မသြားဘဲ ခ်န္ေပၚကိုဆင္ေျခအျဖစ္ယူကာေျပာလိုက္သည္။
"ဒါေပမဲ့ကြၽန္မတို႔ခရီးသြားေတြထဲကတခ်ိဳ႕ေသသြားတယ္ေလ...."

လင္ခုံးလုမသိမသာနားေထာင္ေနတုန္း သူ႕ေျခက်င္းဝတ္မွလာသည့္ေအးစက္ကာေခ်ာမြတ္ေသာအထိအေတြ႕တစ္ခုကို႐ုတ္ျခည္းခံစားလိုက္ရသည္။ သူအလိုလိုငုံ႕ၾကည့္မိေတာ့ ဝွီးခ်ဲေဘးကေက်ာက္တုံးေပၚမွာလွဲေနသည့္လူတစ္ပိုင္း၊ ငါးတစ္ပိုင္းကိုျမင္လိုက္ရသည္။

၎မွာလူမ်က္ႏွာရွိၿပီး ျဖဴေဖ်ာ့ကာစိမ္းဖန္လို႔ေနၿပီး ေခါင္းေပၚမွာပင္လယ္ေရညွိတြဲေလာင္းခ်ိတ္ေနပုံမွာေရမိစ္ဆာပမာ။ ေခါင္းေအာက္ကခႏၶာကိုယ္မွာလုံးဝငါးျဖစ္ေနေပမဲ့ ငါးေရယက္ႏွင့္အျမႇီး၏ေဘးတစ္ဖက္တစ္ခ်က္စီမွာလူလက္ေမာင္းႏွင့္ေျခေထာက္မ်ားေပါက္လို႔ေနသည္။

လင္ခုံးလုေခါင္းငုံ႕ၾကည့္လိုက္ခ်ိန္ ၎က၎၏သစ္ကိုင္းပမာလက္တစ္ဖက္ကိုဆန့္တန္းကာ သူ၏ေျခက်င္းဝတ္ျဖဴျဖဴကိုတိတ္တိတ္ေလးထိလာသည္။

လင္ခုံးလုမွာေၾကာက္သြားသည့္အလားပင့္သက္ရွိုက္လိုက္မိၿပီး အေနာက္လွည့္ကာ႐ႊီယန္ကိုဖက္ၿပီး တုန္တုန္ရီရီဆိုမိသည္။ "႐ႊီ ႐ႊီ....ေရသူထီး။"

႐ႊီယန့္႐ုတ္တရက္အသိျပန္ဝင္လာၿပီး သူ႕ကိုအလိုလိုတင္းတင္းဖက္လိုက္မိကာ သူ႕မ်က္လုံးမ်ားကထိုေနရာကိုစူးရွစြာတစ္ခ်က္လွမ္းၾကည့္လိုက္သည္။

လူတစ္ပိုင္းငါးတစ္ပိုင္းက႐ႊီယန္၏အၾကည့္စူးစူးကိုဖမ္းဆုပ္မိသြားကာ သူ႕လက္မ်ားကအေၾကာက္တရားႏွင့္တုန္ရီသြားေလသည္။ သူကပင္လယ္ထဲကိုအထိတ္တလန့္ေျပးဝင္သြားၿပီး မ်က္စိတစ္မွိတ္အတြင္းမွာျမဴထဲေပ်ာက္ကြယ္သြားေတာ့သည္။

႐ႊီယန့္ႏႈတ္ခမ္းေစ့လိုက္ၿပီး သူ႕မ်က္ႏွာမွာ႐ုပ္ဆိုးသြားပုံပင္။

လင္ခုံးလု၏အသံမွာသိပ္္မေဝးေသာေနရာကကြၽန္းသူကြၽန္းသားမ်ားကိုပါသတိခ်ပ္သြားေစသည္။ သူတို႔ေခါင္းလွည့္ၾကည့္လာေတာ့ လူတစ္ပိုင္းငါးတစ္ပိုင္းပုံရိပ္တစ္ခုကပင္လယ္ထဲေျပးဝင္သြားတာကိုျမင္လိုက္ရသည္။ လူအမ်ား၏မ်က္ႏွာ႐ုတ္ျခည္းျဖဴေဖ်ာ့သြားကာစတင္ေရ႐ြတ္ၾကျပန္သည္။
"ပင္လယ္မေကာင္းဆိုးဝါး၊ ပင္လယ္မေကာင္းဆိုးဝါးပဲ...."

ကစားသမားမ်ားကလည္း၎ကိုျမင္သြားၿပီး ဝမ္ရန္ကလႊတ္ခနဲထုတ္ေမးမိသြားသည္။ "အဲ့ဒါဘာႀကီးတုန္း?"

သို႔ေသာ္ဘယ္သူကမွသူမကိုအေျဖမေပးၾက။ ဦးေလးေယာင္း၏မ်က္ႏွာမည္းေမွာင္သြားကာ သူကလူတိုင္းကိုလူစုခြဲရန္ျမန္ျမန္ေျပာလိုက္ၿပီး အေလးအနက္သတိေပးလာသည္။
"ေနာက္ဆိုပင္လယ္အနားကိုဘယ္သူမွသြားခြင့္မရွိဘူး။"

ထိုသို႔ေျပာၿပီးေနာက္သူကကစားသမားမ်ားကိုတစ္ခ်က္ၾကည့္ကာဆိုသည္။
"မင္းတို႔ေတြေရာပဲ။"

ေပ်ာက္သြားတဲ့လူကိုေတာ့ ဦးေလးေယာင္းရဲ႕သေဘာထားကိုၾကည့္ျခင္းအားျဖင့္ ၾကည့္ရတာေတာ့ဒီကိစၥကဒီမွာအဆုံးသတ္သြားေတာ့မဲ့ပုံပဲ။

ကစားသမားမ်ားမွာထုံးစံအတိုင္းဆႏၵမရွိၾကေပ။ သူတို႔ေနာက္ဆုံးမွာသဲလြန္စတခ်ိဳ႕ရွာေတြ႕တာမို႔ ထပ္ၿပီးစုံစမ္းၾကည့္မွျဖစ္မယ္။

သို႔ေသာ္ဦးေလးေယာင္း၏သေဘာထားမွာအလြန္သေဘာမေတြ႕ျဖစ္ေနၿပီပင္၊ သူ႕ငယ္သားဟယ္ခြင္းကအရပ္ရွည္ရွည္လူငယ္မ်ားကိုဦးေဆာင္ကာသူတို႔ကိုတိုက္ရိုက္တားလာသည္။

ထိုစဥ္အိမ္ေတာ္ထိန္းကလည္းေရွ႕တိုးကာကစားသမားမ်ားကိုရဲတိုက္ကိုအရင္ျပန္သြားဖို႔စည္း႐ုံးနားခ်လာသည္။ သူကလင္ခုံးလုကိုပင္ဆင္ေျခအျဖစ္ထုတ္သုံးလိုက္ေလသည္။
"မင္းတို႔ဒီလိုလုပ္ရင္သခင္ေလးဒုကၡေရာက္သြားလိမ့္မယ္။"

လင္ခုံးလုက႐ႊီယန့္၏ရင္ခြင္ထဲမွာခိုဝင္လို႔ေနသည္။ ဒါကိုၾကားေတာ့သူေခါင္းေလးျပဴထြက္ကာေမးလိုက္သည္။
"ငါတို႔အရင္ျပန္ႏွင့္ရင္ေကာ?"

ကမ္းေျခမွာတအားေအးေနသျဖင့္ သူထိုေနရာမွာေနရတာမဆင္မေျပေပ။ ခုနကမေကာင္းဆိုးဝါးေလးသူ႕ေျခက်င္းဝတ္ကိုေစးကပ္ကပ္လက္မ်ားျဖင့္ထိသြားခဲ့ေပရာ အခုဆိုသူအရင္ျပန္ၿပီးသူ႕ကိုယ္သူေဆးေၾကာပစ္ခ်င္ေနသည္။

ထို႔အျပင္ဟယ္ခြင္းႏွင့္အျခားသူမ်ားကတုတ္မ်ားပင္ထုတ္ေနၾကၿပီ၊ ဒီလိုသာဆက္သြားရင္သူတို႔တိုက္ခိုက္ၾကလိမ့္မယ္။ ကြၽန္းသူကြၽန္းသားေတြအတြက္စိတ္ပူစရာမလိုဘူး။ ကစားသမားေတြမွာအဆင့္ျမင့္လက္နက္ေတြရွိတယ္။ က်ည္ဆန္မွာမ်က္စိမပါဘူးဆိုေတာ့...

ဦးေလးေယာင္းကအိမ္ေတာ္ထိန္းႏွင့္လင္ခုံးလုစကားေျပာတာကိုျမင္သြားၿပီး လက္ေဝွ႕ရမ္းကာဟယ္ခြင္းႏွင့္အျခားသူမ်ားကိုေနာက္ဆုတ္ဖို႔ေျပာလိုက္ၿပီး ေျပာလိုက္သည္။
"သခင္ေလးကိုမ်က္ႏွာသာေပးဖို႔လိုေသးတယ္ေလ၊ မင္းတို႔ျပန္သြားလို႔ရၿပီ။"

လင္ခုံးလုရင္ထဲမွာတိတ္တခိုးႏႈတ္ခမ္းေကြးလိုက္မိသည္။ သူကဘာလို႔မ်က္ႏွာသာေပးခံရမွာလဲ။ ဦးေလးေယာင္းနဲ႕ဟယ္ခြင္းကပုံမွန္ဆိုရဲတိုက္ကိုမ်က္ႏွာသာေပးၿပီး ရဲတိုက္ကိုရိုေသေလးစားေပမဲ့ သူ႕ထက္အိမ္ေတာ္ထိန္းကိုပိုတယ္။

ထိုစဥ္ကစားသမားမ်ားကလည္းကြၽန္းသူကြၽန္းသားမ်ားကသူတို႔ကိုေသခ်ာေပါက္အခ်က္အလက္တစ္ခုမွထုတ္ေျပာမွာမဟုတ္သည့္အျပင္ ဦးေလးေယာင္းလိုလူမ်ိဳးကသူတို႔ကိုစုံစမ္းစစ္ေဆးရန္ကမ္းေျခမွာေနခြင့္ျပဳမွာမဟုတ္မွန္းသေဘာေပါက္သြားသည္။ အျငင္းဆက္ပြားေနတာကဘာမွမရေပ။ အရင္ျပန္သြားၿပီးေနာက္မွအခြင့္အေရးရွာတာပိုေကာင္းသည္။

လူနည္းစုကတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာခပ္ျမန္ျမန္သေဘာတူလိုက္ၾကသည္။ ယန္ဖုန္းကဆိုသည္။
"ဒါဆိုလဲသခင္ေလးေျပာတာနားေထာင္တာေပါ့။"

လင္ခုံးလု: "...." သူ႕ကိုယ္သူ႐ုပ္ေသး႐ုပ္လို႔ခံစားလိုက္ရတယ္။

ရွှီယန့်ကယန်ဖုန်းကိုတစ်ချက်ကြည့်ကာအမည်မသိအဓိပ္ပါယ်ဖြင့်နှာမှုတ်လိုက်သည်။

*

ရဲတိုက္ကိုျပန္ေရာက္ၿပီးေနာက္ ကစားသမားမ်ားကကမ္းေျခကိုထပ္သြားရန္ခ်က္ခ်င္းအခြင့္အေရးမရွာခဲ့ေပ၊ အေၾကာင္းမွာဦးေလးေယာင္းကလူမ်ားအနားမကပ္လာေအာင္ပင္လယ္ကမ္းေျခႏွင့္သိပ္မေဝးေသာေနရာမွာကင္းလွည့္ရန္ဟယ္ခြင္းကိုလူစီစဥ္ခိုင္းခဲ့ေသာေၾကာင့္ပင္။

ညက်မွဒီလူမ်ားျပန္သြားၾကသည္။

ကစားသမားမ်ားကညလယ္ေခါင္ႀကီးအျပင္ခိုးထြက္သြားကာ ေနထြက္ခါနီးမွျပန္လာသည္။

လင္ခုံးလုေစာေစာနိုးလာခ်ိန္ သူတို႔၏ပင္ပန္းေနေသာအၾကည့္ကိုျမင္ေတာ့ သူတို႔ဘာမွမရခဲ့မွန္းသိလိုက္သည္။

ထိုစဥ္မေန႕ညကကြၽန္းသားတစ္ေယာက္ေသဆုံးသြားသည္ဟူေသာသတင္းေနာက္တစ္ခုေရာက္လာသည္။

အမွန္ပင္၊ ဒီတစ္ေခါက္ကလူတစ္ေယာက္ေသတာ၊ ေပ်ာက္သြားတာမ်ိဳးမဟုတ္ဘဲ ရွာေဖြေရးႏွင့္ကယ္ဆယ္ေရးအသင္းကပင္လယ္ကမ္းေျခေပၚမွာေသြးကြက္၊ က်န္ရစ္သည့္ေျခလက္မ်ားႏွင့္အဝတ္စကိုေတြ႕ခဲ့တာမို႔လို႔ပင္။

ကစားသမားမ်ား၏မ်က္ႏွာထားမွာ႐ုတ္တရက္အနည္းငယ္ဆိုးဝါးသြားရသည္။ သူတို႔ကကမ္းေျခကိုအလကားသြားခဲ့မိသည့္အလား ဒီသတင္းကသူတို႔ျပန္လာၿပီးေနာက္မွသူတို႔ဆီေရာက္လာသည္။

လင္ခုံးလုမွာေကာ္ဖီခြက္ကိုင္ထားလ်က္မ်က္ေမွာင္ၾကဳတ္မိသည္။ မေန႕ညက႐ႊီယန့္ကသူ႕အခန္းထဲမွာတစ္ညလုံးရွိေနခဲ့တာဆိုေတာ့ လူသတ္တရားခံကပင္လယ္မေကာင္းဆိုးဝါးျဖစ္နိုင္တယ္။

ဒါေပမဲ့႐ႊီယန့္ကပင္လယ္မေကာင္းဆိုးဝါးနဲ႕ဆက္စပ္ေနတာလား

----------

Continue Reading

You'll Also Like

4.6M 104K 47
The bride in black popped onto the screen and I jumped throwing my popcorn, and my arms over my face. I had buried myself behind Liam. "I thought yo...
79.7K 1.5K 11
(I do not own Tomb Raider or any of the characters) Story takes place in the Tomb Raider game from 2013.
128K 5.8K 28
!Adult/Possessive and Asshole!