ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

By Boss_want_to_eat_you

114K 23.9K 511

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.9K 373 4
By Boss_want_to_eat_you

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၁)။

လင်ခုံးလုမှာအနမ်းခံလိုက်ရလို့မသက်မသာဖြစ်သွားကာ ညည်းညူပြီးအလိုလိုငြင်းလိုက်မိသည်။

သို့သော်ရွှီယန့်အနောက်မှာနွယ်ပင်များတိတ်တိတ်လေးပေါ်လာပြီး သူ့လက်ကောက်ဝတ်ကိုရစ်ပတ်ကာ သူ့ကိုသူ့ရင်ခွင်ထဲမှာပိတ်လှောင်လိုက်သည်။ သူနိုးလာတော့မည်မှန်းရိ​ပ်မိသွားသည့်အလား တစ်ဖက်လူကလက်မြှောက်လိုက်တော့ သူ့လက်ချောင်းထိပ်များမှအစိမ်းရောင်အဖူးများပေါ်လာကာ အဝါရောင်ပန်းကလေးတစ်ပွင့်ပွင့်လန်းလာသည်။

ပန်းဖူးလေးပွင့်လာချိန်မှာ လင်ခုံးလု၏နှာဖျားပေါ်အမှုန်များကျလာသည်။

သူသူ၏နူးညံ့သောနှာခေါင်းကိုရှုံ့လိုက်ပြီး ခဏကြာတော့အိပ်ပျော်သွားပြန်သည်။

ရွှီယန့်၏မျက်လုံးများမှာနက်ရှိုင်းလို့နေကာ သူ၏အေးအေးချမ်းချမ်းအိပ်ပျော်နေသောမျက်နှာလေးကိုကြည့်ရင်း သူခါးကိုင်းကာ သူ၏မျက်ခုံး၊ နားရွက်နှင့်နူးညံ့သောနှုတ်ခမ်းကိုနမ်းလိုက်ပေမဲ့ မကျေနပ်သေးဘဲသူ့သွားကိုတွန်းဖွင့်ကာ တစ်လက်မချင်းစီစိုးမိုးလိုက်သည်။ သူဟာအရင်ကထက်ပိုမိုရဲတင်းနေပုံမှာ ထာဝရအမှတ်အသားထားခဲ့ရန်ပြင်နေသည့်အလား။

လင်ခုံးလုမှာအလွန်ပြင်းထန်စွာအနမ်းခံနေရသဖြင့်အသက်ရှူရခက်လာသည်။ သူ့နှုတ်ခမ်းများမှာနီရဲနေပြီး သူ့မျက်ဝန်းထောင့်များစိုစွတ်နေပုံမှာ လေနှင့်မိုးထဲမှာယိမ်းထိုးနေသည့်နှင်းဆီပန်းလေးပမာ။ ထိုသို့ဆိုရင်တောင် တစ်ဖက်လူကသူ့ကိုလွှတ်မပေးဘဲ သူ့ခြေကျင်းဝတ်များကိုနွယ်ပင်များနှင့်ရစ်ပတ်လိုက်ပြိး သူ့လက်ချောင်းထိပ်များကသူ၏ခါးလှိုင်းတလျှောက်ကခုန်သွားကာ သူ့ကိုမသိမသာတုန်ရီအောင်ပြုလုပ်လို့နေသည်။

ဒီအခိုက်အတန့်မှာရွှီယန့်အတွက်သူ့ရှေ့ကလူငယ်လေးကလွဲပြီးဘယ်အရာကမှပိုအရေးမကြီးပေ။ တစ်ဖက်လူကသူ့ကမ္ဘာမှာအကြာကြီးမနေသွားသဖြင့် သူ့မှာအချိန်သိပ်မရှိခဲ့ပေ....

သူသူ့ကိုတဖြည်းဖြည်းချင်းပိုမိုနူးညံ့စွာနမ်းလိုက်ပေမဲ့ သူ့မျက်နှာထားမှာတော့နာကျင်နေသည့်အလား ပိုမိုပျက်ယွင်းသထက်ပျက်ယွင်းလာချေသည်။

သူ့ရဲ့စေ့စပ်မဲ့လူစုန့်လင်ကဘာမှအရေးမပါဘူး၊ သူသူတို့ကိုအတည်မယူဘူး။ အမှောင်ထဲမှာစပိုင်လုပ်ရတာကြိုက်တယ်မလား။ ဒါဆိုသူတစ်ဖက်လူသိအောင်လုပ်ပေးလိုက်မယ်။

အနမ်းကြောင့်မောဟိုက်သွားချိန်မှာ သူမည်း​မှောင်စွာဖြင့် လေနှင့်မိုးကြောင့်ပင်ပန်းသွားသည့်သမင်လေးတစ်ကောင်ပမာသနားစရာကောင်းအောင်အနမ်းခံလိုက်ရသည့်လင်ခုံးလုကိုကြည့်လိုက်မိသည်။ သူတစ်ဖက်လူ၏မသိမသာဖူးယောင်နေသောနှုတ်ခမ်းတစ်စုံကိုသူ့လက်ချောင်းထိပ်များဖြင့်အသာဖိလိုက်မိပြီး သူ့မျက်လုံးများကမှိန်ကျသွားကာ တစ်ဖက်လူ၏လက်ကိုရုတ်ခြည်းဆုပ်ကိုင်ပြီး သူ့လည်ပင်းနှင့်ပုခုံးများကိုကုတ်ခြစ်လိုက်လေသည်။

*

နောက်တစ်နေ့လင်ခုံးလုနိုးလာတော့ သူနှင့်ရွှီယန်ကအတူဖက်အိပ်နေကြပြီး တစ်ဖက်လူ၏လက်ကသူ့ခါးပေါ်မှာရှိနေကာ သူ၏ဒဏ်ရာရထားသောခြေထောက်ဟာလည်းတစ်ဖက်လူ၏ကိုယ်ကိုခွထားမှန်းသိလိုက်ရသည်။

လင်ခုံးလု: "?"

သူအနည်းငယ်ကြက်သေသေသွားမိသည်။ တစ်ခုခုတော့မှားနေပြီ။ သူ့ခြေထောက်ရိုးကပြန်မကောင်းသေးတာမို့လှုပ်လိုက်ရင်နာတဲ့ဟာကို ဘယ်လိုလုပ်ပြီးရွှီယန့်ကိုခွလိုက်တာတုန်း?

0687: "ဆင်ဆာဖျက်လိုက်တာ၊ ငါမသိဘူး။"

လင်ခုံးလုတစ်ခုခုနားလည်သွားပုံရကာ သူ့မျက်နှာစိမ်းဖန်သွားတော့သည်။ ပိုဆိုးတာကရွှီယန့်ကသူ့ကိုမှီထားတာကိုရုတ်တရက်သဘောပေါက်သွားသည်။

မကောင်းတော့ဘူး၊ မကောင်းတော့ဘူးဟ!

သူ့စိတ်ထဲမှာအလိုအလျောက်အချက်ပေးသံတဝီဝီမြည်လာပြီး နာကျင်မှုကိုသည်းခံကာ တစ်ဖက်လူကိုယ်ပေါ်မှကျိုးထားသည့်ခြေထောက်ပိုဖယ်လိုက်ပြီးနောက် အတတ်နိုင်ဆုံးကြိုးစားကာသူ့ခါးပေါ်ကလက်များဆီမှရုန်းထွက်ပြီး တစ်ဖက်လူမနိုးလာခင်တိတ်တိတ်လေးခပ်ခွာခွာနေရန်ကြိုးစားလို​က်သည်။

သူဟမ်းစတားကဲ့သို့နည်းနည်းချင်းစီလှုပ်နေစဥ် ရွှီယန့်ကရုတ်တရက်မျက်လုံးဖွင့်ကြည့်လာပြီး သူ့မျက်ဝန်းများကသူ့အပေါ်ကျရောက်လို့နေသည်။

လင်ခုံးလု: "....." ရှက်လိုက်တာနော်။

သို့သော်သခင်လေးမှာအရူးလုပ်ခံမည့်လူတစ်ယောက်မဟုတ်ပေ။ သူဟာအမြဲတစေကျိုးကြောင်းသင့်ကာချက်ချင်းစွပ်စွဲလိုက်သည်။
"မင်းဘာလို့ငါနဲ့အတူအိပ်နေတာလဲ။ ငါမင်းကိုငါ့ဘေးမှာအိပ်ခွင့်ပေးခဲ့လို့လား။"

ရွှီယန့်၏မျက်နှာထားမသိမသာလှုပ်ခတ်သွားပေမဲ့ သူ့လေသံကပုံမှန်အတိုင်းဆိုလာသည်။
"သခင်လေး၊ မနေ့ညကသခင်လေးအိပ်ပျော်သွားပြီးနောက်မှာ ကျွန်တော့်ကိုလှမ်းဆွဲထားခဲ့တာလေ၊ ပြီးတော့...."

လင်ခုံးလုမိန်းမောသွားရပေမဲ့ခဏကြာတော့ရွှီယန့်တစ်ယောက်မျက်နှာပေါ်မှာတည်ငြိမ်နေပေမဲ့ခန္ဓာကိုယ်ကတော့တည်ငြိမ်မနေမှန်းသတိထားမိလိုက်သည်။ သူချက်ချင်းရှက်သွေးဖြာသွားရကာ ခပ်ခွာခွာနေပြီးငြင်းဆန်လိုက်သည်။ "မဖြစ်နိုင်ဘူး။"

ရွှီယန့်ကမျက်လွှာအသာချလိုက်ပြီး သူ့မျက်နှာထားမှာမည်းမှောင်နေပုံရပေမဲ့ သူခပ်မြန်မြန်ခေါင်းမော့လာပြီး သူ့ပုခုံးပေါ်ကနီရဲရဲလက်ရာများကိုလက်ညိုးထိုးကာ မျက်နှာသေဖြင့်ပြောလိုက်သည်။
"ဒါကိုကျွန်တော်ကိုယ့်ဘာသာကိုယ်လုပ်ခဲ့တာလား။"

လင်ခုံးလု: "?"

0687: "သူ့ဘာသာလုပ်ခဲ့တာ။"

လင်ခုံးလု: "??"

0687: "သူမင်းလက်ကိုကိုင်ပြီးလုပ်ခဲ့တာ။"
ဆင်ဆာပျော​က်သွားတော့ သူတစ်ချက်ခိုးကြည့်လိုက်တယ်။

လင်ခုံးလု: "?!"

"သခင်လေးကျွန်တော့်ကိုမယုံရင် သခင်လေးလက်ချောင်းတွေနဲ့တိုင်းကြည့်လို့ရတယ်။"
သူတိတ်ဆိတ်နေတာမြင်တော့ရွှီယန်ကဆိုလာပြန်သည်။

လင်ခုံးလု: "...." တအားအရှက်မမဲ့လွန်းဘူးလား။

စနစ်သာသူ့ကိုအမှန်အတိုင်းမပြောပြခဲ့ရင် သူသူ့လက်ကိုဆန့်ထုတ်ပြီးအပြစ်ရှိစိတ်ဖြင့်တိုင်းကြည့်မိလိမ့်မည်ပင်။ သူအဲ့တုန်းကအိပ်ပျော်နေခဲ့တာဆိုးတာပဲ။ သူအခုအမှန်ကိုသိရင်တောင်ဖော်ထုတ်လို့မရဘူး။

သူ့မျက်နှာထားရုတ်ခြည်းဒေါသထွက်သွားတာမြင်တော့ ရွှီယန့်ကတစ်ခုခုနားလည်သွားပုံရကာ သူ့မျက်လုံးများကအရောင်မှိန်သွားပြီး သူ့မျက်နှာထားကအနည်းငယ်ပိုအေးစ​က်သွားကာ နှုတ်ခမ်းထောင့်များကော့တက်လျက်ဆိုလာသည်။
"ကျွန်တော်သိတယ်။ သခင်လေးဝန်ခံမှာမဟုတ်ဘူး။"

လင်ခုံးလု: ...သရုပ်ဆောင်နေလိုက်၊ အဲ့မှာသရုပ်ဆောင်နေလိုက်။

"သခင်လေးသာဆို'နှလုံးသားမဲ့ပြီးတော့တာဝန်မယူတာမျိုးမလုပ်ဘူး'လို့ သခင်လေးမနေ့ညကပြောခဲ့တယ်လေ။ ဒီတိုင်းပြောလိုက်တာဖြစ်နေတာပဲ။ သခင်လေးကပျင်းစရာကောင်းတဲ့ညတစ်ညကိုဖြတ်သန်းဖို့တစ်ယောက်​ယောက်ကိုရှာပြီးတော့ ဇာတ်လမ်းကိုနားထောင်ပြီးကရုဏာသက်ခဲ့ရုံလေးတင်ပဲဆိုပေမဲ့ ကျွန်တော်ကအထင်လွဲပြီးတော့ အတည်...."

သူ့​လေသံမှာကိုယ့်ကိုယ်ကိုအပြစ်တင်နေပြီး "ကျွန်တော်အဲ့လိုမလုပ်ခဲ့သင့်ဘူး"ဟုစကားတိုင်းမှာဆိုနေပေမဲ့ စကားတိုင်းကတော့"သခင်လေးကစရှုပ်ခဲ့တာ"ဟုစွပ်စွဲနေပုံပင်။

လင်ခုံးလု: ...ဒါကလက်ဖက်စိမ်းလား။

သူစောင်ကိုအလျင်စလိုဆွဲကာသူ၏နီရဲနေသောမျက်နှာကိုအုပ်လိုက်ပြီး အိပ်ရာပေါ်မှာကွေးကာ ဗလုံးဗထွေးအသံဖြင့်ပြောလိုက်သည်။
"တော် တော်တော့၊ ငါအရင်ဆုံးစိတ်အေးအေးထားပါရစေအုံး။"

ရွှီယန့်နှုတ်ခမ်းထောင့်များကိုအသာကော့ကာတိတ်တိတ်လေးပြုံးလိုက်ပေမဲ့ အထီးကျန်စွာပြောလာသည်။
"ဟုတ်ကဲ့။"

ထိုသို့ပြောပြီးနောက် သူဘောလုံးလေးအဖြစ်ကွေးနေသည့်လင်ခုံးလုကိုအကြာကြီးစိုက်ကြည့်နေပြီးမှထရပ်ကာအဝတ်အစားဝတ်လိုက်သည်။

လင်ခုံးလုစောင်ထဲမှာပုန်းနေပြီး လှုပ်ရှားသံကြားတော့ ခပ်မြန်မြန်နားစွင့်လိုက်သည်။

တံခါးပိတ်သွားသံကြားလိုက်ရချိန်မှသာသူခေါင်းလေးပြူထွက်ပြီး သက်ပြင်းရှည်ကြီးချလိုက်မိပေမဲ့ နောက်တော့ရုတ်ခြည်းရှော့ခ်ရသွားသည်။
"သူဘာလို့တံခါးကနေထွက်သွားတာတုန်း?"

*

ရွှီယန့်မှာလာတုန်းကခိုးကြောင်ခိုးဝှက်ဆိုပေမဲ့ ပြန်တော့ပေါ်တင်ကြီးပင်။

တိုင်ဖွန်း၏မျက်လုံးဖြတ်သွားပြီးနောက် မုန်တိုင်းစထန်လာပြန်သည်။ မနက်၇နာရီ၈နာရီရှိပြီဆိုသော်ငြား ကောင်းကင်မှာမှောင်နေတုန်းပင်။

ပထမထပ်ကဧည့်ခန်းမှာလင်းထိန်နေပြီး ကစားသမားများအကုန်လုံးကအောက်ထပ်မှာရောက်နေကြကာ အိမ်တော်ထိန်းကသူတို့အတွက်ကော်ဖီငှဲ့ပေးနေသည်။

ရွှီယန့်တစ်​ယောက်ချောမောသောမျက်နှာတစ်ခြမ်းမှာပျင်းရိပျင်းတွဲအကြည့်နှင့်သူ့လည်တိုင်ဘေးမှာသံသယဖြစ်ဖွယ်အနီမှတ်အနည်းငယ်နှင့်အတူ တတိယထပ်ကဆင်းလာတာမြင်တော့ လူတိုင်းမှင်သက်သွားကြသည်။ အိမ်တော်ထိန်းမှာအံ့သြထိတ်လန့်သွားကာ စားပွဲပေါ်ကိုကော်ဖီများလောင်းချမိသွားသည်။

ရွှီယန့်သူတို့ကိုဖျတ်ခနဲတစ်ချက်လှမ်းကြည့်ပြီး မျက်တောင်ပင့်လိုက်ကာ နှုတ်ဆက်စကားပြောဖို့ပင်စိတ်ဝင်စားပုံမရ။

ကစားသမားများမှာသူ့အရှိန်အဝါကြောင့်တောင့်တင်းသွားသည်။ ဟွမ်ကျားဝမ်တစ်ယောက်ကော်ဖီခွက်ကိုင်ထားသည့်လက်တုန်သွားကာတွေးလိုက်မိသည်: သူကဥယျာဥ်မှူးတကယ်ရောဟုတ်ရဲ့လား။ ဒီအရှိန်အဝါနဲ့ဆို သူကသခင်လေးကိုရဲတိုက်ထဲမှာအကျဥ်းချထားတဲ့မြို့စားလို့ပြောတာချဲ့ကားနေတာမဟုတ်ဘူး။

ဟင်? မဟုတ်သေးပါဘူး၊ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိတဲ့ဥက္ကဌနဲ့မယ်ရီစူးများလား။

ရွှီယန့်ကမကျေမနပ်ဖြစ်သွားပုံမှာ သူသခင်လေးအခန်းထဲကအခုပဲထွက်လာတာကိုသူများသိသွားမှာစိုးသည့်အလား၊ သူကကြမ်းပြင်ပေါ်ကော်ဖီလောင်းချမတတ်ဖြစ်သွားသည့်အိမ်တော်ထိန်းကိုကြည့်ကာ သူ့နှုတ်ခမ်းပါးများကိုအသာဖွင့်လိုက်သည်။
"မစ္စတာရှပူးအာ၊ သခင်လေးစိတ်အခြေအနေမကောင်းဘူး၊ ခဏနေရင်မနက်စာပြင်ပေးပါ၊ ကျွန်တော်သူ့ဆီသွားပို့လိုက်မယ်။"

"ခလွမ်း!"

အိမ်တော်ထိန်းလက်ထဲကကော်ဖီအိုးလွတ်ကျသွားကာခေါင်းငြိမ့်လာသည်။
"အာ၊ အေးပါ။"

သူအသိပြန်ဝင်လာတော့ ကော်ဖီအကုန်လုံးစားပွဲပေါ်မှောက်ကျနေပြီမှန်းသဘောပေါက်သွားကာ သူ့မျက်နှာရုတ်ခြည်းဆိုးဝါးသွားပြီး သူခပ်မြန်မြန်အဝတ်စုတ်ယူကာသုတ်ပစ်လိုက်သည်။

ရွှီယန့်ကသူတို့ကိုတစ်ချက်ထပ်ကြည့်လာပြီးဘာမှမဆိုဘဲလှည့်ထွက်သွားတော့သည်။

ကစားသမားများမှာရုတ်ခြည်းတစ်​ယောက်ကိုတစ်ယောက်ကြည့်မိသည်။ ဘာဖြစ်ကုန်တာလဲ။ ဥယျာဥ်မှူးကဗြုန်းစားကြီးအာဏာရလာပြီးတော့ သခင်လေးနဲ့အတူရှိသွားတာလား။

ကြည့်ရတာတော့မနေ့ညသခင်လေးအခန်းထဲကလူကဥယျာဥ်မှူးဖြစ်တဲ့ပုံပဲနော်? ဥယျာဥ်မှူးရော၊ သခင်လေးရောကချန်ပေါ်ကိုတိုက်ရိုက်တိုက်ခိုက်ဖို့အချိန်ရှိမှာမဟုတ်ဘူး။ သခင်လေးသွေးထိုးတာခံရနိုင်တဲ့တစ်ယောက်ထဲသောသူက....

လူတိုင်းမနေနိုင်ဘဲအိမ်တော်ထိန်းကိုလှည့်ကြည့်လိုက်မိသည်။

အိမ်တော်ထိန်း: "?"

"အဟမ်း။" ယွမ်ရှီးချွမ်းသူ့ကိုကူကာ လူတိုင်းကိုတအားသိသာအောင်မလုပ်သင့်ကြောင်းအရိပ်ပြလိုက်သည်။

သို့သော်ကျိချင်းချင်းကပိုမိုတည့်တိုးဆန်ကာတည့်တိုးမေးလိုက်သည်။
"မစ္စတာရှပူးအာ၊ ကျွန်မမှတ်မိသလောက်ကတော့ သခင်လေးမှာစေ့စပ်ထားသူရှိလားလို့?"

"အာ၊ သူကကျွန်တော့်သခင်လေးနဲ့စေ့စပ်တော့မှာပါ။"
အိမ်တော်ထိန်းကအလျင်စလိုခေါင်းငြိမ့်သည်။

"ဒါဆိုသူနဲ့မစ္စတာရွှီ...."
ဝမ်ရန်မှာကျိချင်းချင်း၏မေးခွန်းကတအားတည့်တိုးဆန်သွားမှာစိုးသဖြင့် သူမစပ်စုချင်ယောင်ဆောင်ကာစကားပြောလိုက်သည်။

"အာ၊ ဒီ၊ သခင်လေးကစိတ်ပူစရာမလိုဘူးပြော...."
အိမ်တော်ထိန်းမှာအလိုလိုပြောလိုက်မိသည်။ ပြောပြီးနောက်သူသူ့ပါးစပ်သူဖြတ်ရိုက်ပစ်ချင်သွားသည်။ သူအဲ့လိုအရာမျိုးကိုဘာလို့ပြောလိုက်မိတာတုန်း?

လူတိုင်း၏နှုတ်ခမ်းများမသိမသာတွမ့်သွားကာတွေးလိုက်မိသည်။ ဒီစေ့စပ်မဲ့သူကတကယ်ထူးဆန်းတာပဲ။ သူကဖောက်ပြန်ခံရမှာကိုတောင်အရေးမစိုက်ဘူး။

ဒါပေမဲ့ဒါဖြစ်နိုင်တယ်လား။ သူတော်စင်ကြီးလား။ ဖောက်ပြန်ခံချင်တဲ့အကြိုက်ရှိနေတာလား။

ကစားသမားများမှာတော်တော်လေးမယုံမကြည်ဖြစ်မိသည်။ ဆင်ခြေရှာကာအခန်းထဲပြန်ပြီးနောက် သူတို့အတူစုကာထပ်ဆွေးနွေးလိုက်သည်။

ကောယွိ: "ကျွန်တော့်အထင် အိမ်တော်ထိန်းကလိမ်နေတာဖြစ်မယ်။ စေ့စပ်မဲ့သူကအဲ့အကြောင်းမသိလောက်ဘူး။ အိမ်တော်ထိန်းကသခင်လေးအတွက်ဖုံးထားပေးတာပဲ။"

"ဒီလိုသာဆိုရင် အိမ်တော်ထိန်းကသခင်လေးအပေါ်သစ္စာရှိတာပဲ။ ချန်ပေါ်ကိုသူသတ်လိုက်တာဖြစ်ဖို့များတယ်။"

"ဟုတ်တယ်။" ယွမ်ရှီးချွမ်းကဆိုသည်။
"ရဲတိုက်ကကျွန်းမှာဂုဏ်ကျက်သရေပဲ။ ဒီလိုမျိုးတစ်ခုခုဖြစ်သွားရင် လူတိုင်းကသူတို့ဆီအရင်သွားမှာပဲ။ အိမ်တော်ထိန်းသာဆို အလွယ်လေးပိတ်မိသွားမှာ။ ပြီးတော့မနေ့ကမနက်ကတိုင်ဖွန်းမလာသေးတာကို ဘာလို့အချက်ပြစနစ်ကမရှိရတာလဲ။ တစ်ယောက်ယောက်ကကျွန်းပေါ်ကအခြေစိုက်စခန်းကိုတစ်ခုခုလုပ်ထားတာဖြစ်နိုင်တယ်။"

"အဲ့တစ်ယောက်ကအိမ်တော်ထိန်းပဲ၊ ဒါကြောင့်သူရဲခေါ်ရဲတာလေ။"
ကောယွိကနိဂုံးချုပ်သည်။

"ပြီးတော့ချန်ပေါ်ကသခင်လေးကိုနေ့ခင်းတုန်းကသူ့စကားလုံးနဲ့သူ့ခြေလက်တွေနဲ့မရိုမသေလုပ်ခဲ့တာ။ ညကျ​တော့သူ့လက်ရိုးတွေချေမွခံရပြီးတော့သူ့လျှာပါအဖြတ်ခံလိုက်ရတယ်။ သခင်လေးအတွက်လက်တုံ့ပြန်ခဲ့တာဖြစ်နိုင်တယ်။"
ဝမ်ရန်ကလက်ခုပ်တီးသည်။

"တစ်ခုခုတော့မှားနေတယ်။"
သူတို့စကားကိုနားထောင်နေသည့်ယန်ဖုန်းကရုတ်တရက်ဆိုလာသည်။
"ဒီကောက်ချက်အရဆို သခင်လေးဥယျာဥ်မှူးကိုပထမဆုံးအကြိမ်နှင်းဆီပန်းရေခိုင်းတုန်းက သူကကွင်းဆက်လူသတ်သမားအတွက်အလီဘိုင်တစ်ခုဖန်တီးပေးလိုက်တာပဲ၊ ဒါပေမဲ့အဲ့တုန်းကချန်ပေါ်သူ့ကိုစိတ်ဆိုးအောင်မလုပ်ရသေးဘူး။"

လူတိုင်းဒါကိုကြားတော့ သူတို့ဒီအချက်ကိုမေ့နေမှန်းသတိရသွားကာ ချက်ချင်းအတွေးထဲနစ်သွားရပြန်သည်။

အချိန်အတော်ကြာသွားပြီးမှ ယွမ်ရှီးချွမ်းကရွှေကိုင်းမျက်မှန်ကိုပင့်တင်ကာရုတ်တရက်ဆိုလာသည်။
"အင်း၊ မင်းတို့အထင် သခင်လေးက.....မိစ္ဆာနတ်ဘုရားဖြစ်နိုင်မလား။"

လူတိုင်း: "???"

"ဘယ်လိုထင်လဲသိလား။ သခင်လေးကသုံးရက်တောင်မရှင်နိုင်တဲ့အမြှောက်စာဇာတ်ကောင်လေးဆိုတော့ သူကကျွန်းပေါ်မှာပထမဆုံးသေမဲ့တစ်ယောက်လို့ဆိုလိုတာပဲ။ သူကသူ့ရဲ့သေဆုံးမှုကိုအတုလုပ်ပြီးတော့ ဖြစ်ရပ်တွေနောက်ကွယ်မှာပုန်းကွယ်ပြီး လူစသတ်တာလား?"

"ဒီတစ်ခေါက်ချန်ပေါ်ကသူ့ကိုစိတ်ဆိုးအောင်လုပ်ခဲ့တယ်။ ဒါကြောင့်သူကကြိုပြီးတော့လူစသတ်တာလား။ ပြီးတော့'ဇာတ်ကောင်ကထိခိုက်မဲ့ပုံပေါ်လေလေ BOSSဖြစ်ဖို့များလေလေပဲ'ဆိုတဲ့တည်ဆောက်ပုံကလည်းဂိမ်းရဲ့ပုံမှန်စရိုက်နဲ့တူနေတယ်။"

ယွမ်ရှီးချွမ်းကရှင်းလင်းစွာကောက်ချက်ချသည်။

ယန်ဖုန်းကမျက်မှောင်ကြုတ်ကာမေးခွန်းထပ်ထုတ်သည်။
"သူသာမိစ္ဆာနတ်ဘုရားဆို အရင်ကကောက်ချက်ကပိုလို့တောင်ကျိုးကြောင်းမသင့်ဘူး။ မိစ္ဆာနတ်ဘုရားကလူသတ်ဖို့အဲ့လောက်ကြိုးစားအားထုတ်စရာလိုလို့လား။ ရဲခေါ်လိုက်မှာမကြောက်ဘူးလား။"

"ဒါ...." ယွမ်ရှီးချွမ်းကမျက်မှောင်ကြုတ်ပြီး တစ်ခဏနေမှပြောလာသည်။
"ဟုတ်တယ်၊ ငါခန့်မှန်းမိတာနောက်တစ်ခုရှိတယ်။ မိစ္ဆာနတ်ဘုရားကကနဦးအဆင့်မှာလုံလောက်အောင်မသန်မာလို့ လူသတ်ဖို့သူ့ခွန်အားကိုသုံးဖို့လိုတာဖြစ်နိုင်မလား။ ငါ့အထင်အိမ်တော်ထိန်းကစေ့စပ်မဲ့သူရဲ့ငယ်သားဖြစ်ပါရက်နဲ့ သူကသခင်လေးအပေါ်ဒီလောက်သစ္စာရှိနေရတာလဲ။"

"သခင်လေးကသူ့ကိုစိတ်ညှို့လိုက်တာဖြစ်မယ်။"
ဝမ်ရန်ကသူ့စကားနောက်လိုက်ကာမစဥ်းစားဘဲဆိုသည်။

"အင်း။" ယွမ်ရှီးချွမ်းကခေါင်းငြိမ့်ကာဆိုလေသည်။
"ပြီးတော့လမ်းညွှန်ပြောတာက မိစ္ဆာနတ်ဘုရားကနဦးအဆင့်မှာတစ်နေ့ကိုလူတစ်ယောက်ပဲသတ်တယ်တဲ့၊ နောက်ပိုင်းအဆင့်ကျမှစိတ်တိုင်းကျသတ်တာ။ ငါခန့်မှန်းမိတာနောက်တစ်ခုရှိတယ်။ မိစ္ဆာနတ်ဘုရားကကနဦးအဆင့်မှာအားမနည်းရုံတင်မကဘဲ သူ့ခွန်အားကိုတိုးမြှင့်ဖို့ လူသတ်နေတာဖြစ်မယ်။ လူသတ်လေလေ ခွန်အားပိုသန်မာလာလေလေပဲ။"

"အဲ့ဒါကြောင့်သူကနဦးအဆင့်မှာအချိန်ယူပြီးတော့ နောက်ပိုင်းအဆင့်မှာရုတ်တရက်စိတ်တိုင်းကျလူသတ်တာပဲ။"
ကောယွိကနိဂုံးချု​ပ်သည်။

"ဟုတ်တယ်။"
ယွမ်ရှီးချွမ်းကခေါင်းငြိမ့်သည်။

ကောယွီ: "ဒါဆိုကျွန်တော်တို့တွေသခင်လေးကိုစမ်းသပ်ကြည့်သင့်လား။"

သူပြောရင်း သူ့မျက်လုံးများကလူတွေကြားမှာဝေ့ဝဲသွားကာ နောက်ဆုံးဟွမ်ကျားဝမ်ပေါ်မှာကျရောက်သွားပြီး သူရုတ်တရက်ပြုံးကာပြောလိုက်သည်။
"ညီမလေးကျားဝမ်၊ မင်းသွားစမ်းကြည့်ရင်ကော?"

ဟွမ်ကျားဝမ်မိန်းမောသွားကာသူမကိုယ်သူမလက်ညိုးထိုးပြီးမေးမိသည်။
"ကျွန်မ?"

"ဟုတ်တယ်၊ မင်းကအန္တရာယ်ကင်းပုံပေါက်တော့အနားကပ်သွားကပ်ဖို့အကောင်းဆုံးပဲ။"
ကောယွိကတောက်ပစွာပြုံးကာထောက်ပြပြောဆိုလာသည်။
"ပြီးတော့ကိုယ်တို့ဆွေးနွေးနေတာကို မင်းတို့လူသစ်တွေက...."

အဓိပ္ပါယ်မှာလူသစ်တွေကလည်းတစ်ခုခုလုပ်သင့်တယ်မလား။

ဒါကိုကြားတော့ကုန်းဝေမှာအလိုလိုကျုံ့ဝင်ကာသူ၏တည်ရှိမှုကိုလျှော့ချရန်ကြိုးစားလိုက်သည်။

ဟွမ်ကျားဝမ်ကတော့သိပ်မတွေးပေမဲ့ ဥယျာဥ်မှူးကလွဲရင် သခင်လေးကလူတိုင်းနှင့်နည်းနည်းခပ်ခွာခွာနေပြီး အနားကပ်ရမလွယ်လောက်ဘူးဟုခံစားလိုက်ရသဖြင့် တုံ့ဆိုင်းကာပြောမိသည်။
"ဒါဆိုကျွန်မစမ်းကြည့်...."

"မလိုဘူး၊ ငါသွားမယ်။"
သူမပြီးအောင််မပြောရသေးခင် ကျိချင်းချင်းကဖြတ်ပြောလာသည်။

"ငါသွားမယ်။"
ယန်ဖုန်းကတစ်ချိန်တည်း၌ပြောလာပြီးနောက်ကောယွီကိုတစ်ချက်ကြည့်လိုက်သည်။

ကောယွိကသူ့နှာခေါင်းသူထိကာထူးဆန်းစွာပြုံးလိုက်သည်။

ဟွမ်ကျားဝမ်မှာဇဝေဇဝါဖြစ်သွားရပေမဲ့ ယွမ်ရှီးချွမ်းကသူတို့ကိုအတွေးနစ်စွာကြည့်လို့နေသည်။

အဆုံးမှာတော့လူတိုင်းကယန်ဖုန်းပြောတာနားထောင်ပြီးသူ့ကိုသွားခိုင်းလိုက်သည်။

သို့သော်ယန်ဖုန်း၏မျက်ဝန်းထဲကလေးနက်မှုမှာမပျောက်သွားပေ။ လူတိုင်းလူစုခွဲသွားကြချိန် သူရုတ်တရက်ကောယွိကိုဘေးအခန်းဆွဲခေါ်သွားကာ တံခါးကိုတင်းတင်းပိတ်ပြီး အေးစက်စက်ပြောလိုက်သည်။
"ဟွမ်ကျားဝမ်ကလူသစ်ပဲ။ သခင်လေးကသာမိစ္ဆာနတ်ဘုရားဆို သူမတစ်ခုခုဖြစ်သွားနိုင်တယ်ဆိုတာမင်းတွေးကြည့်ခဲ့ဖူးလား။"

ကောယွိကခပ်မြန်မြန်တောင်းပန်လာသည်။
"တောင်းပန်ပါတယ်၊ ချန်ကော။ ကျွန်တော်အတွေးတိမ်သွားတာပါ၊ ဒါပေမဲ့သူမကပိုပြီးသင့်တော်တယ်လို့ကျွန်တော်ရိုးရိုးလေးတွေးလိုက်မိရုံပါပဲ။"

"ရိုးရိုးလေး?" ယန်ဖုန်းလှောင်ပြုံးပြုံးသည်။
"ချန်ပေါ်သခင်လေးကိုရန်သွားစတုန်းကလည်း မင်းစိတ်လှုပ်ရှားနေခဲ့တယ်မလား။ သူ့စိတ်ဓာတ်ကမကောင်းပေမဲ့သူကအနည်းဆုံးတော့အကျဥ်းတိုက်တွေအများကြီးကိုဖြတ်ကျော်ပြီးသွားပြီ၊ ဒီတော့သူရောက်တာနဲ့ဒုတိယရက်မှာအမှားလုပ်ရလောက်အောင်သူစိတ်မရှည်ဖြစ်မှာမဟုတ်ဘူး။"

ကောယွိကချက်ချင်းမျက်လုံးများပြူးကျယ်ကာမယုံကြည်နိုင်ဟန်ဆိုလာသည်။
"ဖုန်းကော၊ ဘာလို့အဲ့လိုတွေးရတာလဲ။ ကျွန်တော်အဲ့နေ့ကသခင်လေးကိုရန်မစဖို့သူ့ကိုပြောခဲ့တာ၊ ဒါပေမဲ့သူကနားမထောင်ခဲ့ဘူးလေ။"

ယန်ဖုန်းကအေးစက်စက်ဆိုသည်။
"ချန်ပေါ်ကတကယ်သေဖို့ထိုက်တန်တာမို့လို့ ငါအရင်တစ်ခေါက်ကဘာမှမပြောခဲ့တာ၊ ဒါပေမဲ့ဒီတစ်ခေါက်ကတော့.....မင်းသိသင့်တယ်၊ ဂိမ်းထဲမှာအတားမြစ်ထားဆုံးအရာကမင်းနောက်ကျောကိုဓားနဲ့ထိုးမဲ့ကစားသမားကိုပဲ။"

ကောယွိ၏မျက်နှာအနည်းငယ်ရုပ်ဆိုးသွားကာသူကဖျစ်ညှစ်ပြုံးပြီးဆိုလာသည်။
"ဖုန်းကော၊ ကောတကယ်အတွေးလွန်နေပြီ၊ ကျွန်တော်သေချာပေါက်အဲ့လိုမရည်ရွယ်ပါဘူး။"

"ကောင်းတယ်။"
ယန်ဖုန်း၏မျက်လုံးများကသတိပေးမှုတစ်စွန်းတစဖော်ပြလိုက်ပြီး ထို့နောက်လှည့်ထွက်သွားသည်။

*

မွန်းတည့်ချိန်မှာလင်ခုံးလုအောက်ထပ်ဆင်းလာတော့ ကျွန်းပေါ်မှာမိုးရွာမရပ်သေးဘဲကောင်းကင်မှာမှောင်မည်းနေတုန်းပင်။

ဒီအချိန်မှာလေနှင့်မိုးကအလွန်ပြင်းထန်နေသဖြင့် နှင်းဆီဥယျာဥ်ထဲကနှင်းဆီများအတော်လေးကြွေကျသွားလောက်ပြီ။ အရှေ့မုခ်ဝအောက်ကနှင်းဆီများမှာအဆင်ပြေပေမဲ့လေပြင်းကြောင့်အနည်းငယ်တုန်ရီနေပြီး ပွင့်ဖတ်များကြွေကျကုန်သည်။

လင်ခုံးလုပြတင်းပေါက်ရှေ့မှာထိုင်ကာအဆာပြေမုန့်တချို့စားနေရင်းတွေးလိုက်မိသည်: ရွှီယန်ဘာသွားနေပြန်ပြီလဲ။

ယန်ဖုန်းအောက်ထပ်ဆင်းလာတော့သူပြတင်းပေါက်ဘေးမှာထိုင်နေတာမြင်သွားကာ သူ့ကိုစမ်းသပ်မည့်သူ့အကြံကိုတွေးမိသွားပြီး မနေနိုင်ဘဲရှေ့တိုးကာနှုတ်ဆက်လိုက်သည်။
"ကောင်းသောနေ့လယ်ခင်းပါ၊ မစ္စတာလင်။"

"အာ၊ နိ​ဟောင်။"
လင်ခုံးလုရုတ်ခြည်းအသိပြန်ဝင်လာသည်။

ယန်ဖုန်းသူ့အကြည့်နောက်လိုက်ကြည့်မိတော့မုခ်ဝကနှင်းဆီများကိုမြင်သွားကာထပ်မေးလိုက်သည်။
"နှင်းဆီပန်းလိုချင်လို့လား။"

လင်ခုံးလု: "အာ? ဟုတ်တယ်။" အဓိကကနှင်းဆီပန်းကိုဂရုစိုက်ရမဲ့လူဘယ်ရောက်သွားလဲသိချင်နေတာရယ်။

ဒါပေမဲ့ဒီကစားသမားကဘာလို့ရုတ်တရက်ကြီးသူ့ကိုစကားလာ​ပြောတာပါလိမ့်?

ယန်ဖုန်း၏ကြုတ်ထားသောမျက်ခုံးများမသိမသာပြေလျော့သွားကာသူကနောက်ဆုံးမှာအနားကပ်ဖို့ဆင်​ခြေရသွားပုံပေါ်ပြီး ပြောလိုက်သည်။
"ဒါဆိုကျွန်တော်မင်းအတွက်နည်းနည်းလောက်ဖြတ်ပေးရမလား။"

ထိုသို့ပြောပြီးနောက် လင်ခုံးလု၏တုံ့ပြန်မှုကိုမစောင့်ဘဲ သူကတ်ကြေးကိုကောက်ကိုင်ကာအပြင်ထွက်သွားလေသည်။

လင်ခုံးလု: "?"

သူကော်ရစ်ဒါကိုရောက်သွားချိန် ယန်ဖုန်းကအပြည့်အဝပွင့်လန်းနေပြီး လေနှင့်မိုးကြောင့်မပျက်စီးသွားသည့်နှင်းဆီအနည်းငယ်ကိုရွေးကာကလစ်ခနဲညှပ်ပစ်လိုက်သည်။

သို့သော်လည်း နှစ်ပွင့်ဖြတ်ပြီးနောက် မုခ်ဝနောက်မှာပုံရိပ်တစ်ခုရုတ်တရက်ပေါ်လာသည်။ သူကသူ့ကတ်ကြေးကိုလှမ်းဆွဲကာသြရှရှအသံဖြင့်မေးလာသည်။
"အဲ့ဒါဘာလုပ်နေတာလဲ။"

ယန်ဖုန်းတန့်သွားကာမော့ကြည့်လိုက်တော့ဥယျာဥ်မှူးကိုမြင်လိုက်ရသည်။

တစ်ဖက်လူမှာချောမောသောပုံရိပ်ရှိပေမဲ့သူ့မျက်ခုံးထဲမှာမည်းမှောင်မှုအနည်းငယ်ရှိလို့နေသည်။ သူဟာသူ့လက်ထဲကနှင်းဆီပန်းကိုစိုက်ကြည့်နေပြီး ကတ်ကြေးကိုကိုင်ထားသည့်လက်မှာအလွန်သန်မာလှသည်။

ယန်ဖုန်းမှာဖော်ပြမရအောင်ရှက်သွားရပေမဲ့သူကမျက်နှာသေဖြင့်ပေမို့ ရှင်းပြရာမှာမျက်နှာသေနှင့်ပင်။
"သခင်လေးအတွက်နှင်းဆီတချို့လာကူဖြတ်ပေးတာ။"

ရွှီယန်၏မျက်လုံးများမှာပိုမိုအေးစက်လာပြီး သူရုတ်တရက်ပန်းကိုင်းများကိုနောက်လက်တစ်ဖက်ဖြင့်ဆွဲကိုင်ကာ မျက်နှာသေဖြင့်မေးလိုက်သည်။
"သူမင်းကိုဖြတ်ခိုင်းတာလား။"

___

Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၁၁)။

လင္ခုံးလုမွာအနမ္းခံလိုက္ရလို႔မသက္မသာျဖစ္သြားကာ ညည္းၫူၿပီးအလိုလိုျငင္းလိုက္မိသည္။

သို႔ေသာ္႐ႊီယန့္အေနာက္မွာႏြယ္ပင္မ်ားတိတ္တိတ္ေလးေပၚဘလာၿပီး သူ႕လက္ေကာက္ဝတ္ကိုရစ္ပတ္ကာ သူ႕ကိုသူ႕ရင္ခြင္ထဲမွာပိတ္ေလွာင္လိုက္သည္။ သူနိုးလာေတာ့မည္မွန္းရိပ္မိသြားသည့္အလား တစ္ဖက္လူကလက္ျမႇောက္လိုက္ေတာ့ သူ႕လက္ေခ်ာင္းထိပ္မ်ားမွအစိမ္းေရာင္အဖူးမ်ားေပၚလာကာ အဝါေရာင္ပန္းကေလးတစ္ပြင့္ပြင့္လန္းလာသည္။

ပန္းဖူးေလးပြင့္လာခ်ိန္မွာ လင္ခုံးလု၏ႏွာဖ်ားေပၚအမႈန္မ်ားက်လာသည္။

သူသူ၏ႏူးညံ့ေသာႏွာေခါင္းကိုရႈံ႕လိုက္ၿပီး ခဏၾကာေတာ့အိပ္ေပ်ာ္သြားျပန္သည္။

႐ႊီယန့္၏မ်က္လုံးမ်ားမွာနက္ရွိုင္းလို႔ေနကာ သူ၏ေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္ေနေသာမ်က္ႏွာေလးကိုၾကည့္ရင္း သူခါးကိုင္းကာ သူ၏မ်က္ခုံး၊ နား႐ြက္ႏွင့္ႏူးညံ့ေသာႏႈတ္ခမ္းကိုနမ္းလိုက္ေပမဲ့ မေက်နပ္ေသးဘဲသူ႕သြားကိုတြန္းဖြင့္ကာ တစ္လက္မခ်င္းစီစိုးမိုးလိုက္သည္။ သူဟာအရင္ကထက္ပိုမိုရဲတင္းေနပုံမွာ ထာဝရအမွတ္အသားထားခဲ့ရန္ျပင္ေနသည့္အလား။

လင္ခုံးလုမွာအလြန္ျပင္းထန္စြာအနမ္းခံေနရသျဖင့္အသက္ရႉရခက္လာသည္။ သူ႕ႏႈတ္ခမ္းမ်ားမွာနီရဲေနၿပီး သူ႕မ်က္ဝန္းေထာင့္မ်ားစိုစြတ္ေနပုံမွာ ေလႏွင့္မိုးထဲမွာယိမ္းထိုးေနသည့္ႏွင္းဆီပန္းေလးပမာ။ ထိုသို႔ဆိုရင္ေတာင္ တစ္ဖက္လူကသူ႕ကိုလႊတ္မေပးဘဲ သူ႕ေျခက်င္းဝတ္မ်ားကိုႏြယ္ပင္မ်ားႏွင့္ရစ္ပတ္လိုက္ၿပိး သူ႕လက္ေခ်ာင္းထိပ္မ်ားကသူ၏ခါးလွိုင္းတေလွ်ာက္ကခုန္သြားကာ သူ႕ကိုမသိမသာတုန္ရီေအာင္ျပဳလုပ္လို႔ေနသည္။

ဒီအခိုက္အတန့္မွာ႐ႊီယန့္အတြက္သူ႕ေရွ႕ကလူငယ္ေလးကလြဲၿပီးဘယ္အရာကမွပိုအေရးမႀကီးေပ။ တစ္ဖက္လူကသူ႕ကမၻာမွာအၾကာႀကီးမေနသြားသျဖင့္ သူ႕မွာအခ်ိန္သိပ္မရွိခဲ့ေပ....

သူသူ႕ကိုတျဖည္းျဖည္းခ်င္းပိုမိုႏူးညံ့စြာနမ္းလိုက္ေပမဲ့ သူ႕မ်က္ႏွာထားမွာေတာ့နာက်င္ေနသည့္အလား ပိုမိုပ်က္ယြင္းသထက္ပ်က္ယြင္းလာေခ်သည္။

သူ႕ရဲ႕ေစ့စပ္မဲ့လူစုန့္လင္ကဘာမွအေရးမပါဘူး၊ သူသူတို႔ကိုအတည္မယူဘူး။ အေမွာင္ထဲမွာစပိုင္လုပ္ရတာႀကိဳက္တယ္မလား။ ဒါဆိုသူတစ္ဖက္လူသိေအာင္လုပ္ေပးလိုက္မယ္။

အနမ္းေၾကာင့္ေမာဟိုက္သြားခ်ိန္မွာ သူမည္းေမွာင္စြာျဖင့္ ေလႏွင့္မိုးေၾကာင့္ပင္ပန္းသြားသည့္သမင္ေလးတစ္ေကာင္ပမာသနားစရာေကာင္းေအာင္အနမ္းခံလိုက္ရသည့္လင္ခုံးလုကိုၾကည့္လိုက္မိသည္။ သူတစ္ဖက္လူ၏မသိမသာဖူးေယာင္ေနေသာႏႈတ္ခမ္းတစ္စုံကိုသူ႕လက္ေခ်ာင္းထိပ္မ်ားျဖင့္အသာဖိလိုက္မိၿပီး သူ႕မ်က္လုံးမ်ားကမွိန္က်သြားကာ တစ္ဖက္လူ၏လက္ကို႐ုတ္ျခည္းဆုပ္ကိုင္ၿပီး သူ႕လည္ပင္းႏွင့္ပုခုံးမ်ားကိုကုတ္ျခစ္လိုက္ေလသည္။

*

ေနာက္တစ္ေန႕လင္ခုံးလုနိုးလာေတာ့ သူႏွင့္႐ႊီယန္ကအတူဖက္အိပ္ေနၾကၿပီး တစ္ဖက္လူ၏လက္ကသူ႕ခါးေပၚမွာရွိေနကာ သူ၏ဒဏ္ရာရထားေသာေျခေထာက္ဟာလည္းတစ္ဖက္လူ၏ကိုယ္ကိုခြထားမွန္းသိလိုက္ရသည္။

လင္ခုံးလု: "?"

သူအနည္းငယ္ၾကက္ေသေသသြားမိသည္။ တစ္ခုခုေတာ့မွားေနၿပီ။ သူ႕ေျခေထာက္ရိုးကျပန္မေကာင္းေသးတာမို႔လႈပ္လိုက္ရင္နာတဲ့ဟာကို ဘယ္လိုလုပ္ၿပီး႐ႊီယန့္ကိုခြလိုက္တာတုန္း?

0687: "ဆင္ဆာဖ်က္လိုက္တာ၊ ငါမသိဘူး။"

လင္ခုံးလုတစ္ခုခုနားလည္သြားပုံရကာ သူ႕မ်က္ႏွာစိမ္းဖန္သြားေတာ့သည္။ ပိုဆိုးတာက႐ႊီယန့္ကသူ႕ကိုမွီထားတာကို႐ုတ္တရက္သေဘာေပါက္သြားသည္။

မေကာင္းေတာ့ဘူး၊ မေကာင္းေတာ့ဘူးဟ!

သူ႕စိတ္ထဲမွာအလိုအေလ်ာက္အခ်က္ေပးသံတဝီဝီျမည္လာၿပီး နာက်င္မႈကိုသည္းခံကာ တစ္ဖက္လူကိုယ္ေပၚမွက်ိဳးထားသည့္ေျခေထာက္ပိုဖယ္လိုက္ၿပီးေနာက္ အတတ္နိုင္ဆုံးႀကိဳးစားကာသူ႕ခါးေပၚကလက္မ်ားဆီမွ႐ုန္းထြက္ၿပီး တစ္ဖက္လူမနိုးလာခင္တိတ္တိတ္ေလးခပ္ခြာခြာေနရန္ႀကိဳးစားလိုက္သည္။

သူဟမ္းစတားကဲ့သို႔နည္းနည္းခ်င္းစီလႈပ္ေနစဥ္ ႐ႊီယန့္က႐ုတ္တရက္မ်က္လုံးဖြင့္ၾကည့္လာၿပီး သူ႕မ်က္ဝန္းမ်ားကသူ႕အေပၚက်ေရာက္လို႔ေနသည္။

လင္ခုံးလု: "....." ရွက္လိုက္တာေနာ္။

သို႔ေသာ္သခင္ေလးမွာအ႐ူးလုပ္ခံမည့္လူတစ္ေယာက္မဟုတ္ေပ။ သူဟာအၿမဲတေစက်ိဳးေၾကာင္းသင့္ကာခ်က္ခ်င္းစြပ္စြဲလိုက္သည္။
"မင္းဘာလို႔ငါနဲ႕အတူအိပ္ေနတာလဲ။ ငါမင္းကိုငါ့ေဘးမွာအိပ္ခြင့္ေပးခဲ့လို႔လား။"

႐ႊီယန့္၏မ်က္ႏွာထားမသိမသာလႈပ္ခတ္သြားေပမဲ့ သူ႕ေလသံကပုံမွန္အတိုင္းဆိုလာသည္။
"သခင္ေလး၊ မေန႕ညကသခင္ေလးအိပ္ေပ်ာ္သြားၿပီးေနာက္မွာ ကြၽန္ေတာ့္ကိုလွမ္းဆြဲထားခဲ့တာေလ၊ ၿပီးေတာ့...."

လင္ခုံးလုမိန္းေမာသြားရေပမဲ့ခဏၾကာေတာ့႐ႊီယန့္တစ္ေယာက္မ်က္ႏွာေပၚမွာတည္ၿငိမ္ေနေပမဲ့ခႏၶာကိုယ္ကေတာ့တည္ၿငိမ္မေနမွန္းသတိထားမိလိုက္သည္။ သူခ်က္ခ်င္းရွက္ေသြးျဖာသြားရကာ ခပ္ခြာခြာေနၿပီးျငင္းဆန္လိုက္သည္။ "မျဖစ္နိုင္ဘူး။"

႐ႊီယန့္ကမ်က္လႊာအသာခ်လိဳက္ၿပီး သူ႕မ်က္ႏွာထားမွာမည္းေမွာင္ေနပုံရေပမဲ့ သူခပ္ျမန္ျမန္ေခါင္းေမာ့လာၿပီး သူ႕ပုခုံးေပၚကနီရဲရဲလက္ရာမ်ားကိုလက္ညိုးထိုးကာ မ်က္ႏွာေသျဖင့္ေျပာလိုက္သည္။
"ဒါကိုကြၽန္ေတာ္ကိုယ့္ဘာသာကိုယ္လုပ္ခဲ့တာလား။"

လင္ခုံးလု: "?"

0687: "သူ႕ဘာသာလုပ္ခဲ့တာ။"

လင္ခုံးလု: "??"

0687: "သူမင္းလက္ကိုကိုင္ၿပီးလုပ္ခဲ့တာ။"
ဆင္ဆာေပ်ာက္သြားေတာ့ သူတစ္ခ်က္ခိုးၾကည့္လိုက္တယ္။

လင္ခုံးလု: "?!"

"သခင္ေလးကြၽန္ေတာ့္ကိုမယုံရင္ သခင္ေလးလက္ေခ်ာင္းေတြနဲ႕တိုင္းၾကည့္လို႔ရတယ္။"
သူတိတ္ဆိတ္ေနတာျမင္ေတာ့႐ႊီယန္ကဆိုလာျပန္သည္။

လင္ခုံးလု: "...." တအားအရွက္မမဲ့လြန္းဘူးလား။

စနစ္သာသူ႕ကိုအမွန္အတိုင္းမေျပာျပခဲ့ရင္ သူသူ႕လက္ကိုဆန့္ထုတ္ၿပီးအျပစ္ရွိစိတ္ျဖင့္တိုင္းၾကည့္မိလိမ့္မည္ပင္။ သူအဲ့တုန္းကအိပ္ေပ်ာ္ေနခဲ့တာဆိုးတာပဲ။ သူအခုအမွန္ကိုသိရင္ေတာင္ေဖာ္ထုတ္လို႔မရဘူး။

သူ႕မ်က္ႏွာထား႐ုတ္ျခည္းေဒါသထြက္သြားတာျမင္ေတာ့ ႐ႊီယန့္ကတစ္ခုခုနားလည္သြားပုံရကာ သူ႕မ်က္လုံးမ်ားကအေရာင္မွိန္သြားၿပီး သူ႕မ်က္ႏွာထားကအနည္းငယ္ပိုေအးစက္သြားကာ ႏႈတ္ခမ္းေထာင့္မ်ားေကာ့တက္လ်က္ဆိုလာသည္။
"ကြၽန္ေတာ္သိတယ္။ သခင္ေလးဝန္ခံမွာမဟုတ္ဘူး။"

လင္ခုံးလု: ...သ႐ုပ္ေဆာင္ေနလိုက္၊ အဲ့မွာသ႐ုပ္ေဆာင္ေနလိုက္။

"သခင္ေလးသာဆို'ႏွလုံးသားမဲ့ၿပီးေတာ့တာဝန္မယူတာမ်ိဳးမလုပ္ဘူး'လို႔ သခင္ေလးမေန႕ညကေျပာခဲ့တယ္ေလ။ ဒီတိုင္းေျပာလိုက္တာျဖစ္ေနတာပဲ။ သခင္ေလးကပ်င္းစရာေကာင္းတဲ့ညတစ္ညကိုျဖတ္သန္းဖို႔တစ္ေယာက္ေယာက္ကိုရွာၿပီးေတာ့ ဇာတ္လမ္းကိုနားေထာင္ၿပီးက႐ုဏာသက္ခဲ့႐ုံေလးတင္ပဲဆိုေပမဲ့ ကြၽန္ေတာ္ကအထင္လြဲၿပီးေတာ့ အတည္...."

သူ႕ေလသံမွာကိုယ့္ကိုယ္ကိုအျပစ္တင္ေနၿပီး "ကြၽန္ေတာ္အဲ့လိုမလုပ္ခဲ့သင့္ဘူး"ဟုစကားတိုင္းမွာဆိုေနေပမဲ့ စကားတိုင္းကေတာ့"သခင္ေလးကစရႈပ္ခဲ့တာ"ဟုစြပ္စြဲေနပုံပင္။

လင္ခုံးလု: ...ဒါကလက္ဖက္စိမ္းလား။

သူေစာင္ကိုအလ်င္စလိုဆြဲကာသူ၏နီရဲေနေသာမ်က္ႏွာကိုအုပ္လိုက္ၿပီး အိပ္ရာေပၚမွာေကြးကာ ဗလုံးဗေထြးအသံျဖင့္ေျပာလိုက္သည္။
"ေတာ္ ေတာ္ေတာ့၊ ငါအရင္ဆုံးစိတ္ေအးေအးထားပါရေစအုံး။"

႐ႊီယန့္ႏႈတ္ခမ္းေထာင့္မ်ားကိုအသာေကာ့ကာတိတ္တိတ္ေလးၿပဳံးလိုက္ေပမဲ့ အထီးက်န္စြာေျပာလာသည္။
"ဟုတ္ကဲ့။"

ထိုသို႔ေျပာၿပီးေနာက္ သူေဘာလုံးေလးအျဖစ္ေကြးေနသည့္လင္ခုံးလုကိုအၾကာႀကီးစိုက္ၾကည့္ေနၿပီးမွထရပ္ကာအဝတ္အစားဝတ္လိုက္သည္။

လင္ခုံးလုေစာင္ထဲမွာပုန္းေနၿပီး လႈပ္ရွားသံၾကားေတာ့ ခပ္ျမန္ျမန္နားစြင့္လိုက္သည္။

တံခါးပိတ္သြားသံၾကားလိုက္ရခ်ိန္မွသာသူေခါင္းေလးျပဴထြက္ၿပီး သက္ျပင္းရွည္ႀကီးခ်လိဳက္မိေပမဲ့ ေနာက္ေတာ့႐ုတ္ျခည္းေရွာ့ခ္ရသြားသည္။
"သူဘာလို႔တံခါးကေနထြက္သြားတာတုန္း?"

*

႐ႊီယန့္မွာလာတုန္းကခိုးေၾကာင္ခိုးဝွက္ဆိုေပမဲ့ ျပန္ေတာ့ေပၚတင္ႀကီးပင္။

တိုင္ဖြန္း၏မ်က္လုံးျဖတ္သြားၿပီးေနာက္ မုန္တိုင္းစထန္လာျပန္သည္။ မနက္၇နာရီ၈နာရီရွိၿပီဆိုေသာ္ျငား ေကာင္းကင္မွာေမွာင္ေနတုန္းပင္။

ပထမထပ္ကဧည့္ခန္းမွာလင္းထိန္ေနၿပီး ကစားသမားမ်ားအကုန္လုံးကေအာက္ထပ္မွာေရာက္ေနၾကကာ အိမ္ေတာ္ထိန္းကသူတို႔အတြက္ေကာ္ဖီငွဲ႕ေပးေနသည္။

႐ႊီယန့္တစ္ေယာက္ေခ်ာေမာေသာမ်က္ႏွာတစ္ျခမ္းမွာပ်င္းရိပ်င္းတြဲအၾကည့္ႏွင့္သူ႕လည္တိုင္ေဘးမွာသံသယျဖစ္ဖြယ္အနီမွတ္အနည္းငယ္ႏွင့္အတူ တတိယထပ္ကဆင္းလာတာျမင္ေတာ့ လူတိုင္းမွင္သက္သြားၾကသည္။ အိမ္ေတာ္ထိန္းမွာအံ့ၾသထိတ္လန့္သြားကာ စားပြဲေပၚကိုေကာ္ဖီမ်ားေလာင္းခ်မိသြားသည္။

႐ႊီယန့္သူတို႔ကိုဖ်တ္ခနဲတစ္ခ်က္လွမ္းၾကည့္ၿပီး မ်က္ေတာင္ပင့္လိုက္ကာ ႏႈတ္ဆက္စကားေျပာဖို႔ပင္စိတ္ဝင္စားပုံမရ။

ကစားသမားမ်ားမွာသူ႕အရွိန္အဝါေၾကာင့္ေတာင့္တင္းသြားသည္။ ဟြမ္က်ားဝမ္တစ္ေယာက္ေကာ္ဖီခြက္ကိုင္ထားသည့္လက္တုန္သြားကာေတြးလိုက္မိသည္: သူကဥယ်ာဥ္မႉးတကယ္ေရာဟုတ္ရဲ႕လား။ ဒီအရွိန္အဝါနဲ႕ဆို သူကသခင္ေလးကိုရဲတိုက္ထဲမွာအက်ဥ္းခ်ထားတဲ့ၿမိဳ႕စားလို႔ေျပာတာခ်ဲ့ကားေနတာမဟုတ္ဘူး။

ဟင္? မဟုတ္ေသးပါဘူး၊ လႊမ္းမိုးခ်ဳပ္ကိုင္နိုင္စြမ္းရွိတဲ့ဥကၠဌနဲ႕မယ္ရီစူးမ်ားလား။

႐ႊီယန့္ကမေက်မနပ္ျဖစ္သြားပုံမွာ သူသခင္ေလးအခန္းထဲကအခုပဲထြက္လာတာကိုသူမ်ားသိသြားမွာစိုးသည့္အလား၊ သူကၾကမ္းျပင္ေပၚေကာ္ဖီေလာင္းခ်မတတ္ျဖစ္သြားသည့္အိမ္ေတာ္ထိန္းကိုၾကည့္ကာ သူ႕ႏႈတ္ခမ္းပါးမ်ားကိုအသာဖြင့္လိုက္သည္။
"မစၥတာရွပူးအာ၊ သခင္ေလးစိတ္အေျခအေနမေကာင္းဘူး၊ ခဏေနရင္မနက္စာျပင္ေပးပါ၊ ကြၽန္ေတာ္သူ႕ဆီသြားပို႔လိုက္မယ္။"

"ခလြမ္း!"

အိမ္ေတာ္ထိန္းလက္ထဲကေကာ္ဖီအိုးလြတ္က်သြားကာေခါင္းၿငိမ့္လာသည္။
"အာ၊ ေအးပါ။"

သူအသိျပန္ဝင္လာေတာ့ ေကာ္ဖီအကုန္လုံးစားပြဲေပၚေမွာက္က်ေနၿပီမွန္းသေဘာေပါက္သြားကာ သူ႕မ်က္ႏွာ႐ုတ္ျခည္းဆိုးဝါးသြားၿပီး သူခပ္ျမန္ျမန္အဝတ္စုတ္ယူကာသုတ္ပစ္လိုက္သည္။

႐ႊီယန့္ကသူတို႔ကိုတစ္ခ်က္ထပ္ၾကည့္လာၿပီးဘာမွမဆိုဘဲလွည့္ထြက္သြားေတာ့သည္။

ကစားသမားမ်ားမွာ႐ုတ္ျခည္းတစ္ေယာက္ကိုတစ္ေယာက္ၾကည့္မိသည္။ ဘာျဖစ္ကုန္တာလဲ။ ဥယ်ာဥ္မႉးကျဗဳန္းစားႀကီးအာဏာရလာၿပီးေတာ့ သခင္ေလးနဲ႕အတူရွိသြားတာလား။

ၾကည့္ရတာေတာ့မေန႕ညသခင္ေလးအခန္းထဲကလူကဥယ်ာဥ္မႉးျဖစ္တဲ့ပုံပဲေနာ္? ဥယ်ာဥ္မႉးေရာ၊ သခင္ေလးေရာကခ်န္ေပၚကိုတိုက္ရိုက္တိုက္ခိုက္ဖို႔အခ်ိန္ရွိမွာမဟုတ္ဘူး။ သခင္ေလးေသြးထိုးတာခံရနိုင္တဲ့တစ္ေယာက္ထဲေသာသူက....

လူတိုင္းမေနနိုင္ဘဲအိမ္ေတာ္ထိန္းကိုလွည့္ၾကည့္လိုက္မိသည္။

အိမ္ေတာ္ထိန္း: "?"

"အဟမ္း။" ယြမ္ရွီးခြၽမ္းသူ႕ကိုကူကာ လူတိုင္းကိုတအားသိသာေအာင္မလုပ္သင့္ေၾကာင္းအရိပ္ျပလိုက္သည္။

သို႔ေသာ္က်ိခ်င္းခ်င္းကပိုမိုတည့္တိုးဆန္ကာတည့္တိုးေမးလိုက္သည္။
"မစၥတာရွပူးအာ၊ ကြၽန္မမွတ္မိသေလာက္ကေတာ့ သခင္ေလးမွာေစ့စပ္ထားသူရွိလားလို႔?"

"အာ၊ သူကကြၽန္ေတာ့္သခင္ေလးနဲ႕ေစ့စပ္ေတာ့မွာပါ။"
အိမ္ေတာ္ထိန္းကအလ်င္စလိုေခါင္းၿငိမ့္သည္။

"ဒါဆိုသူနဲ႕မစၥတာ႐ႊီ...."
ဝမ္ရန္မွာက်ိခ်င္းခ်င္း၏ေမးခြန္းကတအားတည့္တိုးဆန္သြားမွာစိုးသျဖင့္ သူမစပ္စုခ်င္ေယာင္ေဆာင္ကာစကားေျပာလိုက္သည္။

"အာ၊ ဒီ၊ သခင္ေလးကစိတ္ပူစရာမလိုဘူးေျပာ...."
အိမ္ေတာ္ထိန္းမွာအလိုလိုေျပာလိုက္မိသည္။ ေျပာၿပီးေနာက္သူသူ႕ပါးစပ္သူျဖတ္ရိုက္ပစ္ခ်င္သြားသည္။ သူအဲ့လိုအရာမ်ိဳးကိုဘာလို႔ေျပာလိုက္မိတာတုန္း?

လူတိုင္း၏ႏႈတ္ခမ္းမ်ားမသိမသာတြမ့္သြားကာေတြးလိုက္မိသည္။ ဒီေစ့စပ္မဲ့သူကတကယ္ထူးဆန္းတာပဲ။ သူကေဖာက္ျပန္ခံရမွာကိုေတာင္အေရးမစိုက္ဘူး။

ဒါေပမဲ့ဒါျဖစ္နိုင္တယ္လား။ သူေတာ္စင္ႀကီးလား။ ေဖာက္ျပန္ခံခ်င္တဲ့အႀကိဳက္ရွိေနတာလား။

ကစားသမားမ်ားမွာေတာ္ေတာ္ေလးမယုံမၾကည္ျဖစ္မိသည္။ ဆင္ေျခရွာကာအခန္းထဲျပန္ၿပီးေနာက္ သူတို႔အတူစုကာထပ္ေဆြးႏြေးလိုက္သည္။

ေကာယြိ: "ကြၽန္ေတာ့္အထင္ အိမ္ေတာ္ထိန္းကလိမ္ေနတာျဖစ္မယ္။ ေစ့စပ္မဲ့သူကအဲ့အေၾကာင္းမသိေလာက္ဘူး။ အိမ္ေတာ္ထိန္းကသခင္ေလးအတြက္ဖုံးထားေပးတာပဲ။"

"ဒီလိုသာဆိုရင္ အိမ္ေတာ္ထိန္းကသခင္ေလးအေပၚသစၥာရွိတာပဲ။ ခ်န္ေပၚကိုသူသတ္လိုက္တာျဖစ္ဖို႔မ်ားတယ္။"

"ဟုတ္တယ္။" ယြမ္ရွီးခြၽမ္းကဆိုသည္။
"ရဲတိုက္ကကြၽန္းမွာဂုဏ္က်က္သေရပဲ။ ဒီလိုမ်ိဳးတစ္ခုခုျဖစ္သြားရင္ လူတိုင္းကသူတို႔ဆီအရင္သြားမွာပဲ။ အိမ္ေတာ္ထိန္းသာဆို အလြယ္ေလးပိတ္မိသြားမွာ။ ၿပီးေတာ့မေန႕ကမနက္ကတိုင္ဖြန္းမလာေသးတာကို ဘာလို႔အခ်က္ျပစနစ္ကမရွိရတာလဲ။ တစ္ေယာက္ေယာက္ကကြၽန္းေပၚကအေျခစိုက္စခန္းကိုတစ္ခုခုလုပ္ထားတာျဖစ္နိုင္တယ္။"

"အဲ့တစ္ေယာက္ကအိမ္ေတာ္ထိန္းပဲ၊ ဒါေၾကာင့္သူရဲေခၚရဲတာေလ။"
ေကာယြိကနိဂုံးခ်ဳပ္သည္။

"ၿပီးေတာ့ခ်န္ေပၚကသခင္ေလးကိုေန႕ခင္းတုန္းကသူ႕စကားလုံးနဲ႕သူ႕ေျခလက္ေတြနဲ႕မရိုမေသလုပ္ခဲ့တာ။ ညက်ေတာ့သူ႕လက္ရိုးေတြေခ်မြခံရၿပီးေတာ့သူ႕လွ်ာပါအျဖတ္ခံလိုက္ရတယ္။ သခင္ေလးအတြက္လက္တုံ႕ျပန္ခဲ့တာျဖစ္နိုင္တယ္။"
ဝမ္ရန္ကလက္ခုပ္တီးသည္။

"တစ္ခုခုေတာ့မွားေနတယ္။"
သူတို႔စကားကိုနားေထာင္ေနသည့္ယန္ဖုန္းက႐ုတ္တရက္ဆိုလာသည္။
"ဒီေကာက္ခ်က္အရဆို သခင္ေလးဥယ်ာဥ္မႉးကိုပထမဆုံးအႀကိမ္ႏွင္းဆီပန္းေရခိုင္းတုန္းက သူကကြင္းဆက္လူသတ္သမားအတြက္အလီဘိုင္တစ္ခုဖန္တီးေပးလိုက္တာပဲ၊ ဒါေပမဲ့အဲ့တုန္းကခ်န္ေပၚသူ႕ကိုစိတ္ဆိုးေအာင္မလုပ္ရေသးဘူး။"

လူတိုင္းဒါကိုၾကားေတာ့ သူတို႔ဒီအခ်က္ကိုေမ့ေနမွန္းသတိရသြားကာ ခ်က္ခ်င္းအေတြးထဲနစ္သြားရျပန္သည္။

အခ်ိန္အေတာ္ၾကာသြားၿပီးမွ ယြမ္ရွီးခြၽမ္းကေ႐ႊကိုင္းမ်က္မွန္ကိုပင့္တင္ကာ႐ုတ္တရက္ဆိုလာသည္။
"အင္း၊ မင္းတို႔အထင္ သခင္ေလးက.....မိစ္ဆာနတ္ဘုရားျဖစ္နိုင္မလား။"

လူတိုင္း: "???"

"ဘယ္လိုထင္လဲသိလား။ သခင္ေလးကသုံးရက္ေတာင္မရွင္နိုင္တဲ့အျမႇောက္စာဇာတ္ေကာင္ေလးဆိုေတာ့ သူကကြၽန္းေပၚမွာပထမဆုံးေသမဲ့တစ္ေယာက္လို႔ဆိုလိုတာပဲ။ သူကသူ႕ရဲ႕ေသဆုံးမႈကိုအတုလုပ္ၿပီးေတာ့ ျဖစ္ရပ္ေတြေနာက္ကြယ္မွာပုန္းကြယ္ၿပီး လူစသတ္တာလား?"

"ဒီတစ္ေခါက္ခ်န္ေပၚကသူ႕ကိုစိတ္ဆိုးေအာင္လုပ္ခဲ့တယ္။ ဒါေၾကာင့္သူကႀကိဳၿပီးေတာ့လူစသတ္တာလား။ ၿပီးေတာ့'ဇာတ္ေကာင္ကထိခိုက္မဲ့ပုံေပၚေလေလ BOSSျဖစ္ဖို႔မ်ားေလေလပဲ'ဆိုတဲ့တည္ေဆာက္ပုံကလည္းဂိမ္းရဲ႕ပုံမွန္စရိုက္နဲ႕တူေနတယ္။"

ယြမ္ရွီးခြၽမ္းကရွင္းလင္းစြာေကာက္ခ်က္ခ်သည္။

ယန္ဖုန္းကမ်က္ေမွာင္ၾကဳတ္ကာေမးခြန္းထပ္ထုတ္သည္။
"သူသာမိစ္ဆာနတ္ဘုရားဆို အရင္ကေကာက္ခ်က္ကပိုလို႔ေတာင္က်ိဳးေၾကာင္းမသင့္ဘူး။ မိစ္ဆာနတ္ဘုရားကလူသတ္ဖို႔အဲ့ေလာက္ႀကိဳးစားအားထုတ္စရာလိုလို႔လား။ ရဲေခၚလိုက္မွာမေၾကာက္ဘူးလား။"

"ဒါ...." ယြမ္ရွီးခြၽမ္းကမ်က္ေမွာင္ၾကဳတ္ၿပီး တစ္ခဏေနမွေျပာလာသည္။
"ဟုတ္တယ္၊ ငါခန့္မွန္းမိတာေနာက္တစ္ခုရွိတယ္။ မိစ္ဆာနတ္ဘုရားကကနဦးအဆင့္မွာလုံေလာက္ေအာင္မသန္မာလို႔ လူသတ္ဖို႔သူ႕ခြန္အားကိုသုံးဖို႔လိုတာျဖစ္နိုင္မလား။ ငါ့အထင္အိမ္ေတာ္ထိန္းကေစ့စပ္မဲ့သူရဲ႕ငယ္သားျဖစ္ပါရက္နဲ႕ သူကသခင္ေလးအေပၚဒီေလာက္သစၥာရွိေနရတာလဲ။"

"သခင္ေလးကသူ႕ကိုစိတ္ညွို႔လိုက္တာျဖစ္မယ္။"
ဝမ္ရန္ကသူ႕စကားေနာက္လိုက္ကာမစဥ္းစားဘဲဆိုသည္။

"အင္း။" ယြမ္ရွီးခြၽမ္းကေခါင္းၿငိမ့္ကာဆိုေလသည္။
"ၿပီးေတာ့လမ္းၫႊန္ေျပာတာက မိစ္ဆာနတ္ဘုရားကနဦးအဆင့္မွာတစ္ေန႕ကိုလူတစ္ေယာက္ပဲသတ္တယ္တဲ့၊ ေနာက္ပိုင္းအဆင့္က်မွစိတ္တိုင္းက်သတ္တာ။ ငါခန့္မွန္းမိတာေနာက္တစ္ခုရွိတယ္။ မိစ္ဆာနတ္ဘုရားကကနဦးအဆင့္မွာအားမနည္း႐ုံတင္မကဘဲ သူ႕ခြန္အားကိုတိုးျမႇင့္ဖို႔ လူသတ္ေနတာျဖစ္မယ္။ လူသတ္ေလေလ ခြန္အားပိုသန္မာလာေလေလပဲ။"

"အဲ့ဒါေၾကာင့္သူကနဦးအဆင့္မွာအခ်ိန္ယူၿပီးေတာ့ ေနာက္ပိုင္းအဆင့္မွာ႐ုတ္တရက္စိတ္တိုင္းက်လဴသတ္တာပဲ။"
ေကာယြိကနိဂုံးခ်ဳပ္သည္။

"ဟုတ္တယ္။"
ယြမ္ရွီးခြၽမ္းကေခါင္းၿငိမ့္သည္။

ေကာယြီ: "ဒါဆိုကြၽန္ေတာ္တို႔ေတြသခင္ေလးကိုစမ္းသပ္ၾကည့္သင့္လား။"

သူေျပာရင္း သူ႕မ်က္လုံးမ်ားကလူေတြၾကားမွာေဝ့ဝဲသြားကာ ေနာက္ဆုံးဟြမ္က်ားဝမ္ေပၚမွာက်ေရာက္သြားၿပီး သူ႐ုတ္တရက္ၿပဳံးကာေျပာလိုက္သည္။
"ညီမေလးက်ားဝမ္၊ မင္းသြားစမ္းၾကည့္ရင္ေကာ?"

ဟြမ္က်ားဝမ္မိန္းေမာသြားကာသူမကိုယ္သူမလက္ညိုးထိုးၿပီးေမးမိသည္။
"ကြၽန္မ?"

"ဟုတ္တယ္၊ မင္းကအႏၱရာယ္ကင္းပုံေပါက္ေတာ့အနားကပ္သြားကပ္ဖို႔အေကာင္းဆုံးပဲ။"
ေကာယြိကေတာက္ပစြာၿပဳံးကာေထာက္ျပေျပာဆိုလာသည္။
"ၿပီးေတာ့ကိုယ္တို႔ေဆြးႏြေးေနတာကို မင္းတို႔လူသစ္ေတြက...."

အဓိပ္ပါယ်မှာလူသစ်တွေကလည်းတစ်ခုခုလုပ်သင့်တယ်မလား။

ဒါကိုၾကားေတာ့ကုန္းေဝမွာအလိုလိုက်ဳံ႕ဝင္ကာသူ၏တည္ရွိမႈကိုေလွ်ာ့ခ်ရန္ႀကိဳးစားလိုက္သည္။

ဟြမ္က်ားဝမ္ကေတာ့သိပ္မေတြးေပမဲ့ ဥယ်ာဥ္မႉးကလြဲရင္ သခင္ေလးကလူတိုင္းႏွင့္နည္းနည္းခပ္ခြာခြာေနၿပီး အနားကပ္ရမလြယ္ေလာက္ဘူးဟုခံစားလိုက္ရသျဖင့္ တုံ႕ဆိုင္းကာေျပာမိသည္။
"ဒါဆိုကြၽန္မစမ္းၾကည့္...."

"မလိုဘူး၊ ငါသြားမယ္။"
သူမၿပီးေအာင္္မေျပာရေသးခင္ က်ိခ်င္းခ်င္းကျဖတ္ေျပာလာသည္။

"ငါသြားမယ္။"
ယန္ဖုန္းကတစ္ခ်ိန္တည္း၌ေျပာလာၿပီးေနာက္ေကာယြီကိုတစ္ခ်က္ၾကည့္လိုက္သည္။

ေကာယြိကသူ႕ႏွာေခါင္းသူထိကာထူးဆန္းစြာၿပဳံးလိုက္သည္။

ဟြမ္က်ားဝမ္မွာဇေဝဇဝါျဖစ္သြားရေပမဲ့ ယြမ္ရွီးခြၽမ္းကသူတို႔ကိုအေတြးနစ္စြာၾကည့္လို႔ေနသည္။

အဆုံးမွာေတာ့လူတိုင္းကယန္ဖုန္းေျပာတာနားေထာင္ၿပီးသူ႕ကိုသြားခိုင္းလိုက္သည္။

သို႔ေသာ္ယန္ဖုန္း၏မ်က္ဝန္းထဲကေလးနက္မႈမွာမေပ်ာက္သြားေပ။ လူတိုင္းလူစုခြဲသြားၾကခ်ိန္ သူ႐ုတ္တရက္ေကာယြိကိုေဘးအခန္းဆြဲေခၚသြားကာ တံခါးကိုတင္းတင္းပိတ္ၿပီး ေအးစက္စက္ေျပာလိုက္သည္။
"ဟြမ္က်ားဝမ္ကလူသစ္ပဲ။ သခင္ေလးကသာမိစ္ဆာနတ္ဘုရားဆို သူမတစ္ခုခုျဖစ္သြားနိုင္တယ္ဆိုတာမင္းေတြးၾကည့္ခဲ့ဖူးလား။"

ေကာယြိကခပ္ျမန္ျမန္ေတာင္းပန္လာသည္။
"ေတာင္းပန္ပါတယ္၊ ခ်န္ေကာ။ ကြၽန္ေတာ္အေတြးတိမ္သြားတာပါ၊ ဒါေပမဲ့သူမကပိုၿပီးသင့္ေတာ္တယ္လို႔ကြၽန္ေတာ္ရိုးရိုးေလးေတြးလိုက္မိ႐ုံပါပဲ။"

"ရိုးရိုးေလး?" ယန္ဖုန္းေလွာင္ၿပဳံးၿပဳံးသည္။
"ခ်န္ေပၚသခင္ေလးကိုရန္သြားစတုန္းကလည္း မင္းစိတ္လႈပ္ရွားေနခဲ့တယ္မလား။ သူ႕စိတ္ဓာတ္ကမေကာင္းေပမဲ့သူကအနည္းဆုံးေတာ့အက်ဥ္းတိုက္ေတြအမ်ားႀကီးကိုျဖတ္ေက်ာ္ၿပီးသြားၿပီ၊ ဒီေတာ့သူေရာက္တာနဲ႕ဒုတိယရက္မွာအမွားလုပ္ရေလာက္ေအာင္သူစိတ္မရွည္ျဖစ္မွာမဟုတ္ဘူး။"

ေကာယြိကခ်က္ခ်င္းမ်က္လုံးမ်ားျပဴးက်ယ္ကာမယုံၾကည္နိုင္ဟန္ဆိုလာသည္။
"ဖုန္းေကာ၊ ဘာလို႔အဲ့လိုေတြးရတာလဲ။ ကြၽန္ေတာ္အဲ့ေန႕ကသခင္ေလးကိုရန္မစဖို႔သူ႕ကိုေျပာခဲ့တာ၊ ဒါေပမဲ့သူကနားမေထာင္ခဲ့ဘူးေလ။"

ယန္ဖုန္းကေအးစက္စက္ဆိုသည္။
"ခ်န္ေပၚကတကယ္ေသဖို႔ထိုက္တန္တာမို႔လို႔ ငါအရင္တစ္ေခါက္ကဘာမွမေျပာခဲ့တာ၊ ဒါေပမဲ့ဒီတစ္ေခါက္ကေတာ့.....မင္းသိသင့္တယ္၊ ဂိမ္းထဲမွာအတားျမစ္ထားဆုံးအရာကမင္းေနာက္ေက်ာကိုဓားနဲ႕ထိုးမဲ့ကစားသမားကိုပဲ။"

ေကာယြိ၏မ်က္ႏွာအနည္းငယ္႐ုပ္ဆိုးသြားကာသူကဖ်စ္ညွစ္ၿပဳံးၿပီးဆိုလာသည္။
"ဖုန္းေကာ၊ ေကာတကယ္အေတြးလြန္ေနၿပီ၊ ကြၽန္ေတာ္ေသခ်ာေပါက္အဲ့လိုမရည္႐ြယ္ပါဘူး။"

"ေကာင္းတယ္။"
ယန္ဖုန္း၏မ်က္လုံးမ်ားကသတိေပးမႈတစ္စြန္းတစေဖာ္ျပလိုက္ၿပီး ထို႔ေနာက္လွည့္ထြက္သြားသည္။

*

မြန္းတည့္ခ်ိန္မွာလင္ခုံးလုေအာက္ထပ္ဆင္းလာေတာ့ ကြၽန္းေပၚမွာမိုး႐ြာမရပ္ေသးဘဲေကာင္းကင္မွာေမွာင္မည္းေနတုန္းပင္။

ဒီအခ်ိန္မွာေလႏွင့္မိုးကအလြန္ျပင္းထန္ေနသျဖင့္ ႏွင္းဆီဥယ်ာဥ္ထဲကႏွင္းဆီမ်ားအေတာ္ေလးေႂကြက်သြားေလာက္ၿပီ။ အေရွ႕မုခ္ဝေအာက္ကႏွင္းဆီမ်ားမွာအဆင္ေျပေပမဲ့ေလျပင္းေၾကာင့္အနည္းငယ္တုန္ရီေနၿပီး ပြင့္ဖတ္မ်ားေႂကြက်ကဳန္သည္။

လင္ခုံးလုျပတင္းေပါက္ေရွ႕မွာထိုင္ကာအဆာေျပမုန့္တခ်ိဳ႕စားေနရင္းေတြးလိုက္မိသည္: ႐ႊီယန္ဘာသြားေနျပန္ၿပီလဲ။

ယန္ဖုန္းေအာက္ထပ္ဆင္းလာေတာ့သူျပတင္းေပါက္ေဘးမွာထိုင္ေနတာျမင္သြားကာ သူ႕ကိုစမ္းသပ္မည့္သူ႕အႀကံကိုေတြးမိသြားၿပီး မေနနိုင္ဘဲေရွ႕တိုးကာႏႈတ္ဆက္လိုက္သည္။
"ေကာင္းေသာေန႕လယ္ခင္းပါ၊ မစၥတာလင္။"

"အာ၊ နိေဟာင္။"
လင္ခုံးလု႐ုတ္ျခည္းအသိျပန္ဝင္လာသည္။

ယန္ဖုန္းသူ႕အၾကည့္ေနာက္လိုက္ၾကည့္မိေတာ့မုခ္ဝကႏွင္းဆီမ်ားကိုျမင္သြားကာထပ္ေမးလိုက္သည္။
"ႏွင္းဆီပန္းလိုခ်င္လို႔လား။"

လင္ခုံးလု: "အာ? ဟုတ္တယ္။" အဓိကကႏွင္းဆီပန္းကိုဂ႐ုစိုက္ရမဲ့လူဘယ္ေရာက္သြားလဲသိခ်င္ေနတာရယ္။

ဒါေပမဲ့ဒီကစားသမားကဘာလို႔႐ုတ္တရက္ႀကီးသူ႕ကိုစကားလာေျပာတာပါလိမ့္?

ယန္ဖုန္း၏ၾကဳတ္ထားေသာမ်က္ခုံးမ်ားမသိမသာေျပေလ်ာ့သြားကာသူကေနာက္ဆုံးမွာအနားကပ္ဖို႔ဆင္ေျခရသြားပုံေပၚၿပီး ေျပာလိုက္သည္။
"ဒါဆိုကြၽန္ေတာ္မင္းအတြက္နည္းနည္းေလာက္ျဖတ္ေပးရမလား။"

ထိုသို႔ေျပာၿပီးေနာက္ လင္ခုံးလု၏တုံ႕ျပန္မႈကိုမေစာင့္ဘဲ သူကတ္ေၾကးကိုေကာက္ကိုင္ကာအျပင္ထြက္သြားေလသည္။

လင္ခုံးလု: "?"

သူေကာ္ရစ္ဒါကိုေရာက္သြားခ်ိန္ ယန္ဖုန္းကအျပည့္အဝပြင့္လန္းေနၿပီး ေလႏွင့္မိုးေၾကာင့္မပ်က္စီးသြားသည့္ႏွင္းဆီအနည္းငယ္ကိုေ႐ြးကာကလစ္ခနဲညွပ္ပစ္လိုက္သည္။

သို႔ေသာ္လည္း ႏွစ္ပြင့္ျဖတ္ၿပီးေနာက္ မုခ္ဝေနာက္မွာပုံရိပ္တစ္ခု႐ုတ္တရက္ေပၚလာသည္။ သူကသူ႕ကတ္ေၾကးကိုလွမ္းဆြဲကာၾသရွရွအသံျဖင့္ေမးလာသည္။
"အဲ့ဒါဘာလုပ္ေနတာလဲ။"

ယန္ဖုန္းတန့္သြားကာေမာ့ၾကည့္လိုက္ေတာ့ဥယ်ာဥ္မႉးကိုျမင္လိုက္ရသည္။

တစ္ဖက္လူမွာေခ်ာေမာေသာပုံရိပ္ရွိေပမဲ့သူ႕မ်က္ခုံးထဲမွာမည္းေမွာင္မႈအနည္းငယ္ရွိလို႔ေနသည္။ သူဟာသူ႕လက္ထဲကႏွင္းဆီပန္းကိုစိုက္ၾကည့္ေနၿပီး ကတ္ေၾကးကိုကိုင္ထားသည့္လက္မွာအလြန္သန္မာလွသည္။

ယန္ဖုန္းမွာေဖာ္ျပမရေအာင္ရွက္သြားရေပမဲ့သူကမ်က္ႏွာေသျဖင့္ေပမို႔ ရွင္းျပရာမွာမ်က္ႏွာေသႏွင့္ပင္။
"သခင္ေလးအတြက္ႏွင္းဆီတခ်ိဳ႕လာကူျဖတ္ေပးတာ။"

႐ႊီယန္၏မ်က္လုံးမ်ားမွာပိုမိုေအးစက္လာၿပီး သူ႐ုတ္တရက္ပန္းကိုင္းမ်ားကိုေနာက္လက္တစ္ဖက္ျဖင့္ဆြဲကိုင္ကာ မ်က္ႏွာေသျဖင့္ေမးလိုက္သည္။
"သူမင္းကိုျဖတ္ခိုင္းတာလား။"

___

Continue Reading

You'll Also Like

24.4K 3.8K 10
Original Title_杀手他失业了 Author_Bailu Wei Shuang [白露未霜] Total Chapters_9. •This is Myanmar Translation and I don't own the story. •All credits to respec...
148K 21.8K 111
This story is just a fan translation. Crd to the original owner.
443K 10.7K 37
The Giovanni's are the Italian Mafia. It is the most powerful mafia. For 8 generations the family have been trying to have a princess in the family b...
12.9K 548 74
مجموعه من القصص القصيره 🥰❤️