ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

By Boss_want_to_eat_you

115K 24.1K 512

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.7K 370 7
By Boss_want_to_eat_you

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၀)။

ရွှီယန့်ထိုနေရာမှာတုတ်တုတ်မလှုပ်ဘဲအကြာကြီးရပ်နေတာကိုလင်ခုံးလုမြင်လိုက်ရတော့ တီးတိုးထပ်ပြောလိုက်သည်။
"မြန်မြန်သွားလေ။"

ရွှီယန့်သူ့ကိုတည်ငြိမ်စွာကြည့်လိုက်ပြီး အချိန်အတော်ကြာသွားပြီးမှအက်ရှရှအသံဖြင့်မေးလိုက်သည်။
"ဒီညတစ်ယောက်ယောက်ရောက်လာရင်ဘယ်လိုလုပ်မလဲ။ သခင်လေးလဲ...."

သူပြီးအောင်မပြောရသေးခင် သူဒီညပြတင်းပေါက်ကိုကျော်ပြီးတကယ်ရောက်လာခဲ့မှန်းရုတ်ခြည်းသတိရသွားပြီး နေ့ခင်းတုန်းကသူပြောခဲ့တဲ့စကားကြောင့်.....

သူနှုတ်ခမ်းစေ့ကာချက်ချင်းစကားပြောင်းလိုက်ပြီး သူ့လေသံမှာအေးစက်နေလို့နေကာ သူတည်ငြိမ်စွာပြောလိုက်သည်။ "ဟုတ်ကဲ့။"

သူ....နောက်ကျရင်ဖြစ်လာမဲ့အရာအားလုံးကိုမျှော်လင့်စောင့်စားနေမိပြီ။

ဒါကိုတွေးမိတော့ သူလင်ခုံးလုနင့်နင့်နဲနဲတစ်ချက်ကြည့်လိုက်ပြီး အနောက်လှည့်ကာရေချိုးခန်းဆီလျှောက်သွားလိုက်သည်။

လင်ခုံးလု: "....."

သူတစ်ဖက်လူဘာပြောချင်မှန်းခန့်မှန်းမိတော့ သူမနေနိုင်ဘဲရင်ထဲမှာတိတ်တခိုးပြုံးလိုက်မိသည်: ဘယ်သူလဲ။ မင်းဒီညမလာရင် ဒီညစနစ်ကိုစောင့်ကြည့်ခိုင်းမှာလေ။

0687: "?"

လင်ခုံးလု: "ဒါပေမဲ့အနည်းဆုံးတော့သူအဆင်သင့်ဖြစ်ချိန်ကျရင်ဘယ်လိုရပ်ရမလဲဆိုတာသိသား။ ဒါတိုးတက်မှုပဲ။"

လင်ခုံးလုအလွန်ကျေနပ်စွာပြောလိုက်သည်။

တစ်ဖက်လူရေချိုးခန်းထဲမှာရှိနေတုန်း သူပျင်းလာသဖြင့်လက်ဆန့်ကာအိပ်ရာဘေးကမီးအိမ်ကိုဖွင့်ပြီး ပုံပြင်စာအုပ်ထုတ်ကာ ပုံပြင်ဖတ်နေတုန်းရေချိုးခန်းထဲကရေသံကိုနားထောင်လိုက်သည်။

ရွှီယန့်ရေချိုးခန်းထဲကထွက်လာတော့ မောက်မာသောသခင်လေးကကုတင်ပေါ်မှာလိမ်လိမ်မာမာလေးလှဲနေရင်း ပုံပြင်စာအုပ်တစ်အုပ်ကိုင်လျက် စိတ်ပါဝင်စားစွာဖတ်နေတာကိုမြင်လိုက်ရသည်။

တစ်ဖက်လူ၏ဒဏ်ရာမရထားသောခြေသလုံးကလေထဲမှာချိတ်ထားပြီး နူးညံ့ညံ့ပိုးသားဘောင်းဘီကဒူးဆစ်ထိလျှောကျနေကာ လှပသောလှိုင်းနှင့်နှင်းပမာအသားအရည်ကိုပေါ်ထွက်လို့နေကာ မျက်စိကျိန်းဖွယ်ကောင်းအောင်ဖြူဖွေးလျက်ရှိသည်။

ရွှီယန့်၏မျက်လုံးများမှာမည်းမှောင်သွားပြီး သူလက်မြှောက်ကာခါးပတ်ပေါ်တင်ပြီး သူ၏လှုပ်ရှားမှုများမှာနှေးကွေးပေမဲ့မထင်မှတ်ထားအောင်သွေးဆောင်ဖြားယောင်းလို့နေသည်။

မသိမသာဆူညံသံကြားတော့ လင်ခုံးလုပုံပြင်ထဲမှအသိပြန်ဝင်လာကာ အသံလာရာဘက်ကိုလှည့်ကြည့်မိတော့ သူဟာဘယ်တုန်းကမှန်းမသိဘောင်းဘီချွတ်ပြီးနေပြီး သူ့လက်ချောင်းများကအကျီကော်လာကြယ်သီးများပေါ်မှာရှိနေပြီဖြစ်ကာ သူ့ကိုစိုက်ကြည့်နေပြီး သူ့မျက်လုံးများကနက်ရှိုင်းလို့နေကာ သူ၏လည်ဇလုပ်ကလှိမ့်သွားပုံပေါ်တာကိုမြင်လိုက်ရသည်။

သူ့လက်ချောင်းထိပ်များမှာသွယ်လျကာလှပပြီး အကျီကြယ်သီးများပေါ်မှာတင့်တယ်စွာကခုန်လို့နေကာ မျက်စိတစ်မှိတ်အတွင်းတစ်လုံးဖြုတ်လိုက်သည်။

လင်ခုံးလုတောင့်တင်းသွားရကာ ခပ်မြန်မြန်ပုံပြင်စာအုပ်ကိုကိုင်ကာသူ့မျက်လုံးကိုအုပ်ပြီးပြောလိုက်သည်။
"တော် ရပြီ။ အကျီကနံရံပေါ်ကမိုးရေကိုမထိထားတော့ ချွတ်ဖို့မလိုဘူး။"

ရွှီယန့်လှုပ်ရှားမှုပြုလိုက်ပြီးနောက် သူ့မျက်နှာအနည်းငယ်ရုပ်ဆိုးသွားရသည်။

လတ်စသတ်တော့သခင်လေးကသူနံရံကိုတွယ်တက်နေတုန်းစိုသွားတယ်ထင်လို့ သူ့ကိုအဝတ်ချွတ်ခိုင်းခဲ့တာပေါ့? သူထင်သလို...မဟုတ်ဘူးပေါ့?

သူတိတ်တခိုးအံကြိတ်လိုက်မိကာမျက်နှာသေဖြင့်ပြောလိုက်သည်။
"သခင်လေးမှားနေပြီ။ ဒီရှပ်ကလည်းမိုးရေစိုနေတယ်။"

လင်ခုံးလု: "ဟင်?"

သူအနည်းငယ်ကြက်သေသေသွားရကာ သူမတုံ့ပြန်နိုင်ခင် ရွှီယန့်၏လက်ချောင်းများကပျံလွှားသွားကာ ကြယ်သီးအကုန်လုံးဖြုတ်ပြီးသွားတာကိုမြင်လိုက်ရသည်။

လင်ခုံးလု: ဟစ်!

သူဒီခြေတံနှင့်ခါးကိုမတောင့်ခံနိုင်မှာစိုးတယ်။

ကံကောင်းစွာဖြင့်သူစဥ်းစားတာမြန်ပြီး ခပ်မြန်မြန်အပိုစောင်ကိုဆွဲကာ တစ်ဖက်လူကိုခေါင်းမှခြေဆုံးအုပ်လိုက်သည်။

ဒီတော့ရွှီယန့်တစ်ယောက်အကျီချွတ်ပြီးသည်နှင့် လုံးဝအအုပ်ခံလိုက်ရသည်။ တရားခံကစိတ်သက်သာရာရသောအကြည့်ဖြင့်ဆိုလေသည်။
"တော်သေးတယ်။ ငါမင်းအတွက်စောင်ပြင်ထားပေးတာကျေးဇူးတင်လိုက်။"

ဒါကိုပြောပြီးနောက်သခင်လေးကမျက်တောင်ခတ်လိုက်ပြီး မေးနေသည့်အလား: "ငါဉာဏ်ကောင်းတယ်နော်။"

ရွှီယန့်နှလုံးသားထဲကမီးတောက်အများစုမှာရုတ်ခြည်းငြိမ့်သွားတော့သည်။ သူအံကြိတ်ကာတွေးလိုက်မိသည်။ ကောင်းတယ်၊ သိပ်ကောင်းတယ်။

လင်ခုံးလုကခုနကသူ့ရင်ထဲမှာမီးတောက်နေမှန်းမသိပေ။ ထိုသို့ပြောပြီးနောက် သူကသူ့အတွက်နေရာလုပ်ပေးကာ အိပ်ရာ၏အစွန်းကိုပုတ်ပြီးပြောလိုက်သည်။
"ဒီမှာထိုင်၊ တံခါးဘေးမှာ။ တစ်ယောက်ယောက်လာရင် မင်းသေချာပေါက်သိရလိမ့်မယ်။ ခဏနေငါအိပ်ပျော်သွားရင် မင်းခဏလှဲအိပ်လို့ရတယ်။"

ရွှီယန့်: "....."

သူကတကယ်ဘဲညစောင့်သက်သက်ပဲလား။

"ဒါပေမဲ့ငါမအိပ်ချင်သေးဘူး။ မင်းဘာလို့ငါနဲ့စကားမပြောတာလဲ။ ခဏလောက်စကားပြောပြီးရင်ငါအိပ်ချင်ရင်အိပ်ချင်သွားမှာပေါ့။"
လင်ခုံးလုကထပ်ပြောလိုက်ပြီး သူ့မျက်နှာထက်သန့်ရှင်းစင်ကြယ်ကာဖြူစင်သောအကြည့်ရှိနေကာ သူထင်ထားသလိုမဟုတ်ပေ။

ရွီယန့်: "......"

ညစောင့်နဲ့စကားပြောဖော်လုပ်ခိုင်းနေတာပဲ။

ဒါပေမဲ့ရောက်လာပြီဆိုမှတော့....

သူကုတင်ပေါ်မှာမျက်နှာသေဖြင့်ဝင်ထိုင်လိုက်တော့ လင်ခုံးလုကအလျင်စလိုဘေးကိုရွှေ့သွားသည်။

နှစ်ဦးသားမှာစောင်များပတ်ထားကြသဖြင့် ငတုံးပင်ဂွင်းနှစ်ယောက်နှင့်တူနေသည်။

စောင်ကိုသခင်လေးအသုံးပြုခဲ့တာဖြစ်သည်။ ၎င်းမှာနူးညံ့ချောမွေ့လို့နေကာ တစ်ဖက်လူ၏အနံ့တို့စွက်လျက်ရှိသည်။ ရွှီယန့်ပင့်သက်ရှိုက်လိုက်မိတော့ စောင်ပိုင်ရှင်အတိုင်း အနည်းငယ်မွှေးကာနူးညံ့သည်ဟုခံစားလိုက်ရသည်။

ထိုစဥ်လေထုမှာနွေးထွေးနေပြီး သခင်လေးနှင့်အတူတစ်ညလုံးဒီလိုမျိုးထိုင်တာကဆိုးတော့မဆိုးလောက်ဘူးဟုရုတ်ခြည်းခံစားလိုက်ရသည်။

သို့သော်သူတွေးပြီးရုံသာရှိသေး လင်ခုံးလုကစပ်စပ်စုစုမေးလာသည်။
"ဒါနဲ့ ငါမင်းနာမည်ကိုမသိသေးဘူးနော်? မင်းကိုဥယျာဥ်မှူးလို့အမြဲခေါ်လို့မရဘူးလေ။"

ရွှီယန်: "......"

အခုပဲနူးညံ့သွားသည့်သူ့မျက်နှာမှာတောင့်တင်းသွားကာအံကြိတ်ပြီး သူဥယျာဥ်မှူးအလုပ်လျှောက်တုန်းကသုံးခဲ့သည့်နာမည်အတုကိုပြောလိုက်သည်။
"ရွှီရှီ။"

"ရွှီရှီ?" လင်ခုံးလုပြောကာမျက်မှောင်ကြုတ်မိသည်။
"မင်းကျောက်တုံးလိုမျိုးအေးစက်မာထန်နေတာမဆန်းဘူး။"

ရွှီယန့်ကသူ့ကိုတစ်ချက်ကြည့်ကာမျက်နှာသေဖြင့်ဆိုသည်။
"သခင်လေးချီးကျူးနေပါပြီ။"

"ဒါကမင်းကိုချီးကျူးနေတာမဟုတ်ဘူးလေ။"  လင်ခုံးလုရုတ်တရက်အနားတိုးကပ်သွားကာ သူ၏ချောမောသောမျက်နှာတစ်ခြမ်းကိုအလေးအနက်ကြည့်ပြီး မျက်တောင်ခတ်လျက်:
"မင်းကအရမ်းလှတယ်၊ ပန်းလေးတစ်ပွင့်လိုပဲ။ မင်းကိုရွှီရှီလို့ခေါ်တာကတအားပျင်းစရာကောင်းတယ်။ ငါမင်းကိုရွှီရှောင်ဟွား(ပန်းကလေး)လို့ခေါ်ရင်ကော?"

ဖြစ်ချင်တော့မင်းကပန်းတွေကိုသဘောကျတယ်။

ရွှီယန့်ကဒါကိုကြားတော့ မသိမသာစိတ်ဗလာကျင်းသွားရသည်။ သူ့မှတ်ဉာဏ်ထဲမှာ သူ့နားထဲတီးတိုးပြောလာခဲ့သည့်ကောင်လေးတစ်ယောက်ရှိသည်:
"ရွှီယန့်၊ မင်းကအရမ်းချောတာပဲ။ ငါမင်းကိုအခုကစပြီးရွှီရှောင်ဟွားလို့ခေါ်ရင်ကော? ရှောင်ဟွား၊ ကျောင်းအလှလေး၊ ကျောင်းအလှလေးရွှီ၊ ဟီးဟီး။"

ရွှီယန့်ကလှည့်ကာသူ့ကိုသင်ခန်းစာပေးချင်သည့်အလားကောင်လေးကိုသူ့အောက်မှာဖိချလိုက်သည်။ ဒီဟာကကောင်ငယ်လေးကိုလုံးဝရိုးသားပွင့်လင်းသွားစေကာ သူတခစ်ခစ်ရယ်ကာဆိုလိုက်သည်။
"ကိုယ်မဟုတ်ဘူး၊ မင်းပဲ။"

"ငါက?" ကောင်ငယ်လေး၏မျက်လုံးများမှာဟိုဟိုဒီဒီရွေ့သွားပေမဲ့ နောက်တစ်ခဏမှာစပ်စပ်စုစု​မေးလာခဲ့သည်။

ရွှီယန့်သူ့နှဖူးကိုအသာတောက်ကာခပ်ဖွဖွအပြုံးဖြင့်ပြောလိုက်သည်။
"သူကကျောင်းအလှလေး၊ ပြီးတော့သူကကိုယ့်အပိုင်ဆိုလဲဟုတ်တယ်...."

ပန်းကလေး။

ဒီဟာကမမှားပေ၊ ရွှီယန့်ကကျောင်းမှာအလှလေးလို့အခေါ်ခံရပေမဲ့ နူးညံ့လှပသောသခင်လေးမှာကျောင်းအလှလေးဟုမကြာခဏတိတ်တခိုးအခေါ်ခံရပေမဲ့ ကောင်ငယ်လေးကတော့မသိပေ။

သူရုတ်ခြည်းစိတ်ဗလာကျင်းသွားတာမြင်တော့ လင်ခုံးလုမနေနိုင်ဘဲအနားတိုးသွားကာ သူ့မျက်လုံးထဲသိချင်စိတ်ဖြင့်စိုက်ကြည့်ပြီး ​မေးလိုက်သည်။
"မင်းဘာတွေးနေတာလဲ။"

သူအရမ်းကပ်လာလို့လားမသိ၊ ရွှီယန့်မှာသူ့ကိုယ်ပေါ်ကခပ်ဖျော့ဖျော့ကိုယ်သင်းရနံ့ကိုရလိုက်သည်။

သူရုတ်ခြည်းအသိပြန်ဝင်လာကာလင်ခုံးလုကိုရှုပ်ထွေးသောမျက်နှာထားဖြင့်ကြည့်လိုက်မိသည်။

လတ်စသတ်တော့တစ်ခါကချစ်စကားဖြစ်ခဲ့ဖူးတဲ့အရာကမျက်စိတစ်မှိတ်အတွင်းမှာ"အခြားတစ်​ယောက်"ဆီအလွယ်လေးရောက်သွားနိုင်တာပဲ။

သူဟာပိုင်ရှင်ပျောက်သွားသည့်အိမ်မွေးတိရစ္ဆာန်လေးနှင့်တူသည်ဟုသူရုတ်ခြည်းခံစားလိုက်ရသည်။ သူကတော့တစ်ဖက်လူသူ့ကိုပေးလိုက်သည့်အရာရာတိုင်းကိုမှတ်မိနေပေမဲ့ တစ်ဖက်လူကတော့သူ့ကိုမေ့သွားတာကြာပြီဖြစ်ကာ သူ့ကိုပေးခဲ့သည့်နာမည်ကိုသူ့ကိုထပ်ပေးလာခဲ့သည်။

သူရုတ်တရက်နိုးသွားပုံရကာ ရုတ်ခြည်းပြန်ဆွဲပြီး သူ့မျက်နှာအမာရွတ်ဘက်အခြမ်းကိုသခင်လေးဆီလှည့်ပြကာ မျက်နှာသေဖြင့်မေးလိုက်သည်။
"ကြည့်ကောင်းသေးလား။"

ဒီလိုကြောက်မက်ဖွယ်မျက်နှာတစ်ခြမ်းသူ့ရှေ့မှာရုတ်တရက်ပေါ်လာတာကလင်ခုံးလု၏မျက်နှာထားကိုတောင့်ခဲသွားစေကာ သူ့အသက်ရှူနှုန်းကိုတန့်သွားစေသည်။

သို့သော်သူဟာကြောက်ရွံ့သောအကြည့်မပြဘဲ လက်ဆန့်ကာအမာရွတ်ကိုသူ၏နွေးထွေးကာနူးညံသောလက်ဖဝါးဖြင့်အုပ်ကိုင်လိုက်ပြီး စိတ်ဖိစီးသောခံစားချက်ကိုအတတ်နိုင်ဆုံးကြိုးစားဖိနှိပ်ကာ သိချင်စိတ်ဖြစ်ချင်ယောင်ဆောင်ပြီး မေးလို​က်သည်။
"ဒီနေရာက...ဘယ်လိုထိခိုက်သွားတာလဲ။"

ရွှီယန့်ကသူ့ကိုမျက်ဝန်းနက်များဖြင့်ကြည့်ကာ အတက်အကျမရှိသောလေသံဖြင့်ပြောလိုက်သည်။
"ကျွန်တော်လူတစ်​​ယောက်ကိုရူးရူးမိုက်မိုက်ချစ်ခဲ့ဖူးတယ်။ သူကကျွန်တော့်ဆီကစားသောက်ခဲ့တာ။ အဆုံးသတ်ကျတော့ သူကအခြားတစ်ယောက်နဲ့လက်ထပ်နိုင်အောင်လို့ ကျွန်တော့်ကိုဖယ်ရှားဖို့အတွက် အခြားလူတစ်ယောက်နဲ့ပူးပေါင်းပြီးတော့ ကျွန်တော့်ကိုထောင်ချောက်ဆင်ပြီးထောင်ချခဲ့တာ၊ နော​က်ကျတော့လူလွှတ်ပြီးတော့ကျွန်တော့်မျက်နှာကိုဖျက်ဆီးပစ်ခဲ့တယ်လေ။"

လင်ခုံးလုပင့်သက်ရှိုက်မိကာမယုံကြည်နိုင်ဟန်ပြောမိသည်။
"ဒီလိုမကောင်းတဲ့လူရှိတယ်လား။"

ဟက်၊ သူ့ရဲ့သရုပ်ဆောင်စကေးကိုစမ်းသပ်ဖို့အချိန်ရောက်ပြီ။ သူကထိုလူဟာသူကိုယ်တိုင်ဖြစ်နေမှန်းလုံးဝမေ့သွားသည့်အလားရှော့ခ်နေရပုံပင်။

ရွှီယန့်သူ့ကိုနင့်နင့်နဲနဲကြည့်ကာပြောလိုက်သည်။
"သူကမဆိုးပါဘူး၊ ကျွန်တော်ကတုံးတာ။"

"မင်းကအရမ်းသဘောကောင်းတာပဲနော်၊ မင်းဒီလိုဖြစ်သွားတာတောင်သူ့အတွက်ပြောပေး​နေတုန်းပဲ။"
လင်ခုံးလုခေါင်းခါကာ အမာရွတ်ကိုသူ့လက်ချောင်းထိပ်များဖြင့်ထိလိုက်ပြီး သူ့လုံးများမှာနာကျင်လို့နေသည်။ ထို့နောက်သူဒေါသတကြီးပြောလိုက်သည်။
"အဲ့လူကတကယ်လွန်လွန်းတယ်။ သူကမျက်ဖြူဝံပုလွေပဲ။ ငါသာဆို မင်းအပေါ်သေချာပေါက်ဒီလိုလုပ်မှာမဟုတ်ဘူး။"

ရွှီယန့်ကသူ့လက်ကောက်ဝတ်ကိုရုတ်တရက်လှမ်းဆွဲကာနက်ရှိုင်းသော့ကြည့်ဖြင့်မေးလိုက်သည်။ "တကယ်?"

"အင်း။" လင်ခုံးလုချက်ချင်းခေါင်းငြိမ့်ပြပြီးမျက်မှောင်ကြုတ်လိုက်သည်။
"ငါကသေချာပေါက်အဲ့လောက်နှလုံးသားမဲ့မှာမဟုတ်ဘူး၊ သူများကိုအကြောင်းမရှိဘဲထိခိုက်အောင်လုပ်ဖို့ဆိုဝေးသေးတယ်။"

မင်းနားကြားမှားလိုက်တာဖြစ်လောက်တယ်မလား။ သူနှင့်တစ်ဖက်လူမှတ်ဉာဏ်ထဲကမျက်ဖြူဝံပုလွေလေးကြားမှာကွဲပြားမှုရှိတယ်။

ရွှီယန့်ရုတ်ခြည်းသူ့မျက်ဝန်းထဲစိုက်ကြည့်ပြီး လိပ်ပြာမသန့်မှုနှင့်ရှောင်လွှဲလိုမှုတစ်စွန်းတစရှာတွေ့မလားကြည့်လိုက်ပေမဲ့ဘာမှမရှိပေ။

တစ်ဖက်လူသူ့ကိုတကယ်လုံးဝမေ့သွားတာများဖြစ်နေတာမလား။ သူ့ရဲ့တည့်တိုးအရိ​ပ်အမြွက်ကိုတောင်မကြားဘူးပေါ့? သူလုပ်ခဲ့တာကိုတောင်မမှတ်မိဘူးပေါ့?

သူလင်ခုံးလု၏လက်ကောက်ဝတ်ကိုတဖြည်းဖြည်းချင်းလွှတ်ပေးကာ မျက်နှာသေဖြင့်တည်ငြိမ်စွာပြောလိုက်သည်။
"သနားစရာပဲ။ သခင်လေးကသူမဟုတ်ဘူးလေ။"

လင်ခုံးလုသူ၏အပြစ်ရှိစိတ်ကိုတိတ်တိတ်လေးဖိနှိပ်လိုက်ပြီး တွေးကြည့်ကာဟန်ဆောင်နှစ်သိမ့်ပေးလိုက်သည်။
"အင်း၊ တအားဝမ်းနည်းမနေပါနဲ့။ ဘယ်ကများငယ်ရွယ်တုန်းကဆန်ကုန်မြေလေးနဲ့မချစ်ကြိုက်ခဲ့ဖူးလို့လဲ။ မင်းကအခုဆိုငါ့ဥယျာဥ်မှူးဖြစ်နေပြီ။ မင်းပိုက်ဆံပိုရှာပြီးကြည့်ကောင်းအောင်လုပ်လို့ရတာပဲလေ။ မင်းဘယ်လိုလူမျိုးကိုရှာနေတာလဲ။"

မင်းဒီတိုင်းအနောက်လှည့်ကြည့်လိုက်ရုံပဲနော်။ ငါ့ဆီထပ်လာဖို့မဖြစ်နိုင်တာမဟုတ်ဘူး။

သူသူ၏ရိုးသားစစ်မှန်သောမျက်လုံးများကိုကြိုးစားဖွင့်လိုက်သည်။

ရွှီယန့်ကသူ့ကိုကြည့်ကာတည်ငြိမ်စွာမေးလာသည်။
"သခင်လေးရောလား။"

လင်ခုံးလုခေါင်းအလျင်စလိုငြိမ့်ပြလိုက်သည်။ "အင်း။" အမှန်ပဲ၊ ဒီတော့မင်းငါ့ရဲ့တစ်ပတ်လည်မြက်ကိုစားချင်သွားပြီလား။

ဘယ်သူသိမှာလဲ၊ ရွှီယန့်ကမေးလာသည်။
"သခင်လေးချစ်ကြိုက်ခဲ့တဲ့အဲ့ဆန်ကုန်မြေ​လေးကဘယ်သူလဲ။"

လင်ခုံးလု: "အာ?"

ငါလဲသူ့မြက်ကိုစားလို့ရမရမေးနေတာလား။

"သခင်လေးနဲ့ချစ်ကြိုက်ခဲ့တဲ့လူကဘယ်သူလဲလို့?"
ရွှီယန့်ကထပ်မေးလာပြီး သူ့အသံမှာအနည်းငယ်ပိုအေးစက်သွားပုံပင်။

"သခင်လေးရဲ့စေ့စပ်မဲ့သူလား။"

ဒါပေမဲ့တစ်ဖက်လူကဆန်ကုန်မြေလေးတစ်ကောင်လား။ ဆိုတော့သခင်လေးကဒီနှစ်ရက််မှာသူ့ကိုသွေးဆောင်ဖြားယောင်းခဲ့တာက စုန့်လင်ကိုလက်တုံ့ပြန်ချင်လို့မဟုတ်ရင် အထိီးကျန်နေလို့ပဲ။ ခြုံပြောရရင်သူကတစ်ဖက်လူရဲ့ဒုတိယအကောင်းဆုံးရွေးချယ်မှုနဲ့သူတို့အရုပ်ပဲလား။ ဟက်။

လင်ခုံးလုဒါကိုကြားတော့မိန်းမောသွားရပြီးမှ သူ၏လှပသောမျက်ခုံးများကိုကြုတ်ကာဇဝေဇဝါဖြစ်စွာပြောလိုက်သည်။
"မင်းဘာတွေပြော​နေတာလဲ။ ငါကသူ့ကိုဘာလို့ကြိုက်ရမှာလဲ။ သူကဆန်ကုန်​မြေလေးဟုတ်မဟုတ်တော့မသိဘူး၊ ဒါပေမဲ့သူနဲ့ငါ....အိုင်း၊ စုန့်မိသားစုကငါ့မိသားစုနဲ့လက်ထပ်ပူးပေါင်းချင်နေတာဆိုပေမဲ့ ငါမဆုံးဖြတ်ရသေးဘူး။ သူသာသိသွားရင် ငါ့ကိုသူ့ကိုလက်ထပ်အောင်လုပ်မှာ။"

"တကယ်တော့ငါ့မှာသူ့အပေါ်ခံစားချက်သိပ်မရှိပေမဲ့ ငါ့ပါးပါးကငါ့ကိုစဥ်းစားခိုင်းတယ်လေ။ ငါပြန်ပေးဆွဲခံရတုန်းက သူငါ့ကိုဆင်ခြေဖုံးရပ်ကွက်ထဲမှာကယ်ခဲ့တာဆိုတော့ငြင်းရခက်နေတာ။"

ရွှီယန့်ကဒါကိုကြားတော့ သူ့မျက်နှာထားတောင့်တင်းသွားကာမေးလာသည်။
"သခင်လေးကဆင်ခြေဖုံးရ​ပ်ကွက်ထဲပြန်ပေးဆွဲခံခဲ့ရတာလား။"

သူ"ပြန်ပေးဆွဲ"ဆိုသည့်စကားလုံးကိုတစ်မျိုးထေ့ငေါ့သောလေသံဖြင့်ဖိပြောလိုက်သည်။

"အင်း။" လင်ခုံးလုကကြားပုံမရဘဲ ကြက်ကလေးဆန်ဆိတ်သည့်ပမာချက်ချင်းခေါင်းငြိမ့်လိုက်သည်။
"ငါ့ကိုပြန်ပေးဆွဲခဲ့တဲ့လူကငယ်ပေမဲ့စိတ်ဓာတ်ကတော့တော်တော်ဆိုးတယ်။ သူကငါမှတ်ဉာဏ်ပျောက်နေတုန်းငါ့ကိုလက်ထပ်ချင်ခဲ့တာလေ။ ကံကောင်းချင်တော့စုန့်လင်ကအချိန်မီသိသွားပြီးတော့ ငါ့ကိုကယ်ပြီးအဲ့လူကိုထောင်ထဲပို့ခဲ့တယ်။"

ရွှီယန့်၏မျက်နှာမှာရုပ်ဆိုးမနေတော့ဘဲ သူကထူးဆန်းသောလေသံဖြင့်ဆိုသည်။
"အကုန်လုံးကိုသူများဆီကကြားခဲ့တာပေါ့? ကိုယ့်ဘာသာကိုမမှတ်မိဘူးလား။"

"အာ? မင်းသိသွား​ပြီလား။"
လင်ခုံးလုကအံ့သြသွားပုံပင်။
"ငါမှတ်ဉာဏ်ပြန်ရလာပြီးနောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်ထဲမှာဖြစ်ခဲ့တဲ့ကိစ္စကိုငါမမှတ်မိတော့ဘူးလေ။ စုန့်လင်ကငါ့ကိုပြောပြတာ။"

ရွှီယန့်: "...သခင်လေးကိုပြန်ပေးဆွဲခဲ့တဲ့လူကိုတွေ့ပြီးကိုယ်တိုင်မမေးခဲ့ဘူးလား။"
သူရင်ထဲမှာစုဝေးနေသည့်အမျက်​ဒေါသဖြင့်အံကြိတ်ပြောလိုက်သည်။

"ဒါပေါ့ ငါသူ့ကိုတွေ့ခဲ့တယ်လေ။"
လင်ခုံးလုကြိုးစားပြန်တွေးကြည့်ကာပြောလိုက်သည်။
"သူကအရပ်ရှည်ပြီးတော့ပိန်တယ်၊ စုန့်လင်ပြောသလိုပဲ...."

လာပြန်ပြီ၊ စုန့်လင်။

ရွှီယန့်၏မျက်လုံးများမည်းမှောင်သွားရသည်။

လင်ခုံးလု: "မျက်နှာကနည်းနည်းဝပြီးတော့မညီမညာနဲ့ပွန်းပဲ့နေပြီး မျက်လုံးမှေးတယ်...."

ရွှီယန့်: အဲ့ဒါအရိုက်ခံထားရလို့ဖူးယောင်နေတာလေ။

လင်ခုံးလု: "သူ့မျက်လုံးတွေကမှေးပေမဲ့ သူ့အကြည့်တွေကတော့အရမ်းခက်ထန်ပြီးကြောက်စရာကောင်းတယ်။ ခြုံပြောရရင်သူကမင်းလိုမျိုးကြည့်မကောင်းဘူး။"

ရွှီယန့်: ဟက်။

အဲ့ဒါမင်းကန်းနေလို့ပဲ၊ သူတို့ကတစ်ယောက်ထဲပဲရယ်။

"ဒါပေမဲ့ငါသူ့ကိုနှစ်ခါပဲတွေ့ဖူးတာ၊ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဆိုတော့ ငါသိပ်မမှတ်မိ...."
သခင်လေးကပြောရင်းသမ်းဝေကာအိပ်ချင်လာသည်။ နောက်ဆုံးမှာတော့ခေါင်းစောင်းပြီး သူ့ကိုမှီလျက်အိပ်ပျော်သွားလေသည်။

ရွှီယန့်မှာတောင့်တောင့်ကြီးထိုင်နေခဲ့ပြီး သူ့ခန္ဓာကိုယ်မှာရုပ်တုပမာ သူ့မျက်နှာထားသာရံဖန်ရံခါ​ပြောင်းလဲလို့နေသည်။

သူ့မျက်ဝန်းထဲမှာမုန်တိုင်းထန်နေပြီး ချောက်နက်ပမာမည်းမှောင်လို့နေကာ သူဘာတွေးနေမှန်းမသိပေ။ အချိန်အတော်ကြာသွားပြီးမှ သူနောက်ဆုံးမှာခေါင်းလှည့်ပြီးလင်ခုံးလု၏လှပနူးညံ့ကာခုခံမှုမရှိသောအိ​ပ်ပျော်နေသည့်မျက်နှာလေးကိုဖြည်းဖြည်းချင်းကြည့်လိုက်မိသည်။

သခင်လေးကဆင်ခြေဖုံးရပ်ကွက်ထဲမှာဖြစ်ခဲ့တာကိုမမှတ်မိဘူးလို့ပြောတယ်၊ အဲ့စုန့်လင်ကသူ့ကိုအထင်မှားအောင်လုပ်ခဲ့တာ။ သူယုံကြည်သင့်လား။

ဟက်၊ ယုံတာမယုံတာဘာကွာသွားလို့လဲ။ တစ်ဖက်လူသူ့ကိုတကယ်မမှတ်မိတာလား၊ မမှတ်မိချင်​ယောင်ဆောင်နေတာလားဆိုတာကသူ့အတွက်အရေးပါလို့လား။

သူဖြည်းဖြည်းချင်းလက်မြှောက်ကာသူ့လက်ဖဝါးနှင့်လက်ချောင်းများကိုသခင်လေး၏ကျိုးပဲ့လွယ်ကာပိန်သွယ်သောလည်တိုင်ကိုရစ်ပတ်လိုက်ပုံမှာ သူတစ်ဖက်လူ၏ဘဝကိုခပ်ဖွဖွဖျစ်ညှစ်မှုနှင့်တင်အလွယ်လေးအဆုံးသတ်နိုင်သည့်အလား။

ဒါပေမဲ့သူဘယ်လိုလုပ်လုပ်နိုင်မှာလဲ။ အချိန်အများကြီးရှိပါသေးတယ်၊ ဒီတစ်ကြိမ်ပဲ၊ ဒီတစ်ကြိမ်ပဲ...

သူ၏ဆုပ်ကိုင်ထားသည့်လက်ချောင်းများမသိမသာတုန်ရီသွားကာ သူရုတ်တရက်သခင်လေး၏လည်တိုင်အနောက်ကိုလှမ်းဆုပ်လိုက်ပြီး ရွှီယန်ကိုယ်ကိုင်းကာသူ့ကိုဖိချလိုက်ကာ သူ့မျက်လုံးများမှာမည်းမှောင်မှုနှင့်ရူးသွပ်မှုတို့ပြည့်လို့နေသည်။

သူကောင်ငယ်လေး၏နှုတ်ခမ်းကိုကိုင်ကာသူ့အဝတ်ပေါ်လက်တင်ပြီး မငြင်းနိုင်အောင်တွန်းအားပေးလိုက်သည်။

---------

Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၁၀)။

႐ႊီယန့္ထိုေနရာမွာတုတ္တုတ္မလႈပ္ဘဲအၾကာႀကီးရပ္ေနတာကိုလင္ခုံးလုျမင္လိုက္ရေတာ့ တီးတိုးထပ္ေျပာလိုက္သည္။
"ျမန္ျမန္သြားေလ။"

႐ႊီယန့္သူ႕ကိုတည္ၿငိမ္စြာၾကည့္လိုက္ၿပီး အခ်ိန္အေတာ္ၾကာသြားၿပီးမွအက္ရွရွအသံျဖင့္ေမးလိုက္သည္။
"ဒီညတစ္ေယာက္ေယာက္ေရာက္လာရင္ဘယ္လိုလုပ္မလဲ။ သခင္ေလးလဲ...."

သူၿပီးေအာင္မေျပာရေသးခင္ သူဒီညျပတင္းေပါက္ကိုေက်ာ္ၿပီးတကယ္ေရာက္လာခဲ့မွန္း႐ုတ္ျခည္းသတိရသြားၿပီး ေန႕ခင္းတုန္းကသူေျပာခဲ့တဲ့စကားေၾကာင့္.....

သူႏႈတ္ခမ္းေစ့ကာခ်က္ခ်င္းစကားေျပာင္းလိုက္ၿပီး သူ႕ေလသံမွာေအးစက္ေနလို႔ေနကာ သူတည္ၿငိမ္စြာေျပာလိုက္သည္။ "ဟုတ္ကဲ့။"

သူ....ေနာက္က်ရင္ျဖစ္လာမဲ့အရာအားလုံးကိုေမွ်ာ္လင့္ေစာင့္စားေနမိၿပီ။

ဒါကိုေတြးမိေတာ့ သူလင္ခုံးလုနင့္နင့္နဲနဲတစ္ခ်က္ၾကည့္လိုက္ၿပီး အေနာက္လွည့္ကာေရခ်ိဳးခန္းဆီေလွ်ာက္သြားလိုက္သည္။

လင္ခုံးလု: "....."

သူတစ္ဖက္လူဘာေျပာခ်င္မွန္းခန့္မွန္းမိေတာ့ သူမေနနိုင္ဘဲရင္ထဲမွာတိတ္တခိုးၿပဳံးလိုက္မိသည္: ဘယ္သူလဲ။ မင္းဒီညမလာရင္ ဒီညစနစ္ကိုေစာင့္ၾကည့္ခိုင္းမွာေလ။

0687: "?"

လင္ခုံးလု: "ဒါေပမဲ့အနည္းဆုံးေတာ့သူအဆင္သင့္ျဖစ္ခ်ိန္က်ရင္ဘယ္လိုရပ္ရမလဲဆိုတာသိသား။ ဒါတိုးတက္မႈပဲ။"

လင္ခုံးလုအလြန္ေက်နပ္စြာေျပာလိုက္သည္။

တစ္ဖက္လူေရခ်ိဳးခန္းထဲမွာရွိေနတုန္း သူပ်င္းလာသျဖင့္လက္ဆန့္ကာအိပ္ရာေဘးကမီးအိမ္ကိုဖြင့္ၿပီး ပုံျပင္စာအုပ္ထုတ္ကာ ပုံျပင္ဖတ္ေနတုန္းေရခ်ိဳးခန္းထဲကေရသံကိုနားေထာင္လိုက္သည္။

႐ႊီယန့္ေရခ်ိဳးခန္းထဲကထြက္လာေတာ့ ေမာက္မာေသာသခင္ေလးကကုတင္ေပၚမွာလိမ္လိမ္မာမာေလးလွဲေနရင္း ပုံျပင္စာအုပ္တစ္အုပ္ကိုင္လ်က္ စိတ္ပါဝင္စားစြာဖတ္ေနတာကိုျမင္လိုက္ရသည္။

တစ္ဖက္လူ၏ဒဏ္ရာမရထားေသာေျခသလုံးကေလထဲမွာခ်ိတ္ထားၿပီး ႏူးညံ့ညံ့ပိုးသားေဘာင္းဘီကဒူးဆစ္ထိေလွ်ာက်ေနကာ လွပေသာလွိုင္းႏွင့္ႏွင္းပမာအသားအရည္ကိုေပၚထြက္လို႔ေနကာ မ်က္စိက်ိန္းဖြယ္ေကာင္းေအာင္ျဖဴေဖြးလ်က္ရွိသည္။

႐ႊီယန့္၏မ်က္လုံးမ်ားမွာမည္းေမွာင္သြားၿပီး သူလက္ျမႇောက္ကာခါးပတ္ေပၚတင္ၿပီး သူ၏လႈပ္ရွားမႈမ်ားမွာႏွေးေကြးေပမဲ့မထင္မွတ္ထားေအာင္ေသြးေဆာင္ျဖားေယာင္းလို႔ေနသည္။

မသိမသာဆူညံသံၾကားေတာ့ လင္ခုံးလုပုံျပင္ထဲမွအသိျပန္ဝင္လာကာ အသံလာရာဘက္ကိုလွည့္ၾကည့္မိေတာ့ သူဟာဘယ္တုန္းကမွန္းမသိေဘာင္းဘီခြၽတ္ၿပီးေနၿပီး သူ႕လက္ေခ်ာင္းမ်ားကအက်ီေကာ္လာၾကယ္သီးမ်ားေပၚမွာရွိေနၿပီျဖစ္ကာ သူ႕ကိုစိုက္ၾကည့္ေနၿပီး သူ႕မ်က္လုံးမ်ားကနက္ရွိုင္းလို႔ေနကာ သူ၏လည္ဇလုပ္ကလွိမ့္သြားပုံေပၚတာကိုျမင္လိုက္ရသည္။

သူ႕လက္ေခ်ာင္းထိပ္မ်ားမွာသြယ္လ်ကာလွပၿပီး အက်ီၾကယ္သီးမ်ားေပၚမွာတင့္တယ္စြာကခုန္လို႔ေနကာ မ်က္စိတစ္မွိတ္အတြင္းတစ္လုံးျဖဳတ္လိုက္သည္။

လင္ခုံးလုေတာင့္တင္းသြားရကာ ခပ္ျမန္ျမန္ပုံျပင္စာအုပ္ကိုကိုင္ကာသူ႕မ်က္လုံးကိုအုပ္ၿပီးေျပာလိုက္သည္။
"ေတာ္ ရၿပီ။ အက်ီကနံရံေပၚကမိုးေရကိုမထိထားေတာ့ ခြၽတ္ဖို႔မလိုဘူး။"

႐ႊီယန့္လႈပ္ရွားမႈျပဳလိုက္ၿပီးေနာက္ သူ႕မ်က္ႏွာအနည္းငယ္႐ုပ္ဆိုးသြားရသည္။

လတ္စသတ္ေတာ့သခင္ေလးကသူနံရံကိုတြယ္တက္ေနတုန္းစိုသြားတယ္ထင္လို႔ သူ႕ကိုအဝတ္ခြၽတ္ခိုင္းခဲ့တာေပါ့? သူထင္သလို...မဟုတ္ဘူးေပါ့?

သူတိတ္တခိုးအံႀကိတ္လိုက္မိကာမ်က္ႏွာေသျဖင့္ေျပာလိုက္သည္။
"သခင္ေလးမွားေနၿပီ။ ဒီရွပ္ကလည္းမိုးေရစိုေနတယ္။"

လင္ခုံးလု: "ဟင္?"

သူအနည္းငယ္ၾကက္ေသေသသြားရကာ သူမတုံ႕ျပန္နိုင္ခင္ ႐ႊီယန့္၏လက္ေခ်ာင္းမ်ားကပ်ံလႊားသြားကာ ၾကယ္သီးအကုန္လုံးျဖဳတ္ၿပီးသြားတာကိုျမင္လိုက္ရသည္။

လင္ခုံးလု: ဟစ္!

သူဒီေျခတံႏွင့္ခါးကိုမေတာင့္ခံနိုင္မွာစိုးတယ္။

ကံေကာင္းစြာျဖင့္သူစဥ္းစားတာျမန္ၿပီး ခပ္ျမန္ျမန္အပိုေစာင္ကိုဆြဲကာ တစ္ဖက္လူကိုေခါင္းမွေျခဆုံးအုပ္လိုက္သည္။

ဒီေတာ့႐ႊီယန့္တစ္ေယာက္အက်ီခြၽတ္ၿပီးသည္ႏွင့္ လုံးဝအအုပ္ခံလိုက္ရသည္။ တရားခံကစိတ္သက္သာရာရေသာအၾကည့္ျဖင့္ဆိုေလသည္။
"ေတာ္ေသးတယ္။ ငါမင္းအတြက္ေစာင္ျပင္ထားေပးတာေက်းဇူးတင္လိုက္။"

ဒါကိုေျပာၿပီးေနာက္သခင္ေလးကမ်က္ေတာင္ခတ္လိုက္ၿပီး ေမးေနသည့္အလား: "ငါဉာဏ္ေကာင္းတယ္ေနာ္။"

႐ႊီယန့္ႏွလုံးသားထဲကမီးေတာက္အမ်ားစုမွာ႐ုတ္ျခည္းၿငိမ့္သြားေတာ့သည္။ သူအံႀကိတ္ကာေတြးလိုက္မိသည္။ ေကာင္းတယ္၊ သိပ္ေကာင္းတယ္။

လင္ခုံးလုကခုနကသူ႕ရင္ထဲမွာမီးေတာက္ေနမွန္းမသိေပ။ ထိုသို႔ေျပာၿပီးေနာက္ သူကသူ႕အတြက္ေနရာလုပ္ေပးကာ အိပ္ရာ၏အစြန္းကိုပုတ္ၿပီးေျပာလိုက္သည္။
"ဒီမွာထိုင္၊ တံခါးေဘးမွာ။ တစ္ေယာက္ေယာက္လာရင္ မင္းေသခ်ာေပါက္သိရလိမ့္မယ္။ ခဏေနငါအိပ္ေပ်ာ္သြားရင္ မင္းခဏလွဲအိပ္လို႔ရတယ္။"

႐ႊီယန့္: "....."

သူကတကယ္ဘဲညေစာင့္သက္သက္ပဲလား။

"ဒါေပမဲ့ငါမအိပ္ခ်င္ေသးဘူး။ မင္းဘာလို႔ငါနဲ႕စကားမေျပာတာလဲ။ ခဏေလာက္စကားေျပာၿပီးရင္ငါအိပ္ခ်င္ရင္အိပ္ခ်င္သြားမွာေပါ့။"
လင္ခုံးလုကထပ္ေျပာလိုက္ၿပီး သူ႕မ်က္ႏွာထက္သန့္ရွင္းစင္ၾကယ္ကာျဖဴစင္ေသာအၾကည့္ရွိေနကာ သူထင္ထားသလိုမဟုတ္ေပ။

႐ြီယန့္: "......"

ညေစာင့္နဲ႕စကားေျပာေဖာ္လုပ္ခိုင္းေနတာပဲ။

ဒါေပမဲ့ေရာက္လာၿပီဆိုမွေတာ့....

သူကုတင္ေပၚမွာမ်က္ႏွာေသျဖင့္ဝင္ထိုင္လိုက္ေတာ့ လင္ခုံးလုကအလ်င္စလိုေဘးကိုေ႐ႊ႕သြားသည္။

ႏွစ္ဦးသားမွာေစာင္မ်ားပတ္ထားၾကသျဖင့္ ငတုံးပင္ဂြင္းႏွစ္ေယာက္ႏွင့္တူေနသည္။

ေစာင္ကိုသခင္ေလးအသုံးျပဳခဲ့တာျဖစ္သည္။ ၎မွာႏူးညံ့ေခ်ာေမြ႕လို႔ေနကာ တစ္ဖက္လူ၏အနံ႕တို႔စြက္လ်က္ရွိသည္။ ႐ႊီယန့္ပင့္သက္ရွိုက္လိုက္မိေတာ့ ေစာင္ပိုင္ရွင္အတိုင္း အနည္းငယ္ေမႊးကာႏူးညံ့သည္ဟုခံစားလိုက္ရသည္။

ထိုစဥ္ေလထုမွာႏြေးေထြးေနၿပီး သခင္ေလးႏွင့္အတူတစ္ညလုံးဒီလိုမ်ိဳးထိုင္တာကဆိုးေတာ့မဆိုးေလာက္ဘူးဟု႐ုတ္ျခည္းခံစားလိုက္ရသည္။

သို႔ေသာ္သူေတြးၿပီး႐ုံသာရွိေသး လင္ခုံးလုကစပ္စပ္စုစုေမးလာသည္။
"ဒါနဲ႕ ငါမင္းနာမည္ကိုမသိေသးဘူးေနာ္? မင္းကိုဥယ်ာဥ္မႉးလို႔အၿမဲေခၚလို႔မရဘူးေလ။"

႐ႊီယန္: "......"

အခုပဲႏူးညံ့သြားသည့္သူ႕မ်က္ႏွာမွာေတာင့္တင္းသြားကာအံႀကိတ္ၿပီး သူဥယ်ာဥ္မႉးအလုပ္ေလွ်ာက္တုန္းကသုံးခဲ့သည့္နာမည္အတုကိုေျပာလိုက္သည္။
"႐ႊီရွီ။"

"႐ႊီရွီ?" လင္ခုံးလုေျပာကာမ်က္ေမွာင္ၾကဳတ္မိသည္။
"မင္းေက်ာက္တုံးလိုမ်ိဳးေအးစက္မာထန္ေနတာမဆန္းဘူး။"

႐ႊီယန့္ကသူ႕ကိုတစ္ခ်က္ၾကည့္ကာမ်က္ႏွာေသျဖင့္ဆိုသည္။
"သခင္ေလးခ်ီးက်ဴးေနပါၿပီ။"

"ဒါကမင္းကိုခ်ီးက်ဴးေနတာမဟုတ္ဘူးေလ။"  လင္ခုံးလု႐ုတ္တရက္အနားတိုးကပ္သြားကာ သူ၏ေခ်ာေမာေသာမ်က္ႏွာတစ္ျခမ္းကိုအေလးအနက္ၾကည့္ၿပီး မ်က္ေတာင္ခတ္လ်က္:
"မင္းကအရမ္းလွတယ္၊ ပန္းေလးတစ္ပြင့္လိုပဲ။ မင္းကို႐ႊီရွီလို႔ေခၚတာကတအားပ်င္းစရာေကာင္းတယ္။ ငါမင္းကို႐ႊီေရွာင္ဟြား(ပန္းကေလး)လို႔ေခၚရင္ေကာ?"

ျဖစ္ခ်င္ေတာ့မင္းကပန္းေတြကိုသေဘာက်တယ္။

႐ႊီယန့္ကဒါကိုၾကားေတာ့ မသိမသာစိတ္ဗလာက်င္းသြားရသည္။ သူ႕မွတ္ဉာဏ္ထဲမွာ သူ႕နားထဲတီးတိုးေျပာလာခဲ့သည့္ေကာင္ေလးတစ္ေယာက္ရွိသည္:
"႐ႊီယန့္၊ မင္းကအရမ္းေခ်ာတာပဲ။ ငါမင္းကိုအခုကစၿပီး႐ႊီေရွာင္ဟြားလို႔ေခၚရင္ေကာ? ေရွာင္ဟြား၊ ေက်ာင္းအလွေလး၊ ေက်ာင္းအလွေလး႐ႊီ၊ ဟီးဟီး။"

႐ႊီယန့္ကလွည့္ကာသူ႕ကိုသင္ခန္းစာေပးခ်င္သည့္အလားေကာင္ေလးကိုသူ႕ေအာက္မွာဖိခ်လိဳက္သည္။ ဒီဟာကေကာင္ငယ္ေလးကိုလုံးဝရိုးသားပြင့္လင္းသြားေစကာ သူတခစ္ခစ္ရယ္ကာဆိုလိုက္သည္။
"ကိုယ္မဟုတ္ဘူး၊ မင္းပဲ။"

"ငါက?" ေကာင္ငယ္ေလး၏မ်က္လုံးမ်ားမွာဟိုဟိုဒီဒီေ႐ြ႕သြားေပမဲ့ ေနာက္တစ္ခဏမွာစပ္စပ္စုစုေမးလာခဲ့သည္။

႐ႊီယန့္သူ႕ႏွဖူးကိုအသာေတာက္ကာခပ္ဖြဖြအၿပဳံးျဖင့္ေျပာလိုက္သည္။
"သူကေက်ာင္းအလွေလး၊ ၿပီးေတာ့သူကကိုယ့္အပိုင္ဆိုလဲဟုတ္တယ္...."

ပန္းကေလး။

ဒီဟာကမမွားေပ၊ ႐ႊီယန့္ကေက်ာင္းမွာအလွေလးလို႔အေခၚခံရေပမဲ့ ႏူးညံ့လွပေသာသခင္ေလးမွာေက်ာင္းအလွေလးဟုမၾကာခဏတိတ္တခိုးအေခၚခံရေပမဲ့ ေကာင္ငယ္ေလးကေတာ့မသိေပ။

သူ႐ုတ္ျခည္းစိတ္ဗလာက်င္းသြားတာျမင္ေတာ့ လင္ခုံးလုမေနနိုင္ဘဲအနားတိုးသြားကာ သူ႕မ်က္လုံးထဲသိခ်င္စိတ္ျဖင့္စိုက္ၾကည့္ၿပီး ေမးလိုက္သည္။
"မင္းဘာေတြးေနတာလဲ။"

သူအရမ္းကပ္လာလို႔လားမသိ၊ ႐ႊီယန့္မွာသူ႕ကိုယ္ေပၚကခပ္ေဖ်ာ့ေဖ်ာ့ကိုယ္သင္းရနံ႕ကိုရလိုက္သည္။

သူ႐ုတ္ျခည္းအသိျပန္ဝင္လာကာလင္ခုံးလုကိုရႈပ္ေထြးေသာမ်က္ႏွာထားျဖင့္ၾကည့္လိုက္မိသည္။

လတ္စသတ္ေတာ့တစ္ခါကခ်စ္စကားျဖစ္ခဲ့ဖူးတဲ့အရာကမ်က္စိတစ္မွိတ္အတြင္းမွာ"အျခားတစ္ေယာက္"ဆီအလြယ္ေလးေရာက္သြားနိုင္တာပဲ။

သူဟာပိုင္ရွင္ေပ်ာက္သြားသည့္အိမ္ေမြးတိရစ္ဆာန္ေလးႏွင့္တူသည္ဟုသူ႐ုတ္ျခည္းခံစားလိုက္ရသည္။ သူကေတာ့တစ္ဖက္လူသူ႕ကိုေပးလိုက္သည့္အရာရာတိုင္းကိုမွတ္မိေနေပမဲ့ တစ္ဖက္လူကေတာ့သူ႕ကိုေမ့သြားတာၾကာၿပီျဖစ္ကာ သူ႕ကိုေပးခဲ့သည့္နာမည္ကိုသူ႕ကိုထပ္ေပးလာခဲ့သည္။

သူ႐ုတ္တရက္နိုးသြားပုံရကာ ႐ုတ္ျခည္းျပန္ဆြဲၿပီး သူ႕မ်က္ႏွာအမာ႐ြတ္ဘက္အျခမ္းကိုသခင္ေလးဆီလွည့္ျပကာ မ်က္ႏွာေသျဖင့္ေမးလိုက္သည္။
"ၾကည့္ေကာင္းေသးလား။"

ဒီလိုေၾကာက္မက္ဖြယ္မ်က္ႏွာတစ္ျခမ္းသူ႕ေရွ႕မွာ႐ုတ္တရက္ေပၚလာတာကလင္ခုံးလု၏မ်က္ႏွာထားကိုေတာင့္ခဲသြားေစကာ သူ႕အသက္ရႉႏႈန္းကိုတန့္သြားေစသည္။

သို႔ေသာ္သူဟာေၾကာက္႐ြံ႕ေသာအၾကည့္မျပဘဲ လက္ဆန့္ကာအမာ႐ြတ္ကိုသူ၏ႏြေးေထြးကာႏူးညံေသာလက္ဖဝါးျဖင့္အုပ္ကိုင္လိုက္ၿပီး စိတ္ဖိစီးေသာခံစားခ်က္ကိုအတတ္နိုင္ဆုံးႀကိဳးစားဖိႏွိပ္ကာ သိခ်င္စိတ္ျဖစ္ခ်င္ေယာင္ေဆာင္ၿပီး ေမးလိုက္သည္။
"ဒီေနရာက...ဘယ္လိုထိခိုက္သြားတာလဲ။"

႐ႊီယန့္ကသူ႕ကိုမ်က္ဝန္းနက္မ်ားျဖင့္ၾကည့္ကာ အတက္အက်မရွိေသာေလသံျဖင့္ေျပာလိုက္သည္။
"ကြၽန္ေတာ္လူတစ္ေယာက္ကို႐ူး႐ူးမိုက္မိုက္ခ်စ္ခဲ့ဖူးတယ္။ သူကကြၽန္ေတာ့္ဆီကစားေသာက္ခဲ့တာ။ အဆုံးသတ္က်ေတာ့ သူကအျခားတစ္ေယာက္နဲ႕လက္ထပ္နိုင္ေအာင္လို႔ ကြၽန္ေတာ့္ကိုဖယ္ရွားဖို႔အတြက္ အျခားလူတစ္ေယာက္နဲ႕ပူးေပါင္းၿပီးေတာ့ ကြၽန္ေတာ့္ကိုေထာင္ေခ်ာက္ဆင္ၿပီးေထာင္ခ်ခဲ့တာ၊ ေနာက္က်ေတာ့လူလႊတ္ၿပီးေတာ့ကြၽန္ေတာ့္မ်က္ႏွာကိုဖ်က္ဆီးပစ္ခဲ့တယ္ေလ။"

လင္ခုံးလုပင့္သက္ရွိုက္မိကာမယုံၾကည္နိုင္ဟန္ေျပာမိသည္။
"ဒီလိုမေကာင္းတဲ့လူရွိတယ္လား။"

ဟက္၊ သူ႕ရဲ႕သ႐ုပ္ေဆာင္စေကးကိုစမ္းသပ္ဖို႔အခ်ိန္ေရာက္ၿပီ။ သူကထိုလူဟာသူကိုယ္တိုင္ျဖစ္ေနမွန္းလုံးဝေမ့သြားသည့္အလားေရွာ့ခ္ေနရပုံပင္။

႐ႊီယန့္သူ႕ကိုနင့္နင့္နဲနဲၾကည့္ကာေျပာလိုက္သည္။
"သူကမဆိုးပါဘူး၊ ကြၽန္ေတာ္ကတုံးတာ။"

"မင္းကအရမ္းသေဘာေကာင္းတာပဲေနာ္၊ မင္းဒီလိုျဖစ္သြားတာေတာင္သူ႕အတြက္ေျပာေပးေနတုန္းပဲ။"
လင္ခုံးလုေခါင္းခါကာ အမာ႐ြတ္ကိုသူ႕လက္ေခ်ာင္းထိပ္မ်ားျဖင့္ထိလိုက္ၿပီး သူ႕လုံးမ်ားမွာနာက်င္လို႔ေနသည္။ ထို႔ေနာက္သူေဒါသတႀကီးေျပာလိုက္သည္။
"အဲ့လူကတကယ္လြန္လြန္းတယ္။ သူကမ်က္ျဖဴဝံပုေလြပဲ။ ငါသာဆို မင္းအေပၚေသခ်ာေပါက္ဒီလိုလုပ္မွာမဟုတ္ဘူး။"

႐ႊီယန့္ကသူ႕လက္ေကာက္ဝတ္ကို႐ုတ္တရက္လွမ္းဆြဲကာနက္ရွိုင္းေသာ့ၾကည့္ျဖင့္ေမးလိုက္သည္။ "တကယ္?"

"အင္း။" လင္ခုံးလုခ်က္ခ်င္းေခါင္းၿငိမ့္ျပၿပီးမ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ငါကေသခ်ာေပါက္အဲ့ေလာက္ႏွလုံးသားမဲ့မွာမဟုတ္ဘူး၊ သူမ်ားကိုအေၾကာင္းမရွိဘဲထိခိုက္ေအာင္လုပ္ဖို႔ဆိုေဝးေသးတယ္။"

မင္းနားၾကားမွားလိုက္တာျဖစ္ေလာက္တယ္မလား။ သူႏွင့္တစ္ဖက္လူမွတ္ဉာဏ္ထဲကမ်က္ျဖဴဝံပုေလြေလးၾကားမွာကြဲျပားမႈရွိတယ္။

႐ႊီယန့္႐ုတ္ျခည္းသူ႕မ်က္ဝန္းထဲစိုက္ၾကည့္ၿပီး လိပ္ျပာမသန့္မႈႏွင့္ေရွာင္လႊဲလိုမႈတစ္စြန္းတစရွာေတြ႕မလားၾကည့္လိုက္ေပမဲ့ဘာမွမရွိေပ။

တစ္ဖက္လူသူ႕ကိုတကယ္လုံးဝေမ့သြားတာမ်ားျဖစ္ေနတာမလား။ သူ႕ရဲ႕တည့္တိုးအရိပ္အႁမြက္ကိုေတာင္မၾကားဘူးေပါ့? သူလုပ္ခဲ့တာကိုေတာင္မမွတ္မိဘူးေပါ့?

သူလင္ခုံးလု၏လက္ေကာက္ဝတ္ကိုတျဖည္းျဖည္းခ်င္းလႊတ္ေပးကာ မ်က္ႏွာေသျဖင့္တည္ၿငိမ္စြာေျပာလိုက္သည္။
"သနားစရာပဲ။ သခင္ေလးကသူမဟုတ္ဘူးေလ။"

လင္ခုံးလုသူ၏အျပစ္ရွိစိတ္ကိုတိတ္တိတ္ေလးဖိႏွိပ္လိုက္ၿပီး ေတြးၾကည့္ကာဟန္ေဆာင္ႏွစ္သိမ့္ေပးလိုက္သည္။
"အင္း၊ တအားဝမ္းနည္းမေနပါနဲ႕။ ဘယ္ကမ်ားငယ္႐ြယ္တုန္းကဆန္ကုန္ေျမေလးနဲ႕မခ်စ္ႀကိဳက္ခဲ့ဖူးလို႔လဲ။ မင္းကအခုဆိုငါ့ဥယ်ာဥ္မႉးျဖစ္ေနၿပီ။ မင္းပိုက္ဆံပိုရွာၿပီးၾကည့္ေကာင္းေအာင္လုပ္လို႔ရတာပဲေလ။ မင္းဘယ္လိုလူမ်ိဳးကိုရွာေနတာလဲ။"

မင္းဒီတိုင္းအေနာက္လွည့္ၾကည့္လိုက္႐ုံပဲေနာ္။ ငါ့ဆီထပ္လာဖို႔မျဖစ္နိုင္တာမဟုတ္ဘူး။

သူသူ၏ရိုးသားစစ္မွန္ေသာမ်က္လုံးမ်ားကိုႀကိဳးစားဖြင့္လိုက္သည္။

႐ႊီယန့္ကသူ႕ကိုၾကည့္ကာတည္ၿငိမ္စြာေမးလာသည္။
"သခင္ေလးေရာလား။"

လင္ခုံးလုေခါင္းအလ်င္စလိုၿငိမ့္ျပလိုက္သည္။ "အင္း။" အမွန္ပဲ၊ ဒီေတာ့မင္းငါ့ရဲ႕တစ္ပတ္လည္ျမက္ကိုစားခ်င္သြားၿပီလား။

ဘယ္သူသိမွာလဲ၊ ႐ႊီယန့္ကေမးလာသည္။
"သခင္ေလးခ်စ္ႀကိဳက္ခဲ့တဲ့အဲ့ဆန္ကုန္ေျမေလးကဘယ္သူလဲ။"

လင္ခုံးလု: "အာ?"

ငါလဲသူ႕ျမက္ကိုစားလို႔ရမရေမးေနတာလား။

"သခင္ေလးနဲ႕ခ်စ္ႀကိဳက္ခဲ့တဲ့လူကဘယ္သူလဲလို႔?"
႐ႊီယန့္ကထပ္ေမးလာၿပီး သူ႕အသံမွာအနည္းငယ္ပိုေအးစက္သြားပုံပင္။

"သခင္ေလးရဲ႕ေစ့စပ္မဲ့သူလား။"

ဒါေပမဲ့တစ္ဖက္လူကဆန္ကုန္ေျမေလးတစ္ေကာင္လား။ ဆိုေတာ့သခင္ေလးကဒီႏွစ္ရက္္မွာသူ႕ကိုေသြးေဆာင္ျဖားေယာင္းခဲ့တာက စုန့္လင္ကိုလက္တုံ႕ျပန္ခ်င္လို႔မဟုတ္ရင္ အထိီးကျန်နေလို့ပဲ။ ၿခဳံေျပာရရင္သူကတစ္ဖက္လူရဲ႕ဒုတိယအေကာင္းဆုံးေ႐ြးခ်ယ္မႈနဲ႕သူတို႔အ႐ုပ္ပဲလား။ ဟက္။

လင္ခုံးလုဒါကိုၾကားေတာ့မိန္းေမာသြားရၿပီးမွ သူ၏လွပေသာမ်က္ခုံးမ်ားကိုၾကဳတ္ကာဇေဝဇဝါျဖစ္စြာေျပာလိုက္သည္။
"မင္းဘာေတြေျပာေနတာလဲ။ ငါကသူ႕ကိုဘာလို႔ႀကိဳက္ရမွာလဲ။ သူကဆန္ကုန္ေျမေလးဟုတ္မဟုတ္ေတာ့မသိဘူး၊ ဒါေပမဲ့သူနဲ႕ငါ....အိုင္း၊ စုန့္မိသားစုကငါ့မိသားစုနဲ႕လက္ထပ္ပူးေပါင္းခ်င္ေနတာဆိုေပမဲ့ ငါမဆုံးျဖတ္ရေသးဘူး။ သူသာသိသြားရင္ ငါ့ကိုသူ႕ကိုလက္ထပ္ေအာင္လုပ္မွာ။"

"တကယ္ေတာ့ငါ့မွာသူ႕အေပၚခံစားခ်က္သိပ္မရွိေပမဲ့ ငါ့ပါးပါးကငါ့ကိုစဥ္းစားခိုင္းတယ္ေလ။ ငါျပန္ေပးဆြဲခံရတုန္းက သူငါ့ကိုဆင္ေျခဖုံးရပ္ကြက္ထဲမွာကယ္ခဲ့တာဆိုေတာ့ျငင္းရခက္ေနတာ။"

႐ႊီယန့္ကဒါကိုၾကားေတာ့ သူ႕မ်က္ႏွာထားေတာင့္တင္းသြားကာေမးလာသည္။
"သခင္ေလးကဆင္ေျခဖုံးရပ္ကြက္ထဲျပန္ေပးဆြဲခံခဲ့ရတာလား။"

သူ"ျပန္ေပးဆြဲ"ဆိုသည့္စကားလုံးကိုတစ္မ်ိဳးေထ့ေငါ့ေသာေလသံျဖင့္ဖိေျပာလိုက္သည္။

"အင္း။" လင္ခုံးလုကၾကားပုံမရဘဲ ၾကက္ကေလးဆန္ဆိတ္သည့္ပမာခ်က္ခ်င္းေခါင္းၿငိမ့္လိုက္သည္။
"ငါ့ကိုျပန္ေပးဆြဲခဲ့တဲ့လူကငယ္ေပမဲ့စိတ္ဓာတ္ကေတာ့ေတာ္ေတာ္ဆိုးတယ္။ သူကငါမွတ္ဉာဏ္ေပ်ာက္ေနတုန္းငါ့ကိုလက္ထပ္ခ်င္ခဲ့တာေလ။ ကံေကာင္းခ်င္ေတာ့စုန့္လင္ကအခ်ိန္မီသိသြားၿပီးေတာ့ ငါ့ကိုကယ္ၿပီးအဲ့လူကိုေထာင္ထဲပို႔ခဲ့တယ္။"

႐ႊီယန့္၏မ်က္ႏွာမွာ႐ုပ္ဆိုးမေနေတာ့ဘဲ သူကထူးဆန္းေသာေလသံျဖင့္ဆိုသည္။
"အကုန္လုံးကိုသူမ်ားဆီကၾကားခဲ့တာေပါ့? ကိုယ့္ဘာသာကိုမမွတ္မိဘူးလား။"

"အာ? မင္းသိသြားၿပီလား။"
လင္ခုံးလုကအံ့ၾသသြားပုံပင္။
"ငါမွတ္ဉာဏ္ျပန္ရလာၿပီးေနာက္ပိုင္း ဆင္ေျခဖုံးရပ္ကြက္ထဲမွာျဖစ္ခဲ့တဲ့ကိစၥကိုငါမမွတ္မိေတာ့ဘူးေလ။ စုန့္လင္ကငါ့ကိုေျပာျပတာ။"

႐ႊီယန့္: "...သခင္ေလးကိုျပန္ေပးဆြဲခဲ့တဲ့လူကိုေတြ႕ၿပီးကိုယ္တိုင္မေမးခဲ့ဘူးလား။"
သူရင္ထဲမွာစုေဝးေနသည့္အမ်က္ေဒါသျဖင့္အံႀကိတ္ေျပာလိုက္သည္။

"ဒါေပါ့ ငါသူ႕ကိုေတြ႕ခဲ့တယ္ေလ။"
လင္ခုံးလုႀကိဳးစားျပန္ေတြးၾကည့္ကာေျပာလိုက္သည္။
"သူကအရပ္ရွည္ၿပီးေတာ့ပိန္တယ္၊ စုန့္လင္ေျပာသလိုပဲ...."

လာျပန္ၿပီ၊ စုန့္လင္။

႐ႊီယန့္၏မ်က္လုံးမ်ားမည္းေမွာင္သြားရသည္။

လင္ခုံးလု: "မ်က္ႏွာကနည္းနည္းဝၿပီးေတာ့မညီမညာနဲ႕ပြန္းပဲ့ေနၿပီး မ်က္လုံးေမွးတယ္...."

႐ႊီယန့္: အဲ့ဒါအရိုက္ခံထားရလို႔ဖူးေယာင္ေနတာေလ။

လင္ခုံးလု: "သူ႕မ်က္လုံးေတြကေမွးေပမဲ့ သူ႕အၾကည့္ေတြကေတာ့အရမ္းခက္ထန္ၿပီးေၾကာက္စရာေကာင္းတယ္။ ၿခဳံေျပာရရင္သူကမင္းလိုမ်ိဳးၾကည့္မေကာင္းဘူး။"

႐ႊီယန့္: ဟက္။

အဲ့ဒါမင္းကန္းေနလို႔ပဲ၊ သူတို႔ကတစ္ေယာက္ထဲပဲရယ္။

"ဒါေပမဲ့ငါသူ႕ကိုႏွစ္ခါပဲေတြ႕ဖူးတာ၊ လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကဆိုေတာ့ ငါသိပ္မမွတ္မိ...."
သခင္ေလးကေျပာရင္းသမ္းေဝကာအိပ္ခ်င္လာသည္။ ေနာက္ဆုံးမွာေတာ့ေခါင္းေစာင္းၿပီး သူ႕ကိုမွီလ်က္အိပ္ေပ်ာ္သြားေလသည္။

႐ႊီယန့္မွာေတာင့္ေတာင့္ႀကီးထိုင္ေနခဲ့ၿပီး သူ႕ခႏၶာကိုယ္မွာ႐ုပ္တုပမာ သူ႕မ်က္ႏွာထားသာရံဖန္ရံခါေျပာင္းလဲလို႔ေနသည္။

သူ႕မ်က္ဝန္းထဲမွာမုန္တိုင္းထန္ေနၿပီး ေခ်ာက္နက္ပမာမည္းေမွာင္လို႔ေနကာ သူဘာေတြးေနမွန္းမသိေပ။ အခ်ိန္အေတာ္ၾကာသြားၿပီးမွ သူေနာက္ဆုံးမွာေခါင္းလွည့္ၿပီးလင္ခုံးလု၏လွပႏူးညံ့ကာခုခံမႈမရွိေသာအိပ္ေပ်ာ္ေနသည့္မ်က္ႏွာေလးကိုျဖည္းျဖည္းခ်င္းၾကည့္လိုက္မိသည္။

သခင္ေလးကဆင္ေျခဖုံးရပ္ကြက္ထဲမွာျဖစ္ခဲ့တာကိုမမွတ္မိဘူးလို႔ေျပာတယ္၊ အဲ့စုန့္လင္ကသူ႕ကိုအထင္မွားေအာင္လုပ္ခဲ့တာ။ သူယုံၾကည္သင့္လား။

ဟက္၊ ယုံတာမယုံတာဘာကြာသြားလို႔လဲ။ တစ္ဖက္လူသူ႕ကိုတကယ္မမွတ္မိတာလား၊ မမွတ္မိခ်င္ေယာင္ေဆာင္ေနတာလားဆိုတာကသူ႕အတြက္အေရးပါလို႔လား။

သူျဖည္းျဖည္းခ်င္းလက္ျမႇောက္ကာသူ႕လက္ဖဝါးႏွင့္လက္ေခ်ာင္းမ်ားကိုသခင္ေလး၏က်ိဳးပဲ့လြယ္ကာပိန္သြယ္ေသာလည္တိုင္ကိုရစ္ပတ္လိုက္ပုံမွာ သူတစ္ဖက္လူ၏ဘဝကိုခပ္ဖြဖြဖ်စ္ညွစ္မႈႏွင့္တင္အလြယ္ေလးအဆုံးသတ္နိုင္သည့္အလား။

ဒါေပမဲ့သူဘယ္လိုလုပ္လုပ္နိုင္မွာလဲ။ အခ်ိန္အမ်ားႀကီးရွိပါေသးတယ္၊ ဒီတစ္ႀကိမ္ပဲ၊ ဒီတစ္ႀကိမ္ပဲ...

သူ၏ဆုပ္ကိုင္ထားသည့္လက္ေခ်ာင္းမ်ားမသိမသာတုန္ရီသြားကာ သူ႐ုတ္တရက္သခင္ေလး၏လည္တိုင္အေနာက္ကိုလွမ္းဆုပ္လိုက္ၿပီး ႐ႊီယန္ကိုယ္ကိုင္းကာသူ႕ကိုဖိခ်လိဳက္ကာ သူ႕မ်က္လုံးမ်ားမွာမည္းေမွာင္မႈႏွင့္႐ူးသြပ္မႈတို႔ျပည့္လို႔ေနသည္။

သူေကာင္ငယ္ေလး၏ႏႈတ္ခမ္းကိုကိုင္ကာသူ႕အဝတ္ေပၚလက္တင္ၿပီး မျငင္းနိုင္ေအာင္တြန္းအားေပးလိုက္သည္။

---------

Continue Reading

You'll Also Like

29.2K 1.1K 30
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
58.7K 2.2K 98
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
24.4K 3.8K 10
Original Title_杀手他失业了 Author_Bailu Wei Shuang [白露未霜] Total Chapters_9. •This is Myanmar Translation and I don't own the story. •All credits to respec...
115K 24.1K 72
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့