၈၄၉။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော်(၅)
ဂျန်ဝုရှီက လက်ကို ဆန့်တန်း၍ ချူလင်းယွဲ့၏ လက်ကောက်ဝတ်ပေါ်သို့ သူမ၏ လက်ချောင်းဖျားလေးကို တင်လိုက်သည်။
မင်း ဘာလုပ်နေတာလဲ ဂျန်းယင်းလောင်က သူမ အခန်းထဲသို့ ဝင်ရောက်သည်မှ စ၍ သူမ၏ လှုပ်ရှားမှုတိုင်းကို လိုက်လံကြည့်ရှူနေခဲ့သည်။ ဂျန်ဝုရှီက ချူလင်းယွဲ့၏ အနီးသို့ ချည်းကပ်သွားသည်နှင့် သူ သံသယဝင်လာသည်။ ဂျန်ဝုရှီက ရုတ်တရက် လက်ဆန့်တန်း၍ ချူလင်းယွဲ့ကို ထိကိုင်လိုက်သည်နှင့် သူက အော်ငေါက်လိုက်သည်။
သူ့အော်ငေါက်လိုက်သံကြောင့် လူတိုင်း လှည့်ကြည့်လိုက်လျှင် ပြိုင်ဘက်ကင်း ချောမောသော အမျိုးသမီးငယ်လေးကို သူတို့ တွေ့လိုက်ကြရသည်။ သူမ၏ လက်က ချူလင်းယွဲ့၏ လက်ကောက်ဝတ်ပေါ်မှာ ရှိနေသည်။ သွေးကြော စမ်းသပ်နေသည့်ဟန် ဖြစ်သည်။
ဒီအမျိုးသမီးငယ်လေးက... နန်းတွင်းသမားတော် တစ်ယောက်က လေ့ချန်ကို စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။
လေ့ချန် ပြန်ပြောလိုက်သည် ဒီအမျိုးသမီးငယ်လေးက ချီတိုင်းပြည် လင်းအိမ်တော်က သခင်မလေးပါ၊ သူမက အေးအေးဆေးဆေး ခရီးသွားလာနေရင်း ကျုပ်တို့ ရန်တိုင်းပြည်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာ၊ သူမက ဆေးပညာမှာ အလွန်အမင်း ထူးချွန်တယ်လို့ ကျုပ် ကြားဖူးထားတယ်၊ အဲဒါနဲ့ ကျုပ်လည်း ချူလင်းယွဲ့ရဲ့ အနေအထားကို စဉ်းစားမိလို့ ကြည့်ပေးဖို့ သူမကို ဒီကို ဖိတ်ခေါ်လာခဲ့တာ။ လေ့ချန် ထိုစကားများကို ပြောချိန်မှာ သူ့အင်္ကျီအိတ်များမှာ သိုဝှက်ထားသော လက်သီးများကို သူ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
ကြည့်ရှူပေးဖို့ သူမကို ဖိတ်ခေါ်ခဲ့တာလား၊ အရှင့်သား ပြောတာ အမှန်လား သမားတော်များက လေ့ချန်ကို အံ့ဩဟန်ဖြင့် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ဂျန်ဝုရှီကို လှည့်ကြည့်လိုက်ကြသည်။ အနေအထားက အတော်လေး ရယ်စရာကောင်းနေသလို သူတို့ ခံစားလိုက်ကြရသည်။
သူတို့က ဂျန်ဝုရှီ၏ မူရင်းဇာစ်မြစ်ကို စိတ်မဝင်စားကြချေ။ ဆယ့်ငါးနှစ်လောက်သာ ရှိသည့် မိန်းမငယ်လေးက သူတို့လို နာမည်ကျော်ကြားသည့် သမားတော်အုပ်စုတစ်ခုလုံး၏ ရှေ့မှာ ရပ်တည်၍ သူမကိုယ်ကို ပြသဝံ့သတဲ့လား။ ဒါက ဟာသဖြစ်မနေဘူးလော။
ထိုအခိုက်တွင် သမားတော်အားလုံး၏ မျက်နှာများ မဲမှောင်သွားကြသည်။
အရှင့်သားက ဒီတာဝန်ကို ကျနော်တို့ မထမ်းဆောင်နိုင်ဘူးလို့ ခံစားမိတယ်ဆိုရင်လည်း, ကျနော်တို့ကို တိုက်ရိုက် ပြောလို့ ရပါတယ်၊ မိန်းကလေးငယ်လေး တစ်ယောက်ကို ဒီလိုချည်းတော့ ခေါ်လာဖို့ မလိုအပ်ဘူးမို့လား၊ ကျနော်တို့အားလုံး မမလေးချူရဲ့ အနေအထားကို အတော်ကြာအောင် လေ့လာဆန်းစစ်ပြီး ဆွေးနွေးနေခဲ့ကြတာပါ၊ အခုထက်ထိ သင့်တော်မဲ့ ကုသရေးကို ကျနော်တို့ မတွေ့မိသေးပါဘူး၊ အခုထိ အရွယ်တောင် ကောင်းကောင်းမရောက်သေးတဲ့ မိန်းမငယ်လေးကို ခေါ်ယူလာခဲ့တာကတော့, ဂုဏ်သိက္ခာကြီးမြင့်တဲ့ ကျနော်တို့လို သမားတော်တွေရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ မဟုတ်ဘူးလား နန်းတွင်းသမားတော်ထဲမှ အကြီးဆုံး သမားတော်က မကျေမနပ်ဖြင့် ပြောသည်။
လေ့ချန်က ထိုသမားအိုကြီးကို လှည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲမှ အေးစက်စွာ ရယ်လိုက်သည်။ ထိုသမားအိုကြီးက သူခမည်းတော်၏ လက်စွဲတော် ဖြစ်သည်။ သူ့ခမည်းတော်က ထိုသမားအိုကြီးကိုတောင် ဒီကို လာခိုင်းလိုက်မည်ဟု လေ့ချန် ထင်မထားမိပေ။
ထိုသမားအိုကြီး၏ ရာထူးက ထူးခြားပြီး တခြားသမားတော်များနှင့် ကွဲပြားသည်။ လေ့ချန်နှင့် ဆန့်ကျင်ဘက် လုပ်ရမည်ဆိုလျှင်တောင်, သူက တွန့်ဆုတ်ဆုတ် လုပ်တတ်သူ မဟုတ်ပေ။
ဘာလို့ နန်းတွင်းသမားတော်ကြီး လီက ဒီလို စကားမျိုး ပြောရတာလဲ၊ ကျုပ်က ကျုပ်အပိုင်းလောက် နိုင်သရွေ့ ကြိုးစားကြည့်တာပဲ, ဒါလောက်ပဲလေ လေ့ချန်က ပြောသည်။
သမားတော်ကြီး လီက လှောင်ပြောင်သော လေသံဖြင့် ဆက်ပြောသည် ကျုပ်တို့ သမားတော်တွေ အားလုံးက အိုနေလို့ ကျုပ်တို့ မျက်စိအမြင်တွေ ကျဆင်းနေပြီလို့ အရှင့်သားက ပြောချင်နေတာပါလား၊ အဲကောင်မလေးက အသက်ဘယ်လောက် ရှိသေးလို့လဲ၊ ဆေးပညာမှာ သူမက ဘယ်လောက်အထိ အတွေ့အကြုံ ရှိသေးလို့လဲ၊ မမလေး ချူရဲ့ ဒဏ်ရာတွေကို ကုသတဲ့ နေရာမှာ အဲကောင်မလေးက ဘယ်လောက်အထိ အကူအညီဖြစ်မယ်လို့ အရှင့်သားက ယူဆနိုင်ပါသလဲ၊ အဲဒါသာ အမှန်ဆိုရင်, ဒီနေရာကို ရောက်လာကြတဲ့ နာမည်ကြီး သမားတော်တွေ မှန်သမျှ အသုံးမကျဘူး, အဆင့်မရှိတဲ့ အရူးတွေလို့ အရှင့်သား ပြောလိုက်တာနဲ့ တူမနေဘူးလား၊ ဒီ ကျုပ်တို့ သမားတော်တွေက ဆယ့်ငါးနှစ်လောက်သာ ရှိတဲ့ ကောင်မလေးနဲ့ မနှိုင်းယှဉ်နိုင်ဘူးလို့ ဆိုလိုချင်တာပါလား။
နန်းတွင်းသမားတော်လီ၏ စကားများက ချက်ချင်းပင် တခြားသမားတော်များကို စိတ်ဆွပေးလိုက်သဖြင့် သူတို့လည်း သဘောတူကြောင်း ခေါင်းညိတ်ပြ ကြသည်။
လေ့ချန်၏ မျက်နှာက ပို၍ပင် နက်မှောင်လာသည်။ နန်းတွင်းသမားတော်လီက ဘုရင်ကြီးထံမှ ကိုယ်တိုင် ညွှန်ကြားချက်ကို ရထားမည်ဆိုတာ သူ သေချာသိလိုက်သည်။ ထို့ကြောင့်ပင် သူက မယဉ်ကျေးသော လေသံဖြင့် သူ့ကို ဝေဖန်တိုက်ခိုက်ရဲခြင်းပင်။
မမလေးချူက ထောင်ချီသားရဲမြို့တော်ရဲ့ သခင်မလေး၊ ကျုပ်တို့ ရန်တိုင်းပြည်မှာသာ သူမ တစ်ခုခု ဖြစ်သွားခဲ့ရင်, ထောင်ချီသားရဲမြို့တော် သခင်ကို ဘယ်သူမှ ဖြေရှင်းချက် ပေးနိုင်မှာ မဟုတ်ဘူး၊ ထောင်ချီသားရဲ မြို့တော်က လူတွေ ဒီရောက်လာကြလို့, ရန်တိုင်းပြည်ရဲ့ အိမ်ရှေ့စံက မသိနားမလည်တဲ့ မိန်းကလေးငယ်လေး တစ်ယောက်ကို မမလေးချူကို ကုသပေးဖို့ ပို့လိုက်တယ်ဆိုတဲ့အကြောင်းကို ကျုပ်တို့ကို ပြောစေချင်နေ တာလား၊ အရှင့်သား, ဒီအကြောင်းသာ ပေါက်ကြားသွားခဲ့ရင်, လုံးဝ ဟာသလုပ်ရပ် ဖြစ်သွားမယ်ဆိုတာ အရှင့်သား မစဉ်းစားမိဘူးလား။
နန်းတွင်းသမားတော် လီက မာန်ပါပါဖြင့် မယဉ်မကျေး ပြောလာသည်။ ဂျန်ဝုရှီက ဆေးပညာကို တစိုးတစိ သိနားလည်လိမ့်မည်ဟူ၍ သူ တစ်ခါလေးမျှ မယုံကြည်လို့ ဖြစ်သည်။ ဒီလောက် အသက်ငယ်ငယ်ဖြင့် နားလည်တတ်ကျွမ်း ဖို့ဆိုတာ မည်သို့ ဖြစ်နိုင်မည်နည်း။
နန်းတွင်းသမားတော်လီ၏ ရန်လိုဟန်ပေါ်နေပြီး မယဉ်မကျေး ပြောသော လေသံကြောင့် လေ့ချန် ဒေါသများ တစိမ့်စိမ့် လှိမ့်ထွက်လာလေ၏။ ထိုစဉ် တစ်ဖက်မှာ ရှိနေသော ဂျန်ဝုရှီက ပါးစပ်ဟလာလေ၏ ဒီလောက် ကြာအောင် မမလေးချူရဲ့ အနေအထားကို စစ်ဆေးပြီးတဲ့နောက်, ရှင်တို့ အားလုံး ဘယ်လိုများ ကောက်ချက်ချလိုက်သလဲဆိုတာ ကျမ သိချင်မိပါရဲ့။
ဂျန်ဝုရှီ၏ မေးခွန်းကြောင့် လူတိုင်း၏ အာရုံက ချက်ချင်းပင် ဂျန်ဝုရှီထံ ရောက်ရှိသွားသည်။