ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

Por Boss_want_to_eat_you

116K 24.3K 514

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ Más

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၇] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.9K 389 7
Por Boss_want_to_eat_you

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၈)။

ချန်ပေါ်၏သေဆုံးမှုမှာအနည်းငယ်ဆိုးဝါးလှသည်။

ရဲတိုက်ထဲကကန်ထုတ်ခံရပြီးနောက် သူကျွန်းပေါ်ကဟိုတယ်မှာနေထိုင်ခဲ့သည်။

ဟိုတယ်ပိုင်ရှင်၏အဆိုအရ တစ်ဖက်လူဟာမနေ့ညကထွက်သွားခဲ့မှန်းတဝိုးတဝါးကြားခဲ့ပေမဲ့ ထိုစဥ်ကသူမူးဝေနေခဲ့သဖြင့် အချိန်အတိအကျမသိဘူးဟုဆိုသည်။ ဧည့်သည်ကစောစောထပြီးနေထွက်ချိန်ကိုသွားကြည့်ချင်နေသည်ဟုထင်ခဲ့မိသည်။

သူဒီမနက်နိုးလာတော့ ပိုင်ရှင်မှာတစ်ခုခုမှားနေမှန်းသဘောပေါက်သွားသည်။ ချန်ပေါ်ကနေထွက်ချိန်မဟုတ်ဘဲညလယ်ခေါင်ကြီးအပြင်ထွက်သွားခြင်းဖြစ်ပြီး ဒီရက်ပိုင်းမှာတိုင်ဖုန်းမုန်တိုးရှိသဖြင့် မနေ့ကတည်းကကျွန်းမှာတိမ်ထူလို့နေပြီး ပတ်ဝန်းကျင်ကိုသေချာမမြင်ရပေ။

"အဲ့တုန်းကအခြေအနေကမကောင်းတော့မှန်းသိလိုက်တယ်။ သူကညလယ်ခေါင်ကြီးအပြင်ထွက်သွားပြီးတော့ အချိန်အရမ်းကြာသွားတာတောင်ပြန်မလာဘူးလေ။ သူ့ကိုပင်လယ်မိစ္ဆာဆွဲခေါ်သွားတာဆိုရင်ရော..."

ဟိုတယ်ပိုင်ရှင်မှာဟွမ်မျိုးရိုးဖြစ်ပြီး သက်လတ်ပိုင်းအရွယ်ဝဖိုင့်ဖိုင့်လူတစ်ယောက်ဖြစ်ကာ သူ့မျက်နှာမှာဖြူဖျော့လို့နေပြီး သူအလောင်းကိုဘယ်လိုရှာတွေ့ခဲ့လဲဆိုတာကိုဖော်ပြနေသည်။

ရဲတိုက်ကားကျွန်းမှာပုံမှန်မဟုတ်သောအဆင့်အတန်းရှိသည်။ ကျွန်းသူကျွန်းသားများ၏မျက်လုံးထဲမှာ ရဲတိုက်၏ပိုင်ရှင်နှင့်အိမ်တော်ထိန်းကဗဟုသုတရှိကာစွမ်းဆောင်ရည်ရှိသောလူများဖြစ်ကြသည်။ ကျွန်းပေါ်မှာတစ်ခုခုဖြစ်လာရင် လူတိုင်းကသူတို့ကိုရှာလေ့ရှိသည်။

အတိအကျပြောရရင် အိမ်တော်ထိန်းကိုရှာတာဖြစ်သည်။ အဆုံးမှာတော့ရဲတိုက်ပိုင်ရှင်မှာကျွန်းကိုလာခဲပြီး မကြာမဏမမြင်ရပေ။

ထို့အပြင်ဒီခရီးသွားကိုရဲတိုက်ထဲကကန်ထုတ်ခဲ့ခြင်းပင်။ ဒီလိုမျိုးတစ်ခုခုဖြစ်လာတော့ သူဌေးဟွမ်ကထုံးစံအတိုင်းအိမ်တော်ထိန်းကိုအရင်သတင်းပို့လေသည်။

"ကျွန်တော်လူပျောက်နေမှန်းသိလိုက်ရပြီးနောက်မှာ နေထွက်ချိန်ရှိနေပြီဆိုတော့အန္တရာယ်မရှိလောက်တော့ဘူးထင်လို့ အနီးနားမှာလိုက်ရှာကြည့်ခဲ့တယ်။ မထင်မှတ်ဘဲ ကျွန်တော်အပြင်ထွက်ပြီးသိပ်မဝေးတဲ့နေရာကသစ်လုံးတွေထဲမှာအလောင်းကိုရှာတွေ့ခဲ့တာပဲ။"
ဒါကိုပြောတော့ သူဌေးဟွမ်၏မျက်နှာထက်မှာကြောက်ရွံ့သောအကြည့်ရှိနေတုန်းပင်။

ချန်ပေါ်၏သေဆုံးမှုမှာတအားထူးဆန်းလှသည်။ သူ့တစ်ကိုယ်လုံးမှာနှင်းဆီဆူးခြုံများရှုပ်နေခဲ့သည်။ အဝေးမှကြည့်ရင် သူဟာဆူးခြုံထဲမှာအိပ်နေပုံပေါက်သည်။

သို့သော်အနီးကပ်ကြည့်လိုက်ရင်တော့ သူ့မျက်နှာထားမှာခက်ထန်ကာကြောက်မက်ဖွယ်ကောင်းနေတာကိုမြင်ရလိမ့်မည်။ ကြည့်ရတာတော့မသေခင်မှာနာကျင်မှုကြီးစွာခံစားခဲ့ပုံပင်။ သူ့​ခြေလက်များမှာခုတ်ဖြတ်ခံထားရပြီး နွယ်များနှင့်ဆက်ကာသူ၏လူသားအသွင်ကိုထိန်းသိမ်းထားသည်။ သွေးများကသစ်ကိုင်းများကိုဖြတ်၍မြေကြီးပေါ်တစက်စက်စီးကျလို့နေသည်။ ပုံရိပ်တစ်ခုလုံးမှာထူးဆန်းကာကြောက်စရာကောင်းပေသည်။

လင်ခုံးလုလည်းထိုနေရာကိုရောက်သွားပေမဲ့အနားမကပ်သွားခဲ့ပေ။

သူခပ်လှမ်းလှမ်းမှသွေးနံ့ရကာ နှင်းဆီဆူးခြုံပေါ်ကအနီရောင်ကိုမြင်လိုက်ရတော့ သူ့မျက်နှာဖြူဖျော့သွားရသည်။ သူဝှီးချဲလက်ရန်းများကိုအလိုလိုဆုပ်လိုက်မိတော့ သူ့လက်ဆစ်များဖြူစွတ်သွားချေသည်။

ရွှီယန့်ကသူ့အတွက်ဝှီးချဲတွန်းပေးနေပြီး ဒါကိုမြင်တော့ခါးကိုင်းကာခပ်တိုးတိုးမေးလိုက်သည်။
"သခင်လေး၊ ဘာလို့အရင်မပြန်သွားတာလဲ။"

လင်ခုံးလုခေါင်းရမ်းကာအားနည်းသောလေသံဖြင့်ပြောလိုက်သည်။
"သူတို့အရင်မေးပါစေအုံး။"

"ပင်လယ်မကောင်းဆိုးဝါး?" ကစားသမားများဟာလည်းထိုနေရာကိုရောက်လာခဲ့သည်။ သူဌေးဟွမ်၏ဖော်ပြချက်ကိုနားထောင်ပြီးနောက်မှာ ယွမ်ရှီးချွမ်ကအဓိကစကားလုံးကိုချက်ချင်းဖမ်းဆု​ပ်မိလိုက်သည်။

ပြီးတော့"နေ့ဘက်မှာအန္တရာယ်မရှိဘူး"ဆိုတာကဘာကိုပြောတာလဲ။

သူဌေးဟွမ်၏မျက်နှာထားမသိမသာပြောင်းလဲသွားကာ သူကထိုအကြောင်းမပြောချင်သည့်အလား လျို့ဝှက်သောမျက်နှာထားဖြင့်ရုတ်ခြည်းတုံ့ဆိုင်းသွားလေသည်။

ကစားသမားများမှာတစ်​ယောက်ကိုတစ်ယောက်ကြည့်ကာထပ်မေးရန်ပြင်လိုက်ပေမဲ့ အခြေအနေလာကြည့်သည့်အိမ်တော်ထိန်းကသက်ပြင်းချလိုက်ပြီးရည်ရွယ်ချက်ရှိရှိလား၊ မရည်ရွယ်ဘဲနှင့်လားမသိ၊ ဝင်ဖြတ်ကာအကြုံပြုလာသည်။
"ဒီလိုတစ်ခုခုဖြစ်သွားမှတော့ ငါတို့တွေရဲကိုပဲခေါ်ရတော့မယ်။"

ထိုသို့ပြောပြီးနောက်သူလင်ခုံးလုကိုလှည့်ကြည့်ကာ ရိုသေလေးစားဟန်မေးလာသည်။
"သခင်လေး၊ ဘယ်လိုထင်လဲ။"

လင်ခုံးလုခဏတုံ့ဆိုင်းသွားပြီးမှခေါင်းအသာငြိမ့်ပြလိုက်သည်။

ကျွန်းပေါ်မှာရဲမရှိပေ။ ရဲခေါ်ဖို့ဆို ရဲများကျွန်းပေါ်ကိုလှေနှင့်လေယာဥ်ပျံနှင့်ရောက်လာရန်စောင့်ရပေမည်။ တိုင်ဖုန်းမုန်တိုင်းကလာနေပြီဖြစ်သည်။ သူတို့ကိုဆက်သွယ်လို့ရရင်တောင် သူတို့တစ်ခဏကြာအောင်လာနိုင်လောက်မှာမဟုတ်။ ထို့အပြင်အဆုံးမှာတော့ဒါဟာဂိမ်းလောကကမ္ဘာဖြစ်​ပေရာ စည်းမျဥ်းများကဇာတ်ကြောင်းမဆုံးခင်ရဲများကိုပေါ်လာခံင့်ပေးမှာမဟုတ်လောက်ပေ။

သေချာတာပေါ့၊ အိမ်တော်ထိန်းကဖုန်းသွားခေါ်လိုက်ပေမဲ့ သူပြန်လာတော့စိတ်မကောင်းစွာဆိုလာသည်။
"တိုင်ဖွန်းမုန်တိုင်းလာနေပြီဆိုတော့ လိုင်းကသိပ်မကောင်းဘူး။ ကျွန်တော်နောက်မှထပ်ခေါ်ကြည့်လိုက်မယ်။"

လင်ခုံးလု"အင်း"ဟုဆိုပြီး ဘာမှထပ်မပြောဘဲရင်ထဲမှာတွေးလိုက်သည်: ဖြစ်နိုင်တာက....ရွှီယန့်သူ့ကိုသတ်လိုက်တာလား။

ဒါပေမဲ့ရည်ရွယ်ချက်ကကော? နည်းလမ်းကအလွန်အကျူးရက်စက်လွန်းတယ်။

မဟုတ်လို့ရှိရင် ဒီနှင်းဆီခြုံတွေကိုဘယ်လိုရှင်းပြမှာလဲ။

သူရွှီယန့်ကိုအလိုလိုမော့ကြည့်မိတော့ တစ်ဖက်လူကလည်းနှင်းဆီဆူးခြုံများထဲနစ်နေသည့်အလောင်းကိုမျက်ဝန်းထဲမှာအေးစက်သောအကြည့်ဖြင့်ကြည့်နေပေသည်။

လင်ခုံးလု၏အကြည့်ကိုသတိမူမိသည့်အလား ခပ်မြန်မြန်ခေါင်းငုံ့ကာတစ်ဖက်လူကိုကြည့်ပြီးမေးလိုက်သည်။
"ဘာဖြစ်လို့လဲ။"

လင်ခုံးလုမသိမသာတောင့်ခဲသွားရပြီးမှ ခေါင်းရမ်းကာနှောင်းမှမေးလိုက်သည်။
"မင်းဒါကို...ဘယ်လိုမြင်လဲ။"

ရွှီယန့်ကခေါင်းပြန်မော့သွားကာနူးညံ့စွာဆိုလေသည်။
"သူ့ကိုနှင်းဆီဆူးနဲ့ထိုးခဲ့တာပဲ။"

သူဒါကိုပြောလိုက်ချိန် သူ့မျက်ဝန်းထဲမှာစက်ဆုပ်ရွံရှာမှုနှင့်လူသတ်ချင်စိတ်တစ်စွန်းတစတစ်ချက်လက်သွားပုံရပေမဲ့ လင်ခုံးလုအမြင်မှားသည့်အလား ခပ်မြန်​မြန်ပျောက်ကွယ်သွားသည်။

လင်ခုံးလုအတွေးထဲနစ်သွားရသည်။ ထိုစဥ်အလောင်းကိုကြည့်နေသည့်ကျိချင်းချင်းကရုတ်တရက်ဆိုလာသည်။
"နေပါအုံး၊ ဒီနှင်းဆီ...."

လင်ခုံးလုအလျင်စလိုမော့ကြည့်လိုက်မိသည်။ ခပ်လှမ်းလှမ်းမှနေ၍ ချန်ပေါ်၏ရင်ဘတ်ဘယ်ဘက်ခြမ်းမှာနှင်းဆီနီတစ်ပွင့်ရှိနေတာကိုမြင်လိုက်ရတော့ မနက်ကသူ့ရင်ဘတ်ပေါ်မှာရှိနေခဲ့သည့်နှင်းဆီကိုပြန်အမှတ်ရသွားစေသည်။

သူ့မျက်နှာမှာသူရုတ်တရက်ကြောက်လန့်သွားသည့်အလားမ​ထိန်းနိုင်ဘဲဖြူဖျော့သွားပြီး သူရွှီယန့်၏လက်ချောင်းများကိုအလိုလိုတင်းတင်းဆုပ်ကိုင်လိုက်မိသည်။

ရွှီယန့်ကသူ့ကိုငုံ့ကြည့်လာသည်။

ကျိချင်းချင်းကမျက်မှောင်ကြုတ်ကာစမ်းစစ်ကြည့်သည်။
"နှင်းဆီကိုင်းကိုနှလုံးထဲထိုးစိုက်လိုက်တာကသေစေနိုင်တဲ့ဒဏ်ရာပဲ။"

လင်ခုံးလု၏မသက်မသာဖြစ်မှုမှာပိုမိုသိသာထင်ရှားလာပြီး သူ့မျက်လုံးများကအထိတ်အလန့်ပြူးကျယ်သွားကာ သူ့မျက်တောင်မွှေးများမှာမသိမသာတုန်ရီသွားရသည်။

တချို့သောကွင်းဆက်လူသတ်သမားများကလူမသတ်ခင်(သို့)လူသတ်ပြီးနောက်မှာနှင်းဆီပန်းထားခဲ့လိမ့်မည်ဟု သိပ်မကြာသေးခင်ကဥယျာဥ်မှူးသူ့ကိုပြောခဲ့တာကိုသခင်လေးမှတ်မိသည်။

ရွှီယန့်၏လျို့ဝှက်ချက်ကိုမသိသည့်ရိုးရှင်းသောသခင်လေးတစ်ယောက်အနေဖြင့် မနက်တိုင်းနှင်းဆီပန်းဘယ်ကရောက်လာလဲဆိုတာသိဖို့အသာထား၊ဒီအခိုက်အတန့်မှာသေချာတွေးနေမိပြီး သူ့ရင်ဘတ်ပေါ်မှာနှင်းဆီပန်းတင်ထားခဲ့သည့်နှာဘူးကချန်ပေါ်၏ရင်ဘတ်ပေါ်မှာနှင်းဆီပန်းတင်ထားခဲ့သည့်တစ်ယောက်နှင့်.....အတူတူပဲလားဆိုတာပင်သံသယဝင်နေမိသည်။

ရွှီယန့်ကဒါကိုတွေးမိသွားပုံရကာ ရုတ်တရက်ပျော်ရွှင်သွားပုံရပြီး သူ့နားထဲမှာတီးတိုးမေးလာသည်။
"ဘာဖြစ်လို့လဲ။"

သူကအလွန်နှေးကွေးစွာဖြင့်ထူးဆန်းစွာပြောလာခြင်းပင်။ တမင်ရည်ရွယ်ချက်ရှိရှိလားဆိုတာမသိပေမဲ့ ဖော်ပြမရအောင်ကြက်သီးထစရာကောင်းလှသည်။

သခင်လေးမှာအစကမသိမသာတုန်ရီသွားပြီး သူ့ကိုအလိုလိုလွှတ်လိုက်ချင်ပေမဲ့ အလောင်းပေါ်ကနှင်းဆီပန်းကိုမြင်လိုက်ရချိန်မှာ သူအနည်းငယ်ကျောချမ်းသွားမိသည်။ ခေတ္တတန့်သွားပြီးမှ သူသူ့လက်ချောင်းများကိုကိုင်ထားရန်ရွေးချယ်လိုက်ပြီး တီးတိုးပြောလို​က်သည်။
"အ အရင်ပြန်ရအောင်။"

ကျိချင်းချင်း၏အသံကခပ်လှမ်းလှမ်းမှထွက်လာသည်။
"ညာလက်ကျိုးသွားတယ်၊ လျှာဖြတ်ခံထားတယ်၊ ပြီးတော့ဝမ်းဗိုက်ကအဖွင့်ခံထားရတယ်။ အထဲမှာက....နှင်းဆီပန်း?"

သခင်လေးကရွှီယန့်၏လက်ချောင်းများကိုရုတ်ခြည်းတင်းတင်းဆုပ်ကိုင်လိုက်မိပြီး သူ့အသံမှာတုန်ရီလို့နေကာ အခိုင်ပမာထပ်ပြောလာသည်။
"ပြန်မယ်လို့။"

ရွှီယန့်ကနှုတ်ခမ်းထောင့်များအသာကွေးကာနူးညံ့စွာဆိုလိုက်သည်။
"ဟုတ်ကဲ့။"

သူဝှီးချဲကိုတွန်းကာ သခင်လေးကိုအပြုံးတစ်ပွင့်နှင့်ရဲတိုက်ဆီပြန်ပို့လိုက်သည်။

ကျိချင်းချင်းကအတွေးနစ်နေသောမျက်နှာထားဖြင့် သူတို့ထွက်သွားရာဘက်ကိုရုတ်ခြည်းလှမ်းကြည့်လိုက်သည်။

ယွမ်ရှီးချွမ်းကလည်းတစ်ချက်ကြည့်လိုက်သည်။ သူတို့ထိုနေရာကထွက်လာပြီးအနားမှာတစ်ယောက်မှမရှိတော့ချိန်မှ သူမျက်မှန်ကိုပင့်တင်ကာမေးလိုက်သည်။
"သူတို့ဖြစ်နိုင်မယ်ထင်လား။"

ကျိချင်းချင်းက"အင်း"ဟုမဆိုဘဲပြောလာသည်။
"ဥယျာဥ်မှူးကအခုပဲနှင်းဆီတွေကိုဖြတ်ခဲ့တာ။ ပြီးတော့အဲ့နေရာမှာနှင်းဆီခြုံတွေအများကြီးရှိတော့ ပုံမှန်လူတွေကသူ့ကိုသံသယဖြစ်ကြမှာပဲ၊ ဒါပေမဲ့...."

"လားရာကတအားသိသာတယ်။"
ယွမ်ရှီးချွမ်းကဆက်ပြောသည်။

"ဟုတ်တယ်။" ကျိချင်းချင်းခေါင်းငြိမ့်လိုက်သည်။ ဒီတော့ပြောရခက်တယ်။

"သခင်လေးကရော?"
ယွမ်ရှီးချွမ်းကအတွေးထဲနစ်သွားသည်။

"မဟုတ်လောက်ဘူး။"
ကျိချင်းချင်းကမျက်မှောင်ကြုတ်ကာဆိုသည်။
"အနည်းဆုံးတော့သူတိုက်ရိုက်ကြီးမလုပ်နိုင်ဘူး။ သေဆုံးချိန်ကမနက်တစ်နာရီဝန်းကျင်လောက်ပဲ၊ မနေ့ညတုန်းက...."

ဒီအထိပြောပြီးတော့သူမအနည်းငယ်ထူးဆန်းသွားရကာတန့်သွားပြီးမှဆက်ပြောလိုက်သည်။
"အဲ့တုန်းကသခင်လေးကအိပ်ခန်းထဲမှာရှိနေတာ။"

ဒါကိုကြားတော့ဝမ်ရန်နှင့်ဟွမ်ကျားဝမ်ကခပ်မြန်မြန်ခေါင်းငြိမ့်ကာဆိုလေသည်။
"ဟုတ်တယ်။"

သူတို့အကုန်မြင်ခဲ့တယ်၊ သခင်လေးကအဲ့မှာတစ်ယောက်ထဲရှိ​နေတာမဟုတ်ဘူး။

ကုန်းဝေကထူးဆန်းစွာမေးလာသည်။
"ချင်းကျဲ၊ သေဆုံးချိန်ကိုဘယ်လိုသိတာလဲဟင်...."

"အာ၊ မင်းမသိဘူးပဲ။ ချင်းကျဲကမှုခင်းဆရာဝန်ဖြစ်ခဲ့ဖူးတယ်လေ။"
ဝမ်ရန်ကအပြုံးလေးနှင့်ဆိုသည်။

ကုန်းဝေမှာရုတ်ခြည်းအံ့သြသွားပုံပင်။

ကောယွိကသူတို့၏ဆွေးနွေးမှုထဲမှာမပါဘဲယန်ဖုန်းဘက်လှည့်ကာမေးလိုက်သည်။
"ဖုန်းကော၊ ဘယ်လိုထင်လဲ။ ဖြစ်နိုင်တာက....မိစ္ဆာနတ်ဘုရား?"

ယန်ဖုန်းကခေါင်းခါကာမရေမရာပြောလိုက်သည်။
"ဆက်တင်အရဆို မိစ္ဆာနတ်ဘုရားကပထမဆုံးနှစ်ညမှာလူတစ်ယောက်မှသတ်မှာမဟုတ်ဘူး။ ချန်ပေါ်က....နှိပ်စက်ပြီးအသတ်ခံလိုက်ရတာနဲ့ပိုတူတယ်။"

ဒါပေမဲ့ရည်ရွယ်ချက်ကကော? ပြောရရင်ကျွန်းပေါ်ရောက်ပြီးနောက်မှာချန်ပေါ်ကသခင်လေးကိုပဲစိတ်ဆိုးအောင်လုပ်ခဲ့ဖူးတာ။ သခင်လေးကအားနည်းပြီးနုနယ်တယ်။ သူသာဆို သွေးထိုးလှုံ့ဆော်သူပဲဖြစ်နိုင်မှာ။ ပြီးတော့သခင်လေးသွေးထိုးပေးလိုက်နိုင်တဲ့လူတွေက....

တွေးကြည့်ပြီးနောက်မှာ ယန်ဖုန်းတစ်ယောက်ဥယျာဥ်မှူးနှင့်အိမ်တော်ထိန်းကိုသံသယရှိသူအဖြစ်ယာယီသတ်မှတ်ထားလိုက်တော့သည်။

*

လင်ခုံးလုကချန်ပေါ်၏သေဆုံးပုံကိုကြည့်ပြီး စိုးရိမ်ကြောက်လန့်နေသည့်အလား။ နွေရာသီဆိုပေမဲ့သူ့​ခြေလက်များမှာအေးစက်နေပြီး သူဟာရွှီယန့်၏လက်ကိုကိုင်ထားပုံမှာ ဒါကလုံခြုံသည်ဟုခံစားရသည့်တစ်ခုတည်းသောနည်းလမ်းအလား။

ရွီယန့်မှာတော့တစ်ဖက်လူကိုပိတ်လှောင်နိုင်သည့်နည်းလမ်းအသစ်တွေ့သွားသည့်အလားစိတ်ပျော်လို့နေသည်။ အခုကစပြီးသူကသူ့ကိုပဲမှီခိုအားကိုးလာတော့မှာ။

ပြီးတော့လင်ခုံးလုကလည်းဒါဟာအခွင့်ကောင်းတစ်ခုဖြစ်လောက်မည်ဟုတွေးနေမိသည်။ သူအရင်ဆုံးနှင်းဆီပန်းပေးသည့်နှာဘူးကိုကြောက်ချင်ယောင်ဆောင်ကာရွှီယန်ကိုအကူအညီတောင်းပြီး ကာကွယ်ပေးခြင်းနှင့်အကာကွယ်ခံခြင်းဆက်ဆံရေးထဲမှာတစ်ဖက်လူကိုထပ်မံအနိုင်ယူနိုင်သည်။

ရွှီယန့်ကဒီလှည့်ကွက်ကိုသဘောကျပုံရကာ သူ၏မှီခိုအားကိုးမှုကိုနှစ်ခြိုက်နေပုံပင်။ သူဆင်းရဲသားရ​ပ်ကွက်မှာတုန်းက တစ်ဖက်လူကိုဒီလိုမျိုးအနိုင်ယူခဲ့ဖူးသည်။ ထို့နောက်သူတို့နှစ်ယောက်မှာရင်ထဲမှာလျို့ဝှက်အကြံများထုတ်ပြီး သူတို့ကမုဆိုးနှင့်တစ်ဖက်လူကသားကောင်ဖြစ်​နေသည်ဟုခံစားနေကြရသည်။

ရဲတိုက်ကိုပြန်ရောက်တော့ ရွှီယန့်ကစိုးရိမ်ကြောက်လန့်နေသည့်သခင်လေးကိုကောက်ချီကာ တတိယထပ်ကအိပ်ခန်းဆီတောက်လျှောက်ချီသွားလိုက်သည်။ သူ့ကိုအိပ်ရာပေါ်တင်ပေးပြီးနောက် သူ့ကိုစောင်ပါးနှင့်ပတ်ပေးကာ သူ့ကျောကိုအသာပုတ်ပြီးနှစ်သိမ့်ပေးလိုက်သည်။

အခန်းထဲရှိလေအေးပေးစက်မှာလုံလောက်သည်။ လင်ခုံးလုကစောင်ပါးထဲမှာအထုပ်ခံထားရသည်။ သူမပူရုံတင်သာမက အနည်းငယ်တုန်လိုက်လို့နေကာသူ့ရင်ခွင်ထဲအလိုလိုမှီလိုက်မိသည်။

ရွှီယန့်၏နှုတ်ခမ်းမှာမသိမသာကော့တက်သွားပြီး သူကသူ့ရင်ခွင်ထဲကျုံ့ဝင်နိုင်ရုံသာတတ်နိုင်သည့်ကြောက်လန့်နေသည့်အကောင်ငယ်လေးနှင့်တူနေသည်။ သူ့လက်ဖဝါးများကကောင်လေး၏တုန်ရီနေသောကျောပြင်ကိုပွတ်သပ်ပေးနေပြီး သူ့အသံမှာနူးညံ့ညင်သာနေပေမဲ့ တစ်ဖက်လူအကြောက်ဆုံးအရာကိုပြောလိုက်သည်။

"သခင်လေး၊ သခင်လေးကြည့်ရတာတုန်နေသလိုပဲ။ မနေ့ညကသေသွားတဲ့လူက...."

"မ မပြောနဲ့။"
လင်ခုံးလုတုန်ရီနေသောအသံဖြင့်ဖြတ်ပြောလိုက်သည်။ တစ်အောင့်ကြာမှ သူမတ်မတ်ထိုင်ကာ သူနှင့်အကွာအဝေးခြားလိုက်သည်။

ရွှီယန့်ကမသိမသာဗလာကျင်းသွားသောရင်ခွင်ကိုမျက်နှာသေဖြင့်တစ်ချက်ကြည့်ကာဆက်ပြောလိုက်သည်။
"သူ့ရင်ဘတ်ပေါ်မှာနှင်းဆီပန်းရှိနေတာလား။ ကျွန်တော်မှတ်မိသလောက်ကတော့ တစ်ယောက်ယောက်ကသခင်လေးကိုယ်ပေါ်မှာနှင်းဆီပန်းထားသွားတယ်လို့သခင်လေး​ပြောခဲ့တယ်နော်။ သူလည်းရင်ဘတ်ပေါ်မှာနှင်းဆီပန်း..."

"မ မပြောနဲ့တော့။"
သခင်လေးကကြောက်လန့်တကြားငိုချတော့မလိုဖြစ်သွားကာ သူ့ရင်ခွင်ထဲကျုံ့ဝင်လာပြန်သည်။

ရွှီယန်ကသူ့ကိုမသိမသာပွေ့ဖက်ကာ သူ့ကျောပြင်ကိုပွတ်သပ်ကာနှစ်သိမ့်ပေးပြီး နွေးထွေးစွာပြောလိုက်သည်။
"သခင်လေးအိမ်တော်ထိန်းရှပူးအာကိုမယုံနိုင်ဘူးဆိုရင် ကျွန်တော့်ကိုပြောပြလို့ရပါတယ်။"

လင်ခုံးလုဆို့နင့်သွားကာတီးတိုးဆိုလိုက်သည်။
"ငါ ငါမင်းကိုလဲမယုံနိုင်ဘူး။"

ရွှီယန့်ကအေးခဲသွားပုံရပြီးမှ ရုတ်တရက်သူ့ကိုလွှတ်ပေးကာ ထရပ်ပြီးပြောလိုက်သည်။
"ကျွန်တော်ကသခင်လေးကိုစိတ်ဆိုးအောင်လုပ်မိသွားတာပဲ။ သခင်လေးဒီကိစ္စကိုကိုယ့်ဘာသာကိုယ်ဖြေရှင်းသင့်ပါတယ်။ ကျွန်တော်အတွေးလွန်သွားပြီးတော့ သခင်လေးရင်ဘတ်ပေါ်မှာနှင်းဆီပန်းထားသွားတဲ့လူကသာမန်နှာဘူးမဟုတ်ဘဲ မစ္စတာချန်ကိုသ..."

"နေ နေပါအုံး။"
လင်ခုံးလုစိုးရိမ်​ကြောက်လန့်သွားရပြန်ကာ သူ့ကိုအလျင်စလိုလှမ်းဆွဲပြီး အထိတ်တလန့်ပြောလိုက်မိသည်။
"မင်း မသွားနဲ့။"

ရွှီယန့်ကနှုတ်ခမ်းထောင့်များမသိမသာကော့ကာ သူ့ကိုငုံ့ကြည့်ပြီး တည်ငြိမ်စွာမေးလိုက်သည်။
"တစ်ခုခုရှိသေးလို့လား၊ သခင်လေး?"

"ငါ ငါ..." သခင်လေးစ​ကားထစ်သွားပြီး ကြောက်လန့်ကာရှက်သွားပုံပင်။

ရွှီယန့်ကသူ့လက်ကိုဆွဲထုတ်ကာဆိုလေသည်။
"ဘာမှမရှိဘူးဆိုရင်ကျွန်တော်အရင်ဆင်းသွားနှင့်မယ်။ ကျွန်တော်ဥယျာဥ်ထဲမှာပေါင်းသင်ရအုံးမယ်။"

"ခဏလေး။" လင်ခုံးလုသူ့လက်ကိုထပ်မံလှမ်းဆွဲကာ အံကြိတ်ပြီး မျက်စိမှိတ်ကာပြောလိုက်သည်။
"မင်းပြောတာမှန်တယ်။ သူငါ့ရင်ဘတ်ပေါ်မှာနှင်းဆီပန်းတင်သွားခဲ့တာ။"

"အော်။" ရွှီယန့်ကအနောက်လှည့်ကာသူ့ကိုတည်ငြိမ်စွာကြည့်လာသည်။

အမှန်အတိုင်းပြောပြီးနောက်မှာ လင်ခုံးလုရှက်မနေတော့ဘဲ သူ့ကိုကြောက်လန့်တကြားအကူအညီတောင်းလိုက်သည်။
"ငါဘာလု​ပ်ရမလဲ။ သူကချန်ပေါ်ကိုသတ်ခဲ့တဲ့တစ်ယောက်ဖြစ်နေမလား။ သူဒီညငါ့ဆီထပ်လာမှာလား။"

အခုဆိုတိုင်ဖွန်းမုန်တိုင်းကြောင့်သူအပြင်ထွက်မရပေ၊ ဒီဥယျာဥ်မှူးကလွဲလို့ဘယ်သူ့ကိုယုံကြည်လို့ရမှာလဲ။

လင်ခုံးလုစိတ်ထဲမှာဇာတ်ညွှန်းကိုစီစဥ်ထားပြီးပြီ။

ရွှီယန့်ကလည်းအတူတူပင်ဖြစ်ကာ သူ့ဘေးမှာထိုင်ပြီးသူ့ကိုနှစ်သိမ့်ပေးလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ ကိစ္စတွေကကျွန်တော်တို့ထင်သလိုမဟုတ်လောက်ဘူးလေ။ ဖြစ်နိုင်တာက....အဲ့နှင်းဆီပန်းကိုဘယ်နေရာမှာထားထားခဲ့လဲဆိုတာကျွန်တော်အရင်ကြည့်ချင်တယ်။"

"ဟင်?"
လင်ခုံးလုကြက်သေသေသွားရသည်။

ရွှီယန့်ကမျက်မှောင်ကြုတ်ကာအလေးအနက်ဆိုလာသည်။
"အခုတစ်ဖက်လူကနှင်းဆီပန်းထားတာအပြင်အခြားဟာတွေပါလုပ်သွားသေးလားဆိုတာကျွန်တော်တို့သေချာအောင်လုပ်ရမယ်။"

လင်ခုံးလု၏မျက်လုံးများသက်ာမကင်းဖြစ်သွားပုံမှာ သူအနည်းငယ်သံသယဝင်သွားသည့်အလား၊ သူမ​နေနိုင်ဘဲသူ့ကိုသေချာကြည့်လိုက်မိသည်။

ဒါကိုမြင်တော့ရွှီယန့်ကလူကြီးလူကောင်းပုံစံဖမ်းကာဆိုလိုက်သည်။
"သခင်လေးသံသယဝင်ပြီးတော့ ကျွန်တော့်မှာမကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်ထင်နေရင်လဲ ကျွန်တော်ဥယျာဥ်မှာပေါင်းသွားသင်တာပိုကောင်းပါတယ်။"
သူထိုသို့ဆိုကာ ထရပ်ဖို့ပြင်လိုက်သည်။

"နေအုံး။"
လင်ခုံးလုသူ့ကိုထပ်ဆွဲလိုက်ပြီး ဒုက္ခရောက်သွားပုံပင်။

ထားလိုက်တော့၊ ကလေးကိုဝံပုလွေကိုထောင်ချောက်မဆင်ခိုင်းနိုင်ဘူးဆိုတော့ သူနှစ်ဖက်လုံးကိုအနိုင်ယူမှရမယ်။ မကောင်းတဲ့စိတ်တန်ဖိုးအပြည့်ကိုတွေးမိသွားတော့....

သူအံကြိတ်ကာလက်မြှောက်လိုက်သည်-

အချိန်အတော်ကြာသွားပြီးနောက်-

ရွှီယန့်ကမျက်မှောင်ကြုတ်သည်။
"နည်းနည်းပွန်းနေတယ်။"

"ဟုတ် ဟုတ်လား။" သခင်လေးကသူ့အကျီကော်လာကိုလိမ်လိမ်မာလေးလှမ်းကိုင်ကာတွေးလိုက်မိသည်။ သူမနက်ထလာတုန်းကနည်းနည်းစပ်ဖျင်းဖျင်းဖြစ်နေတာမဆန်းဘူး။

"သခင်လေးသတိမထားမိခဲ့ဘူးလား။"
ရွှီယန့်ကမေးသည်။

"ငါအအိပ်ကြမ်းသွားတာ။"
လင်ခုံးလုဖြူစင်စွာပြောလိုက်သည်။ ရွှီယန့်ကအားထည့်လိုက်ပုံပင်။ သူရုတ်ခြည်းညည်းလိုက်မိကာ ရှက်သွေးဖြာသွားပြီး ခပ်တိုးတိုးမေးလိုက်သည်။
"မင်းငါ့ကို...ညှစ်နေတာရပ်ပေးလို့ရမလား။"

"အိုး။" ရွှီယန့်က"မင်းတော့ဒုက္ခအကြီးအကျယ်ရောက်ပြီ"ဟူသောမျက်နှာထားဖြင့်နှမြောတဿဖြစ်စွာထရပ်လိုက်သည်။ သူမျက်မှောင်ကြုတ်ကာပြောလိုက်သည်။
"အခြေအနေမကောင်းဘူး။ တစ်ဖက်လူကလူသတ်သမားမှန်းသိသာနေပြီ။ သူအစကသခင်လေးကိုသတ်ချင်တာဖြစ်လောက်မယ်၊ ဒါပေမဲ့နောက်တော့.....သခင်လေးကချောမှန်းသိသွားလို့လား၊ အခြားအကြောင်းကြောင့်လား၊ စိတ်ပြောင်းသွားခဲ့တာပဲ။"

"အာ?" လင်ခုံးလုဇဝေဇဝါဖြစ်သွားမိသည်။

"သူဒီညထပ်လာနိုင်တယ်။"

"ဒါဆိုငါတို့ဘာလုပ်ကြမလဲ။"
လင်ခုံးလုအနည်းငယ်ထိတ်လန့်သွားသည်။

"တစ်ညလုံးစောင့်ကြည့်ပေးမဲ့လူစီစဥ်ရမယ်။" ရွှီယန်ကအကြုံပြုသည်။

လင်ခုံးလုလည်းတွေးကြည့်လိုက်ပေမဲ့ တစ်ဖက်လူဟာရဲတိုက်ထဲကတစ်ယောက်ယောက်ဖြစ်နိုင်သည်။ သူဘယ်သူ့ကိုစီစဥ်နိုင်မှာလဲ။ တစ်ဖက်လူကနှင်းဆီပန်းထားသွားတဲ့လူဖြစ်နေရင်ကော? မင်းရှေ့မှာသူခိုးကိုထားလိုက်တာမဟုတ်ဘူးလား။

သူတစ်အောင့်ကြာဝိရောဓိဖြစ်သွားပုံရကာ သူ၏အကျီကော်လာကိုသူ့လက်ချောင်းများဖြင့်လိမ်ရင်း နောက်ဆုံးမှာရွှီယန့်ကိုကြည့်ကာပြောလိုက်သည်။
"မင်း....ဒီညငါ့ကိုလာစောင့်ပေးရင်ကော?"

ရွှီယန့်ကတည်ငြိမ်စွာမေးလာသည်။
"ဒီမှာအိပ်ရမှာလား။"

လင်ခုံးလုချက်ချင်းခေါင်းငြိမ့်ပြလိုက်မိသည်။ သူဒီမှာအိပ်ရမှာပေါ့၊ မဟုတ်ရင်စောင့်ကြည့်တာလို့ဘယ်လိုလုပ်ခေါ်လို့ရမှာလဲ။

ရွှီယန့်၏မျက်ဝန်းထဲမှာခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်ရှိနေပုံရကာ သူနှုတ်ခမ်းထောင့်များကိုခပ်မြန်မြန်ပြန်စေ့တန်းပြီး လေးနက်ချင်​ယောင်ဆောင်လိုက်သည်။
"ဒါပေမဲ့ကျွန်တော်ကြားတာကတော့သခင်လေးမှာစေ့စပ်ထားသူရှိတယ်ဆို။ ကျွန်တော်ဒီညဒီမှာအိပ်တာကို သခင်လေးရဲ့စေ့စပ်ထားသူသိသွားရင် သူအထင်လွဲသွားမှာမလား။"

-------------

Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၈)။

ခ်န္ေပၚ၏ေသဆုံးမႈမွာအနည္းငယ္ဆိုးဝါးလွသည္။

ရဲတိုက္ထဲကကန္ထုတ္ခံရၿပီးေနာက္ သူကြၽန္းေပၚကဟိုတယ္မွာေနထိုင္ခဲ့သည္။

ဟိုတယ္ပိုင္ရွင္၏အဆိုအရ တစ္ဖက္လူဟာမေန႕ညကထြက္သြားခဲ့မွန္းတဝိုးတဝါးၾကားခဲ့ေပမဲ့ ထိုစဥ္ကသူမူးေဝေနခဲ့သျဖင့္ အခ်ိန္အတိအက်မသိဘူးဟုဆိုသည္။ ဧည့္သည္ကေစာေစာထၿပီးေနထြက္ခ်ိန္ကိုသြားၾကည့္ခ်င္ေနသည္ဟုထင္ခဲ့မိသည္။

သူဒီမနက္နိုးလာေတာ့ ပိုင္ရွင္မွာတစ္ခုခုမွားေနမွန္းသေဘာေပါက္သြားသည္။ ခ်န္ေပၚကေနထြက္ခ်ိန္မဟုတ္ဘဲညလယ္ေခါင္ႀကီးအျပင္ထြက္သြားျခင္းျဖစ္ၿပီး ဒီရက္ပိုင္းမွာတိုင္ဖုန္းမုန္တိုးရွိသျဖင့္ မေန႕ကတည္းကကြၽန္းမွာတိမ္ထူလို႔ေနၿပီး ပတ္ဝန္းက်င္ကိုေသခ်ာမျမင္ရေပ။

"အဲ့တုန္းကအေျခအေနကမေကာင္းေတာ့မွန္းသိလိုက္တယ္။ သူကညလယ္ေခါင္ႀကီးအျပင္ထြက္သြားၿပီးေတာ့ အခ်ိန္အရမ္းၾကာသြားတာေတာင္ျပန္မလာဘူးေလ။ သူ႕ကိုပင္လယ္မိစ္ဆာဆြဲေခၚသြားတာဆိုရင္ေရာ..."

ဟိုတယ္ပိုင္ရွင္မွာဟြမ္မ်ိဳးရိုးျဖစ္ၿပီး သက္လတ္ပိုင္းအ႐ြယ္ဝဖိုင့္ဖိုင့္လူတစ္ေယာက္ျဖစ္ကာ သူ႕မ်က္ႏွာမွာျဖဴေဖ်ာ့လို႔ေနၿပီး သူအေလာင္းကိုဘယ္လိုရွာေတြ႕ခဲ့လဲဆိုတာကိုေဖာ္ျပေနသည္။

ရဲတိုက္ကားကြၽန္းမွာပုံမွန္မဟုတ္ေသာအဆင့္အတန္းရွိသည္။ ကြၽန္းသူကြၽန္းသားမ်ား၏မ်က္လုံးထဲမွာ ရဲတိုက္၏ပိုင္ရွင္ႏွင့္အိမ္ေတာ္ထိန္းကဗဟုသုတရွိကာစြမ္းေဆာင္ရည္ရွိေသာလူမ်ားျဖစ္ၾကသည္။ ကြၽန္းေပၚမွာတစ္ခုခုျဖစ္လာရင္ လူတိုင္းကသူတို႔ကိုရွာေလ့ရွိသည္။

အတိအက်ေျပာရရင္ အိမ္ေတာ္ထိန္းကိုရွာတာျဖစ္သည္။ အဆုံးမွာေတာ့ရဲတိုက္ပိုင္ရွင္မွာကြၽန္းကိုလာခဲၿပီး မၾကာမဏမျမင္ရေပ။

ထို႔အျပင္ဒီခရီးသြားကိုရဲတိုက္ထဲကကန္ထုတ္ခဲ့ျခင္းပင္။ ဒီလိုမ်ိဳးတစ္ခုခုျဖစ္လာေတာ့ သူေဌးဟြမ္ကထုံးစံအတိုင္းအိမ္ေတာ္ထိန္းကိုအရင္သတင္းပို႔ေလသည္။

"ကြၽန္ေတာ္လူေပ်ာက္ေနမွန္းသိလိုက္ရၿပီးေနာက္မွာ ေနထြက္ခ်ိန္ရွိေနၿပီဆိုေတာ့အႏၱရာယ္မရွိေလာက္ေတာ့ဘူးထင္လို႔ အနီးနားမွာလိုက္ရွာၾကည့္ခဲ့တယ္။ မထင္မွတ္ဘဲ ကြၽန္ေတာ္အျပင္ထြက္ၿပီးသိပ္မေဝးတဲ့ေနရာကသစ္လုံးေတြထဲမွာအေလာင္းကိုရွာေတြ႕ခဲ့တာပဲ။"
ဒါကိုေျပာေတာ့ သူေဌးဟြမ္၏မ်က္ႏွာထက္မွာေၾကာက္႐ြံ႕ေသာအၾကည့္ရွိေနတုန္းပင္။

ခ်န္ေပၚ၏ေသဆုံးမႈမွာတအားထူးဆန္းလွသည္။ သူ႕တစ္ကိုယ္လုံးမွာႏွင္းဆီဆူးၿခဳံမ်ားရႈပ္ေနခဲ့သည္။ အေဝးမွၾကည့္ရင္ သူဟာဆူးၿခဳံထဲမွာအိပ္ေနပုံေပါက္သည္။

သို႔ေသာ္အနီးကပ္ၾကည့္လိုက္ရင္ေတာ့ သူ႕မ်က္ႏွာထားမွာခက္ထန္ကာေၾကာက္မက္ဖြယ္ေကာင္းေနတာကိုျမင္ရလိမ့္မည္။ ၾကည့္ရတာေတာ့မေသခင္မွာနာက်င္မႈႀကီးစြာခံစားခဲ့ပုံပင္။ သူ႕ေျခလက္မ်ားမွာခုတ္ျဖတ္ခံထားရၿပီး ႏြယ္မ်ားႏွင့္ဆက္ကာသူ၏လူသားအသြင္ကိုထိန္းသိမ္းထားသည္။ ေသြးမ်ားကသစ္ကိုင္းမ်ားကိုျဖတ္၍ေျမႀကီးေပၚတစက္စက္စီးက်လိဳ႕ေနသည္။ ပုံရိပ္တစ္ခုလုံးမွာထူးဆန္းကာေၾကာက္စရာေကာင္းေပသည္။

လင္ခုံးလုလည္းထိုေနရာကိုေရာက္သြားေပမဲ့အနားမကပ္သြားခဲ့ေပ။

သူခပ္လွမ္းလွမ္းမွေသြးနံ႕ရကာ ႏွင္းဆီဆူးၿခဳံေပၚကအနီေရာင္ကိုျမင္လိုက္ရေတာ့ သူ႕မ်က္ႏွာျဖဴေဖ်ာ့သြားရသည္။ သူဝွီးခ်ဲလက္ရန္းမ်ားကိုအလိုလိုဆုပ္လိုက္မိေတာ့ သူ႕လက္ဆစ္မ်ားျဖဴစြတ္သြားေခ်သည္။

႐ႊီယန့္ကသူ႕အတြက္ဝွီးခ်ဲတြန္းေပးေနၿပီး ဒါကိုျမင္ေတာ့ခါးကိုင္းကာခပ္တိုးတိုးေမးလိုက္သည္။
"သခင္ေလး၊ ဘာလို႔အရင္မျပန္သြားတာလဲ။"

လင္ခုံးလုေခါင္းရမ္းကာအားနည္းေသာေလသံျဖင့္ေျပာလိုက္သည္။
"သူတို႔အရင္ေမးပါေစအုံး။"

"ပင္လယ္မေကာင္းဆိုးဝါး?" ကစားသမားမ်ားဟာလည္းထိုေနရာကိုေရာက္လာခဲ့သည္။ သူေဌးဟြမ္၏ေဖာ္ျပခ်က္ကိုနားေထာင္ၿပီးေနာက္မွာ ယြမ္ရွီးခြၽမ္ကအဓိကစကားလုံးကိုခ်က္ခ်င္းဖမ္းဆုပ္မိလိုက္သည္။

ၿပီးေတာ့"ေန႕ဘက္မွာအႏၱရာယ္မရွိဘူး"ဆိုတာကဘာကိုေျပာတာလဲ။

သူေဌးဟြမ္၏မ်က္ႏွာထားမသိမသာေျပာင္းလဲသြားကာ သူကထိုအေၾကာင္းမေျပာခ်င္သည့္အလား လ်ိဳ႕ဝွက္ေသာမ်က္ႏွာထားျဖင့္႐ုတ္ျခည္းတုံ႕ဆိုင္းသြားေလသည္။

ကစားသမားမ်ားမွာတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာထပ္ေမးရန္ျပင္လိုက္ေပမဲ့ အေျခအေနလာၾကည့္သည့္အိမ္ေတာ္ထိန္းကသက္ျပင္းခ်လိဳက္ၿပီးရည္႐ြယ္ခ်က္ရွိရွိလား၊ မရည္႐ြယ္ဘဲႏွင့္လားမသိ၊ ဝင္ျဖတ္ကာအႀကဳံျပဳလာသည္။
"ဒီလိုတစ္ခုခုျဖစ္သြားမွေတာ့ ငါတို႔ေတြရဲကိုပဲေခၚရေတာ့မယ္။"

ထိုသို႔ေျပာၿပီးေနာက္သူလင္ခုံးလုကိုလွည့္ၾကည့္ကာ ရိုေသေလးစားဟန္ေမးလာသည္။
"သခင္ေလး၊ ဘယ္လိုထင္လဲ။"

လင္ခုံးလုခဏတုံ႕ဆိုင္းသြားၿပီးမွေခါင္းအသာၿငိမ့္ျပလိုက္သည္။

ကြၽန္းေပၚမွာရဲမရွိေပ။ ရဲေခၚဖို႔ဆို ရဲမ်ားကြၽန္းေပၚကိုေလွႏွင့္ေလယာဥ္ပ်ံႏွင့္ေရာက္လာရန္ေစာင့္ရေပမည္။ တိုင္ဖုန္းမုန္တိုင္းကလာေနၿပီျဖစ္သည္။ သူတို႔ကိုဆက္သြယ္လို႔ရရင္ေတာင္ သူတို႔တစ္ခဏၾကာေအာင္လာနိုင္ေလာက္မွာမဟုတ္။ ထို႔အျပင္အဆုံးမွာေတာ့ဒါဟာဂိမ္းေလာကကမၻာျဖစ္ေပရာ စည္းမ်ဥ္းမ်ားကဇာတ္ေၾကာင္းမဆုံးခင္ရဲမ်ားကိုေပၚလာခံင့္ေပးမွာမဟုတ္ေလာက္ေပ။

ေသခ်ာတာေပါ့၊ အိမ္ေတာ္ထိန္းကဖုန္းသြားေခၚလိုက္ေပမဲ့ သူျပန္လာေတာ့စိတ္မေကာင္းစြာဆိုလာသည္။
"တိုင္ဖြန္းမုန္တိုင္းလာေနၿပီဆိုေတာ့ လိုင္းကသိပ္မေကာင္းဘူး။ ကြၽန္ေတာ္ေနာက္မွထပ္ေခၚၾကည့္လိုက္မယ္။"

လင္ခုံးလု"အင္း"ဟုဆိုၿပီး ဘာမွထပ္မေျပာဘဲရင္ထဲမွာေတြးလိုက္သည္: ျဖစ္နိုင္တာက....႐ႊီယန့္သူ႕ကိုသတ္လိုက္တာလား။

ဒါေပမဲ့ရည္႐ြယ္ခ်က္ကေကာ? နည္းလမ္းကအလြန္အက်ဴးရက္စက္လြန္းတယ္။

မဟုတ္လို႔ရွိရင္ ဒီႏွင္းဆီၿခဳံေတြကိုဘယ္လိုရွင္းျပမွာလဲ။

သူ႐ႊီယန့္ကိုအလိုလိုေမာ့ၾကည့္မိေတာ့ တစ္ဖက္လူကလည္းႏွင္းဆီဆူးၿခဳံမ်ားထဲနစ္ေနသည့္အေလာင္းကိုမ်က္ဝန္းထဲမွာေအးစက္ေသာအၾကည့္ျဖင့္ၾကည့္ေနေပသည္။

လင္ခုံးလု၏အၾကည့္ကိုသတိမူမိသည့္အလား ခပ္ျမန္ျမန္ေခါင္းငုံ႕ကာတစ္ဖက္လူကိုၾကည့္ၿပီးေမးလိုက္သည္။
"ဘာျဖစ္လို႔လဲ။"

လင္ခုံးလုမသိမသာေတာင့္ခဲသြားရၿပီးမွ ေခါင္းရမ္းကာႏွောင္းမွေမးလိုက္သည္။
"မင္းဒါကို...ဘယ္လိုျမင္လဲ။"

႐ႊီယန့္ကေခါင္းျပန္ေမာ့သြားကာႏူးညံ့စြာဆိုေလသည္။
"သူ႕ကိုႏွင္းဆီဆူးနဲ႕ထိုးခဲ့တာပဲ။"

သူဒါကိုေျပာလိုက္ခ်ိန္ သူ႕မ်က္ဝန္းထဲမွာစက္ဆုပ္႐ြံရွာမႈႏွင့္လူသတ္ခ်င္စိတ္တစ္စြန္းတစတစ္ခ်က္လက္သြားပုံရေပမဲ့ လင္ခုံးလုအျမင္မွားသည့္အလား ခပ္ျမန္ျမန္ေပ်ာက္ကြယ္သြားသည္။

လင္ခုံးလုအေတြးထဲနစ္သြားရသည္။ ထိုစဥ္အေလာင္းကိုၾကည့္ေနသည့္က်ိခ်င္းခ်င္းက႐ုတ္တရက္ဆိုလာသည္။
"ေနပါအုံး၊ ဒီႏွင္းဆီ...."

လင္ခုံးလုအလ်င္စလိုေမာ့ၾကည့္လိုက္မိသည္။ ခပ္လွမ္းလွမ္းမွေန၍ ခ်န္ေပၚ၏ရင္ဘတ္ဘယ္ဘက္ျခမ္းမွာႏွင္းဆီနီတစ္ပြင့္ရွိေနတာကိုျမင္လိုက္ရေတာ့ မနက္ကသူ႕ရင္ဘတ္ေပၚမွာရွိေနခဲ့သည့္ႏွင္းဆီကိုျပန္အမွတ္ရသြားေစသည္။

သူ႕မ်က္ႏွာမွာသူ႐ုတ္တရက္ေၾကာက္လန့္သြားသည့္အလားမထိန္းနိုင္ဘဲျဖဴေဖ်ာ့သြားၿပီး သူ႐ႊီယန့္၏လက္ေခ်ာင္းမ်ားကိုအလိုလိုတင္းတင္းဆုပ္ကိုင္လိုက္မိသည္။

႐ႊီယန့္ကသူ႕ကိုငုံ႕ၾကည့္လာသည္။

က်ိခ်င္းခ်င္းကမ်က္ေမွာင္ၾကဳတ္ကာစမ္းစစ္ၾကည့္သည္။
"ႏွင္းဆီကိုင္းကိုႏွလုံးထဲထိုးစိုက္လိုက္တာကေသေစနိုင္တဲ့ဒဏ္ရာပဲ။"

လင္ခုံးလု၏မသက္မသာျဖစ္မႈမွာပိုမိုသိသာထင္ရွားလာၿပီး သူ႕မ်က္လုံးမ်ားကအထိတ္အလန့္ျပဴးက်ယ္သြားကာ သူ႕မ်က္ေတာင္ေမႊးမ်ားမွာမသိမသာတုန္ရီသြားရသည္။

တခ်ိဳ႕ေသာကြင္းဆက္လူသတ္သမားမ်ားကလူမသတ္ခင္(သို႔)လူသတ္ၿပီးေနာက္မွာႏွင္းဆီပန္းထားခဲ့လိမ့္မည္ဟု သိပ္မၾကာေသးခင္ကဥယ်ာဥ္မႉးသူ႕ကိုေျပာခဲ့တာကိုသခင္ေလးမွတ္မိသည္။

႐ႊီယန့္၏လ်ိဳ႕ဝွက္ခ်က္ကိုမသိသည့္ရိုးရွင္းေသာသခင္ေလးတစ္ေယာက္အေနျဖင့္ မနက္တိုင္းႏွင္းဆီပန္းဘယ္ကေရာက္လာလဲဆိုတာသိဖို႔အသာထား၊ဒီအခိုက္အတန့္မွာေသခ်ာေတြးေနမိၿပီး သူ႕ရင္ဘတ္ေပၚမွာႏွင္းဆီပန္းတင္ထားခဲ့သည့္ႏွာဘူးကခ်န္ေပၚ၏ရင္ဘတ္ေပၚမွာႏွင္းဆီပန္းတင္ထားခဲ့သည့္တစ္ေယာက္ႏွင့္.....အတူတူပဲလားဆိုတာပင္သံသယဝင္ေနမိသည္။

႐ႊီယန့္ကဒါကိုေတြးမိသြားပုံရကာ ႐ုတ္တရက္ေပ်ာ္႐ႊင္သြားပုံရၿပီး သူ႕နားထဲမွာတီးတိုးေမးလာသည္။
"ဘာျဖစ္လို႔လဲ။"

သူကအလြန္ႏွေးေကြးစြာျဖင့္ထူးဆန္းစြာေျပာလာျခင္းပင္။ တမင္ရည္႐ြယ္ခ်က္ရွိရွိလားဆိုတာမသိေပမဲ့ ေဖာ္ျပမရေအာင္ၾကက္သီးထစရာေကာင္းလွသည္။

သခင္ေလးမွာအစကမသိမသာတုန္ရီသြားၿပီး သူ႕ကိုအလိုလိုလႊတ္လိုက္ခ်င္ေပမဲ့ အေလာင္းေပၚကႏွင္းဆီပန္းကိုျမင္လိုက္ရခ်ိန္မွာ သူအနည္းငယ္ေက်ာခ်မ္းသြားမိသည္။ ေခတၱတန့္သြားၿပီးမွ သူသူ႕လက္ေခ်ာင္းမ်ားကိုကိုင္ထားရန္ေ႐ြးခ်ယ္လိုက္ၿပီး တီးတိုးေျပာလိုက္သည္။
"အ အရင္ျပန္ရေအာင္။"

က်ိခ်င္းခ်င္း၏အသံကခပ္လွမ္းလွမ္းမွထြက္လာသည္။
"ညာလက္က်ိဳးသြားတယ္၊ လွ်ာျဖတ္ခံထားတယ္၊ ၿပီးေတာ့ဝမ္းဗိုက္ကအဖြင့္ခံထားရတယ္။ အထဲမွာက....ႏွင္းဆီပန္း?"

သခင္ေလးက႐ႊီယန့္၏လက္ေခ်ာင္းမ်ားကို႐ုတ္ျခည္းတင္းတင္းဆုပ္ကိုင္လိုက္မိၿပီး သူ႕အသံမွာတုန္ရီလို႔ေနကာ အခိုင္ပမာထပ္ေျပာလာသည္။
"ျပန္မယ္လို႔။"

႐ႊီယန့္ကႏႈတ္ခမ္းေထာင့္မ်ားအသာေကြးကာႏူးညံ့စြာဆိုလိုက္သည္။
"ဟုတ္ကဲ့။"

သူဝွီးခ်ဲကိုတြန္းကာ သခင္ေလးကိုအၿပဳံးတစ္ပြင့္ႏွင့္ရဲတိုက္ဆီျပန္ပို႔လိုက္သည္။

က်ိခ်င္းခ်င္းကအေတြးနစ္ေနေသာမ်က္ႏွာထားျဖင့္ သူတို႔ထြက္သြားရာဘက္ကို႐ုတ္ျခည္းလွမ္းၾကည့္လိုက္သည္။

ယြမ္ရွီးခြၽမ္းကလည္းတစ္ခ်က္ၾကည့္လိုက္သည္။ သူတို႔ထိုေနရာကထြက္လာၿပီးအနားမွာတစ္ေယာက္မွမရွိေတာ့ခ်ိန္မွ သူမ်က္မွန္ကိုပင့္တင္ကာေမးလိုက္သည္။
"သူတို႔ျဖစ္နိုင္မယ္ထင္လား။"

က်ိခ်င္းခ်င္းက"အင္း"ဟုမဆိုဘဲေျပာလာသည္။
"ဥယ်ာဥ္မႉးကအခုပဲႏွင္းဆီေတြကိုျဖတ္ခဲ့တာ။ ၿပီးေတာ့အဲ့ေနရာမွာႏွင္းဆီၿခဳံေတြအမ်ားႀကီးရွိေတာ့ ပုံမွန္လူေတြကသူ႕ကိုသံသယျဖစ္ၾကမွာပဲ၊ ဒါေပမဲ့...."

"လားရာကတအားသိသာတယ္။"
ယြမ္ရွီးခြၽမ္းကဆက္ေျပာသည္။

"ဟုတ္တယ္။" က်ိခ်င္းခ်င္းေခါင္းၿငိမ့္လိုက္သည္။ ဒီေတာ့ေျပာရခက္တယ္။

"သခင္ေလးကေရာ?"
ယြမ္ရွီးခြၽမ္းကအေတြးထဲနစ္သြားသည္။

"မဟုတ္ေလာက္ဘူး။"
က်ိခ်င္းခ်င္းကမ်က္ေမွာင္ၾကဳတ္ကာဆိုသည္။
"အနည္းဆုံးေတာ့သူတိုက္ရိုက္ႀကီးမလုပ္နိုင္ဘူး။ ေသဆုံးခ်ိန္ကမနက္တစ္နာရီဝန္းက်င္ေလာက္ပဲ၊ မေန႕ညတုန္းက...."

ဒီအထိေျပာၿပီးေတာ့သူမအနည္းငယ္ထူးဆန္းသြားရကာတန့္သြားၿပီးမွဆက္ေျပာလိုက္သည္။
"အဲ့တုန္းကသခင္ေလးကအိပ္ခန္းထဲမွာရွိေနတာ။"

ဒါကိုၾကားေတာ့ဝမ္ရန္ႏွင့္ဟြမ္က်ားဝမ္ကခပ္ျမန္ျမန္ေခါင္းၿငိမ့္ကာဆိုေလသည္။
"ဟုတ္တယ္။"

သူတို႔အကုန္ျမင္ခဲ့တယ္၊ သခင္ေလးကအဲ့မွာတစ္ေယာက္ထဲရွိေနတာမဟုတ္ဘူး။

ကုန္းေဝကထူးဆန္းစြာေမးလာသည္။
"ခ်င္းက်ဲ၊ ေသဆုံးခ်ိန္ကိုဘယ္လိုသိတာလဲဟင္...."

"အာ၊ မင္းမသိဘူးပဲ။ ခ်င္းက်ဲကမႈခင္းဆရာဝန္ျဖစ္ခဲ့ဖူးတယ္ေလ။"
ဝမ္ရန္ကအၿပဳံးေလးႏွင့္ဆိုသည္။

ကုန္းေဝမွာ႐ုတ္ျခည္းအံ့ၾသသြားပုံပင္။

ေကာယြိကသူတို႔၏ေဆြးႏြေးမႈထဲမွာမပါဘဲယန္ဖုန္းဘက္လွည့္ကာေမးလိုက္သည္။
"ဖုန္းေကာ၊ ဘယ္လိုထင္လဲ။ ျဖစ္နိုင္တာက....မိစ္ဆာနတ္ဘုရား?"

ယန္ဖုန္းကေခါင္းခါကာမေရမရာေျပာလိုက္သည္။
"ဆက္တင္အရဆို မိစ္ဆာနတ္ဘုရားကပထမဆုံးႏွစ္ညမွာလူတစ္ေယာက္မွသတ္မွာမဟုတ္ဘူး။ ခ်န္ေပၚက....ႏွိပ္စက္ၿပီးအသတ္ခံလိုက္ရတာနဲ႕ပိုတူတယ္။"

ဒါေပမဲ့ရည္႐ြယ္ခ်က္ကေကာ? ေျပာရရင္ကြၽန္းေပၚေရာက္ၿပီးေနာက္မွာခ်န္ေပၚကသခင္ေလးကိုပဲစိတ္ဆိုးေအာင္လုပ္ခဲ့ဖူးတာ။ သခင္ေလးကအားနည္းၿပီးႏုနယ္တယ္။ သူသာဆို ေသြးထိုးလႈံ႕ေဆာ္သူပဲျဖစ္နိုင္မွာ။ ၿပီးေတာ့သခင္ေလးေသြးထိုးေပးလိုက္နိုင္တဲ့လူေတြက....

ေတြးၾကည့္ၿပီးေနာက္မွာ ယန္ဖုန္းတစ္ေယာက္ဥယ်ာဥ္မႉးႏွင့္အိမ္ေတာ္ထိန္းကိုသံသယရွိသူအျဖစ္ယာယီသတ္မွတ္ထားလိုက္ေတာ့သည္။

*

လင္ခုံးလုကခ်န္ေပၚ၏ေသဆုံးပုံကိုၾကည့္ၿပီး စိုးရိမ္ေၾကာက္လန့္ေနသည့္အလား။ ႏြေရာသီဆိုေပမဲ့သူ႕ေျခလက္မ်ားမွာေအးစက္ေနၿပီး သူဟာ႐ႊီယန့္၏လက္ကိုကိုင္ထားပုံမွာ ဒါကလုံၿခဳံသည္ဟုခံစားရသည့္တစ္ခုတည္းေသာနည္းလမ္းအလား။

႐ြီယန့္မွာေတာ့တစ္ဖက္လူကိုပိတ္ေလွာင္နိုင္သည့္နည္းလမ္းအသစ္ေတြ႕သြားသည့္အလားစိတ္ေပ်ာ္လို႔ေနသည္။ အခုကစၿပီးသူကသူ႕ကိုပဲမွီခိုအားကိုးလာေတာ့မွာ။

ၿပီးေတာ့လင္ခုံးလုကလည္းဒါဟာအခြင့္ေကာင္းတစ္ခုျဖစ္ေလာက္မည္ဟုေတြးေနမိသည္။ သူအရင္ဆုံးႏွင္းဆီပန္းေပးသည့္ႏွာဘူးကိုေၾကာက္ခ်င္ေယာင္ေဆာင္ကာ႐ႊီယန္ကိုအကူအညီေတာင္းၿပီး ကာကြယ္ေပးျခင္းႏွင့္အကာကြယ္ခံျခင္းဆက္ဆံေရးထဲမွာတစ္ဖက္လူကိုထပ္မံအနိုင္ယူနိုင္သည္။

႐ႊီယန့္ကဒီလွည့္ကြက္ကိုသေဘာက်ပဳံရကာ သူ၏မွီခိုအားကိုးမႈကိုႏွစ္ၿခိဳက္ေနပုံပင္။ သူဆင္းရဲသားရပ္ကြက္မွာတုန္းက တစ္ဖက္လူကိုဒီလိုမ်ိဳးအနိုင္ယူခဲ့ဖူးသည္။ ထို႔ေနာက္သူတို႔ႏွစ္ေယာက္မွာရင္ထဲမွာလ်ိဳ႕ဝွက္အႀကံမ်ားထုတ္ၿပီး သူတို႔ကမုဆိုးႏွင့္တစ္ဖက္လူကသားေကာင္ျဖစ္ေနသည္ဟုခံစားေနၾကရသည္။

ရဲတိုက္ကိုျပန္ေရာက္ေတာ့ ႐ႊီယန့္ကစိုးရိမ္ေၾကာက္လန့္ေနသည့္သခင္ေလးကိုေကာက္ခ်ီကာ တတိယထပ္ကအိပ္ခန္းဆီေတာက္ေလွ်ာက္ခ်ီသြားလိုက္သည္။ သူ႕ကိုအိပ္ရာေပၚတင္ေပးၿပီးေနာက္ သူ႕ကိုေစာင္ပါးႏွင့္ပတ္ေပးကာ သူ႕ေက်ာကိုအသာပုတ္ၿပီးႏွစ္သိမ့္ေပးလိုက္သည္။

အခန္းထဲရွိေလေအးေပးစက္မွာလုံေလာက္သည္။ လင္ခုံးလုကေစာင္ပါးထဲမွာအထုပ္ခံထားရသည္။ သူမပူ႐ုံတင္သာမက အနည္းငယ္တုန္လိုက္လို႔ေနကာသူ႕ရင္ခြင္ထဲအလိုလိုမွီလိုက္မိသည္။

႐ႊီယန့္၏ႏႈတ္ခမ္းမွာမသိမသာေကာ့တက္သြားၿပီး သူကသူ႕ရင္ခြင္ထဲက်ဳံ႕ဝင္နိုင္႐ုံသာတတ္နိုင္သည့္ေၾကာက္လန့္ေနသည့္အေကာင္ငယ္ေလးႏွင့္တူေနသည္။ သူ႕လက္ဖဝါးမ်ားကေကာင္ေလး၏တုန္ရီေနေသာေက်ာျပင္ကိုပြတ္သပ္ေပးေနၿပီး သူ႕အသံမွာႏူးညံ့ညင္သာေနေပမဲ့ တစ္ဖက္လူအေၾကာက္ဆုံးအရာကိုေျပာလိုက္သည္။

"သခင္ေလး၊ သခင္ေလးၾကည့္ရတာတုန္ေနသလိုပဲ။ မေန႕ညကေသသြားတဲ့လူက...."

"မ မေျပာနဲ႕။"
လင္ခုံးလုတုန္ရီေနေသာအသံျဖင့္ျဖတ္ေျပာလိုက္သည္။ တစ္ေအာင့္ၾကာမွ သူမတ္မတ္ထိုင္ကာ သူႏွင့္အကြာအေဝးျခားလိုက္သည္။

႐ႊီယန့္ကမသိမသာဗလာက်င္းသြားေသာရင္ခြင္ကိုမ်က္ႏွာေသျဖင့္တစ္ခ်က္ၾကည့္ကာဆက္ေျပာလိုက္သည္။
"သူ႕ရင္ဘတ္ေပၚမွာႏွင္းဆီပန္းရွိေနတာလား။ ကြၽန္ေတာ္မွတ္မိသေလာက္ကေတာ့ တစ္ေယာက္ေယာက္ကသခင္ေလးကိုယ္ေပၚမွာႏွင္းဆီပန္းထားသြားတယ္လို႔သခင္ေလးေျပာခဲ့တယ္ေနာ္။ သူလည္းရင္ဘတ္ေပၚမွာႏွင္းဆီပန္း..."

"မ မေျပာနဲ႕ေတာ့။"
သခင္ေလးကေၾကာက္လန့္တၾကားငိုခ်ေတာ့မလိုျဖစ္သြားကာ သူ႕ရင္ခြင္ထဲက်ဳံ႕ဝင္လာျပန္သည္။

႐ႊီယန္ကသူ႕ကိုမသိမသာေပြ႕ဖက္ကာ သူ႕ေက်ာျပင္ကိုပြတ္သပ္ကာႏွစ္သိမ့္ေပးၿပီး ႏြေးေထြးစြာေျပာလိုက္သည္။
"သခင္ေလးအိမ္ေတာ္ထိန္းရွပူးအာကိုမယုံနိုင္ဘူးဆိုရင္ ကြၽန္ေတာ့္ကိုေျပာျပလို႔ရပါတယ္။"

လင္ခုံးလုဆို႔နင့္သြားကာတီးတိုးဆိုလိုက္သည္။
"ငါ ငါမင္းကိုလဲမယုံနိုင္ဘူး။"

႐ႊီယန့္ကေအးခဲသြားပုံရၿပီးမွ ႐ုတ္တရက္သူ႕ကိုလႊတ္ေပးကာ ထရပ္ၿပီးေျပာလိုက္သည္။
"ကြၽန္ေတာ္ကသခင္ေလးကိုစိတ္ဆိုးေအာင္လုပ္မိသြားတာပဲ။ သခင္ေလးဒီကိစၥကိုကိုယ့္ဘာသာကိုယ္ေျဖရွင္းသင့္ပါတယ္။ ကြၽန္ေတာ္အေတြးလြန္သြားၿပီးေတာ့ သခင္ေလးရင္ဘတ္ေပၚမွာႏွင္းဆီပန္းထားသြားတဲ့လူကသာမန္ႏွာဘူးမဟုတ္ဘဲ မစၥတာခ်န္ကိုသ..."

"ေန ေနပါအုံး။"
လင္ခုံးလုစိုးရိမ္ေၾကာက္လန့္သြားရျပန္ကာ သူ႕ကိုအလ်င္စလိုလွမ္းဆြဲၿပီး အထိတ္တလန့္ေျပာလိုက္မိသည္။
"မင္း မသြားနဲ႕။"

႐ႊီယန့္ကႏႈတ္ခမ္းေထာင့္မ်ားမသိမသာေကာ့ကာ သူ႕ကိုငုံ႕ၾကည့္ၿပီး တည္ၿငိမ္စြာေမးလိုက္သည္။
"တစ္ခုခုရွိေသးလို႔လား၊ သခင္ေလး?"

"ငါ ငါ..." သခင္ေလးစကားထစ္သြားၿပီး ေၾကာက္လန့္ကာရွက္သြားပုံပင္။

႐ႊီယန့္ကသူ႕လက္ကိုဆြဲထုတ္ကာဆိုေလသည္။
"ဘာမွမရွိဘူးဆိုရင္ကြၽန္ေတာ္အရင္ဆင္းသြားႏွင့္မယ္။ ကြၽန္ေတာ္ဥယ်ာဥ္ထဲမွာေပါင္းသင္ရအုံးမယ္။"

"ခဏေလး။" လင္ခုံးလုသူ႕လက္ကိုထပ္မံလွမ္းဆြဲကာ အံႀကိတ္ၿပီး မ်က္စိမွိတ္ကာေျပာလိုက္သည္။
"မင္းေျပာတာမွန္တယ္။ သူငါ့ရင္ဘတ္ေပၚမွာႏွင္းဆီပန္းတင္သြားခဲ့တာ။"

"ေအာ္။" ႐ႊီယန့္ကအေနာက္လွည့္ကာသူ႕ကိုတည္ၿငိမ္စြာၾကည့္လာသည္။

အမွန္အတိုင္းေျပာၿပီးေနာက္မွာ လင္ခုံးလုရွက္မေနေတာ့ဘဲ သူ႕ကိုေၾကာက္လန့္တၾကားအကူအညီေတာင္းလိုက္သည္။
"ငါဘာလုပ္ရမလဲ။ သူကခ်န္ေပၚကိုသတ္ခဲ့တဲ့တစ္ေယာက္ျဖစ္ေနမလား။ သူဒီညငါ့ဆီထပ္လာမွာလား။"

အခုဆိုတိုင္ဖြန္းမုန္တိုင္းေၾကာင့္သူအျပင္ထြက္မရေပ၊ ဒီဥယ်ာဥ္မႉးကလြဲလို႔ဘယ္သူ႕ကိုယုံၾကည္လို႔ရမွာလဲ။

လင္ခုံးလုစိတ္ထဲမွာဇာတ္ၫႊန္းကိုစီစဥ္ထားၿပီးၿပီ။

႐ႊီယန့္ကလည္းအတူတူပင္ျဖစ္ကာ သူ႕ေဘးမွာထိုင္ၿပီးသူ႕ကိုႏွစ္သိမ့္ေပးလိုက္သည္။
"မစိုးရိမ္ပါနဲ႕၊ ကိစၥေတြကကြၽန္ေတာ္တို႔ထင္သလိုမဟုတ္ေလာက္ဘူးေလ။ ျဖစ္နိုင္တာက....အဲ့ႏွင္းဆီပန္းကိုဘယ္ေနရာမွာထားထားခဲ့လဲဆိုတာကြၽန္ေတာ္အရင္ၾကည့္ခ်င္တယ္။"

"ဟင္?"
လင္ခုံးလုၾကက္ေသေသသြားရသည္။

႐ႊီယန့္ကမ်က္ေမွာင္ၾကဳတ္ကာအေလးအနက္ဆိုလာသည္။
"အခုတစ္ဖက္လူကႏွင္းဆီပန္းထားတာအျပင္အျခားဟာေတြပါလုပ္သြားေသးလားဆိုတာကြၽန္ေတာ္တို႔ေသခ်ာေအာင္လုပ္ရမယ္။"

လင္ခုံးလု၏မ်က္လုံးမ်ားသက္ာမကင္းျဖစ္သြားပုံမွာ သူအနည္းငယ္သံသယဝင္သြားသည့္အလား၊ သူမေနနိုင္ဘဲသူ႕ကိုေသခ်ာၾကည့္လိုက္မိသည္။

ဒါကိုျမင္ေတာ့႐ႊီယန့္ကလူႀကီးလူေကာင္းပုံစံဖမ္းကာဆိုလိုက္သည္။
"သခင္ေလးသံသယဝင္ၿပီးေတာ့ ကြၽန္ေတာ့္မွာမေကာင္းတဲ့ရည္႐ြယ္ခ်က္ရွိတယ္ထင္ေနရင္လဲ ကြၽန္ေတာ္ဥယ်ာဥ္မွာေပါင္းသြားသင္တာပိုေကာင္းပါတယ္။"
သူထိုသို႔ဆိုကာ ထရပ္ဖို႔ျပင္လိုက္သည္။

"ေနအုံး။"
လင္ခုံးလုသူ႕ကိုထပ္ဆြဲလိုက္ၿပီး ဒုကၡေရာက္သြားပုံပင္။

ထားလိုက္ေတာ့၊ ကေလးကိုဝံပုေလြကိုေထာင္ေခ်ာက္မဆင္ခိုင္းနိုင္ဘူးဆိုေတာ့ သူႏွစ္ဖက္လုံးကိုအနိုင္ယူမွရမယ္။ မေကာင္းတဲ့စိတ္တန္ဖိုးအျပည့္ကိုေတြးမိသြားေတာ့....

သူအံႀကိတ္ကာလက္ျမႇောက္လိုက္သည္-

အခ်ိန္အေတာ္ၾကာသြားၿပီးေနာက္-

႐ႊီယန့္ကမ်က္ေမွာင္ၾကဳတ္သည္။
"နည္းနည္းပြန္းေနတယ္။"

"ဟုတ္ ဟုတ္လား။" သခင္ေလးကသူ႕အက်ီေကာ္လာကိုလိမ္လိမ္မာေလးလွမ္းကိုင္ကာေတြးလိုက္မိသည္။ သူမနက္ထလာတုန္းကနည္းနည္းစပ္ဖ်င္းဖ်င္းျဖစ္ေနတာမဆန္းဘူး။

"သခင္ေလးသတိမထားမိခဲ့ဘူးလား။"
႐ႊီယန့္ကေမးသည္။

"ငါအအိပ္ၾကမ္းသြားတာ။"
လင္ခုံးလုျဖဴစင္စြာေျပာလိုက္သည္။ ႐ႊီယန့္ကအားထည့္လိုက္ပုံပင္။ သူ႐ုတ္ျခည္းညည္းလိုက္မိကာ ရွက္ေသြးျဖာသြားၿပီး ခပ္တိုးတိုးေမးလိုက္သည္။
"မင္းငါ့ကို...ညွစ္ေနတာရပ္ေပးလို႔ရမလား။"

"အိုး။" ႐ႊီယန့္က"မင္းေတာ့ဒုကၡအႀကီးအက်ယ္ေရာက္ၿပီ"ဟူေသာမ်က္ႏွာထားျဖင့္ႏွေျမာတႆျဖစ္စြာထရပ္လိုက္သည္။ သူမ်က္ေမွာင္ၾကဳတ္ကာေျပာလိုက္သည္။
"အေျခအေနမေကာင္းဘူး။ တစ္ဖက္လူကလူသတ္သမားမွန္းသိသာေနၿပီ။ သူအစကသခင္ေလးကိုသတ္ခ်င္တာျဖစ္ေလာက္မယ္၊ ဒါေပမဲ့ေနာက္ေတာ့.....သခင္ေလးကေခ်ာမွန္းသိသြားလို႔လား၊ အျခားအေၾကာင္းေၾကာင့္လား၊ စိတ္ေျပာင္းသြားခဲ့တာပဲ။"

"အာ?" လင္ခုံးလုဇေဝဇဝါျဖစ္သြားမိသည္။

"သူဒီညထပ္လာနိုင္တယ္။"

"ဒါဆိုငါတို႔ဘာလုပ္ၾကမလဲ။"
လင္ခုံးလုအနည္းငယ္ထိတ္လန့္သြားသည္။

"တစ္ညလုံးေစာင့္ၾကည့္ေပးမဲ့လူစီစဥ္ရမယ္။" ႐ႊီယန္ကအႀကဳံျပဳသည္။

လင္ခုံးလုလည္းေတြးၾကည့္လိုက္ေပမဲ့ တစ္ဖက္လူဟာရဲတိုက္ထဲကတစ္ေယာက္ေယာက္ျဖစ္နိုင္သည္။ သူဘယ္သူ႕ကိုစီစဥ္နိုင္မွာလဲ။ တစ္ဖက္လူကႏွင္းဆီပန္းထားသြားတဲ့လူျဖစ္ေနရင္ေကာ? မင္းေရွ႕မွာသူခိုးကိုထားလိုက္တာမဟုတ္ဘူးလား။

သူတစ္ေအာင့္ၾကာဝိေရာဓိျဖစ္သြားပုံရကာ သူ၏အက်ီေကာ္လာကိုသူ႕လက္ေခ်ာင္းမ်ားျဖင့္လိမ္ရင္း ေနာက္ဆုံးမွာ႐ႊီယန့္ကိုၾကည့္ကာေျပာလိုက္သည္။
"မင္း....ဒီညငါ့ကိုလာေစာင့္ေပးရင္ေကာ?"

႐ႊီယန့္ကတည္ၿငိမ္စြာေမးလာသည္။
"ဒီမွာအိပ္ရမွာလား။"

လင္ခုံးလုခ်က္ခ်င္းေခါင္းၿငိမ့္ျပလိုက္မိသည္။ သူဒီမွာအိပ္ရမွာေပါ့၊ မဟုတ္ရင္ေစာင့္ၾကည့္တာလို႔ဘယ္လိုလုပ္ေခၚလို႔ရမွာလဲ။

႐ႊီယန့္၏မ်က္ဝန္းထဲမွာခပ္ေဖ်ာ့ေဖ်ာ့အၿပဳံးတစ္ပြင့္ရွိေနပုံရကာ သူႏႈတ္ခမ္းေထာင့္မ်ားကိုခပ္ျမန္ျမန္ျပန္ေစ့တန္းၿပီး ေလးနက္ခ်င္ေယာင္ေဆာင္လိုက္သည္။
"ဒါေပမဲ့ကြၽန္ေတာ္ၾကားတာကေတာ့သခင္ေလးမွာေစ့စပ္ထားသူရွိတယ္ဆို။ ကြၽန္ေတာ္ဒီညဒီမွာအိပ္တာကို သခင္ေလးရဲ႕ေစ့စပ္ထားသူသိသြားရင္ သူအထင္လြဲသြားမွာမလား။"

-------------

Seguir leyendo

También te gustarán

149K 21.9K 111
This story is just a fan translation. Crd to the original owner.
13K 549 74
مجموعه من القصص القصيره 🥰❤️
29.9K 1.2K 30
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
1.9K 301 32
The Villainous Shizun is as Beautiful as Flower 反派师尊貌美如花 Author - 酒煮核弹头 126 chapters + 11 extras I do not own this novel and I'm just translating it...