၈၁၄။ ရှေ့တက်ဖို့ နောက်ဆုတ်ခြင်း (၄)
ဘုရင်ကြီး ဒါမှမဟုတ် စတုတ္ထမင်းသားရယ်လို့ မင်း ဘယ်လိုလုပ် သိသလဲ၊ ဘုရင်ကြီးက.... လေ့ချန်ရဲ့ အဖေပဲ မဟုတ်ဘူးလား၊ လေ့ချန်က ဘုရင်ကြီးရဲ့ အသုံးတော်ခံပဲ ထားအုံး၊ သူ့အဆင့်က အိမ်ရှေ့စံပဲလေ၊ အပေါ်ယံအနေနဲ့ ကြည့်ရင်လည်း လေ့ချန်က အတော် ကောင်းကောင်း လုပ်ဆောင်နေတာပဲ၊ ဘာလို့ ဘုရင်ကြီးက... သူ့အပေါ် ဒီလိုမျိုး လုပ်ရမှာလဲ ကျောက်ချူက အတော့်ကို စဉ်းစားရ ကျပ်နေသည်။
ဂျန်ဝုရှီက ခဏလောက် ရပ်တန့်၍ တိတ်ဆိတ်စွာ နေပြီးနောက် ရုတ်တရက် မေးလိုက်သည် ချီတိုင်းပြည်ရဲ့ လက်ရှိ အုပ်ချုပ်သူက ဘယ်သူလဲဆိုတာ နင် သိလား။
ကျောက်ချူက စဉ်းစားပြီး ပြောလိုက်သည် အင်း, ငါ သိတယ်၊ အဲဒါ အရင်က အိမ်ရှေ့စံပဲမို့လား ဂျန်ဝုရှီက ချီတိုင်းပြည် လင်းအိမ်တော်၏ သခင်မလေး ဖြစ်သဖြင့်, ကျောက်ချူက ချီတိုင်းပြည်အကြောင်းကို သိသင့်သလောက်တော့ သိပေသည်။
ဒါဆို သူ အိမ်ရှေ့စံဘဝတုန်းက သူ့မယ်တော်ရယ်, သူ့မယ်တော်ရဲ့ ဆွေမျိုးတွေရယ်, အားလုံးကို အရင်ဘုရင်ကြီးက အစုလိုက် သတ်ဖြတ်ပစ်တယ်ဆိုတာရော နင် သိသလား ဂျန်ဝုရှီက မေးသည်။
အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကျောက်ချူက မျက်လုံးပြူးလျက် မေးသည်။
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ထိုသို့ ပြောသော ဂျန်ဝုရှီမှာ အမူအရာကင်းမဲ့လို့ နေသည်။ ၎င်းအကြောင်းကို သူမအတွက် ပုံပြင်တစ်ပုဒ် ပြောနေသလိုပင်။ အရင်ဘုရင်ကြီးက အိမ်ရှေ့စံကို မနှစ်သက်ဘူး၊ ဒုတိယမင်းသားကို အမွေဆက်ခံစေချင်ခဲ့တယ်၊ ဒါပေမဲ့ သူ စိုးရိမ်နေတာက သူ့ ဂုဏ်သိက္ခာပဲ၊ သူက အိမ်ရှေ့စံကို အကြမ်းနည်းသုံးပြီး ဖယ်ရှားပစ်လို့ ရတယ်၊ ဒါပေမဲ့ အဲအစား သူက အိမ်ရှေ့စံကို ဖြည်းဖြည်းချင်းနဲ့ပဲ သေမဲ့အထိ တွန်းပို့နေခဲ့တာ၊ အိမ်ရှေ့စံရဲ့ နာမည်ကိုလည်း လူကြားထဲမှာ ဖျက်လိုဖျက်ဆီး လုပ်ဆောင်ခဲ့တယ်၊ တစ်ချိန်တည်းမှာပဲ ဒုတိယမင်းသားကို ရှေ့ကို တွန်းပို့ခဲ့တယ်၊ မျှော်လင့်မထားတဲ့ တစ်စုံတရာသာ ဖြစ်ပျက်မလာခဲ့ရင်, ချီတိုင်းပြည်ဘုရင်ကြီးက အခုဆို မတူကွဲပြားတဲ့ လူတစ်ယောက် ဖြစ်နေလောက်ပြီ။
ဘုရင့်မောင်းမဆောင်အတွင်း အတွင်းရေးက လျှို့ဝှက်ရှုပ်ထွေးသည်။ ကျောက်ချူတို့က ဒီအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ ဂျန်ဝုရှီက မည်သို့မျှ သက်ရောက်မှုမရှိဘဲ သူတို့ကို ပြန်ပြောသော်ငြား သူတို့အားလုံး ၎င်းအကြောင်းကို ကြားရလျှင် တုန်လှုပ်သွားကြသည်သာ။
အိမ်ရှေ့စံ ဖြစ်နေတာတောင်... အပေးအယူသဘောနဲ့ ကူကယ်ရာမဲ့ပြီး အသက်ရှင် ရပ်တည်နေရာတာပဲလား ထိုသို့ စဉ်းစားပြီးနောက် ကျောက်ချူက ရုတ်တရက် လက်ရှိ ချီတိုင်းပြည်၏ ဘုရင်ကြီးကို အတော်လေး စာနာသနားသွားလေ၏။
ဖန်ဇိုက အတွေးပွားလျက် ဂျန်ဝုရှီကို ကြည့်လိုက်သည် လေ့ချန်လည်း လက်ရှိ ချီတိုင်းပြည်ရဲ့ ဘုရင်ကြီးလို ဖြစ်နိုင်စရာရှိတယ်လို့ မင်း တွေးနေတာလား။
ဂျန်ဝုရှီက ဖြည်းညင်းစွာ ခေါင်းညိတ်ပြသည် အစတုန်းက ငါလည်း မသေချာဘူး၊ ဒါပေမဲ့ ဒါကို မနေ့က အတည်ပြုနိုင်ခဲ့တယ်၊ ဒီနှစ် လိပ်ပြာတိုက်ပွဲက ရန်တိုင်းပြည် ဘုရင်ကြီးရဲ့ ထောင်ချောက်ပဲ၊ သူက အိမ်ရှေ့စံကို အလှည့်အပြောင်း ဖြစ်သွားစေချင်နေတာ။
ဒါပေမဲ့ သူက ဘာလို့ ဒီလို လုပ်ချင်ရတာလဲ၊ ဘုရင်ကြီးမှာ သားတော် လေးယောက် ရှိတယ်၊ အိမ်ရှေ့စံကို ဘေးချိတ်ထား၊ ဒုတိယမင်းသားက နုံအပြီး ကိုးရိုးကားရား နိုင်တဲ့ အရူးတစ်ယောက်၊ တတိယသားတော်က အားနည်းပြီး လူရာမဝင်ဘူး၊ စတုတ္ထမင်းသားက အရမ်းငယ်တယ်၊ ပြီးတော့, စတုတ္ထမင်းသားနဲ့ လေ့ချန်ကို မိဖုရားကြီးက ကျွေးမွေးစောင့်ရှောက်ထားခဲ့တာ၊ မိဖုရားကြီးက အိမ်ရှေ့စံရဲ့ မယ်တော်ရင်း၊ စတုတ္ထမင်းသားက မောင်းမတော်ကနေ မွေးလာခဲ့တာ၊ ဘုရင်ကြီးက နောက် နန်းပလ္လင်ဆက်ခံမဲ့ လူကို ရွေးချယ်ချင်ရင်တောင်, သူ့မှာ လေ့ချန်မှ တပါး သင့်တော်တဲ့ ရွေးချယ်ခံမှ မရှိတော့တာ ဖေးယန်က ရန်တိုင်းပြည်၏ မင်းသားလေးယောက်၏ အရည်အသွေးများကို စီစစ်ဝေဖန်၍ ကြားဖြတ် ပြောသည်။ သူ့သုံးသပ်ချက်အရ လေ့ချန်မှ တပါး တခြား သင့်တော်သော ရွေးချယ်ခံဟူ၍ မရှိတော့ချေ။
နန်းပလ္လင် ဆက်ခံရေးအတွက် အတည်ပြုဖို့ဆိုတာ အချိန်တိုအတွင်း အောင်မြင်ပြီးစီးနိုင်တဲ့ အရာ မဟုတ်ဘူး၊ စတုတ္ထမင်းသားက ငယ်သေးပေမဲ့ နှစ်အနည်းငယ်အတွင်းမှာ သူ အရည်အချင်း ပြည့်မီလာလိမ့်မယ်၊ အဲအချိန်ဆို အိမ်ရှေ့စံရဲ့ နာမည်ဂုဏ်သတင်း ကျဆင်းသွားပြီး စတုတ္ထမင်းသားကို ထိုးတင်ပေးဖို့ အချိန်ကောင်းပဲပေါ့ ဂျန်ဝုရှီက တည်ငြိမ်စွာ ပြောသည်။
စတုတ္ထမင်းသားလား၊ မင်း တကယ်ကြီး သူ့ကို စဉ်းစားနေတာလား ဟွာယောင်းက မျက်မှောင်ကြုတ်လျက် မေးသည်။
ဂျန်ဝုရှီ ခေါင်းညိတ်လိုက်သည်။ လေ့ချန်လည်း ဒါကို သိလိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ်၊ အဲသလိုမှ မဟုတ်ရင်, သူ စတုတ္ထမင်းသားကို လုံးဝ ရှောင်ဖယ်နေမှာ မဟုတ်ဘူး။
စတုတ္ထမင်းသား ဘုရင်မကြီး၏ နန်းဆောင်မှာ ရှိနေရုံလေးဖြင့် လေ့ချန်က မိဖုရားကြီးကို နှုတ်ဆက်ဂါရဝပြုဖို့ပင် မသွားတော့ပေ။ ဒီအဖြစ်အပျက်မှာ ပြသနေသော စက်ဆုပ်ရွံ့ရှာခြင်း အဆင့်က ပိုမို၍ သိသာသည် မဟုတ်လော။
ဒါပေမဲ့ ဘုရင်ကြီးမှာ ဒီလို ရည်ရွယ်ချက် ရှိတယ်ပဲ ထားအုံး၊ ဖိဖုရားကြီးက ဒါကို လွယ်လင့်တကူ သဘောမတူနိုင်ဘူးလို့တော့ ငါ ထင်တယ်၊ ရန်တိုင်းပြည်ရဲ့ ဖိဖုရားကြီးမိသားစုက ရန်တိုင်းပြည်အနှံ့ အတော့်ကို ဩဇာအာဏာညောင်းတယ်လေ၊ လေ့ချန်က မိဖုရားကြီးရဲ့ သားတော်အရင်း၊ ဒီတော့ ဘယ်လိုလုပ်ပြီး မွေးစားသားအတွက်နဲ့ သားအရင်းကို ဒီလို လုပ်ဖို့ ခွင့်ပြုနိုင်မှာလဲ ဖန်ဇိုက ဇာတ်လမ်းတစ်ခုလုံးမှာ ပျောက်ရှနေသော အပိုင်းကို အခုထက်ထိ ရှာဖွေခြင်းငှာ မစွမ်းနိုင်သေးပေ။