ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

By Boss_want_to_eat_you

115K 23.9K 512

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More

Description
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

3.5K 406 2
By Boss_want_to_eat_you

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁)။

[ ဒါကတော့ထူးခြားဆန်းကြယ်တဲ့ကျွန်းပေါ်မှာတည်ရှိတဲ့ရဲတိုက်တစ်ခုဖြစ်တယ်။ ရဲတိုက်ပိုင်ရှင်ဟာနတ်သမီးပုံပြင်ထဲကမင်းသားလိုမျိုးနူးညံ့ချောမောတဲ့လူငယ်လေးတစ်ယောက်ဖြစ်တယ်။ သူကသူရဲ့ခန္ဓာကိုယ်နာမကျန်းဖြစ်မှုကြောင့်ဒီမှာယာယီအနားယူနေပါတယ်။

တစ်နေ့ကျတော့ ခရီးသွားအများအပြားကကျွန်းပေါ်ကိုလှေနဲ့ခြေချလာပါတော့တယ်.... ]

လင်ခုံးလုကရဲတိုက်၏ခုံးနေသောပြတင်းပေါက်ဘေးမှာထိုင်ကာ လက်ရေးနှင့်ရေးထားသည့်ခပ်ပါးပါးစာအုပ်တစ်အုပ်ကိုငုံ့ကြည့်လို့နေသည်။ အမှန်တော့သူဟာစနစ်သူ့အတွက်ဖွင့်ပေးထားသည့်ကိုယ်ပိုင်ချန်နယ်ကိုသုံးကာ လင်ဇိုင်းဇိုင်းနှင့်စကားပြောနေခြင်းပင်။

စက်တင်ဘာလလယ်တွင် ကျွန်းပေါ်ကခြစ်ခြစ်တောက်သောအပူမှာမပျောက်ကွယ်သွားဘဲ နေလုံးမှာခြစ်ခြစ်တောက်ပူပြင်းနေတုန်းပင်။ သို့သော်ကျွန်းအလယ်ဗဟိုရှိရဲတိုက်မှာတော့အစိမ်းရောင်အရိပ်နှင့်နွယ်ပင်များကြားထဲမှာနစ်မြုပ်နေသဖြင့် ရှားရှားပါးပါးအနည်းငယ်အေးမြလို့နေသည်။

ထို့အပြင်ဒါဟာအလယ်ပိုင်းခေတ်မဟုတ်ဘဲ လျှပ်စစ်ပစ္စည်း၊ အင်တာနက်နှင့်လေအေးပေးစက်တို့မရှိမဖြစ်၊ စိတ်ကူးယဥ်အကြိုအနာဂတ်ကမ္ဘာဖြစ်သည်။ ဒါပေါ့၊ ဒီ"အကြိုအနာဂတ်"မှာယခင်ကမ္ဘာနှင့်ဆက်စပ်နေခြင်းဖြစ်ပြီး လင်ခုံးလုနေခဲ့သည့်ကြယ်စုကမ္ဘာမျိုးမဟုတ်ပေ။

ဒီကမ္ဘာတွင်လင်ခုံးလု၏ဇာတ်ကောင်မှာ....အဆုံးမဲ့ထောင်(dungeon)ထဲကအမြှောက်စာဇာတ်ကောင်NPCဖြစ်ပြီး မိစ္ဆာဘbossကြီး၏ရည်းစားဟောင်းဖြစ်ပေသည်။

အမှန်ပင်၊ ဒီတစ်ခေါက်သူကူးပြောင်းလာခဲ့သည့်ကမ္ဘာငယ်လေးမှာအဆုံးမဲ့စီးဆင်းမှုကမ္ဘာဖြစ်သည်။ ကံကောင်းချင်တော့သူကထောင်ကမ္ဘာများထဲကတစ်ခုထဲရှိအမြှောက်စာဇာတ်ကောင်NPCသက်သက်မျှသာဖြစ်သည်။ သူသာကစားသမားတစ်​ယောက်ဆို ဒီအဆုံးမဲ့စီးဆင်းမှုကမ္ဘာထဲမှာထောင်တစ်ခုပြီးတစ်ခုဖြတ်ကျော်နေရမှာမဟုတ်ဘူးလား။

အဆုံးမဲ့ထပ်တလဲလဲကူးပြောင်းနေရမှာက....ဗူဒူးအရုပ်လိုပဲ။

ခြုံပြောရရင်ဒီထောင်ကို"သေခြင်းတရားကျွန်း"ဟုခေါ်ဆိုပြီး ကမ္ဘာကိုတိုက်ကြီးသုံးခုခွဲထားသည်။ လင်ခုံးလုကခန်းလန်တိုက်ကြီးမှာအချမ်းသာဆုံးလူ၏အငယ်ဆုံးသားဖြစ်ပြီး သူ၏မိစ္ဆာရည်းစားဟောင်းလေးကတော့ခန်းလန်တိုက်ကြီးမှာနေထိုင်သည့်ဆင်းရဲသားလေးတစ်ယောက်သာဖြစ်သည်။

ဆင်းရဲသောကျောင်းသားလေးမှာထူးချွန်သောအဆင့်၊ ချောမောသောရုပ်ရည်နှင့်မောက်မာသောပင်ကိုယ်စရိုက်ရှိပြီး သူဟာကျောင်းတွင်းနတ်ဘုရားတစ်ပါးဖြစ်ပေမဲ့ ဆင်းရဲသည့်အချက်ကိုတော့ပြောင်းမရပေ။ သူကချမ်းသာသောသခင်လေး၏ရည်းစားဟောင်းဖြစ်လာပြီး နောက်ပိုင်းမှာမိစ္ဆာနတ်ဘုရားဖြစ်လာသည့်အကြောင်းရင်းကတော့ ဇာတ်လမ်းရှည်ကြီးပင်။

ရိုးရိုးရှင်းရှင်း​ပြောရရင် ဒါကလယ်သမားနှင့်မြွေပုံပြင်ပင်။ ရွှီယန့်ကမြွေကိုကယ်ခဲ့သည့်လယ်သမားဖြစ်ပြီး လင်ခုံးလုကတော့အကယ်ခံလိုက်ရသည့်မျက်ဖြူမြွေဖြစ်သည်။

လင်မိသားစု၏လူအိုကြီးမထင်မှတ်ဘဲဆုံးပါးသွားချိန်မှာ သားအများအပြားကမိသားစုအမွေအတွက်ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြသည်။ လင်ခုံးလု၏ဖခင်ကကံဆိုးသွားပြီး တိဗက်မှာသွားပုန်းရန်တွန်းအားပေးခံခဲ့သဖြင့် သူ့ဇနီးနှင့်ကလေးကိုပင်မဆက်သွယ်နိုင်ရှာ။

လင်ခုံးလုကတော့အပြစ်မရှိဘဲဆွဲသွင်းခံလိုက်ရသည့်အငယ်ဆုံးသားလေးပင်။ သူဟာမတော်တဆဒဏ်ရာရသွားပြီး မှတ်ဉာဏ်ပျောက်သွားခဲ့သည်။ သူကဆင်ခြေဖုံးရပ်ကွက်မှာနေနေခဲ့ပြီး ရွှီယန့်ကသူ့ကိုခေါ်သွားခဲ့သည်။ ရွှီယန့်မှာအစကတော့ရဲခေါ်ပြီး သူ့ကိုပြန်ပို့ပေးချင်ပေမဲ့ လင်ခုံးလု၏ဘော်ဒီဂတ်ကဆင်းရဲသားရပ်ကွက်ကိုမြန်မြန်ရှာတွေ့သွားကာ ရဲကိုမခေါ်လို့မရကြောင်း၊ သခင်လေးကိုဖွက်ထားရမည်ဖြစ်ကြောင်း၊ မဟုတ်ရင်လင်မိသားစု၏ဦးလေး၂ကသူ့ကိုဖမ်းမိသွားရင် သခင်လေးသေချာပေါက်နှိပ်စက်ခံရကာ လင်ပါးပါးကိုခြိမ်းခြောက်ရန်အသုံးချခံရလိမ့်မည်ဖြစ်ကြောင်းဆိုလာခဲ့သည်။

ဘော်ဒီဂတ်ကလင်မာမားကိုသွားကယ်ရမှာမို့ အားနည်းသောသခင်လေးကိုသူနှင့်အတူခေါ်သွားလို့မရပေ။ ထို့အပြင်ရွှီယန့်နှင့်သခင်လေးကအတန်းဖော်မှန်းသူသိသဖြင့် ရိုးရှင်းစွာပင်အံကြိတ်ကာဖြင့် တစ်ဖက်လူကိုသခင်လေးကိုခဏလောက်ဂရုစိုက်ပေးရန်အကူအညီတောင်းခဲ့လေသည်။

ရွှီယန့်ကအတန်းဖော်ဆက်ဆံရေးကြောင့်လား၊ ဒါမှမဟုတ်....ဘော်ဒီဂတ်ဆီကဆုလာဘ်ကများလွန်းသောကြောင့်လားမသိ မငြင်းဆန်လာခဲ့ပေ။

ရွှီယန့်ဒီသခင်လေးကိုကျောင်းမှာမြင်ဖူးသည်။ သူကဆူးနှင်းဆီငယ်လေးပမာ နူးညံ့ကာချောမောပြီးမောက်မာလှသည်။ နှင်းဆီပန်းကိုထိန်းသိမ်းထားရတာကပြဿနာများလိမ့်မည်ဟုသူထင်ထားခဲ့ပေမဲ့ သူမထင်ထားမိတာက အတိတ်မေ့သွားသည့်သခင်လေးဟာရိုးရှင်းကာလိမ်မာပြီးတွယ်ကပ်တတ်ကာသူ့ကိုကြက်ပေါက်လေးပမာမှီခိုအားကိုးလေသည်။

မှတ်ဉာဏ်ပျောက်သွားသည့်မျိုးရိုးမြင့်လူတစ်ယောက်၏ဇာတ်လမ်းများစွာကဲ့သို့ပင်၊ သူတို့ကသူတို့၏ဆင်းရဲသောဘဝမှာတစ်ယောက်ကိုတစ်ယောက်ကိုကူညီဖေးမရင်း တဖြည်းဖြည်းချင်းချစ်ကျွမ်းဝင်သွားကြသည်။

နောက်တော့သခင်လေး၏ဖခင်ကချမ်းသာသောမိသားစုများကြားမှာဒီတိုက်ပွဲ၏အနိုင်ရသူဖြစ်လာပြီး ဖြစ်ချင်တော့သခင်လေးကမှတ်ဉာဏ်ပြန်ရသွားခဲ့ပေမဲ့ သူ့မှတ်ဉာဏ်ပြန်ရပြီးနောက်ပိုင်းမှာ သူဟာမျက်ဖြူဝံပုလွေဖြစ်သွားခဲ့သည်။

မောက်မာသောနှင်းဆီလေးဟာဆင်ခြေဖုံးရပ်ကွက်ကဆင်းရဲသားလေးနှင့်ချစ်ကျွမ်းမဝင်ချင်ပေ။ သူ့မိဘများထံမှခေါ်သွားခံရပြီးနောက် သူကသူ့ကိုချက်ချင်းချောက်ချကာ ရွှီယန့်ကအ​ခြေအနေကိုအခွင့်ကောင်းယူပြီး သူ့ကိုအကျဥ်းချကာတွန်းအားပေးခဲ့သည်ဟုဆိုပြီး သူ့ကို​​ထောင်ထဲပို့ခဲ့သည်။

နှစ်နှစ်ကြာတော့ ရွှီယန့်တစ်ယောက်ထောင်ထဲကထွက်လာပြီး သခင်လေးကစုန့်မိသားစု၏ဆက်ခံသူနှင့်စေ့စပ်တော့မည်ဟူသောသတင်းကိုကြားလိုက်ရသည်။

ဟက်၊ သူ့ပညာရေးပျက်စီးသွားပြီ၊ သူ့ဘဝလဲပျက်စီးသွားပြီ၊ သူကတော့ထောင်ထဲမှာအချိန်နှစ်နှစ်ကုန်ဆုံးခဲ့ရပြီး သူ့မျက်နှာမှာနက်ရှိုင်းသောအမာရွတ်တစ်ခုရှိလာခဲ့ပေမဲ့ သူ့ကိုချောက်ချခဲ့သည့်ချစ်ရသူကတော့အခြားတစ်ယောက်နှင့်လက်ထပ်ဖို့ပြင်နေသည်။

ထောင်ကလွတ်လာပြီးနောက် ရွှီယန့်ကလူထူထပ်သောလမ်းပေါ်မှာရပ်ကာ မျက်နှာချင်းဆိုင်အဆောက်အအုံပေါ်ကသတင်းထုတ်လွှင့်ပြနေသည့်မျက်နှာပြင်ကိုရွဲ့တဲ့တဲ့ကြည့်လိုက်သည်။

လင်ခုံးလု: "......" တအားရူးတာပဲ။

အချိန်နှင့်အာကာသစီမံခန့်ခွဲရေးဌာနကပေးသည့်ဇာတ်ညွန်းအရဆို ရွှီယန့်ကဒီနေရာမှာမကောင်းသောလူတစ်ယောက်ဖြစ်သွားခဲ့ခြင်းပင်။ ထို့နောက်သခင်လေးကသူ၏စေ့စပ်ထားသောသတို့သားလောင်းပေးထားသည့်ကျွန်းပေါ်ကရဲတိုက်ဆီအပန်းဖြေရန်သွားရောက်ခဲ့သည်။ ရွှီယန့်ကလည်းကျွန်းကိုသွားခဲ့သည်။ တစ်လကြာပြီးနောက် ကျွန်းပေါ်ကလူတစ်ယောက်မှအသက်မရှင်။

"သေခြင်းတရားကျွန်း"၏ထောင်တည်ဆောက်ပုံအရဆို ​ဗီလိန်ဘော့စ်ရွှီယန့်ကသခင်လေးနှင့်လယ်ဗယ်ကိုမဖြတ်ကျော်နိုင်ခဲ့သည့်ကစားသမားများအပါအဝင် ကျွန်းပေါ်ကလူတိုင်းကိုသတ်ပစ်ခဲ့သည်။

လင်ခုံးလုအရင်ဘဝကကျွန်းပေါ်မှာသေဆုံးသွားခဲ့သည်။ ရွှီယန့်သူ့ကိုသတ်ခဲ့တာဟုတ်မဟုတ်ကတော့ သူအလွန်ရုတ်တရက်ဆန်စွာသေဆုံးသွားခဲ့တာကြောင့်သေချာမသိပေ။ သူသေဆုံးပြီးသည်နှင့်နောက်ကမ္ဘာတစ်ခုကိုသွားခဲ့သဖြင့် သူအရေးသိ​ပ်မစိုက်ခဲ့။

အမှန်တကယ်ဗီလိန်ဖြစ်နေခဲ့တဲ့ဇာတ်လိုက်ကတော့....

လင်ခုံးလုမေးစေ့ပေါ်လက်တင်ကာတွေးလိုက်မိပြီး ဒီကမ္ဘာကတစ်ခုခုတော့လွဲနေပြီဟုခံစားလိုက်ရသည်။

လူငယ်လေးမှာနူးညံ့လှပသောမျက်နှာလေးနှင့်ပန်းချီကားပမာမျက်ခုံးများရှိသည်။ သူအတွေးနစ်စွာမျက်ခုံးအသာပင့်လိုက်တော့ သူဟာနူးညံ့လှပသောမင်းသားလေးတစ်ပါးနှင့်တူသွားသည်။

ဒီကမ္ဘာမှာသူဟာကျန်းမာရေးသိပ်မကောင်းသဖြင့်အိမ်တွင်းမှာမကြာခဏနေလေ့ရှိသောကြောင့် သူ့အသားအရောင်မှာပုံမှန်မဟုတ်စွာဖြူစွတ်လို့နေသည်။ ထို့အပြင်လွန်ခဲ့သောအချိန်တချို့ကတစ်ခုခုဖြစ်ခဲ့သဖြင့်သူ့ခြေထောက်များမှာအနည်းငယ်လမ်းလျှောက်ရခက်နေခဲ့သည်။ လတ်တလောမှာသူဝှီးချဲသုံးရန်လိုအပ်ပေသည်။

ရဲတိုက်ထဲမှာလေအေးပေးစက်ရှိသဖြင့် နေရာတိုင်းမှာအေးမြလို့နေသည်။ အကျီလက်ရှည်မဝတ်ထားရင်အနည်းငယ်အေးပေမဲ့ လင်ခုံးလုကတော့အဝတ်အစားများကတအားခမ်းနားသဖြင့် ဝှီးချဲစီးရင်အဆင်မပြေဖြစ်လိမ့်မည်ဟုခံစားလိုက်ရသည်။ သူဒီရက်ပိုင်းနူးညံ့ကာချောမွေ့သောပိုးထည်ကိုသာဝတ်လေ့ရှိသည်။ အကျီလက်ရှည်များကအလွယ်လေးကိုလျှောကျလာတော့ မျက်စိကျိန်းဖွယ်ကောင်းအောင်ဖြူဖွေးနေသည့်လက်ဖျံ၊ ပိန်ပါးပါးလက်ကောက်ဝတ်နှင့်ရှည်သွယ်သွယ်လက်ချောင်းများကိုဖော်ပြလို့နေသည်။

အိမ်တော်ထိန်းရှပူးအာကရုတ်တရက်တံခါးခေါက်ကာအထဲဝင်လာသည်။ ဒီမြင်ကွင်းကိုမြင်တော့ သူသုံးစက္ကန့်ကြာမိန်းမောသွားရပြီးမှ တရိုတသေပြောလိုက်သည်။
"လင်သခင်​လေး၊ ကျွန်းပေါ်ကိုခရီးသွား၇ယောက်၈ယောက်ရောက်လာတယ်။ သူတို့ကရဲတိုက်ထဲမှာရက်နည်းနည်းလောက်နေချင်ပါတယ်တဲ့..."

သူ၏မျက်နှာသွင်ပြင်မှာထူးကဲပြီး ဒီရဲတိုက်ပမာ ရွှေရောင်ဆံပင်နှင့်မျက်ဝန်းပြာပြာသက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ကာ လင်ခုံးလုကိုသူ၏စေ့စပ်မည့်သူကပေးခဲ့ခြင်းပင်။

လင်ခုံးလုသူအခုပဲပြုလုပ်လိုက်သည့်အကြည့်ကိုအရေးမစိုက်။ အဆုံးမှာတော့သူကသူ့လူထဲကတစ်ယောက်မဟုတ်ပေ။ သူတဝိုးတဝါးသာပြောလိုက်သည်။
"သူတို့ကခန်းလန်တိုက်ကြီးကလား။"

ရှပူးအာကခေါင်းငုံ့ကာခပ်တိုးတိုးပြန်ဖြေလာသည်။
"နှစ်ယောက်ကတော့ဟုတ်ပါတယ်၊ ကျန်တဲ့လူတွေကတော့ရှရွှေတိုက်ကြီးကပါ။ သူတို့ရဲ့အဝတ်အစားနဲ့စကားပြောဆိုပုံကိုကြည့်ရတာတော့ သူတို့အကုန်လုံးကချမ်းသာတဲ့မိသားစုကဖြစ်နိုင်ပါတယ်..."

ကစားသမားဒီကိုရောက်လာပြီမှန်းလင်ခုံးလုသိလိုက်သည်။

ကျွန်းပေါ်မှာတည်းခိုခန်းဆောက်ထားသည့်ဒေသခံလူတချို့လည်းရှိသည်။ သို့သော်လည်းဒီရဲတိုက်၏တည်နေရာမှာအနည်းငယ်အလှမ်းဝေးသဖြင့် ခရီးသွားများမကြာခဏလာလေ့မရှိပေ။ သူတို့တစ်ခါတရံရောက်လာရင် သူတို့ကဟိုတယ်နှင့်ကျွန်းသူကျွန်းသားများ၏အိမ်မှာသာနေလေ့ရှိကြသည်။ လူအနည်းစုကသာရဲတိုက်မှာလာနေကြသည်။

ဒီနေ့ရောက်လာသူများကသိသိသာသာကိုပိုက်ဆံမရှိဘဲပိုကောင်းကောင်းနေချင်သဖြင့် ရဲတိုက်မှာအချောင်လာနေတာဖြစ်မည်ဟုခံစားလိုက်ရသည်။

သူ့ရှေ့ကသခင်လေးဟာသူ့သခင်လေး၏စေ့စပ်မည့်သူမှန်းသူသိသည်။ သို့သော်လည်းဒီသခင်လေးဟာကျွန်းပေါ်ရောက်လာကတည်းကအပြင်သိပ်မထွက်ပေ။ သူကတစ်နေ့လုံးနေမကောင်းဖြစ်နေပြီး တက်ကြွလန်းဆန်းမှုမရှိ။ သူတို့မိသားစုသခင်လေးကိုလက်မထပ်ခင်မှာအရင်သေသွားလောက်သည်။

ဒီနေ့ကျွန်းကိုရောက်လာသူအများစုမှာငယ်ရွယ်သာတက်ကြွမှုရှိကြသည်။ သူတို့ကိုဒီမှာနေခွင့်ပေးလိုက်လို့ရှိရင် သူတို့ကလင်သခင်လေးကိုတစ်ချိန်လုံးပင်ပန်းနွမ်းနွယ်မနေတော့အောင်လွှမ်းမိုးသွားနိုင်လောက်သည်။

လင်ခုံးလု၏တုံ့ပြန်ရာမှာနှောင့်နှေးမှုကိုမြင်တော့ ရှပူးအာအကြုံပြုလိုက်သည်။
"ကျွန်တော့်အထင်သူတို့ထဲကတချို့ကသခင်လေးနဲ့အသက်တူတူလောက်ပဲ။ သူတို့သာဒီမှာနေရင် သခင်လေးအပျင်းပြေအောင်လုပ်ပေးနိုင်လောက်တယ်။"

လင်ခုံးလုသူ့မေးစေ့ကိုသူ၏လက်ချောင်းများဖြင့်ကိုင်ကာ တစ်အောင့်ကြာတွေးလိုက်ပြီးမှခေါင်းငြိမ့်ကာပြောလိုက်သည်။
"ဒါဆိုလဲသူတို့ကိုနေခွင့်ပေးလိုက်ပါ။"

ခေတ္တတန့်သွားပြီးမှသူပြတင်းပေါက်အပြင်ကိုလှမ်းကြည့်မိလိုက်ပြန်သည်။

ဥယျာဥ်ထဲရှိနှင်းဆီပန်းပင်များမှာမနေ့ညကလေနှင့်မိုးကြောင့်အနည်းငယ်ရှုပ်ပွလို့နေသည်။ သူဖြည်းဖြည်းချင်းနူးညံ့စွာမေးလိုက်သည်။
"ဘာလို့ဒီပန်းတွေကိုမရှင်းထားတာလဲ။"

ရှပူးအာကသူ့အကြည့်နောက်လိုက်ကြည့်ကာခပ်မြန်မြန်တောင်းပန်လိုက်သည်။
"အရင်ဥယျာဥ်မှူးကနှုတ်ထွက်သွားပြီးတော့ ဟိုတစ်နေ့မှကျွန်းကပြန်သွားတယ်၊ ကျွန်တော်ဥယျာဥ်မှူးအသစ်မရှာရသေးဘူး။ သခင်လေးကသူတစ်ယောက်ရှာပြီးရင် ကျွန်းပေါ်ကိုကိုယ်တိုင်လာပို့ပေးမယ်တဲ့။"

အားစကျွန်းမှာဒီကျွန်းနာမည်ဖြစ်ပြီး ၎င်းမှာနတ်ဘုရားများကျွန်းဟုဆိုလိုသည်။ ရှပူးအာပြောတဲ့သခင်လေးဆိုတာကတော့ သူ့ရဲ့စေ့စပ်မည့်သူစုန့်လင်ကိုရည်ညွှန်းခြင်းပင်။

လင်ခုံးလုနူးညံ့စွာပြောလိုက်သည်။
"ဒါဆိုကျွန်းပေါ်ကဥယျာဥ်မှူးတစ်ယောက်ရှာပြီး အရင်ရှင်းခိုင်းလိုက်လေ။"

________

Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၁)။

[ ဒါကေတာ့ထူးျခားဆန္းၾကယ္တဲ့ကြၽန္းေပၚမွာတည္ရွိတဲ့ရဲတိုက္တစ္ခုျဖစ္တယ္။ ရဲတိုက္ပိုင္ရွင္ဟာနတ္သမီးပုံျပင္ထဲကမင္းသားလိုမ်ိဳးႏူးညံ့ေခ်ာေမာတဲ့လူငယ္ေလးတစ္ေယာက္ျဖစ္တယ္။ သူကသူရဲ႕ခႏၶာကိုယ္နာမက်န္းျဖစ္မႈေၾကာင့္ဒီမွာယာယီအနားယူေနပါတယ္။

တစ္ေန႕က်ေတာ့ ခရီးသြားအမ်ားအျပားကကြၽန္းေပၚကိုေလွနဲ႕ေျခခ်လာပါေတာ့တယ္.... ]

လင္ခုံးလုကရဲတိုက္၏ခုံးေနေသာျပတင္းေပါက္ေဘးမွာထိုင္ကာ လက္ေရးႏွင့္ေရးထားသည့္ခပ္ပါးပါးစာအုပ္တစ္အုပ္ကိုငုံ႕ၾကည့္လို႔ေနသည္။ အမွန္ေတာ့သူဟာစနစ္သူ႕အတြက္ဖြင့္ေပးထားသည့္ကိုယ္ပိုင္ခ်န္နယ္ကိုသုံးကာ လင္ဇိုင္းဇိုင္းႏွင့္စကားေျပာေနျခင္းပင္။

စက္တင္ဘာလလယ္တြင္ ကြၽန္းေပၚကျခစ္ျခစ္ေတာက္ေသာအပူမွာမေပ်ာက္ကြယ္သြားဘဲ ေနလုံးမွာျခစ္ျခစ္ေတာက္ပူျပင္းေနတုန္းပင္။ သို႔ေသာ္ကြၽန္းအလယ္ဗဟိုရွိရဲတိုက္မွာေတာ့အစိမ္းေရာင္အရိပ္ႏွင့္ႏြယ္ပင္မ်ားၾကားထဲမွာနစ္ျမဳပ္ေနသျဖင့္ ရွားရွားပါးပါးအနည္းငယ္ေအးျမလို႔ေနသည္။

ထို႔အျပင္ဒါဟာအလယ္ပိုင္းေခတ္မဟုတ္ဘဲ လွ်ပ္စစ္ပစၥည္း၊ အင္တာနက္ႏွင့္ေလေအးေပးစက္တို႔မရွိမျဖစ္၊ စိတ္ကူးယဥ္အႀကိဳအနာဂတ္ကမၻာျဖစ္သည္။ ဒါေပါ့၊ ဒီ"အႀကိဳအနာဂတ္"မွာယခင္ကမၻာႏွင့္ဆက္စပ္ေနျခင္းျဖစ္ၿပီး လင္ခုံးလုေနခဲ့သည့္ၾကယ္စုကမၻာမ်ိဳးမဟုတ္ေပ။

ဒီကမၻာတြင္လင္ခုံးလု၏ဇာတ္ေကာင္မွာ....အဆုံးမဲ့ေထာင္(dungeon)ထဲကအျမႇောက္စာဇာတ္ေကာင္NPCျဖစ္ၿပီး မိစ္ဆာဘbossႀကီး၏ရည္းစားေဟာင္းျဖစ္ေပသည္။

အမွန္ပင္၊ ဒီတစ္ေခါက္သူကူးေျပာင္းလာခဲ့သည့္ကမၻာငယ္ေလးမွာအဆုံးမဲ့စီးဆင္းမႈကမၻာျဖစ္သည္။ ကံေကာင္းခ်င္ေတာ့သူကေထာင္ကမၻာမ်ားထဲကတစ္ခုထဲရွိအျမႇောက္စာဇာတ္ေကာင္NPCသက္သက္မွ်သာျဖစ္သည္။ သူသာကစားသမားတစ္ေယာက္ဆို ဒီအဆုံးမဲ့စီးဆင္းမႈကမၻာထဲမွာေထာင္တစ္ခုၿပီးတစ္ခုျဖတ္ေက်ာ္ေနရမွာမဟုတ္ဘူးလား။

အဆုံးမဲ့ထပ္တလဲလဲကူးေျပာင္းေနရမွာက....ဗူဒူးအ႐ုပ္လိုပဲ။

ၿခဳံေျပာရရင္ဒီေထာင္ကို"ေသျခင္းတရားကြၽန္း"ဟုေခၚဆိုၿပီး ကမၻာကိုတိုက္ႀကီးသုံးခုခြဲထားသည္။ လင္ခုံးလုကခန္းလန္တိုက္ႀကီးမွာအခ်မ္းသာဆုံးလူ၏အငယ္ဆုံးသားျဖစ္ၿပီး သူ၏မိစ္ဆာရည္းစားေဟာင္းေလးကေတာ့ခန္းလန္တိုက္ႀကီးမွာေနထိုင္သည့္ဆင္းရဲသားေလးတစ္ေယာက္သာျဖစ္သည္။

ဆင္းရဲေသာေက်ာင္းသားေလးမွာထူးခြၽန္ေသာအဆင့္၊ ေခ်ာေမာေသာ႐ုပ္ရည္ႏွင့္ေမာက္မာေသာပင္ကိုယ္စရိုက္ရွိၿပီး သူဟာေက်ာင္းတြင္းနတ္ဘုရားတစ္ပါးျဖစ္ေပမဲ့ ဆင္းရဲသည့္အခ်က္ကိုေတာ့ေျပာင္းမရေပ။ သူကခ်မ္းသာေသာသခင္ေလး၏ရည္းစားေဟာင္းျဖစ္လာၿပီး ေနာက္ပိုင္းမွာမိစ္ဆာနတ္ဘုရားျဖစ္လာသည့္အေၾကာင္းရင္းကေတာ့ ဇာတ္လမ္းရွည္ႀကီးပင္။

ရိုးရိုးရွင္းရွင္းေျပာရရင္ ဒါကလယ္သမားႏွင့္ေႁမြပုံျပင္ပင္။ ႐ႊီယန့္ကေႁမြကိုကယ္ခဲ့သည့္လယ္သမားျဖစ္ၿပီး လင္ခုံးလုကေတာ့အကယ္ခံလိုက္ရသည့္မ်က္ျဖဴေႁမြျဖစ္သည္။

လင္မိသားစု၏လူအိုႀကီးမထင္မွတ္ဘဲဆုံးပါးသြားခ်ိန္မွာ သားအမ်ားအျပားကမိသားစုအေမြအတြက္ျပင္းထန္စြာတိုက္ခိုက္ခဲ့ၾကသည္။ လင္ခုံးလု၏ဖခင္ကကံဆိုးသြားၿပီး တိဗက္မွာသြားပုန္းရန္တြန္းအားေပးခံခဲ့သျဖင့္ သူ႕ဇနီးႏွင့္ကေလးကိုပင္မဆက္သြယ္နိုင္ရွာ။

လင္ခုံးလုကေတာ့အျပစ္မရွိဘဲဆြဲသြင္းခံလိုက္ရသည့္အငယ္ဆုံးသားေလးပင္။ သူဟာမေတာ္တဆဒဏ္ရာရသြားၿပီး မွတ္ဉာဏ္ေပ်ာက္သြားခဲ့သည္။ သူကဆင္ေျခဖုံးရပ္ကြက္မွာေနေနခဲ့ၿပီး ႐ႊီယန့္ကသူ႕ကိုေခၚသြားခဲ့သည္။ ႐ႊီယန့္မွာအစကေတာ့ရဲေခၚၿပီး သူ႕ကိုျပန္ပို႔ေပးခ်င္ေပမဲ့ လင္ခုံးလု၏ေဘာ္ဒီဂတ္ကဆင္းရဲသားရပ္ကြက္ကိုျမန္ျမန္ရွာေတြ႕သြားကာ ရဲကိုမေခၚလို႔မရေၾကာင္း၊ သခင္ေလးကိုဖြက္ထားရမည္ျဖစ္ေၾကာင္း၊ မဟုတ္ရင္လင္မိသားစု၏ဦးေလး၂ကသူ႕ကိုဖမ္းမိသြားရင္ သခင္ေလးေသခ်ာေပါက္ႏွိပ္စက္ခံရကာ လင္ပါးပါးကိုၿခိမ္းေျခာက္ရန္အသုံးခ်ခံရလိမ့္မည္ျဖစ္ေၾကာင္းဆိုလာခဲ့သည္။

ေဘာ္ဒီဂတ္ကလင္မာမားကိုသြားကယ္ရမွာမို႔ အားနည္းေသာသခင္ေလးကိုသူႏွင့္အတူေခၚသြားလို႔မရေပ။ ထို႔အျပင္႐ႊီယန့္ႏွင့္သခင္ေလးကအတန္းေဖာ္မွန္းသူသိသျဖင့္ ရိုးရွင္းစြာပင္အံႀကိတ္ကာျဖင့္ တစ္ဖက္လူကိုသခင္ေလးကိုခဏေလာက္ဂ႐ုစိုက္ေပးရန္အကူအညီေတာင္းခဲ့ေလသည္။

႐ႊီယန့္ကအတန္းေဖာ္ဆက္ဆံေရးေၾကာင့္လား၊ ဒါမွမဟုတ္....ေဘာ္ဒီဂတ္ဆီကဆုလာဘ္ကမ်ားလြန္းေသာေၾကာင့္လားမသိ မျငင္းဆန္လာခဲ့ေပ။

႐ႊီယန့္ဒီသခင္ေလးကိုေက်ာင္းမွာျမင္ဖူးသည္။ သူကဆူးႏွင္းဆီငယ္ေလးပမာ ႏူးညံ့ကာေခ်ာေမာၿပီးေမာက္မာလွသည္။ ႏွင္းဆီပန္းကိုထိန္းသိမ္းထားရတာကျပႆနာမ်ားလိမ့္မည္ဟုသူထင္ထားခဲ့ေပမဲ့ သူမထင္ထားမိတာက အတိတ္ေမ့သြားသည့္သခင္ေလးဟာရိုးရွင္းကာလိမ္မာၿပီးတြယ္ကပ္တတ္ကာသူ႕ကိုၾကက္ေပါက္ေလးပမာမွီခိုအားကိုးေလသည္။

မွတ္ဉာဏ္ေပ်ာက္သြားသည့္မ်ိဳးရိုးျမင့္လူတစ္ေယာက္၏ဇာတ္လမ္းမ်ားစြာကဲ့သို႔ပင္၊ သူတို႔ကသူတို႔၏ဆင္းရဲေသာဘဝမွာတစ္ေယာက္ကိုတစ္ေယာက္ကိုကူညီေဖးမရင္း တျဖည္းျဖည္းခ်င္းခ်စ္ကြၽမ္းဝင္သြားၾကသည္။

ေနာက္ေတာ့သခင္ေလး၏ဖခင္ကခ်မ္းသာေသာမိသားစုမ်ားၾကားမွာဒီတိုက္ပြဲ၏အနိုင္ရသူျဖစ္လာၿပီး ျဖစ္ခ်င္ေတာ့သခင္ေလးကမွတ္ဉာဏ္ျပန္ရသြားခဲ့ေပမဲ့ သူ႕မွတ္ဉာဏ္ျပန္ရၿပီးေနာက္ပိုင္းမွာ သူဟာမ်က္ျဖဴဝံပုေလြျဖစ္သြားခဲ့သည္။

ေမာက္မာေသာႏွင္းဆီေလးဟာဆင္ေျခဖုံးရပ္ကြက္ကဆင္းရဲသားေလးႏွင့္ခ်စ္ကြၽမ္းမဝင္ခ်င္ေပ။ သူ႕မိဘမ်ားထံမွေခၚသြားခံရၿပီးေနာက္ သူကသူ႕ကိုခ်က္ခ်င္းေခ်ာက္ခ်ကာ ႐ႊီယန့္ကအေျခအေနကိုအခြင့္ေကာင္းယူၿပီး သူ႕ကိုအက်ဥ္းခ်ကာတြန္းအားေပးခဲ့သည္ဟုဆိုၿပီး သူ႕ကိုေထာင္ထဲပို႔ခဲ့သည္။

ႏွစ္ႏွစ္ၾကာေတာ့ ႐ႊီယန့္တစ္ေယာက္ေထာင္ထဲကထြက္လာၿပီး သခင္ေလးကစုန့္မိသားစု၏ဆက္ခံသူႏွင့္ေစ့စပ္ေတာ့မည္ဟူေသာသတင္းကိုၾကားလိုက္ရသည္။

ဟက္၊ သူ႕ပညာေရးပ်က္စီးသြားၿပီ၊ သူ႕ဘဝလဲပ်က္စီးသြားၿပီ၊ သူကေတာ့ေထာင္ထဲမွာအခ်ိန္ႏွစ္ႏွစ္ကုန္ဆုံးခဲ့ရၿပီး သူ႕မ်က္ႏွာမွာနက္ရွိုင္းေသာအမာ႐ြတ္တစ္ခုရွိလာခဲ့ေပမဲ့ သူ႕ကိုေခ်ာက္ခ်ခဲ့သည့္ခ်စ္ရသူကေတာ့အျခားတစ္ေယာက္ႏွင့္လက္ထပ္ဖို႔ျပင္ေနသည္။

ေထာင္ကလြတ္လာၿပီးေနာက္ ႐ႊီယန့္ကလူထူထပ္ေသာလမ္းေပၚမွာရပ္ကာ မ်က္ႏွာခ်င္းဆိုင္အေဆာက္အအုံေပၚကသတင္းထုတ္လႊင့္ျပေနသည့္မ်က္ႏွာျပင္ကို႐ြဲ႕တဲ့တဲ့ၾကည့္လိုက္သည္။

လင္ခုံးလု: "......" တအား႐ူးတာပဲ။

အခ်ိန္ႏွင့္အာကာသစီမံခန့္ခြဲေရးဌာနကေပးသည့္ဇာတ္ၫြန္းအရဆို ႐ႊီယန့္ကဒီေနရာမွာမေကာင္းေသာလူတစ္ေယာက္ျဖစ္သြားခဲ့ျခင္းပင္။ ထို႔ေနာက္သခင္ေလးကသူ၏ေစ့စပ္ထားေသာသတို႔သားေလာင္းေပးထားသည့္ကြၽန္းေပၚကရဲတိုက္ဆီအပန္းေျဖရန္သြားေရာက္ခဲ့သည္။ ႐ႊီယန့္ကလည္းကြၽန္းကိုသြားခဲ့သည္။ တစ္လၾကာၿပီးေနာက္ ကြၽန္းေပၚကလူတစ္ေယာက္မွအသက္မရွင္။

"ေသျခင္းတရားကြၽန္း"၏ေထာင္တည္ေဆာက္ပုံအရဆို ဗီလိန္ေဘာ့စ္႐ႊီယန့္ကသခင္ေလးႏွင့္လယ္ဗယ္ကိုမျဖတ္ေက်ာ္နိုင္ခဲ့သည့္ကစားသမားမ်ားအပါအဝင္ ကြၽန္းေပၚကလူတိုင္းကိုသတ္ပစ္ခဲ့သည္။

လင္ခုံးလုအရင္ဘဝကကြၽန္းေပၚမွာေသဆုံးသြားခဲ့သည္။ ႐ႊီယန့္သူ႕ကိုသတ္ခဲ့တာဟုတ္မဟုတ္ကေတာ့ သူအလြန္႐ုတ္တရက္ဆန္စြာေသဆုံးသြားခဲ့တာေၾကာင့္ေသခ်ာမသိေပ။ သူေသဆုံးၿပီးသည္ႏွင့္ေနာက္ကမၻာတစ္ခုကိုသြားခဲ့သျဖင့္ သူအေရးသိပ္မစိုက္ခဲ့။

အမွန္တကယ္ဗီလိန္ျဖစ္ေနခဲ့တဲ့ဇာတ္လိုက္ကေတာ့....

လင္ခုံးလုေမးေစ့ေပၚလက္တင္ကာေတြးလိုက္မိၿပီး ဒီကမၻာကတစ္ခုခုေတာ့လြဲေနၿပီဟုခံစားလိုက္ရသည္။

လူငယ္ေလးမွာႏူးညံ့လွပေသာမ်က္ႏွာေလးႏွင့္ပန္းခ်ီကားပမာမ်က္ခုံးမ်ားရွိသည္။ သူအေတြးနစ္စြာမ်က္ခုံးအသာပင့္လိုက္ေတာ့ သူဟာႏူးညံ့လွပေသာမင္းသားေလးတစ္ပါးႏွင့္တူသြားသည္။

ဒီကမၻာမွာသူဟာက်န္းမာေရးသိပ္မေကာင္းသျဖင့္အိမ္တြင္းမွာမၾကာခဏေနေလ့ရွိေသာေၾကာင့္ သူ႕အသားအေရာင္မွာပုံမွန္မဟုတ္စြာျဖဴစြတ္လို႔ေနသည္။ ထို႔အျပင္လြန္ခဲ့ေသာအခ်ိန္တခ်ိဳ႕ကတစ္ခုခုျဖစ္ခဲ့သျဖင့္သူ႕ေျခေထာက္မ်ားမွာအနည္းငယ္လမ္းေလွ်ာက္ရခက္ေနခဲ့သည္။ လတ္တေလာမွာသူဝွီးခ်ဲသုံးရန္လိုအပ္ေပသည္။

ရဲတိုက္ထဲမွာေလေအးေပးစက္ရွိသျဖင့္ ေနရာတိုင္းမွာေအးျမလို႔ေနသည္။ အက်ီလက္ရွည္မဝတ္ထားရင္အနည္းငယ္ေအးေပမဲ့ လင္ခုံးလုကေတာ့အဝတ္အစားမ်ားကတအားခမ္းနားသျဖင့္ ဝွီးခ်ဲစီးရင္အဆင္မေျပျဖစ္လိမ့္မည္ဟုခံစားလိုက္ရသည္။ သူဒီရက္ပိုင္းႏူးညံ့ကာေခ်ာေမြ႕ေသာပိုးထည္ကိုသာဝတ္ေလ့ရွိသည္။ အက်ီလက္ရွည္မ်ားကအလြယ္ေလးကိုေလွ်ာက်လာေတာ့ မ်က္စိက်ိန္းဖြယ္ေကာင္းေအာင္ျဖဴေဖြးေနသည့္လက္ဖ်ံ၊ ပိန္ပါးပါးလက္ေကာက္ဝတ္ႏွင့္ရွည္သြယ္သြယ္လက္ေခ်ာင္းမ်ားကိုေဖာ္ျပလို႔ေနသည္။

အိမ္ေတာ္ထိန္းရွပူးအာက႐ုတ္တရက္တံခါးေခါက္ကာအထဲဝင္လာသည္။ ဒီျမင္ကြင္းကိုျမင္ေတာ့ သူသုံးစကၠန့္ၾကာမိန္းေမာသြားရၿပီးမွ တရိုတေသေျပာလိုက္သည္။
"လင္သခင္ေလး၊ ကြၽန္းေပၚကိုခရီးသြား၇ေယာက္၈ေယာက္ေရာက္လာတယ္။ သူတို႔ကရဲတိုက္ထဲမွာရက္နည္းနည္းေလာက္ေနခ်င္ပါတယ္တဲ့..."

သူ၏မ်က္ႏွာသြင္ျပင္မွာထူးကဲၿပီး ဒီရဲတိုက္ပမာ ေ႐ႊေရာင္ဆံပင္ႏွင့္မ်က္ဝန္းျပာျပာသက္လတ္ပိုင္းအ႐ြယ္အမ်ိဳးသားတစ္ဦးျဖစ္ကာ လင္ခုံးလုကိုသူ၏ေစ့စပ္မည့္သူကေပးခဲ့ျခင္းပင္။

လင္ခုံးလုသူအခုပဲျပဳလုပ္လိုက္သည့္အၾကည့္ကိုအေရးမစိုက္။ အဆုံးမွာေတာ့သူကသူ႕လူထဲကတစ္ေယာက္မဟုတ္ေပ။ သူတဝိုးတဝါးသာေျပာလိုက္သည္။
"သူတို႔ကခန္းလန္တိုက္ႀကီးကလား။"

ရွပူးအာကေခါင္းငုံ႕ကာခပ္တိုးတိုးျပန္ေျဖလာသည္။
"ႏွစ္ေယာက္ကေတာ့ဟုတ္ပါတယ္၊ က်န္တဲ့လူေတြကေတာ့ရွေ႐ႊတိုက္ႀကီးကပါ။ သူတို႔ရဲ႕အဝတ္အစားနဲ႕စကားေျပာဆိုပုံကိုၾကည့္ရတာေတာ့ သူတို႔အကုန္လုံးကခ်မ္းသာတဲ့မိသားစုကျဖစ္နိုင္ပါတယ္..."

ကစားသမားဒီကိုေရာက္လာၿပီမွန္းလင္ခုံးလုသိလိုက္သည္။

ကြၽန္းေပၚမွာတည္းခိုခန္းေဆာက္ထားသည့္ေဒသခံလူတခ်ိဳ႕လည္းရွိသည္။ သို႔ေသာ္လည္းဒီရဲတိုက္၏တည္ေနရာမွာအနည္းငယ္အလွမ္းေဝးသျဖင့္ ခရီးသြားမ်ားမၾကာခဏလာေလ့မရွိေပ။ သူတို႔တစ္ခါတရံေရာက္လာရင္ သူတို႔ကဟိုတယ္ႏွင့္ကြၽန္းသူကြၽန္းသားမ်ား၏အိမ္မွာသာေနေလ့ရွိၾကသည္။ လူအနည္းစုကသာရဲတိုက္မွာလာေနၾကသည္။

ဒီေန႕ေရာက္လာသူမ်ားကသိသိသာသာကိုပိုက္ဆံမရွိဘဲပိုေကာင္းေကာင္းေနခ်င္သျဖင့္ ရဲတိုက္မွာအေခ်ာင္လာေနတာျဖစ္မည္ဟုခံစားလိုက္ရသည္။

သူ႕ေရွ႕ကသခင္ေလးဟာသူ႕သခင္ေလး၏ေစ့စပ္မည့္သူမွန္းသူသိသည္။ သို႔ေသာ္လည္းဒီသခင္ေလးဟာကြၽန္းေပၚေရာက္လာကတည္းကအျပင္သိပ္မထြက္ေပ။ သူကတစ္ေန႕လုံးေနမေကာင္းျဖစ္ေနၿပီး တက္ႂကြလန္းဆန္းမႈမရွိ။ သူတို႔မိသားစုသခင္ေလးကိုလက္မထပ္ခင္မွာအရင္ေသသြားေလာက္သည္။

ဒီေန႕ကြၽန္းကိုေရာက္လာသူအမ်ားစုမွာငယ္႐ြယ္သာတက္ႂကြမႈရွိၾကသည္။ သူတို႔ကိုဒီမွာေနခြင့္ေပးလိုက္လို႔ရွိရင္ သူတို႔ကလင္သခင္ေလးကိုတစ္ခ်ိန္လုံးပင္ပန္းႏြမ္းႏြယ္မေနေတာ့ေအာင္လႊမ္းမိုးသြားနိုင္ေလာက္သည္။

လင္ခုံးလု၏တုံ႕ျပန္ရာမွာႏွောင့္ႏွေးမႈကိုျမင္ေတာ့ ရွပူးအာအႀကဳံျပဳလိုက္သည္။
"ကြၽန္ေတာ့္အထင္သူတို႔ထဲကတခ်ိဳ႕ကသခင္ေလးနဲ႕အသက္တူတူေလာက္ပဲ။ သူတို႔သာဒီမွာေနရင္ သခင္ေလးအပ်င္းေျပေအာင္လုပ္ေပးနိုင္ေလာက္တယ္။"

လင္ခုံးလုသူ႕ေမးေစ့ကိုသူ၏လက္ေခ်ာင္းမ်ားျဖင့္ကိုင္ကာ တစ္ေအာင့္ၾကာေတြးလိုက္ၿပီးမွေခါင္းၿငိမ့္ကာေျပာလိုက္သည္။
"ဒါဆိုလဲသူတို႔ကိုေနခြင့္ေပးလိုက္ပါ။"

ေခတၱတန့္သြားၿပီးမွသူျပတင္းေပါက္အျပင္ကိုလွမ္းၾကည့္မိလိုက္ျပန္သည္။

ဥယ်ာဥ္ထဲရွိႏွင္းဆီပန္းပင္မ်ားမွာမေန႕ညကေလႏွင့္မိုးေၾကာင့္အနည္းငယ္ရႈပ္ပြလို႔ေနသည္။ သူျဖည္းျဖည္းခ်င္းႏူးညံ့စြာေမးလိုက္သည္။
"ဘာလို႔ဒီပန္းေတြကိုမရွင္းထားတာလဲ။"

ရွပူးအာကသူ႕အၾကည့္ေနာက္လိုက္ၾကည့္ကာခပ္ျမန္ျမန္ေတာင္းပန္လိုက္သည္။
"အရင္ဥယ်ာဥ္မႉးကႏႈတ္ထြက္သြားၿပီးေတာ့ ဟိုတစ္ေန႕မွကြၽန္းကျပန္သြားတယ္၊ ကြၽန္ေတာ္ဥယ်ာဥ္မႉးအသစ္မရွာရေသးဘူး။ သခင္ေလးကသူတစ္ေယာက္ရွာၿပီးရင္ ကြၽန္းေပၚကိုကိုယ္တိုင္လာပို႔ေပးမယ္တဲ့။"

အားစကြၽန္းမွာဒီကြၽန္းနာမည္ျဖစ္ၿပီး ၎မွာနတ္ဘုရားမ်ားကြၽန္းဟုဆိုလိုသည္။ ရွပူးအာေျပာတဲ့သခင္ေလးဆိုတာကေတာ့ သူ႕ရဲ႕ေစ့စပ္မည့္သူစုန့္လင္ကိုရည္ၫႊန္းျခင္းပင္။

လင္ခုံးလုႏူးညံ့စြာေျပာလိုက္သည္။
"ဒါဆိုကြၽန္းေပၚကဥယ်ာဥ္မႉးတစ္ေယာက္ရွာၿပီး အရင္ရွင္းခိုင္းလိုက္ေလ။"

________

Continue Reading

You'll Also Like

115K 24K 72
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
148K 21.8K 111
This story is just a fan translation. Crd to the original owner.
403K 12.9K 25
The year is 1908, and Clara Angell is going to Hogwarts School Of Witchcraft And Wizardry. Clara's quiet excited, but she is somewhat dreading school...