၇၂၀။ ရှစ်ခုမြောက် ရိုက်ချက် (၁)
ထိုနေ့တွင် လေညင်းကျောင်းတော်ကား ဗြောင်းဆန်က ရှုပ်ထွေးနေသည်။ ပညာသင်နှစ် တစ်နှစ်တာ အဆုံးဖြစ်သဖြင့် ဌာနခွဲမှ မဟာဌာနသို့ ဝင်ခွင့် ရွေးချယ်ရေးကို သူတို့ စောင့်ဆိုင်းကြရမည် ဖြစ်သည်။ ထို့နောက် နှစ်စဉ် ကျင်းပမြဲဖြစ်သော လိပ်ပြာသားရဲတိုက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ပြီး သူတို့၏ အိမ်များသို့ ပျော်ရွှင်စွာ ပြန်ကြပြီး နောက်တစ်နှစ်တွင် ကျောင်းပြန်တက်ရန် သူတို့ ပြန်လာကြရမည် ဖြစ်သည်။
သို့သော် နင်ရူက ရုတ်တရက် ကြေညာချက် ထုတ်ပြန်လိုက်သည်။ လေညင်းကျောင်းတော်သားများ အားလုံး လေ့ကျင့်ရေးခရီးအသစ် ထွက်ကြရမည်ဖြစ်ပြီး တည်နေရာက လေညင်းကျောင်းတော်မှ အလွန်ဝေးကွာသည်။ ၎င်းခရီးစဉ်က လေညင်းကျောင်းတော်မှ တစ်လတိတိ သွားရမည့် ခရီးစဉ် ဖြစ်ပြီး သူတို့အားလုံး သုံးရက်အတွင်း စတင်ထွက်ခွာရန် အသင့်ပြင်ထားကြရမည် ဖြစ်သည်။
နင်ရူက ကျောင်းသားများအားလုံးအား ကိုယ့်ကိုယ်ကို သေချာ ပြင်ဆင်ထားရန်လည်း သတိပေးထားသည်။ ဒီတစ်ကြိမ် လေ့ကျင့်ရေးခရီးစဉ်က လိပ်ပြာသားရဲ တောအုပ် မဟုတ်ဘဲ ချောက်နက်ကြီး အောက်ခြေဖြစ်ကြောင်း သူ ပြောပြထားသည်။
၎င်းသတင်း ပျံ့နှံ့သွားသည်နှင့် တပွက်ပွက် ဆူနေသော လေညင်းကျောင်းတော်က ချက်ချင်းပင် ဖရိုဖရဲ ပေါက်ကွဲထွက်လာသည်။
ကျောင်းအုပ်ကြီး အသတ်ခံရသည့် လှိုင်းလုံးက ငြိမ်သက်မသွားသေးခင်မှာပင်, လေညင်းကျောင်းတော်က နောက်ထပ် အုတ်အုတ်ကျက်ကျက် ဖြစ်လာပြန်သည်။ အိမ်ပြန်ရန် အထုပ်အပိုး ပြင်ဆင်နေသော ကျောင်းသားများက ညည်းညူ၍ မကျေမနပ် ပြောဆိုနေကြသည်။
သို့သော် လက်ရှိ လေညင်းကျောင်းတော်၏ အမြင့်ဆုံး အာဏာကို ဆုပ်ကိုင်ထားသူက နူးညံ့၍ အကျိုးလိုလားသော ဖန်ချီမဟုတ်ဘဲ နင်ရူသာ ဖြစ်နေသည် မဟုတ်လော။
နင်ရူက လက်ထောက်ကျောင်းအုပ်ကြီးဘဝတုန်းက အကျိုးစီးပွားလိုလားသူ ဖြစ်ခဲ့သည်။ သို့သော် ဖန်ချီ ရုတ်တရက် သေဆုံးပြီးနောက် နင်ရူက ကျောင်းအုပ်ကြီးလို ပြုမှုလာခဲ့သည်။ ကျောင်းတော်၏ အာဏာအရှိဆုံးလူ ဖြစ်လာခဲ့ပြီး ရုတ်တရက် ကြမ်းတမ်း၍ ပိုမို တင်းကျပ်လာတော့သည်။ နောက်ထပ် ထည့်စွက်ရမည့် အချက်က သွေးဆာနေသော ဂုယင် ဖြစ်သည်။ သူက ပူပန်မှုလည်း မရှိ, ထိန်းချုပ်မှုလည်း မရှိဘဲ လူသတ်သူ ဖြစ်သည်။
လတ်တလောမှာ လေညင်းကျောင်းတော်က ကျောင်းသားများ ပျောက်ပျက်နေခြင်းကိစ္စကြောင့် စိတ်ဖိစီးနေကြသည်။ ပျောက်သွားသော ၎င်းကျောင်းသားများက ဂုယင် သတ်တာကို ခံလိုက်ရပြီဟူ၍ ကျောင်းသားများက နက်နက်ရှိုင်းရှိုင်း စိတ်ထဲမှ သိနေကြသည်။ အစပိုင်းမှာ တချို့က နင်ရူထံ သွား၍ တရားမျှတအောင် လုပ်ပေးဖို့ တောင်းဆိုကြသည်။ သို့သော် ထိုတောင်းဆိုသော ကျောင်းသားများ၏ သက်မဲ့ကိုယ်များကို လေညင်းကျောင်းတော်၏ ဂိတ်ပေါက်ဝမှာ နောက်တစ်နေ့တွင် ပစ်ထားတာ တွေ့ရချိန်မှာ ထိုစဉ်မှစ၍ မည်သူမျှ ၎င်းကိစ္စကို မဖွင့်ဟရဲကြတော့ချေ။
နင်ရူက ဂုယင်နှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ဖြစ်ကြောင်း သူတို့အားလုံး ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကြသည်။ သူတို့ မည်မျှလောက် မြည်တမ်း၍ မကျေမနပ် ပြောဆိုနေကြစေကာမူ, နင်ရူက သူတို့အတွက် ရပ်တည်ပေးလိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အခါမှာ သူတို့အားလုံး ကြင်နာသနားတတ်ပြီး အမြဲတမ်း သူတို့ကို အသည်းအသန် ကာကွယ်ပေးခဲ့သော ဖန်ချီကို တမ်းတလာကြသည်။ သူတို့က ကြောက်ရွံ့ ထိတ်လန့်နေကြပြီး စာသင်နှစ်အကုန်သို့ မြန်မြန် ရောက်ပါစေဟု တောင့်တနေမိကြသည်။ သို့မှသာ သူတို့ အိမ်သို့ ပြန်နိုင်ကြမည် ဖြစ်ပြီး ရက်စက်သော ထိုလူသတ်သမားကို ရှောင်ရှားနိုင်ကြမည် ဖြစ်သည်။
သို့သော် နှစ်ကုန်မတိုင်ခင်မှာပင် နင်ရူက ရုတ်တရက် လေ့ကျင့်ရေး ခရီးထွက်ဖို့ အမိန့်ထုတ်ပြန်လာလေပြီ။
သူတို့ အတော်များများက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုကြသည်။ သို့သော် ဂုယင်က နင်ရူနှင့် အတူ ရပ်တည်နေတာကို သူတို့ တွေ့ကြလျှင်, သူတို့၏ မကျေနပ်ချက်များကို ပြန်လည် မျိုချရုံက လွဲလို့ ဘာမျှ မတတ်နိုင်ကြတော့ချေ။ သူတို့က စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး ခေါင်းငိုက်စိုက်ချကာ သူတို့ပစ္စည်းများကို ထုတ်ပိုးလိုက်ကြသည်။ သုံးရက်အတွင်း ထွက်မည့် ခရီးရှည်အတွက် သူတို့ ပြင်ဆင်ကြရမည် ဖြစ်သည်။
နင်ရူ၏ ရုတ်တရက်ဆန်စွာ လေ့ကျင့်ရေးခရီးစဉ်နှင့် ပတ်သက်၍ နန်ဂုန်းစီက ယုတ္တိမတန်ကြောင်း ရှာတွေ့သွားသည်။ သူက နင်ရူကို ရုံးခန်းသို့ အကြိမ် အတော်များများ သွားရှာလေ၏။ ၎င်းအကြောင်းအရာကို မေးမြန်းရန် ဖြစ်သည်။ သို့သော် တံခါးအပြင်ဘက်တွင် စောင့်ကြပ်နေသော ဂုန်ချန်းလီက သူ့အား တားမြစ်ခဲ့သည်။
သူတို့ မထွက်ခွာခင် တစ်ရက်အလိုမှာတော့ နန်ဂုန်းစီက ဆက်လက် သည်းမခံနိုင်တော့ပေ။ သူက ဂုန်ချန်းလီကို ကန်ထုတ်၍ နင်ရူ၏ ရုံးခန်းတံခါးကို ကန်ဖွင့်ကာ ဝင်သွားသည်။
ရုံးခန်းအတွင်းမှာ နင်ရူက စားပွဲနောက်တွင် ထိုင်နေသည်။ စားပွဲပေါ်တွင် နင်ရှင်း၏ အရိုးပြာအိုးကို တင်ထားသည်။ နန်ဂုန်းစီ ဒေါသအိုး ပေါက်ကွဲလျက် ရုံးခန်းထဲ ဝင်လာတာကို တွေ့ရလျှင် နင်ရူက ခေါင်းငဲ့ ကြည့်လိုက်သည်။ သူ့မျက်ကွင်းများ အညိုရောင်သန်းနေပြီး အလွန်အမင်း ခြေကုန်လက်ပန်း ကျနေပုံ ပေါ်သည်။
နန်ဂုန်းစီက တကယ်ပင် ဒေါသထွက်နေခဲ့သည်။ သို့သော် နင်ရူ၏ ခြေကုန်လက်ပန်းကျနေပြီး စိတ်ညှိုးနွှမ်းနေတာကို မြင်ရချိန်မှာ သူ ရုတ်တရက် ခဏလောက် အံ့အားသင့်သွားသည်။
လက်ထောက် ကျောင်းအုပ်ကြီး.... ခင်ဗျား ဘာဖြစ်နေတာလဲ နန်ဂုန်းစီက လုံးဝ အားအင် ဆုတ်ယုတ်နေသော နင်ရူကို ကြည့်ပြီး သူ ဒေါသတကြီး ပြောမည့် စကားလုံးများက လည်ချောင်းဝမှာ တစ်ဆို့သွားလေ၏။
နင်ရူ မျက်ခုံး အနည်းငယ် ပင့်၍ နန်ဂုန်းစီအား ကြည့်ပြီး ပြောသည် အကိုကြီး နန်ဂုန်းစီ ခင်ဗျား အခု ကျုပ်ကို ကျောင်းအုပ်ကြီးလို့ ခေါ်သင့်တယ် မဟုတ်ဘူးလား သူက ပြောလျက် နင်ရှင်း၏ အရိုးပြာအိုးကို ဖြည်းညင်းစွာ သိမ်းဆည်းလိုက်သည်။
နန်ဂုန်းစီက ပြန်ပြောသည် ဟုတ်ပါပြီ, ကျောင်းအုပ်ကြီး၊ ဒါဆို ကျုပ်ကို တစ်ဆိတ်လောက် ရှင်းပြပေးပါအုံး၊ ဒီမြေပုံက ဘာကိစ္စလဲ နန်ဂုန်းစီက မြေပုံအပိုင်းအစ အသစ်ကို နင်ရူ၏ စားပွဲသို့ ပစ်ချ၍ မေးသည်။
၎င်းမြေပုံကို သူ အခုမှ လက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။ သူတို့ သွားရမည့် နေရာကို အမှတ်အသား ပြထားသော မြေပုံ ဖြစ်သည်။ ၎င်းနေရာက လေညင်းကျောင်းတော်သားများ လေ့ကျင့်ရေးထွက်ရမည့် နေရာ ဖြစ်သည်။
နင်ရူက သူ့ကို ဖျတ်ခနဲ ကြည့်၍ ပြန်ပြောသည် ဒီမြေပုံက လေ့ကျင့်ရေးခရီးစဉ် ထွက်ရမဲ့ နေရာကို ပြသထားတဲ့ မြေပုံပဲလေ၊ ဒါနဲ့ ပတ်သက်လို့ အကိုကြီး နန်ဂုန်းစီက ဘာတွေ မကျေမနပ် ဖြစ်စရာ ရှိနေလို့လဲ။