၆၉၄။ နိမိတ်ဆိုး အမှောင်ထု ဖုံးလွှမ်းခြင်း (၁)
ဝါးတောအိမ်လေးမှာ နေထိုင်သူများ တဖန် ပြန်ရှိသွားသည်။ သို့သော် ဒီတစ်ကြိမ်မှာ ဂျန်ဝုရှီနှင့် အတူ နေသူက ဖန်ဇို မဟုတ်ဘဲ ဂုယင် ဖြစ်နေသည်။ ဂုယင်က မည်သို့သော နည်းလမ်းကို သုံးလိုက်သည်တော့ မသိပေ, စိတ်မနှံ့သော အာ့ဂျန်က သူ့ကို တကယ်ပင် အလုပ်အကျွေး ပြုသည်။ သူတို့အတွက် တစ်နေ့သုံးနပ်စာကို အာ့ဂျန်က အချိန်မှန် ပြင်ဆင်ပေးသည်။ အာ့ဂျန်က အမြဲတမ်း သူမကို အကြောက်တရားဖြင့် ကြည့်ပြီးနောက် ချက်ချင်းပင် ခေါင်း ပြန်ငုံ့သွားတတ်သည်။ ဂုယင် ပေါ်ပေါက်လာသည့် အချိန်တိုင်းမှာ အာ့ဂျန်က တုန်တုန်ယင်ယင် ဖြစ်လို့လာသည်။
အကိုကြီး ပြန်ရောက်လာတာ နှစ်ရက်တောင် ရှိနေပြီ၊ ဝိညာဉ်ကုစားဌာနကို သွားကြည့်ဖို့ စိတ်မပါသေးဘူးလား ဂုယင်က တံခါးကို တွန်းဖွင့်၍ ဂျန်ဝုရှီ၏ အခန်းထဲ ဝင်လာသည်။ သူ့မျက်နှာက ပြုံးဖြီးဖြီး ဖြစ်နေသည်။
ဂျန်ဝုရှီက သူ့ကို လျစ်လျူရှူထားပြီး ကိုယ့်ဘာသာ အခန်းထဲမှ လျှောက်လှမ်းထွက်လာ၍ ဝိညာဉ်ကုစားဌာနသို့ သွားရန် ဦးစူလိုက်သည်။ ဂုယင်က သူမနောက်မှ မခွဲမခွာ လိုက်လာသည်။ သူတို့ လမ်းမှာ လေညင်းကျောင်းတော်သား အတော်များများကို တွေ့ရှိကြသည်။ ကျောင်းသားများက ဂုယင်ကို တွေ့မြင်ချိန်မှာ ကြောက်လန့်တကြားဖြင့် အရပ်မျက်နှာ အသီးသီးသို့ သုတ်ခြေတင် ပြေးကြသည်။ ကြောက်တစ်ကောင်ကို တွေ့၍ ကြောက်လန့်တကြား ပျံပြေးသွားသော ငှက်များနှင့်ပင် တူနေသည်။ ထိုမြင်ကွင်းက ဂုယင်အား ရယ်မောပျော်ရွှင်စေသည်။
သူတို့ ဝိညာဉ်ကုစားဌာနသို့ ရောက်ရှိချိန်မှာ အတွင်းရှိ တပည့်များအားလုံး ခေါင်းများ ငုံ့ထားကြသည်။ သူတို့ ဂုယင်ကို မျက်တောင်ပင် လှန်မကြည့်ဝံ့ကြချေ။
ကျောင်းသားများ၏ အပြုအမူကို ကြည့်ရသလောက် ဂုယင်က ကျောင်းတော်မှာ အတော် မွှေနှောက်ထားဟန် ရသည်။ သို့မဟုတ်ပါက ဘာ့ကြောင့် ကျောင်းတော်တစ်ခုလုံးရှိ ကျောင်းသားများက ဒီလောက်တောင် သူ့အား ကြောက်စိတ်မွှန်နေကြမည်နည်း။
ဂျန်ဝုရှီက တောက်လျှောက် တည်ငြိမ်စွာ လာခဲ့သည်။ သူမ ဂူလီရှန်၏ အခန်းတံခါးဝသို့ ရောက်လျှင် လှည့်၍ ဂုယင်ကို ပြောလိုက်သည် ငါ သူနဲ့ ပြောရမဲ့ ကိစ္စတွေ ရှိတယ်။
ဂုယင် မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
အကိုကြီး သွားလိုက်ပါ၊ ကိုယ့်ကိစ္စကို ပြီးစီးအောင် လုပ်လိုက်ပါ၊ ငါ ဒီအပြင်ဘက်မှာပဲ စောင့်နေလိုက်ပါ့မယ်။
ဂျန်ဝုရှီ၏ ဂူလီရှန်နှင့် သီးသန့် တွေ့ဖို့ သူ မစိုးရိမ်ပေ။ လေညင်းကျောင်းတော်တစ်ခုလုံးမှာ သူ စိုးရိမ်သူက ဝမ်ရှင်းဟန် တစ်ယောက်တည်းသာ။ ဝမ်ရှင်းဟန်ကလည်း ဖန်ဂျင်၏ အသက်ကိုသာ ဂရုစိုက်သည်။ ကျောင်းတော်ရှိ တခြားအရေးကိစ္စများကို ဝင်မရှုပ်တတ်ပေ။
ဂျန်ဝုရှီနှင့် ဂူလီရှန် နှစ်ယောက်တည်းသာ ကျောင်းတော်မှာ ကျန်ရစ်ရမည့် လူများ ဖြစ်ကြသည်။ သူ့အတွက် စိုးရိမ်ပူပန်စရာ ဘာမှ မရှိပေ။
ဂျန်ဝုရှီက ဂုယင်၏ လိုက်လျောသော အမူအရာကို ထူးဆန်းသည်ဟူ၍ မထင်ပေ။ သူမ၏ လေ့လာဆန်းစစ်ချက်အရ ဂုယင်၏ သဘောသွားကို ဖမ်းဆုပ်မိပြီး ဖြစ်သည်။
ဂုယင်၏ စိတ်ထဲမှာ သူမနှင့် ဂူလီရှန်ကို လှောင်အိမ်ထဲမှ ငှက်များလို သဘောထားထားသည်။
ဂျန်ဝုရှီက ဂူလီရှန်၏ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။ ခဏလောက် တိတ်ဆိတ်နေပြီးနောက် တံခါးနောက်မှ ဂူလီရှန်၏ အသံထွက်ပေါ် လာသည်။ ဂျန်ဝုရှီက တံခါးကို တွန်းဖွင့် ဝင်၍ တံခါးကို သေချာ ပြန်ပိတ်လိုက်သည်။ ဂုယင်၏ ပြုံးနေသော မျက်နှာနှင့် ခြားကွယ်ထားလိုက်သည်။
ဂျန်ရှီ ဂူလီရှန်၏ မျက်နှာက စိုးရိမ်ပူပန်ခြင်းနှင့် ပြည့်နှက်သွားသည်။ သို့သော် သူက ဂျန်ဝုရှီကို မြင်ရသဖြင့် ချက်ချင်း မျက်လုံးများ တလက်လက် ဖြစ်လာသည်။ သူ စားပွဲနောက် ထိုင်ခုံမှ ချက်ချင်း ထ၍ ဂျန်ဝုရှီထံ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းလာသည်။
ဘာလို့ ပြန်လာတာလဲ ဂူလီရှန်၏ အသံက အရမ်း မကျယ်ပေ။ သူက သူ့အသံကို တမင်တကာ နှိမ့်၍ ပြောခြင်းသာ ဖြစ်သည်။
ကျုပ်ကိစ္စ ပြီးသွားလို့ ပြန်လာတာ ဂျန်ဝုရှီ ပြန်ပြောသည်။
ဂူလီရှန် ခါးခါးသီးသီး ပြုံး၍ ပြောသည် မင်း ပြန်မလာတာကမှ ကောင်းအုံးမယ်၊ လေညင်းကျောင်းတော်က လုံးဝ ပြောင်းလဲသွားပြီ၊ ကြာရှည်နေသင့်တဲ့ နေရာ မဟုတ်တော့ဘူး၊ ဟင်း ဂူလီရှန် သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးများက တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးများကို ကြည့်လိုက်သည်။
သူ့မျက်လုံးများက သူ့ပါးစပ်မှ ထွက်သည့် စကားလုံးများထက် ပိုပြီး စကားပြောသွားသည်။
ဂျန်ဝုရှီ ခေါင်းညိတ်လိုက်သည်။
ဂူလီရှန်၏ မျက်နှာက ဆိုးဆိုးရွားရွား ဖြူရော်နေသည်။
ငါ တွေးနေခဲ့တာ, အဲကောင်က ချက်ချင်းပဲ ဝါးတောအိမ်လေးဆီ ရွှေ့သွားတယ်လို့ ငါ မနေ့က ကြားလိုက်တယ်၊ ဒါ အတော်လေး ထူးဆန်းနေတယ်လို့ ငါ စဉ်းစားနေတာ၊ အခု မင်း ဒီ ရောက်လာခဲ့ပြီပေါ့၊ အခု အဲကောင် အဲလို လုပ်ရခြင်း အကြောင်းပြချက်ကို ငါ သိသွားပြီ။
အဲကိစ္စကို ဘယ်သူလုပ်လဲဆိုတာ ခင်ဗျား သိလား ဂျန်ဝုရှီက နူးညံ့စွာ မေးသည်။
ဂူလီရှန်က ခေါင်းယမ်းပြ၍ ခါးသီးစွာ ပြုံးလိုက်သည်။ သူ လေညင်းကျောင်းတော်ကို ရောက်လာခဲ့တာ လဝက်ကျော်ပြီ၊ အစောပိုင်းကတော့ သူက နင်ရူရဲ့ ဆွေမျိုးလို့ ပြောထားခဲ့တယ်၊ အဲအချိန်တုန်းက နင်ရှင်း သေဆုံးသွားလို့ ကျောင်းအုပ်ကြီး အကြီးအကျယ် အပြစ်ရှိတာကို ခံစားနေခဲ့ရတာ၊ နင်ရူက ကျောင်းအုပ်ကြီးဆီလာပြီး အတော်ကြာကြာ တောင်းပန်လို့ ကျောင်းအုပ်ကြီးက နောက်ဆုံးတော့ သူ့ကို ဝိညာဉ်ကုစားဌာနကို ဝင်ခွင့်ပေးလိုက်တယ်၊ ဒါကို ကျောင်းအုပ်ကြီး သူကိုယ်တိုင် ငါ့ကို ပြောပြတာ၊ အဲတုန်းက ဒီကိစ္စကို အများကြီး မစဉ်းစားမိခဲ့ဘူး၊ ဒါပေမဲ့ ငါက ထူးဆန်းနေတယ်လို့တော့ သိလိုက်တယ်၊ ငါ ကျောင်းအုပ်ကြီးကို အခက်မတွေ့စေချင်တာနဲ့ပဲ, နောက်ဆုံးမှာ ငါ သူ့ကို ဝိညာဉ်ကုစားဌာနကို တပည့်တစ်ယောက်အနေနဲ့ ဝင်ခွင့်ပြုလိုက်ရတော့တယ်....