ကိုယ့်ရင်ခွင်ထဲကမင်း [MM Tran...

Por Lazy_Choco

80.9K 7K 138

လုမူရှန်းကို ဆုန်ရန် ပထမဆုံးအကြိမ်တွေ့ချိန်တုန်းက၊ သူ့ကိုအပိုင်သိမ်းချင်ခဲ့တယ်၊၊ ဒီတော့ သူမက သူ့နောက် အသည်းအ... Mais

နိဒါန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)《UNICODE》
အပိုင်း(၁၇)《ZAWGYI》
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
Hello!
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)

အပိုင်း(၆၅)

397 39 0
Por Lazy_Choco

အပိုင်း(၆၅)

ချိုးလင်လင်က ဆုန်ရန်အား သူမကိုအဖော်ပြုပေးဖို့ ခေါ်လာလေတော့၊ ဆုန်ရန်လည်း မငြင်းဆန်နိုင်ဘဲ သဘောတူလိုက်လေတယ်။

နှစ်ဦးသားက တွေ့မယ့်အချိန်နဲ့နေရာကို ချိန်းလိုက်ကြတယ်။ မနက်ဖြန်စာမေးပွဲအတွက် ပြင်ဆင်ရန်တွေရှိသေးတော့ ချိုးလင်လင်လည်း ဟိုတယ်ကိုပြန်ရန် အလျင်လိုနေလေတယ်။ သူမက ဆုန်ရန်ကို နှုတ်ဆက်ပြီးတာနဲ့ တက္ကစီငှားပြီး ထွက်လာခဲ့လိုက်တယ်။

ချိုးလင်လင်ထွက်သွားပြီးနောက်၊ ဆုန်ရန်က လုမူရှန်းဘက်လှည့်လာကာ သူ့လက်ကိုကိုင်ပြီး၊ "လုကော၊ မစိုးရိမ်ပါနဲ့။ ငါက ချိုးလင်လင်နဲ့ အဖော်လိုက်ပေးရုံပဲ။ ငါ ဝင်မဖြေပါဘူး။"

သူမလည်း တကယ်ဝင်မပြိုင်ချင်လေဘူး။ အရင်တစ်ခေါက် လုမူရှန်းက သူမကို ဝင်မဖြေစေချင်ကတည်းက၊ ဆုန်ရန်လည်း ထိုအကြောင်း တစ်ခါမှ ပြန်မတွေးခဲ့မိပါဘူး။

လုမူရှန်းက သူမကို စူးစူးနစ်နစ်စိုက်ကြည့်လာပြီး၊ အချိန်အတော်ကြာမှ စကားပြောလာလေတယ်၊ "ကိုယ်စိတ်မပူပါဘူး၊ မင်း ဝင်ဖြေချင်ရင်တောင်၊ မင်း တကယ်လုပ်ချင်တာ‌ဖြစ်နေသရွေ့၊ ကိုယ် ‌ပံ့ပိုးပေးပါ့မယ်။" ဆုန်ရန်က မြန်မြန်ခေါင်းခါပြလိုက်ပြီး၊ "ငါတကယ် ဝင်မဖြေချင်ဘူး၊ ချိုးလင်လင်နဲ့ အဖော်လိုက်ပြီး သူ့ကို စောင့်ပေးရုံပဲ။ သူ ဖြေပြီးတာနဲ့ ငါပြန်လာခဲ့လိုက်မယ်!"

လုမူရှန်းက ခေါင်းညိတ်ပြပြီး၊ သူမလက်ကို ဆွဲကာ၊ "သွားကြရအောင်၊ ထမင်းသွားစားကြမယ်။"

...

နောက်တစ်နေ့၌၊ ဆုန်ရန် လိုက်မလာမှာကို စိတ်ပူနေတဲ့အလား၊ ချိုးလင်လင်က ခြောက်နာရီမထိုးခင်ကတည်းက ထွက်လာခဲ့ပါလေတယ်။ သူရောက်သွားချိန်၊ လုယန်းနေတဲ့ အဆောက်ဦးအပြင်ဘက်၌ ရပ်ပြီး လေအေးတွေကို လျစ်လျူရှုလျက် ဆုန်ရန်အား ဖုန်းခေါ်လိုက်လေတယ်။

ဆုန်ရန်က အိပ်နေတုန်းပဲ။ ဖုန်းသံကိုကြားတော့၊ သူမက မျက်လုံးဖွင့်မလာဘဲ၊ ကိုင်လိုက်ပါလေတယ်၊ "ဟယ်လို၊"

"ရန်ရန်! ငါနင့်ဦးလေးရဲ့ အဆောက်ဦးအပြင်ဘက်ရောက်နေတယ်! နင်ဆင်းလာပြီလား?"

ချိုးလင်လင်အသံကိုကြားတော့၊ မျက်မှောင်ကြှုပ်မိလိုက်လေတော့၊ ခဏနေမှ မျက်လုံးတွေ ဖွင့်လာပါလေတယ်။ သူမက ကုတင်ဘေးက မီးအိမ်ကို လှမ်းဖွင့်လိုက်ပြီး၊ မျက်လုံ‌းတွေမှေးထားကာ ဖုန်းကနာရီကို လှမ်းကြည့်လိုက်လေတယ်။ မနက်ခင်း အစောကြီးပဲရှိသေးလေတယ်။

သူမက စောင်ကိုဖက်ပြီး အိပ်ချင်မူးတူး ထလာလေတယ်၊ "အခုမှ ငါးနာရီပဲရှိသေးတာလေ။"

"ငါးနာရီတောင်ရှိပြီလေဟာ၊ ခဏနေကျ ငါတို့လမ်းလျှောက်သွားရဦးမယ်လေ! နင်အခုထိ မနိုးသေးဘူးလို့တော့ ငါ့ကိုမပြောလိုက်နဲ့နော်?!"

ဆုန်ရန်လည်း သိမ်းသွင်းခံလိုက်ရကာ ကုတင်ပေါ်ကနေ အိပ်ချင်းမူးတူးထလာလိုက်ပြီး၊ "ငါ့ကိုစောင့်နေ။ ခဏနေထွက်လာခဲ့လိုက်မယ်။"

"အေး! မြန်မြန်နော်!"

ဆုန်ရန်လည်း ဖုန်းချလိုက်ကာ အခန်းထဲက အဓိကမီးကို ဖွင့်လိုက်ပါလေတယ်။

သူမလည်း မြန်မြန်ဆေးကြောသန့်စင်လိုက်ကာ၊ အဝတ်စားလဲပြီး အပြင်ထွက်လာခဲ့လိုက်လေတယ်။

လုမူရှန်းနဲ့ အန်ကယ်လေးနိုးသွားမှာကို စိတိပူတာကြောင့်၊ ခြေသံဖွဖွလေးနင်းပြီး လျှောက်လာခဲ့လေတယ်။

သို့သော်၊ သူမ တံခါးနားရောက်ပြီး ဖိနပ်ထုတ်ယူလိုက်ချိန်၊ လုမူရှန်းတံခါးက ပွင့်နေလေတယ်။

သူက အခုလေးတင်ထလာပုံပဲ၊ သူ့အသံက ခြောက်ကပ်ကပ်ဖြစ်နေလေတယ်၊ "အစောကြီးလား?"

ဆုန်ရန်က၊ "ချိုးလင်လင်က အောက်မှာ စောင့်နေတာလေ။"

လုမူရှန်းက အနားလျှောက်လာကာ၊ သူ့လက်တွေကိုဆန့်ပြီး ဆုန်ရန်ကို ဖက်လာလိုက်တယ်၊ "ကိုယ်လိုက်ခဲ့ပေးဖို့ တကယ်မလိုတာလား?"

"မလိုပါဘူး၊ နင်ပါနေရင် ချိုးလင်လင်က နေရခက်နေနိုင်တယ်။"

ဆုန်ရန်က သူငယ်ချင်းတွေနဲ့ ပတ်လည်တဲ့အချိန်တိုင်း၊ လုမူရှန်းကို မခေါ်သွားတတ်လေဘူး၊ သူမသူငယ်ချင်းတွေ နေရခက်မှာကို စိတ်ပူတာကြောင့်ပေါ့။

လုမူရှန်းက ခေါင်းညိတ်ပြပြီး၊ "ဒါဆို လုံခြုံရေးကို ဂရုစိုက်ရမယ်နော် အဲ့ကိုရောက်တာနဲ့ ကိုယ့်ကိုဖုန်းလှမ်းဆက်လိုက်။"

"အင်းပါ၊ အင်းပါ။"

"ပြီးခါနီးရင်လည်း ကိုယ့်ကိုဖုန်းလှမ်းဆက်လိုက်၊ ကိုယ်လာကြိုပေးမယ်နော်။"

"အိုကေ။"

လုမူရှန်းလည်း မလွှတ်ချင်လွှတ်ချင်ဖြင့် ဆုန်ရန်ကို လွှတ်ပေးလိုက်ရလေတယ်။

ဆုန်ရန်က ခြေဖျားထောက်ပြီး လုမူရှန်းမျက်နှာပေါ် ဖွဖွလေး နမ်းလာလိုက်ကာ၊ "ငါသွားပြီနော်။"

လုမူရှန်းလည်း ခေါင်းညိတ်လိုက်ပါလေတယ်။

ဆုန်ရန်ထွက်သွားတော့မှာကိုမြင်တော့၊ သူက စိတ်မထိန်းနဲ့ အရှေ့တိုးလာပြီး သူမကို ဖက်လိုက်ပြန်ပါလေတယ်။

ဆုန်ရန်မှာ သဘောတွေ့သွားရကာ၊ "တွန့်ဆုတ်မနေနဲ့လေ၊ ငါခဏနေ ပြန်လာမှာပဲကို။"

"အင်း၊" လုမူရှန်းအသံက လုံးထွေးနေကာ၊ ဆုန်ရန်ပုခုံးပေါ် မျက်နှာအပ်ထားလိုက်လေသည်။

ဆုန်ရန်က ပြုံးပြီး သူ့ကိုတွန်းထုတ်လိုက်ပါတယ်၊ "ဒါဆို ငါ့ကိုလွှတ်ပေးတော့။"

"အင်း၊၊"

"လွှတ်လိုက်တော့လေ။"

"အင်း။"

"..."

...

ဆုန်ရန်ထွက်လာချိန်၊ ချိုးလင်လင်က သူမကိုမြင်တော့ သူမအနား ပြေးလာခဲ့ပြီး၊ "ဘုရားရေ၊ နင်ရောက်လာပြီပဲ!"

ဆုန်ရန်က သမ်းဝေလိုက်ပြီး၊ "အစောကြီးပဲရှိသေး၊ အခုထိ နေတောင်မထွက်သေးတာကြီးကို။"

သူမလည်းပြောပြီးသွားတော့၊ ချိုးလင်လင်အမူရာက တည်တင်းသွားလေတော့တယ်။

ဆုန်ရန်မှာ ကြောင်အသွားကာ၊ "ဘာဖြစ်တာတုန်း?"

ချိုးလင်လင်မျက်လုံးတွေက ပြုတ်ထွက်တော့မယ့်အလား ပြူးကျယ်နေပြီး၊ "ဘုရားရေ! ဆုန်ရန်၊ နင်ဒီလိုဝတ်ပြီး ထွက်လာတယ်ပေါ့လေ!"

ဆုန်ရန်အမူရာက ဇဝေဇဝါဖြစ်သွားကာ၊ "အာ၊ ငါဘာဖြစ်နေလို့လဲ?"

"အိုက်ယား! နင်ဘာလို့ မိတိကပ်မလိမ်းရတာလဲ?"

ဆုန်ရန်လည်း နားလည်လိုက်ပြီး ‌ပြန်ပြောလိုက်ပါလေတယ်၊ "မိတိကပ်လိမ်းတာ ဘာကောင်းလို့လဲ?"

ချိုးလင်လင်က ဆုန်ရန်ရဲ့အခုမှနိုးလာပုံရတဲ့မျက်နှာကိုကြည့်ပြီး၊ ရယ်ရငိုရဖြစ်သွားလေတော့တယ်၊ "နင်နဲ့ ငါ့ကိုအဖော်လိုက်စေချင်ပေမဲ့၊ အနည်းဆုံးတော့ နင်မှာ စာမေးပွဲစိတ်ဓာတ်လေး ထားထားသင့်တယ်လေဟာ။"

သူမပြောပြီးတာနဲ့၊ ဆုန်ရန်ကို အသေအချာကြည့်လာပြီး၊ မနေနိုင်ဘဲ တောက်ခေါက်လိုက်ပါလေတယ်၊ "ဒါပေမဲ့ နင်က သဘာဝအတိုင်းလည်း လှနေတာပဲ၊ မိတ်ကပ်မပါတာတောင်၊ လှလွန်းနေလို့ ဘာမှပြောစရာတောင် မလိုနေဘူး။"

...

စာမေးပွဲခန်းမကို ချိုးလင်လင်နဲ့ ဆုန်ရန်တို့ ရောက်လာကြချိန်၊ မိုးလင်းခါ‌နီးနေလေပြီ။

သူမတို့က အတော်လေးစောရောက်နေတာလို့ ဆုန်ရန် နဂိုက ထင်ထားခဲ့ပေမဲ့၊ စာမေးပွဲခန်းမကိုရောက်မှ၊ လေအေးတွေထဲ ရပ်နေကြတဲ့ လူအများကြီးကို သူမမြင်တွေ့လိုက်ရပါလေတယ်။

ဆုန်ရန်က သက်ပြင်းချမိလိုက်လေတယ်၊ ဒါကို လူထောင်ချီတပ်ဖွဲ့ကြီးက ပျဉ်းချပ်တံတားပေါ် ဖြတ်ကူးနေတယ်လို့ ယူဆလို့ရလေသည်။ 

သူမလည်း ချိုးလင်လင် ပုခုံးကို ပုတ်ပေးလိုက်ပြီး၊ သူမအား အားပေးတဲ့အကြည့်ဖြင့် ကြည့်လာကာ၊ "ချိုးလင်လင်၊ ကြိုးစားထား!"

"အင်း!" ချိုးလင်လင်က အပြင်းအထန် ခေါင်းညိတ်ပြလာပြီး၊ ဆုန်ရန့်လက်ကိုဆွဲကာ ရှေ့တိုးလာလေတယ်။

ဆုန်ရန်မှာ ကြောင်အမ်းသွားကာ၊ "နင်ဘယ်ကိုသွားမလို့လဲ?"

"နင့်နာမည်စာရင်းသွင်းဖို့ ခေါ်သွားပေးမလို့။"

"အာ! ငါ စာရင်းမသွင်းချင်ဘူး၊ ငါနင်နဲ့အဖော်လိုက်ပေးရုံပဲလေ!"

"ဒီရောက်နေမှတော့၊ ဘာလို့ မကြိုးစားကြည့်တာတုန်း!" ချိုးလင်လင်က ဆုန်ရန့်လက်ကိုဆွဲပြီး ရှေ့တိုးလာပါလေတယ်။

စာမေးပွဲအခန်းအပြင်ဘက်၌ သတင်းအချက်အလက်စားပွဲတစ်ခုရှိလေတယ်။ ချိုးလင်လင်က ဆုန်ရန်ကို အဲ့နေရာဆီ ဆွဲခေါ်လာခဲ့တယ်။ သူမရည်ရွယ်ချက်ကို ရှင်းပြပြီးသွားတော့၊ စာရင်းသွင်းချိန်ကျော်သွားပြီမို့ စာရင်းသွင်းမရတော့ဘူးလို့ တစ်ဖက်က ပြန်ဖြေပေးလာပါလေတယ်။

ချိုးလင်လင်မှာ ကြောင်အမ်းသွားကာ၊ ရုတ်တရက်ဆို သတိရမိလိုက်ပြီး၊ သူမနဖူးကိုရိုက်ကာ၊ ဆုန်ရန်ဘက်လှည့်လာပြီး တောင်းပန်စကား ပြောလာလေတယ်: "အရင်စာရင်းသွင်းထားရမယ်ဆိုတာကို ငါမေ့သွားတယ်ဟာ၊ အခုစာရင်းသွင်းမရတော့ဘူး။"

ဆုန်ရန်လည်း မြန်မြန်လက်ခါပြလာပြီး၊ "အဆင်ပြေပါတယ်။ ငါက နင်နဲ့လိုက်ပေးရုံပဲ ဝင်မဖြေချင်ပါဘူးဟာ။ သွားရအောင်၊ နွေးတဲ့နေရာရှာပြီး စောင့်နေရအောင်။ ဒီကအေးတယ်ဟ။"

"အင်း၊" ချိုးလင်လင်လည်း သဘောတူကာ ဆုန်ရန်လက်ကိုဆွဲပြီး ထွက်လာခဲ့လေတယ်။

ထိုအချိန်၌၊ အသက်လေးဆယ်ငါးဆယ်လောက်ရှိတဲ့ ကျက်သရေရှိတဲ့အဝတ်စားကောင်းတွေဝတ်ဆင်းထားသော အမျိုးသမီးတစ်ဦးက သူတို့နားက ဖြတ်သွားလေတယ်။ ဆုန်ရန်ကိုမြင်တော့၊ သူမအကြည့်တွေက လင်းလက်လာပါလေတယ်။

မိတ်ကပ်မလိမ်းထားဘူးဆိုပေမဲ့၊ သူမမျက်နှာအသွင်အပြင်က မိတ်ကပ်မပါဘဲနဲ့တောင် အတော်လေးရင်သပ်ရှုမောဖွယ်ကောင်းနေလေတယ်။ သူမမျက်နှာအသွင်ပြင်က ဟိတ်ဟန်များတဲ့အလှလေးအမျိုးစားထဲ ပါဝင်နေပေမဲ့၊ သူမပင်ကိုယ်စရိုက်ကတော့ ဖြူစင်သန့်ရှင်းနေပါလေတယ်။ 

လျှူစွေ့ယီက သူမအား သဘောတကျဖြစ်စေတဲ့ ကျောင်းသူမျိုးကို မတွေ့ရတာ အတော်ကြာခဲ့ပြီ။ သူမလည်း သတင်းအချက်လက်စားပွဲဆီ လျှောက်လာပြီး ကျောင်းသားသမဂ္ဂအဖွဲ့မှ ကျောင်းသားကို လှမ်းမေးလိုက်လေတယ်၊ "အဲဒီနှစ်ယောက်က ဒီနှစ်ဝင်ဖြေမယ့်သူတွေလား?"

ကျောင်းသူ/ကျောင်းသားတော်တော်များများက လေးစားရိုသေစွာဖြင့် မတ်တတ်ရပ်လာကြလေတယ်။

သူတို့ထဲက တစ်ယောက်က ရိုရိုသေသေမေးလာလေတယ်၊ "ပါမောက္ခ၊ အစောက ဖြတ်သွားတဲ့မိန်းကလေးနှစ်ယောက်အကြောင်း မေးချင်တာလားဗျ?"

"ဟုတ်တယ်၊ အနက်ရောင်ဂျာကင်ရှည်ကို ဝတ်ထားတဲ့မိန်းကလေးလေ။"

အနက်ရောင်ဂျာကင်ဝတ်ထားတဲ့ မိန်းကလေးက ဘယ်သူဖြစ်မလဲဆိုကြောင်း ပြန်စဉ်းစားပြီးနောက်၊ ချက်ချင်းဖြေပေးလိုက်လေတယ်၊ "အဲဒီမိန်းကလေးက စာမေးပွဲဝင်ဖြေချင်ပေမဲ့၊ စာရင်းမသွင်းခဲ့ပုံပဲ။"

လျှူစွေ့ယီက မျက်မှောင်ကြှုပ်လိုက်ပြီး၊ "သွား၊ သူမကိုသွားခေါ်လာပြီး အခုချက်ချင်း စာရင်းသွင်းခိုင်းလိုက်။"

ပြောပြီးတာနဲ့၊ သူမက စာမေးပွဲခန်းဆီ လျှောက်ထွက်လာပါလေတယ်။

ကျန်တဲ့ကျောင်းသားတွေက မှင်သက်သွားလေတော့တယ်၊ "ဘုရားရေ၊ ပါမောက္ခကိုယ်တိုင်က ‌နာမည်ရေးခိုင်းတဲ့လူဆိုတော့၊ စာရင်းထဲ ပါသွားတော့မှာပဲနော်။"

"ဒါကို ပြောစရာတောင် မလိုဘူးလေ။"

"ဝိုး၊ ငါအားကျလိုက်တာဟာ။ ငါသာ ပါမောက္ခတန်ဖိုးထားသာခံရမယ်ဆိုရင်၊ ငါတော့ အနာဂတ်ကျ အရင်းအမြစ်တွေအတွက် စိတ်ပူစရာမလိုတော့ဘူးဟယ်။"

"ဒါပေမဲ့ အစောတုန်းက မိန်းကလေးက တကယ်လှတယ်နော်။"

မိန်းကလေးတစ်ယောက်က အနည်းငယ် ကသိကအောက်ဖြစ်လာကာ၊ "ငါတို့ကျောင်းမှာလည်း မလှတဲ့မိန်းကလေးရှိသေးလို့လား? ဒါပေမဲ့ ပါမောက္ခ တန်ဖိုးထားခံရသူကတော့ လူနည်းနည်းပဲရှိပြီး စာရင်းသွင်းတာကို ခြွင်းချက်ထားပေးလိုက်တယ်နော်။"

"ဟုတ်ပါ့၊ သူက စာမေးပွဲတောင် မဖြေရသေးဘူး၊ မနာလိုဖြစ်နေရပြီ။ ဖြစ်နိုင်တာ‌တော့ သူကရုပ်ကလေးပဲလှပြီး၊ သရုပ်ဆောင်အရည်ချင်း မရှိနေလောက်ဘူးနော်။"

"အမှန်ပဲနော်။"

"ဟုတ်ပြီ၊ သူမကိုသွားရှာပြီး၊ စာရင်းသွင်းခိုင်းရအောင်။"

...

သူမအား ခြွင်းချက်အနေနဲ့ စာရင်းသွင်းခွင့်ပေးလာလိမ့်မယ်လို့ ဆုန်ရန်မမျှော်လင့်ထားခဲ့လေဘူး။ သူမက စာရင်းမသွင်းချငမခဲ့ပါဘူး။ သူမငြင်းဆန်လိုက်တော့မယ့်အချိန်၊ ချိုးလင်လင်က သူမအတွက် လက်ခံပေးပြီး စာရင်းသွင်းရန် ပျော်ပျော်ရွှင်ရွှင် ပြေးသွားလိုက္လေတယ်။

ဆုန်ရန်က စာရင်းသွင်းဖောင်ကို စိုးရိမ်တကြီး ကြည့်နေလေတယ်၊ "ငါဝင်မဖြေချင်ဘူးနော်။"

"မရဘူး!" ချိုးလင်လင်က မျက်မှောင်ကြှုပ်ပြီး ဘော့ပင်ကို ဆုန်ရန်လက်ထဲ ထည့်ပေးလာလေတယ်၊ "ဒီရောက်နေမှတော့၊ စာရင်းသွင်းလိုက်စမ်းပါ။ အရေးကြီးဆုံးက အဲဒီအချိန်ကျ နင်ကောင်းကောင်းဖြေရမယ်နော်။"

"ဒါပေမဲ့ ငါဘာတစ်ခုမှမသိ‌ဘူးလေ။"

"အဆင္ပြေပါတယ်။ ပထမဆုံးစာမေးပွဲက ရွတ်ဆိုခြင်းပဲ။ အရမ်းလွယ်တယ်ဟ။"

ဆုန်ရန်: "ငါမှမမှတ်မိတာ။"

"ဒါဆို၊...ဒါဆို နင်အခုမှတ်လိုက်လေ၊ သီချင်းတစ်ခုခုကို မှတ်လိုက်ပေါ့။ အင်တာနက်ပေါ်က တစ်ခုခုရှာလိုက်ရုံပဲ။" ပြောပြီးတာနဲ့၊ ဖုန်ကိုထုတ်ကာ ဆုန်ရန်အတွက် ရွတ်ဖတ်ပြလို့ရမယ့်အကြောင်းအရာတစ်ခုခုကို ချက်ချင်းရှာပေးလိုက်ပါလေတယ်။

"..." ဆုန်ရန်က ချိုးလင်လင်ကိုကြည့်ကာ၊ ကူရာမဲ့ပြီး ဘာပြောရမှန်း မသိလေတော့ဘူး။

ချိုးလင်လင်ရဲ့အားပေးမှုအောက်၊ ဆုန်ရန်လည်း စာရင်းသွင်းပေးလိုက်ပြီး၊ စကားပြေတစ်ခုကို အလွတ်မှတ်လိုက်လေသည်။

စာမေးပွဲကို အုပ်စုတွေခွဲထားလေတယ်၊ ချိုးလင်လင်နဲ့ဆုန်ရန်က ဖြစ်ချင်တော့ တစ်အုပ်စုတည်းကြလေတယ်၊ ဒီတော့ နှစ်ယောက်သားက အတူတူဖြေဆိုရမှာဖြစ်လေ၏။

စာမေးပွဲလည်း နီးရော၊ ချိုးလင်လင်မှာ စိတ်လှုပ်ရှားလွန်းလို့ တစ်ကိုယ်လုံးတောင် တုန်ယင်လာလေတော့တယ်။

တစ်ဖက်မှာတော့၊ ဆုန်ရန်က၊ ဘာမှတွေးပူမနေလေဘဲ၊ ဘာသိဘာသာနေနေလေတယ်။

"ချိုးလင်လင်၊ စိတ်ပူမနေနဲ့။ တွေးကြည့်လိုက်ဦး၊ နင်က ငယ်ငယ်ကလေးတည်းက ကလေးသရုပ်ဆောင်လုပ်လာတာလေ။ သာမန်လူတွေထက် အတွေ့အကြုံပိုရှိတာပေါ့။ နင်သာ နင့်အရည်ချင်းအစစ်မှန်တွေကို ထုတ်ပြလိုက်သရွေ့၊ အကုန်လုံး အဆင်ပြေသွားလိမ့်မယ်။" ဆုန်ရန်က ချိုးလင်လင်လက်ကိုဆွဲပြီး၊ အားပေးစကားပြောလိုက်ပါလေတယ်။

ချိုးလင်လင်က စိတ်လှုပ်တရှား ပြောလာလေတယ်၊ "ငါက ကလေးပဲရှိသေးတော့၊ ဖြတ်လျှောက်လုပ်ရုံပဲလေဟာ။ ဘာအတွေ့ကြုံမှ သိပ်မရှိဘူးလေ။"

"စိတ်မပူပါနဲ့။"

"ငါစိတ်ပူတုန်းဟ။"

"..." ဆုန်ရန်လည်း ဘာမှမတတ်နိုင်တော့ဘဲ၊ သူမလက်ကိုသာ ဆုပ်ကိုင်ပေးထားလိုက်လေတယ်။

ပထမစာမေးပွဲက ရွတ်ဖတ်ခြင်းဖြစ်လေတယ်၊ အခန်းထဲမှာ ဆုန်ရန်ကလွဲလို့၊ လူတိုင်းက စိတ်လှုပ်ရှားနေလေတယ်။

သူမက စာမေးပွဲအပေါ် တကယ်ကြီး အာရုံစိုက်မထားခဲ့လို့ပေါ့။

ဒါပေမဲ့ သူမစိတ်လှုပ်မရှားနေတာကြောင့် ဖြစ်နိုင်တယ်၊ စာမေးပွဲဖြေပြီးသွားရော၊ အဖွဲ့ထဲမှာ ပထမဆုကို ရခဲ့ပါလေသည်။

နောက်တစ်ကြော့စာမေးပွဲအတွက် သတိပေးချက်ကို သူမလက်ခံရရှိလိုက်ချိန်၊ လုမူရှန်းရယ် အန်ကယ်လေးရယ်နဲ့အတူ ထမင်းစားနေကြတာ။

သူမသတိပြန်မဝင်လာခင်၊ ချိုးလင်လင်အသံက WeChatကနေ ထွက်ပေါ်လာလေတယ်။

ဆုန်ရန်လည်း voice messageကို ဖွင့်မိလိုက်လေတော့၊ ချိုးလင်လင်ရဲ့ တက်ကြွတဲ့အသံကျယ်ကြီးက စားသောက်ဆိုင်ထဲ ပဲ့တင်သံထပ်သွားလေတော့တယ်: "ရန်ရန်! အာ ငါ စာမေးပွဲအောင်သွားပြီဟ! နင်ကော အောင်လား?!!! ငါတော့ အရမ်းပျော်နေတယ်ဟာ!!!"

ဒီမမျှော်လင့်ထားတဲ့အသံကြီးကြောင့် ဆုန်ရန်မှာ လန့်သွားလေတော့ သူမဖုန်းကို မြေပြင်ပေါ်တောင် လွှတ်ချမိတော့မလို့။

စားသောက်ဆိုင်ထဲကလူတိုင်းကလည်း သူမအား လှည့်ကြည့်လာကြတော့၊ မျက်နှာကို ကာထားလိုက်ပါလေတယ်။ အရမ်း... အရမ်းရှက်ဖို့ကောင်းတာပဲ!!!

သူမနဲ့မျက်နှာချင်းဆိုင်ကလုယန်းက မေးကြည့်လာလေတယ်၊ "အာမူပြောတာ မင်းသူငယ်ချင်း အနုပညာစာမေးပွဲသွားဖြေတာကို အဖော်လိုက်သွားပေးတယ်ဆို။"

ဆုန်ရန်က ခေါင်းညိတ်ပြလိုက်လေတယ်။

"မင်းလည်းဝင်ဖြေခဲ့တာလား?"

"..."

ဆုန်ရန်က စာမေးပွဲဝင်ဖြေခဲ့တဲ့အကြောင်း မပြောပြလိုက်တာက၊ စာမေးပွဲမအောင်နိုင်လောက်ဘူးလို့ သူမထင်နေတာကြောင့်ပေါ့။

သို့သော်၊ အခုတော့ ချိုးလင်လင်ရဲ့ အောင်မအောင်မေးလာတာကြောင့် ပေါ်သွားခဲ့လေပြီ။

သူမက ချက်ချင်းခေါင်းလှည့်လာကာ၊ လုမူရှန်း လက်မောင်းကိုဖက်ထားလိုက်ပြီး၊ အမှားလုပ်မိတဲ့ ကလေးတစ်ဦးလိုမျိုး၊ တီးတိုးပြောပြလာလေတယ်: "လုကော၊ အစကတော့ ငါလည်း ဝင်မဖြေချငိခဲ့ဘူး။ တကယ်ပါနော်၊ ငါစာရင်းသွင်းဖို့လုပ်တော့လည်း မရခဲ့ဘူးလေ။ ဒါပေမဲ့အဲ့တုန်းက သူတို့ကလာပြီး ငါ့အတွက် ခြွင်းချက်ထားပေးမယ်ပြောတော့၊ ချိုးလင်လင်ကလည်း ငါ့ကို ဖောင်ဖြည့်ဖို့တောင်းဆိုလာတော့၊ ငါလည်း စမ်းကြည့်လိုက်မယ်ဆိုပြီး စာရင်းသွင်းမိသွားတာ။ ငါတကယ်ကြီး ဝင်မဖြေချင်ခဲ့ပါဘူး။"

အဲ့နောက်မှာတော့၊ သူမက အရမ်းသတိကြီးစွာ ပြောလာလေတယ်: "ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါ ကျန်တဲ့စာမေးပွဲတွေကို သွားမဖြေပါဘူး!"

လုမူရှန်းမပြောနိုင်ခင်၊ လုယန်းက ဖြတ်ပြောလာပါလေတယ်၊ "ဘာလို့မဖြေရမှာလဲ? အောင်ရင်သွားဖြေပေါ့။"

လုမူရှန်းက မျက်ခုံးပင့်ကာ လုယန်းကို စိုက်ကြည့်လာလေတယ်၊ သူ့အကြည့်က နက်ရှိုင်းပြီး ခံစားချက်မဲ့နေလေတယ်။

လုယန်းက သူ့ကိုပြန်စိုက်ကြည့်လာပြီး လျစ်လျူရှုထားလိုက်ကာ၊ ဆုန်ရန်ကိုကြည့်ပြီး ပြောလာလိုက်တယ်၊ "အဲ့ကျောင်းကမဆိုးဘူးနော်။ ကျန်းယီယီလည်း အဲ့ကျောင်းကနေ ဘွဲ့ရခဲ့တာ။"

ဆုန်ရန်: "သိ...သိပါတယ်...ဒါပေမဲ့ အဲ့အသိုင်းဝိုင်းက ရှုပ်ထွေးတော့၊ ကျွန်မမသွားချင်ဘူး။"

လုယန်းက ရုတ်တရက်ဆို ရယ်မောလိုက်လေတယ်၊ "ဘယ်လောက်များ ရှုပ်ထွေးနိုင်မှာတုန်း၊ ကျန်းယီယီ ဆိုးသွမ်းနေမယ်ဆိုရင်တောင်၊ ငါသူ့ကိုကာကွယ်ပေးနိုင်တာပဲလေ။"

လုယန်း တက္ကသိုလ်တက်တုန်းက၊ သူက ဥပဒေကို သင်ယူခဲ့လေတယ်။ သူငယ်စဉ်ကတည်းက၊ သူ့အိပ်မက်က ရှေ့နေတစ်ယောက် ဖြစ်လာဖို့ပဲ။

နောက်တော့၊ ကျန်းယီယီနဲ့ လမ်းခွဲလိုက်ပြီးနောက်၊ ကျန်းယီယီက သရုပ်ဆောင်လောကထဲ ဝင်လာခဲ့လေတယ်။ သူမကိုကာကွယ်ပေးဖို့အတွက်၊ သူ့အိပ်မက်ကို လက်လျော့လိုက်ပြီး သူ့အသက်မွေးလမ်းကြောင်းကို ရုပ်ရှင်နဲ့TVကုမ္ပဏီတစ်ခု စတင်ထူထောင်ခဲ့လေတယ်။ နှစ်အတော်ကြာ ကြိုးစားခဲ့ပြီးနောက်၊ သူက ရုပ်ရှင်းအသိုင်းဝိုင်း၌ ထိပ်ဆုံးနေရာကို အပိုင်ရယူထားနိုင်ခဲ့တယ်။

သူ ဒီအသိုင်းဝိုင်းကို ဝင်ရောက်လာတာရဲ့ ရည်ရွယ်ချက်က ကျန်းယီယီကို ကာကွယ်ပေးဖို့ပဲ။

အနုပညာလောကထဲ ကျန်းယီယီဝင်ျရာက်လာချိန်က၊ သူမက ထုတ်လုပ်ရေးအသင်းတော်တော်များများရဲ့ ဇာတ်ဆောင်ငယ်လေးတွေ၌သာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့ပြီး၊ သူမမှာ agentတောင် မရှိလေဘူး။

သူက ကျန်းယီယီအတွက် agentခန့်ပေးခဲ့ပြီး၊ သူမအတွက် အသင်းဖွဲ့စည်းပေးခဲ့လေတယ်၊ ဒါပေမဲ့ သူမသူဌေးက သူဆိုကြောင်း အခြားသူတွေကို ပြောပြခွင့် မပေးခဲ့ပါဘူး။

သူမသာ သိသွားခဲ့ရင်၊ သူ့အတောင်တွေအောက် ဆက်မနေတော့မှာကို သူစိုးရိမ်မိလေသည်။

သူမအတွက် အကောင်းဆုံးအရင်းမြစ်တွေ ထောက်ပံ့ပေးတယ်၊ သူမအား အကျော်ကြားဆုံးကြယ်ပွင့်လေးဖြစ်အောင် မြှင့်တင်ပေးခဲ့ပြီး၊ ထိပ်ဆုံးအရင်းအမြစ်အားလုံးကို သူမထံသာ ပို့ပေးခဲ့လေသည်။

ကျန်းယီယီနောက်မှာ ဘယ်သူရှိနေလဲဆိုကြောင်း ဘယ်သူမှမသိလေဘူး၊ ကျန်းယီယီ ကိုယ်တိုင်ကကောပေါ့။ သူမသိတာဆိုလို့ အရေးပါတဲ့ကြော်ငြာတွေကော အဓိကထုတ်လုပ်မှုတွေကကော သူမ ဝင်တောင်မပါလိုက်ရဘဲ၊ သူမဆီကို သူ့ဟာသူ ရောက်လာကြတယ်ဆိုတာပါပဲ၊၊ သူမ ထင်ခဲ့တာက ဒါတွေကို သူမအဖွဲ့ရဲ့ကြိုးစားမှုတွေလို့ပေါ့၊ ဒါပေမဲ့ သူမအသင်းနောက်မှာ သူဌေးကြီးတစ်ယောက် ရှိနေလိမ့်မယ်လို့တော့ သူမ တစ်ခါမှ မတွေးခဲ့ဖူးလေဘူး။

လုယန်းက စောင့်ရှောက်ပေးနေတော့၊ နှစ်ပေါင်းများစွာ အသိုင်းဝိုင်းထဲ ကျန်းယီယီနေခဲ့ရပြီး၊ သူမအား ဘယ်သူမှ လာရန်မစရဲကြလေဘူး။

အဲဒီနေ့တုန်းက ညစာစားပွဲ၌ သူမမူးနေခဲ့တာက၊ အချိန်အတော်ကြာ လမ်းခွဲပြီးနောက် လုယန်းနဲ့ ပြန်တွေ့လိုက်ရလို့ပဲ။ သူမစိတ်အခြေနေ ဆိုးဝါးနေခဲ့လေတယ်။ အခြားသူတွေ သူမအား လေးစားမှုပြလာကြတော့၊ သူမလည်း လာတဲ့လူတိုင်းကို ငြင်းမလွှတ်နိုင် ဖြစ်ခဲ့လေတယ်။ 

နောက်တော့၊ သူမမန်နေဂျာက လုယန်းကို တိတ်တိတ်လေး လှမ်းခေါ်လိုက်တယ်။ လုယန်းရောက်သွားချိန်၊ သူမက မူးနေပြီဖြစ်ကာ စာ‌းပွဲပေါ်မှာ သတိမမူနိုင်စွာ လှဲနေလေသည်။

ထိုအချိန်တုန်းက လုယန်းမျက်နှာကညမည်းမှောင်နေကာ၊ သူ့စိုက်ကြည့်လာတဲ့အကြည့်က၊ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့၊ ခွက်တိုက်သောက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို၊ တုန်ယင်ကြောက်လန့်သွားစေခဲ့လေသည်။

အဲဒီနေ့မှပဲ ကျန်းယီယီနောက်မှာ လုယန်းရှိနေတယ်ဆိုတာကို သူတို့နားလည်လိုက်ကြပါတယ်။

ဒါပေမဲ့ လုယန်းရဲ့လူတွေက သူတို့အားလုံးကို နှုတ်ပိတ်ခိုင်းထားတော့၊ ဘယ်သူမှ ထုတ်မပြောရဲကြလေဘူး။

...

ဒီတော့မှပဲ လုယန်းက ရုပ်ရှင်နဲ့TV ကုမ္ပဏီကို ထူထောင်ထားတယ်ဆိုတာကို သူမသိလိုက်ရလေပြီး၊ အဲ့ကုမ္ပဏီက ရုပ်ရှင်အသိုင်းဝိုင်းလောကထဲမှာ အင်အားအကောင်းဆုံးကုမ္ပဏီလည်း ဖြစ်နေသေးလေတယ်။

ဆုန်ရန်မှာ လုယန်းအပေါ် အရမ်းလေးစားသွားကာ၊ သူ့အား ကြယ်ရောင်မျက်ဝန်းလေးဖြင့် မေးလိုက်လေတယ်: "အန်ကယ်လေး ရုပ်ရှင်တစ်ခုရိုက်ပြီးတာနဲ့ ပိုက်ဆံတွေအများကြီးရတယ်ဆိုတာ၊ တကယ်အမှန်လားဟင်?"

လုယန်းက မျက်ခုံးပင့်ပြလာပြီး၊ "ဟုတ်တယ်။"

ဆုန်ရန်မျက်လုံးတွေ တောက်ပလာကာ၊ လုယန်းက တောက်ပြောင်နေတဲ့ရွှေခဲကြီးလို့ ခံစားမိလိုက်ပြီး၊ တံတွေးမျိုချလိုက်ကာ အလွန်သတိထားပြီး မေးလာလေတယ်: "ဝင်ငွေ ဘယ်လောက်ရတာလဲ? တစ်ဘဝလုံးသုံးဖို့ လုံလောက်လားဟင်?"

"မင်းဘယ်လိုသုံးမလဲဆိုတာအပေါ် မူတည်တယ်လေ၊" လုယန်းက မီးခြစ်နဲ့ဆော့ကစားနေရင်း ဖြေပေးလာလေတယ်။

"ဒါဆို...အိမ်တစ်အိမ် ဝယ်နိုင်ဖို့လောက်ထိ လုံလောက်လားဟင်?" သူမက အိမ်ပြောင်းပြီး သူမအဖေနဲ့အတူ ပိုကောင်းတဲ့ပတ်ဝန်းကျင်၌ နေထိုင်ချလေတယ်။

"အိမ်? မင်းအိမ်လိုအပ်လို့လား?"

ဆုန်ရန်က ခေါင်းညိတ်ပြလိုက်တော့မယ့်အချိန်၊ တစ်ခုခုကို ရုတ်တရက်ကြီး သတိရလိုက်လေတယ်။ သူမက ချက်ချင်းပါးစပ်ပိတ်ထားလိုက်ပြီး၊ သူမဘေးက လုမူရှန်းကို လှမ်းကြည့်လာလိုက်လေသည်။

အဲ့တော့မှပဲ သူမက စာမေးပွဲဖြေထားတယ်ဆိုကြောင်း ပြောပြီးကတည်းက လုမူရှန်းက အစကနေအဆုံးထိ စကားတစ်ခွန်းမှ ပြောမလာသေးဘူးဆိုတာကို သတိထားမိလိုက်လေတယ်။

သူမက လုမူရှန်းလက်ကို မြန်မြန်ဆွဲကိုင်လာကာ သူ့အား ရှင်းပြလာလေတယ်၊ "လုကော၊ ငါကမေးကြည့်ရုံတင်ပါ၊ သွားမဖြေပါဘူးနော်။ နင် မနက်ဖြန် လေယာဉ်လက်မှတ်ဝယ်ပြီး၊ ငါတို့ မနက်ဖြန်ကျ အိမ်ပြန်ကြမယ်နော်၊ ဟုတ်ပြီလား?"

《ZAWGYI》

အပိုင္း(၆၅)

ခ်ိဳးလင္လင္က ဆုန္ရန္အား သူမကိုအေဖာ္ျပဳေပးဖို႔ ေခၚလာေလေတာ့၊ ဆုန္ရန္လည္း မျငင္းဆန္ႏိုင္ဘဲ သေဘာတူလိုက္ေလတယ္။

ႏွစ္ဦးသားက ေတြ႕မယ့္အခ်ိန္နဲ႔ေနရာကို ခ်ိန္းလိုက္ၾကတယ္။ မနက္ျဖန္စာေမးပြဲအတြက္ ျပင္ဆင္ရန္ေတြ႐ွိေသးေတာ့ ခ်ိဳးလင္လင္လည္း ဟိုတယ္ကိုျပန္ရန္ အလ်င္လိုေနေလတယ္။ သူမက ဆုန္ရန္ကို ႏႈတ္ဆက္ၿပီးတာနဲ႔ တကၠစီငွားၿပီး ထြက္လာခဲ့လိုက္တယ္။

ခ်ိဳးလင္လင္ထြက္သြားၿပီးေနာက္၊ ဆုန္ရန္က လုမူ႐ွန္းဘက္လွည့္လာကာ သူ႕လက္ကိုကိုင္ၿပီး၊ "လုေကာ၊ မစိုးရိမ္ပါနဲ႔။ ငါက ခ်ိဳးလင္လင္နဲ႔ အေဖာ္လိုက္ေပး႐ုံပဲ။ ငါ ဝင္မေျဖပါဘူး။"

သူမလည္း တကယ္ဝင္မၿပိဳင္ခ်င္ေလဘူး။ အရင္တစ္ေခါက္ လုမူ႐ွန္းက သူမကို ဝင္မေျဖေစခ်င္ကတည္းက၊ ဆုန္ရန္လည္း ထိုအေၾကာင္း တစ္ခါမွ ျပန္မေတြးခဲ့မိပါဘူး။

လုမူ႐ွန္းက သူမကို စူးစူးနစ္နစ္စိုက္ၾကည့္လာၿပီး၊ အခ်ိန္အေတာ္ၾကာမွ စကားေျပာလာေလတယ္၊ "ကိုယ္စိတ္မပူပါဘူး၊ မင္း ဝင္ေျဖခ်င္ရင္ေတာင္၊ မင္း တကယ္လုပ္ခ်င္တာ‌ျဖစ္ေနသေ႐ြ႕၊ ကိုယ္ ‌ပံ့ပိုးေပးပါ့မယ္။" ဆုန္ရန္က ျမန္ျမန္ေခါင္းခါျပလိုက္ၿပီး၊ "ငါတကယ္ ဝင္မေျဖခ်င္ဘူး၊ ခ်ိဳးလင္လင္နဲ႔ အေဖာ္လိုက္ၿပီး သူ႕ကို ေစာင့္ေပး႐ုံပဲ။ သူ ေျဖၿပီးတာနဲ႔ ငါျပန္လာခဲ့လိုက္မယ္!"

လုမူ႐ွန္းက ေခါင္းညိတ္ျပၿပီး၊ သူမလက္ကို ဆြဲကာ၊ "သြားၾကရေအာင္၊ ထမင္းသြားစားၾကမယ္။"

...

ေနာက္တစ္ေန႔၌၊ ဆုန္ရန္ လိုက္မလာမွာကို စိတ္ပူေနတဲ့အလား၊ ခ်ိဳးလင္လင္က ေျခာက္နာရီမထိုးခင္ကတည္းက ထြက္လာခဲ့ပါေလတယ္။ သူေရာက္သြားခ်ိန္၊ လုယန္းေနတဲ့ အေဆာက္ဦးအျပင္ဘက္၌ ရပ္ၿပီး ေလေအးေတြကို လ်စ္လ်ဴ႐ႈလ်က္ ဆုန္ရန္အား ဖုန္းေခၚလိုက္ေလတယ္။

ဆုန္ရန္က အိပ္ေနတုန္းပဲ။ ဖုန္းသံကိုၾကားေတာ့၊ သူမက မ်က္လုံးဖြင့္မလာဘဲ၊ ကိုင္လိုက္ပါေလတယ္၊ "ဟယ္လို၊"

"ရန္ရန္! ငါနင့္ဦးေလးရဲ႕ အေဆာက္ဦးအျပင္ဘက္ေရာက္ေနတယ္! နင္ဆင္းလာၿပီလား?"

ခ်ိဳးလင္လင္အသံကိုၾကားေတာ့၊ မ်က္ေမွာင္ၾကႇဳပ္မိလိုက္ေလေတာ့၊ ခဏေနမွ မ်က္လုံးေတြ ဖြင့္လာပါေလတယ္။ သူမက ကုတင္ေဘးက မီးအိမ္ကို လွမ္းဖြင့္လိုက္ၿပီး၊ မ်က္လုံ‌းေတြေမွးထားကာ ဖုန္းကနာရီကို လွမ္းၾကည့္လိုက္ေလတယ္။ မနက္ခင္း အေစာႀကီးပဲ႐ွိေသးေလတယ္။

သူမက ေစာင္ကိုဖက္ၿပီး အိပ္ခ်င္မူးတူး ထလာေလတယ္၊ "အခုမွ ငါးနာရီပဲ႐ွိေသးတာေလ။"

"ငါးနာရီေတာင္႐ွိၿပီေလဟာ၊ ခဏေနက် ငါတို႔လမ္းေလွ်ာက္သြားရဦးမယ္ေလ! နင္အခုထိ မႏိုးေသးဘူးလို႔ေတာ့ ငါ့ကိုမေျပာလိုက္နဲ႔ေနာ္?!"

ဆုန္ရန္လည္း သိမ္းသြင္းခံလိုက္ရကာ ကုတင္ေပၚကေန အိပ္ခ်င္းမူးတူးထလာလိုက္ၿပီး၊ "ငါ့ကိုေစာင့္ေန။ ခဏေနထြက္လာခဲ့လိုက္မယ္။"

"ေအး! ျမန္ျမန္ေနာ္!"

ဆုန္ရန္လည္း ဖုန္းခ်လိုက္ကာ အခန္းထဲက အဓိကမီးကို ဖြင့္လိုက္ပါေလတယ္။

သူမလည္း ျမန္ျမန္ေဆးေၾကာသန္႔စင္လိုက္ကာ၊ အဝတ္စားလဲၿပီး အျပင္ထြက္လာခဲ့လိုက္ေလတယ္။

လုမူ႐ွန္းနဲ႔ အန္ကယ္ေလးႏိုးသြားမွာကို စိတိပူတာေၾကာင့္၊ ေျခသံဖြဖြေလးနင္းၿပီး ေလွ်ာက္လာခဲ့ေလတယ္။

သို႔ေသာ္၊ သူမ တံခါးနားေရာက္ၿပီး ဖိနပ္ထုတ္ယူလိုက္ခ်ိန္၊ လုမူ႐ွန္းတံခါးက ပြင့္ေနေလတယ္။

သူက အခုေလးတင္ထလာပုံပဲ၊ သူ႕အသံက ေျခာက္ကပ္ကပ္ျဖစ္ေနေလတယ္၊ "အေစာႀကီးလား?"

ဆုန္ရန္က၊ "ခ်ိဳးလင္လင္က ေအာက္မွာ ေစာင့္ေနတာေလ။"

လုမူ႐ွန္းက အနားေလွ်ာက္လာကာ၊ သူ႕လက္ေတြကိုဆန္႔ၿပီး ဆုန္ရန္ကို ဖက္လာလိုက္တယ္၊ "ကိုယ္လိုက္ခဲ့ေပးဖို႔ တကယ္မလိုတာလား?"

"မလိုပါဘူး၊ နင္ပါေနရင္ ခ်ိဳးလင္လင္က ေနရခက္ေနႏိုင္တယ္။"

ဆုန္ရန္က သူငယ္ခ်င္းေတြနဲ႔ ပတ္လည္တဲ့အခ်ိန္တိုင္း၊ လုမူ႐ွန္းကို မေခၚသြားတတ္ေလဘူး၊ သူမသူငယ္ခ်င္းေတြ ေနရခက္မွာကို စိတ္ပူတာေၾကာင့္ေပါ့။

လုမူ႐ွန္းက ေခါင္းညိတ္ျပၿပီး၊ "ဒါဆို လုံျခဳံေရးကို ဂ႐ုစိုက္ရမယ္ေနာ္ အဲ့ကိုေရာက္တာနဲ႔ ကိုယ့္ကိုဖုန္းလွမ္းဆက္လိုက္။"

"အင္းပါ၊ အင္းပါ။"

"ၿပီးခါနီးရင္လည္း ကိုယ့္ကိုဖုန္းလွမ္းဆက္လိုက္၊ ကိုယ္လာႀကိဳေပးမယ္ေနာ္။"

"အိုေက။"

လုမူ႐ွန္းလည္း မလႊတ္ခ်င္လႊတ္ခ်င္ျဖင့္ ဆုန္ရန္ကို လႊတ္ေပးလိုက္ရေလတယ္။

ဆုန္ရန္က ေျခဖ်ားေထာက္ၿပီး လုမူ႐ွန္းမ်က္ႏွာေပၚ ဖြဖြေလး နမ္းလာလိုက္ကာ၊ "ငါသြားၿပီေနာ္။"

လုမူ႐ွန္းလည္း ေခါင္းညိတ္လိုက္ပါေလတယ္။

ဆုန္ရန္ထြက္သြားေတာ့မွာကိုျမင္ေတာ့၊ သူက စိတ္မထိန္းနဲ႔ အေ႐ွ႕တိုးလာၿပီး သူမကို ဖက္လိုက္ျပန္ပါေလတယ္။

ဆုန္ရန္မွာ သေဘာေတြ႕သြားရကာ၊ "တြန္႔ဆုတ္မေနနဲ႔ေလ၊ ငါခဏေန ျပန္လာမွာပဲကို။"

"အင္း၊" လုမူ႐ွန္းအသံက လုံးေထြးေနကာ၊ ဆုန္ရန္ပုခုံးေပၚ မ်က္ႏွာအပ္ထားလိုက္ေလသည္။

ဆုန္ရန္က ျပဳံးၿပီး သူ႕ကိုတြန္းထုတ္လိုက္ပါတယ္၊ "ဒါဆို ငါ့ကိုလႊတ္ေပးေတာ့။"

"အင္း၊၊"

"လႊတ္လိုက္ေတာ့ေလ။"

"အင္း။"

"..."

...

ဆုန္ရန္ထြက္လာခ်ိန္၊ ခ်ိဳးလင္လင္က သူမကိုျမင္ေတာ့ သူမအနား ေျပးလာခဲ့ၿပီး၊ "ဘုရားေရ၊ နင္ေရာက္လာၿပီပဲ!"

ဆုန္ရန္က သမ္းေဝလိုက္ၿပီး၊ "အေစာႀကီးပဲ႐ွိေသး၊ အခုထိ ေနေတာင္မထြက္ေသးတာႀကီးကို။"

သူမလည္းေျပာၿပီးသြားေတာ့၊ ခ်ိဳးလင္လင္အမူရာက တည္တင္းသြားေလေတာ့တယ္။

ဆုန္ရန္မွာ ေၾကာင္အသြားကာ၊ "ဘာျဖစ္တာတုန္း?"

ခ်ိဳးလင္လင္မ်က္လုံးေတြက ျပဳတ္ထြက္ေတာ့မယ့္အလား ျပဴးက်ယ္ေနၿပီး၊ "ဘုရားေရ! ဆုန္ရန္၊ နင္ဒီလိုဝတ္ၿပီး ထြက္လာတယ္ေပါ့ေလ!"

ဆုန္ရန္အမူရာက ဇေဝဇဝါျဖစ္သြားကာ၊ "အာ၊ ငါဘာျဖစ္ေနလို႔လဲ?"

"အိုက္ယား! နင္ဘာလို႔ မိတိကပ္မလိမ္းရတာလဲ?"

ဆုန္ရန္လည္း နားလည္လိုက္ၿပီး ‌ျပန္ေျပာလိုက္ပါေလတယ္၊ "မိတိကပ္လိမ္းတာ ဘာေကာင္းလို႔လဲ?"

ခ်ိဳးလင္လင္က ဆုန္ရန္ရဲ႕အခုမွႏိုးလာပုံရတဲ့မ်က္ႏွာကိုၾကည့္ၿပီး၊ ရယ္ရငိုရျဖစ္သြားေလေတာ့တယ္၊ "နင္နဲ႔ ငါ့ကိုအေဖာ္လိုက္ေစခ်င္ေပမဲ့၊ အနည္းဆုံးေတာ့ နင္မွာ စာေမးပြဲစိတ္ဓာတ္ေလး ထားထားသင့္တယ္ေလဟာ။"

သူမေျပာၿပီးတာနဲ႔၊ ဆုန္ရန္ကို အေသအခ်ာၾကည့္လာၿပီး၊ မေနႏိုင္ဘဲ ေတာက္ေခါက္လိုက္ပါေလတယ္၊ "ဒါေပမဲ့ နင္က သဘာဝအတိုင္းလည္း လွေနတာပဲ၊ မိတ္ကပ္မပါတာေတာင္၊ လွလြန္းေနလို႔ ဘာမွေျပာစရာေတာင္ မလိုေနဘူး။"

...

စာေမးပြဲခန္းမကို ခ်ိဳးလင္လင္နဲ႔ ဆုန္ရန္တို႔ ေရာက္လာၾကခ်ိန္၊ မိုးလင္းခါ‌နီးေနေလၿပီ။

သူမတို႔က အေတာ္ေလးေစာေရာက္ေနတာလို႔ ဆုန္ရန္ နဂိုက ထင္ထားခဲ့ေပမဲ့၊ စာေမးပြဲခန္းမကိုေရာက္မွ၊ ေလေအးေတြထဲ ရပ္ေနၾကတဲ့ လူအမ်ားႀကီးကို သူမျမင္ေတြ႕လိုက္ရပါေလတယ္။

ဆုန္ရန္က သက္ျပင္းခ်မိလိုက္ေလတယ္၊ ဒါကို လူေထာင္ခ်ီတပ္ဖြဲ႕ႀကီးက ပ်ဥ္းခ်ပ္တံတားေပၚ ျဖတ္ကူးေနတယ္လို႔ ယူဆလို႔ရေလသည္။ 

သူမလည္း ခ်ိဳးလင္လင္ ပုခုံးကို ပုတ္ေပးလိုက္ၿပီး၊ သူမအား အားေပးတဲ့အၾကည့္ျဖင့္ ၾကည့္လာကာ၊ "ခ်ိဳးလင္လင္၊ ႀကိဳးစားထား!"

"အင္း!" ခ်ိဳးလင္လင္က အျပင္းအထန္ ေခါင္းညိတ္ျပလာၿပီး၊ ဆုန္ရန္႔လက္ကိုဆြဲကာ ေ႐ွ႕တိုးလာေလတယ္။

ဆုန္ရန္မွာ ေၾကာင္အမ္းသြားကာ၊ "နင္ဘယ္ကိုသြားမလို႔လဲ?"

"နင့္နာမည္စာရင္းသြင္းဖို႔ ေခၚသြားေပးမလို႔။"

"အာ! ငါ စာရင္းမသြင္းခ်င္ဘူး၊ ငါနင္နဲ႔အေဖာ္လိုက္ေပး႐ုံပဲေလ!"

"ဒီေရာက္ေနမွေတာ့၊ ဘာလို႔ မႀကိဳးစားၾကည့္တာတုန္း!" ခ်ိဳးလင္လင္က ဆုန္ရန္႔လက္ကိုဆြဲၿပီး ေ႐ွ႕တိုးလာပါေလတယ္။

စာေမးပြဲအခန္းအျပင္ဘက္၌ သတင္းအခ်က္အလက္စားပြဲတစ္ခု႐ွိေလတယ္။ ခ်ိဳးလင္လင္က ဆုန္ရန္ကို အဲ့ေနရာဆီ ဆြဲေခၚလာခဲ့တယ္။ သူမရည္႐ြယ္ခ်က္ကို ႐ွင္းျပၿပီးသြားေတာ့၊ စာရင္းသြင္းခ်ိန္ေက်ာ္သြားၿပီမို႔ စာရင္းသြင္းမရေတာ့ဘူးလို႔ တစ္ဖက္က ျပန္ေျဖေပးလာပါေလတယ္။

ခ်ိဳးလင္လင္မွာ ေၾကာင္အမ္းသြားကာ၊ ႐ုတ္တရက္ဆို သတိရမိလိုက္ၿပီး၊ သူမနဖူးကို႐ိုက္ကာ၊ ဆုန္ရန္ဘက္လွည့္လာၿပီး ေတာင္းပန္စကား ေျပာလာေလတယ္: "အရင္စာရင္းသြင္းထားရမယ္ဆိုတာကို ငါေမ့သြားတယ္ဟာ၊ အခုစာရင္းသြင္းမရေတာ့ဘူး။"

ဆုန္ရန္လည္း ျမန္ျမန္လက္ခါျပလာၿပီး၊ "အဆင္ေျပပါတယ္။ ငါက နင္နဲ႔လိုက္ေပး႐ုံပဲ ဝင္မေျဖခ်င္ပါဘူးဟာ။ သြားရေအာင္၊ ေႏြးတဲ့ေနရာ႐ွာၿပီး ေစာင့္ေနရေအာင္။ ဒီကေအးတယ္ဟ။"

"အင္း၊" ခ်ိဳးလင္လင္လည္း သေဘာတူကာ ဆုန္ရန္လက္ကိုဆြဲၿပီး ထြက္လာခဲ့ေလတယ္။

ထိုအခ်ိန္၌၊ အသက္ေလးဆယ္ငါးဆယ္ေလာက္႐ွိတဲ့ က်က္သေရ႐ွိတဲ့အဝတ္စားေကာင္းေတြဝတ္ဆင္းထားေသာ အမ်ိဳးသမီးတစ္ဦးက သူတို႔နားက ျဖတ္သြားေလတယ္။ ဆုန္ရန္ကိုျမင္ေတာ့၊ သူမအၾကည့္ေတြက လင္းလက္လာပါေလတယ္။

မိတ္ကပ္မလိမ္းထားဘူးဆိုေပမဲ့၊ သူမမ်က္ႏွာအသြင္အျပင္က မိတ္ကပ္မပါဘဲနဲ႔ေတာင္ အေတာ္ေလးရင္သပ္႐ႈေမာဖြယ္ေကာင္းေနေလတယ္။ သူမမ်က္ႏွာအသြင္ျပင္က ဟိတ္ဟန္မ်ားတဲ့အလွေလးအမ်ိဳးစားထဲ ပါဝင္ေနေပမဲ့၊ သူမပင္ကိုယ္စ႐ိုက္ကေတာ့ ျဖဴစင္သန္႔႐ွင္းေနပါေလတယ္။ 

လွ်ဴေစြ႕ယီက သူမအား သေဘာတက်ျဖစ္ေစတဲ့ ေက်ာင္းသူမ်ိဳးကို မေတြ႕ရတာ အေတာ္ၾကာခဲ့ၿပီ။ သူမလည္း သတင္းအခ်က္လက္စားပြဲဆီ ေလွ်ာက္လာၿပီး ေက်ာင္းသားသမဂၢအဖြဲ႕မွ ေက်ာင္းသားကို လွမ္းေမးလိုက္ေလတယ္၊ "အဲဒီႏွစ္ေယာက္က ဒီႏွစ္ဝင္ေျဖမယ့္သူေတြလား?"

ေက်ာင္းသူ/ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားက ေလးစား႐ိုေသစြာျဖင့္ မတ္တတ္ရပ္လာၾကေလတယ္။

သူတို႔ထဲက တစ္ေယာက္က ႐ို႐ိုေသေသေမးလာေလတယ္၊ "ပါေမာကၡ၊ အေစာက ျဖတ္သြားတဲ့မိန္းကေလးႏွစ္ေယာက္အေၾကာင္း ေမးခ်င္တာလားဗ်?"

"ဟုတ္တယ္၊ အနက္ေရာင္ဂ်ာကင္႐ွည္ကို ဝတ္ထားတဲ့မိန္းကေလးေလ။"

အနက္ေရာင္ဂ်ာကင္ဝတ္ထားတဲ့ မိန္းကေလးက ဘယ္သူျဖစ္မလဲဆိုေၾကာင္း ျပန္စဥ္းစားၿပီးေနာက္၊ ခ်က္ခ်င္းေျဖေပးလိုက္ေလတယ္၊ "အဲဒီမိန္းကေလးက စာေမးပြဲဝင္ေျဖခ်င္ေပမဲ့၊ စာရင္းမသြင္းခဲ့ပုံပဲ။"

လွ်ဴေစြ႕ယီက မ်က္ေမွာင္ၾကႇဳပ္လိုက္ၿပီး၊ "သြား၊ သူမကိုသြားေခၚလာၿပီး အခုခ်က္ခ်င္း စာရင္းသြင္းခိုင္းလိုက္။"

ေျပာၿပီးတာနဲ႔၊ သူမက စာေမးပြဲခန္းဆီ ေလွ်ာက္ထြက္လာပါေလတယ္။

က်န္တဲ့ေက်ာင္းသားေတြက မွင္သက္သြားေလေတာ့တယ္၊ "ဘုရားေရ၊ ပါေမာကၡကိုယ္တိုင္က ‌နာမည္ေရးခိုင္းတဲ့လူဆိုေတာ့၊ စာရင္းထဲ ပါသြားေတာ့မွာပဲေနာ္။"

"ဒါကို ေျပာစရာေတာင္ မလိုဘူးေလ။"

"ဝိုး၊ ငါအားက်လိုက္တာဟာ။ ငါသာ ပါေမာကၡတန္ဖိုးထားသာခံရမယ္ဆိုရင္၊ ငါေတာ့ အနာဂတ္က် အရင္းအျမစ္ေတြအတြက္ စိတ္ပူစရာမလိုေတာ့ဘူးဟယ္။"

"ဒါေပမဲ့ အေစာတုန္းက မိန္းကေလးက တကယ္လွတယ္ေနာ္။"

မိန္းကေလးတစ္ေယာက္က အနည္းငယ္ ကသိကေအာက္ျဖစ္လာကာ၊ "ငါတို႔ေက်ာင္းမွာလည္း မလွတဲ့မိန္းကေလး႐ွိေသးလို႔လား? ဒါေပမဲ့ ပါေမာကၡ တန္ဖိုးထားခံရသူကေတာ့ လူနည္းနည္းပဲ႐ွိၿပီး စာရင္းသြင္းတာကို ႁခြင္းခ်က္ထားေပးလိုက္တယ္ေနာ္။"

"ဟုတ္ပါ့၊ သူက စာေမးပြဲေတာင္ မေျဖရေသးဘူး၊ မနာလိုျဖစ္ေနရၿပီ။ ျဖစ္ႏိုင္တာ‌ေတာ့ သူက႐ုပ္ကေလးပဲလွၿပီး၊ သ႐ုပ္ေဆာင္အရည္ခ်င္း မ႐ွိေနေလာက္ဘူးေနာ္။"

"အမွန္ပဲေနာ္။"

"ဟုတ္ၿပီ၊ သူမကိုသြား႐ွာၿပီး၊ စာရင္းသြင္းခိုင္းရေအာင္။"

...

သူမအား ႁခြင္းခ်က္အေနနဲ႔ စာရင္းသြင္းခြင့္ေပးလာလိမ့္မယ္လို႔ ဆုန္ရန္မေမွ်ာ္လင့္ထားခဲ့ေလဘူး။ သူမက စာရင္းမသြင္းခ်ငမခဲ့ပါဘူး။ သူမျငင္းဆန္လိုက္ေတာ့မယ့္အခ်ိန္၊ ခ်ိဳးလင္လင္က သူမအတြက္ လက္ခံေပးၿပီး စာရင္းသြင္းရန္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေျပးသြားလိုေကႅတယ္။

ဆုန္ရန္က စာရင္းသြင္းေဖာင္ကို စိုးရိမ္တႀကီး ၾကည့္ေနေလတယ္၊ "ငါဝင္မေျဖခ်င္ဘူးေနာ္။"

"မရဘူး!" ခ်ိဳးလင္လင္က မ်က္ေမွာင္ၾကႇဳပ္ၿပီး ေဘာ့ပင္ကို ဆုန္ရန္လက္ထဲ ထည့္ေပးလာေလတယ္၊ "ဒီေရာက္ေနမွေတာ့၊ စာရင္းသြင္းလိုက္စမ္းပါ။ အေရးႀကီးဆုံးက အဲဒီအခ်ိန္က် နင္ေကာင္းေကာင္းေျဖရမယ္ေနာ္။"

"ဒါေပမဲ့ ငါဘာတစ္ခုမွမသိ‌ဘူးေလ။"

"အဆေႁငၸပါတယ္။ ပထမဆုံးစာေမးပြဲက ႐ြတ္ဆိုျခင္းပဲ။ အရမ္းလြယ္တယ္ဟ။"

ဆုန္ရန္: "ငါမွမမွတ္မိတာ။"

"ဒါဆို၊...ဒါဆို နင္အခုမွတ္လိုက္ေလ၊ သီခ်င္းတစ္ခုခုကို မွတ္လိုက္ေပါ့။ အင္တာနက္ေပၚက တစ္ခုခု႐ွာလိုက္႐ုံပဲ။" ေျပာၿပီးတာနဲ႔၊ ဖုန္ကိုထုတ္ကာ ဆုန္ရန္အတြက္ ႐ြတ္ဖတ္ျပလို႔ရမယ့္အေၾကာင္းအရာတစ္ခုခုကို ခ်က္ခ်င္း႐ွာေပးလိုက္ပါေလတယ္။

"..." ဆုန္ရန္က ခ်ိဳးလင္လင္ကိုၾကည့္ကာ၊ ကူရာမဲ့ၿပီး ဘာေျပာရမွန္း မသိေလေတာ့ဘူး။

ခ်ိဳးလင္လင္ရဲ႕အားေပးမႈေအာက္၊ ဆုန္ရန္လည္း စာရင္းသြင္းေပးလိုက္ၿပီး၊ စကားေျပတစ္ခုကို အလြတ္မွတ္လိုက္ေလသည္။

စာေမးပြဲကို အုပ္စုေတြခြဲထားေလတယ္၊ ခ်ိဳးလင္လင္နဲ႔ဆုန္ရန္က ျဖစ္ခ်င္ေတာ့ တစ္အုပ္စုတည္းၾကေလတယ္၊ ဒီေတာ့ ႏွစ္ေယာက္သားက အတူတူေျဖဆိုရမွာျဖစ္ေလ၏။

စာေမးပြဲလည္း နီးေရာ၊ ခ်ိဳးလင္လင္မွာ စိတ္လႈပ္႐ွားလြန္းလို႔ တစ္ကိုယ္လုံးေတာင္ တုန္ယင္လာေလေတာ့တယ္။

တစ္ဖက္မွာေတာ့၊ ဆုန္ရန္က၊ ဘာမွေတြးပူမေနေလဘဲ၊ ဘာသိဘာသာေနေနေလတယ္။

"ခ်ိဳးလင္လင္၊ စိတ္ပူမေနနဲ႔။ ေတြးၾကည့္လိုက္ဦး၊ နင္က ငယ္ငယ္ကေလးတည္းက ကေလးသ႐ုပ္ေဆာင္လုပ္လာတာေလ။ သာမန္လူေတြထက္ အေတြ႕အၾကဳံပို႐ွိတာေပါ့။ နင္သာ နင့္အရည္ခ်င္းအစစ္မွန္ေတြကို ထုတ္ျပလိုက္သေ႐ြ႕၊ အကုန္လုံး အဆင္ေျပသြားလိမ့္မယ္။" ဆုန္ရန္က ခ်ိဳးလင္လင္လက္ကိုဆြဲၿပီး၊ အားေပးစကားေျပာလိုက္ပါေလတယ္။

ခ်ိဳးလင္လင္က စိတ္လႈပ္တ႐ွား ေျပာလာေလတယ္၊ "ငါက ကေလးပဲ႐ွိေသးေတာ့၊ ျဖတ္ေလွ်ာက္လုပ္႐ုံပဲေလဟာ။ ဘာအေတြ႕ၾကဳံမွ သိပ္မ႐ွိဘူးေလ။"

"စိတ္မပူပါနဲ႔။"

"ငါစိတ္ပူတုန္းဟ။"

"..." ဆုန္ရန္လည္း ဘာမွမတတ္ႏိုင္ေတာ့ဘဲ၊ သူမလက္ကိုသာ ဆုပ္ကိုင္ေပးထားလိုက္ေလတယ္။

ပထမစာေမးပြဲက ႐ြတ္ဖတ္ျခင္းျဖစ္ေလတယ္၊ အခန္းထဲမွာ ဆုန္ရန္ကလြဲလို႔၊ လူတိုင္းက စိတ္လႈပ္႐ွားေနေလတယ္။

သူမက စာေမးပြဲအေပၚ တကယ္ႀကီး အာ႐ုံစိုက္မထားခဲ့လို႔ေပါ့။

ဒါေပမဲ့ သူမစိတ္လႈပ္မ႐ွားေနတာေၾကာင့္ ျဖစ္ႏိုင္တယ္၊ စာေမးပြဲေျဖၿပီးသြားေရာ၊ အဖြဲ႕ထဲမွာ ပထမဆုကို ရခဲ့ပါေလသည္။

ေနာက္တစ္ေၾကာ့စာေမးပြဲအတြက္ သတိေပးခ်က္ကို သူမလက္ခံရ႐ွိလိုက္ခ်ိန္၊ လုမူ႐ွန္းရယ္ အန္ကယ္ေလးရယ္နဲ႔အတူ ထမင္းစားေနၾကတာ။

သူမသတိျပန္မဝင္လာခင္၊ ခ်ိဳးလင္လင္အသံက WeChatကေန ထြက္ေပၚလာေလတယ္။

ဆုန္ရန္လည္း voice messageကို ဖြင့္မိလိုက္ေလေတာ့၊ ခ်ိဳးလင္လင္ရဲ႕ တက္ႂကြတဲ့အသံက်ယ္ႀကီးက စားေသာက္ဆိုင္ထဲ ပဲ့တင္သံထပ္သြားေလေတာ့တယ္: "ရန္ရန္! အာ ငါ စာေမးပြဲေအာင္သြားၿပီဟ! နင္ေကာ ေအာင္လား?!!! ငါေတာ့ အရမ္းေပ်ာ္ေနတယ္ဟာ!!!"

ဒီမေမွ်ာ္လင့္ထားတဲ့အသံႀကီးေၾကာင့္ ဆုန္ရန္မွာ လန္႔သြားေလေတာ့ သူမဖုန္းကို ေျမျပင္ေပၚေတာင္ လႊတ္ခ်မိေတာ့မလို႔။

စားေသာက္ဆိုင္ထဲကလူတိုင္းကလည္း သူမအား လွည့္ၾကည့္လာၾကေတာ့၊ မ်က္ႏွာကို ကာထားလိုက္ပါေလတယ္။ အရမ္း... အရမ္း႐ွက္ဖို႔ေကာင္းတာပဲ!!!

သူမနဲ႔မ်က္ႏွာခ်င္းဆိုင္ကလုယန္းက ေမးၾကည့္လာေလတယ္၊ "အာမူေျပာတာ မင္းသူငယ္ခ်င္း အႏုပညာစာေမးပြဲသြားေျဖတာကို အေဖာ္လိုက္သြားေပးတယ္ဆို။"

ဆုန္ရန္က ေခါင္းညိတ္ျပလိုက္ေလတယ္။

"မင္းလည္းဝင္ေျဖခဲ့တာလား?"

"..."

ဆုန္ရန္က စာေမးပြဲဝင္ေျဖခဲ့တဲ့အေၾကာင္း မေျပာျပလိုက္တာက၊ စာေမးပြဲမေအာင္ႏိုင္ေလာက္ဘူးလို႔ သူမထင္ေနတာေၾကာင့္ေပါ့။

သို႔ေသာ္၊ အခုေတာ့ ခ်ိဳးလင္လင္ရဲ႕ ေအာင္မေအာင္ေမးလာတာေၾကာင့္ ေပၚသြားခဲ့ေလၿပီ။

သူမက ခ်က္ခ်င္းေခါင္းလွည့္လာကာ၊ လုမူ႐ွန္း လက္ေမာင္းကိုဖက္ထားလိုက္ၿပီး၊ အမွားလုပ္မိတဲ့ ကေလးတစ္ဦးလိုမ်ိဳး၊ တီးတိုးေျပာျပလာေလတယ္: "လုေကာ၊ အစကေတာ့ ငါလည္း ဝင္မေျဖခ်ငိခဲ့ဘူး။ တကယ္ပါေနာ္၊ ငါစာရင္းသြင္းဖို႔လုပ္ေတာ့လည္း မရခဲ့ဘူးေလ။ ဒါေပမဲ့အဲ့တုန္းက သူတို႔ကလာၿပီး ငါ့အတြက္ ႁခြင္းခ်က္ထားေပးမယ္ေျပာေတာ့၊ ခ်ိဳးလင္လင္ကလည္း ငါ့ကို ေဖာင္ျဖည့္ဖို႔ေတာင္းဆိုလာေတာ့၊ ငါလည္း စမ္းၾကည့္လိုက္မယ္ဆိုၿပီး စာရင္းသြင္းမိသြားတာ။ ငါတကယ္ႀကီး ဝင္မေျဖခ်င္ခဲ့ပါဘူး။"

အဲ့ေနာက္မွာေတာ့၊ သူမက အရမ္းသတိႀကီးစြာ ေျပာလာေလတယ္: "ဒါေပမဲ့ စိတ္မပူပါနဲ႔၊ ငါ က်န္တဲ့စာေမးပြဲေတြကို သြားမေျဖပါဘူး!"

လုမူ႐ွန္းမေျပာႏိုင္ခင္၊ လုယန္းက ျဖတ္ေျပာလာပါေလတယ္၊ "ဘာလို႔မေျဖရမွာလဲ? ေအာင္ရင္သြားေျဖေပါ့။"

လုမူ႐ွန္းက မ်က္ခုံးပင့္ကာ လုယန္းကို စိုက္ၾကည့္လာေလတယ္၊ သူ႕အၾကည့္က နက္႐ိႈင္းၿပီး ခံစားခ်က္မဲ့ေနေလတယ္။

လုယန္းက သူ႕ကိုျပန္စိုက္ၾကည့္လာၿပီး လ်စ္လ်ဴ႐ႈထားလိုက္ကာ၊ ဆုန္ရန္ကိုၾကည့္ၿပီး ေျပာလာလိုက္တယ္၊ "အဲ့ေက်ာင္းကမဆိုးဘူးေနာ္။ က်န္းယီယီလည္း အဲ့ေက်ာင္းကေန ဘြဲ႕ရခဲ့တာ။"

ဆုန္ရန္: "သိ...သိပါတယ္...ဒါေပမဲ့ အဲ့အသိုင္းဝိုင္းက ႐ႈပ္ေထြးေတာ့၊ ကြၽန္မမသြားခ်င္ဘူး။"

လုယန္းက ႐ုတ္တရက္ဆို ရယ္ေမာလိုက္ေလတယ္၊ "ဘယ္ေလာက္မ်ား ႐ႈပ္ေထြးႏိုင္မွာတုန္း၊ က်န္းယီယီ ဆိုးသြမ္းေနမယ္ဆိုရင္ေတာင္၊ ငါသူ႕ကိုကာကြယ္ေပးႏိုင္တာပဲေလ။"

လုယန္း တကၠသိုလ္တက္တုန္းက၊ သူက ဥပေဒကို သင္ယူခဲ့ေလတယ္။ သူငယ္စဥ္ကတည္းက၊ သူ႕အိပ္မက္က ေ႐ွ႕ေနတစ္ေယာက္ ျဖစ္လာဖို႔ပဲ။

ေနာက္ေတာ့၊ က်န္းယီယီနဲ႔ လမ္းခြဲလိုက္ၿပီးေနာက္၊ က်န္းယီယီက သ႐ုပ္ေဆာင္ေလာကထဲ ဝင္လာခဲ့ေလတယ္။ သူမကိုကာကြယ္ေပးဖို႔အတြက္၊ သူ႕အိပ္မက္ကို လက္ေလ်ာ့လိုက္ၿပီး သူ႕အသက္ေမြးလမ္းေၾကာင္းကို ႐ုပ္႐ွင္နဲ႔TVကုမၸဏီတစ္ခု စတင္ထူေထာင္ခဲ့ေလတယ္။ ႏွစ္အေတာ္ၾကာ ႀကိဳးစားခဲ့ၿပီးေနာက္၊ သူက ႐ုပ္႐ွင္းအသိုင္းဝိုင္း၌ ထိပ္ဆုံးေနရာကို အပိုင္ရယူထားႏိုင္ခဲ့တယ္။

သူ ဒီအသိုင္းဝိုင္းကို ဝင္ေရာက္လာတာရဲ႕ ရည္႐ြယ္ခ်က္က က်န္းယီယီကို ကာကြယ္ေပးဖို႔ပဲ။

အႏုပညာေလာကထဲ က်န္းယီယီဝင်္ရာက္လာခ်ိန္က၊ သူမက ထုတ္လုပ္ေရးအသင္းေတာ္ေတာ္မ်ားမ်ားရဲ႕ ဇာတ္ေဆာင္ငယ္ေလးေတြ၌သာ ပါဝင္သ႐ုပ္ေဆာင္ႏိုင္ခဲ့ၿပီး၊ သူမမွာ agentေတာင္ မ႐ွိေလဘူး။

သူက က်န္းယီယီအတြက္ agentခန္႔ေပးခဲ့ၿပီး၊ သူမအတြက္ အသင္းဖြဲ႕စည္းေပးခဲ့ေလတယ္၊ ဒါေပမဲ့ သူမသူေဌးက သူဆိုေၾကာင္း အျခားသူေတြကို ေျပာျပခြင့္ မေပးခဲ့ပါဘူး။

သူမသာ သိသြားခဲ့ရင္၊ သူ႕အေတာင္ေတြေအာက္ ဆက္မေနေတာ့မွာကို သူစိုးရိမ္မိေလသည္။

သူမအတြက္ အေကာင္းဆုံးအရင္းျမစ္ေတြ ေထာက္ပံ့ေပးတယ္၊ သူမအား အေက်ာ္ၾကားဆုံးၾကယ္ပြင့္ေလးျဖစ္ေအာင္ ျမႇင့္တင္ေပးခဲ့ၿပီး၊ ထိပ္ဆုံးအရင္းအျမစ္အားလုံးကို သူမထံသာ ပို႔ေပးခဲ့ေလသည္။

က်န္းယီယီေနာက္မွာ ဘယ္သူ႐ွိေနလဲဆိုေၾကာင္း ဘယ္သူမွမသိေလဘူး၊ က်န္းယီယီ ကိုယ္တိုင္ကေကာေပါ့။ သူမသိတာဆိုလို႔ အေရးပါတဲ့ေၾကာ္ျငာေတြေကာ အဓိကထုတ္လုပ္မႈေတြကေကာ သူမ ဝင္ေတာင္မပါလိုက္ရဘဲ၊ သူမဆီကို သူ႕ဟာသူ ေရာက္လာၾကတယ္ဆိုတာပါပဲ၊၊ သူမ ထင္ခဲ့တာက ဒါေတြကို သူမအဖြဲ႕ရဲ႕ႀကိဳးစားမႈေတြလို႔ေပါ့၊ ဒါေပမဲ့ သူမအသင္းေနာက္မွာ သူေဌးႀကီးတစ္ေယာက္ ႐ွိေနလိမ့္မယ္လို႔ေတာ့ သူမ တစ္ခါမွ မေတြးခဲ့ဖူးေလဘူး။

လုယန္းက ေစာင့္ေ႐ွာက္ေပးေနေတာ့၊ ႏွစ္ေပါင္းမ်ားစြာ အသိုင္းဝိုင္းထဲ က်န္းယီယီေနခဲ့ရၿပီး၊ သူမအား ဘယ္သူမွ လာရန္မစရဲၾကေလဘူး။

အဲဒီေန႔တုန္းက ညစာစားပြဲ၌ သူမမူးေနခဲ့တာက၊ အခ်ိန္အေတာ္ၾကာ လမ္းခြဲၿပီးေနာက္ လုယန္းနဲ႔ ျပန္ေတြ႕လိုက္ရလို႔ပဲ။ သူမစိတ္အေျခေန ဆိုးဝါးေနခဲ့ေလတယ္။ အျခားသူေတြ သူမအား ေလးစားမႈျပလာၾကေတာ့၊ သူမလည္း လာတဲ့လူတိုင္းကို ျငင္းမလႊတ္ႏိုင္ ျဖစ္ခဲ့ေလတယ္။ 

ေနာက္ေတာ့၊ သူမမန္ေနဂ်ာက လုယန္းကို တိတ္တိတ္ေလး လွမ္းေခၚလိုက္တယ္။ လုယန္းေရာက္သြားခ်ိန္၊ သူမက မူးေနၿပီျဖစ္ကာ စာ‌းပြဲေပၚမွာ သတိမမူႏိုင္စြာ လွဲေနေလသည္။

ထိုအခ်ိန္တုန္းက လုယန္းမ်က္ႏွာကညမည္းေမွာင္ေနကာ၊ သူ႕စိုက္ၾကည့္လာတဲ့အၾကည့္က၊ ဒါ႐ိုက္တာ၊ ထုတ္လုပ္သူနဲ႔၊ ခြက္တိုက္ေသာက္ေနၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြကို၊ တုန္ယင္ေၾကာက္လန္႔သြားေစခဲ့ေလသည္။

အဲဒီေန႔မွပဲ က်န္းယီယီေနာက္မွာ လုယန္း႐ွိေနတယ္ဆိုတာကို သူတို႔နားလည္လိုက္ၾကပါတယ္။

ဒါေပမဲ့ လုယန္းရဲ႕လူေတြက သူတို႔အားလုံးကို ႏႈတ္ပိတ္ခိုင္းထားေတာ့၊ ဘယ္သူမွ ထုတ္မေျပာရဲၾကေလဘူး။

...

ဒီေတာ့မွပဲ လုယန္းက ႐ုပ္႐ွင္နဲ႔TV ကုမၸဏီကို ထူေထာင္ထားတယ္ဆိုတာကို သူမသိလိုက္ရေလၿပီး၊ အဲ့ကုမၸဏီက ႐ုပ္႐ွင္အသိုင္းဝိုင္းေလာကထဲမွာ အင္အားအေကာင္းဆုံးကုမၸဏီလည္း ျဖစ္ေနေသးေလတယ္။

ဆုန္ရန္မွာ လုယန္းအေပၚ အရမ္းေလးစားသြားကာ၊ သူ႕အား ၾကယ္ေရာင္မ်က္ဝန္းေလးျဖင့္ ေမးလိုက္ေလတယ္: "အန္ကယ္ေလး ႐ုပ္႐ွင္တစ္ခု႐ိုက္ၿပီးတာနဲ႔ ပိုက္ဆံေတြအမ်ားႀကီးရတယ္ဆိုတာ၊ တကယ္အမွန္လားဟင္?"

လုယန္းက မ်က္ခုံးပင့္ျပလာၿပီး၊ "ဟုတ္တယ္။"

ဆုန္ရန္မ်က္လုံးေတြ ေတာက္ပလာကာ၊ လုယန္းက ေတာက္ေျပာင္ေနတဲ့ေ႐ႊခဲႀကီးလို႔ ခံစားမိလိုက္ၿပီး၊ တံေတြးမ်ိဳခ်လိုက္ကာ အလြန္သတိထားၿပီး ေမးလာေလတယ္: "ဝင္ေငြ ဘယ္ေလာက္ရတာလဲ? တစ္ဘဝလုံးသုံးဖို႔ လုံေလာက္လားဟင္?"

"မင္းဘယ္လိုသုံးမလဲဆိုတာအေပၚ မူတည္တယ္ေလ၊" လုယန္းက မီးျခစ္နဲ႔ေဆာ့ကစားေနရင္း ေျဖေပးလာေလတယ္။

"ဒါဆို...အိမ္တစ္အိမ္ ဝယ္ႏိုင္ဖို႔ေလာက္ထိ လုံေလာက္လားဟင္?" သူမက အိမ္ေျပာင္းၿပီး သူမအေဖနဲ႔အတူ ပိုေကာင္းတဲ့ပတ္ဝန္းက်င္၌ ေနထိုင္ခ်ေလတယ္။

"အိမ္? မင္းအိမ္လိုအပ္လို႔လား?"

ဆုန္ရန္က ေခါင္းညိတ္ျပလိုက္ေတာ့မယ့္အခ်ိန္၊ တစ္ခုခုကို ႐ုတ္တရက္ႀကီး သတိရလိုက္ေလတယ္။ သူမက ခ်က္ခ်င္းပါးစပ္ပိတ္ထားလိုက္ၿပီး၊ သူမေဘးက လုမူ႐ွန္းကို လွမ္းၾကည့္လာလိုက္ေလသည္။

အဲ့ေတာ့မွပဲ သူမက စာေမးပြဲေျဖထားတယ္ဆိုေၾကာင္း ေျပာၿပီးကတည္းက လုမူ႐ွန္းက အစကေနအဆုံးထိ စကားတစ္ခြန္းမွ ေျပာမလာေသးဘူးဆိုတာကို သတိထားမိလိုက္ေလတယ္။

သူမက လုမူ႐ွန္းလက္ကို ျမန္ျမန္ဆြဲကိုင္လာကာ သူ႕အား ႐ွင္းျပလာေလတယ္၊ "လုေကာ၊ ငါကေမးၾကည့္႐ုံတင္ပါ၊ သြားမေျဖပါဘူးေနာ္။ နင္ မနက္ျဖန္ ေလယာဥ္လက္မွတ္ဝယ္ၿပီး၊ ငါတို႔ မနက္ျဖန္က် အိမ္ျပန္ၾကမယ္ေနာ္၊ ဟုတ္ၿပီလား?"

Continuar a ler

Também vai Gostar

1.5M 67.5K 38
"Hahh." A deep sigh escaped Namae's mouth as soon as she realized that she got transmigrated inside that crazy book she just read earlier. The story...
252K 6.2K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
141K 18.8K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
4K 172 12
Name-အလောင်ဇာတ်လမ်းမှာ ဗီလိန်ဖြစ်သွားပြီ Webname- I'm stuck in a dead end drama Author-김살구 Translator-Elena Genre-Romance We don't own this story,we...