၆၇၆။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၁)
ရှီလေး ဘယ်မှာ ရှိနေနိုင်သလဲ မဲမှောင်နေသော မြူထုကြားမှာ အလင်းလုံးက လင်းလက်နေသည်။ ၎င်းအလင်းက ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်တိုးသော သူတို့၏ သေးငယ်သော နေရာတဝိုက်ကို အလင်းပေးထားသည်။
ကျောက်ချူက သစ်သားတုတ်ရှည်ကို ကိုင်ထားသည်။ ထိုင်းမှိုင်းစိုစွတ်သော ရေညှိများအပေါ် သူ ရုန်းကန်၍ လျှောက်လှမ်းနေသည်။
တဖျပ်ဖျပ် တောင်ပံခတ်လျက် ငရဲလိပ်ပြာက မှိုင်းမှုန်နေသော မြူထုကြားမှ အလင်းရောင်ရှိသော သူတို့ နေရာသို့ ပျံသန်းလာသည်။ ထို့နောက် ရောင်းရူ၏ လက်ချောင်းထိပ်ဖျားမှာ နားလေ၏။
ဘာမှ ရှာမတွေ့ဘူး ရောင်းရူက မျက်မှောင်နက်နက် ကြုတ်ရင်း သတင်းပေးသည်။ မွန်းစတားကြီး၏ အတိုက်ခံရသော နေ့မှာ လေပြင်းမုန်တိုင်းကြောင့် သူတို့ နေရာအသီးသီးသို့ ပြန့်ကျဲ ရောက်ရှိသွားကြသည်။ ရောင်းရူ ပြန်လည် နိုးထချိန်မှာ သူမ၏ အပေါင်းအဖော်များကို ရှာဖွေရန် သူမ၏ ငရဲလိပ်ပြာများကို နေရာစုံသို့ ပို့လွှတ်ခဲ့သည်။
ထိုနေ့မှ စ၍ ကနေ့ဆိုလျှင် လဝက်ရှိနေလေပြီ။ ရောင်းရူက သူမ၏ ငရဲလိပ်ပြာများ ဦးဆောင်ရာ နောက်သို့ လိုက်ရင်း ကျောက်ချူတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ငရဲလိပ်ပြာ၏ ဦးဆောင်မှုဖြင့် ယဲ့ရှနှင့် ယဲ့မေ့ကိုပင် တည်နေရာ ရှာဖွေနိုင်ခဲ့သည်။ သို့သော် သူတို့ ဂျန်ဝုရှီ၏ တည်နေရာကို ရှာမတွေ့ကြသေးပေ။ သူမက မြူထုကြားမှာ လုံးဝ ကွယ်ပျောက်သွားသလိုပင်။ ငရဲလိပ်ပြာများကို မည်မျှလောက်ပင် ပို့လွှတ်ပါစေ, ဂျန်ဝုရှီ၏ အရပ်အယောင်ကိုပင် မတွေ့ကြသေးချေ။
နွံဗွက်များ ဝိုင်းရံနေသဖြင့် သူတို့၏ တိုးတက်မှုက နာကျင်ဖွယ်ရာ နှေးကွေးနေသည်။ သူတို့နှလုံးသားများကလည်း စိုးရိမ်ပူပန်ခြင်း ပြင်းထန်နေကြသည်။ သူတို့အားလုံး အနားပင် မယူနိုင်ကြချေ။
သူတို့ တကွဲတပြား ဖြစ်မသွားခင်, ဂျန်ဝုရှီက မွန်းစတားကြီး၏ တိုက်ခိုက်မှုကို ခံလိုက်ရကြောင်း သူတို့ ရှင်းလင်းစွာ မြင်ခဲ့ကြသည်။ ကံကောင်းသဖြင့် လော့မဲ့မဲ့က ထိုသေရေးရှင်ရေး အချိန်မှာ လှမ်းထွက်ခဲ့သည်။ သို့သော် ဂျန်ဝုရှီ အသက်ရှင်သေးလားဆိုတာကိုတော့ သူတို့ မသေချာကြပေ။
သူတို့ နှလုံးသားများ လေးလံနေကြသည်။ အဆိုးဆုံးအခြေအနေကို မတွေးမိဖို့ သူတို့ ကြိုးစား ရှောင်ရှားကြသည်။ သို့သော် သူတို့မှာ အခွင့်အရေး သေးသေးလေးပင် ရှိနေပါစေ, ဂျန်ဝုရှီကို ရှာဖွေခြင်းကို သူတို့ မည်သူမျှ လက်လွှတ်အရှုံးပေးကြမည် မဟုတ်ချေ။ မယုံကြည်နိုင်လောက်အောင် သန်မာသော သူတို့၏ မိစ္ဆာမလေး ဒီနေရာမှာ အသက်ဆုံးရှုံးသွားလိမ့်မည်ဟူ၍ သူတို့ မယုံကြည်ကြချေ။ ယုံကြည်ဖို့ သူတို့ ငြင်းဆိုကြသည်။
ငါတို့ ရှီလေးက အရမ်းသန်မာတယ်၊ သူမ ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်မှာပါ ဖန်ဇိုက သူ့အပေါင်းအသင်းများအား စိတ်သက်သာစေနိုင်မလား, သို့မဟုတ် နှစ်သိမ့်နိုင်မလား, အရမ်း မသေချာပေ။
ဂျန်ဝုရှီမှာ အနက်ရောင်သားရဲကြီးနှင့် လော့မဲ့မဲ့က အမြဲတမ်း ရှိနေသည်။ သူမဘေးမှာ စွမ်းအားကောင်းလွန်းသော သက်တော်စောင့် နှစ်ယောက် ရှိနေသည်။ တကယ်တော့ သူတို့ထဲမှာ သူမက ဘေးအကင်းဆုံးဟူ၍ ယူဆလို့ ရသည်။ သို့သော် ကြမ္မာငင်သော ထို့နေ့မှာ, လော့မဲ့မဲ့က ဂျန်ဝုရှီကို ကယ်တင်ပေးသဖြင့် အစိမ်းရောင်မီးများ လောင်ကျွမ်းခံလိုက်ရသည်။ လော့မဲ့မဲ့၏ ဒဏ်ရာပမာဏကို သူတို့ ရှင်းရှင်းလင်းလင်း မသိကြသော်လည်း, မဲနက်သွားသော ခန္ဓာကိုယ်ကိုတော့ သူတို့ မြင်လိုက်ကြသည်။ ၎င်းမြင်ကွင်းက သူတို့ စိတ်ထဲမှာ ခတ်နှိပ်ထားသလိုပင် ဖြစ်နေသည်။
ထိုအခိုက်မှာ လော့မဲ့မဲ့က ဂျန်ဝုရှီအား မကာကွယ်ပေးနိုင်တော့ဟူ၍ သူတို့ စိတ်က သိပြီး ဖြစ်သည်။
သူတို့အဖွဲ့က မျှော်လင့်ချက်ကို စွန့်လွှတ်ဖို့ မလိုလားကြချေ။ သူတို့ ဂျန်ဝုရှီ၏ အရိပ်အယောင်ကို မရပ်မနား ဇွဲကောင်းစွာ ရှာဖွေကြသည်။ သူတို့ သူမကို ရှာမတွေ့ခင်, သူတို့အားလုံး ချောက်နက်ထဲမှ ခြေတစ်လှမ်းမျှ လှမ်းမထွက်တော့ဟူ၍ ဆုံးဖြတ်ထားကြသည်။
ထို့ပြင် ယဲ့မေ့နှင့် ယဲ့ရှက သူတို့အားလုံးထက် ပိုမို၍ စိုးရိမ်ပူပန်နေကြ၏။ ဂျန်ဝုရှီသာ ဒီချောက်နက်ထဲမှာ သူမ၏ အသက်ကို ဆုံးရှုံးသွားခဲ့လျှင်, သူတို့သခင်ကြီး မည်မျှလောက် ဒေါသမီး တောက်လောင်သွားမလဲဆိုတာ သူတို့ စဉ်းပင် မစဉ်းစားဝံ့ကြချေ။
ဒီလို ဆက်သွားလို့ မဖြစ်ဘူး၊ ငါ အရင်ဆုံး လှုပ်ရှားဖို့ လိုအပ်တယ် ယဲ့မေ့က နောက်ဆုံးတွင် အံကြိတ်၍ ပြောသည်။ အုတ်ဂူပတ်ပတ်လည်ရှိ ထောင်ချောက်များကို အမှောင်နိုင်ငံက ပြင်ဆင်၍ ရှုပ်ထွေးပွေလီစွာ ဆောက်လုပ်ထားသည်။ သူတို့ တွေးထင်ထားသည်ထက် ပိုမို၍ ခက်ခဲကြမ်းတမ်းသည်။ သူနှင့် ယဲ့ရှက မြူထုထောင်ချောက်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့သည်။ သို့သော် အရာမထင်ခဲ့ပေ။
လောလောဆယ်မှာ သူတို့နှစ်ယောက်က အထွတ်အထိပ် အခြေအနေမှာ မရှိကြချေ။ ထိုစဉ်တုန်းက သူတို့ အကြီးအကျယ် ဒဏ်ရာရခဲ့ပြီး သူတို့ အခုထိ ဒဏ်ရာများ ပြန်လည် မကောင်းမွန်ကြသေးချေ။ သေရေးရှင်ရေးကိစ္စကို ချက်ချင်းလက်ငင်း ဖြေရှင်းရန် သူတို့ အားနည်းချိနည့်နေတုန်းပင်။
သခင်ကြီးကို မင်း ရှာချင်တာလား ယဲ့ရှက ယဲ့မေ့ကို စူးစိုက်ကြည့်လိုက်သည်။ သူ့မျက်နှာ အမူအရာအရ ထိုကဲ့သို့ သူ လုပ်ချင်နေမှန်း တိကျသေချာသည်။
ယဲ့မေ့ ခေါင်းညိတ်ပြသည်။
ဒီနေရာမှာ ငါတို့သခင်ကြီးတစ်ယောက်တည်းပဲ အပိတ်ပင် အတားအဆီးမရှိ ဖြတ်ကျော်နိုင်မှာ။
ယဲ့ရှက ၎င်းအချက်ကို မျက်မှောင်ကြုတ်ပြီး သုံးသပ်သည်။ ထို့နောက် သူက မြွေနက်လေးကို ယဲ့မေ့အား လွှဲအပ်လိုက်သည်။
ဒီမြွေလေး သေသွားပြီဆိုရင်, ငါတို့ သခင်မလေးကို ရှာတွေ့ပြီလို့ ဆိုလိုတယ်။
ယဲ့မေ့က မြွေနက်လေးကို လက်ခံလိုက်သည်။ ကျောက်ချူတို့ကို နှုတ်ဆက်ပြီးနောက် မြူထုထဲ သူ ချက်ချင်း ပျောက်ကွယ်သွားလေ၏။
သူတို့ ရှေ့သို့ ခရီးဆက်ဖို့ လှုပ်ရှားရတာ ခက်ခဲသော်လည်း, ပြန်လည် ထွက်ခွာရတာက နှိုင်းယှဉ်ချက်အရ လွယ်ကူသော ကိစ္စရပ် ဖြစ်သည်။
နေရာစုံမှ အန္တရာယ်များ ဝိုင်းအုံနေသဖြင့် ဒီကိစ္စမှာ ဂျန်ဝုယောင်းကို ဆွဲသွင်းခြင်းမှ လွဲ၍ သူတို့မှာ ရွေးချယ်စရာ မရှိတော့ပေ။ သို့မဟုတ်ပါက ဂျန်ဝုရှီကို ဆုံးရှုံးသွားခြင်းဆိုသည့် ပြစ်မှုကို ဒီကမ္ဘာပေါ်တွင် မည်သူမျှ တာဝန်ယူ ဒဏ်ခံနိုင်လိမ့်မည် မဟုတ်ပေ။