၆၆၅။ ချောက်နက်အောက်ခြေမှာ (၃)
အားလုံး ဆေးလုံးများ မျိုချပြီးနောက် ဂျန်ဝုရှီက ချက်ချင်း မလှုပ်ရှားသေးပေ။
ကြောက်နက်လေး
ဂျန်ဝုရှီက ကြောင်နက်လေးကို ဆင့်ခေါ်လိုက်သည်။ ကြောက်နက်လေး ပေါ်လာပြီးနောက် အနက်ရောင်သားရဲကြီးအသွင်သို့ ပြောင်းလဲလိုက်သည်။ ကြောင်နက်လေးက ချက်ချင်းပင် သူ၏ အမွှေးပွကိုယ်ဖြင့် ဂျန်ဝုရှီအား ရစ်ခွေပေးသည်။ အမြီးဖြင့် သူမအား ပတ်ပေးသည်။ ဂျန်ဝုရှီ၏ ခန္ဓာကိုယ်မှ အအေးဓာတ်က အနည်းငယ် ပြေပျောက်ပြီး အနွေးဓာတ် ပျံ့နှံ့လာသည်။
နင်တို့လည်း ဒီကို လာကြလေ။ အနက်ရောင်သားရဲကြီးနှင့် ပူးကပ်မိသည်နှင့် ဂျန်ဝုရှီက သူမကိုယ်တွင် ကပ်နေသော ရေခဲလွှာများအား ခါထုတ်နိုင်သွားသည်။ အနက်ရောင်သားရဲကြီး၏ နွေးထွေးသော အမွှေးများအောက်တွင် သူမ၏ ခြေဆံလက်ဆံများ တဖြည်းဖြည်း အလုပ်လုပ်လာသည်။
ကျောက်ချူတို့က ဂျန်ဝုရှီ၏ အလိုဆန္ဒကို ချက်ချင်း နားလည်သွားကြ၍ သူတို့လည်း အနက်ရောင်သားရဲကြီး၏ နွေးထွေးသော အမွှေးများအောက်သို့ တိုးဝင်လာကြသည်။ ကျောက်ချူလည်း ရိုလီကို ဆင့်ခေါ်လိုက်သည်။ ထူထဲသော အမွှေးများရှိသော ရိုလီက သူ့လက်မောင်းများကို ဆန့်တန်း၍ အနက်ရောင်သားရဲကြီးနှင့် အတူတူ သူတို့ကို ပွေ့ဖက်ပေးလာသည်။
အေးစက်စက် လေထုကြားမှာ အအေးဓာတ်ကို ခုခံဖို့ သူတို့ ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ထုတ်သုံးနေရသဖြင့် သူတို့ အင်အားများကို ပြန်လည် မဖြည့်ဆည်းနိုင်ခဲ့ကြချေ။ သူတို့ ဝတ်ဆင်ထားသော ကုတ်အင်္ကျီများမှာ ရေခဲအလွှာများပင် ကပ်ညိနေခဲ့သည်။ သူတို့ခန္ဓာကိုယ်များက အပူဓာတ်ကို ထိန်းသိမ်းဖို့ပင် ခက်ခဲခဲ့ကြသည်။
သူတို့ ပတ်လည်မှာ အနက်ရောင်သားရဲကြီးနှင့် ရိုလီ ရှိနေသဖြင့် နောက်ဆုံးတွင် သူတို့ ခန္ဓာကိုယ်များမှ ဝိညာဉ်စွမ်းအား အကာအရံကို ထုတ်လွှင့်ဖို့ သူတို့ တတ်နိုင်သွားကြသည်။ နူးညံ့၍ နွေးထွေးသော အမွှေးပွပွများကြားတွင် သူတို့ သက်သောင့်သက်သာ အနားယူနိုင်သွားကြသည်။ သူတို့ ဆုံးရှုံးသွားသော အင်အားနှင့် ဝိညာဉ်စွမ်းအားများကို ပြန်လည် ဖြည့်တင်းကြသည်။
မက် ယဲ့ရှ၏ လက်မောင်းကြားရှိ လော့မဲ့မဲ့က မြေပြင်ပေါ်သို့ ခုန်ဆင်းသွားသည်။ သူက ကိုယ်တိုင် ရေခဲအလွှာများကို ခါထုတ်ပြီး ကြီးမား၍ အမြီးကိုးချောင်းရှိ လိပ်ပြာသားရဲကြီးအသွင်သို့ ပြောင်းလဲလိုက်သည်။ သူ၏ ကြီးမားလွန်းသော ခန္ဓာကိုယ်ကြီးက သူတို့ မြင်ကွင်းကို ပိတ်လှောင်သလိုပင် ဖြစ်သွားသည်။ သူက ကျိုးကျိုးနွံနွံဖြင့် သူ့ခန္ဓာကိုယ်ကို မြေပြင်ပေါ်မှာ လှဲချလိုက်လျှင် သူ့နောက်ဘက်ရှိ မြူထုများက ပျောက်လွင့်သွားရသည်။
သူ့အမြီးကိုးချောင်းက အမွှေးပွများ ထူထပ်သိပ်သည်းသည်။ ၎င်းအမြီးကိုးချောင်းကို ကွေးညွတ်၍ အနက်ရောင်သားရဲကြီး, ရိုလီနှင့် လူတိုင်းအား သူ့ဗိုက်သားအမွှေးပွထဲ ရစ်ပတ်၍ ဆွဲသွင်းပေးသည်။ သူ့ဗိုက်သားမွှေးနေရာက အနွေးထွေးဆုံး နေရာဖြစ်ပြီး သူတို့ခန္ဓာကိုယ်ရှိ အအေးဓာတ်များကို ဖယ်ရှားပစ်လိုက်သည်။
ဂျန်ဝုရှီက လော့မဲ့မဲ့ကို မော့ကြည့်သည်။ သူ့မျက်လုံးများက မယုံကြည်နိုင်စွာ စိတ်အားထက်သန်နေပုံ ရသည်။ ဂျန်ဝုရှီ၏ မျက်လုံးများ အနည်းငယ် နူးညံ့သွားသည်။ သူက လက်တစ်ဖက်မြှောက်၍ လော့မဲ့မဲ့၏ အမြီးများအား အသာအယာ ပုတ်ပေးလိုက်သည်။ ထို့နောက် သူမက မျက်လုံးများကို မှိတ်၍ သူမပတ်ပတ်လည်ရှိ အနွေးဓာတ်ကို သာယာချိုမြိန်စွာ ခံစားပြီး ပြန်လည် အားဖြည့်ခြင်းမှာ အာရုံစိုက်ထားလိုက်သည်။
(ဒါက အစားကျွေးသခင်မလေး သူ့ကို ခွင့်လွှတ်ပြီလို့ ဆိုလိုတယ် မဟုတ်လား။)
လော့မဲ့မဲ့က ပျော်ရွှင်သွားသဖြင့် မျက်တောင် တဖျတ်ဖျတ် ခတ်လေ၏။ နောက်ဆုံး အဖြစ်အပျက် ဖြစ်ပြီးကတည်းက သူ အဆုံးမရှိ အပြစ်ရှိသလို ခံစားခဲ့ရသည်။ အခု သူ့သခင်မလေး၏ သူ့အား ခွင့်လွှတ်ပေးဖို့ အခွင့်အရေးကား ဆိုက်ရောက်လာလေပြီ။ လော့မဲ့မဲ့ အလွန် စိတ်အား တက်ကြွသွားသည်။ သူက သူ့ခန္ဓာကိုယ်မှ အပူချိန်ကို အနည်းငယ်လောက် မြှင့်တင်ပေးလိုက်သည်။ စံအမှတ်တစ်ခုထိ နွေးထွေးမှုကို သူ့အမွှေးပွပွက ယူဆောင်ပေးလာသည်။
ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီး၏ စွမ်းအားက ၎င်းအခိုက်အခါမှာ ထွန်းတောက်လာသည်။ လော့မဲ့မဲ့၏ အနွေးဓာတ်က မိုးကောင်းကင်မှ ပို့သလိုက်သလို ဖြစ်သည်။ သူတို့ အစောတုန်းက မည်မျှလောက် အရိုးခိုက်အောင် အေးစက်မှုကို ခံစားခဲ့ရသလဲ ဆိုတာပင် မေ့ပျောက်လုလု ဖြစ်သွားသည်။
ဒါက မလွန်ဆန်နိုင်ဖွယ် စွဲမက်စရာကောင်းသော်လည်း ဂျန်ဝုရှီနှင့် သူမအပေါင်းအသင်းများက မကြန့်ကြာရဲကြပေ။ အကြာကြီး ဇိမ်ခံမနေရဲကြချေ။ သူတို့ အခုမှ ချောက်နက်အောက်ခြေသို့ ရောက်ရုံမျှသာ ရှိသေးသည်။ နောက်ထပ် နေရာများကို သူတို့ စတင် စူးစမ်းရအုံးမည်။ သူတို့၏ အထောက်အပံ့ဖြစ်သော ရေနှင့် စားစရာက အတိုင်းအတာတစ်ခုအထိသာ ရှိပြီး သူတို့ ဒီနေရာမှာ အကြာကြီး ရှိနေလို့ မဖြစ်နိုင်ပေ။
သူတို့၏ အင်အားနှင့် ဝိညာဉ်စွမ်းအားကို ပြန်လည် ဖြည့်တင်းရန် သူတို့ နေ့တစ်ဝက် အချိန်ယူလိုက်ကြရသည်။ အပူချိန်ကြောင့် သူတို့ အဝတ်အစားများ ချောက်သွေ့သွားကြသည်။ လော့မဲ့မဲ့က အားတက်သရော နွေးထွေးစွာ ပွေ့ဖက်ထားသောကြောင့်ပင်။
ငါတို့ အခု ရောက်နေတာ မြေပုံရဲ့ ဘယ်အစိတ်အပိုင်းမှာလဲ, သေချာ သိနိုင်မလား ဂျန်ဝုရှီက ဖေးယန်ကို လှည့်ကြည့်၍ မေးသည်။ ဖေးယန်က အလိုက်တသိဖြင့် ဒီနေရာမှာ ရှိသော လူတိုင်းထက် မြန်မြန်ဆန်ဆန် ပတ်ဝန်းကျင်ကို လေ့လာပြီး ဖြစ်သည်။
ဖေးယန်က ခေါင်းယမ်း၍ ပြောသည် ဒီနေရာက အမြင်အာရုံ အရမ်း နိမ့်တယ်၊ မြေပုံရဲ့ ဘယ်အစိတ်အပိုင်းလဲဆိုတာ ငါ နှိုင်းယှဉ်ကြည့်လို့ မရဘူး၊ အတော် ထူးဆန်းတယ်၊ ဒီမှာ ရှိတဲ့ အမြင်အာရုံ အမြဲတမ်း ပိတ်ဆည်းထားပုံနဲ့ဆိုရင် မြေပုံအစိတ်အပိုင်း အပြည့်အစုံ ရှိရင်တောင် နေရာအတိအကျ သေချာအောင် လုပ်ဖို့ ခက်ခဲတုန်းပဲ၊ ပြီးတော့ မြေပုံတစ်ချပ်မှာသာ ချောက်နက်ထဲ ဆင်းသက်ရမဲ့ နေရာကို ပြသထားလိမ့်မယ်၊ အဲမြေပုံမှာသာ မြေပုံမှာ ပါတဲ့ နေရာအချက်အချာတွေကို သေချာအောင် ပြသထားလိမ့်မယ်။
တိကျသေချာသော အညွှန်းပြ မြေပုံမရှိဘဲ သူတို့ မည်သည့် မြေပုံအစိတ်အပိုင်းမှာ ရှိနေသလဲဆိုတာ သိဖို့ ခဲယဉ်းသည်။ သို့ဆိုလျှင် မြေပုံရှိနေလျှင်တောင် သူတို့အတွက် အသုံးမဝင်ပေ။
ငါတို့ ပတ်ကြည့်တာပေါ့၊ အရင်ဆုံး ဒီနေရာကို နားလည်အောင် လုပ်ကြတာပေါ့၊ ဒီနေရာမှာ ဘာပဲ တွေ့တွေ့ ငါတို့အတွက် နောက်နောင် တကယ် အကူအညီ ဖြစ်လိမ့်မယ်။
ဖေးယန်က ခေါင်းညိတ်၍ သဘောတူသည်။
သူတို့အားလုံး ဆက်လက် လှုပ်ရှားဖို့, ဆက်လက် စွန့်စားသွားလာဖို့ ဆုံးဖြတ်လိုက်ကြသည်။