၆၂၀။ ကိုယ်ပိုင်အစောင့် - ၂
ဂျန်ရှီ... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့၊ မနေ့က ကျောင်းထဲမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားခဲ့တယ်၊ ငါတို့ အားလုံး တုန်လှုပ်ကုန်တာပဲ၊ မင်း ဒီမှာ မရှိတာ ကံကောင်းတာပဲ ထိုလူငယ်များက ယခင်တုန်းက ဂျန်ဝုရှီနှင့် စကားများများစားစား မပြောဖူးကြပေ။ သို့သော် ဂူလီရှန်က ဂျန်ရှီ၏ မူရင်းဇာစ်မြစ်နှင့် အဆင့်အတန်းကို တခမ်းတနား ကြေညာပြီးနောက် လေညင်းကျောင်းတော်သားများက ဂျန်ဝုရှီနှင့် အတော်လေး နီးစပ်သွားသလို ခံစားလာကြရသည်။
အရင်က သူတို့ ဂျန်ရှီနှင့် ဆက်သွယ်ခြင်း ရှိသည်ဖြစ်စေ, မရှိသည် ဖြစ်စေ, ကိစ္စမရှိတော့ချေ။ သူတို့အားလုံး အခု ထက်ထက်သန်သန်ဖြင့် အရေးတယူရှိလာကြသည်။
လူငယ်အချို့က သူတို့ ပါးစပ်ကို မပိတ်နိုင်အောင် တစ်ချိန်တည်း တကျည်ကျည် တကျာကျာ ပြောဆိုလာကြသည်။ မနေ့က အဖြစ်အပျက်ကို သူတို့ ပြောပြနေတာက ပြိုင်ပွဲဝင်နေကြသလားပင် မှတ်ရသည်။
ဂျန်ဝုရှီက သူတို့ ပြောဆိုနေတာကို ငြိမ်သက်စွာ နားထောင်ပေးသည်။ ကြောင်နက်လေးက ဂျန်ဝုရှီ၏ ပခုံးထက်တွင် အကြာကြီး သန်းဝေလာသည်။
လူငယ်အုပ်စုက တသောသော ပြောပြကြသည်။ ဂျန်ဝုရှီက မည်သို့မျှ မတုံ့ပြန်ဘဲ ပုံမှန်လို မဟုတ်မူ၍ စိတ်ရှည်စွာသာ နားထောင်သည်။ သို့သော် အေးစက်ပြီး မထူးခြားနားဟန်ကိုတော့ ပြသထားသည်။ ထိုအရာကို လူငယ်များ သတိပြုမိမှသာ သူတို့ အနည်းငယ် အိုးတိုးအန်းတန်း ဖြစ်လာကြသည်။ သူတို့ စကားပြော ရပ်လိုက်ချိန်မှာ ဂျန်ရှီ့နောက်မှ အရမ်း ချောသော လူငယ်ကို သူတို့ သတိပြုမိသွားကြသည်။ သူတို့ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးထွက်ကုန်သည်။
ဂျန်ရှီ၏ နောက်မှ အံ့ဩလောက်အောင် ချောမောသော လူငယ် ဘယ်တုန်းက ပေါ်လာသလဲ, သူတို့ သတိမပြုမိခဲ့ကြချေ။ သူ့မျက်နှာက သူတို့အတွက် မရင်းနှီးသော မျက်နှာ ဖြစ်သည်။ သို့သော် သူ့ဟန်ပန်နှင့် သူ့ရုပ်ရည်သွင်ပြင်က သူတို့ လျစ်လျူရှူလို့ မရနိုင်သော တစ်စုံတရာ ဖြစ်နေသည်။
မင်း ဘယ်သူလဲ လေညင်းကျောင်းတော် ဝတ်စုံ ဝတ်မထားတာကို တွေ့မြင်ရလျှင် လူငယ်များက ချက်ချင်း မေးလာကြသည်။
ဂျန်ဝုရှီက ပြန်ပြောရန် ဟန်ပြင်စဉ်မှာပင် မမျှော်လင့်စွာ ဂျန်ဝုယောင်းက ရှေ့ထွက်လာပြီး အပြုံးဖြင့် ပြောသည် ငါက သခင်လေး ဂျန်ရဲ့ နိမ့်ကျတဲ့ အစောင့်တစ်ယောက်ပါ။
........ ဂျန်ဝုရှီက အံ့အားသင့်သွားပြီး ပြုံးပန်းဝေဆာနေသော ဂျန်ဝုယောင်းကို မျက်လုံးပြူးပြီး ကြည့်လိုက်သည်။
အစောင့်တဲ့လား....
ထိုလူငယ်များ သူတို့ အချင်းချင်း တီးတိုး ပြောဆိုကြပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားကြသည်။
ဂျန်ဝုရှီက ဂျန်ဝုယောင်းကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။ သူက သူမနဖူးကို ချစ်ခင်မြတ်နိုးစွာ အသာအယာ ပွတ်သပ်ပေးပြီးနောက် ပြောသည် ငါ မင်းနဲ့ အတူ လာခဲ့ပြီဆိုတော့, မင်းအတွက် ဘာပြဿနာမှ မရှိစေချင်ဘူးလေ။
အစောင့်သည်သာ သူ့သခင်လေး၏ ဘေးမှာ ကပ်ရပ်နေနိုင်သည် မဟုတ်လော။
တစ်စုံတခု မူမမှန်ကြောင်း ဂျန်ဝုရှီ ခံစားနေရဆဲ ဖြစ်သည်။ သို့သော် သူမ စဉ်းစားလို့ မရချေ။ ထို့ကြောင့် သူမ တိုးတိုးသက်သာဖြင့် သဘောတူလိုက်သည် အင်း။
ဝါးတောအုပ်လေး အတွင်းမှာ ဖန်ဇိုနှင့် ဖန်ဂျင် အတူတူ လက်ဖက်ရည် သောက်နေကြသည်။ သူတို့ ဂျန်ဝုရှီ ပြန်လာတာကို တွေ့မြင်ချိန်မှာ ဖန်ဂျင်က သူ့ထိုင်ခုံမှ ရုတ်ခနဲ ထလိုက်မိသည်။ သူ၏ ဆွဲဆောင်အားကောင်းသော မျက်နှာက ချက်ချင်းပင် မုန်လာဥနီလို ရဲတက်လာသည်။
ရှီ... ရှီလေး... မင်း.... မင်း .... ပြန်လာပြီပေါ့.... ဖန်ဂျင်၏ လျှာက ထုံးဖွဲ့ခံထားရသလို ဖြစ်ပြီး ဆိုးဆိုးရွားရွား ထုံ့ပိုင်း ထုံ့ပိုင်းဖြင့် ပြောသည်။ သူ့အမူအရာက အလွန်အမင်း ပျာယာခတ်နေပြီး ကိုးရိုးကားယားဖြစ်သွားသည်။
ထို့နောက် ဂျန်ဝုရှီ၏ နောက်ဘက်တွင် အလွန် ဆွဲဆောင်အားကောင်းသော လူငယ်လေး တစ်ယောက် ရပ်တည်နေတာကို တွေ့မြင်ရချိန်မှာ သူ ရုတ်တရက် တောင့်တင်းသွားလေ၏။ သူ၏ ပျာယာခတ်နေသော အမူအရာက ချက်ချင်းပင် လုံးလုံးလျားလျား တုန်တုန်ယင်ယင် ဖြစ်သွားသည်။
အင်... သူက...
သခင်လေး ဂျန်ရဲ့ ကိုယ်ပိုင် အစောင့်ပါ။ ဂျန်ဝုယောင်းက လောလောဆယ် ရင်းနှီးဖော်ရွေစွာ ပြန်ပြောသည်။
ဒီကို လာသည့် လမ်းမှာ ဂျန်ဝုရှီထံမှ သူ သိလာရသည်။ သူမ လေညင်းကျောင်းတော်တွင် ရှိနေစဉ် ဝါးတောအုပ်လေးမှာသာ နေထိုင်ခဲ့ပြီး ဖန်ညီအကိုနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်ကြောင်းကို သူ သိလာရသည်။
ဂျန်ဝုယောင်းက ဖန်ညီအကိုကို လေ့လာအကဲခတ်လိုက်ပြီး သူ့နှုတ်ခမ်းများ ကားတက်သွားသည်။ စားပွဲမှာ ထိုင်နေသော လူငယ်က တည်ငြိမ်စွာ ထိုင်နေပြီး ပုံမှန်သာ ဖြစ်သည်။ သို့သော် သူ့ရှေ့ရှိ လူငယ်ကတော့ အတော်လေး အမူအရာက ထူးဆန်းနေသည်။ မုန်လာဥနီလို ရဲရဲနီနေသော မျက်နှာ, ပျာယာခတ်သွားသော အမူအရာက ဂျန်ဝုယောင်းသို့ မငြင်းကွယ်နိုင်သော သတင်းစကားကို ပါးလိုက်ခြင်း ဖြစ်သည်။
(ရှီလေးက တကယ်ပဲ တစ်ချိန်လုံး မအားမလပ်ဘူးကိုး၊ သူမက စိတ်ညစ်စရာကောင်းတဲ့ ယင်ကောင်တွေ အများကြီးကို ဆွဲဆောင်ထားတာပဲ။)
(ဖျစ်ညှစ်သတ်ပစ်ရ ကောင်းမလားပဲ။)
တစ်စုံတစ်ယောက်က သူ့အကြောင်း သတိပြုမိသွားတာကို လုံးဝ သတိမထားမိဘဲ ဖန်ဂျင်က ဂျန်ဝုယောင်းကို လေ့လာ အကဲခတ်နေမိသည်။
ကျောင်းအုပ်ကြီး၏ သားအကြီးအနေဖြင့် လေညင်းကျောင်းတော်တွင် ပြိုင်ဘက်ကင်း အထက်တန်းစားများကို အများအပြား သူ တွေ့ဖူးခဲ့သည်။ သို့သော် သူ မြင်လိုက်ရသည့် ဒီအခိုက်မှာ မည်သူမျှ ဒီလူငယ်နှင့် နှိုင်းယှဉ်တိုင်းတာလို့ မရတာကို သူ သိလိုက်သည်။ သူ၏ အပြစ်အနာအဆာ မရှိ ပြိုင်ဘက်ကင်း ရုပ်ရည်သွင်ပြင်နှင့် စိမ့်ထွက်နေသော အော်ရာက သာမန် ကိုယ်ပိုင်အစောင့်တစ်ယောက်မှာ ပိုင်ဆိုင်နိုင်သည့် အနေအထား မဟုတ်ပေ။
ဖန်ဂျင်က မသိမသာ ဂျန်ဝုရှီကို ကြည့်လိုက်သည်။ သို့သော် ဂျန်ဝုရှီ၏ မျက်နှာတွင် မည်သည့် ထူးခြားချက်ကိုမျှ သူ ရှာဖွေမတွေ့ရှိပေ။