၅၆၃။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၂
ဆေးလုံးတွေကို လူတွေ ဒီလောက်တောင် ကြိုက်ကြသလား ကျောက်ချူက သူ့ရှူးဖိနပ်များ ပြန်စီးရင်း, မျှော်လင့်ချက် အပြည့်ဖြစ်သော မျက်လုံးများဖြင့် မေးသည်။
မိုးကောင်းကင်အောက်မှာ, အဲသလို အရည်အသွေး ကောင်းလွန်းတဲ့ ဆေးတွေကို ဖော်စပ်နိုင်တဲ့ လူတွေဆိုတာ ကလန်အနည်းငယ်ကနေ လာတယ်လို့တောင် ခင်ဗျား ပြောလို့ ရတယ်၊ ချင်းယန်ကလန် ပျောက်ကွယ်သွားကတည်းက, ဈေးကွက်အတွင်းမှာ ဆေးလုံးထောက်ပံ့မှု အတော်ကြီး လျော့နည်းသွားတယ်၊ အရင်တုန်းက ချင်းယန်ကလန် လွှမ်းမိုးတာကို ခံခဲ့ရတဲ့ ဆေးဝါးကလန်တွေ ရှိခဲ့ကြတယ်၊ အခု သူတို့ ကံကောင်းသွားကြပြီ၊ သူတို့ကို ဖိနှိပ်မဲ့ လူတွေလည်း မရှိကြဘူးဆိုတော့ လူတွေက သူတို့ကို တန်ဖိုးထားလာကြတယ်၊ ရိုးရိုးဆေးဝါးခန်းမတွေနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တွေတောင် ဆေးလုံးတန်ဖိုးတွေ ဆတိုး တက်သွားကြတယ်။ ထိုဝန်ထမ်းက ကျောက်ချူအား မရပ်မနား ရှင်းပြသည်။
ချင်းယန်ကလန်က အကျင့်ပျက်ပြီး စက်ဆုပ်ဖွယ် မကောင်းမှုများကို ကျူးလွန်ကြသော်လည်း, သူတို့က လတိုင်း အရည်အသွေး မြင့်မားသော ဆေးဝါးများကို ထုတ်လုပ်ပေးခဲ့ကြသည်။ အကြီးအကဲ ဆယ့်နှစ်ယောက် ကိုယ်တိုင် ထုတ်လုပ်ပေးသော ဆေးဝါးများအပြင်, အတွင်းတပည့်များ ထုတ်လုပ်ပေးသော ဆေးဝါးများကလည်း အရေအတွက် အလွန်များပြားပြီး ကုန်းမြေတစ်ခွင်သို့ ပျံ့နှံ့ ရောက်ရှိကြသည်။
သူတို့ ထုတ်လုပ်သော ဆေးလုံးများ ဆေးဝါးများက ထိပ်တန်းအဆင့် မဟုတ်ကြသော်လည်း, သာမန် ဆေးဝါးခန်းမနှင့် ဆေးဖက်ဝင်ပစ္စည်းအရောင်းဆိုင်များတွင် တင်ထားသော ဆေးဝါးများနှင့် နှိုင်းယှဉ်လိုက်လျှင်, သူတို့ဆေးဝါးများက အရည်အသွေး အတော် ကောင်းမွန်ကြသည်။ ထို့ပြင် ချင်းယန်ကလန်က ထိပ်တန်းကလန် ဖြစ်သဖြင့် တောင်းဆိုသလောက် သူတို့က ဆေးဝါးများကို ထောက်ပံ့ပေးနိုင်ကြသည်။
သို့အတွက် ချင်းယန်ကလန် ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ဆေးဝါးလိုအပ်ချက်က ကြီးမားလာရသည်။
ထိပ်တန်းအဆင့် ဆေးဝါးများ လျော့နည်းလာသည့်အပြင်, အဆင့်နိမ့် ဆေးဝါးများ အရေအတွက်လည်း အလွန်အမင်း လျော့နည်းကျဆင်းလာသည်။
ဆေးလုံးလိုအပ်ချက် ပမာဏ မပြည့်မှီသဖြင့် လူများက သူတို့ တတ်နိုင်သမျှ ဆေးဝါးများကို ရှာဖွေကြရတော့သည်။
အင်အားစု အမျိုးမျိုးဖြင့် ရှေးကတည်းက မိတ်ဆွေဖွဲ့ထားသော, သို့မဟုတ် ပူးပေါင်းထားသော ဆေးဝါးထုတ်လုပ်သော ကလန်အများစုကလည်း သူတို့ ထုတ်လုပ်သော ဆေးဝါးများကို သူတို့နှင့် မိတ်ဖွဲ့ထားသော အင်အားစုများကိုသာ အဓိက ပံ့ပိုးပေးကြပြီး အနည်းအပါး အပိုအလျှံကိုသာ အပြင်သို့ ထုတ်ရောင်းပေးကြသည်။
ထိုကလန် အနည်းအကျဉ်းများအပြင်, ဆေးဝါးထုတ်လုပ်ရေးမှာ ကျွမ်းကျင်ကြသော တစ်သီးပုဂ္ဂလများလည်း ရှိကြသည်။ သူတို့ထဲမှ တချို့က ထင်ပေါ်ကျော်ကြားသော မိသားစုများမှလည်း ဖြစ်သလို, တချို့ကိုတော့ အဓိကအင်အားစုကြီးများက ရွေးချယ်သွားကြသည်။ သို့သော် သူတို့ ထုတ်လုပ်သော ဆေးဝါးများက အင်မတန် နည်းပါးကြသည်။
တစ်စုံတယောက်က အဆင့်မြင့် ဆေးဝါးကို ထုတ်လုပ်နိုင်ကြောင်း ပေါ်ပေါက်သွားလျှင်, အမျိုးမျိုးသော အင်အားစုကြီးများက ထိုလူ့ဆီ အပြေးအလွှား သွားကြသည်။ ထိုလူကို သိမ်းသွင်းရန် ဖြစ်သည်။
အရည်အသွေးမြင့် ဆေးလုံးများ, ဆေးဝါးများကို ဝယ်ယူရရှိဖို့ အင်မတန်ပင် ခက်ခဲကြမ်းတမ်းလှသည်။
သို့အတွက်ကြောင့်ပင်, ချန်လင်းလေလံအိမ်တော်က အဆင့်မြင့် ဆေးဝါးများကို လေလံစာရင်းတင်သွင်းထားကြောင်း သတင်း ထုတ်လိုက်ချိန်မှာ လူများစွာအား ဆွဲဆောင်သွားခြင်း ဖြစ်ပေသည်။
ကြီးမားကျယ်ပြန့်သော လေလံအိမ်တော်အတွင်းက လူမဆံ့တော့ပေ။ လူများက လေလံအိမ်တော်သို့ ဝင်မလာမစဲ တသဲသဲ ဖြစ်နေတုန်းပင်။
သခင်လေးတို့ ဆေးဝါးတွေကို စိတ်ဝင်စားတယ်ဆိုရင် လေလံတင်နေတုန်း ဝင်ဆွဲလို့ ရတယ်နော်၊ ဒီဆေးဝါးတွေအကြောင်းကို ဘော့စ်က ကျနော်တို့ကို တင်ကြိုပြီး အကြောင်းကြားထားတယ်၊ ဖောက်သည်က တောင်းဆိုထားတာကြောင့် ကျနော်တို့ရဲ့ ဂုဏ်သရေရှိ လူကြီးမင်းများကို အထူးအခွင့်အရေး လေလံအိမ်တော်က မပေးနိုင်ဘူး ဖြစ်နေပါတယ်ဗျာ။ ကျောက်ချူ၏ ဆေးလုံးများအပေါ် အလွန်စိတ်ဝင်စားနေကြောင်းကို သတိပြုမိသဖြင့် ဝန်ထမ်းက တောင်းတောင်းပန်ပန်ဖြင့် ရှင်းပြသည်။
သာမန် လေလံတင်နေကျ ပစ္စည်းမျိုးသာ ဆိုလျှင်, သူတို့ အထူးဧည့်သည်များအတွက် သူ့အနေအထားကို အသုံးချပြီး အခွင့်အရေး ပေးနိုင်မည် ဖြစ်သည်။ သို့သော် ဒီတစ်ကြိမ်တော့ မရပေ။ အင်မတန် တန်ဖိုးကြီးသော ပစ္စည်း ဖြစ်နေသောကြောင့် ဖြစ်သည်။
ကျောက်ချူက ရယ်ရယ်မောမောဖြင့် လက်ဝှေ့ယမ်းပြ၍ ဝန်ထမ်းကို အခန်းထဲမှ ပြန်ထွက်ခိုင်းလိုက်သည်။
အဲဆေးလုံးတွေကို စိတ်ဝင်စားတယ်ဆိုရင်လည်း, ဝယ်စရာ လိုမယ်လို့ မင်း ထင်နေသလား၊ ရှီလေးဆီကပဲ အဲဆေးလုံးတွေ တောင်းလိုက်တော့မှာပေါ့ ကျောက်ချူက မည်သို့မျှ မသက်ရောက်သော, လှုပ်ရှားခြင်းမရှိသော ဂျန်ဝုရှီကို ချောင်းကြည့်လိုက်သည်။ သူ့မျက်လုံးများက သူ့အပြုံးကြောင့် လခြမ်းကွေးလို ဖြစ်နေ၏။
ရှီလေး, မင်း သဘောတူတယ်မို့လား။
ဂျန်ဝုရှီက သူ့အား ဖျတ်ခနဲ ကြည့်၍ ပြန်လှည့်သွားသည်။ ဒီလောက် တုံးအသော သူကို မျက်နှာသာ မပေးလိုပေ။ ဖြေစရာမလိုသော မေးခွန်း ဖြစ်နေသည် မဟုတ်လော။
ဂျန်ဝုရှီ၏ အေးစက်စက် ဆက်ဆံမှုကို လုံးလုံး မဖြုံဘဲ ကျောက်ချူက ဟွာယောင်းကို ကပ်မှီ၍ မေးသည် အကိုဟွာ, ဒီလေလံပွဲအတွက် ရှီလေး ဆေးလုံး ဘယ်လောက် ပေးထားသလဲ။
ဟွာယောင်း ပြန်ပြောသည် ၇ပုလင်း။
၇ပုလင်းတောင်...ဟမ်...တစ်ပုလင်းကို တစ်သိန်းနဲ့ ရောင်းရင်, ၇သိန်းပေါ့ ကျောက်ချူက ဂလုခနဲ တံတွေးမျိုချသည်။
သူက လေညင်းကျောင်းတော်၏ ဂိတ်ပေါက်ရှေ့တွင် ရိုက်စားလုပ်ခဲ့တုန်းက ဈေးနှုန်းကို အခြေခံ၍ တွက်ချက်ကြည့်ခြင်း ဖြစ်ပေသည်။