၅၄၉။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၆
ခဏအကြာတွင် ဟဲချန်လီ ပြန်လာသည်။ သူနှင့် အတူ လူတစ်ယောက် ပါလာသည်။ သူ့ကို ကြည့်မိသော ကျောက်ချူတို့အုပ်စု မျက်လုံး ပြူးကုန်သည်။
ထိုလူက အရပ်ရှည်ကာ ဗလတောင့်သည်။ သူ့တစ်ကိုယ်လုံးက ပတ်တီးများဖြင့် ပြည့်နေသည်။ ပတ်တီးအတော်များများကို အင်္ကျီဖြင့် ကာထားသော်လည်း မလုံလောက်ပေ။ ကျောက်ချူတို့ထံ သူ နီးကပ်မလာခင်မှာပင် သွေးနံ့က လေထုထဲ လှိုင်တက်လာသည်။ သူ့နှာခေါင်း မျက်လုံး နားရွက်များနှင့် ပါးစပ်ပေါက်မှ လွဲ၍ ခေါင်းတစ်ခုလုံး ပတ်တီးစည်းထားသည်။ မူရင်း ပတ်တီးစအဖြူထည်များက သွေးများ စွန်းထင်းနေသဖြင့် အနီရောင် ပေါက်နေသည်။
သူ ရောက်ရှိလာဖို့ ဖြည်းဖြည်းနှေးနှေး လျှောက်လှမ်းလာသည်။ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်က အနည်းငယ် ဖိနှိပ်စွမ်းအားကို ယူဆောင်ထားသည်။ သူ ရောက်လာပြီး ဂျန်ဝုရှီရှေ့တွင် ရပ်လျက် ရုတ်တရက် လက်သီးလက်ဝါးထပ်၍ စနစ်တကျ လေးလေးနက်နက် ဦးညွတ်သည်။
ကျုပ်နာမည်က မုကွိုင်ဖန်ပါ၊ သခင်လေးရဲ့ ရက်ရက်ရောရော ကူညီပေးမှုအတွက် ကျုပ် ရိုးသားစွာ ကျေးဇူးတင်ပါတယ် မုကွိုင်ဖန်၏ နက်နဲသော အသံဩဇာက သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ရှိနေတာကိုပင် မေ့လျော့သွားစေသည်။
ကနေ့ ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးကြောင့် မုကွိုင်ဖန် မည်သို့ ခံစားရကြောင်းကို စကားဖြင့်ပင် မဖော်ပြနိုင်ပေ။ သူက ငွေသုံးသိန်းကိုသာ မစုဆောင်းနိုင်လျှင်, ဘဝကူးပြောင်းသွားကြသော သူ့မိတ်ဆွေကောင်းများအား မျက်နှာချင်းဆိုင်နိုင်မည် မဟုတ်ပေ။ ကနေ့ လေလံမအောင်ခဲ့လျှင် သူ လုံးလုံး စိတ်ဓာတ်ကျသွားမှာ ဖြစ်သည်။
သို့သော် ဂျန်ဝုရှီက သူ၏ နိမ့်ကျသွားသော စိတ်ဓာတ်ကို အမြင့်သို့ ပြန်လည် ဆွဲတင်သွားခဲ့သည်။
ငွေသုံးသိန်းက သူ့အတွက် အင်မတန် အရေးကြီးပေ၏။
မလိုပါဘူး ဂျန်ဝုရှီက ရိုးရိုးစင်းစင်း ပြောသည်။ ထိုလူထံမှ ပေါ်ထွက်လာသော သွေးနံ့က သူမကို အနည်းငယ် မျက်မှောင်ကြုတ်စေသည်။ သူမ ခဏလောက် တိတ်ဆိတ်နေပြီးနောက် မေးလေ၏ ခင်ဗျား မိုးကောင်းကင်အဆုံး ချောက်နက်ထဲ ရောက်ခဲ့တာလား။
ကျောက်နက်တုံးကို တကယ်ပင် မိုးကောင်းကင်အဆုံး ချောက်နက်မှ ယူဆောင်လာတာလားဟူ၍ ဂျန်ဝုရှီ သံသယဝင်နေကြောင်းကို မုကွိုင်ဖန်က တွေးမိ၍ အမြန်အဆန် ပြန်ပြောသည် အင်း, ကျုပ် အဲကို ရောက်ခဲ့တယ်၊ ဒီကျောက်တုံးနက်ကို ချောက်နက်အောက်ခြေကနေ ငါနဲ့ ငါ့ညီအကိုတွေ ရှာတွေ့ခဲ့တာ။
မိုးကောင်းကင်အဆုံး ချောက်နက်အကြောင်းကို ပြောပြပါလား၊ ဒါဆို ခင်ဗျား ကျေးဇူးတင်တာကို လက်ခံမယ်။ ဂျန်ဝုရှီ ပြန်ပြောသည်။
မုကွိုင်ဖန် အနည်းငယ် အံ့အားသင့်သွားသည်။ ဂျန်ဝုရှီ၏ အဖွဲ့ကို အတော်ငယ်သေးမှန်း သူ မြင်ချိန်မှာ သူတို့က ငယ်ရွယ်သူတို့ သဘောသဘာဝအတိုင်း ပေါ့ပျက်ပျက်ဖြင့် မိုးကောင်းကင်အဆုံး ချောက်နက်အကြောင်းကို သိချင်ရုံသာဟူ၍ သူ တွေး၍ အဆင်သင့် သဘောတူလိုက်သည်။
ဟဲချန်လီက သူတို့ နေထိုင်သော တည်းခိုဆောင်ကို မေးမြန်း၍ ကျောက်တုံးနက်ကို သူ့လူများအား ပို့ခိုင်းလိုက်သည်။ ထို့နောက် သူတို့အတွက် သီးသန့်အခန်းကို ပြင်ဆင်ပေးပြီး ထိုင်စရာများကို လုပ်ပေးလိုက်သည်။ လေလံအိမ် ဝန်ထမ်းများက စေ့စေ့စပ်စပ် တွေးတော၍ မုန့်များ လက်ဖက်ရည်များဖြင့် တည်ခင်းဧည့်ခံပေးသည်။
အခန်းထဲ သူတို့ အားလုံး ထိုင်ပြီးချိန်မှာ, မုကွိုင်ဖန်က အနည်းငယ် မသက်သာသလို ဖြစ်လာသည်။ သူက အသက်သုံးဆယ်ကျော်အရွယ်ဖြစ်သည်။ သူက သူ့သူငယ်ချင်းများနှင့် သောက်ဖော်သောက်ဖက် စားဖော် စားဖက်များ ဖြစ်သည်။ သူ့အောက် အသက်တစ်ဝက်လောက် ငယ်သော လူငယ်များနှင့် စကားပြောဖို့ ဝိုင်းဖွဲ့ထိုင်ချိန်မှာ ရုတ်တရက် သူ နာကျင်ခံစားသွားရသည်။ သူ့အတွက် နေစရာ မရှိတော့သလို ဖြစ်သွားသည်။
ဂျန်ဝုရှီတို့ အဖွဲ့က သာမန်သာ ဝတ်စားထားသော်လည်း အထည်စများက ထိပ်တန်းအဆင့်ဖြစ်သည်။ သူတို့အားလုံးက မင်းမျိုးမင်းနွယ်လို ရုပ်ရည်များကို ပိုင်ဆိုင်ထားကြသည်။ သူတို့လေထုက ဖိနှိပ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူတို့က ရိုးရိုး နောက်ခံရှိသူများ မဟုတ်နိုင်ကြချေ။ သို့အတွက် သူက ပိုမို၍ မသက်မသာ ဖြစ်လာရသည်။
အကိုကြီး မု, ကျေးဇူးပြုပြီးတော့ ခင်ဗျားကိုယ်တိုင် လက်ဖက်ရည်တို့ မုန့်တို့ကို နည်းနည်းလောက် အရင် သုံးဆောင်လိုက်ပါအုံးလား၊ ပြီးမှ ကျနော်တို့ကို အသေးစိတ် ပြောပြပေါ့ ဖေးယန်က မုကွိုင်ဖန်၏ မသက်မသာ ခံစားနေရခြင်းကို တွေ့မြင်ရ၍ နှစ်လိုဖွယ် အပြုံးဖြင့် လက်ဖက်ရည်ခွက်ကို ကမ်းပေးသည်။
မုကွိုင်ဖန်က ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော အမျိုးသမီးလေးက သူ့အား ချိုချိုသာသာ ပြုံးပြတာကို တွေ့မြင်ရလျှင် လက်ဖက်ရည်ခွက် ကိုင်ထားသော သူ့လက်များက ပိုလို့ပင် တုန်ယင်သွားရသည်။
သူက လက်ဖက်ရည်ခွက်ကို အမြန်လက်ခံယူ၍ လက်ဖက်ရည်ကို ခပ်မြန်မြန် သောက်ချလိုက်သည်။ လက်ဖက်ရည်က သူ့အား အနည်းငယ် ငြိမ်သက်သွားစေပြီးနောက် သူက ဂျန်ဝုရှီတို့ကို ကြည့်၍ ပြောလာသည် လွန်ခဲ့တဲ့ လဝက်လောက်က ကျုပ် မိုးကောင်းကင်အဆုံး ချောက်နက်ကို သွားခဲ့တယ်၊ သူငယ်ချင်းအုပ်စုလည်း ကျုပ်နဲ့ အတူ ပါလာတယ်၊ အရိုးသားဆုံး ပြောရရင်, ကျုပ်တို့ ညီအကို အုပ်စုက လူတွေ တောင်းဆိုတဲ့ အတိုင်း ဝန်ဆောင်ခယူပြီးတော့ လိပ်ပြာသားရဲတွေကို အမဲလိုက်ပြီး ဝင်ငွေရှာကြသူတွေ ဖြစ်တယ်။
မိုးကောင်းကင်အဆုံး ချောက်နက်က ခက်ခဲကြမ်းတမ်းတဲ့ နေရာဖြစ်ပြီး ကောင်းကောင်း ဖုံးကွယ်ထားတဲ့ နေရာတစ်ခု ဖြစ်တယ်၊ မိုးကောင်းကင်အဆုံး ချောက်နက်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက ပျံ့နှံ့နေကြတယ်၊ ဒါပေမဲ့ ချောက်နက် တည်နေရာကို တိတိကျကျ သိတဲ့ သူက ရှားပါးပြီး အနည်းငယ် ရှိတယ်၊ တစ်ချိန်လုံး ငါတို့က အဲချောက်နက်နဲ့ ပတ်သက်လို့ များများစားစား မစဉ်းစားထားကြဘူး၊ ဒါပေမဲ့ ငါတို့ကို အဲထဲ ဆင်းဖို့ တာဝန် လာအပ်ကြတယ်၊ ဒါ့ကြောင့်ပဲ ငါတို့ အဲချောက်နက်ထဲ ဆင်းခဲ့ကြတာ။