၅၁၉။ အမဲလိုက်ပွဲ ပြီးဆုံးခြင်း-၁
သိုးငယ်လေးက သူတို့နှင့် အတူရှိနေသဖြင့် ဂျန်ဝုရှီနှင့် သူမအဖွဲ့က မည်သည့်လိပ်ပြာသားရဲကိုမျှ အမဲမလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့အားလုံး နောက်နေ့မနက် စောစော ပြန်ပြီး အမဲလိုက်ပွဲကို အဆုံးသတ်မည် ဖြစ်သည်။
သည်အမဲလိုက်ပွဲက တပည့်အမျိုးမျိုးအတွက် အဓိပ္ပါယ်အမျိုးမျိုး ကွဲပြားသည်။ တစ်ချို့အတွက် ပြီးခဲ့သည့် အမဲလိုက်ပွဲနှင့် အဓိပ္ပါယ်အတူတူပင် ဖြစ်သည်။ တချို့အတွက် မေ့ပျောက်လို့ မရသော အတွေ့အကြုံတစ်ခု ဖြစ်သည်။ တချို့က မဲမှောင်နေသော သည်တောအုပ်ကြီးတွင် အသက်ပေးဆပ်၍ အဆုံးသတ်သွားကြရသည်။
တပည့်အုပ်စု အသီးသီးက တစ်သုတ်ပြီး တစ်သုတ် ပြန်လာကြသည်။ တချို့က ပျော်ပျော်ရွှင်ရွှင် ပြန်လာကြပြီး တချို့က စိတ်မချမ်းမသာဖြင့် ပြန်လာကြသည်။ အတော်များများက ဒဏ်ရာများဖြင့် ပင်ပန်းမောဟိုက်ကာ ပြန်လာကြသည်။ တချို့က အချင်းချင်း ဖေးမကာ ပြန်လာကြသည်။
အမဲလိုက်ပွဲတောက်လျောက် ကြိုးစားပမ်းစား လုပ်ခဲ့ရသော လူငယ်များက ပင်ပန်းနေကြသည်။ သူတို့က နောက်ဆုံးတွင် တောအုပ်မှ ထွက်လာရသဖြင့် ပျော်ရွှင်သွားကြသည်။ သန်မာသူများက လိပ်ပြာတောအုပ်က သူတို့၏ အားအင်နှင့် စွမ်းအားကို သက်သေပြုရာ အရပ်ဖြစ်သည်။ သူတို့ကသာ လိပ်ပြာသားရဲများကို အများအပြား သတ်နိုင်ကြသည်။
အားနည်းသူများက လိပ်ပြာသားရဲများ၏ ပစ်မှတ်ဖြစ်သွားကြပြီး ၎င်းသားရဲများ၏ အဆက်မပြတ် အမဲလိုက်ခြင်းကို ခံကြရသည်။ တချို့က အသက်ရှင်ကျန်ရစ်ဖို့ ပြေးလွှားကြပြီး တချို့က ပုန်းအောင်းနေကြရသည်။ ထိုအရာက သူတို့အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ အတွေ့အကြုံတစ်ရပ် ဖြစ်သည်။
ဆရာများက ပြန်ထွက်လာသော တပည့်များကို တစ်ယောက်ချင်း ရေတွက်ကြသည်။ သူတို့ ရရှိလာသော ဝိညာဉ်ကျောက်တုံးများ၏ အရေအတွက်ကို မှတ်တမ်းတင်ထားကြသည်။ တချို့က သူတို့၏ ကြိုးစားအားထုတ်မှုကို အထင်ကြီးစဖွယ် ပြသကြသည်။ တချို့က လက်ချည်းသက်သက်သာ ဖြစ်နေကြသည်။ အားလုံး၏ ခံစားချက်က မျိုးစုံပင် ဖြစ်တော့သည်။
ဂျန်ဝုရှီတို့အဖွဲ့က အစောကြီးလည်း မဟုတ်သလို နောက်အကျကြီးလည်း မဟုတ်ဘဲ ပြန်လာသည်။ သူတို့ စခန်းသို့ လျှောက်လှမ်းဝင်လာချိန်မှာ စခန်းက သူတို့အရင် ပြန်ရောက်နှင့်ကြသော တပည့်များဖြင့် ပြည့်နှက်နေသည်။ ပြီးခဲ့သည့် ခုနှစ်ရက်လုံးလုံး ထိတ်လန့်ကြောက်ရွံ့ခဲ့ကြသော တပည့်များက အခုဆို စတ်သက်သာရာ ရသွားကြသည်။
တပည့်များက အုပ်စုလိုက် စုရုံး၍ သူတို့ အတွေ့အကြုံကို ပြန်ပြောင်း ပြောပြကြသည်။ တချို့က သူတို့ တွေ့ကြုံရတာထက် နှစ်ဆတက် ကြွားဝါ ပြောဆိုကြသည်။ သို့သော် မည်သူမျှ စိတ်အနှောင့်အယှက်ခံပြီး ကန့်လည်း မကန့်ကွက်ကြသလို သူတို့ ဇာတ်ကြောင်းအမှားကိုလည်း ထောက်မပြကြချေ။ သူတို့ လိုအပ်တာက ဖျော်ဖြေရေးသက်သက်သာ ဖြစ်သည်။ သို့မှသာ သူတို့၏ စိတ်နှင့် ကိုယ် နှစ်ခုစလုံး ပြေလျော့သွားကြမည် ဖြစ်သည်။
ဂျန်ဝုရှီတို့ အဖွဲ့ ပြန်လာကြလျှင်, ဆရာက သူတို့ ရမှတ်ကို တွက်ချက်သည်။ ၎င်းရမှတ်က တစ်ခါမှ သူတို့ မမြင်ဖူးသော ရမှတ် ဖြစ်နေသည်။ သူတို့အဖွဲ့ ပြန်လည် ပေးအပ်တာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အနည်းငယ်မျှသာ ဖြစ်သည်မဟုတ်လော။ ရေးမှတ်ဖို့ပင် မထိုက်တန်ချေ။ ထို့ကြောင့် ဆရာက မျက်ခုံးပင့်မိသွားသည်။ ဖန်ဂျင်က အစောပိုင်းတွင် သူ့မှာ ရှိသော ဝိညာဉ်ကျောက်တုံးအားလုံးကို ပေးအပ်ရန် ရည်ရွယ်သည်။
သို့သော် ဂျန်ဝုရှီတို့ အုပ်စု လုပ်တာကို ကြည့်ပြီး သူ့ဝိညာဉ်ကျောက်တုံး အများစုကို ဖယ်ထားပြီး အနည်းငယ်မျှကိုသာ ပြန်လည် အပ်နှင်းလေ၏။
ဖန်ဂျင် မင်း နောက် အမဲလိုက်ပွဲကို ဝင်ပြိုင်တဲ့ အချိန် အသုံးမကျတဲ့ တပည့်တွေနဲ့ နောက်ထပ် ပူးပေါင်းမနေနဲ့။ သူတို့၏ ရမှတ်ကို ရေတွက်နေသော ဆရာက ဖန်ဂျင်၏ ရမှတ်ကို ကြည့်ပြီး မျက်မှောင် အတော်ကြုတ်မိသွားသည်။ ဖန်ဂျင်က လေညင်းကျောင်းတော်တွင် အကျော်အမော်တစ်ယောက် အမြဲတမ်း ဖြစ်ခဲ့သည်။ သူက ဖြောင့်မတ်၍ ရိုးသားသူလည်း ဖြစ်သည်။ ဆရာများက သူ့ကို နှစ်သက်ကြသည်။ သူက သန်မာသူ အလွန်အားကောင်းသူ ဖြစ်သည်။ ထို့ကြောင့် သူ့ကို များစွာ မျှော်လင့်ထားကြသည်။
ပြီးခဲ့သည့် အခေါက် အမဲလိုက်ပွဲမှာ ဖန်ဂျင်က ဝိညာဉ်ကျောက်တုံး အများကြီး မရခဲ့သော်လည်း သူ့ရလဒ်က တခြားသူများထက် ကျော်လွန်ခဲ့သေးသည်။ သို့သော် ဒီတစ်ကြိမ် ဖန်ဂျင် ပေးအပ်သော ဝိညာဉ်ကျောက်တုံး ပမာဏက အရင်နှင့်စာလျှင် စာမဖွဲ့လောက်ပေ။ ထို့ပြင် အခု အကုန်လုံးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများသာ ဖြစ်သည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ခုတလေပင် မပါရှိပေ။
ထိုဆရာက ဖန်ဂျင်အား အလိုလို ဆူမိသည်။ ဒါကလည်း ဖန်ဂျင်က နာမည်ကျော်ကြားသည်ထက် ရလဒ် နည်းသောကြောင့် ဖြစ်သည်။ ၎င်းရလဒ်က စုတ်ပြတ်နေသော ဂျန်ဝုရှီနှင့် ဌာနခွဲမှ တပည့်အုပ်စုနှင့် ပေါင်းမိခြင်းကြောင့်ဟု ထိုဆရာက ယူဆသည်။
ဖန်ဂျင်က ထိုဆရာအား မလုံမလဲ ပြုံးပြသည်။ မည်သည့် စကားကိုမျှ အပို မဆိုတော့ချေ။
ပြီးခဲ့သည့် ခုနှစ်ရက်လုံးလုံး အမဲလိုက်ပွဲမှာ သူက တကယ်တော့ များများစားစား အားစိုက်မထုတ်ခဲ့ရပေ။ ကျောက်ချူတို့ အဖွဲ့ကသာ အားစိုက်ထုတ်ခဲ့သည်။ သူ့ကိုယ်သူ အသုံးကျကြောင်း ပြသဖို့ အခွင့်အရေး များများစားစား မရရှိခဲ့ပေ။
ကျောက်ချူတို့လေးယောက်က သူတို့ ရလဒ်ကို ရေတွက်ပြီးစီးသည့်နောက် ဌာနခွဲစခန်းသို့ ပြန်သွားသည်။ ဂျန်ဝုရှီက သူတို့ကို နှုတ်ဆက်ကာ ထွက်ခွာသွားချိန် ဖန်ဂျင်က သူတို့နောက်သို့ အပြေးအလွှား လိုက်သွားသည်။
ကျောက်ချူ... ဟေ့ကောင်တွေ.. ခဏနေအုံး။
ကျောက်ချူ လှည့်ကြည့်လျှင် မောကြီးပန်းကြီး ပြေးလာသော ဖန်ဂျင်ကို မြင်လျှင် အံ့အားသင့်သွားသည်။ သို့သော် ဖန်ဂျင့်မျက်နှာက ပြုံးနေ၏။
အကိုကြီးဖန်, ဘာဖြစ်လို့ ကျောက်ချူက ဖန်ဂျင့်အပေါ် အကောင်းမြင်သည်။
ဒီဝိညာဉ်ကျောက်တုံးတွေက မင်းတို့ အားလုံးအတွက်။ ဖန်ဂျင်က သူ ချန်ထားသော ဝိညာဉ်ကျောက်တုံးအားလုံးကို ထုတ်ယူ၍ ကျောက်ချူလက်ထဲ ထည့်ပေးသည်။
ဘာလို့ ဒါတွေကို ငါတို့ ပေးတာလဲ။ ကျောက်ချူက အံ့အားသင့်သွားသည်။ သူ့လက်ထဲရှိ ဝိညာဉ်ကျောက်တုံးအလေးချိန်က အတော်လေး စီးသည်။ ဖန်ဂျင်က သူ ရရှိထားသော ဝေပုံကျအားလုံးနီးနီး ပေးပစ်ခြင်း ဖြစ်သည်။
ဖန်ဂျင်က အနည်းငယ် အခက်တွေ့ဟန်ဖြင့် ပြန်ပြောသည်။ အမဲလိုက်ပွဲမှာ ငါက အများကြီး မပါဝင်လိုက်ရဘူး၊ တကယ်တော့ ဒါတွေအားလုံးက မင်းတို့ လုံ့လနဲ့ ရရှိထားကြတာ၊ ငါ ပြန်တော့မယ်, လုပ်စရာတွေ ရှိသေးလို့၊ နောက်ကျမှ ပြောကြတာပေါ့။ ထိုသို့ ပြောပြီးလျှင် ဖန်ဂျင်က ကျောက်ချူ ပြန်အပြောကိုပင် မစောင့်တော့ဘဲ ပြေးထွက်သွားတော့သည်။
ကျောက်ချူက ခေါင်းကုတ်လိုက်သည်။ ရောင်းရူက ရယ်သည်။
ဒီကောင် ဖန်ဂျင်က အချိန်ကိုက် ပြောင်းလွယ် ပြင်လွယ်လုပ်နိုင်တာပဲ၊ ဒါပေမဲ့ သူက တကယ့်ကို ပင်ကိုယ်အတိုင်း ရိုးသား ဖြောင့်မတ်သူပေါ့။
သူက တကယ်ပင် လူကောင်း တစ်ယောက် ဖြစ်သည်။