၄၉၁။ ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၂
ဒါက အနက်ရောင်သားရဲကြီး ဖြစ်သည်။ ၎င်းက မြေကြီးပေါ် ပြုတ်ကျလုလု ဖြစ်နေသော လောင်ချီကို ခေါင်းထိုးခံ၍ မြှောက်လိုက်သည်။ ထို့နောက် ၎င်း၏ ထူထဲသော အမြီးဖြင့် လောင်ချီကို ရစ်ပတ်ယူ၍ သူ့ကျောပေါ်သို့ တင်လိုက်သည်။ လျင်မြန်ပေါ့ပါးသော သားရဲကြီးက လေထဲမှ ခုန်ဆင်း၍ လောင်ချီကို ရှင်းလင်းသော မြေပြင်တွင် အသာအယာ ချပေးသည်။
လောင်ချီက သူ့ကျောပြင် မီးဖြင့် အမြှိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့ကျောပြင်က မခံမရပ်နိုင် နာကျင်နေပြီး မတ်တပ်ရပ်ဖို့ပင် အနိုင်နိုင် ဖြစ်နေသည်။ သူ့အား ကယ်တင်သော သားရဲကြီးကို ကြည့်လိုက်သည်။ ၎င်းသားရဲကြီးက အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် တိုက်ပွဲကွင်းပြင်သို့ ပြန်ဝင်သွားသည်။ သားရဲကြီးက သွက်လက်စွာ ခုန်ဝင်လိုက် ရှောင်ထွက်လိုက်ဖြင့် ရူလင်းစစ်သားများ အားလုံးကို ဖမ်းယူနေ၏။
နောက်ဆုံးတွင် သားရဲကြီးကို အနီးကပ် ရှင်းရှင်းလင်းလင်း မြင်ရချိန်မှာ လောင်ချီ ချက်ချင်း တောင့်တင်းသွားသည်။
ထိုအနက်ရောင်သားရဲကြီးက သူ ရင်းရင်းနှီးနှီး မြင်နေကျ ဖြစ်သည်။ သူက ၎င်းအနက်ရောင်သားရဲကြီးနောက်မှ အကြိမ်ပေါင်းများစွာ လိုက်ခဲ့ရဖူးသည်။ ၎င်းသားရဲကြီး၏ ကျောပေါ်တွင် ထိုင်နေသော ပုံရိပ်လေးကို သူ အာရုံစိုက် ကြည့်လိုက်သည်။ ၎င်းပုံရိပ်က ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းမော့ထားသည်။ ၎င်းပုံရိပ်၏ ကျောပြင်က အလျှော့မပေးဟန်တို့ဖြင့် မတ်မတ်ရှိနေ၏။
နင် မသေချင်ရင် လွတ်လွတ်ကင်းကင်း နောက်ဆုတ်နေ ရင်းနှီးနေကျ လေသံက သူ့နားစည်သို့ ဝင်ရောက်လာသည်။ ၎င်းလေသံက အေးစက်သည်။ သို့သော် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး နွေဦးစမ်းချောင်းလို နွေးထွေး၍ သက်သောင့်သက်သာ ခံစားရစေသည်။
လောင်ချီက ၎င်းအသံပိုင်ရှင်သို့ လှည့်၍ နာကျင်ခြင်းများကို လျစ်လျူရှူကာ ချက်ချင်း ဒူးထောက်ချလိုက်သည်။ သူ၏ မာန်ဝင့်သော ဦးခေါင်းကို နှိမ့်၍ မြတ်နိုးခြင်း ချစ်ခင်ခြင်းများစွာ ပြောလိုက်သည် လောင်ချီက သခင်မလေးကို နှုတ်ဆက်ပါတယ်။
သူ့အသံက အနည်းငယ် တုန်ယင်နေ၏။
တမ်းတခြင်း ရောစွက်နေသော စိတ်လှုပ်ရှားခြင်းကြောင့် တုန်ယင်နေခြင်း ဖြစ်သည်။
သေးငယ်သော ပုံရိပ်က လောင်ချီ ရှေ့တည့်တည့်တွင် ရပ်နေ၏။ ၎င်းပုံရိပ်က သေးငယ်သော ကိုယ်ဟန်ရှိပြီး အားနည်းပုံပေါ်နေသော်လည်း ၎င်းပုံရိပ် ထွက်ပေါ်လာသည်နှင့် လောင်ချီအား အလွန် ဘေးကင်းလုံခြုံခြင်းကို ခံစားရစေသည်။ တခြားလူများ မစွမ်းဆောင်နိုင်သော ခံစားချက်ကို ဖြစ်စေနိုင်၏။
၎င်းပုံရိပ်က နူးညံ့သော သွင်ပြင်ရှိပြီး သာမန်လို ဖြစ်နေသော ပုံသဏ္ဌာန်က အမူအရာ ကင်းမဲ့နေ၏။ သို့သော် အေးစက်စက်နိုင်ခြင်းက လူများအား အံ့အားသင့်ဖွယ်ရာကို ခံစားရစေသည်။
လောင်ချီ ပြောပြီးသည်နှင့် တပြိုင်နက်လိုလိုမှာပင် အနက်ရောင်သားရဲကြီးက ရူလင်းစစ်သားများ အားလုံးကို ဖမ်းယူ၍ ပြန်ရောက်လာပြီး ၎င်းပုံရိပ်လေး၏ ဘေးတွင် သူတို့ကို အသာအယာ ချထားပေးလိုက်သည်။
တိုက်ပွဲကွင်းပြင်မှ ဆွဲထုတ်ခံလိုက်ရသော ရူလင်းစစ်သားများက အခုထိ ဘာဖြစ်သွားမှန်း မသိကြသေးပေ။ အနက်ရောင်သားရဲကြီးက သူတို့ကို ဆိုးဆိုးရွားရွား ထိခိုက်စေခြင်းမှ ကယ်တင်ပေးခဲ့သည်။ သူတို့အားလုံး ရုတ်တရက် ဘာပြောရမှန်း မသိကြချေ။
ရူလင်းစစ်သားများကို လင်းအိမ်တော်တွင် အစောင့်အနေဖြင့် မကြာခဏ နေရာချပေးခံရဖူးသည်။ ဂျန်မိသားစု မျိုးနွယ်ဆက် သုံးခု၏ လုံခြုံရေးကို သူတို့ ဂရုစိုက်ပေးကြရသည်။ နေပြည်တော်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဖြစ်ပွားစဉ်မှာ အရာရှိများအား ဖမ်းဖို့ သူတို့က လောင်ချီနှင့် အတူ ပါဝင်ခဲ့ရသည်။ ထိုနေ့က သူတို့သခင်မလေး၏ တိကျပြတ်သားသော လုပ်ဆောင်ချက်ကို မျက်မြင် ကိုယ်တွေ့ ရှိခဲ့ကြသည်။
ထိုစဉ်တုန်းက ကြီးမား၍ ခံ့ညားသော အနက်ရောင်သားရဲကြီးကို သူတို့ မှတ်မိကြ၏။ ဒီနေ့လည်း ၎င်းသားရဲကြီးကို သူတို့ ပြန်လည် တွေ့ကြရပြန်သည်။
ထိုအခိုက် သူတို့၏ ဗိုလ်ချုပ်လောင်က သေးသွယ်သော ပုံရိပ်လေးရှေ့မှာ ဒူးထောက်နေတာကို သူတို့ တွေ့လိုက်ကြသည်။ ၎င်းပုံရိပ်လေးက သူတို့နှင့် အနည်းငယ် ရင်းနှီးသလို ခံစားရစေပြီး တစ်ချိန်တည်းမှာပင် တစိမ်းလိုလို ခံစားရစေပြန်သည်။
သူတို့က ၎င်းမျက်နှာသွင်ပြင်ကို အရင်က မတွေ့ခဲ့ဖူးပေ။ သို့သော် ထိုမျက်လုံးတစ်စုံကတော့ မည်သို့မျှ ပြောင်းလဲသွားမည့် အရာမဟုတ်မှန်း သူတို့ သိကြသည်။ ထိုပုံရိပ်မှ အေးစက်စက်ခံစားချက်ကို ပေးစွမ်းနိုင်တာကို သူတို့ ခံစားလိုက်ရပြီး ချက်ချင်းပင် သူတို့ အံ့အားသင့်စွာ နားလည်လိုက်ကြသည်။
သခင်မလေး ရူလင်းစစ်သားများက သူတို့ဒဏ်ရာများမှ နာကျင်ခြင်းကို လျစ်လျူရှူ၍ တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်၍ ဂါရဝပြု နှုတ်ဆက်ကြသည်။ သူတို့အသံများကလည်း စိတ်လှုပ်ရှားနေသဖြင့် တုန်ယင်နေကြ၏။
ကျယ်ပြန့်သော မိုးကောင်းကင်အောက်တွင် ရူလင်းစစ်သားများကို မြတ်မြတ်နိုးနိုးဖြင့် ဒူးထောက်စေနိုင်စွမ်း ရှိသူများက သုံးယောက်တည်းသာ။
မြို့စားကြီး ဂျန်ရှင်းယန်, အရှင်သခင် ဂျန်ချင်းနှင့် လင်းအိမ်တော်၏ တစ်ဦးတည်းသော သခင်မလေး ဂျန်ဝုရှီတို့ ဖြစ်သည်။
ထို့ပြင် ကြောက်စရာ အနက်ရောင်သားရဲကြီးကို ထိန်းချုပ်နိုင်သူက တစ်ယောက်တည်းသာ ရှိသည်။ သူမကား သခင်မလေး ဂျန်ဝုရှီ။
မျက်နှာသွင်ပြင်က ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သည်။ အဝတ်အစားများက ကွဲပြားကောင်း ကွဲပြားသွားနိုင်သည်။ သို့သော် သူတို့အတွက် ၎င်းပုံရိပ်ကို ဘယ်တော့မှ မှားယွင်းမိကြမည် မဟုတ်ပေ။ သူတို့ရှေ့မှာ ရပ်နေသော, အနက်ရောင်သားရဲကြီး လိုက်ပါနေသော, ၎င်းပုံရိပ်က သူတို့ နှလုံးသားထဲမှ နတ်ဘုရားမ, ဂျန်ဝုရှီသာ ဖြစ်ပေတော့သည်။
သူမက လင်းအိမ်တော်နှင့် ရူလင်းစစ်တပ်အတွက် အံ့ဩဖွယ်ရာများကို လွယ်လင့်တကူ ဖန်တီးပေးနိုင်သော တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။
သို့သော်ငြား ၎င်းပုံရိပ်က သူမအား ဒူးထောက်ခစားနေတာကို အသိအမှတ်လည်း မပြုသလို မည်သို့မျှလည်း ပြန်မပြောချေ။ ရူလင်းစစ်သားများ၏ မျက်လုံးအောက်တွင် သူမက အနက်ရောင်သားရဲကြီး၏ ကျောပြင်သို့ ခုန်တက်၍ ဆေးပုလင်းဆယ်ခုကို ပစ်ပေးလေ၏။
ထို့နောက် သူမက လောင်ချီနှင့် သူ့လူများ၏ အသက်ကို ရယူလုလု ဖြစ်သွားသော ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးထံ တဟုန်ထိုး ပြေးဝင်သွားတော့သည်။