၄၇၈။ အခွင့်အရေးသမား-၁
ရှင်းလေး... နင် တစ်ခုခု စဉ်းစားမိလို့လား လူဝေဂျိုင်က မေး၏။
နင်ရှင်းက ချိုချိုသာသာ ပြုံး၍ ပြန်ပြောသည် တို့ အကိုကြီး လူက လိပ်ပြာသားရဲတိုက်ပွဲမှာ ထိပ်ဆုံးအဆင့်ကို မှန်းနေတာ, ဟုတ်တယ်မို့လား၊ ငါတို့သာ အဆင့်မြင့်လိပ်ပြာသားရဲတွေကို တချို့တလေ အမဲလိုက်နိုင်ပြီးတော့ အဆင့်မြင့်လိပ်ပြာသားရဲတွေဆီကနေ ဝိညာဉ်ကျောက်တုံးတွေကို ထုတ်ယူနိုင်မယ်ဆိုရင်, နင်က ဒီနှစ်လိပ်ပြာသားရဲအမဲလိုက်ပွဲမှာ ပထမချိတ်လိမ့်မယ်၊ ဒါတင်မကသေးဘူး... လေညင်းကျောင်းတော်ရဲ့ လိပ်ပြာသားရဲ အမဲလိုက်ပွဲမှာ ပထမဆုံး အဆင့်မြင့်လိပ်ပြာသားရဲ အမဲလိုက်နိုင်သူဆိုပြီး သမိုင်းဝင်သွားမှာ။
ထိုအတွေးကြောင့် လူဝေဂျိုင်၏ မျက်လုံးများ လင်းလက်တောက်ပသွားသည်။ ဒီလောက်မက်စရာကောင်းသော အကြံပြုချက်ကို ငနုံငအသာ ပယ်ချလိမ့်မည်။ သို့သော်....
ငါ အခုထိ အဆင့်မြင့် လိပ်ပြာသားရဲကို အမဲလိုက်နိုင်တဲ့ စွမ်းရည်မရှိသေးဘူး။ လူဝေဂျိုင်က ဝန်ခံရမည် ဖြစ်သည်။ သူက အဆင့်မြင့်လိပ်ပြာသားရဲရှေ့တွင် ဘာဆို ဘာမျှ မဟုတ်ပေ။
နင်ရှင်းက စွဲမက်ဖွယ် ပြုံးပြသည် တို့အကိုကြီး လူက ကိုယ်တိုင် အမဲလိုက်စရာ မလိုပါဘူး၊ လူတချို့ သူတို့အတွက် အကူအညီ လိုအပ်နေတယ်မို့လား။
လူဝေဂျိုင် ခေါင်းရှုပ်သွားသည်။
နင် ဆိုလိုတာက....
နင်ရှင်းက သတင်းယူလာသော လူငယ်ကို လှည့်ကြည့်၍ အပြုံးချိုချို ပြုံးပြသည် အဲလူတွေကို သွားပြောလိုက်, လိပ်ပြာသားရဲတောအုပ်ရဲ့ အစိတ်အပိုင်းအများကြီး ပါဝင်တဲ့ မြေပုံ ငါတို့မှာ ရှိတယ်လို့၊ ငါတို့အတွက် အဆင့်မြင့် လိပ်ပြာသားရဲ တချို့တလေ သတ်ပေးနိုင်မယ်ဆိုရင်, ငါတို့ သူတို့ သွားချင်တဲ့ နေရာကို လိုက်ပြပေးနိုင်တယ်လို့ ပြော။
ထိုလူငယ်က နေရာမှာပင် အံ့အားသင့်ကာ တောင့်တောင့်ကြီး ရပ်နေမိသည်။ သူက နင်ရှင်းကို စူးစိုက်ကြည့်ပြီးနောက် လူဝေဂျိုင်ကို အံ့ဩတုန်လှုပ်စွာ လှည့်ကြည့်လိုက်သည်။
လူဝေဂျိုင် အနည်းငယ် ကြေကွဲသွားသည်။ ဒီတစ်ကြိမ် သူတို့ အဖွဲ့ တိုက်ပွဲတောအုပ်၏ အလယ်သို့ လာရဲခြင်းက အတော်အတန် ပြည့်စုံသော မြေပုံမူကြမ်း ပုံတူတစ်ချပ် နင်ရှင်းလက်ထဲမှာ ရှိသောကြောင့် ဖြစ်သည်။ ၎င်းမြေပုံက ကျောင်းတော်မှ ပေးထားသော မြေပုံထက် ပိုမိုကျယ်ပြန့်သော နေရာများကို လွှမ်းခြုံနိုင်ပြီး တိုက်ပွဲတောအုပ်၏ အဓိကနေရာများကို အမှတ်အသား ပြသထားသည်။ နင်ရှင်းက ထိုလူများအား မြေပုံကို အသုံးချ၍ ကူညီပေးပြီး အဆင့်မြင့်လိပ်ပြာသားရဲ ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်လိုဟန် ရသည်။
မြန်မြန်သွားတော့လေ၊ ဘာစောင့်နေတာလဲ နင်ရှင်းက သိမ်မွေ့စွာ တိုက်တွန်းသည်။
ထိုလူငယ်က အလျင်အမြန် လှည့်၍ ပြေးထွက်သွားသည်။ ထိုလူများ၏ အကြောင်းကိစ္စဖြစ်သော ခရီးလမ်းကြောင်းနှင့် ပတ်သက်ပြီး ပိုမို ဆွေးနွေးနိုင်ရန် ဖြစ်သည်။
ထိုလူငယ် ထွက်သွားပြီးနောက် လူဝေဂျိုင်က နင်ရှင်း၏ အကြံပြုချက်က ကောင်းမွန်ကြောင်း ဆုံးဖြတ်ပြီး သူမကို အလွန်အကျူး ချီးကျူးလေ၏။ နင်ရှင်းက ရှက်ရိပ်သန်းကာ ရယ်လိုက်သည်။
တခြားတစ်ဖက်မှာတော့ ယင်ယန်က လူဝေဂျိုင်၏ နောက်ကျောကို စူးစူးရဲရဲ ကြည့်လျက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
တစ်ခဏအကြာမှာ ထိုလူငယ် ပြန်ပြေးလာသည်။ သူ့နောက်မှာ လူဆယ်ယောက် လိုက်ပါလာ၏။
ထိုလူဆယ်ယောက်က ချပ်ဝတ်များ ဝတ်ဆင်ထားပြီး အဝေးမှ ကြည့်လျှင် သူတို့မျက်နှာကိုသာ မြင်နိုင်သည်။ သို့သော် သူတို့၏ အပြင်ပန်းသွင်ပြင်ကို ကြည့်လိုက်လျှင် ၇ယောက်က အလွန်ပင် ထွားကြိုင်းသန်မာတာကို တွေ့ရမည် ဖြစ်သည်။ သူတို့ကို လေညင်းကျောင်းတော်မှ ကျောင်းသားများနှင့် ယှဉ်ကြည့်လျှင် သူတို့ရှေ့မှ တောင်တန်းကြီးလို မားမားမတ်မတ် ဖြစ်နေကြသည်။
အကိုကြီး လူ, အမကြီး နင်, ဒီမိတ်ဆွေတွေက ကျနော်တို့ မြေပုံကို လိုအပ်နေသူတွေပါ။ ထိုလူငယ်က အလျင်အမြန် မိတ်ဆက်ပေးသည်။
ခေါင်းဆောင်လုပ်သူက သူ့ချပ်ဝတ်ကို ချွတ်လိုက်သည်။ သူ၏ ကြီးမားတောင့်တင်းသော ခန္ဓာကိုယ်က သူတို့ကို အသက်ရှူရ ကျပ်စေသည်။ နေထိုးနေသော သူ့မျက်နှာက မာကျောနေပြီး ကြည့်ကောင်းသည်။ နူးညံ့ပြီး ချောမောသော လူငယ်များနှင့် တခြားစီ ဖြစ်သည်။ ထိုမျက်နှာက လွှမ်းမိုးနိုင်စွမ်းနှင့် ပြည့်နှက်နေပြီး အင်မတန် ယောက်ျားဆန်၏။ ရင့်ကျက်တည်ငြိမ်ခြင်းပါ ပေါင်းထည့်လိုက်လျှင် အင်မတန် ဆွဲဆောင်အားကောင်းသည့် မျက်နှာ ဖြစ်သည်။ လူများအား လုံးဝ မှတ်မိစေမည့် အရာက သူ့မျက်လုံးများ ဖြစ်သည်။ ဓားတစ်လက်လို ထက်မြက်သည်၊ ၎င်းမျက်လုံးများ၏ အကြည့်အောက်တွင် အလွန် သတိထားနေရမည့် အနေအထား ဖြစ်သည်။
ထိုလူက လှုပ်ရှားယိမ်းယိုင်ခြင်းမရှိဘဲ ရပ်နေသည်။ ထင်ရှား ပေါ်လွန်လွန်း၏။ သို့သော် သူက စိုးမိုးခြယ်လှယ်နိုင်သော အော်ရာကို ပေးစွမ်းသည်။
မာနခက်ထန်စွာ ရပ်နေသော လူဝေဂျိုင်က ထိုလူ့ရှေ့မှာ ရုတ်တရက် သိမ်ငယ်သလို ခံစားသွားရပြီး သူ့ပခုံးများ နိမ့်ကျသွားရသည်။
ကျုပ်က ဒီခရီးစဉ်မှာ နိမ့်ကျတဲ့ သက်တော်စောင့်တစ်ယောက်ပဲ၊ မင်း ငါ့ကို အစောင့်အရှောက် လောင်လို့ ခေါ်လို့ရတယ်။ တည်ကြည်လေးနက်သော ထိုလူက မျက်နှာအမူအရာ မပျက် တည်ငြိမ်စွာ ပြောသည်။ သူက သူ့ရှေ့ရှိ လူငယ်များကို ကြည့်နေ၏။
လူဝေဂျိုင်က ကြောင်အန်းအန်းဖြင့် ထိုလူကို ခဏလောက် ကြည့်နေမိသည်။ သူ ရုတ်တရက် သတိပြန်ဝင်လာလျှင် သူ့အံ့ဩစိတ်ကို မျိုသိပ်ပြီး အစောင့်အရှောက်လောင်ကြောင့် သက်ရောက်ခြင်း မခံရသလိုလို အားတင်းဟန်ဆောင်၍ ပြောသည် လူဝေဂျိုင်, လေညင်းကျောင်းတော် လက်နက်ဝိညာဉ်ဌာနကပါ၊ ဒါကတော့ နင်ရှင်းပါ။