၄၁၅။ အသေရဖျက်ခြင်း - ၇
ယင်ယန်၏ မတရားမှုအတွက် ကာကွယ်ပေးသော စကားလုံးများက လီဇီမုအား တုန်လှုပ်စေသည်။ ကနေ့ အစောပိုင်းတွင် လီဇီမု ဝိညာဉ်ကုစားဌာနသို့ သွားခဲ့ချိန်မှာ ယင်ယန်နှင့် သူ တွေ့ခဲ့သည်။ သို့သော် အကိုကြီး ယင်ယန်က သူ့အား ဖော်ရွေပျူငှာမှုကို အနည်းငယ်မျှ မပြသခဲ့ပေ။ သို့အတွက် ဝိညာဉ်ကုစားဌာန၏ တပည့်တစ်ယောက်အနေဖြင့် ဂျန်ရှီအား ဆန့်ကျင်ဘက်လုပ်ရန် ယင်ယန် ရှေ့ထွက်လာလိမ့်မည်ဟူ၍ သူ လုံးဝ ထင်မထားပေ။
သို့သော် ယင်ယန့်စကားအသွားအလာအရ လီဇီမု၏ တဖက်သတ်စကားကို ယင်ယန် ယုံကြည်နေကြောင်း သိသာထင်ရှားသည်။ ထိုအရာက လီဇီမုအား သူ့ကိုယ်သူ ယုံကြည်ချက် အကြီးအကျယ် တိုးမြင့်သွားစေသည်။
ထိုယုံကြည်မှု အင်အားဖြင့် လီဇီမုက ယင်ယန့်စကားအသွားအတိုင်း လိုက်ပြောသည် တကယ်တော့ ကျနော်လည်း ဒီကိစ္စမှာ ဂျန်ရှီနဲ့ ပြဿနာ မဖြစ်ချင်ပါဘူး၊ နည်းနည်းပါးပါး တောင်းပန်တာလေးကိုပဲ လိုချင်တာပါ၊ သူ့အမှား သူ သတိပြုမိရင် ကျနော်က သူ့ကို ကိုယ့်သူငယ်ချင်း အပေါင်းအသင်းလို သဘောထားမှာပဲ ဖြစ်ပြီး ဒီကိစ္စရပ်တစ်ခုလုံးကို မေ့ပျောက်ပစ်မှာပါ။
လီဇီမုနှင့် ယင်ယန် နှစ်ယောက်ပေါင်း စကားက နားထောင်နေသော တပည့်များကို ဂျန်ရှီအား ရွံစရာကောင်းသူ, ပြုပြင်မရသူအနေဖြင့် ရှူမြင်သွားစေ၍ ဂျန်ဝုရှီ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို စွန်းထင်းသွားစေတော့သည်။
ဖန်ဂျင် အတော် ဒေါသထွက်သွားသည်။
သို့သော် ဂျန်ဝုရှီက ယင်ယန်နှင့် လီဇီမုကို အေးစက်စက် စူးစူးရဲရဲသာ ကြည့်လိုက်သည်။
ညောင်...
(သခင်မလေး... ဒီနှစ်ကောင်က အကြံတူ ဉာဏ်တူတွေပဲ၊ သူတို့ ပူးပေါင်းပြီး နင့်နာမည် ပျက်အောင် လုပ်နေတာ၊ သူတို့ နှစ်ယောက်လုံးကို ငါ တစ်ချက်လောက် ကိုက်ပစ်လိုက်ရမလား။)
ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသော ကြောင်နက်လေးက သူ့အစွယ်များကို လှစ်ဟလျက် ခန္ဓာကိုယ်လေ့ကျင့်ခန်း လုပ်ဖို့ စိတ်အား ထက်သန်နေသည်။ ဖန်ဂျင်သာ ပေါ်ထွက်မလာခဲ့လျှင် ကြောင်နက်လေးက သူ့သခင်မလေးနှင့် အတူတူ ထိုငတုံးကောင်များအား သူတို့ဖန်တီးရှင်များနှင့် တွေ့ခွင့်ရအောင် အလွယ်တကူ ပို့ဆောင်ပေးလိုက်မှာဖြစ်ပြီး ဒီလို အရည်မရ အဖတ်မရ စကားများကိုလည်း သူတို့ ကြားနေရတော့မည် မဟုတ်ပေ။
အလျင်မလိုပါဘူး ဂျန်ဝုရှီက မျက်လုံးများကို ကျဉ်းမြောင်းလျက် ပြောသည်။
သူတို့က ကစားလိုနေပြီး သူမကလည်း သူတို့နှင့် အတူတူ ကစားပေးရမည် ဖြစ်သည်။
သူတို့မှာ ရှေ့ဆက်ဖို့ နေ့ရက်များစွာ ကျန်ရှိနေသေးသည်။ သူတို့ လုပ်ရပ်များအတွက် သူတို့အား သူမက အဆတစ်ရာမက ပြန်လည် ပေးဆပ်စေမည် ဖြစ်သည်။
ထမင်းစားခန်းရှိ လေထုက အသက်ရှူဖို့ပင် ခက်ခဲလောက်အောင် တင်းကျပ်လာသည်။ ထိုစဉ် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဂျန်ဝုရှီက ရုတ်တရက် ပြောလာသည် အကိုကြီး ဖန်, လာ စားရအောင် သွားကြစို့။
ထိုအေးစက်စက် လေသံက ထမင်းစားခန်းအတွင်း ပဲ့တင်ထပ်သွားပြီး တင်းကျပ်နေသော လေထုကို ဖြိုခွဲသွားသဖြင့် လူတိုင်း အသက်ရှူရ လွယ်ကူသွားသည်။
ဖန်ဂျင်က ခဏတဖြုတ် အံ့အားသင့်သွားပြီး ဂျန်ရှီအား မေးခွန်းထုတ်လိုသော မျက်နှာဖြင့် ကြည့်လိုက်သည်။
ကောင်လေးက ဒီမှာ ဘာဖြစ်နေသလဲဆိုတာကို သတိပြုမိရဲ့လား၊ သူက အခုထိ စားသောက်လိုစိတ် ရှိသေးတာလား။
ဒီနေရာက အဖြစ်အပျက်များကို ကနေ့ သေချာ မဖြေရှင်းလျှင်, လေညင်းကျောင်းတော်မှာ သူ ဆက်လက် နေထိုင်သည့် ရှေ့လာမည့် နေ့ရက်များမှာ တကယ်ပင် သူ ခက်ခဲကြမ်းတမ်းသော ကာလကို ရင်ဆိုင်ရမည် ဖြစ်သည်။
ဝိညာဉ်ကုစားဌာနသို့ ဝင်ရောက်နိုင်ရန် တစ်ယောက်ယောက်၏ နေရာကို ရယူဖို့ ကြိုးစားသည်ဟု သူ့အပေါ် စွပ်စွဲပြစ်တင်ထားခြင်းကြောင့် ဂျန်ရှီက နောက်ထပ် မည်သည့်ဌာနသို့ ဝင်ရောက်သည် ဖြစ်စေ ထိုဌာနမှ ဆရာများ တပည့်များ၏ အဆိုးမြင်မှုကို တောက်လျှောက် ခံရတော့မည် ဖြစ်သည်။
သို့သော်ငြား ဂျန်ရှီက မည်သည့်အရာမျှ ဂရုမစိုက်ချေ။ ထိုစကားကို ပြောပြီးနောက် သူမ လှည့်ထွက်သွားသည်။
ဝိညာဉ်ကုစားခြင်း နည်းစနစ်ကို တိုးတက်အောင် သူမ မလုပ်ဆောင်နိုင်သေးခင်, သူမ လုပ်နေတာ ပေါက်ကြားသွားလို့ မဖြစ်ပေ။ သို့သော် နည်းစနစ် ပြည့်စုံသွားသည်နှင့်....
ဂျန်ဝုရှီ၏ အေးစက်စက် မျက်လုံးများမှာ သတ်ဖြတ်ခြင်းအရိပ်အငွေ့များ ဖြတ်သန်းယှက်နွယ်သွားသည်။
တခြားတပည့်များက ဖန်ဂျင်၏ ရှေ့တွင် တုန်လှုပ်နေကြသေးသဖြင့် ဂျန်ရှီအား လမ်းပိတ်မထားရဲကြချေ။
ဖန်ဂျင်က တရွေ့ရွေ့ ဝေးသွားသော ဂျန်ရှီ၏ ကျောပြင်ကို ကြည့်ရင်း အံ့အားသင့်သဖြင့် မလှုပ်မရှား မတ်တပ်ရပ်နေမိသည်။ သူက ရုတ်တရက် သတိဝင်လာပြီး ဂျန်ရှီနောက်သို့ အပြေးလိုက်သွားသည်။ သူက ဂျန်ရှီအား တစ်ယောက်တည်း လျှောက်လှမ်းထွက်ခွာခွင့် မပြုရဲပေ။ သည်ကိစ္စဖြစ်ပြီးနောက် လေညင်းကျောင်းတော်တွင် ဂျန်ရှီအား တစ်ယောက်တည်း သွားခွင့်မပြုရဲပေ။
အစောပိုင်း ရန်ပွဲဖြစ်မလို ဖြစ်သွားရခြင်း၏ မူရင်းပုဂ္ဂိုလ်က ရုတ်တရက် လှည့်ထွက်သွားလေပြီ။ မည်သို့မျှလည်း ရှင်းလင်းချက် မပေး။ တောင်းပန်ဖို့လည်း အရိပ်အယောင်မျှပင် မပြသ။ ဂျန်ရှီ၏ အရေးမမူဟန်က သူ အပြစ်ကင်းဟန်ကို ပြသနေပြီး ဗရုတ်ဗရုတ်ဖြစ်ခဲ့ခြင်းက သူနှင့် လားလားမျှ မသက်ဆိုင်သလိုပင် ဖြစ်နေသည်။
ဂျန်ဝုရှီ၏ တုန်လှုပ်ချောက်ချားစေနိုင်သော စကားကြောင့် ထမင်းစားခန်းမရှိ လူတိုင်း အံ့အားသင့်ကုန်သည်။ ယင်ယန်သည်ပင် ရုတ်တရက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပြီး မည်သို့ တုံ့ပြန်ရမှန်းပင် မသိတော့ပေ။ သူက ပြင်ဆင်ထားခဲ့ပြီး လက်ရှိလူတိုင်း၏ ရှေ့တွင် ဖန်ဂျင်အား ထိုးနှက်ရမည့် စကားလုံးများဖြင့် သူ့ရင်ဘတ်က အပြည့်ဖြစ်နေသည်။ သို့သော်...ဂျန်ရှီက ရုတ်တရက် သူ့အား အခွင့်အရေးပေးဖို့ ငြင်းဆိုသွားခဲ့လေပြီ။
သူမကိုယ်တိုင် သူမရန်သူများအား အပြည့်အဝ ဖယ်ရှားနိုင်ဖို့ ယုံကြည်ချက်မရှိပေ။ ထို့ကြောင့်ပင် သူမ၏ လက်တုံ့ပြန်ခြင်းကို သူမ အလျင်စလို မလုပ်လိုတော့ပေ။
ဖန်ဂျင်နှင့် ဂျန်ရှီ၏ ပုံရိပ်များ ထမင်းစားခန်းမမှ ပျောက်ကွယ်သွားတာကို မြင်ရလျှင် တစ်ဖက်တွင် ရပ်နေသော လီဇီမုက ယင်ယန်ရှေ့သို့ အပြေးအလွှားလာ၍ လေးလေးနက်နက် ဦးညွတ်၍ ပြောသည် အကိုကြီးရဲ့ တရားမျှတမှု စကားတွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ။