မောင့်.....သက်ဆက်ထုံး (Comple...

Od ShinThantMinMin8

686K 33.6K 3.2K

အလုပ်လွန် ကျွန်ဖြစ်တဲ့.... အချစ်လွန်တော့ အရူးမူးဖြစ်.... ပေးဆပ်လွန်ပြန်တော့ အရူံးဖြစ်တယ်တဲ့ဗျ...💛 Viac

အပိုင်း(1)🌴🌾
အပိုင်း(2)🌴🌾
အပိုင်း(3)🌴🌾
အပိုင်း(4)🌴🌾
အပိုင်း(5)🌴🌾
အပိုင်း(6)🌴🌾🔺
အပိုင်း(7)🌴🌾
အပိုင်း(8)🏙
အပိုင်း(9)🏙🔺
အပိုင်း(10)🏙
အပို​င်း(11)🏙
အပိုင်း (12)🏙🔺
အပိုင်း(13)🏙
အပိုင်း(14)🏙
အပိုင်း(15)🏙
အပိုင်း(16)🏙
အပိုင်း(17)🏙
အပိုင်း(18)🏙
အပိုင်း(19)🏙🔺
အပိုင်း(20)🏙
အပိုင်း(21)🏙
အပိုင်း(22)🏙
အပိုင်း (23)🏙
အပိုင်း(24)🏙
အပိုင်း(25)🏙
အပိုင်း(26)🏙
အပိုင်း(27)🌾🌴
အပိုင်း(28)🌾🌴
အပိုင်း(29)🏙
အပိုင်း(30)🌾🌴
အပိုင်း(31)🌾🌴
အပိုင်း(32)🌾🌴end
အပိုင်း(1)🌾🌴Zawgyi
အပိုင်း(2)🌾🌴Zawgyi
အပိုင်း(4)🌾🌴Zawgyi
အပိုင်း(5)🌾🌴Zawgyi
အပိုင်း(6)🌾🌴Zawgyi
အပိုင်း(7)🌾🌴Zawgyi
အပိုင်း(8)🏙Zawgyi
အပိုင်း(9)🏙🔺Zawgyi
အပိုင်း(10)🏙Zawgyi
အပိုင်း(11)🏙Zawgyi
အပိုင်း(12)🏙🔺Zawgyi
အပိုင်း(13)🏙Zawgyi
အပိုင်း(14)🏙Zawgyi
အပိုင်း(15) 🏙Zawgyi
အပိုင်း(16)🏙Zawgyi
အပိုင်း(17)🏙Zawgyi
အပိုင်း(18)🏙Zawgyi
အပိုင်း(19)🏙Zawgyi
အပိုင်း(20)🏙zawgyi
အပိုင်း(21)🏙️zawgyi
အပိုင်း(22)🏙️zawgyi
အပိုင်း(23)🏙️zawgyi
အပိုင်း(24)🏙️Zawgyi
အပိုင်း(25)🏙️Zawgyi
အပိုင်း(26)🏙️zawgyi
အပိုင်း(27)🌾🌴Zawgyi
အပိုင်း(28)🌾🌴zawgyi
အပိုင်း(29)🌾🌴zawgyi
အပိုင်း(30)🌾🌴zawgyi
အပိုင်း(31)🌾🌴zawgyi
အပိုင်း(32)end🌾🌴zawgyi
Extra🌾🌳(1)
Extra (2)🌾🌳
Hello book 📕📕
bl

အပိုင်း(3)🌾🌴Zawgyi

1.5K 74 0
Od ShinThantMinMin8

              မနက်ခင်း အလင်းက ပြတင်းပေါက်မှ ဝင်တိုးကာ မျက်နှာ ကိုစူးလာတာမို့ သဏ္ဍန် စိတ်ရူပ်သွားရသည်။လူကဒီနေ့မှပို၍အိပ်ချင်နေတာကိုတားမရ။

"ကျွတ်! ညက လိုက်ကာပိတ်ဖို့ မေ့သွားတာပဲ"

သဏ္ဍန် မထချင်ထချင်နဲ့ထကာ လိုက်ကာပိတ်ပြီး ပြန်အိပ်သွားဖို့ပြင်လိုက်သည်။ ထိုစဉ် မေမေက ၀င်လာပြန်သည်။

"သဏ္ဍန် သားလေးထတော့လေ အောက်မှာ မင်းသန့်လေး ရောက်နေပြီ သားကျောင်းသွားရမယ်မလား "

သဏ္ဍန် အချစ်ဦးမာမီရဲ့ချိုသာလှတဲ့အသံလေးကနားထဲဝင်လာတာနဲ့ သဏ္ဍန်မနေသာတော့။

"မင်းသန့်ရောက်နေပြီလား ကျွတ် စောစောစီးစီးကွာဒီကောင် ရေချိုးပြီးဆင်းလာခဲ့မယ်ပြောထား
ပေးဦး မေမေ.."

"အမလေး ဟုတ်ပါပြီမေမေသားရယ် ချစ်လိုက်တာ မေ့သားလေး Morning kiss"

"မွ မေမေ သားကလဲမေမေကိုအရမ်းချစ်"

"အမလေး မေမေကလဲ ဒီသားလေးကို အရမ်းချစ်ပါ့တော်"

နူးညံ အိစက်နေသော မေမေပါးအား သဏ္ဍန် နမ်းရိုက်လိုက်သည်။ မနက်တိုင်း ငယ်စဉ်ထဲကမေမေအပေါ်ပြုမူနေကြ အမူကျင့်လေး မေမေကသူနမ်းမှ တစ်နေကုန်စိတ်ချမ်းသာသည်တဲ့ ။

သဏ္ဍန်ကလဲ မေမေ ကိုနမ်းရမှာ တစ်နေကုန် စတင်ဖို့ အင်အားတွေ ပြည့်လာသလိုခံစားရတယ်ဆိုတဲ့ Mom Boy လေးပါ။ သူရေချိုးခန်းထဲ ဝင်သွားမှ မေမေပြုံး၍
အခန်းထဲကထွက်သွားတော့သည်။

"ဟျောင့် !မင်းသန့်
ဘာစားပြီးပြီလဲ "

"ကျောင်း ရောက်မှ စားတော့မယ်လေ မင်းကရော ဘာလို့ခုချိန်ထိ အိပ်နေရတာတုန်း "

"ဟ! အခုမှ 8:30အစောကြီးရှိပါသေးတယ် မင်းသန့်ရာ"

"ရွာမှာဆိုရင်...."

"တော်တော် ..တော် ရွာချစ်ကြီး တွေ့လားမေမေ သူပြောတော့မှာ ရွာမှာဆို ဘယ်ချိန်ထတာ ဘယ်ချိန်ဆို လယ်ထဲရောက်နေပြီ သူစလာတော့မှာ "

"သားရယ် မင်းသန့်လေးက ရွာကနေ ဒီထိ သူဦးကြီး ခွဲပြီး ကျောင်းလာတတ်ရတာ လွမ်းရှာမှာပေါ့ သားရယ်"

"လွမ်းတာလွမ်းပေါ့မေမေရာ သားပါအစစ်ပါတယ်၊ နားမခံနိုင်ဘူးဗျ သူရွာကောင်းကြောင်း သူရွာဘယ်လိုလှကြောင်း တစ်နေကုန်​နားထောင်ပေးမယ်ဆိုရင်သူကထမင်းကျွေးပြီး ပြောမယ့်ကောင်"

"သဏ္ဍန်သုမောင် မင်းအဲ့ဒါတော့ များသွားပြီ ဟျောင့်! ငါတစ်ကယ်ဟုတ်လို့ပြောတာ မယုံရင် မင်းလိုက်ခဲ့စမ်းပါ၊  ရွာက ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေ ဘယ်လောက်လှကြောင်း မြင်ရမှ သား မပြန်တော့ပါဘူး မေမေရေ ဖြစ်နေမယ်"

"စိတ်ချ မင်းဟာမင်း မိုးပြန်အောင်လှလှ ငါအမေနဲ့ ဘယ်သူနဲ့မှမလဲဘူး နော့မေမေရာ"

"ကဲ ဒီသူငယ်ချင်းနှစ်ယောက် ရန်ဖြစ်မနေကြနဲ့ သွားတော့ နောက်ကျနေမယ် ကားကို ဖြည်းဖြည်း မောင်းနော် သား မေမေ မုန့်ဖိုးထည့်ထားပေးတယ်"

"သွားပြီး မေမေ ချစ်တယ်မွ"

"အန်တီ ကျုပ်..အယ်ဟုတ်ပါဘူး သားသွားပြီဗျ"

"ဟုတ်ပါပြီရှင့် ဖြည်းဖြည်း မောင်းကြနော်"

သားလေး ထွက်သွားတော့
ဒေါ်ထင်သဏ္ဍန် ပြုံး၍ ကြည့်နေမိသည်။ သူတို့မှာ ဒီသားလေးတစ်ယောက်သာရှိသည်။ ကိုကြီးနဲ့ရပြီး အိမ်ထောင်သက်တမ်းကြာမှ သားလေးကို ရခဲ့တာမို့ သူတို့မှာရူးမတတ်ပျော်ကြရသည်။

သားက မွေးလာထဲက ကံကောင်းခြင်းတွေအပြည့်နဲ့ မွေးဖွားလာခဲ့သည်။သားမွေး မှစီးပွားတွေ အသားကုန်တတ်ကာ သားတို့အဖေ ကိုသုမောင် ကတောင်သူသားက လာဘ်ကောင်လေးဆိုပြီး ရွှေလင်ပန်းနဲ့အခြင်းဆေး မင်းမွေးသည့်သား မဖြစ်ရုံတစ်မယ် ဖူးဖူးမူတ် အလိုလိုက်ထားသည်။

သားက အလိုလိုက် သလိုမဆိုးပါ လိမ်မာသည်။ မိဘစကားနားထောင်သည်။ အခု ဖေဖေ့ စီးပွားရေး ကိုသာ ဝင်ရောက်လုပ်ကိုင်မည် ဆိုကာ သူဝါသနာပါသော ဘာသာစကား တက္ကသိုလ် ကို မတတ်ပဲ စီးပွားရေး နဲ့ကျောင်းတတ်နေတာ ယခုဆို ဒုတိယ နှစ်ပင်ရောက်ခဲ့ပြီ။

သားကတွေ့ကရာလူလဲမပေါင်း။  မင်းသန့်လေးကရိုးသားတာမို့ ခင်မင်ဖို့ ကောင်းသည်ဆို၍သားကပေါင်းသည်။ သားကအနေတည်ကာ အပြင်တွင် ခပ်တည်တည် နေတတ်ပေ့မယ့် အိမ်ရောက်လျှင် ရုံပတီသီးရယ်ပါ ။

>>>>>>>>>>>>>>>>>>>>>

နေရောင်ခြည်ရဲ့ မနက်ခင်းအစ ကျောင်းဝန်းကြီးက အသက်ဝင်ကာလှပနေသည်။ သဏ္ဍန်တို့ Car parking တွင် ကားထားကာ ကျောင်းဝန်းရှိ အဆောင်ထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။သူတို့လမ်းလျှောက်ရာတစ်ဝိုက် ကောင်မလေးများက သဏ္ဍန် အားလှည်ပြန်ငေးကြသည်။

ဖြောင့်စင်းသောနှာခေါင်း ၊ထင်းနေသော မျက်ခုံးနဲ့ မျက်လုံးက သူကိုပို၍ဆွဲဆောင်မူ့ရှိစေသည်။
ပိရိသေသပ်သော နူတ်ခမ်း များ ကိုလဲ အပြုံးရယ်နည်းစေကာ အမြဲတည်တည်တန့်တန်။ ရှည်သောအရပ် တောင့်တင်း သောခန္ဓာကိုယ် ဖြင့် သဏ္ဍန်က စီးပွားရေး မေဂျာရဲ့ မဲအများဆုံး King ပါ။

မင်းသန့် မဲ့ပြုံးပြုံးလိုက်ကာ

"ဟိုဘက်တိုးစမ်းပါ သဏ္ဍန်ရာ မင်းနားကပ်ရတာ ကိုယ်ရောင်ကိုယ်ဝါ အရှိန်ဝါ ကျတယ်။  ခွီး !!မင်းနဲ့ပေါင်းလို့ငါအခုထိ ရည်းစားမရသေးတာ "

"လိ့ ဘာဆိုင်လို့လဲ "

"ကောင်မလေး တွေ
က မင်းပဲ ငမ်းနေတော့ မင်းနားနေတဲ့ ငါကြ မမြင်ကြတော့ဘူး ငါဘူပိတ်တယ်၊ ဝေးဝေးနေပေးစမ်းပါ"

"ဟားဟားဟား! !!အဲ့ဒါက ငါကိုယ်တော်မြတ်ကို ဘုရားကပေးတဲ့ဆုကွ "

"ဘဝင်ရူးက တစ်မျိုး "

"မနာလိုနေတာ ခွေးမသား "

"ဒါနဲ့ ဘယ်မှာစားမှာလဲ ငါဗိုက်ဆာနေပြီကွ Emojer ဘက်ထိမသွားချင်တော့ဘူး။ မင်းက မမြမိုးသွယ် ကို သွားခေါ်ဦးမှာလား "

"သွယ့်ကို အရင်ဝင်ခေါ်မယ်လေ မေမေ မှာလိုက်တာတွေလဲရှိသေးတယ် "

သွယ်ဆိုတာက မေမေ မျက်စိကျနေသည့် ကောင်မလေးပါ ။ ဖေ့ဖေ့နဲ့ စီးပွားတူ သူငယ်ချင်း ရဲ့သမီး။  မေမေတို့ မိတ်ဆက်ပေးလို့ သူတို့သိခဲ့ကြပြီး အခုဆိုတစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး ပင်ရှိနေခဲ့ပြီ။

သွယ်ကလှသည်။  တင်ပါးထိရှည်သောဆံပင်ကြီးနဲ့ ယော်ကျားတွေနှစ်ခါပြန်ငေးကြည့်ရမည့် အလှမျိုး ကိုသွယ်က ပိုင်ဆိုင်ထားသည်။ သူကလဲ ကြိုက်လာဆိုကြိုက်တယ် ခံစားချက်က ရှိတယ်လဲမဟုတ်။ မိန်းမလှလေးကို သူတွဲရလို့ စိတ်ကျေနပ်သည် ဒီလောက်ပါပဲ ။

သွယ်ကိုဝင်ခေါ်ကာ အတန်းမတတ်ခင် သူ တို့ ကန်တင်းတွင်ထိုင်ကာ
မုန့်အရင်စားကြသည်။

"သွယ် ဘာစားမလဲ မှာလေ "

"သဏ္ဍန်က ရော ဘာစားမှာလဲ သွယ်မှာပေးရမလား "

"ဟုတ်ကဲ့ပါဗျ"

"ဟင်းဟင်း...သဏ္ဍန်ကတော့ "

သွယ် ခပ်ညုညုရယ်တော့
မင်းသန့်ဘာမှဝင်မပြောပဲမီးနူးကိုသာ ကြည့်နေပြီ စားပွဲထိုး လေးအားလှမ်းခေါ်လိုက်သည်။

"ညီလေး ထမင်းကြော် ကြက်ဥနဲ့ကွာ၊ အနှစ်မကျက်နဲ့ ကော်ဖီတစ်ခွက်၊ 3in1 နော်"

"ဟုတ် အကို ဒီဘက်က အစ်မနဲ့အကိုကရော"

"သွယ်က လက်ဖက်ထမင်းစားမယ်၊ သဏ္ဍန်အတွက်က ထမင်းကြော် ဆီလျှော့မယ်၊ ကြက်သွန်ဖြူ မထဲ့ဘူး ၊ငရုပ်သီးရှောင်မယ်၊ ကြက်ဥ ကိုအနှစ်ကျက်ကျက်လေး ကြော်ပေး နော်။
အော်ဒါနဲ့ ဘာသောက်ဦးမလဲ
သဏ္ဍန် နေနေ သွယ် ပဲမှာလိုက်တော့မယ်"

သူဟာသူ မေး သူဟာသူ ဖြေ
သူဟာသူ မှာ အလုပ်ရူပ်နေသော သွယ်အားကြည့်ကာ မင်းသန့်ခေါင်းပင်ရူပ်လာရသည်။

"သဏ္ဍန်တွက် ကော်ဖီကို အမူန့်ကို နှပ်ပြီး ဖျော်ခဲ့နော် အစ်မအတွက် ဆန်းကစ် တစ်ဘူး ဒါပဲ
မောင်လေး "

"ဟုတ်ကဲ့အစ်မ "

စားပွဲထိုး လေးထွက်သွားတော့
သဏ္ဍန်တို့ စကားစမြည်းပြောရင် စားစရာများစောင့်နေကြသည်။

"ဟျောင့်! သဏ္ဍန် ဒီနှစ် ငါတို့ရွာ သီတင်းကျွတ် ပွဲက ဇာတ်ပွဲပါမှာကွ။ ခုနှစ်ရက်တိတိ လဲရွာဘုန်းကြီးကျောင်းမှ ထမင်းကျွေးမှာတဲ့။  မင်းတို့နှစ်ယောက်ကို ငါလာစေချင်တယ်"

"သွယ်က သီတင်းကျွတ် ကျောင်းပိတ်ရက် ပါးပါးတို့နဲ့ ပြည်ပခရီးစဉ် ရှိတယ် မင်းသန့်ရဲ့ လိုက်ချင်တာပေါ့ ကျေးရွာ
သေးသေးလေးတွေဆို
သွယ် မြန်မာကားတွေထဲ ကြည့်ပြီး သိပ်ရောက်ဖူးချင်တာ ဘယ်လိုနေထိုင်ကြလဲသိချင်လို့လေ"

သွယ်ရဲ့ ခပ်နှိမ်နှိမ် ပြောသံကို
မင်းသန့် နဲနဲမှ မကြိုက်ပါ သူကိုထိရင်ထိ သူရွာကိုထိရင် သူသိပ်စိတ်ဆိုးသည်။

"ကျွန်တော်တို့ရွာက မသေးပါဘူးဗျ မမြမိုးသွယ် အရင်လာကြည့်ပါဦး"

"ကဲကဲ တော် ငါပြောမယ် "

သဏ္ဍန် ရွာချစ်ကြီး မင်းသန့် အကြောင်းသိ၍ ကြားမှ ဝင်ကာပြောလိုက်ရသည်။

"ဒီလိုလုပ် မင်းသန့် ငါက သီတင်းကျွတ် အဖေ့ Company မှာ သက်ကြီးကန်တော့ပွဲ ရှိတယ်။ ဖေဖေက သီတင်းကျွတ်မရောက်ခင်ရုံးပိတ်ရက်ကြောင့်ကြိုလုပ်မှာမို့  လုပ်ကူရဦးမယ် မင်းအရင်ပြန်နှင့် ငါသုံးရက်မြောက်လောက်ဆို ဆင်းလာခဲ့လို့ရပြီ ဘယ်လိုလဲ "

"မင်းမျက်စိလည်ပြီး မလာတတ်မှာဆိုးတာ သဏ္ဍန်ရ"

"လခွမ်း ငါကလေးမဟုတ်ပါဘူးကွ စိတ်ချ ငါမကွေးထိရောက်အောင်လာမယ် ပြီးရင် ဘယ်လိုဆက်လာရမလဲ Phone တွေလဲရှိနေတာပဲကွာ မင်းဘာကိုစိတ်ပူနေတာလဲ "

"အေး ပြီရောကွာ မမြမိုးသွယ်လဲ ကျွန်တော် ခေါ်တယ်နော် မလိုက်ပဲ နောက် ကျုပ်ရွာသေးသေးလေး မပြောနဲ့ မယုံရင်လိုက်ခဲ့ "

"အမလေး ဟုတ်ပါပြီ ကိုမင်းသန့်ရယ်"

သဏ္ဍန် ရယ်နေကာ မှာထားသည်များ ရောက်လာတော့ စားလိုက်ကြသည်။  သွယ်ကို ပြန်ပို့ပေးကာ သူတို့အတန်းတတ်ဖို့ အဆောင်ဆီ လာခဲ့လိုက်ကြတော့သည်။

>>>>>>>>>>>>>>>>>>>>>>>>

ဒီနေ့ သီတင်းကျွတ် အခါသမယ ဖေဖေ့ Company တွင် သက်ကြီးဝန်ထမ်း ဟောင်းများနှင့်
လုံခြုံရေး ဝန်ထမ်းများမကျန် အကုန်လုံးကို  ဝန်ထမ်းတွေက ဝိုင်းစုကာ ကန့်တော့ကြသည်။ 

သဏ္ဍန် အဲ့ဒါကြောင့်
အလုပ်တွေရူပ်ကာ အိမ်နှင့်​Compnay ပြေးနေရတော့သည်။ မင်းသန့်ပြန်သွားတာ ကျောင်းစပိတ်ထဲကစဆို ငါးရက်မျှပင် ရှိပြီ ဒီကောင်ကြီး သူကိုမျှော်နေလောက်ပြီထင် ။ အကြွားသန်လွန်းတဲ့ သူရွာကို သဏ္ဍန်လဲ တစ်ကယ်ရောက်ဖူးချင်နေခဲ့သည်မို့ ဒီနှစ်တော့ အရောက်သွားရမည်။

သဏ္ဍန် အိမ်တွင် ဖေဖေနဲ့မေမေကို ကန်တော့ကာ  ဟိုကိုသွားဖို့ကလဲ ခွင့်တောင်းရဦးမည်  ။တစ်ကယ်တန်း သွားမယ်ဆိုတော့ မေမေကမလွှတ်ချင် သဏ္ဍန် မှာမနည်း ပြောယူနေရသည်။

"မေမေ သားသွားပါရစေ သားတစ်ကယ်ရောက်ဖူးချင်လို့ပါ ဖေဖေ
ရာ ကူပြောပေးပါဦး "

"အို တစ်ယောက်ထဲကားမောင်းရမှာ မေမေစိတ်မချပါဘူးသားရယ် "

"ဟာ မေမေကလဲ သားကားမယူသွားဘူး လိုင်းကားပဲ စီးသွားမှာပါဆို "

"အို...ဘာနေနေ မေမေစိတ်မချပါဘူး"

"မေမေ ကွာ....သားမငယ်တော့ပါဘူး အသက်ပဲ20ပြည့်နေပါပြီ၊ သားလူကြီး ဖြစ်နေပါပြီဆိုဗျာ "

"ကဲပါ ထင်ရယ် သားသွားချင်နေတာ သွားခိုင်းလိုက်ပါ၊ စိတ်မချရင် Company က ကိုထိုက် ကိုလိုက်ပို့ခိုင်းလိုက်မယ် ဟုတ်ပြီလား "

သဏ္ဍန်သုမောင် စူပုတ်ကာ ရှစ်ခေါက်ချိုး မျက်နာဖြင့် မေမေ့အား မူန်ကူပ်စွာ ကြည့်နေလိုက်သည်။ သူမေမေကို စိတ်ဆိုးပါသည်ပေါ့။

"အကြာကြီး မနေရဘူးနော်သား "

ဒါမေမေသူ့ကိုခွင့်ပြုလိုက်တာ

"ဝေးးး ဒါမှသားမေမေ မွမွမွ"

"သွားပါ...ခုမှ ဒီအမေက မခွဲဖူးလို့ မသွားစေချင်တာကိုမရဘူး "

"ကဲ ဒီသားမိတွေ ပြန်မတွေ့ရတော့မယ့်လူတွေကြလို့ "

"အို လွှဲပါစေ ပယ်ပါစေ ကိုသုမောင်နော် သားခရီးသွားမယ့်ဟာကို"

"အဲ့သဘောပြောတာမဟုတ်ပါဘူး မိန်းမရဲ့"

"သားအထုတ်တွေသွားထုတ်လိုက်ဦးမယ် ဖေဖေ မနက် ကိုထိုက်ကို စောစောလေးနော် "

"အေးပါ အေးပါ "

"မေမေကြီး..."

"ဘာတုန်း "

"ဟီးးသီတင်းကျွတ်မုန့်ဖိုး များများလေးနော်"

"သွားပါ နင်အဖေ့ဆီကတောင်းငါ မပေးဘူး"

"ဟားဟား မေမေက ကလေးလေးကြနာ စိတ်ကောက်နေတယ်
ဖေဖေရေ ချော့လိုက်အုံး ဖေဖေရဲ့ အသဲလေးကို"

"အို ဒီကောင်လေး... "

သဏ္ဍန် အော်ဟစ်ကာ ပြေးတက်သွားသည်။ သားကိုကြည့်၍ ဒေါ်ထင်သဏ္ဍန် သဘောမကြ။  သူမသွားစေချင်ပေ့မယ့် သားကအရမ်းတတ်ကြွကာ သွားချင်နေတာမို့ သူမတားရက်ပြန်။ သူစိတ်ထဲ သားနဲ့ဝေးသွားတော့မလို သားကို ဆုံးရူံး လိုက်ရတော့မလို ခံစားနေရသည်မို့...

"အို ဖွဟဲ့လွှဲပါစေပယ်ပါစေ "

Ah Shin💛

>>>>>>>>>>>>>>>>>>>>>>>>>

      

      

Pokračovať v čítaní

You'll Also Like

4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
290K 7.2K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
25.4K 1.1K 24
Zawgyi + Unicode တတိယOC ficလေးပါ အိမ်ထောင်ရေးဇာတ်လမ်းလေး Start date - 19. 7. 2021 End date - ???? Zawgyi + Unicode တတိယOC ficလေးပါ အိမ်ထောင်ရေးဇာတ်လမ...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...