"မောင်ရေ ! မောင် "သဏ္ဌန် ထင်းခွဲနေရင်းကြားမှ ထုံး အော်သံကြောင့် ပုဆိန်ဘေးချကာ နဖူးမှချွေးများကို သဘက်ဖြင့်သုတ်လိုက်သည်။
"မောင် ဒီမှာ ထုံး "
"နေပူပူကြီးကို ဘာတွေလျှောက်လုပ်နေတာလဲ ညနေ ဖိုးထောင်လာလုပ်ပေးမယ်ပြောထားတာကို"
"လောလောဆယ် အမေထန်းလျက်ကြိုဖို့နဲနဲ လိုလို့ပါ ထုံး ရဲ့မောင်လဲအဲ့လောက်မပင်ပန်းပါဘူး "
ထုံး မောင့်နဖူးလေးကို အင်္ကျီလက်ဖနောင့်လေးနဲ့ဖိသုတ်ပေးကာ ရယ်ကျဲကျဲလေးလုပ်နေတော့သည်။
"ဘာတွေပျော်စရာရှိလို့အဲ့လောက်ပြုံးနေတာလဲ ထုံး.."
"နောက်အပတ် သောကြာငါ့မွေးနေ့လေမောင်ရဲ့ "
"အွန်းမောင်သိတယ်လေ ဘာဖြစ်လို့လဲ "
"အဲ့ဒါ ကိုခန့်တို့လာမှာ "
မောင်မျက်နှာ ဟိုဘက်လှည့်သွားပြီး သဘက်ကိုအကြောင်းမဲ့ခါနေသည်။ သူ သိတာပေါ့ မောင့်သူ့ကိုသ၀န်တိုနေတာ။
"မမြင့်တို့ရောပါမှာပါမောင်ရဲ့ .."
"အော် "
ကဲကြည့်အဲ့လိုပါဆို ။
"မောင် .."
ထုံးနောက်ကနေသိုင်းဖက်လိုက်တာမို့ သဏ္ဌာန် တွန့်သွားသည်။ သူဘယ်လောက်ချွဲချွဲ ထုံးက ခံနိုင်ရည်ရှိပေ့မယ့် ထုံးကသာချွဲရင် သူဘယ်လိုမှမခံနိုင်။
"အွန်း.."
ပျော့လိုက်ချင်ပေ့မယ့်အားကိုတင်းကာ သံချောင်းလေးတစ်ချောင်းကဲ့သို့သူတင်းမာလိုက်ပြန်သည်။
"မောင့်ကကွာ..."
သက်ဆက်ထုံးရဲ့ ခပ်ညုညု့ အသံလေးက သူကိုချက်ချင်း ဖယောင်းဘ၀ပြောင်းသွားစေပြန်ပါသည်။ ကြာရင် ဒီကောက်ခက်ရော့မည်။
"အဲ့တော့ မောင်ကဘာလုပ်ပေးရမှာလဲပြော ၊ ထုံး...ဘာလုပ်ပေးစေချင်တာလဲ "
"ဒီမျက်နှာတော်ကိုလျော့ပြီး မောင်က မနက်စောစော ရွာထိပ်မှာသွားကြိုပေး "
"ထုံး....သဘော "
မောင် ပုဆိန်ကိုလှမ်းယူကာ လက်မောင်းတို့ကို မြှောက်လျက် ထင်းတို့ကိုထပ်ခွဲရန်ပြင်လိုက်သည်။
YOU ARE READING
မောင့်.....သက်ဆက်ထုံး (Complete)
Romanceအလုပ်လွန် ကျွန်ဖြစ်တဲ့.... အချစ်လွန်တော့ အရူးမူးဖြစ်.... ပေးဆပ်လွန်ပြန်တော့ အရူံးဖြစ်တယ်တဲ့ဗျ...💛