"ထုံးရေ မောင့်ထုံး ရေ လာပါဦး ထုံးရေ""ဘာလဲကွာ မင်းနိုးနေရင်လဲပြန်အိပ်နေစမ်းပါ သဏ္ဌန်ရာ ငါဟင်းချက်နေတာဟ!"
သဏ္ဍန် နိုးနိုးခြင်း မျက်စိဖွင့်တော့ အနားတွင် မတွေ့ရသည့် ထုံး အား မကျေနပ်။ လူလေး နှစ်ယောက်ရှိတာကို သူနားတွင်ကပ်မနေပဲ ချက်ပြုတ် နေသည်ကို စိတ်ထဲကဘဝင်မကျပါ။ ထို့ကြောင့် သူနားမလာ လာအောင် ဂျစ်တိုက်နေတာဖြစ်သည်။
"ခဏ လာပါဦးဆိုမှ ဒီမှာ ဘာဖြစ်တာလဲမသိဘူး အရမ်းနာနေလို့"
"ဟင်... ဟုတ်လား လာပြီ လာပြီ"
ထိုသို့ဆိုလျှင်လဲ သူ့အားအလွန်စိုးရိမ်တတ်သော လူသားပါလေ၊ ထိုလူသားလေးအား ကြာလေကြာလေသူ့မှာ အချစ်ပိုကာ မြတ်နိုးလွန်းပါဘိ့။
"ဘာဖြစ်နေတာလဲ အဲ့လောက်အော်ဟစ်နေရအောင် မင်းက ကလေးလား "
"အွန်း ကလေး ဟုတ်တယ် ထုံးရဲ့ကလေးလေး"
"တော်စမ်းပါ ချွဲပြစ်မနေနဲ့ ဘာဖြစ်တာလဲ ပြော"
"မောင် ခြေထောက်တွေ အရမ်းညောင်းနေလို့ ဟင့်"
"ဘာ!!!ငါညောင်းရမှာ မဟုတ်ဘူးလား မင်း မင်းနော်"
" ထုံးကလဲ မောင်တစ်ကယ်ညောင်းနေလို့ပါ "
ထုံး ဂြိုလ်ကြည့်ကြည့်လိုက်ပြီးထိုင်လိုက်သည်။
"နိုပ်ပေးရမလား "
"နေနေ ရတယ် ဒီနားလေးပဲ ခဏလာ "
သူအိပ်ယာလေးအား လက်နဲ့ပုတ်ခေါ်တော့ မျက်စောင်းထိုးကာ အနားကပ်လာသောထုံးအား သူအူယားလွန်း၍ လှမ်းဖက်လိုက်ပြီး ခြေထောက်တွေနဲ့ ခွပြစ်ကာချုပ်ထားလိုက်သည်။
"ဖယ်ပါ မောင်ရာ ငါ ဟင်းအိုးတည်ထားတယ်လို့ "
"ခဏလေးပါပဲ ထုံးရဲ့ ထုံးကလဲကွာ မောင့်နားကို ကပ်မနေဘူး အားနေ အလုပ်လုပ်နေတာပဲ"
"မဟုတ်ပါဘူးကွာ ငါချက်ပြုတ်ပြီး အလုပ်ကိစ္စ သွားပြောရဦးမှာ၊
မင်းလဲ သင်တန်းသွားမှာမလား""မောင်အကုန်သိပါတယ် အိမ်ရှင်ထီးလေးရဲ့"
"မောင်နော်"
YOU ARE READING
မောင့်.....သက်ဆက်ထုံး (Complete)
Romanceအလုပ်လွန် ကျွန်ဖြစ်တဲ့.... အချစ်လွန်တော့ အရူးမူးဖြစ်.... ပေးဆပ်လွန်ပြန်တော့ အရူံးဖြစ်တယ်တဲ့ဗျ...💛