အပိုင်း(27)🌾🌴

17.4K 922 144
                                    

ညီ ကို အလောတစ်ကြီး ဆေးရုံတင်လိုက်ရသဖြင့် ကိုထွန်းနဲ့ မမြင့်ကို ချက်ချင်းလှမ်းခေါ်လိုက်ရသည်။ သူတစ်ယောက်ထဲဘယ်လိုမှမဖြစ်နိုင်တော့ပေ။

အကျိုးကြောင်း ရှင်း​ပြတော့ မမြင့်က သဏ္ဍန်ကိုသတ်မယ့်တစ်ကဲကဲ လုပ်နေလို့သူမှာ မနည်းတားရသေးသည်။ ညီ မနိုးမချင်း ညီဆန္ဒ မပါပဲ ဘာမှသွားမလုပ်ဖို့ သူဖြောင်းဖျပေးရသည်။

သူတို့အားလုံး ညီဆန္ဒကို လေးစားကြရမည်။ ခုချိန် ညီဖြစ်နေတာတွေက စိတ်ကြောင့်ဆိုတော့ ပိုလိုအစစအရာရာ သူတို့သတိထားရမယ်။

"အင်းဟင်း... "

ဆက်ထုံး ယောင်ယမ်းစွာနိုးလာခဲ့သည်။

"ညီနိုးလာပြီလား ဘယ်လိုနေသေးလဲ ညီ ရင်ထဲမှာ တစ်ခုခုနာနေတာမျိုးရှိလား ညီ "

ဆက်ထုံး ခေါင်းပဲ ခါပြကာ ဘာစကားမှ မပြော။ တွေတွေလေးသာငိုင်နေရှာသည်။ မျက်လုံးတွေကတော့တောင်ကြည့်မြောက်ကြည့်ပေါ့။

ကိုထွန်းကလဲတောက်တစ်ခေါက်ခေါက်၊  မမြင့် ကလဲ သူကလေး ကိုလုပ်ရက်လေခြင်းဆိုပြီး ငိုလိုက်တာဆိုတစ်ရူံ့ရူံ့။ ညီစိတ်မကောင်းမှာဆိုး၍ သူကလဲကြားကထိန်းဖို့တားနေရသည်။

"မကြီး "

"ရှင် ဘာဖြစ်လို့လဲ ကလေး မ​ကြီး ဘာလုပ်ပေးရမလဲ "

"မောင် သူ သူ..ဖုန်းခေါ်သေးလားဟင်"

မမြင့် အံကိုကြိတ်လိုက်ပြီးပြန်မဖြေမိ။  သူဘယ်လိုနှလုံးသားနဲ့ ပြန်ဖြေရမလဲသူမသိ ။ ဖြေလဲမဖြေရက်။

"မောင်ကလေ အဲ့လိုလုပ်မှာမဟုတ်ဘူးလို့ ကျွန်တော် ထင်နေတယ် ။အဲ့ဒါတွေအကုန် မောင့်မေမေလုပ်တာဖြစ်လိမ့်မယ်မကြီးရဲ့ ကျွန်တော် မောင်နဲ့တွေ့ချင်သေးတယ် သေချာအောင်မေးကြည့်ချင်တယ်"

"တော်ပါတော့  ဆက်ထုံးရယ် အဲ့လောက်ထိချစပြဖို့ မထိုက်တန်လို့ပါ ကလေးရယ် မေ့ပြစ်လိုက်ပါတော့ သားရယ်"

"မောင်က အဲ့လိုလူစားမျိုးမဟုတ်ဘူး။ ဟုတ်တယ် မောင်ကငါ့ကိုသိပ်ချစ်တာ အဲ့ဒါမောင်လုပ်တာမဟုတ်ဘူးလေ မသိကြဘူးလား။ ကျွန်တော် သိတယ်မမြင့်ရဲ့ ကိုခန့် ကိုခန့်ရောသိတယ်မလား မောင်က မောင်က ကျွန်တော်ကို သိပ်ချစ်တာ "

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now