အပိုင်း(6)🌾🌴Zawgyi

1.3K 58 1
                                    

"ငါ ဆက်ထုံး ကိုလုံးဝမကျေနပ်ဘူးကွာ အဲ့ကောင်ကို ငါကြည့်မရဘူး တစ်ခုခုလုပ်ရမှကို ငါကျေနပ်မယ်"

"အာစရိ ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ ကျွန်တော်တို့ နောက်ကအဆင်သင့်ပဲ "

"ဒီကောင်ကို ရွာမှာ မမြင်ချင်ဘူးကွာ သူမရှိမှ သူအစ်မနဲ့ငါနဲ့ ဟီးဟီး"

"အာစရိက ဘယ်လိုစဉ်းစားထားလို့လဲ"

အောင်ဘနဲ့အောင်ဘု တင်အောင်ရွှေ အားမြှောက်ပင့်စားနေကြသူတွေမို့ ဘာခိုင်းခိုင်းလုပ်မည့်ပုံတွေ
တင်အောင်ရွှေ ကလဲ သူ့ ငယ်နိုင် ဆက်ထုံးကို အနိုင်ယူလိုသည်။ ရွာ၌ပင် မမြင်လို။

"ဒီကောင့် ငါကိုဟိုနေ့က လူပုံအလယ်မှာ အရှက်ခွဲထားတာ မှတ်မိတယ်မလား "

"သိတယ်လေ အာစရိ ကိုလေးငယ်ကို ရိသဲ့သဲ့လုပ်တယ် ပြောသွားတဲ့ဟာမလား"

"ဟုတ်တယ် အဲ့ကိစ္စ ငါလုံးဝမကျေနပ်ဘူး ငါ့ကိုလူပုံအလယ် အခြောက်ဖင်ကိုင်တဲ့ ကောင်ဆိုပြီး အရှက်ခွဲတာ ဒင်းကို ပြန်ခံရအောင်လုပ်ရမယ်"

"ဘယ်လို လုပ်မလဲအာစရိ"

တင်အောင်ရွှေ စဉ်းစားနေခိုက် အောင်ဘုမှ ထ၍

"ဒီလိုလုပ် ဆရာ......... "

"အေး မင်းအကြံမဆိုးဘူး ဟားဟားဟား! !!တွေ့ကြပြီပေါ့
ဆက်ထုံးရာ ဘုရားပွဲလဲ ပြီး မင်းလဲရွာပြင်ရောက် ငါဆိုတာ မထိသင့်တဲ့ကောင်မှန်း မင်းသိသွားစေရမယ်ကွ ဟားဟားဟား! !"

>>>>>>>>>>>>>>>>>>>>>>

ဆက်ထုံး မနေ့ညက ပွဲခင်းထဲ ထိုလူပေါင်ပေါ် အိပ်မိသည့် ကိစ္စနဲ့ ပတ်သတ်ပြီး ဟိုလူကို ရှက်နေမိသည်။

သူဘာလို အဲ့လောက်ထိ အိပ်မိသွားလဲ သူစဉ်းစားမရ နိုးလာတော့ မိုးပင်လင်းလို့ နှစ်ပါးပင် ပြီးနေပြီ မင်းသန့်ကအားနာ နေပေ့မယ့် ထိုလူက ဘာမှမပြောရှာပါ။

သို့သော်လဲ  သူ ပုဆိုးပေါ်တွင်လဲ ဆက်ထုံး သားရည်တွေ ကျကာ အကွက်လိုက်ကြီး မို့ ရှက်လိုက်တာ မပြောပါနဲ့တော့ ။
ဆက်ထုံး အတင်းထကာ ပွဲခင်းမှ အိမ်သို့ ပြေးလိုက်တာ ဘယ်လိုပင် ရောက်ခဲ့လဲပင်မသိ ။ သူ့အင်္ကျီက ပုခုံးပေါ်တွင်ပါလာခဲ့သည်။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now