အပိုင်း(8)🏙

15.9K 966 29
                                    


"ခွပ်! !ခွပ်!"

"အမလေး! အဖေကြီး တော်ပါတော့ "

"ခွေးထက်မိုက်တဲ့သား ငါအခု ငါ့အသိုင်းဝိုင်းအလယ်မှာ ဘယ်လိုမျက်နှာပြရတော့မလဲ ဟမ်!!"

"သား... သားရှင်းပြပါရစေ ဖေဖေ"

"ဘာကိုထပ်ရှင်းပြနေဦးမှာလဲ
သဏ္ဍန်သုမောင် မင်းလုပ်ခဲ့တာတွေ ကောင်းရဲ့လား ဟမ်!! မင်းဘယ်လိုအသိစိတ် ဘယ်လိုဦးနှောက် မျိုးနဲ့ ဒီလုပ်ရက်ကို လုပ်ခဲ့ရတာလဲ မိဘတွေကို စောက်ဂရုမစိုက်တဲ့သဘောလား"

"မဟုတ်ဘူး ဖေဖေ အဲ့လိုမဟုတ်ဘူး။  ဖြစ်ခဲ့တဲ့အရာအားလုံး ပြန်ပြင်လို့မရတော့ဘူး ဖေဖေ ဖြစ်ပြီးသွားခဲ့ပြီ၊ သားတာဝန်ယူမှ ရမယ် သားကိုခွင့်လွှတ်ပေးပါ သားဖေဖေတို့ကိုဂရုမစိုက်တာလဲမဟုတ်ပါ
ဘူး "

ဆက်ထုံး ဘာမှဝင်မပြောဖြစ် သူတို့မိသားစုကိစ္စ သူဘာဝင်​ပြောရမလဲ သူမသိ။  ပြသာနာတွေက တစ်ခုပြီးတစ်ခု။  အခုလဲ  ဖြစ်ခဲ့သမျှအားလုံး သဏ္ဍန်က ရှင်းပြတော့ သူတို့မိဘတွေ နဲနဲမှ လက်မခံ၊ သဘောလဲမတူ။ ကိုယ်လဲဘာမှမတတ်နိုင်တဲ့အခြေနေမို့ ဖြစ်လာသမျှအကောင်းလို့သာမှတ်ရင်းငြိမ်နေမိသည် ။

ဒါကလဲ ဖြစ်သင့်တာပဲလေ သူတို့သား ကိုဘယ်သူက ဘာမဟုတ်တဲ့ သူလို့ယောကျာ်းလေးတစ်ယောက်နဲ့ ဘယ်မိဘက သဘောတူပါမည်နည်း။

"အို.. အကိုကလဲ သားကိုပဲ ဇွတ်ပြောနေလို့ မရဘူးလေ တစ်ဖက်ကလဲ သားကိုဒီအခြေနေ ရောက်အောင် ဘယ်လို ကြံစည်ဖျားယောင်းလိုက်လဲကိုယ်မှ မသိနိုင်တာ "

"မဟုတ်ဘူး.. မဟုတ်ဘူး မေမေ ကိုဆက်ထုံး က အဲ့လိုလူစားမျိုးမဟုတ်ဘူး"

သဏ္ဍန် အလျှင်မြန်ထကာ ဆက်ထုံး လက်ကိုဆွဲ၍ ရှေ့မှကာရပ်လိုက်ကာသူအမေအပြောကို ငြင်းဆန်ရတော့သည်။ ဒီလူသားကို ဒီထက်ပိုပြီးထိခိုက်နာကျင်တာမျိုးထပ်မဖြစ်စေချင်တော့ပါ။

"အမလေး...သားရယ် အဲ့လောက်ထိ ဖြစ်အောင် သူတို့ငါ့သားကို ဘာဆေးတွေများ ခပ်လိုက်ကြတာလဲ ဘာတွေများ လုပ်ကြရတာလဲ"

"မဟုတ်ဘူးမေမေ အရာအားလုံး သားမှားခဲ့တာ သားကမှားခဲ့တာမို့ ဘယ်သူမှာမှ အပြစ်မရှိဘူး သားပဲအကုန်မှားခဲ့တာ"

မောင့်.....သက်ဆက်ထုံး (Complete) Où les histoires vivent. Découvrez maintenant