အပိုင်း (23)🏙

14.2K 853 72
                                    

ဒီနေ့ သူဆေးရုံတတ်ရမည့်နေ့ ။ ဘယ်သူကိုမှ ဘာမှပြောပြလိုစိတ်မရှိတော့တာမို့ သူယူစရာရှိတာလေးတွေယူ ထည့်စရာရှိတာလေးတွေထည့်လိုက်သည်။

လဲ့လဲ့ကို သူမောင် မရှိတုန်း တိုက်ခန်းခဏ ပြန်နေမယ်ဟု မှာထားခဲ့ပြီးထိုအိမ်မှ ထွက်လာခဲ့သည်။ ဆေးရုံ ရောက်တော့လဲ ကိုခန့်ကပဲ အစဆုံး လိုက်လုပ်ပေးရှာသည်။

ခွဲ့ရမယ့်ရက်က လိုသေးပေ့မယ့် ကြိုတင် ပြင်ဆင်ဖို့ တတ်ထားရတာဖြစ်၍လောလောဆယ်သူ male nures မခေါ်ချင်သေးပါ။

"ညီ တစ်ယောက်ထဲ အိပ်လို့ရရဲ့လား "

"ရပါတယ် ကိုခန့် ကျွန်တော် အိပ်ရဲပါတယ်"

"အကိုက သီးသန့်ယူပေးတယ်ဆိုတာကအများနဲ့ရောနေရင် ညီစိတ်ရူပ်မှာဆိုးလို့ပါ"

"ရပါတယ် အခုတောင်ကျွန်တော်ကြောင့် ကိုခန့် အလုပ်ရူပ်နေရပြီ "

"အဲ့လိုလဲ ဘယ်ဟုတ်ပါ့မလဲကွာ ကိုညီ တစ်ယောက်လို သဘောထားလို့ လုပ်ပေးတယ်လို့ သဘောထားဟုတ်ပြီလား။ ဒီည အကို duty မရှိဘူး ညီကို လာစောင့်အိပ်ပေးရမလား"

"ဟာ မဟုတ်တာ ကျွန်တော် လက်မခံပါဘူး အိမ်မှာပဲ ပြန်အိပ်ပါ ကျွန်တော်အတွက် ဝန်ထုတ်ဝန်ပိုး အဖြစ်မခံပါနဲ့"

"အွန်းပါ သေချာစဥ်းစား ကြည့်တော့လဲ ညီအတွက်မကောင်းဘူး၊ ကိုယ် Male nurses အမြန်ရှာပေးပါမယ့်"

"ဟုတ် ကိုခန့်"

ဆက်ထုံး ခေါင်းလေးငြိမ့်ပြကာ အားငယ်နေသည့် သူပုံစံကိုမပြချင်သဖြင့် ခေါင်းကို ငုံထားမိသည်။

"ညီ စိတ်မရှိနဲ့နော် ညီအမျိုးသားရော မလာဘူးလား"

"သူ အလုပ်ကိစ္စကြောင့် US သွားတယ် ကိုခန့်"

"အော်.. အခုညီ ခွဲစိတ်ရမှာကော သူသိလား "

ဆက်ထုံး ကျအံ့ဆဲဆဲ မျက်ရည်တွေကို ထိန်းရင်း ခေါင်းခါပြလိုက်သည်။ ဘယ်သူရှေ့မှာမှ သူမပျော့ညံ့ချင်။ မလိုအပ်ပဲခဏခဏ ကျချင်နေတဲ့သူမျက်ရည်တွေကိုလဲ မုန်းမိသည်။

"အားမငယ်နဲ့နော် အစ်ကိုကညီအနားမှာ အမြဲရှိနေမှာ။ ခွဲတဲ့နေကြရင် အစ်ကိုကောပါမှာမို့ စိတ်ချအစ်ကိုတို့အတူဖြတ်ကျော်ကြမယ်"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now