အပိုင်း(7)🌴🌾

16.6K 935 38
                                    

    "ဟင်ဟုတ်လား "

"ဟယ်...ဟုတ်ရဲ့လား
မအာကျယ်ရယ် "

"အို...ဟုတ်လို့လား သူအမေကြားမှာဖြင့်အားနာစရာကြီး "

"အို ကျုပ်မဟုတ်ပဲ ပြောမလား ခုလေးတင် ကျုပ်တွေ့လာတာ။ နှစ်ယောက်လုံး အင်္ကျီမပါဘူးတော့ "

"ယောကျ်ား လေးချင်းရိုးရိုးသားသားအိပ်တာနေမှာပါဟဲ့"

"ရိုးသားမှတော့တစ်ယောက်နဲ့တစ်ယောက်ဖက်ထားပါ့မလားတော့်။ ကျုပ်အဲ့လောက်တော့ကြည့်တတ်ပါတယ် "

မအာကျယ် လူတွေယုံအောင်တမင်ဟန်လုပ်ကာ အာပေါင်အာရင်းသန်သန်နဲ့ဖောက်သည်ချတော့သည်။

"အမလေး ဘုရား ဘုရား
ယော်ကျားအချင်းချင်း ။ ကျုပ်သား တာဆို ရှက်လို့သေမှာ
ပဲ "

"ဟဲ့ ...အာကျယ် ညည်းက ဘယ်မှာတွေ့ခဲ့တာတုန်းအေ့ "

" အရီးကလဲ ရွာအပြင် သူကြီးလယ်နားလေးက တဲမှာပါဆို ။ ကျုပ် မနက် ပျိုးနူတ်ဖို့ သွားရင်းတွေ့ခဲ့တာ "

"အဲ့ဆို သူကြီးကိုအရင်သွားပြောရအောင် မဖြစ်သင့်တာတွေ ဖြစ်ကုန်တော့မှာပဲကွယ်"

"ဟုတ်တယ် ဟုတ်တယ် သူကြီးကိုအရင်သွားအကြောင်းကြားရမယ်။ မတော်တစ်ခြားရွာကတွေ့သွားရင်ရွာနာတယ်"

အားလုံးသူများမကောင်းကြောင်း
ပြောရမယ်ဆိုရင်အားလုံးဟာတက်ညီလက်ညီသူကြီးအိမ်ဆီတစ်အုံတစ်မကြီးသွားကြတော့သည်။ သူကြီးလဲသတင်းကြားကြားချင်းဒေါ်ရွှေမိ တို့အိမ်ကိုအရင်ပြေးရရှာတော့သည်။

"ဗျို့!! ဒေါ်ရွှေမိ ဆက်ထုံးရော "

"ညထဲက ပြန်မလာဘူးတော့ ပွဲခင်းထဲရှိမှာပ့"

ဒီတိုင်းဆိုအာကျယ်မပြောတာသေချာနေပြီမို့သူကြီး သက်ပြင်းချလိုက်သည်။  မပြောလျှင်လဲ မဖြစ် မိုးမလင်းသေး ရွာကလော် ဒေါ်အာကျယ်မ ကြောင့် တစ်ရွာကလုံးက သိနေကြပြီ။

ဆက်ထုံးလေးအပေါ်
သံယောဇဉ် ရှိသည်မို့ အချိန်မှီတား နိုင်မလား စိတ်လေဖြင့် ပြောပြဖို့ပြင်လိုက်သည်။

"ဟို နားနဲမနာ ဖဝါးနဲ့သာနာတော့ ရွှေမိရေ "

"ဘာဖြစ်လိုလဲ သူကြီး "

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now