အပိုင်း(17)🏙

11.8K 736 84
                                    


ဆက်ထုံး မနက်စောစော
ထကာ လဲ့လဲ့ ၀ယ်ပေးထားသော ဟင်းတွေကို စုံလင်စွာချက်ပြုတ်လိုက်သည်။ ချက်ပြုတ်ပြီးတာနဲ့ ခြံထဲဆင်းပြီး ပန်းပင်တွေ ကိုသူရေလောင်းရသည်။

အစားစားချင်စိတ်လဲမရှိ။ မနေ့ကလဲ သူငိုပြီးအိပ်ပျော်သွားတာ ထမင်းစားဖို့ ဘယ်သူမှလဲ လာမခေါ်သလို ညကမောင်ဘယ်ချိန်မှ ပြန်လာလဲသူမသိရ ။ တစ်ရေးနိုးကြည့်တော့ မောင်ကသူဘေးတွင်နှစ်ခြိုက်စွာ အိပ်နေပြီဖြစ်သည်။

မောင့်မျက်နာလေး ကိုကြည့်ကာ သူအားတင်းထားရမည်မဟုတ်လား၊ တစ်နေ့တော့ သူစေတနာတွေကို ဒီအိမ်ကလူတွေနားလည်တန်ကောင်းပါရဲ့။

သဏ္ဍန် အိပ်ယာနိုးလာတော့ ဘေးတွင် ထုံးက ရှိမနေတော့ ပါ။ သူလဲရေချိုးလိုက်ပြီးမနက်စာစားဖို့ အမှီဆင်းလာခဲ့သည်။ဒီနေ့ သွယ် US ကပြန်လာမို့ သူသွားကြိုပေးရမည်။

ဖေဖေနဲ့ မနေ့က တိုင်ပင်ဆွေးနွေးကြတော့ သူcompany ကို ဘယ်ကနေ အစပြန်ရှာရမလဲမသိအောင်ကို ခေါင်းရူပ်မိသည်။ သွယ် ဒယ်ဒီ ကတော့လည်သည်။ မြန်မာပြည်အခြေနေ ယိမ်းယိုင် သည်နဲ့ USမှာ ချက်ချင်းမြုပ်နှံထားသည်တဲ့ ။

ဟိုမှာသွယ်တို့ လုပ်ငန်းတွေက အရမ်းအောင်မြင်နေသည်မို့ သွယ်အကူညီကို သူယူမှဖြစ်မည်။ ထိုမှသာ ပြိုလဲနေသော သူ့companyအား သူပြန်နလန်ထူအောင် သူလုပ်နိုင်မည်။

"လူစုံနေပြီပဲ ဟင်...ထုံးရော "

"ဟယ် ဟုတ်သားပဲ သားငယ် ရော အော် မေမေ မေ့လို့ မနက်သူ မလဲ့ကိုဝင်ကူလုပ်ရင်း စားလိုက်တယ်ထင်တယ်။ ဟင်းဟင်း..ဒီကလေးနှယ် အတူစားဖို့စောင့်ပါဆိုတာ မစောင့်ဘူး။  အေးပေါ့လေ သူဗီဇနဲ့သူပေါ့ လူတွေ​နဲ့ရောပြီး စားနေကြမဟုတ်တော့ မစားတတ်ဘူးထင်တယ်"

သဏ္ဍန် ဘာမှမပြောလိုတော့သဖြင့်ကော်ဖီငုံ့သောက်လိုက်သည်။ မျက်နှာတော့မကောင်း။

"မေမေ ထုံးကို အိမ်အလုပ်တွေမခိုင်းပါနဲ့ ဗျာ"

"အို မေမေ မခိုင်းပါဘူး သားငယ်လေးက မနေတတ်ဘူးဆိုပြီး သူဟာသူဝင်လုပ်တာပါ "

"အခုရော ဘယ်သွားတာလဲ မလဲ့ရေ! !"

"သဏ္ဍန်သုမောင် မင်းအဲ့ဒါကို အခုစိတ်ဝင်စားရမယ့် အချိန်မဟုတ်ဘူးနော် သမီးသွယ်ကိုသွားကြိုရမှာ မြန်မြန်စား ပြီးရင် Company ကို တစ်ခါထဲသွား ငါ Manager
ကိုမြတ်ကို မင်းလာမယ်လို့ မှာထားတယ်"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now