အပိုင်း(26)🏙️zawgyi

1.1K 32 4
                                    

"ဟင်.....မေမေ သတိရနေပြီ "

"အာ့! ကျွတ်ကျွတ်နာလိုက်တာ "

"ဖြည်းဖြည်း မေမေ ခြေထောက်က ကျိုးသွားလို့ စတီးရိုးထည့်ထားရတယ်။  တော်သေးတာပေါ့ မေမေရယ် မသေကောင်း မပြောက်ကောင်း။  မေမေသာ တစ်ခုခုဖြစ်သွားရင် သားရင်ကျိုးရမှာ"

"မေမေ ဘာမှမဖြစ်တော့ပါဘူးသားရယ် ဒါနဲ့ သားငယ်ရော ဆက်ထုံးလေး ကဘယ်မှာလဲ"

"သားမသိဘူး မေမေ သိလဲမသိချင်ဘူး သူလုပ်ရက်တယ်မေမေ၊ သားခုထိ သူအဲ့လိုလုပ်ရက်မျိုးလုပ်လိမ့်မယ်လို့ မယုံကြည်နိုင်ဘူးဖြစ်နေတယ်"

သားကခေါင်းငုံ့ပြီးမျက်ရည်ကျသည်။

*မေမေ့သားလုပ်နေပြီး အဲ့လောက်တောင် ပျော့ညံ့ရလားသားရယ်*

"မငိုပါနဲ့ သားရယ် လူငယ်ဆိုတာ မှားတတ်ကြပါတယ်။  မေမေ ဆက်ထုံးလေးအပေါ်မှာ ဗွေမယူပါဘူးကွယ် မေမေနားလည်ပေးနိုင်ပါတယ်"

"တော်ပါတော့ မေမေရယ် တော်ပါတော့ မေမေ အခုလိုကောင်းပြလေလေ သားကိုသားအပြစ်တင်မိလေလေမို့ပါ၊  သားမှားခဲ့တယ် မိဘစကားကိုနားမထောင်ပဲ နှလုံးသား နောက်လိုက်မိလို့ သားမှားသွားတာ မေမေကို သားဆုံးရူံးလိုက်ရတော့မလို့ သားတောင်းပန်ပါတယ်ဗျာ..."

ဒေါ်ထင်သဏ္ဍန် ဆိုတဲ့ငါ ကြိုးဆွဲရာ အတိုင်းဖြစ်လာတဲ့ဒီဇာတ်မှာ ငါကိုယ်တိုင်းပြီအောင်ကနိုင်ရမယ်။  ငါ့သားကို ငါပိုင်တယ် သက်ဆက်ထုံး..။

"မလိုပါဘူးသားရယ် မေမေအကုန် ခွှင့်လွတ်ပြီးသားပါ "

"မေမေရယ် "

"သား သွယ်လေးရော အဆင်ပြေရဲ့လား "

"ဒီလိုပဲပေါ့ မေမေရယ်"

" မေမေရင်ထဲမှာမကောင်းဘူး သားရယ်။ သွယ်လေးအားကိုးရာမဲ့နေရှာမှာ ။ မေမေ ဆန္ဒ အတိုင်း သွယ်လေးကို စေ့စပ်လိုက်ပါသား။ သမီးမရှိခဲ့တဲ့ အမေတစ်ယောက်မို့ သားသမီးချင်း ကိုယ်ချင်းစာတယ်သား ငွေကြေးဥစ္စာတွေဆိုတာ မလိုအပ်ပါဘူး သားညီမလေးကို သားကယ်မှ ရမှာ ကူညီပေးလိုက်ပါသားရယ်"

"ဆက်ထုံးနဲ့သားက ခုချိန်ထိ.."

"စာချုပ်ပေါ်က လက်မှတ်တစ်ခုက အကျုံးမဝင်ဘူးသား ဒီနိုင်ငံမှာ အမျိုးသားချင်း လက်ထပ်တာဟာ တရားမဝင်ဘူး ။ အဲ့တော့စာချုပ်တစ်ခုအတွက် စာချုပ်တစ်ခုပဲအစားပြန်ပို့ပေးလိုက်ပါ "

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now