အပိုင်း(28)🌾🌴

17.7K 905 135
                                    

တစ်လခန့်ကြာမြင့်သော်......

ရွာပြန်ရောက်လာသော ဆက်ထုံးလေးကို မေမေတို့အစ်မတို့က ဝမ်းနည်းဝမ်းသာဖြင့် ကြိုဆိုကြသည်။ သူတို့သားလေးအတွက်လဲ ကြားတဲ့သူတိုင်းစိတ်မကောင်းသလိုခံပြင်းသူများကတောက်တစ်ခေါက်ခေါက်နှင့် ဖြစ်ကြရသည်။

ပြန်ရောက်သည့် နေ့မှစ၍ ဆက်ထုံးဘယ်သူနဲ့မှ စကားမပြောပဲနေသည်။တစ်ခါတစ်လေ ပြုံးနေတတ်ပြီး တစ်ခါတစ်လေ တစ်ယောက်ထဲ စကားတွေပြောနေတတ်သည်။

သူ့ရဲ့မောင်ကိုစတွေခဲ့ဖူးတဲ့ ရွာထိပ်ကမဲဇလီပင်တန်းအောက်လေးမှာ ပဲအမြဲသွားထိုင်နေတတ်ကာ ညနေစောင်းမှ အိမ်ပြန်ပြန်လာတတ်သည်။

ဘယ်သူပြောလို့မှလဲသူနားမဝင်၊  ထမင်းကိုလဲ မနည်းကျွေးယူရကာ ဆေးကိုတော့ချော့ပြောလျှင် ပုံမှန်သောက်ရှာသည်။

မြို့က ဒေါက်တာလေးကလဲ တစ်လတစ်ခါလာကာ ဆေးတွေနဲ့အားရှိတဲ့အရာတွေဝယ်လာတတ်သည်။ဆက်ထုံးလေးကိုလဲ ညီအရင်လေးလိုစောင့်ရှောက်ပေးရှာသည်။

ဒေါ်ရွှေမိ တို့ကတော့သားအဖြစ်ကို
ကြည့်ကာ ရင်ကျိုးမတတ်ခံစားကြရသည်။သူအစ်မဆို ​သူမောင်ကိုမြင်တိုင်း မျက်ရည်တစ်စမ်းစမ်း။

"အချစ်ကြီးလှချည်းလား သားရယ် ဒီအမေ ဘယ်လိုစိတ်နဲ့စိတ်ချထားခဲ့ရမလဲကလေးရယ်"

ဒေါ်ရွှေမိ ဒီတိုင်းဆိုအသေတောင်ဖြောင့်မယ်မထင်တော့ချေ။

"ဟဲ့ ဖိုးထောင် ဆက်ထုံးကို သွားခေါ်ပါဦးအေ ။ ထမင်းစားချိန်ရောက်နေပြီ ထမင်းကျွေးရအောင်"

"ဟုတ်ကဲ့ အရီး"

ဖိုးထောင် လဲသူငယ်ချင်းဖြစ်သူကြည့်ကာ ယူကျုံးမရဖြစ်ရသည်။ သိပ်ကို စွာလန်ကျဲ တဲ့သူ့သူငယ်ချင်းဇာတ်ဇာတ်ကျဲလေးက အခုဆို တိတ်ဆိတ်သွားပြ
လူတစ်ချို့ကိုပင် မဝေခွဲမပိုင်းခြားတတ်တော့ပါ။ သူကိုတောင် မနည်းမှတ်မိအောင် အကြိမ်ကြိမ် ပြောထားရတာဖြစ်သည်။

ဟော တွေ့ပါပြီ အစ်ကိုချောက
မှန်ဘောင်သွင်ထားသော ဓာတ်ပုံလေးအား ရင်မှာပိုက်ကာ အဝေးကိုလှမ်းကြည့်နေသည်ထင်။  တွေတွေငေးငေး လေး စိုက်ကြည့်နေရှာသည့် သူ့ငယ်သူငယ်ချင်းလေးကို ပုခုံးလေးဆုပ်ကိုင်လိုက်သည် ။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now