အပိုင်း(5)🌴🌾

17K 950 31
                                    


"ဖြစ်လိုက်ရင် မင်းတို့နှစ်ယောက်
ထစ်ခနဲရှိ ဖြစ်လိုက်ရင် မင်းတို့နှစ်ယောက်  ငါဘယ်လိုလုပ်ရတော့မလဲဟမ်! !"

သူကြီး ဆက်ထုံးနဲ့သူသားကို အကြီးကျယ်ပေါက်ကွဲနေလေပြီ။ဘယ်သူမှအသံမထွက်ရဲ ။ သူကြီးမျက်နှာကလိုတာထက်ပို၍ တင်းမာနေသည်။

"ဘယ်လိုမှ မလုပ်ပါနဲ့သူကြီး"

"မင်းဘာစကားပြောတာလဲကွ"

"သူကြီးမေးလို့လဲဖြေရသေး"

"မင်းတော့နော်"

"ဆက်ထုံးရယ် ပါးစပ်လေးကို ခဏလောက်ပိတ်ထားစမ်းပါ သူကြီးစိတ်ဆိုးနေရတဲ့ကြားထဲ"

အမေကဝင်တားရှာသည်။ တစ်ညလုံးလဲ ခြင်တွေကကိုက် အိပ်လို့ကမရထိပ်တုံးက ဟိုအကောင်နဲ့ အတူခတ်ခံထားရတာမို့ ဆက်ထုံးအတွက်ကျက်သရေ တုံးချက်ကပြောမနေပါနဲ့တော့။

"ကဲ မြို့ကအလည်လာတဲ့ ကလေးကိုလဲ ဘယ်လောက်အားနာစရာကောင်းလဲ မင်းတို့လုပ်ပုံကကောင်းကြရဲ့လား "

"ကောင်းပါတယ် "

"သက်ဆက်ထုံး !!"

သူကြီးအော်လိုက်မှ ဆက်ထုံးဇက်ကလေးပုကာ အသံတိတ်သွားသည်။

သဏ္ဍန် ကို အခေါ်လွှတ်လိုက်၍မင်းသန့်နဲ့ အတူလိုက်လာခဲ့သည်။  သူကြီးက သူမျက်နာကြည့်ကာ အားနာနေပုံရသည်။  သူကတော့ မျက်နာတွေဖူးယောင်ကာ မြေပြင်တွင် ထိုင်နေသော ထိုလူအား ကြည့်ပြီးသာစိတ်ထဲမကောင်း။ တစ်ညလုံး ထိုလူ ဘယ်လိုနေမယ်မသိ အိပ်လို့ရမည်ပုံလဲ မမြင်။

"ရပါတယ် သူကြီး ကျွန်တော်ကဘာမဖြစ်ပါဘူး ဗျ"

သူကြီးအိမ်တွင် အလှူအတွက် လုပ်စရာရှိတာလာလုပ်ကူသော အပျိုမတစ်သိုက်ကတော့ သဏ္ဍန်ကိုသာ ကွက်ကြည့် ကွက်ကြည့်လုပ်နေကြသည်။

"ဟယ် ချောလိုက်တာ မင်းသားလေးကြလို့ "

"ဟုတ်ပ့ဟယ် အရပ်ကြီးက နဲတာကြီးမဟုတ်ဘူး ငါအိမ်မက်ထဲက မင်းသားလေးအတိုင်းပဲ "

ထိုအခါ နွေးနွေးမှ ထ၍

"ဟက် အိမ်မက်တွေ ဘာတွေလုပ်မနေနဲ့ အဲ့လိုအဆင်က လင်ယူတာများတယ်"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now