အပိုင်း(15)🏙

12.4K 764 43
                                    


ရက်လနှစ်တွေ ကြာညောင်းခဲ့ပြီ။  သူတို့နှစ်ယောက်ရဲ့ဘဝလေးက ထင်ထားတာထက်ပို၍ အေးချမ်းသာယာခဲ့ပါသည်။

နေ့စဥ် ဖြတ်သန်းနေကျတိုင်း ဖြတ်သန်းခဲ့ကြပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလေးဟာထင်ထားတာထက် သာယာခဲ့ကြသည်။

ဆက်ထုံးကလဲ အလုပ်ကိုကြိုးစားလုပ်သလို သဏ္ဌန်ကလဲ ကျောင်းစာကြိုးစားကာ လိမ်မာသည်။

အိမ်မူ့ကိစ္စ ဘာတစ်ခုမှ သဏ္ဌန်မလုပ်ရ၊ အစစအရာရာ ဆက်ထုံးကသာ တာဝန်ယူ လုပ်ကိုင်ပေးသည်။ ဆက်ထုံးရဲ့ ချစ်တတ်မူ့ကို ပတ်ဝန်းကျင်က ပါ သြချရလောက်အောင် မောင့်ကို သူချစ်ပေးနိုင်ခဲ့ပါသည်။

ဒီနေ့ မောင်ဘွဲ့ယူရမယ်နေ့ သူပုခုံးပေါ်က တာဝန်တစ်ခု ပေါ့သွားသလိုသူခံစားနေရသည် ။ ဒီနှစ်နှစ်အတွင်း သူတစ်ကယ်လုပ်နိုင်ခဲ့ပြီ အလုပ်တွင်လဲ သည်းခံပြီးအလုပ်တာဝန်ကျေအောင် သူလုပ်နိုင်ခဲ့သလိုအပိုဝင်ငွေရအောင်လဲ သူရှာနိုင်ခဲ့သည်။

မောင့်ကို သူ့အိမ်လောက် ပြည်စုံအောင် မထားနိုင်ပေမယ့် စိတ်ရော ခန္ဓာ ရော မောင်ပျော်ရွှင်အောင် သူထားပေးနိုင်ခဲ့သည်။သူကျေနပ်ပါသည်။  သူဖြစ်ချင်တာတွေကို သူတစ်ကယ်ပုံဖော်နိုင်ခဲ့ပြီ။ဒီနေ့လေး သူအမျှော်လင့်ရဆုံးနဲ့ မျှော်လင့်ခဲ့ရသော နေ့လေးတစ်နေ့ပါပဲ။

"ထုံးရေ .....မပြီသေးဘူးလား မောင်က ပြီးနေပြီ သွားကြမယ်
လေ "

"ပြီပါပြီမောင်ရဲ့ ငါအဆင်ပြေလား ကြည့်ပေးပါဦး "

သူအတွက်ဆို ဘယ်တော့မှ အကောင်းမဝတ်ရှာ၊ကျွန်တော်တွက်ဆို အမြဲဦးစားပေးရှာသော ကျွန်တော် အမျိုးသားလေး ။

အစ်ကိုလို တစ်မျိုးအဖေလို တစ်မျိုး လင်ယောကျာ်း ကောင်းတစ်ယောက်လို ဂရုစိုက်ပေးရှာသော ကျွန်တော်ရဲ့ မြတ်နိုးရာလေးက ဒီနေ့အတွက် ကျွန်တော်ထက်ပင်သူကပိုတက်ကြွနေပါသည်။

နို့စိမ်းရောင် အင်္ကျီနုလေးကိုပုဆိုးအစိမ်းကွက်လေး တွဲဝတ်ထားသော ကျွန်တော်ထုံးက သိပ်ကို ကြည့်ကောင်းနေသည်။

ကျွန်တော်နဲ့ညားတဲ့ သက်တမ်းတစ်လျှောက် ပထမဆုံး သူ့အတွက်အင်္ကျီဝယ်ဝတ်ခြင်းဖြစ်မည်ထင် ။ဒါတောင်ကျွန်တော်ဘွဲ့ယူရမှာမို့ အတင်းဝယ်ခိုင်းလို့ သူဝယ်ဝတ်ခြင်းဖြစ်သည်။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now