Extra🌾🌳(1)

8.3K 476 48
                                    


အညာနွေ ရဲ့နေ့လည်ပူလွန်းလှ၏။ ထန်းပင်တွေကလေလာရာတစ်ဖြူးဖြူးယိမ်းနွဲ့နေပေ့မယ့် နွေရဲ့ပူလောင်မူ့ဒဏ်ကို အံ့မတုနိုင်။

ရွာသူရွာသားအချို့ ရွာထိပ်က မဲဇလီပင်တန်း တွေမှာ ဖျာတွေခင်းရင်း နွေ့အပူကိုအံတုနေကြသည်။
အေးမြလတ်ဆတ်တဲ့လေရနံ့နဲ့အတူ တစ်ဖြုတ်ဖြုတ်ကြွေနေတဲ့ မဲဇလီပွင့်ဖတ်၀ါ၀ါလေးတွေက ကဗျာဖွဲ့လို့မမှီနိုင်အောင် သက်၀င်လှုပ်ရှား လှပနေတော့သည်။

"မောင်... မင်းကိုငါဖယ်စမ်းလို့ပြောနေတယ်နော် "

သဏ္ဌန်သုမောင် မျက်နှာရူံ့မဲ့သွားပြီး ဆက်ထုံးရဲ့လက်တွေကိုဆွဲယူကာ ကိုက်နေတော့သည်။

"ကျစ်!!မသွားပါနဲ့ကွာ ရွာလမ်းကနေပူကပူနဲ့ "

"ဟိုရောက်ရင် အေးသွားလိမ့်မယ် ဖယ်!!"

"မောင်မှမသွားစေချင်တာ "

"ငါသွားချင်တယ်လေ "

သဏ္ဌန် မျက်နှာက မှိုင်ကျသွားသည်။ ထုံး ကိုမနိုင်တာသိပေ့မယ့် သူ​မသွားစေချင်။

"မောင်နဲ့အိမ်အပေါ်ထပ်မှာနေမယ်လေ တစ်ချက်တစ်ချက်လေတိုက်ရင်အရမ်းနေလို့ကောင်းတယ် ထုံးရဲ့ .."

"ဖွီး!မင်းပဲနေ ဒီလောက်ပူလောင်နေတာ နို့ဆီခွက်ကအဖေခေါ်ရတော့
မယ် "

ထုံးက ရွာထိပ်က မဲဇလီပင်တန်းမှာ ဖျာခင်းပြီးသွားအိပ်ဖို့ပြင်နေတာဖြစ်သည်။ သူလုံး၀မသွားစေချင် ။ ဟိုမှာက လူပေါင်းစုံ နေခင်းဘက်ဖျားခင်းပြီးလာအိပ်နေကြတာ။ ထုံးက အိပ်ရင်သိတဲ့တိုင်းဟိုပေါ်ဒီပေါ်နဲ့  ။ရွာသားတွေက များပါဘိနဲ့။

"အဲ့ဒါဆို မောင်၀ယ်ပေးထားတဲ့ဂျင်းဘောင်းဘီရှည်၀တ်သွား "

"ဂွပ်!"

"အ!ဘာလုပ်"

ဆက်ထုံး သဏ္ဌန်ခေါင်းကို ခေါက်ပြစ်လိုက်သည်။ အိမ်မှာနေမရအောင်ပူလွန်းလို့ သွားအိပ်ပါမယ်ဆိုမှ ဒင်းက ဂျင်းဘောင်းဘီရှည်လာ၀တ်ခိုင်းနေသည်။ ရူးနေလား။

"မင်းမလိုက်ဘူးမလား နေခဲ့ ငါသွားတော့မယ် အိပ်ချင်နေပြီ။ မနက်အစော မောင်အိပ်နေတဲ့အချိန် ဟင်းတွေငါထချက်ထားရတာ "

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now