" ဟိတ် ဟိတ် ဒီမှာ ဟေ့!!!"
ဆက်ထုံးရုတ်တရက်နောက်ကအော်လိုက်တဲ့အသံကြောင့် လန့်သွားကာ ခူးထားသည့် မဲဇလီဖူးတွေအကုန် ပုဆိုး ခါးပုံစထဲမှ ထွက်ကြကုန်သည်။ ပင်ပင်ပန်းပန်းခူးထားရတာမို့ ဒေါသကထောင်းခနဲထွက်သွားသည်။
"ဟ! လခွမ်း ဘာလို့အဲ့လောက်လာအော်နေရတာလဲ လန့်သွားတာပဲ"
ဆက်ထုံး ကျောပိုးအိတ်တစ်လုံးနဲ့ လူကို ကြည့်ကာ စိတ်ရူပ်သွားရသည်။ ဒီမှာ ရွာအလှူအတွက် သူကြီးက မဲဇလီရွက် ခူးလွှတ်လိုက်လို့စိတ်ကမကြည်ပါဘူးဆို။ ညနေကြီးမို့ နေကပူပူ နဲ့စိတ်ရူပ်ရတဲ့ကြားထဲအော်ကြီးဟစ်ကျယ် အသံကြောင့် လူကဒင်းအသံကြောင့်လန့်သွားရသည်။
"ကျွန်တော်ခေါ်နေတာ ကြာလှပြီဗျ ဒီက အစ်ကိုက မကြားတာ"
*သူပုံစံနဲသူအနေအထားနဲ့ ငါ့ကို များ အစ်ကိုတဲ့ ဟွန့် နေပူပူ အာရုံလာစားတဲ့ကောင် ဆက်ထုံး ဘာကောင်လဲဆိုတာ တွေ့ကြသေးတာပေါ့*
"ဆို ဘာတုန်း! "
"ဟို ဒါခင်မွန်ရွာ ဟုတ်ပါတယ်
နော် ""ဆိုင်းဘုတ်မမြင်ရအောင် ကန်းနေတာတော့ မဟုတ်ဘူးမလား "
"မသေချာမှာဆိုးလို့ပါဗျ "
"သေချာတယ် "
"ခင်မွန် ရွာက ဦးကြီးငွေတို့အိမ်ကို သိလားဗျ သူတူက မင်းသန့်အောင်လေ အဲ့ကိုသွားချင်လို့ သိရင် တစ်ဆိတ်လောက်လမ်းညွှန်းပါ
လားခင်ဗျ ""အော် .....သိတယ် သိတာပေါ့ သေချာလိုက်မှတ်လိုက် "
"ဟုတ်ကဲ့ "
"ဒီကနေ တည့်တည့်သွား နတ်စင်တွေ့ရင် ညာချိုး တည့်တည့်ပြန်သွား ပွဲခင်း ဘက်မသွားနဲ့ ဝေးသွားလိမ့်မယ် အဲ့ကနေ ဘယ်ပြန်ကွေ့ တည့်တည့်ပြန်လာ ရောက်ပြီဗျာ.."
"ဟုတ် ကျေးဇူးပါ ခင်ဗျ "
"ရတယ် မလိုဘူးရူပ်ရူပ်ယှက်
ယှက် "ဘယ်လို လူဂွစာနဲ့လာတွေ့နေလဲမသိ။ ဒါပေ့မယ့်သဏ္ဍန်စိတ်ကိုလျှော့ကာပြုံးပြလိုက်သည်။ ကားကရွာထဲဆက်ဝင်လို့မရတော့လို့ ကိုထိုက် ကိုပြန်လွှတ်လိုက်ရတာ ဖြစ်သည်။
YOU ARE READING
မောင့်.....သက်ဆက်ထုံး (Complete)
Romanceအလုပ်လွန် ကျွန်ဖြစ်တဲ့.... အချစ်လွန်တော့ အရူးမူးဖြစ်.... ပေးဆပ်လွန်ပြန်တော့ အရူံးဖြစ်တယ်တဲ့ဗျ...💛