အပိုင်း(10)🏙

14.8K 833 36
                                    


"မောင် ထတော့လေ မိုးလင်းနေပြီ"

"နေပါဦး ထုံးရာ မောင်အိပ်ချင်သေးလို့ပါ"

"ထပါကွာ မောင်ကလဲ "

"ခဏလေးပဲ ငါးမိနစ်ကွာ ငါးမိနစ်"

ဆက်ထုံးခေါင်းလေးငြိမ့်ပြလိုက်တော့ သဏ္ဍန် ဟိုဘက်လှည့်ကာ ပြန်အိပ်သွားသည်။ ဆက်ထုံး ညကအရှိန်ကြောင့် ခန္ဓာကိုယ် အောက်ပိုင်းတွေ နာနေသော်လဲ ဆက်အိပ်နေလို့ မဖြစ်သေးပါ ။

ဘာဆက်လုပ်ကြမလဲ တွေးကြရမည်။  သူထမင်းဟင်းချက် ကျွမ်းတာကလွှဲလို့ ဘာမှလဲမလုပ်တတ်။ မောင်ကလဲ ကျောင်းကမပြီသေး မောင့်ကို ပညာရေး ဆုံးခန်းတိုင်အောင်သူ တတ်စေချင်သည်။ သူနဲ့ရလို့ အခုလို ဖြစ်သွားရ​တာမျိုး သူစိတ်ကလက်မခံချင် ။

အိပ်ယာထဲမှမောင် နိုးသွားမှာဆိုး၍ ငြင်သာစွာ ထကာ မျက်နာသစ် သွားတိုက် မနက်စာ စားဖို့သူပြင်ဆင်လိုက်သည်။

"အင်း ဘာလုပ်ရင်ကောင်းမလဲ ဟာဟုတ်ပြီး မနေ့ကကျန်တဲ့ ထမင်းရှိသေးတာပဲ အဲ့ဒါလေးကို ကြော်လိုက်မယ်"

ဆက်ထုံး ထမင်းကြော်ရန်အိုးဖုံးဖွင့်ကြည့်လိုက်တော့ ထမင်းကသိပ်မကျန်။

"ဟင် တစ်ယောက်စာပဲ ကျန်တော့တယ်။  မလောက်တော့ဘူး "

ဆက်ထုံး ထမင်းကိုရှိတာလေးကြော်လိုက်ပြီး ကြက်ဥဟက်ဘွိုင်လေးနဲ့​ပြင်ထားလိုက်သည်။ ကော်ဖီထုတ်ကတော့အောက်မှာပဲ မောင်နိုးလာမှပဲ ဖျော်ဖို့ အဆင်သင့်ဝယ်ထားလိုက်သည်။

သူ မောင်ကို ကြည့်တော့ မနိုးသေး။ ဒါနဲ့ပဲ ဆက်ထုံးလဲ လိုအပ်တာလေးတွေ ဝယ်ခြမ်းဖို့ အောက်သို့ကိုယ်ဟာကို ဆင်းလာခဲ့လိုက်သည်။

"မမြင့် ဗျို့!! မမမြင့်"

"ဟယ် ဆက်ထုံးလေး စောစောစီးစီး ပါလား လာလာ "

"စျေးသွားမလို့ မသွားတတ်လို့ အဲ့ဒါ မကြီးလိုက်ဦးမလားလို့"

"အော် အစ်မလဲ စျေးသွားမှာအတော်ပဲ အတူသွားကြမယ်လေခဏစောင့် "

"အဆင်သင့်လိုက်တာ ဒီမှာပဲစောင့်မယ်လေ "

မမြင့်အိမ်ထဲသို့ ပြန်ဝင်သွားကာ
ပိုက်ဆံအိတ်လေး ပိုက်၍ ပြန်ထွက်လာသည်။ သူလဲ မမြင့် လမ်းပြမူ့ ကြောင့် လိူင်သာယာစျေးထဲသို့ ရောက်ဖူးခဲ့ပြီ။ ရွာ၏ ငါးရက်စျေးနဲ့မတူ စုံလှသည်။ လူတွေလဲပြည့်ညှပ်ကာ စည်းကားနေတော့ ဆက်ထုံး ကြည့်ပြီးပျော်သလိုခံစားရလာသည် ။ ဟိုကြည့်ဒီကြည့်ဖြင့် သူလိုက်ကြည့်နေစဥ်

မောင့်.....သက်ဆက်ထုံး (Complete) Tempat cerita menjadi hidup. Temukan sekarang