အပိုင်း(9)🏙🔺

19.4K 968 65
                                    

မနက်ခင်း ရဲ့အလင်းရောင်ကြောင့်ဆက်ထုံး အိပ်ယာမှနိုးလာခဲ့သည်။ ဆက်ထုံး ရွာမှာလဲ အစောကြီး ထနေကြမို့ အိပ်မပျော်တော့ပါ ။

ဘေးကို ကြည့်လိုက်တော့ သူ့ဗိုက်ပေါ်လက်တင်ကာအိပ်ပျော်နေသော ကောင်လေးကိုကြည့်၍ မသိစိတ်က ကြည်နူးကာ ပြုံးလိုက်မိသည်။

ကောင်လေး ရဲ့ မျက်နာလေးက ချောမွတ်နေသည်။ သူ့ရဲ့အမျိုးသားလေးအား ငေးကြည့်ကာ သူအပိုင်ပါဆိုသည့် အတွေးလေးက သူရင်ကိုနွေး စေပါသည်။

သူကောင်လေး မနိုးအောင်ဖွဖွလေး
ထကာရေချိုးခန်းထဲဝင်၍ မျက်နာသစ် ရေချိုးလိုက်သည်။ ရွာကပါလာသည့် အားကစားဘောင်းဘီ တိုလေးနဲ့ စွတ်ကျယ် လက်ပြတ်လေးတစ်ထည်ကောက်ဝတ်လိုက်ကာထိုင်နေမိသည်။ လူက ဘာလုပ်ရမယ်မသိ။

သဏ္ဌန် မျက်စိကို နေစူးနေသဖြင့် ဆက်အိပ်မရတော့တာမို့ အပျင်းကျောဆန့်ကာ ထလိုက်သည်။

"ဟင် ဘာထိုင်လုပ်နေတာလဲ "

"ဟို....ဘာလုပ်ရမလဲ မသိလို့ ထိုင်နေတာလေ"

"ဟောဗျာ အဲ့ဒါနဲ့ပဲ ကျွန်တော်ကို ထိုင်ငေးနေတယ်ပေါ့"

"မဟုတ်ပါဘူး ကျုပ်ဟာကျုပ် ထိုင်နေတာပါ"

ရှက်သွားသူကြောင့်သဏ္ဌာန် ရယ်လိုက်ပြီး

"ဟား ဟုတ်ပါပြီဗျာ့ "

ကိုဆက်ထုံးက ရွာတွင် ဆတ်ဆတ်ထိမခံ ဆိုးသလောက် ခုလိုကြရှက်ပြနေတာ သူမဟုတ်သည့်အတိုင်း။

"လာပါဦး ဒီနားကို"

သူဖျာလေးကို လက်နဲ့ပုတ်ပြပြီး ခေါ်တော့ အနားကို မရဲတစ်ရဲကပ်လာရှာသည်။

"​ဘာပြောမလို့လဲ "

"ကိုယ်ယောကျာ်းအနား ကပ်ရတာ အဲ့လောက်ရှက်စရာလိုလို့လားဗျ"

"ခဏခဏ အဲ့ဒါကြီးကို ထည့်ထည့်မပြောနဲ့ ရှက် ရှက်တယ်လို့ "

"ဟားးး ဟုတ်ပါပြီမိန်းမရယ် "

"ဟာ ...မင်းနော်ပြောလေကဲလေ "

"ဟောဗျာ ကျွန်တော်ကခင်များယောကျာ်းဖြစ်နေပြီ မဟုတ်ဘူးလားဗျ "

"အဲ့လို ဆိုပေ့မယ့်လဲ ငါကမိန်းမ မဟုတ်ဘူးလေ၊ ငါကရွာမှာဆို ကျားနော် မင်းမြင်ခဲ့သားနဲ"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now