အပိုင်း(24)🏙️Zawgyi

1.1K 35 5
                                    

"ငါ့လက်ကိုလွှတ်စမ်း!! သဏ္ဍန်သုမောင် မင်းငါ့ကို ဘယ်လိုပုံစံ လာဆက်ဆံနေတာလဲ"

"မင်းကရော ငါမရှိတုန်း အိမ်မှာမနေပဲ ဘယ်ကအကောင်နဲ့ ဘာစောက်ချိုးချိုးနေတာလဲ"

"မင်းငါ့ကိုလာမစော်ကားနဲ့! !"

"ဟက်!!စော်ကားတယ်ဟုတ်လား မျက်စိနဲ့ တပ်အပ်မြင်ခဲ့​တာကွ။  စော်ကားနေတာမဟုတ်ဘူး မြင်ခဲ့တာကို ပြောနေတာ။  မေမေလှမ်းပြောတုန်းက ငါမယုံခဲ့ဘူး မင်းကငါ့အပေါ်ဘယ်တော့မှ အဲ့လိုလုပ်မှာမဟုတ်ဘူးလို့ ငါထင်ထားခဲ့တာကွ!!"

"အော် မင်းကအမြင်တစ်ခုထဲနဲ့ ငါကိုတောင်မမေးတော့ပဲ မင်းအမေစကားကို ယုံလိုက်ရအောင် ငါကမင်းလင်လား  မင်းအမေက!!"

"ဖြောင်း!!မင်းမမိုက်ရိုင်းနဲ့
သက်ဆက်ထုံးး!!"

သူ့ပါးလည်ထွက်သွားတာမို့ ဆက်ထုံး ကြောင်သွားသည် မောင်က ငါ့ကိုရိုက်လိုက်တာလား ။
ဆက်ထုံး ပါးကိုကိုင်ပြီး ပြုံးလိုက်မိ
သည် ။အောင့်ခနဲ နာသွားသောဗိုက်ချုပ်ရိုး ကိုဖိကိုင်ကာ ထရပ်လိုက်ပြီးမောင့်ကို ကြည့်ထပ်ပြုံးလိုက်သည်။

"မင်းငါ့ကို အဲ့လိုမျက်လုံးမျိုးနဲ့ လာမကြည့်နဲ့ သက်ဆက်ထုံး! !!"

"အော် ငါ့အကြည့်တွေကပါ မင်းအတွက်ပူလောင်နေပြီလားမောင်
။ ငါဘာတွေ ဖြစ်နေလဲ ဘာတွေဖြစ်ခဲ့လဲမင်းတစ်ချက်မမေးဘူး။  မင်းကြလုပ်ချင်ရာလုပ်တယ်။ ငါ့ကိုကြသူများအမြင်တစ်ခုထဲနဲ့စွပ်စွဲတယ်၊ ဘာလဲမင်းကြလုပ်လို့ရပြီး ငါကြလုပ်ခွင့်မရှိဘူးလား"

"မင်းငါ့ကို လာမရွဲ့နဲ့ သက်ဆက်ထုံး မင်းကိုငါ အဲ့အိမ်သွားတာမကြိုက်ပါဘူး လို့ ပြောထားတာမင်းမှတ်မထားဘူးလားဟမ်!! ငါမှာတော့ ဟိုလူနောက်လိုက် ဒီလူနောက်လိုက် ငါတို့ဘဝပြည်စုံဖို့ ရှာလိုက်ရတဲ့စောက်ဆံတွေ ခယလိုက်ရတဲ့လူတွေ"

"ငါလိုချင်တယ် ပြောမိလို့လားမောင် ။ ငါအဲ့ဒါတွေလိုချင်တယ်ပြောမိလား ။ ဘာတဲ့ ဟိုလူနောက်လိုက် ဒီလူနောက်လိုက် ဟုတ်လား ရယ်စရာကောင်းလိုက်တာ မင်းတို့ စီးပွားရေး အဆင်ပြေဖို့အတွက်ဟိုမိန်းမ ထမီတန်းနောက်လိုက်ပြီး ကပ်ချွဲနေရတာကို ပြောနေတာလား!!"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now