မောင်...
ဒီနေ့ မောင် ဘွဲ့ယူတဲနေ့..
ငါ သိပ်ပျော်တာပဲမောင်ရယ် ငါတာဝန်ကျေခဲ့ပြီ ငါတစ်ကယ်လုပ်ပေးနိုင်ခဲ့ပြီ။ ငါလေ မောင့်ကိုအခုလို ဘွဲ့ဝတ်စုံလေးနဲ့ မြင်ရဖို့ အချိန်အကြာကြီး စောင့်နေခဲ့ရတာငါ ကျေနပ်ဂုဏ်ယူလိုက်တာ မောင်ရယ်မောင့်ကိုသိပ်ချစ်တဲ့
မောင်ရဲ့ထုံး.......
--------------------------------------------
မောင်
ဒီနေ့ မောင်အိမ်ကို ငါတို့စရောက်တဲ့နေ့နော်။ မင်းပျော်နေတာမြင်တော့ ငါကျေနပ်ပါတယ်။ ဒါပေ့မယ့် ငါတို့တိုက်ခန်းလေးကို ငါလွမ်းတယ်မောင်...
မောင့်မေမေက ငါကိုအသိမှတ်မပြုဘူးမောင်ရဲ့ဒါတွေမင်းမသိခဲ့သလိုငါမပြောပြရက်ခဲ့ပါဘူးမောင်ရယ် ....
ငါဝမ်းနည်းအားငယ်လိုက်တာ မောင်ရယ် ဒါပေ့မယ့်လေ မင်းရှိတယ်ဆိုတဲအသိနဲ့ ငါအရာရာကိုသည်းခံမှာပါ ချစ်တဲ့မောင် ပျော်စေဖို့
ချစ်တဲ့ မောင့်ရဲ့ထုံး.......
----------------------------------------------
မောင်
ဒီနေ့ မောင်သူငယ်ချင်းus ပြန်လာတယ်တဲ့။ ငါမပျော်ဘူးမောင် မင်းကို ဘယ်သူနဲမှ ငါမမျှဝေချင်ဘူး။
မင်းကိုငါတစ်ယောက်ထဲသာပိုင်လိုတယ်၊ ဘာလို့ဒီအချိန်ထိ ပြန်မလာသေးတာလဲမောင်ရယ်
ငါရင်တွေပူအောင်မင်းလုပ်ရက်နေတာလားမောင် အရာရာကို သည်းခံပြီး ငါနေနေတယ်ဆိုတာ မင်းကို သိပ်ချစ်လို့ပါမောင်...
ချစ်တဲ့
မောင့်ရဲ့ထုံး.....
-----=----------------------------------------မောင်
ဒီနေ့ ငါဆေးခန်းသွားပြခဲ့တယ် ။ငါအူလမ်းကြောင်းမှာ ပိုးဝင်ပြီး အနာတွေ ဖြစ်နေပြီတဲ့။ မြန်မြန်ခွဲစိတ်မူ့မခံယူရင် ကင်ဆာဘက်ရောက်သွားပြီ အသက်ဆုံးရူံးနိုင်တယ်တဲ့မောင်....ငါကြောက်တယ်မောင် ရူးမတတ်ပဲငါမင်းနဲခွဲသွားဖို့ အဆင်သင့်မဖြစ်သေးဘူးလေကွာ ။ ငါလေ မင်းထက်အရင်ထွက်သွားရတဲ့သူ ဖြစ်ရမှာ ကြိုက်ပေ့မယ် စောလွန်းသေးတယ်မလားမောင်ရယ်...
YOU ARE READING
မောင့်.....သက်ဆက်ထုံး (Complete)
Romanceအလုပ်လွန် ကျွန်ဖြစ်တဲ့.... အချစ်လွန်တော့ အရူးမူးဖြစ်.... ပေးဆပ်လွန်ပြန်တော့ အရူံးဖြစ်တယ်တဲ့ဗျ...💛