အပိုင်း(25)🏙

15.8K 835 166
                                    


အိပ်မပျော်တဲ့ညတွေဟာကုန်ဆုံးလို့ မနက်ခင်းနေရောင်ချည်အလင်းက ဝင်ရောက်လာခဲ့ပြီ။ ဆက်ထုံး ဘယ်လိုမှဆက်အိပ်မရတော့တာကြောင့် အိပ်ယာမှထရန်  မျက်စိကိုအားယူဖွင့်လိုက်သည်။

ဘေးမှာမောင်ကနှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ မောင် မျက်နာလေးကိုထိတွေ့ကာ နဖူးလေးကို မြတ်နိုးစွာ နမ်းရိူက်လိုက်သည်။

"စိတ်ချပါ မောင် မင်းဘာတွေပဲ
မှားခဲ့ မှားခဲ့ ငါကမင်းကိုဘယ်တော့မှ အပြစ်ယူမှာမဟုတ်ဘူး။ မင်းစိတ်တိုင်းကျပျော်ရွှင်စေရပါ့မယ်။  မင်းအနားကသာ ငါ့ကိုထွက်မသွားခိုင်းဘူးဆိုရင် မင်းကြိုက်တာလုပ်ပါ။ ငါ့ကိုတော့ မနှင်ပါနဲ့နော် ငါကမင်းဘာလုပ်လုပ် ခွင့်လွှတ်နားလည်ပေးမှာမို့ငါ့ကိုမနှင်ပါနဲ့နော်။  ငါမင်းမရှိရင်ရူးသွားရလိမ်မယ့် ငါမင်းကို မင်းကိုသိပ်ချစ်တာမောင်ရဲ့"

ဆက်ထုံး မောင့်မျက်နာလေးအား မြတ်နိုးစွာ ငုံကြည့်လျှက် တိုးတိုးလေးပြောနေမိသည်။  အိပ်ယာမှဖြည်းငြင်းစွာထ၍ ရေချိုးရန် ရေချိုးခန်း ထဲသို့ဝင်လိုက်သည်။

အချစ်ကလူတစ်ယောက်ကို အဲ့လောက်ထိနူးညံ့သွားစေပါသလား။
သူလောက်ဆိုးခဲ့ ဂျစ်ခဲ့သူက မောင်နဲ့တွေ့မှ အရာရာပြောင်းလဲခဲ့သလို အရာရာကိုအရူံးပေးချင်စိတ်တွေသာကြီးစိုးနေခဲ့သည်။

သို့ရာတွင်လဲ ထိုဖြစ်တည်မူ့ ထိုပြောင်းလဲမူတွေဟာ မောင်တစ်ယောက်ထဲအတွက်သာ ဖြစ်ပြီး ဘယ်တော့မှ ပြောင်းလဲမသွားမယ့် မောင့်အပေါ် သက်ရောက်မူ့တစ်ခု သာဖြစ်သည်။

ရေချိုးပြီး မနက်ထမင်းဝိုင်းအတွက် ချက်ပြုတ်ရန် သူအခန်းထဲကထွက်လာခဲ့သည်။ ဘုရားရှိခိုးဖို့တတ်လာတဲ့ မောင့်မေမေနဲ့ လဲ့လဲ့ကို ​လှေကားထိပ်တွင် ဆုံသည်။သူ တစ်ချက်ပြုံးပြလိုက်ကာရှောင်ထွက်သွားရန်ပြင်လိုက်သည်။

"သက်ဆက်ထုံး အန်တီပြောစရာရှိတယ်။  လဲ့လဲ့ဒါလေးတွေ ဘုရားခန်းမှာနေရာသွားချထားနှင့်လိုက်"

ဒေါ်ထင်သဏ္ဍန် လဲ့လဲ့ ကိုပထုတ်လိုက်သည်။

"ဟုတ်ကဲ့ မေမေကြီး"

မောင့်.....သက်ဆက်ထုံး (Complete) Donde viven las historias. Descúbrelo ahora