အပိုင်း(32)🌾🌴end

34.3K 1.2K 352
                                    


ရက်လနှစ်တွေဟာတစ်ရွေ့ရွေ့ကြာညောင်းလာခဲ့သော်.....

"မောင်ရေ.. ဟာ
သဏ္ဍန်သုမောင်ရေ!!!!"

"လာပြီ ထုံးရဲ့ လာပါပြီ ကွာ"

"နောက်ဖေးမှာဘာလုပ်နေတာလဲ  ဒီမှာ လူတွေကျနေပြီလေ ထမင်းကရောခုထိမရသေးဘူးလား ဟာကွာမင်းလုပ်နေတာ ကြာလိုက်တာ!!"

"မောင်လဲ ချက်နေတာပဲလေကွာ မင်းကဟင်းတွေချက် ရေချိုးပြီးကျော့မော့လို့ ကောင်တာ ထိုင်နေပြီး၊  မောင့်ကိုလဲကြည့်ဦး မင်းကိုလဲ ကူရ မလောက်တဲ့ထမင်းတွေလဲထပ်ချက်ရနဲ့ "

"ဘာလဲ အဲ့တော့ ခင်များကမကျေနပ်ဘူးလား!!"

ဇာတ်လမ်းက စလာပါပြီ ကိုဆက်ထုံး တို့က လူကိုသိပ်နိုင်တာပဲ။

"အမလေး ဗျာ ကျေနပ်ပါတယ်နော်"

"ကျေနပ်ရင် မြန်မြန်လုပ် ဟဲ့ နှင်းနု ပရမ်းပတာ တွေ ဆိုမနေနဲ့ မြန်မြန်လုပ် အစ်မရေ!!"

"အမလေး ဆက်ထုံးရဲ့ ကျွန်မတို့က လူတွေပါ တစ်ကတည်း အံသြပ့ စက်တွေမှ မဟုတ်တာ အေ့ မနက်ထဲကဒင်းအသံကြီးပဲ နားတွေလဲငြီးလှပါပြီအေ!!"

"အစ်မကလဲစားဖို့စောင့်နေရတဲ့သူတွေ အားနာလို့ပါ"

တစ်နေ့တစ်နေ့ ကြားနေကြ ကျွန်တော်အမျိုးသား ရဲ့မရိုးနိုင်တဲ့သံစဥ်တွေပါ ။ မိုးလင်းပြီးဆိုတာနဲ့တစ်ဆိုင်လုံးသူအသံတွေကြီးပါ။

"အယ် ကျွန်တော်အမျိုးသားဆိိုလို့ တစ်ခုပြောရဦးမယ်ဗျ ထုံးကခုထိ ကျွန်တော်ကို အထိမခံသေးပါဘူးဗျာ။ ကျွန်တော်အပြစ်တွေအတွက် ဒဏ်ခတ်တာတဲ့။ ကျစ် ထုတ်လဲမပြောရဲ မြင်နေရပြီးမကြင်ရဆော့ အတော်နေရခက်တာဗျ။တစ်ခါနမ်းချင်ရင် ကျောတွေလက်တွေ
နိုပ်ပေးရတယ်။  တစ်ခါဖက်ချင်ရင် ချိုးဖို့ရေအပြည့် ဖြည့်ပေးရတယ်။အယ်သူကနမ်းရမယ်ဆိုရင်တော့တစ်နေကုန် သူခိုင်းတာ လုပ်ပေတော့ပဲ အရပ်ကတို့ရေ။ဟိုဒင်းဟိုဟာကတော့ဝေးပေါ့ ဆရာရေကြံတော့ ကြံရဦီးမယ်ဗျ
ဟဲဟဲ "

သဏ္ဍန် တွေးလက်စ အတွေးတွေကို ဖြောက်၍ ပြုံးလိုက်မိသည်။
ဒီအခြေနေလေးတိုင်းပဲသူကျေနပ်ပါပြီ။  သူကို ထုံးက အကပ်မခံတာကလွှဲရင် ထုံးအနားမှာ နေရတာကိုက ကမ္ဘာကြီး တစ်ခုလုံးသူအပိုင်ရထားသလိုပင်။ အခုမှသူဘဝရဲ့ ပျှော်ရွှင်မူ့ သာယာမူ့ နွေးထွေးမူ့တွေကို ခံစားရကာ ပင်ပန်းလဲ သူအပြုံးမပျက်နိုင်ခဲ့ပါ ။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now