အပိုင်း(31)🌾🌴

20.4K 1K 100
                                    

"ထုံးကိုပြန်တာဝန်ယူခွင့်ပေးပါ အမေ ။ ကျွန်တော် အနူးညွတ်တောင်းပန်ပါတယ် "

"ဟျောင့်!! မင်းပါးစပ်ကိုပိတ်ထား
ငါလုံးဝလက်မခံနိုင်ဘူး ကွ တောက်!!"

"မင်းသန့် တော်တော့ငါညီ သူတို့မိသားစု ချင်းအရင်ရှင်းကြပါစေ"

မင်းသန့် သဏ္ဍန် ကိုအရမ်းစိတ်ဆိုးမိသည်။ သဏ္ဍန် တောင်းပန်ပေ့မယ့် သူလက်မခံနိုင်။သူအကိုပေးဆပ်ခဲ့ရတာတွေက သူမျက်မြင် မဟုတ်လား။

"ငါတောင်းပန်ပါတယ် မင်းသန့် ငါကိုကူပြောပေးပါအုံးကွာ"

မင်းသန့် သဏ္ဍန်ကို စိတ်ဆိုးနေသော်လဲ ကိုကြီးဆက်ထုံးပျော်ဖို့ကရှိသေးသည်မို့ သူ ကိုခန့်စကားကိုနထောင်ကာ ငြိမ်နေလိုက်သည်။

"ကဲ ဒေါ်ရွှေမိတို့သဘောကရော ဘယ်လိုရှိလဲ "

"ကျွန်မကတော့ လက်မခံချင်ပေမယ့် သားရဲ့စိတ်သဘောကရှိသေးတယ်လေ သားကိုပဲမေးကြည့်ကြတာပေါ့"

"အို..မောင်လေးကဒီလောက်ထိဖြစ်ထားတာ ကျွန်မကတော့ လုံး၀လက်မခံနိုင်ပါဘူး"

"အဲ့လိုမလုပ်ပါနဲ့ အစ်မရယ် ကျွန်တော် အပြစ်တွေ နောင်တတွေကို ပေးဆပ်ရင်း တစ်သက်လုံးနေသွားမှာမို့ အဲ့လိုကြီးတော့မလုပ်ကြပါနဲ့နော်"

သဏ္ဍန် နာကျင်မူ့တွေကိုဂရုမစိုက်အား ထုံး ရဲ့မိသားစုကို ခြေထောက်ဖက်မတတ်တောင်းပန်ရှာသည်။
အမေကအဲ့လောက် မဆိုးပေ့မယ့် မမက အသည်းသန်ငြင်းသည်။

သူမောင် အခုလိုအဖြစ်မျိူးထက်ဖြစ်ခဲ့ရင် ဒီထက်ပိုဆိုးသွားမှာ သူကြောက်ပါသည်တဲ့။ သူတို့ဘက်ကတွေးလျှင်လဲ မှန်ပါသည်။

သို့သော်လဲသူရအောင်တောင်းပန်မည်။ မပိုင်ဆိုင်ရဘူးဆိုရင်တောင် ထုံးသူကိုမှတ်မိလာတဲ့ထိ သူအနားမှာနေရင်း သူဂရုစိုက်ပေးချင်သည်။ဒါသူရဲ့ရင်ထဲကဆန္ဒပါ။

"ကဲ မိသားစု ကိစ္စဆိုတော့ ကျုပ်တို့လဲ အများကြီး ဝင်မပါချင်ဘူးဗျာ သေချာလေး ငြိယူကြပေါ့။ တစ်ခုတော့ရှိတယ် အပျက်ပျက်နဲ့ နှာခေါင်းသွေး မထွက်စေကြနဲ့ ဆက်ထုံးဘက်ကိုငဲ့ပေးကြ"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now