အပိုင်း(20)🏙

13.8K 797 135
                                    


"လာ သမီးလေး. ...  ငါ့သမီးလေးက ဟိုကပြန်လာမှ ပိုလှလာလိုက်တာ "

"အန်တီကလဲ ​မြှောက်နေပြန်ပါပြီ သွယ် တီတီအတွက် လက်ဆောင်တွေ အများကြီး ပါပါတယ်နော်"

"ဟော ပြောရမယ့်လူတွေလား အဲ့လိုတွေ မလိုပါဘူး သမီးရယ် ဟင်းဟင်း.."

"အန်ကယ် နေကောင်းတယ်နော် "

သွယ်ထိုင်နေသော မောင့်ဖေဖေကိုနူတ်ဆက်လိုက်သည်။

"ကောင်းတယ် သမီးသွယ် သမီးဖေဖေတို့ရော နေကောင်းကြလား"

"ကောင်းတယ် အန်ကယ် ဖေဖေတို့က လိုက်မလာနိုင်လို့ စိတ်မကောင်း ဖြစ်နေတာ"

"နောက်မှအေးဆေးဆုံကြတာပေါ့သမီးရယ်"

"ကဲ စကားတွေလဲ နောက်မှ ပြောကြ။ ဗိုက်ဆာနေပြီမလားထမင်းအရင်စားကြ ရအောင်လေ"

"ဟုတ် မေမေ ထုံးရော နောက်ဖေးမှာလား"

ဒေါ်ထင်သဏ္ဍန် တစ်ချက်  ပြုံးလိုက်ပြီး

" သားငယ်ရေ ဧည့်သည် တွေ ရောက်နေပြီ ထမင်းဝိုင်း အဆင်သင့်ပြင်ထားလိုက်ပါဦး "

ဆက်ထုံး မီးဖိုးထဲကနေ မောင့်မေမေ အသံကြားကာ လဲ့လဲ့နဲ့ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်ကာ ရယ်လိုက်ကြသည်။

"ခွီး!! သားငယ်တဲ့ အကိုလေးထုံး ရေ"

"ဟဲ့! တိုးတိုး ကြားသွားလို့ နင်ခေါက်ခံနေရဦးမယ်"

"ဟိ ....ဟုတ်သား သွားလိုက်ဦး ကိုလေးထုံး။  တော်ကြာ သားငယ်ထပ်ခေါ်ရလို့ သွေးတိုးနေဦးမယ်"

"ဒီကောင်မလေးကတော့ "

ဆက်ထုံး ရယ်လိုက်ကာ အရှေ့ဘက်သို့ထွက်၍ ထမင်းစားရန်အကုန်အဆင်သင့် ပြင်ပေးလိုက်သည်။

" အဆင်သင့်ဖြစ်ပါပြီ...အန်တီ "

"ထုံး မင်းရောတစ်ခါထဲဝင်စားလိုက်လေ"

"ငါ..."

"အော် သားငယ်က ချက်ပြုတ်ပေးထားရတော့ ပင်ပန်းနေရှာပေါ့ သားရယ်။  သူသန့်ရှင်းရေးတွေဘာတွေလုပ်ချင်နေရှာမှာပေါ့ ပြီးမှစားပါစေ ဟင်းဟင်း.."

မြမိုးသွယ် မှဆက်ထုံးအားတစ်ချက်ကြည့်လိုက်ကာ စကားစလိုက်သည်။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now